Thursday, April 9, 2015

နှစ်နိုင်ငံနယ်စပ်တွင် တရုတ်အလံစိုက်ရန် ကြိုးပမ်းသည့် ရွာလမ်းကို ရှမ်းပြည်နယ်အစိုးရ ပိတ်


နှစ်နိုင်ငံနယ်စပ်တွင် တရုတ်ဘက်မှ အလံစိုက်သောကြောင့် အငြင်းပွားနေစဉ်(fb.com/Zaai HomMai )
မြစ်ကူးတံတားတည် ဆောက်ရန် တရုတ်ပြည်သူ့သမ္မ တနိုင်ငံတော်အလံကို မြေတိုင်း သည့်အနေဖြင့် လာရောက်စိုက် ထူရန်ကြိုးပမ်းသည့် ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်ခရိုင်နှင့် နမ့်ခမ်းမြို့နယ်အတွင်း ကုန်းဆာကျေးရွာကူးတို့ဆိပ်လမ်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပိတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဧပြီ ၃ရက်က တရုတ်လက် နက်ကိုင်စစ်သားအချို့နှင့် အာ ဏာပိုင်အဖွဲ့အစည်းတို့က မည် သူပိုင်သည်ကို ပြတ်ပြတ်သား သား မသတ်မှတ်ရသေးသည့်အ ငြင်းပွားမြေပေါ် လက်နက်များ ကိုင်ဆောင်ဝင်ရောက်လာပြီး တ ရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အ လံ စိုက်ထူရန်ကြိုးပမ်းခြင်းဖြစ် သည်။
အဆိုပါ ကူးတို့ဆိပ်မှာ တ ရုတ် - မြန်မာနှစ်နိုင်ငံမြေနေရာ တွင်ပါဝင်ပြီး  တရုတ်နိုင်ငံဘက်မှ တံတားဆောက်ရန်မြေတိုင်းမှု များမကြာခဏပြုလုပ်သည့်နေ ရာဖြစ်ပြီး တစ်ဖက်နိုင်ငံသို့ တရားမ၀င် ကုန်ပစ္စည်းများတင်သွင်း၊ တင်ပို့နေသည့်  နေရာလည်းဖြစ်သည်။
 ‘‘တရုတ်ဧရိယာလာတိုးချဲ့ တာ။ အခုနေရာက ရွာသူရွာသား နှစ်ရာကျော်ရဲ့ လယ်မြေဧရိယာ တွေဖြစ်လို့ စွန့်လွှတ်မခံနိုင်ဘူး။ ခု  ကူးတို့ဆိပ်လမ်းကိုပိတ်ထား တယ်။ ကုန်တင်ကားတွေအလာ မခံတော့ဘူး’’ဟု နမ့်ခမ်းမြို့နယ် အထောက်အကူပြုအဖွဲ့ဝင်  ဦးစိုင်းဆိုင်ကပြောသည်။
ယင်းနေရာအနီးရှိ စယ်ဟိုင်း မန့်နောင်ကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာတို့မှ ဒေသခံတောင်သူများက အလံစိုက်ထူခြင်းကို ကန့်ကွက်ခဲ့ကြသည်။
လက်ရှိတွင် ကုန်းဆာကူးတို့ ဆိပ်နှင့် ကူးတို့ဆိပ်သွားလမ်းကို ဒေသခံကျေးရွာသားများက ကုန် တင်ယာဉ်များဖြတ်သန်းမသွားရန်ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။
ယခုအငြင်းပွားရာနေရာဖြစ် သည့် မြန်မာနိုင်ငံနမ့်ခမ်းမြို့နှင့် တရုတ်နိုင်ငံဘက်ခြမ်းတို့ကို နယ် ခြားမျဉ်းအဖြစ် ရွှေလီမြစ်ကို နှစ် ဖက်ဒေသခံများက အစဉ်တစိုက်သတ်မှတ်ထားခဲ့သည်။ ရှမ်း မြောက်ပိုင်းမူဆယ်ရှိ နယ်နိမိတ်မှတ်တိုင် S78-1နှင့် S79ကြား၊ နမ့်ခမ်းမြို့ S62-1နှင့်63ကြား နယ်နိမိတ်သွယ်တန်းမှု မရှင်းလင်းသည့်နေရာလည်းဖြစ်သည်။
7Day

No comments:

Post a Comment