Monday, July 16, 2012

၁၆.၇.၂၀၁၂ ရက်နေ့ နေ့စဉ်သတင်းများ

-ကုလဝန်ထမ်းများ ဖမ်းဆီးထားမှု မြန်မာ ဖြေရှင်းရမည်ဟုဆို (Click Here)
- ဦးဘရန်ရှောင်အမှု တရားခွင် ကြားနာမှု အများပြည်သူ နားထောင်ခွင့်မပြု (Click Here)
- အဖမ်းအဆီးကြောင့် ကချင်ဒုက္ခသည်များ ထိတ်လန့် (Click Here)
- တရုတ်ပြည်တွင်းမှ ကချင်ဒုက္ခသည်စခန်းများ ဖယ်ရန် မလိုတော့ (Click Here)
- အာဇာနည်နေ့ ကျင်းပခွင့် မြို့နယ်အချို့တွင် အပိတ်ခံနေရဆဲ(Click Here)
- ရန်ကုန်တွင် လယ်သမား ၂၀၀ ခန့် ဆန္ဒပြ(Click Here)
- ပန်းတောင်းမြို့ လယ်သမားများကို စစ်တပ်က တရားစွဲ (Click Here)
- ကျောက်ဆည် အထပ်သားစက်ရုံဆန္ဒပြမှု ညှိနှိုင်းပြေလည် (Click Here)
- ပိတ်ဆို့မှု ရုပ်သိမ်းရေး ကိုယ်စားလှယ်ကိစ္စ NLD ဝေဖန် (Click Here)
- NLD ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသားများ တိုက်တွန်း (Click Here)
- တိုင်း​ရင်း​သား​ဝန်ကြီး​များ​ကို ကက်ဘိနက်ထဲ ထည့်​ရေး​အဆို ပလပ်ခံရ(Click Here)
- တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ ဆွေးနွေးမည် (Click Here)
- သမ္မတနှင့် ဒီမိုကရေစီ ၁၀ ပါတီ နေပြည်တော်တွင် တွေ့မည်(Click Here)
- ဒုတိယသမ္မတရာထူးအတွက် အမည်စာရင်း မသိရသေး (Click Here)
- ပြည်​ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ (ဓာတ်ပုံ) (Click Here)
- ရင်းနှီးမြှုပ်နှံရေး စိန်ခေါ်မှုများစွာရှိဟု အမေရိကန် ပြော (Click Here)
- ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည် (Click Here)
-

ဂျူးလီယပ် ဆီဇာ လက်ထက်က cyber ၀ှက်နည်း

  ရှေးတုန်းက ရောမခေတ် သူရဲကောင်း စစ်သူကြီးဂျူးလီယက် ဆီဇာ က စစ်ပွဲတွေ ဆင်နွဲရင် နောက်ကဌာနချုပ်မှာ ကျန်ခဲ့တဲ့ သူ့လူတွေနဲ့ အဆက်အသွယ်ပြုတဲ့ အခါ အောက်က နည်းအတိုင်း စာတွေ ၀ှက်ပြီးမှ ပို့တယ်တဲ့. ။ သူ့ခေတ် သူ့ခါမှာတော့  လုံခြုံခဲ့မှာပေါ့။ ခုခေတ်မှတော့ အဲလို ၀ှက်ရင် Hacker ဆိုသူတွေက ရယ်ပါလိမ့်မယ်။။ ခုတော့ 3DES ၊ AES တို့ နည်းလမ်းသုံးပြီး မိမိ Data တွေ ၀ှက်ပြီးမှ အွန်လိုင်းမှာ ဆက်သွယ်ကြပါတယ်။
   ပုံတွေကို CCNA   Security စာအုပ်ထဲက ယူထားတာပါ။

                                                                 ဂျူးလီယာက်ဆီဇာ

ခိုးဝင်လာတဲ့ ဘင်္ဂါလီ ကုလားတွေ အကြောင်း နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပုံ



သူခိုးက လူဟစ်သည် BBC

သူခိုးက လူဟစ်သည် BBC

by Mg Mike Mike on Friday, July 13, 2012 at 6:52pm ·

12-July-2012 မှာ ဘီဘီစီကနေပီး ဖေ့စ်ဘုတ်အပါအ၀င် အင်တာနက် အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွပ်စွဲ ပုတ်ခတ် ဆဲဆို ပြောဆိုမှုတွေဟာ ကိုယ်ကျင့်တရားကို ဘယ်လောက် ဖောက်ဖျက်နေသလဲ၊ တန်ပြန် အကျိုးဆက်တွေ ဘာတွေ ရှိလာနိုင်မလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ သတင်းအစီအစဉ်တစ်ခု ထုတ်လွှင့်သွားပါတယ်။ ထုံးစံအတိုင်း ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ပေမယ့် သူတို့လိုချင်တဲ့ ပုံစံ၊ လိုချင်တဲ့ လမ်းကြောင်းပေါ်ကို ၀င်ရောက်ဆွေးနွေးသူ ပါမလာရင် အတင်းကို ဖြတ်ချတဲ့ အာဏာရှင် အကျင့်တွေလည်း ထပ်မံဆိုးရွားစွာ တွေ့ရပါတယ်။


ဘီဘီစီ ကျင့်ဝတ် ဆိုတာကို နားလည်ရဲ့လား

ဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ထားသော်ငြား ဘီဘီစီမှ ၀င်ရောက် ပြောဆိုသည့် ကိုမျိုးခေါ် မျိုးသာထက်ဟာ အမှန်ကို ထောက်ပြဝေဖန် ပြောဆိုလာသူများကို အတင်းစကား စ ဖြတ်ချပစ်တာသည် ဆွေးနွေးပွဲ တစ်ခုရဲ့ လုပ်ရပ်နဲ့ မတူပဲ လုပ်ပိုင်ခွင့်ကို ကိုင်ထားကာ မိမိလိုချင်သည့် ပုံစံ ၀င်မလာပါက ရှင်းထုတ်ပစ်သည့် အာဏာရှင်ပုံစံ ဖြစ်နေသည်ကို တွေ့ရသည်မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်ပါတယ်။ သာမန် သတင်း အစီအစဉ်လေးကိုပင် အာဏာရှင် ဆန်ဆန် ပြုမူ ကျင့်ကြံနေသည်ကို တွေ့ရသည်မှာ လွတ်လပ်သည့် သတင်းဌာန ဆိုသည့်စကားနှင့် အတော်ပင် ဆန့်ကျင်နေပါတယ်။

ဘီဘီစီမှ ခေါင်းစဉ်ကို ကြည့်လိုက်ရုံနှင့်ပင် အွန်လိုင်းမှာ ပုဂ္ဂိုလ်ရေး၊ လူမျိုးရေး စွတ်စွဲ ပုတ်ခတ် ဆဲဆို ပြောဆိုမှု လို့ ရေးသားထားသည့်အချိန်သည် ရိုဟင်ဂျာများ မြန်မာပြည်အနောက်ဘက် ရခိုင်ဒေသမှာ နယ်မြေကျူးကျော်၊ ဒေသခံ ရခိုင်လူမျိုးတွေကို အကြမ်းဖက် သတ်ဖြတ်ပြီး သူခိုးက လူဟစ်နေချိန်နဲ့ အချိန်ကိုက် ဖြစ်နေပါတယ်။ မတရားခံရတဲ့အပြင် သူခိုးက လူဟစ်တာကို ခံနေရတဲ့ မြန်မာတွေရဲ့ အွန်လိုင်းပေါ်က ပေါက်ကွဲနေမှုများ၊ အထူးသဖြင့် အဆိုပါ မီးစအား မတောက်လောင် တောက်လောင်အောင် အစပျိုးခဲ့သည့် ဘီဘီစီနှင့် ပြည်ပအခြေစိုက် မြန်မာပြည်နှင့် ပါတ်သက်သည့် မီဒိယာများကို ဝေဖန်နေမှုများအား ရပ်တန့်သွားစေရန် အားထုတ်ခြင်း တစ်ခုပဲ ဖြစ်ပါတယ်။


