Thursday, April 2, 2015

ပြည်ပမှ ကျပ် ၃၉ဝဝ ဘီလျံထက် ပိုမချေးရန် လွှတ်တော်ဆုံးဖြတ်

လာမည့်ဘဏ္ဍာနှစ်မှ စတင် ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် ပြည်တွင်းပြည်ပမှ ချေး ငွေကျပ်သန်းပေါင်း ၃၉ သိန်းထက် ပိုမိုကျော်လွန်ပြီး မချေးငှားရန် ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုခဲ့သည်။

မတ်လ ၃၁ရက်နေ့က ကျင်းပ သော ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန် အစည်း အဝေးတွင် ၂ဝ၁၅ခုနှစ် ပြည် ထောင်စု၏ ဘဏ္ဍာငွေအရသုံးဆိုင် ရာ ဥပဒေကြမ်းအားဥပဒေအဖြစ် အတည်ပြုခဲ့ပြီးထိုကဲ့သို့ပြည်ထောင် စုအစိုးရအနေဖြင့်ကျပ်သန်းပေါင်း ၃၉ သိန်းထက်ကျော်မသုံးရန် ပြည် ထောင်စုလွှတ်တော်မှ မဲခွဲဆုံးဖြတ် ပြီး အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပြည်ထောင်စု အစိုး ရ အဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပ ချေးငွေကျပ်သန်းပေါင်း ၃၉ သိန်း ထက်ကျော်လွန် သုံးစွဲခြင်းမပြုရန် ပြည်ထောင်စုလွှတ်တော်မှ အ တည်ပြုခဲ့ခြင်းသည် ကောင်းမွန် သည်ဟု ရှမ်းပြည်နယ် မိုင်းရယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော် ကပြောသည်။

''ဒီလို သတ်မှတ်တာ ကောင်း တယ်။ ဘာလို့ဆိုတော့ ဝန်ကြီးဌာန တွေအနေနဲ့ ဘတ်ဂျက်ကို သုံးစွဲရင် မလိုတာတွေ ဖြစ်မလာနိုင်တော့ ဘူး''ဟု ၄င်းကထပ်မံဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီပမာဏသည် အစိုးရ သစ်လက်ထက်တွင် အဆပေါင်း ၄ဝဝ ကျော် မြင့်တက်လာခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ပြည်ပကြွေးမြီ ကျပ်ငွေ ဘီလျံ ပေါင်း နှစ်သောင်းကျော် ရှိလာ နိုင်ရာ ယင်းအရေးကို ဂရုစိုက်ရန် လိုအပ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်တို့က သတိပေးပြောဆို ထားကြသည်။

''ဒီအစိုးရလက်ထက် ၅ နှစ် ကာလအတွင်းမှာ ပြည်ပ ကြွေးမြီ အဆပေါင်း ၄ဝဝ ကျော်နဲ့ ပြည်ပ ထောက်ပံ့ငွေပမာဏ အဆပေါင်း ၁၅ဝဝ အထိ ပိုမိုများပြား လာတာ တွေ့ရတယ်။ အဲ့ဒီချေး ငွေတွေကို အကျိုးရှိရှိ မသုံးနိုင်ဘူး ဆိုရင် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးတစ် ခုလို ဖြစ်လာနိုင်တာကို ကျွန်မတို့ သတိချပ်သင့်ပါတယ်'' ဟု အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် စန်းလှိုင်က ပြောသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်း ပြည်ပ ကြွေးမြီ ပမာဏသည် ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၃ ဒသမ၂၇ ဘီလျံသာ ရှိခဲ့ရာမှ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ ရေးနှစ်တွင် ဘီလျံနှစ်သောင်း ငါးထောင်ကျော်အထိ ပြည်တွင်း ပြည်ပ ကြွေးမြီပမာဏ ရှိလာပြီဖြစ် ကြောင်း သိရသည်။ 

စိုင်းလမင်း

Popular Myanmar News Journal

No comments:

Post a Comment