Tuesday, May 26, 2015

မက္ကဆီကိုတွင် လေဆင်နှာမောင်းတိုက်ခတ်၍ လူ ဒါဇင်ကျော်သေဆုံး


မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း ကူဒက်အက်အူနာ နယ်စပ်မြို့တွင် လေဆင်နှာမောင်းတိုက်ခိုက်ရာ လူ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့သည်။
ကောဟူလာ ပြည်နယ်တွင်းရှိသည့် ယင်းမြို့တွင် လေဆင်နှာမောင်းဒဏ်ကြောင့် အိမ်ခြေရာနှင့် ချီကာ ပျက်စီးခဲ့သည်။

အမေရိကန်တွင်လည်း ရေကြီးမှုများဖြစ်ကာ သုံးဦးသေပြီး လူဒါဇင်ပျောက်ဆုံးလျက်ရှိသည်။
ဒဏ်ရာရသူများစွာရှိရာ သေဆုံးအရေအတွက် ထပ်တိုးလာမည်ကို စိုးရိမ်လျက်ရှိနေသည်။
လေဆင်နှာမောင်းဒဏ်သင့် နယ်မြေသို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ရူဘင်းမောရီရာ ရောက်ရှိလာပြီး လူကြီး ဆယ်ဦးနှင့် ကလေး သုံးဦး သေဆုံးကာ လသား ကလေးငယ် တစ်ဦး ပျောက်ဆုံးနေသည်ဟု ပြောသည်။ ဆေးရုံ ရောက်ရှိသူပေါင်းလည်း ၁၅၀ ခန့်ရှိကြောင်း ၎င်းက ပြောခဲ့သည်။
"အိမ်ပြင်မှာရှိနေတဲ့ သူတွေက အများဆုံးသေဆုံးကြရတာပါ။ အိမ်တွင်းမှာ ရှိသူ သေဆုံးတာမရှိပါဘူး” ဟု မြို့တော်ဝန်ဖြစ်သူ လင်နင်းပါရက်ဇ်က ပြောခဲ့သည်။
လေဆင်နှာမောင်းဒဏ်သင့်မြို့မှာ မြို့တည်သက် နှစ် ၁၀၀ ကျော်အတွင်း ယခုလေဆင်နှာမောင်းက ပထမဆုံးတိုက်ခတ်ခြင်းဖြစ်သည်။

REF : BBC

No comments:

Post a Comment