ဆိုရှယ် မိဒီယာရာများ၏ အကျိုးသက်ရောက်မှုဟာ အကောင်းလား အဆိုးလား

ထိုအထဲတွင် ၀င်ရောက် ဆွေးနွေးသွားသည့် မြန်မာနိုင်ငံ၏ ဘလော့ဂါဟု ခေါ်သော၊ မည်သို့ မည်ပုံ ကြိုးစားလိုက်မှန်း မသိသော်လည်း အနောက်တိုင်း မီဒိယာများ၏ စင်တော်ကောက်မှုဖြင့် ထင်ပေါ်သွားသည့် ဘလော့ဂါ နေဘုန်းလတ်မှလည်း အွန်လိုင်းအား မီဒီယာကျင့်ဝတ်ကို မသိလျင် မသုံးနဲ့ဟု အာဏာရှင် ဆန်ဆန် ပြောဆိုသွားတဲ့အပြင် အီလက်ထရောနစ် ဥပဒေသာမက အခြားသော ဥပဒေများနှင့်လည်း အရေးယူနိုင်တယ်လို့ ချိမ်းခြောက် ပြောဆိုသွားခဲ့ပါတယ်။ ဘလော့ဂါ နေဘုန်းလတ် ဆိုသည်မှာ ၂၀၀၇ စက်တင်ဘာ အရေးအခင်းအပြီးတွင် အီလက်ထရောနစ် ဥပဒေဖြင့် အရေးယူခံရသည့် အွန်လိုင်းဘလော့ဂါ တစ်ယောက် ဖြစ်ပါတယ်။ နေဘုန်းလတ် ဘာတွေ လုပ်ခဲ့လည်း၊ ဘာတွေ တိုင်းပြည်အတွက် စေတနာထားလည်း သူအသိဆုံးသာ ဖြစ်ပါတယ်။

မဲမဲမြင်ရာ တွေ့သမျှကို အကုန်ထောင်ထဲ ထည့်နေသော စစ်အစိုးရအတွက် ရေဒီယို နားထောင်သည်ပင် အမြင်ကတ်ပါက အီလက်ထရောနစ် ပုဒ်မနှင့် ဖမ်းဆီး ထောင်ချသည့်အချိန်တွင် ထန်းသီးကြွေခိုက် ကျီးနင်းခိုက်မှာ နေဘုန်းလတ် ထောင်ထဲရောက်တဲ့အချိန် ပြည်ပ မီဒီယာတွေရဲ့ ထောင်ကျသူများကို မီဒီယာပေါ် မြှောက်စားမှုနဲ့ ထင်ပေါ်သွားတာ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ သို့သော်လည်း မိမိကိုယ်တိုင် ထောင်ထဲရောက်နေစဉ်က ဆန့်ကျင်ခဲ့တဲ့ အီလက်ထရောနစ် ပုဒ်မကို ယခုလို အချိန်မှာ တွင်တွင်သုံးနေတာ စဉ်းစားစရာပင် ဖြစ်ပါတယ်။

ဘလော့ဂါတို့ ရှေ့ပြေး၊ Citizen Journalist တို့ခောတ်စလို့ ယခင်က မီဒီယာတွေ ကြွေးကျော်ခဲ့တဲ့ ဆောင်ပုဒ်တွေ အခုတော့ မြောင်းထဲရောက်ကုန်ပီလို့ ယူဆရမလို ဖြစ်နေပါတယ်။ မီဒီယာ ကျင့်ဝတ် ဆိုတဲ့နေရာမှာ ဘီဘီစီ သတင်းဌာနကြီးကော မီဒီယာကျင့်ဝတ် ညီရဲ့လား မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံနှင့် ပါတ်သက်လျင် တာဝန်ယူမှု ကင်းမဲ့သော သတင်း ထုတ်ပြန်မှုတွေ တွင်တွင်လုပ်ခဲ့တဲ့ ဘီဘီစီဟာ ၎င်းတို့ ထုတ်လွှင့်တဲ့ သတင်းမှားယွင်းနေပါက ပြည်သူလူထုကို တောင်းပန်ရန် မဆိုထားနှင့် မသိချင်ဟန် ဆောင်တာကို အားလုံးလည်း အသိပင် ဖြစ်ပါတယ်။

ထို့အတူပင် သတင်းအစီအစဉ် တစ်ခုအနေဖြင့် ဆွေးနွေးသည်ဟု ခေါင်းစဉ်တပ်ပါက ဆွေးနွေးရန် ဦးတည်ထားသည့် ခေါင်းစဉ်နှင့် အချက်အလက်များ ကိုက်ညီနေပါက ဟိုဘက်ဒီဘက် အမြင်ကို အပြန်အလှန် ပြောဆိုခွင့်ရှိရမှာ ဖြစ်သော်လည်း မိမိလိုချင်သည့် အဖြေထွက်မလာသဖြင့် ဆွေးနွေးနေသည့် တစ်ဖက်သားအား အလျင်အမြန် ဖြတ်ချလိုက်သည့် မျိုးသာထက်ရဲ့ သတင်းသမား မပီသမှု၊ မီဒီယာကျင့်ဝတ် မပီသမှု၊ သတင်းတင်ဆက်သူ မပီသမှုကိုလည်း အတိုင်းသား တွေ့မြင်ရမှာ ဖြစ်ပါတယ်။

သို့ဖြစ်သည့်အတွက် စကတည်းက ယဉ်သကိုး ဆိုသကဲ့သို့ နေဘုန်းလတ်မှ ပြောခဲ့သည့် မီဒီယာကျင့်ဝတ်သိမှ အွန်လိုင်းကို သုံးရမည် ဆိုလျင် ဘီဘီစီမှ နာမည်ကြီး သတင်းထောက်အပါအ၀င် သတင်းတင်ဆက်သူများကော မီဒီယာကျင့်ဝတ်နဲ့ ညီရဲ့လားဆိုတာ မေးခွန်းထုတ်တာနဲ့တင် နောက်ကောက်ကျသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာကြောင့် ပြည်သူတွေ အွန်လိုင်းမီဒီယာ၊ အထူးသဖြင့် ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့ဘွတ်ကို သုံးစွဲနေတာကို သူတို့ မကျေမလည် ဖြစ်နေတာလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။

အားလုံးသိကြသည့်အတိုင်း ရိုဟင်ဂျာ ကိစ္စစတင် ဖြစ်ပေါ်လာသည်မှ ယနေ့အချိန်ထိ မျက်နှာဖုံး ကွာကျလာခြင်း၊ ပင်ကိုယ် အစွယ် တဖွားဖွား ပေါ်လာခြင်း၊ တိုင်းရင်းသား ရခိုင်လူမျိုးများ ဘ၀ ဆင်းရဲနိမ့်ကျနေခြင်း၊ တစ်ဖက်သတ် အနှိမ်ခံနေရခြင်း စတာတွေဟာ အွန်လိုင်းပေါ်မှ မြန်မာမျိုးချစ် အမျိုးသားရေး တက်ကြွသူများကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး။ အွန်လိုင်းပေါ်မှ မြန်မာမျိုးချစ် အမျိုးသားရေး တက်ကြွ လှုပ်ရှားသူများကြောင့်သာ ရိုဟင်ဂျာများ စနစ်တကျ ကြိုတင် ကြံစည်ထားတဲ့ နယ်မြေ ဖဲ့ထုတ်မယ့် အကြံအစည်တွေကို ပြည်သူအများ သိခွင့်ရခဲ့ပီး မျက်လုံးတွေ ပွင့်သွားတယ် ဆိုရင်လည်း မမှားပါဘူး။

