Tuesday, May 26, 2015

ထားဝယ်မြို့ ရွှေတောင်စားစေတီတော် အောက်ပစ္စယံတွင် ချိတ်ဆွဲထား ရှိမည့် ခေါင်းလောင်းကြီး စတင်သယ်ဆောင်မည်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ရွှေတောင်စားစေတီတော် အောက်ပစ္စယံ အင်္ဂါထောင့်မြေကွက် လပ်ပေါ်တွင် ချိတ်ဆွဲထားရှိမည့် မဟာ ဝိဇယခေမသီတလနိဗ္ဗုတဃောသ မဟာခေါင်းလောင်းတော်ကြီးကို သွန်းလောင်းခဲ့သည့် မန္တလေးမြို့ တမ္ပဝတီရပ် တောင်ဆင်တဲကျောင်းတိုက်မှ ထားဝယ်မြို့သို့ မေ ၂၆ ရက် နံနက် ၇ နာရီအချိန်တွင် အောင်စည်အောင်မောင်းများ တီးခတ်ပြီး ရွှေမိုးငွေမိုးရွာသွန်းကာ စတင် သယ်ယူ မည်ဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းတော်ကြီးကို ကြေးပိဿာချိန် ၁၁၆၆၉ ပိဿာအသုံးပြု သွန်းလောင်းခဲ့ရပြီး ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင် တနင်္ဂနွေထောင့်ရှိ သာယာဝတီမင်းခေါင်း လောင်းတော်ကြီးနှင့် အရွယ်တူ ပုံသဏ္ဌာန်တူ သွန်းလောင်းခဲ့ခြင်းဖြစ်ကြောင်း၊ သာယာဝတီမင်း ခေါင်းလောင်းဆုံမျက်နှာပြင် တွင် မနုဿီဟပုံပြုလုပ်ထားပြီး ယခုခေါင်း လောင်းကြီးတွင် လောကနတ်ရုပ်ပုံ ပြုလုပ်ထားခြင်းဖြစ်သည်။ ချိတ် ဆွဲမည့် ပုစွန်ကွေးတွင် နယားနှစ် ကောင်နှင့် ကြာပန်းကိုင်နတ်သားပုံ ပြုလုပ်ထားကြောင်း တွေ့ရသည်။

ခေါင်းလောင်းတော်ကြီးကို မသွန်း လောင်းမီက ရွှေတိဂုံရင်ပြင်တော်ရှိ သာယာဝတီမင်း ခေါင်းလောင်း တော်ကြီး၏ ပုံသဏ္ဌာန်အနိမ့်အမြင့် အထူအပါးတို့ကို စနစ်တကျတိုင်း တာကာ ဖယောင်းပုံပြုလုပ်ပြီး တမ္ပ ဝတီရပ်ကွက်မှ ကြေးသွန်းပညာရှင်များ၊ လုပ်သားများ စုပေါင်းကာ ညလုံးပေါက် သွန်းလောင်းခဲ့ရ ကြောင်း၊ ခေါင်းလောင်းသွန်းလောင်းရာတွင် ရှေးအစဉ်အဆက် အသုံးပြုခဲ့သည့် ကြေးအချိုးအစားအတိုင်း ရော စပ်ပြီး အသံသာယာစေရန် သွန်းလောင်း ခဲ့ခြင်းဖြစ်ကြောင်း၊ မှတ်တမ်းများအရ စစ်ပြီးခေတ်တွင် သွန်းလောင်းခဲ့သည့် ခေါင်းလောင်းများအနက် အကြီးမားဆုံးဖြစ်ကြောင်းကို တာဝန်ယူသွန်း လောင်းခဲ့ သည့် ကြေးသွန်း ပညာရှင် ဦးအောင်သန်းမော်က ပြောကြားသည်။

ခေါင်းလောင်းကြီးသွန်းလောင်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့က ကြေးချိန်ငါးတန်ကို မတည်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြိတ်မြို့ ပြည့်ဖြိုးထွန်းကုမ္ပဏီမှ ဦးလှသန်းက ကြေးချိန် ၈ တန်၊ ကော့သောင်း မြို့ ဦးကျော်လွင်က ကြေးချိန် ၁ ဒသမ ၈ တန်နှင့် ထားဝယ် မြို့သူမြို့သားများက ကြေးပစ္စည်းမျိုးစုံတို့ကို ပါဝင် လှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး သွန်း လောင်းခ ကျပ်သိန်းပေါင်း ၁၄ဝဝ ကုန်ကျခဲ့ကြောင်း သိရသည်။

ခေါင်းလောင်းကြီးကို ၁၂ ဘီး တပ်မော်တော်ယာဉ်ဖြင့် သယ်ဆောင်မည်ဖြစ်ပြီး ယခုသယ်ဆောင်မည့် ခေါင်းလောင်းကြီး၏ အလေး ချိန်နှင့်ထုထည်ကို ထားဝယ်မြို့အရောက် အန္တရာယ်ကင်းစွာ သယ်ယူ ပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီး တင်ဆောင်မောင်းနှင်မည့် ယာဉ်မောင်းက ပြောပြသည်။

MOi Webprtal Myanmar 

No comments:

Post a Comment