Thursday, April 9, 2015

ဘန်ဂျီးနားကျွန်းမှ ရေလုပ်သားများ ခိုးမှုကျူးလွန်ခြင်း၊ ရန်ဖြစ်ခြင်းတို့ကြောင့် လုပ်ငန်းရှင်က ကိုယ်ပိုင်အချုပ်ခန်းဖြင့် ချုပ်နှောင်ထားခြင်း ဖြစ်သည်ဟုဆို



အချုပ်ခန်းအတွင်း နေထိုင်ရသည့် ရေလုပ်သားတစ်ဦး(Dita Alangkara/AP)
ဘန်ဂျီးနားကျွန်းပေါ်တွင် ထိန်းသိမ်းခံထားရသည့် ရေလုပ် သားများသည် ခိုးမှုကျူးလွန်ခြင်း၊ ဒေသခံများနှင့် ခိုက်ရန်ဖြစ်ပွား ခြင်းတို့ကြောင့်  ၎င်းတို့လုပ်ကိုင်သည့်  ကုမ္ပဏီများကကိုယ်ပိုင်အချုပ်ခန်းဆောက်ကာ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က ရှင်းပြခဲ့သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်ထွန်းက ပြောသည်။

   ရေလုပ်သားများအား ကုမ္ပဏီများက ဖမ်းဆီးချုပ်နှောင် ထားခြင်းနှင့်ပတ်သက်ပြီး တရား ၀င်မသိရှိ၍ အင်ဒိုနီးရှားရဲတပ်ဖွဲ့ က အရေးယူရန် ခက်ခဲနေကြောင်း ရဲမှူးချုပ်ဝင်းနိုင်ထွန်းက  ပြော သည်။
  အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးနှင့် တာဝန်ရှိသူများ၊ ဂျကာတာမြို့ ရဲတပ်ဖွဲ့မှရဲချုပ်တစ်ဦး၊ အင်ဒိုနီးရှား လ၀ကနှင့် IOM တို့မှ တာဝန်ရှိသူများ သည် ဘန်ဂျီးနားကျွန်းပြဿနာ ကို စစ်ဆေးရန် ရေလုပ်သားများအား ရွှေ့ပြောင်းထားသည့် အန်ဘွန်းကျွန်းသို့ ဧပြီ ၆ ရက်က သွားရောက်ခဲ့သည်။
အင်ဒိုရဲတပ်ဖွဲ့က ကျွန်းပေါ် ရှိ ရေလုပ်သားများသည် ဒေသခံ များနှင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ ခိုးမှုများ ပြုလုပ်ခြင်းတို့ကြောင့် ကုမ္ပဏီ က ဖမ်းဆီးချုပ်နှောင်ထားသည် ဟုပြောကြားမှုအပေါ် ဟုတ်မှန်ခြင်း ရှိ၊ မရှိ၊ မြန်မာလုပ်သားများအား သွားရောက်တွေ့ဆုံသော မြန်မာ သံရုံးကိုယ်စားလှယ်အဖွဲ့က မေး မြန်းခဲ့ခြင်း ရှိ၊ မရှိနှင့် ပတ်သက် ၍ ရဲမှူးချုပ်ဝင်းနိုင်ထွန်းက သံရုံးတာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းမည်ဖြစ်သည်။
 ထို့ကြောင့် ခိုးမှုကျူးလွန်ခြင်း၊  ခိုက်ရန်ဖြစ်ပွားခြင်းဖြင့် ချုပ်နှောင်ထားသည်ဆိုသည်မှာ အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ ပြောကြားချက်တစ်ခုတည်းသာ ဖြစ်နေသေး သည်။
အန်ဘွန်းကျွန်းသို့ ရောက်ရှိ လာသော မြန်မာသံရုံးမှ တာဝန်ရှိ သူများအား အင်ဒိုနီးရှားနိုင်ငံ မာ လူကူဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဌာန ချုပ်မှ အကြီးအကဲ Musa Gintingက  ဘန်ဂျီးနားကျွန်းပေါ်တွင် ရေ လုပ်သားများ ထိန်းသိမ်းခံရခြင်း မှာ ခိုးမှုကျူးလွန်ခြင်း၊ ဒေသခံ များနှင့် ခိုက်ရန်ဖြစ်ပွားခြင်းတို့ ကြောင့် ၎င်းတို့လုပ်ကိုင်သည့် ကုမ္ပဏီများက ကိုယ်ပိုင်အချုပ်ခန်းဆောက်ကာ ဖမ်းဆီးထားခြင်းဖြစ်သည်ဟု  ရှင်းပြခဲ့သည်။
  ဘန်ဂျီးနားကျွန်းတွင် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီး ယားစသည့် နိုင်ငံများမှ ရေလုပ် သားစုစုပေါင်း ၁,၀၂၅ ဦးရှိပြီး မြန်မာသံရုံး၏ တွေ့ရှိချက်အရ မြန်မာရေလုပ်သား ၂၅၇ဦးရှိကာ ၎င်းတို့အနက် ၆၀ ဦးသည် မပြန်ချင်ကြကြောင်းရဲမှူးချုပ်က ဆိုသည်။ဘန်ဂျီးနားကျွန်းပေါ်ရှိ လူမျိုးစု ၉၀ ရာခိုင်နှုန်းသည် ထိုင်းလူမျိုးများဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်အ တွင်း AP သတင်းဌာနက အင်ဒို နီးရှားရှိ ဝေးလံသီခေါင်သော ကျွန်းတစ်ခုတွင် ငါးဖမ်းလုပ်ငန်း အတွက် လူအများကို  ကျွန်ပြုခိုင်း စေမှုများရှိနေကြောင်း  ထုတ် ဖော်ရေးသားခဲ့သည်။ ၎င်းတို့ကို ထိုင်းငါးဖမ်းသင်္ဘောများပေါ်တွင် ပြင်းပြင်းထန်ထန် အဓမ္မခိုင်းစေ နေခြင်းဖြစ်ကြောင်း AP က ဓာတ် ပုံများဖြင့် ဖော်ပြခဲ့သည်။ အဆိုပါ သတင်းပျံ့နှံ့လာပြီးနောက် အတင်းအဓမ္မခိုင်းစေခံနေရသည့် ကျွန်လုပ်သားများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
7Day Daily

No comments:

Post a Comment