ထို့အတူပင် ဖေ့ဘွတ်ပေါ်မှ အသံများကြောင့် မြန်မာနိုင်ငံ အစိုးရမှ အရေးပါသည့် မြစ်ဆုံ စီမံကိန်းမှသည် အခြားသော ကိစ္စရပ်များတွင်ပါ အရေးတယူ လုပ်ဆောင်ခဲ့ကြရတာကို သတိထားမိရင် သိနိုင်ပါတယ်။ ဒါဟာ ဆိုရှယ် မီဒိယာကို အကျိုးရှိရှိ အသုံးချနိုင်တဲ့ အကျိုးကျေးဇူးရဲ့ ရလာဘ်တွေပဲ ဖြစ်ပါတယ်။ မည်သည့်နေရာတွင်မဆို အကောင်းရှိလျင် အဆိုးရှိမှာ ဖြစ်ပါတယ်။ မိုက်မိုက်တို့ ဗုဒ္ဓမြတ်စွာဘုရားသော်မှ သတ္တ၀ါတွေကို နိဗ္ဗာန်လမ်းကြောင်းကို ပို့ဆောင်ဖို့ ဘုရားအဖြစ်ကနေ တရားရေအေး အမြိုက်ဆေးတွေ တိုက်ကြွေးခဲ့သော်ငြား ယောက္ဖအရင်းဖြစ်တဲ့ ဒေ၀ဒတ်ရဲ့ မကျေနပ်မှုနှင့် အသေသတ်ရန် ကြံစည်ခဲ့တာတွေကို ရှိခဲ့တာ သာဓကပါပဲ။


သို့ဖြစ်သည့်အတွက် ဖေ့ဘွတ်အား အကောင်းအနေဖြင့် အသုံးပြုသူများ ရှိသကဲ့သို့ တလွဲဆံပင်ကောင်းစွာ အသုံးပြုနေသူများလည်း ဒုနဲ့ဒေးပင် ဖြစ်ပါတယ်။ ထို့အတူပင် ဖေ့ဘွတ်၏ ထိရောက်မှုအား သတိထားမိလာသဖြင့် ကောလာဟလ ထုတ်လွှင့်လိုသူများမှ ၎င်းတို့လိုရာ ပုံဖော်ရန် ဖေ့ဘွတ်မှ တင်ဆက်နေတာများကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဖေ့ဘွတ်အား တနည်းအားဖြင့် တင်စားရလျင် အရောင်များစွာ ပါဝင်သော ရေစီးကြောင်းများစွာဖြင့် စီးဆင်းနေသော အရောင်စုံသည့် မြစ်တစ်စင်းအနေနှင့် တင်စားရမှာ ဖြစ်ပါတယ်။

ဖေ့ဘွတ်ဟု အမည်တွင်သည့် မြစ်အတွင်းတွင် စီးဆင်းနေသည့် အရောင်များတွင် မည်သည့်အရောင်များသည်၊ မည်သည့်နေရာမှ မြစ်ဖြားခံလာသည့် ရေစီးကြောင်းသည် အဆိပ်အတောက်ကင်း၍ မည်သည့်နေရာ မည်သည့်အရောင်များသည် အဆိပ်အတောက်နှင့် မယုံကြည်ရသည် ဆိုသည်ကို လူအများ ခွဲခြား သိမြင်၍ ဖတ်ရှုနေကြပြီး ဖြစ်ပါတယ်။ ထိုအထဲတွင် ဘီဘီစီသည် မည်သည့်အဆင့် ရှိသည် ဆိုသည်ကို စာရှုသူများ မှတ်ချက်နှင့်ပင် သိရှိနိုင်မှာ ဖြစ်ပါတယ်။

ထို့ကြောင့် ဖေ့ဘွတ် ပေါ်လာခြင်းသည် နိုင်ငံရေးအား စိတ်ဝင်စားသည့် တက်ကြွလှုပ်ရှားသည့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများ အနေဖြင့် အန္တရာယ်ကင်းစွာ နိုင်ငံရေးအား ပါဝင်ဆောင်ရွက်နိုင်သည့် လမ်းကြောင်းတစ်ခုအဖြစ် ရှုမြင်ရမှာဖြစ်ပြီး လမ်းကြောင်းမှားနေသူများကို တည့်မတ်သွားရန်မှာ သက်ဆိုင်ရာ မီဒီယာများနှင့် သြဇာသက်ရောက်သည့် ပုဂ္ဂိုလ်များ၏ စွမ်းဆောင်မှုဟာ အရေးပါပါတယ်။ လွန်စွာ အကျိုးရှိသည့် လမ်းကြောင်းတစ်ခုအား ပိတ်ပင်ရန် ကြိုးစားအားထုတ်သည်မှာ အလွန်ပင် မိုက်မဲသည့် အပြုအမူနှင့် ကြိုးစားအားထုတ်မှုပင် ဖြစ်ပါတယ်။

အချုပ်အားဖြင့် မြန်မာနိုင်ငံသားတို့၏ အွန်လိုင်းလွှတ်တော်ဟု အမည်တွင်နေသည့် ဖေ့ဘွတ်သည် မြစ်ဆုံ၏ အလှအပများကို ဖျက်စီးရန် ကြိုးစားအားထုတ်သည်များကို တားမြစ်နိုင်ရုံသာမက၊ မတရားမှုများစွာအား အများပြည်သူ သိရှိစေ၍ အစိုးရ၏ မှားယွင်းသည့် လမ်းကြောင်းအား တစ်ဖက်တစ်လမ်းမှ ထောက်ပြပေးနေနိုင်သည့်အပြင်၊ ပြည်သူလူထုတို့၏ နိုင်ငံရေး အသိအမြင်ကို ကြွယ်ဝလာစေရန် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးနေသည့် အရင်းအမြစ် တစ်ခုပင် ဖြစ်ပါတယ်။ သို့ဖြစ်သည့်အတွက် ဘီဘီစီ၏ အဆိုပါ အစီအစဉ်သည် ရှေးယခင်က မိမိတို့ လိမ်သမျှ ခံနေရသည့် ပြည်သူပြည်သားများ ကိုယ်တိုင် စူးစမ်းလေ့လာမှုနှင့် အကျိုးသက်ရောက်မှုများအား မနာလို မရှုစိမ့်သဖြင့် ကဖျက်ကယက်လုပ်ရန် ကြိုးစားအားထုတ်သည့် အပြုအမူဟုသာ သတ်မှတ်လိုက်ရပါတယ်။




မူရင်းလင့်       https://www.facebook.com/notes/mg-mike-mike/%E1%80%9E%E1%80%B0%E1%80%81%E1%80%AD%E1%80%AF%E1%80%B8%E1%80%80-%E1%80%9C%E1%80%B0%E1%80%9F%E1%80%85%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9-bbc/453813624637068

