Friday, December 18, 2015

အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒီချုပ်နှင့် ကော်မတီဖွဲ့စည်းမည်

ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ပူးပေါင်းဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ ကော်မတီတစ်ရပ်ဖွဲ့စည်း မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ဒီဇင်ဘာ ၁၇ ရက်က နေ ပြည်တော်ပြည်သူ့လွှတ်တော်တ ရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီရုံးခန်း၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးသဘောတူညီစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တွေ့ဆုံခဲ့သည်။

တစ်နာရီကြာမြင့်သော အ ဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင် ဆန်းစုကြည်က NCA တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ခြင်းနှင့်မရှိ သည့်အကြောင်းရင်းကို ရှင်းပြခဲ့ ကြောင်း၊ ကော်မတီတစ်ရပ်ဖွဲ့ စည်း၍ ဆက်သွယ်ရေးလမ်း ကြောင်းဖော်ဆောင်ရန် ပြော ကြားခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် များက ဆိုသည်။

‘‘အခုသွားနေကြတဲ့ ရှစ်ဖွဲ့၊ လက်မှတ်ရေးထိုးထားတဲ့ ရှစ်ဖွဲ့နဲ့ လည်း သူတို့ NLD နဲ့ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ရာအတွက် ကော်မတီတစ်ခုဖွဲ့ပြီးတော့ ဆက် သွယ်ရေးလမ်းကြောင်းတစ်ခုကို ဖော်ဆောင်မယ်ဆိုတာမျိုး ပြော ပါတယ်။ တွေ့ရတဲ့အနေအထား အရဆိုလို့ရှိရင်တော့ အနာဂတ် အတွက် ကောင်းပါတယ်’’ဟု ရခိုင်လွတ်မြောက်ရေးပါတီ (AL P)ဗဟိုအလုပ်အမှုဆောင်ဒေါ် စောမြရာဇာလင်းက ပြောသည်။

ပအိုးဝ်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကလည်း ဒေါ် အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှု နှင့်ပတ်သက်၍ ‘‘ဒီကနေ့က တွေ့ ဆုံရုံပါ။ NCA မှာ NLD ဘာ ကြောင့် လက်မှတ်မရေးထိုးဘူးလဲ ဆိုတာရှင်းပြတာဖြစ်တယ်။ တိုင်း ရင်းသားတွေ အချင်းချင်းကြားမှာ နားလည်မှုလွဲမှားမှာ စိုးတဲ့အ တွက်၊ ဒါကြောင့် တိုင်းရင်းသားအ ချင်းချင်းကြားမှာ နားလည်မှုမလွဲ စေဖို့ လက်မှတ်မရေးထိုးတာဖြစ် တဲ့အကြောင်း ကျွန်တော်တို့ကို ရှင်းပြပါတယ်။ ငြိမ်းချမ်းရေးဖြစ် စဉ်အောင်မြင်ဖို့ဆိုရင် အကုန်လုံး လက်တွဲပူးပေါင်းဆောင်ရွက်မှ ငြိမ်းချမ်းရေးဖြစ်စဉ်ကအောင်မြင် မယ်။ အားလုံးပါဝင်ဖို့ ဒေါ်အောင် ဆန်းစုကြည်က အဓိကထားပြော ကြားတာဖြစ်ပါတယ်’’ဟု သတင်း ထောက်များအား ပြောသည်။

NCA ကို အစိုးရနှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ ဖြစ်သည့် ကရင်အမျိုးသားအ စည်းအရုံး၊ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ၊ ရခိုင်လွတ် မြောက်ရေးပါတီ၊ ချင်းအမျိုးသား တပ်ဦး၊ ပအိုးဝ်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများဒီမို ကရက်တစ်တပ်ဦးနှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်တို့ အောက်တိုဘာ ၁၅ ရက်က လက် မှတ်ရေးထိုးခဲ့သည်။ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့များဖြစ်သည့် ‘ဝ’ ပြည်သွေး စည်းညီညွတ်ရေးပါတီ၊ ကချင် လွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)အပါအဝင် ကျန်အဖွဲ့များသည်NCA တွင် ပါဝင်ခြင်းမရှိပေ။

တွေ့ဆုံပွဲတွင် ကော်မတီဖွဲ့ စည်းရန် အသေးစိတ်ဆွေးနွေး ပြောကြားမှုများ ပြုလုပ်ခဲ့ခြင်းမရှိ ကြောင်းနှင့် NCA အပါအဝင်ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်အပေါ်အပြန် အလှန်ဆွေးနွေးခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်ပြောကြားခဲ့သည့်အ တိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားလုံး အတူတကွ လက်တွဲ ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ကြောင်း တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်များက ဆို သည်။

အဆိုပါ တွေ့ဆုံပွဲနှင့်စပ် လျဉ်း၍ NLD ဗဟိုအလုပ်အမှု ဆောင် နှစ်ဦးကို ဆက်သွယ်မေး မြန်းခဲ့သော်လည်း အဆက်အ သွယ်မရရှိခဲ့ပေ။

No comments:

Post a Comment