Tuesday, May 26, 2015

ကျောင်းအပ်နှံရေးနေ့စတင် ကျောင်းသားတိုင်း ကျောင်းနေနိုင်ရေးအတွက် အခမဲ့ပညာရေးစနစ်ဖော်ဆောင်

ဇွန် ၁ ရက်တွင် နိုင်ငံအဝန်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ် တော့မည်ဖြစ် သည်။ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်၏ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေ အရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက် ကျောင်းအပ်နှံရေးသီ တင်းပတ်ကို ယနေ့ မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆောင်ရွက်လျက်ရှိသည်။

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးကို ရည်ရွယ်ကာ ယခင်က မူလတန်းနှင့် အလယ်တန်း ကို အခမဲ့ပညာရေးစနစ် သတ်မှတ်ခဲ့ ပြီး ယခုအခါ အခြေခံပညာအထက် တန်းကိုပါ အခမဲ့ပညာရေးစနစ် သတ်မှတ်ခဲ့သည်။ ကျောင်းအပ်နှံရေး လှုပ်ရှားဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆရာမများနှင့် မိဘများ အား တွေ့ဆုံမေးမြန်းချက်များကို ဖော်ပြ လိုက်ပါသည်။

ဒေါ်ခင်ခင်ကျော်(အ.ထ.က(၄)
ပုဇွန်တောင်၊ ကျောင်းအုပ်ဆရာမကြီး)
ကျွန်မတို့ကျောင်းက ဇွန် ၁ ရက် ကျောင်းမဖွင့်ခင်ကတည်းက ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ကျောင်းအဆောက်အအုံတွေကို မိုးလုံ အောင် အမိုးတွေလဲတယ်။ ရေအိမ် တွေပြုပြင်တယ်။ ကလေးတွေ ရေကောင်းစွာ သောက်သုံးနိုင်ဖို့ ရေသန့်စက်တွေ ပြုပြင်တယ်။ ခုံကျိုး၊ ခုံပဲ့တွေကိုလည်း အကုန်လုံး ပြန်လည် ပြုပြင်ပြီး ကျောင်းဖွင့်ရာသီကလေး တွေ ကောင်းစွာပညာ သင်ကြားနိုင် အောင် စီစဉ်ထားပါ တယ်။ ကျောင်း အပ်နှံရေးနေ့ကို ဒီနေ့ကနေမှ မေ ၃၁ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ လက်ခံပါတယ်။ ၁ နာရီ နောက်ပိုင်းမှာတော့ ဆရာမ တွေနဲ့ကျောင်းဖွင့်တဲ့အခါ လုပ်ဆောင် ရမယ့် လုပ်ဆောင်ချက်တွေကို အစည်းအဝေးနေ့တိုင်း လုပ်ပါတယ်။ အတန်းလိုက် တန်းခွဲလိုက် လုပ်ပါ တယ်။ အခမဲ့ပညာရေး စနစ်ဖြစ်တဲ့ အတွက် မူလတန်းပိုင်းကို ဖတ်စာအုပ်၊ ဗလာစာအုပ်ခြောက်အုပ်၊ ဝတ်စုံ အခမဲ့ပေးမှာပါ။ အလယ်တန်းနဲ့ အထက်တန်းကို ပုံနှိပ်စာအုပ်တွေ အခမဲ့ပေးမယ်။ ဘာငွေမှ ကောက်ခံ ခြင်းမရှိပါဘူး။ အခမဲ့ပညာရေးကို မနှစ်က အလယ်တန်းလုပ်တယ်။ ဒီနှစ် အထက်တန်းစတယ်။ ကျောင်းဖွင့် ရာသီမှာ ကျောင်းအပ်ရာမှာ ကြိုက်တဲ့ မြို့နယ်လာအပ်နိုင်ပါတယ်။ အခြေခံ ပညာဦးစီး ဌာနက ချမှတ်ထားတဲ့ အတိုင်း ဆောင်ရွက်ပါတယ်။ ကျောင်း ဖွင့်တာနဲ့စာ သင်ကြားနိုင်အောင် ကျောင်းလာအပ်တဲ့ ကျောင်းသား တိုင်းဖတ်စာ အုပ်တွေဝေထားပါတယ်။ စာသင်ချိန် အချိန်စာရင်းတွေကိုလည်း အဆင်သင့် လုပ်ထားပါတယ်။ အခုလို မူလတန်း၊ အလယ်တန်းတင် မက အထက်တန်း အဆင့်အထိပါ အခမဲ့ ပညာရေးစနစ်ဆောင်ရွက်ပေး တဲ့အတွက် ပညာ တတ်တွေပိုပြီး များလာမယ်လို့ ထင်ပါတယ်။