ရဲတိုက် ဗုဒ္ဒဘာသာပြောင်း

ဒု-ဗိုလ်မှူးကြီးအောင်ကြီး ခြစားမှုများထပ်မံထွက်ပေါ်

ဒု-ဗိုလ်မှူးကြီးအောင်ကြီး ခြစားမှုများထပ်မံထွက်ပေါ်
Written by သဇင်ဥ    Sunday, 15 July 2012 11:49    PDF Print E-mail
Aung-Gyiမောင်တောမြို့နယ်အတွင်း မြန်မာဘင်္ဂလီများထံမှ လာဒ်အမြောက်အများစားမှုဖြင့် ဒု-ဗိုလ်မှူး ဦးအောင်ကြီးအား ဇူလိုင်လ ၇ ရက်နေ့က နယ်ပြည်တော်သို့ ခေါ်ဆောင်သွားကြောင်းနှင့် ၎င်းအမှုများနှင့် တိုက်ရိုက်ဆက်နွယ်မှုရှိသူ ထောက်လှမ်းရေးအရာရှိ ဦးအောင်ဆန်းနေနိုင်အောင်အား ယခုသတင်းပတ် သောကြာနေ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မောင်တောမြို့ ခရိုင်ရုံးမှ အတည်ပြုပြောသည်။
ဒုဗိုလ်မှူးကြီး ဦးအောင်ကြီးက အကြမ်းဖက်သောင်းကျန်းမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူ အကြမ်းဖက်ခေါင်းဆောင် ၃ ဦးထံမှ ကျပ် သိန်း၉၀၀ စီ ယူပြီးခြစားကာ လွှတ်ပေးလိုက်ကြောင်း မောင်တောမြို့ နစကအသိုင်းအ၀ိုင်းတွင် ကောလဟလသတင်းများ ထွက်ပေါ်နေသည်။
မောင်တောမြို့နယ်တွင် ဒု-ဗိုလ်မှူးကြီး ဦးအောင်ကြီး ကိုင်တွယ်ခဲ့သော ဘဏ်အကောင့်ထဲသို့ သောကြာနေ့က လာဒ်ငွေများဟု ယူဆရပြီး ၀င်လာသည့် ကျပ် သိန်း ၈၀၀ အား ဘူးသီးတောင်မြို့ ဗျူဟာက သိမ်းဆည်းလိုက်ကြောင်း နစကအောက်ခြေတပ်ဖွဲ့ သတင်းများအရ သိရှိရသည်။
ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲရေးမှူးဋ္ဌာနချုပ် (စကခ) ၁၅ ဗိုလ်မှူးချူပ်ကျော်သက် ဦးဆောင်သော တပ်မ လက်အောက်တွင် တပ်ရင်းပေါင်း ၁၀ ရင်းရှိပြီး၊ မောင်တောမြို့နယ် မြောက်ပိုင်းဒေသအတွင်း ခမရ ၅၅၁နှင့် ခမရ ၅၆၄ စစ်ကြောင်းများ လှုပ်ရှားနေကြောင်းနှင့် တောင်ပိုင်းတွင် ခမရ ၅၃၆၊ ၅၆၅နှင့် ခမရ ၅၃၇ စစ်ကြောင်းများ လှုပ်ရှားနေကြောင်း စုံစမ်းသိရှိရသည်။ ကျန်စစ်ကြောင်းများပါ များမကြာမီလှုပ်ရှားနိုင်ရန် ပြင်ဆင်မှုများ ရှိနေသည်ဟု စစ်တပ်သတင်းရပ်ကွက်က ဆိုသည်။
ရခိုင်ပြည်နယ် နယ်စပ်ဒေသအခြေစိုက် စစ်ကြောင်းတပ်ဖွဲ့များမှာ ခြစားမှုနှင့် မုဒိန်းမှုများ မကြာခဏ သတင်းများ ပေါ်ပေါက်လျက်ရှိနေသောကြောင့် ယခုအခါ ပြည်နယ်တိုင်းမှူး ကိုကိုနိုင် ကိုယ်တိုင် မောင်တောမြို့တွင် အခြေစိုက်ပြီး ကွပ်ကဲကိုင်တွယ်လျက်ရှိနေကြောင်း သိရှိရသည်။




မူရင်းလင့်    http://arakantimes.net/burmese/index.php/2012-02-24-06-58-57/282-2012-07-15-04-54-33

၁၆.၇.၂၀၁၂

-အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်  ( Click Here)

-ပုလောမြို့နယ် NLD ကို အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ပြု  (click Here)
-မြန်မာဆေးရုံနှစ်ခုအတွက် GE လျှပ်စစ်ကုမ္ပဏီ ဓာတ်မှန်စက်များ ရောင်း  (Click here)
-မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေး အစွမ်းကုန် ကြိုးပမ်းမည်  (Click Here)
-အမေရိကန် ကမ္ဘာလှည့်ခရီးသည်နှစ်ဦး အီဂျစ်မှာ ပြန်ပေးဆွဲခံရ  (Click Here)
-မြန်မာနိုင်ငံမှာ မျှော်လင့်တာထက် ပိုမိုပွင့်လင်း ( Click here)
-လူမှုရေး သယဇာတ  ဖြစ်ဖို့ ခေါင်းအေးအေး စဉ်းစားရမယ် (Click Here)
-ရန်ကုန်မှာ လယ်သမားတွေ ဆန္ဒပြ ( Click here)
-ဆီးရီးယားမှာ ပြည်တွင်းစစ်ဖြစ်နေပြီလို့   ICRC ပြော  ( Click Here)
-လွှတ်တော်မှာ တိုင်းရင်းသား အခွင့်အရေး အဆိုတင်  ( Click here)

 

 

 



 

Sunday, July 15, 2012

လွှတ်တော်၏အတွေးနှင့်လုပ်ဆောင်ချက်တို့ ပို၍လေးနက်စေချင်

၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကွန်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ အရ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် ပြည်သူ့ လွှတ်တော်ဥက္ကဌ ထံသို့ စာဖြင့်ရေးသားပြီး အဆိုတစ်ရပ်အဖြစ် တင်ပြလာခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဌ ခွင့်ပြုခဲ့ပါသည်။
 
ယင်း အဆိုမှာ  “ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသောဒီမိုကရေစီစနစ် ဖော်ဆောင်ရာ တွင် အဟန့်အတား ဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား အမြန်ဆုံးရုပ်သိမ်း ပေးရန် လွှတ်တော် နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ’’ ဖြစ်ပြီး အဆိုရှင်ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက အဆို တင်သွင်းပြီးနောက် မြိတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်၊ ရသေ့တောင် မဲဆန္ဒနယ် မှ ဒေါ်ခင်စောဝေ၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးနိုင်ငံလင်း၊ လသာ မဲဆန္ဒနယ်မှ ဦးကြည်မြင့်၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတို့က ဆွေးနွေး ခဲ့ကြကြောင်း အားလုံးသိရှိကြပြီးဖြစ်ပါသည် ။
ထိုအဆိုကိုကြည့်လိုက်ယုံဖြင့်  "လွှတ်တော် နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို" ဆိုသောစာသားသည် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းကြောင်း အားလုံးခန့်မှန်းမိမည်ဖြစ်ပါသည် ၊ အဆိုပါခန့်မှန်းချက်မှန်ကန်ကြောင်း လွှတ်တော်အပြီး သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက သက်သေဖြစ်ပါသည် ၊ ဤသို့ လွှတ်တော်၏ ဆောင်ရွက်ချက် ကိုယေဘူယျ အားဖြင့်အောက်ပါအတိုင်း အဓိပ္ပါယ် ၂ မျိုး ယူဆနိုင်မည် ဖြစ်ပါသည် ။

ပထမအယူအဆက ပြည်သူ့လွှတ်တော်သည် လွှတ်တော်အတွင်းမကြာခင်ကမှရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါမှုကို မီးမောင်းထိုးပြလိုသည့်သဘော ၊ ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို နိုင်ငံရေးအရ မြှင့်တင်ပေးလိုသည့်သဘောဟု အကောင်းဘက်မှ ယူဆနိုင်၏ ။

ဒုတိယအနေဖြင့် စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်၍ အမေရိကန်အစိုးရနှင့် သဘောထားခြင်း တူသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီကို အကြပ်ရိုက်စေလိုသော သဘော ဖြစ်သည်ဟု အခြားတစ်ဘက်မှလည်း ရှုမြင်နိုင်မည်ဖြစ်ပါသည် ။

ကျွန်ုပ်၏ သီးသန့်အယူအဆမှာ ပြည်သူ့လွှတ်တော်သည် ပထမအယူအဆကိုအကောင်အထည်ဖေါ်လိုက်ခြင်းဖြစ်သော်လည်း လုပ်ဆောင်ပုံ ပညာသားမပါ၍ ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ အင်အားစုကို ဒုတိယအခြေအနေသို့ ဆိုက်ရောက်သွားစေသည်ဟု မြင်ပါသည် ။

အမေရိကန်အစိုးရ၏ အလုံးစုံသော စီးပွားရေး ပိတ်ဆို့မှုရုပ်သိမ်းရေးသည် ထိုထက် လေးနက်ကာ သိမ်မွေ့ရှုပ်ထွေးသောအခြေအနေများရှိကြောင်း ပြည်သူ့လွှတ်တော်အနေဖြင့် သတိမူသင့်ပါသည် ၊ အမေရိကန်လွှတ်တော်သည်လည်း အမေရိကန်ပြည်သူများ ကို ကိုယ်စားပြုသည်ဖြစ်ရာ sanction ကိုရုပ်သိမ်းလိုသူများ ၊ မရုပ်သိမ်းလိုသူ ဆန့်ကျင်ဘက်အခြေအနေများကြားတွင် win - win အခြေအနေမျိုးရရှိ နိုင်အောင် နိုင်ငံရေးအရအလျော့အတင်းပုံစံ ဆောင်ရွက်နေရသည်ကို နားလည်သဘောပေါက်ထားရမည်ဖြစ်လေသည် ။

