Tuesday, April 21, 2015

သြဇာရှိ နိုင်ငံကူးလက်မှတ်စာရင်းတွင် မြန်မာ အောက်ဆုံးအဆင့်၌ ရှိနေ


 စီးပွားရေးဆိုင်ရာ နိုင်ငံ တကာအကြံပေးအဖွဲ့အစည်း တစ်ခုကထုတ်ပြန်သည့် ဗီဇာမလို ဘဲ ကမ္ဘာ့နိုင်ငံများသို့ သွားလာ လည်ပတ်နိုင်သော ဩဇာရှိသည့်နိုင်ငံကူးလက်မှတ် စာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၈၀ ဖြင့် အောက်ဆုံး၌ ရပ်တည်နေကြောင်း သတင်းရရှိသည်။
စီးပွားရေးဆိုင်ရာအကြံပေး အဖွဲ့ဖြစ်သော Arton Capital သည် Passport Index အမည်ရှိ ဝက်ဘ်ဆိုက်ဖန်တီးကာ ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး နိုင်ငံကြီးအချို့မှာ ဗီဇာမလိုဘဲ ကမ္ဘာ့နိုင်ငံအနှံ့သွား လာနိုင်သော်လည်း အချို့မှာ ဆိုက်ရောက်ဗီဇာယူရန် လိုအပ်နေသေးခြင်း စသည်ဖြင့် ပြည်ဝင်ခွင့်အတွက် ကွဲပြားမှုအမျိုးမျိုးရှိနေသည်။

ဩဇာရှိသည့် နိုင်ငံကူးလက် မှတ်ကိုင်ဆောင်သော နိုင်ငံစာ ရင်းတွင် အမေရိကန်ပြည်ထောင် စုနှင့် ဗြိတိန်မှာ  အဆင့်(၁)ဖြင့် ထိပ်ဆုံးနေရာ၌ ရှိနေပြီး နိုင်ငံ ၁၄၇ နိုင်ငံသို့ ဗီဇာမလိုဘဲ သွား နိုင်သည်ဟုဆိုသည်။ ပြင်သစ်၊ တောင်ကိုရီးယားနှင့် ဂျာမနီနိုင်ငံ တို့မှာ ဒုတိယနေရာတွင်ရှိနေပြီး နိုင်ငံ ၁၄၅ နိုင်ငံသို့ ဗီဇာမလိုဘဲ သွားရောက်နိုင်ကာ အီတလီနှင့် ဆွီဒင်က တတိယနေရာ၊ ဒိန်း မတ်၊ စင်ကာပူ၊ ဖင်လန်၊ ဂျပန်၊ လူဇင်ဘတ်နှင့် နယ်သာလန်တို့ က စတုတ္ထနေရာတွင် အသီးသီးရှိ နေသည်။

မြန်မာနိုင်ငံနှင့်အတူ တောင် ဆူဒန်၊ ဆော်လမွန်ကျွန်း၊ ပါလက်စတိုင်း စသည့်နိုင်ငံတို့မှာ အောက်ဆုံးအဆင့်တွင် တန်းတူရှိနေပြီး ယင်းနိုင်ငံများမှာ နိုင်ငံပေါင်း ၂၈ နိုင်ငံသို့ ဗီဇာကြိုယူရန် မလိုဘဲ သွားလာနိုင်သည်ဟု ဆိုသည်။

‘‘ဆိုက်ရောက်ဗီဇာ မပေး တာက နိုင်ငံလုံခြုံရေးနဲ့သက်ဆိုင် တယ်။ သူတို့က ဘာကိုရည်ရွယ် မှန်းမသိသေးတဲ့အတွက် ဘာမှတ် ချက်မှမပေးချင်ပါဘူး’’ ဟု လူဝင် မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။

မြန်မာနိုင်ငံတွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ နိုင်ငံတွင်းဝင်ရောက် မည့် ဆိုက်ရောက်ဗီဇာကို ရန်ကုန် လေဆိပ်နှင့် မန္တလေး လေဆိပ် များ၌ ခွင့်ပြုပြီး ၂၀၁၂ ဇွန်လတွင် ၂၆ နိုင်ငံ ခွင့်ပြုခဲ့ကာ ၂၀၁၃ ဖေဖော်ဝါရီတွင် ၂၂ နိုင်ငံ ထပ်မံ ခွင့်ပြုခဲ့သည်။ ၂၀၁၃ မတ်လနှင့် ဇူလိုင်တွင် တစ်နိုင်ငံစီ ထပ်မံခွင့် ပြုခဲ့ပြီး အဆိုပါဝန်ကြီးဌာန၏ အချက်အလက်များအရ ဆိုက် ရောက်ဗီဇာခွင့်ပြုသည့်နိုင်ငံ ၅၀ ရှိသည်။
7 day

No comments:

Post a Comment