ဒေါ်သက်သက်ဝင်း 
(အလယ်တန်းပြဆရာမ)
ဒီနှစ်မှာ အထက်တန်းအဆင့် ကိုပါ အခမဲ့ပညာသင်ကြားရတာဖြစ် တဲ့အတွက် ကျောင်းသားဦးရေများ လာမယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံ တော်က အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်တဲ့အတွက် ကျောင်းသား တိုင်း ကျောင်းနေနိုင်ရေးအတွက် ပိုပြီး ထိရောက်ပါတယ်။ ကျောင်းအပ်ရာမှာ လည်း ဖောင်ကလည်းအခမဲ့ အလယ် တန်းဖတ်စာ စာအုပ်တွေကလည်း အခမဲ့ ပေးတဲ့အတွက် မိဘတွေကော ကလေးတွေပါ ကျေနပ်ကြတယ်။ မိဘတွေကလည်း ကျောင်းအပ်ရမှာ ကုန်ကျစရိတ်မရှိတဲ့အတွက် ဝမ်းသာ အားရ ပျော်ရွှင်စွာ ကျောင်းအပ်သွား ကြပါတယ်။

ဒေါ်ဥမ္မာထွန်း(ကျောင်းသားမိဘ)
ကျွန်မသားနဲ့သမီးက ပုဇွန် တောင်မြို့နယ် အခြေခံပညာအထက် တန်းကျောင်းမှာ ကျောင်းတက်နေ ပါ တယ်။ ကလေးတွေက အလယ် တန်း၊ မူလတန်းမှာ ပညာသင်ကြား နေပါတယ်။ နှစ်ဦးစလုံးကို အခမဲ့ ပညာရေးအ တွက် ကုန်ကျစရိတ် မရှိပါဘူး။ ဒါကြောင့် ကျောင်းနေ အရွယ်ကလေးတွေ အတွက် မိဘတွေ က ကျောင်းအပ်ရင် ကုန်ကျစရိတ် မရှိတော့ဘူး။ မူလတန်း သမီးနဲ့ အလယ် တန်းသားအတွက်ဖတ်စာအုပ် တွေရမယ်။ မူလတန်း အတွက်က ဗလာစာအုပ်နဲ့ ကျောင်းဝတ်စုံကို ကျောင်းဖွင့်ရင်ပေး မယ်လို့ ပြောပါ တယ်။ သူတို့လေးတွေ တစ်နှစ်တစ် တန်းအောင်ဖို့ ကလေးတွေကို ပညာ တတ်ဖြစ်ဖို့အတွက် ရုန်းကန် ရတာ ပါ။ ဆရာ၊ မိဘနဲ့ ကျောင်းသား ပါ ကြိုးစားရတာပါ။ နိုင်ငံတော် အနေနဲ့ အခမဲ့ပညာရေးစနစ်ဆို တော့ ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါ တယ်။

ပညာရေးကဏ္ဍတွင် အခြေခံ နှင့် အဆင့်မြင့်ပညာရေး ကဏ္ဍဟူ၍ နှစ်ပိုင်းရှိပြီး အခြေခံပညာရေး ကဏ္ဍ၌ ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရန် အဘက်ဘက်မှ ဆောင်ရွက်နေခြင်းဖြင့် ကျောင်းနေသူ ပိုမိုများပြားလာနိုင်အောင် အားပေး နေခြင်းဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar 

No comments:

Post a Comment