ဇူလိုင်လ ၁၁ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားသည် နှစ်ပေါင်း ၁၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင်း၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခွင့်ကို တရားဝင်ခွင့်ပြု လိုက်ပြီဖြစ်၏ ၊ ထိုအထဲတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ဆိုင်ရာရင်းနှီးမြှုတ်နှံမှုများလည်း ပါသည် ဖြစ်ရာ ထိုရင်းနှီးမြှုတ်နှံမှုများ၏ ထုတ်ကုန်များသည် အမေရိကန်နှင့် အနောက်ဥရောပဈေးကွက်ကို ပိတ်ထားပါက အဘယ်မှာ ရပ်တည်နိုင်ပါမည်နည်း ၊ သို့သော် ထိုရင်းနှီးမြှုတ်နှံမှုများ၏ ထုတ်ကုန်များ ထွက်ပေါ်လာရန် လိုအပ်သော စက်ရုံများအပါအ၀င် အခြေခံအဆောက်အဦများတည်ဆောက်ဦးမည်ဖြစ်ရာ နောက်ထပ် ၂ နှစ်ကျော်ကာလအချိန်အနည်းဆုံး ယူရဦးမည် ဖြစ်လေသည် ၊ ထိုအချိန်မတိုင်မီ အမေရိကန်နှင့်အနောက်ဥရောပဈေးကွက်ကို ဖွင့်လိုက်ပါက အရင်ရောက်နှင့်အခြေကျနေသော တရုတ်တို့၏ လက်ဦးမှုကိုခံရမည့်အရေး အကာအကွယ်ပြုရန် အမေရိကန်လွှတ်တော်သည် ပိတ်ဆို့မှု အချို့ကို ချန်ထားဦးမည်သာ ဖြစ်ပေသည် ။

ထိုသို့ နိုင်ငံရေးအရ ၄င်း စီးပွားရေးအရ၄င်း စီးပွားရေးပိတ်ဆို့မှုကိုအလုံးစုံ လျော့ချပေးရန် အမေရိကန်အစိုးရအနေဖြင့် မဖြစ်နိုင်သေးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို sanction ရုတ်သိမ်းရေး ဦးဆောင်ဦးရွက်ပြုရန် လွှတ်တော်အနေဖြင့် အားထုတ်ခြင်းသည် သူမကို ရှေ့တန်းတင် မြှင့်တင်ရာမရောက်ပဲ ချောက်တွင်းသို့ တွန်းချနေသည်နှင့်ပို၍တူကြောင်း သုံးသပ်ရေးသားအပ်ပါသည် ။

ဒေါက်တာဆိတ်ဖွား
 
 
 
 
မူရင်းလင့်    http://doctorsatephwar.blogspot.com/2012/07/blog-post_14.html                             

ရန်ကုန်လေဆိပ်တွင် ဖုန်းကတ် အလကားပေး

ဘန်ကောက်သွားမည့်သူများကို ရန်ကုန်လေဆိပ်တွင် ဖုန်းကတ် အလကားပေး  ( Click here)

 သူများနိုင်ငံတွေက တော့ ဆင်းကဒ်တောင် အလကားပေးနေပြီ။ မြန်မာပြည်ဆက်သွယ်ရေးကတော့ တစ်ကဒ်ကို ၂ သိန်း နဲ့ ရောင်းတုန်း၊ ဒါကိုပဲ သူတို့က  ဖုန်းကဒ် ဈေးနှုန်း ချက်ချင်းချလိုက် ကားဈေးကွက်လို ကမောက်ကမ ဖြစ်သွားမှာ စိုးလို့ဆိုပဲ။  လုပ်ပုံက ရိုက်ပေါက်။ မြန်မာပြည်မှာ ဖုန်း မကိုင်နိုင်သေးတဲ့ သေူတွ သန်း ၅၀ လောက်ကျန်ပါသေးတယ်။ သူများနိုင်ငံမှတော့ လမ်းဘေးက အိမ်မဲ့ ယာမဲ့ ဖြစ်နေသူတောင် ဖုန်းကိုင်နိုင်ပါတယ်။  မြန်မာပြည်မှာတော့ အစိုးရ ၀န်ထမ်းငယ်တွေနဲ့ေ တာင်သူလယ်သမား အများစု ဟာ ဖုန်း မကိုင်နိုင်ကြသေးပါဘူး။




Saturday, July 14, 2012

ထိုင်းဗိုလ်ချုပ် မြန်မာ့ စစ်တပ်ကို ချီးကျူး

မြန်မာ့ တပ်မတော်အား စည်းကမ်းကောင်းမွန်အောင်၊ စိတ်ဓာတ်ကောင်းမွန်အောင် လေ့ကျင့်ထားရှိမှု့ အပေါ် များစွာအားကျ ဂုဏ်ယူ။

 ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးချူပ် Genearl Tanasak Patimapragorn




တိုတိုထွာထွာ FaceBook မှာ (၄)

                                            မြန်မာရွာ တစ်ရွာကို ဖြတ်သန်းသွားလာနေတဲ့ စစ်သား အချို့ ( ဂျပန် စစ်တပ်ထင်တယ်)



ကောင်းလိုက်တဲ့ လေယာဉ်ကွင်း ၊ ရှေးခေတ်က လယ်သမားတွေ အဆင်မြင့်တယ်နော်

yahoo voice service အသုံးပြုသူများ၏ paswword ၄ သိန်း ငါးသောင်းကျော် Hacker တွေ ရရှိထား

D33Ds  အမည်ရှိ Hacker တွေ က Yahoo အသုံးပြုသူ ၄သိန်း ငါေးသာင်းကျော်ရဲ့ username နှင့် password တွေကို အွန်လိုင်းမှာ ဖေါ်ပြလိုက်ပါတယ်။Hacker  တွေက yahoo က တာဝန်ရှိသူတွေကို  မိမိတို့ရဲ့  subdomain ရဲ့ လုံခြုံရေးကို တာဝန်ယူဖို့လိုတယ်လို့ ဆိုပါတယ်.Yahoo  server တွေမှာ  လုံခြုံမှု့ ကျိုးပေါက်နိုင်တဲ့ အားနည်းချက်တွေ အများကြီးရှိပါတယ်လို့  ဟက်ကာတွေက ဆိုပါတယ်။ Hacker တွေ  က SQL  injection နည်းပညာကို အသုံးပြုကာ yahoo server ခွဲ တစ်ခု ကို ထိုးဖောက် ပြီး login information တွေ ရရှိသွားတာ ဖြစ်ပါတယ်။Hacker တွေ ရရှိသွားတဲ့ မေးလ်တွေထဲမှာ Gmail နဲ့ အခြားhotmail တွေလဲ ပါတယ်။ Hacker  တွေ အွန်လိုင်းမှာ တင်လိုက်တဲ့ မေးတွေကို ဒီမှာ ဒေါင်းလို့ ရပါတယ်။ သူတို့ ရရှိသွာတဲ့ Email အများစုရဲ့ Password တွေ ကို  analysis လုပ်ကြည့်ရင် အောက်ကအတိုင်းတွေ့ရပါတယ်. ဥပမာ မိမိpassword ကို 123456 လို့ ပေးထားတဲ့ မေးလ်ပေါင်း ၁၆၆၇  ရှိပြီး iloveyou လို့ပေးထာားတဲ့ မေးလ်ပေါင်း ၁၄၀  ရှိနေပါတယ်။



123456 - 1667
password – 780
welcome - 437
ninja - 333
abc123 – 250
123456789 - 222
12345678 - 208
sunshine – 205
princess – 202
qwerty – 172
writer – 164
monkey – 162
freedom – 161
111111 – 160
michael – 160
iloveyou – 140
password1 – 139
shadow – 134
baseball – 133
tigger – 132
1a1a1a1b – 131
success – 126
blackhatworld – 121
jordan – 111
whatever – 110
michelle – 109
dragon – 107
superman – 106
purple – 106
1234567 - 106
ashley – 103
123123 – 101
associated – 101
babygirl – 100
ginger – 100
maggie – 99
0 – 98
computer – 98
trustno1 – 95
cookie – 93
football – 93
blessed – 92
jasmine – 92
samantha – 91
pepper – 90
charlie – 90
nicole – 88
justin – 88
654321 – 88



မှတ်ချက်။ အင်တာနက် အသုံးပြုသူတွေ အနေနဲ့ မိမိ password ရွေးချယ်တဲ့  အခါမှာ အကောင်းဆုံးနည်းကတော့    အက္ခရာ အကြီး အသေး  ၊ ဂဏန်း၊ special character( ဥပမာ  !@#%^&*)တို့ ကို ရောစပ်ပြီး အနည်းဆုံး (၈) လုံးထားပေးသင့်ပါတယ်.။-

စိန်ခေါ်မှု့

ပထမဆုံး ပြုပြင်ပြောင်းလဲမှုကတော့ ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့တဲ့ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ် အလေ့အထတွေ ကွယ်ပျောက်နေခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု  ကြီးဘဲ ဖြစ်ပါတယ်။


အမေရိကန်-အာဆီယမ် စီးပွားရေး ဖိုရမ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်

Friday, July 13, 2012

လွှတ်တော် အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် အကျပ်ရိုက်နေ

ဒီကနေ့ ကျင်းပတဲ့  ပြည်သူ့လွှတ်တော်မှာ    ရှမ်းပြည်နယ် ကွမ်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက   မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကိုယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အရေးကြီးအဆိုအဖြစ် ကြားဖြတ်တင်သွင်းခဲ့ရာ လွှတ်တော် တစ်ရပ်လုံးက တခဲနက် ထောက်ခံခဲ့တာ တွေ့ရပါတယ်။


  ဒီအဆိုဟာ  ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား  ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ရိုက် ရည်ညွှန်း လိုက်တာပါ။ တစ်ကယ်တော့ မြန်မာပြည် ကို စီးပွားရေး ပိတ်ဆို့ ခံထားရမှု့မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ တိုက်ရိုက်ပတ်သတ်နေပါတယ်။ သူ့ဟာ  စီးပွားရေးပိတ်ဆို့ထားတဲ့ နိုင်ငံများ အပေါ် အတော် အသင့် သြဇာညောင်းတာ လဲ အမှန်ပါဘဲ။ သူ့ က  စီးပွားရေး ပိတ်ဆို့မှု့ကို  အပြည့်အ၀ ထာဝရ မရုပ်သိမ်းစေဘဲ၊
တစ်ချို့ တစ်ဝက် (သို့မဟုတ်) ယာယီသာ  ရုပ်သိမ်းစေချင်ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  စီးပွားရေး ပိတ်ဆို့မှု ပြန်လည် ရုပ်သိမ်းလိုက်ရင်  ရရှိမဲ့ အကျိုးကျေးဇူးကို သာမာန်ပြည်သူတွေ  မခံစားရဘဲ ယခင်ခေတ်က သူဌေးဖြစ်လာသူတွေ၊ အစိုးရ နဲ့ ပနံသင့်တဲ့ စီးပွားရေး သမားတွေ၊ အကျင့်ပျက် ၀န်ထမ်းကြီး/ငယ်တွေ ပဲ အကျိုးဖြစ်သွားမှာ စိုးရိမ်နေပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ် မှာ မြန်မာ့ စွမ်းအင်လုပ်ငန်း MOGE နဲ့ ပတ်သတ်ပြီး ပွင့်လင်း မြင်သာမှု့ မရှိဘူးလို့ ဝေဖန်ထားပါတယ်။ တစ်ကယ်ဘဲ အချိုဝန်ကြီးဌာနတွေဟာ ပွင့်လင်းမြင်သာမှု့ ၊မရှိပါဘူး၊ US ရောက် နေတဲ့ မြန်မာ အရေး ဆောင်ရွက် နေသူ ဦးအောင်ဒင်တို့ အုပ်စုကလဲ အမေရိကန်က အပြည့်အ၀ စီးပွားရေး ရုပ်သိမ်းသွားမှာကို မလိုလားတဲ့ အပြင် အမေရိကန် တာဝန်ရှိ သူတွေ အချို့ထံ   စီးပွားရေးပိတ်ဆို့မှု့ မရုပ်သိမ်းဖို့   တင်ပြတောင်းဆိုမှု့တွေ လုပ်နေတယ်လို့ အင်တာနက် မိတ်ဆွေအချို့ က ပြောပါတယ်။

   စီးပွားရေး ပိတ်ဆို့မှု့ဟာ နိုင်ငံ နှင့် ပြည်သူကို ထိခိုက်တယ်၊ ဒီမိုကရေစီ နိုင်ငံ ဖော်ဆောင်နေမှု့ကို နှောင့်နှေးစေတယ်လို့    လက်ရှိ အစိုးရ တာဝန်ရှိသူတွေ၊ စီးပွားရေး ပညာရှင် တွေနဲ့ စီးပွားရေး လုပ်ငန်း အများအပြားက  တရားဝင် ဖွင့်ပြောထားပြီးဖြစ်တယ်။ စီးပွားရေး ပိတ်ဆို့  ဒဏ်ခတ်မှု့ဟာ   မြန်မာပြည် မှာ ဒီမိုကရေစီ စနစ် ဖြစ်ပေါ်လာဖို့     အထောက် အကူ မပြုဘူး၊  အဟန့်အတားသာ ဖြစ်တယ်လို့      အိမ်င်္နီးချင်း နိုင်ငံတွေ နှင့် အာဆီယံ ခေါင်းဆောင်တွေက  အကြိမ်ကြိမ် အခါခါ ဖွင့်ပြောပြီးဖြစ်တယ်။


  အခု အဆိုကို လွှတ်တော်က သဘောတူပြီး  ဖြစ်တဲ့ အတွက်    လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်  ဒေါ်နန်းဝါနု တင်သွင်းခဲ့တဲ့ အဆိုကို စိတ်ပါဟန် မတူသော် လည်း  လိုက်နာ ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။  မြန်မာပြည်သူတစ်ယောက် အနေနဲ့ ဖြစ်စေချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် မြန်မာ နိုင်ငံအပေါ် စီးပွား ပိတ်ဆို့ မှု့ တွေကို ရုပ်သိမ်းအောင် အားကြိုးမန်တက် ဆောင်ရွက်စေချင်ပါတယ်၊ အစိုးရ ၀န်ကြီးဌာနတွေ ပွင့်လင်မြင်သာမှု့၊ အကျင့်ပျက် ခြစားမှု့တွေ ကို လဲ ပွင့်  ပွင့် လင်းလင်း ဝေဖန်၊ ထင်ရှားရင် ဖမ်းဆီး အေ၇းယူမှု့ လုပ်ဖို့တိုက်တွန်းတာတွေ လုပ်စေချင်ပါတယ်။ ဟိုတစ်လော က ဆက်သွယ်ရေး ဒုဝန်ကြီး နဲ့ေ၇ွးကောက်ပွဲ ကော်မရှင်က အဖွဲ့ဝင် ဦးသာဦး တို့ ပြုတ်သွားတာဟာ အကျင့်ပျက် ခြစားလို့ လို ဆိုတာ  အင်တာနက်မှာ ကျယ်ကျယ် ပြန်ပြန့် သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ အစိုးရ သတင်းစာတွေမှာတော့ သာမာန်နှုတ်ထွက်ခွင့် ပေးသယောင် သတင်း ထုတ်ပြန်ခဲ့တာတွေ့ရရပါတယ်၊ တစ်ကယ်တန်း ပြည်သူတွေ ဖြစ်စေချင်တာက လာဘ်စားလို့ ထုတ်ပစ်လိုက်တယ်လို့ အစိုးရ က တရားဝင် ပြောစေချင်တာပါ။

ဒုတိယ ဗိုလ်ချုပ်အောင်ဆန်း (သို့မဟုတ်)နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

ဗိုလ်ချုပ်ကြီးဘ၀က ဦးသိန်းစိန်



ဗိုလ်ချုပ် အောင်ဆန်းလိုဘဲ သူ့ကို သာမန် ပြည်သူလူထု အများစုက ချစ်ခင်ကြတယ်။ ယုံကြည်တယ်။ တိုင်းရင်သား လက်နက်ကိုင် ခေါင်းဆောင်တွေလည်း သူ့ကို ယုံကြည်တယ်။ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကလည်း သူ့ကို ယုံတယ်။ တပ်မတော်ကလည်း သူ့ရဲ့ ခေါင်းဆောင်မှု့အတိုင်း  ယုံကြည်စွာနဲ့ စိတ်ရော ကိုယ်ပါ လိုက်နာဆောင်ရွက် နေတယ်။ဗိုလ်ချုပ်အောင်ဆန်းလိုဘဲ သူရဲ့ အဓိက ကျသော ခေါင်းဆောင်မှု အရည်အချင်းက ရိုးသားမှု ဘဲဖြစ်တယ်။သူဟာ သာမန်ရွာလေးက လယ်သမားမိသားစု မှာ မွေးဖွားလာတာ ဖြစ်တယ်။  သူဟာ စစ်တက္ကသိုလ်က ပြုပြင် ထုစစ်လိုက်တဲ့ စစ်သား ဘ၀ကနေ နိုင်ငံတော် သမ္မတ ဖြစ်လာတာပါ။သူ့မိန့်ခွန်းထဲက Clean Government ၊ Good Governance စကားလုံးတွေဟာ ပြည်သူတွေရဲ့ နေ့စဉ်သုံး အသည်းစွဲ စကားလုံးတွေ ဖြစ်နေတယ်။အင်တာနက်မှာ သူ့ကို ပြည်သူတွေက ချစ်စနိုးခေါ်တာကတော့ ဘဘပြောင်  ပါတဲ့ ခင်ဗျား။

ဦးသိန်းစိန်ရဲ့ သမိုင်းဝင် လုပ်ဆောင်မှု့များ
 - ဧရာဝတီ မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်း
 -ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု နှင့် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံရှေ့မှာ အတူတကွ       ဓါတ်ပုံရိုက်ခဲ့ခြင်း
 -  ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအ၀င် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသမားတွေကို  လွှတ်ပေးမှု့
 - တိုင်းရင်းသာ လက်နက်ကိုင် အဖွဲ့ အစည်းများနှင့်ထာဝရ ငြိမ်းချမ်းရေး ရအောင် ရိုးသားစွာ   လုပ်ဆောင်နေမှု့
 - ရိုဟင်ဂျာကို တိုင်းရင်းသား အဖြစ် လက်မခံလို့ တရားဝင် ပြောဆိုမှု့
----------------------------------------------------------------------------------------







-ဦးသိန်းစိန်
၁၉၄၅ ခုနှစ်ဖွား။အသက်(၆၅)နှစ်ရှိ။
- အဖဦးမောင်ဖြိုး(ကွယ်လွန်)၊အမိဒေါ်ခင်ညွန့်(ကွယ်လွန်)
-ကျုံကူးရွာ၊ငပုတောမြို့နယ်၊ပုသိမ်ခရိုင်၊ဧရာဝတီတိုင်း ဇာတိ
- ဇနီးဒေါ်ခင်ခင်ဝင်း
...- သမီးသုံးယောက်ရှိ
ဒေါ်ကေသီဝင်း၊ဒေါ်ခင်ကလျာသိန်း၊ဒေါ်ရင်သူဇာသိန်း


- မေမြို့စစ်တက္ကသိုလ်၊အပတ်စဉ်(၉)၊၀ိဇ္ဇာအထူးပြု

၁၉၈၈ = ကကကြည်း စစ်ဦးစီးဗိုလ်မှုးကြီးနှင့်စစ်ဆင်ရေးကွပ်ကဲရေးမှုး

၁၉၉၇ = တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှုး

၁၉၉၈ = ဗိုလ်ချုပ်

၂၀၀၂ = စစ်ရေးချုပ်

၂၀၀၃ = ဒုတိယဗိုလ်မှုးကြီး+အေးချမ်းဖြိုးကောင်စီအတွင်းရေးမှုး

၂၀၀၄ = အေးချမ်းဖြိုးကောင်စီအတွင်းရေးမှုး(၁)

၂၀၀၇ = နိုင်ငံတော်ဝန်ကြီးချုပ်

၂၀၁၀ = တပ်မတော်မှအနားယူပြီး၊ပြည်ခိုင်ဖြိုးဥက္ကဌအဖြစ်တာဝန်ယူ

၂၀၁၁ = ၂၀၁၁ခုနှစ်ပထမဆုံးလွှတ်တော်ရဲ့ပထမဆုံးသမ္မတကြီးဖြစ်လာ

=====================================

- မဲပေးသည့်ကိုယ်စားလှယ်ပေါင်း = ၆၅၉ဦး

ဦးသိန်းစိန် = ၄၀၈ မဲ

ဦးတင်အောင်မြင့်ဦး = ၂၇၁ မဲ

ဦးစိုင်းမောက်ခမ်း = ၇၅ မဲ
အချက်အလက်တွေကို ဒီက ယူတယ်။
ဓါတ်ပုံက ဒီက ယူတယ်။






တိုတိုထွာထွာ FaceBook မှာ (၃)


 ဟိုဟို တုန်းက ပြင်ဦးလွင် မြို့  ပုံတဲ့။၊ ညာဘက်အောက်ခြေက ကွက်လပ်က ယခု နာရီ စင် နေရာလို့ ထင်ပါတယ်။ နာရီစဉ်မဆောက်ရသေးတဲ့ ခေတ်ထင်ပါတယ်  ။  ပုံမှ မြင်ရတဲ့ အပင်ကြီးကတော့ ပင်စည် လဘ္ဘရည် ဆိုင် မျက်စောင်းထိုး  ၊Bravo အထည်ဆိုင် ဘေးက  သစ်ပင်ကြီး လို့ထင်ပါတယ်.

 မူရင်းလင့်










                                                              ဒေါက်တာဘမော်





                                                              မူရင်းလင့်


                                 မြန်မာပြည်က ဖုန်းလိုင်း ဆက်သွယ်ရေး ကို သရော်ထားတဲ့ ကာတွန်း
                                                                  မူရင်းလင့်

အစိုးရတပ်သား သုံ့ပန်း (၃၄) ဦးကို ၈၈ ကျောင်းသားများ လာရောက်စဉ် တွေ့ဆုံခွင့် ပေးခဲ့ခြင်း

လွန်ခဲ့တဲ့ ၃ ရက်က ၈၈ ကျောင်းသား ခေါင်းဆောင်တွေ  KIA အဖွဲ့နဲ့ သွားရောက်တွေ့စုံစဉ်   အဖမ်းဆီး ခံထားရသောတပ်မတော်သားများနှင့် တွေ့ဆုံ ပေးခဲ့ကြောင်း   မဇ္ဈိမ  သတင်းဌာနအစိုးရတပ် ထိုးစစ်ဆင်မှု ရပ်သင့်ဟု ကိုမြအေး ပြော သတင်းအရ သိရပါသည်။ အစ္စရေးတပ်မတော်ကတော့ ရန်သူက ဖမ်းမိထားတဲ့ သူ့စစ်သား တစ်ယောက် ကို   သူတို့ဖမ်းမိထားတဲ့ ရန်သူ့ အကျဉ်းသား  အမြောက်အမြားနဲ့   အပြန်အလှန် အလှဲအလှယ် ပြုလုပ်တဲ့  တပ်မတော် ဖြစ်ပါတယ်။ အစ္စရေးအစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာ့ခ် ရေဂဗ် (Mark Regev) က အောက်ပါအတိုင်း ပြောဖူးပါတယ်-- “အစ္စရေး လူငယ်အမျိုးသားတွေရော၊ အမျိုးသမီးတွေအားလုံးဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းကြရပါတယ်။ အဲဒီလူတွေအတွက် သူတို့ရဲ့ မိသားစုတွေအတွက် ကျနော်တို့မှာ လုပ်နိုင်သမျှ လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ရန်သူရဲ့ နယ်ထဲမှာ ကျန်ခဲ့မယ့် ဓါးစာခံအဖြစ် ထိန်းသိမ်းခံ ထားရမယ်ဆိုရင် အဲဒီလူကို ပြန်ကယ်နိုင်ဖို့အတွက် ကျနော်တို့ လုပ်သွားမှာပါ။
အကျဉ်းသားလဲလှယ်ရေး အစ္စရေး ပါလက်စတိုင်း ပြင်ဆင်  (Click Here)

 အစ္စရေး ပါလက်စတိုင်း အကျဉ်းသား လဲလှယ်မှု နိုင်ငံတကာက ကြိုဆို   ( Click Here)

အမေရိကန်- ဗီယက်နမ် စစ်ပွဲ အတွင်းက  အမေရိကန် တပ်မတော် ကလဲ  ရန်သူ့ဖမ်းဆီးထားတဲ့ မိမိတို့ တပ်ဖွဲ့ဝင်တစ်ယောက် ပြန်လွှတ်လာရင် အခမ်းအနားတွေ နဲ့ ကြိုဆိုကြကြောင်း သတင်းတွေထဲမှာ ဖတ်ဖူးပါတယ်။ 


၁၃.၇.၂၀၁၂ ရက်နေ့ သတင်းများ

-သမ္မတ ဦးသိန်စိန်နဲ့ UNHCR မဟာမင်းကြီင်္း တွေ့ဆုံဆွေးနွေး ( Click Here)
-အာဇာနည်နေ့ အခမ်းအနားတွေကို ဦးစီးကျင်းပပေးဖို့ အစိုးရပြင်ဆင်နေ ( Click Here)
-မြန်မာ့အပေါ် ပိတ်ဆို့ မှု့တွေ အမေရိကန် လျှော့ပေါ့ ( Click Here)
-သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီး Clinton တွေ့ဆုံမည်(Click Here)
- သမ္မတဦးသိန်းစိန်နဲ့ UNHCR အကြီးအကဲ ရခိုင်ဒေသဒုက္ခသည်အရေးဆွေးနွေး(Click Here)
-သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ ဖွဲ့စည်းမည်(Click Here)
-အမေရိကန်ဒဏ်ခတ်မှုရုပ်သိမ်းတာ NLD သတိနဲ့တုံ့ပြန်(Click Here)
-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ သမ္မတ တွေ့ဆုံမယ်  (Click Here)
-အမေရိကန် လျှော့ချပေးမှု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုဆို (Click Here)
-ဘင်္ဂါလီ ရိုဟင်ဂျာတွေကို လက်ခံဖို့ မဖြစ်နိုင်ကြောင်း သမ္မတ ဦးသိန်းစိန်ပြောကြား  (Click Here)
-မြန်မာ့ မီဒီယာ အခန်းကဏ္ဍဆွေးနွေး  ( Click Here)
-ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဝင် ၂ ဦးဖမ်းဆီးခံရ  ( Click Here)
 -ဟီလာရီကလင်တန်နှင့် သမ္မတ ဦးသိန်းစိန်  ကမ္ဘောဒီးယားတွင် တွေ့မည် ( Click Here)
-ဒု-ဗိုလ်ချုပ်ကြီး ဝေလွင်ကို အစားထိုးခန့်အပ် ၊ စစ်တပ်သြာဇာလွှမ်းမိုးဟုဆို ( Click Here)
- ပြည်သူကေ၇ွးချယ်နိုင်မည့်ရပ်ကျေးနည်းဥပဒေ ပေါ်ထွက်လာ( Click Here)
  -ဖမ်းဆီးခံထိုင်းနိုင်ငံသားကိစ္စ ထိုင်းဒုတိယ ၀န်ကြီးချုပ်၏  မြန်မာပြည် ခရီးစဉ်တွင် ဆွေးနွေးမည်( Click Here)
-ရခိုင်၌ ဖမ်းဆီးထားသည့် ကုလသမဂ္ဂ ၀န်ထမ်းများ ရုံးထုတ်  ( Click Here)
 - အမေရိကန် ဒဏ်ခတ်မှု စတင် ရုပ်သိမ်း  ( Click Here)
-မန္တလေးမြို့လယ်တွင် လောင်စာဆီဆိုင် မဖွင့်ရေး ကန့်ကွက်( Click Here)
-ဂျာနယ်နှစ်စောင် ပိတ်သိမ်းခံရမည်ဟု သတိပေးခံရ ( Click Here)
- ဆူဇူကီး ခြေစစ်ပွဲစဉ်များ မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်  ( Click Here)

Thursday, July 12, 2012

ရန်ကုန် ၀န်ကြီးချုပ် အသစ် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်

အင်တာနက် သတင်းများအရ စစ်တက္ကသိုလ် အမှတ်စဉ် (၁၈) ဆင်း ရန်ကုန်တိုင်း ဒုတိုင်းမှူး၊ ထို့နော်က နေပြည်တော်  တိုင်းမှူး ၊ ကက(ကြည်း) မှာ ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်တာဝန် ထမ်းဆောင် ခဲ့တဲ့   ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ဟာ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဖြစ်လာမယ်လို့ ဆိုပါတယ်။ သူဟာ ဦးမြင့်ဆွေ တိုင်းမှူး ဘ၀တုန်းက ဒုတိုင်းမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

Wednesday, July 11, 2012

မနက်ဖြန် ပြည်ထောင်စု လွှတ်တော်မှာ ၀န်ကြီးတွေ ပြောင်းမည်ဟု သတင်းထွက်

 ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန် သမ္မတရုံး ၀န်ကြီး အဖြစ်  ဦးအောင်မင်း ၊ ဦးကျော်ဆန်းကတော့  မြန်မာ စာပေ ယဉ်ကျေးမှု့ ဗဟုသုတများပြားခြင်းနှင့် မြန်မာ့ ယဉ်ကျေးမှု့ မတိမ်ကော မပျောက်ပျက်ရေးဟာ အမျိုးသား အကျိုးစီးပွား ဖြစ်လာတဲ့ အတွက် အရေးကြီးတဲ့ ယဉ်ကျေးမှု ၀န်ကြီး ဌာန မှာ  ၀န်ကြီး ဖြစ်လာမှာပါ။ ဦးအောင်ကြည် က ပြန်ကြားရေး ၀န်ကြီး ပါတဲ့ ခင်ဗျား။

မြန်မာ အမေရိကန် ဆက်ဆံရေး တစ်ခေတ်ဆန်းပြီ




ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် အသစ် ဘယ်သူလဲ

လက်ရှိ ၀န်ကြီးချုပ် ဦးမြင့်ဆွေကတော့ ဒုသမ္မတ ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော်များနေပါပြီ။ သူ့ ရဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နေရာကတော့ ဘယ်သူ ဖြစ်လာမလဲ  ဆိုတာ ရန်ကုန်ပြည်သူတွေ အတွက် စိတ်ဝင်စားစရာပါ၊ အခြေခံ ဥပဒေ ပုဒ်မခွဲ ၂၆၁ (ခ)  အ၇ နိုင်ငံတော် သမ္မတ က သက်ဆိုင်ရာပြည်နယ်/တိုင်း လွှတ်တော် ကိုယ်စားလှယ်များထဲက ကနေ  ၀န်ကြီးချုပ်လောင်းကို ရွေးပေးရမှာပါ။ သမ္မကတော့ ကြံခိုင်ရေးပါတီဝင် အနိုင်ရ ကိုယ်စားလှယ် များ ထဲကနေ တပ်မတော်သားဘ၀နဲ့ ၇န်ကုန်တိုင်း မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ သူတွေထဲမှ  စီနီယာကျသူ ကို ဦးစားပေးရွေးချယ်မယ်လို့ ယူဆရပါတယ်။

   ရန်ကုန် ဟာ မြန်မာပြည်ရဲ့ စီးပွားရေး မြို့တော် ဖြစ်တာနှင့်အညီ အခွန်ငွေ အများကြီး ရှိတဲ့ တိုင်းပါ။ အဲဒီငွေတွေကို အကျိုးရှိစွာ အသုံးချနိုင်မယ်ဆိုရင်တော့ ရန်ကုန်ပြည်သူတွေ ဘ၀ ဒီထက်ကောင်းလာမှာ သေချာပါတယ်။ ခုတော့ မိုးရာသီ ဆိုရင် ရေကြီး၊ နွေရာသီ ဆို မီးပြတ် နဲ့   လှိုင်သာယာဘက်မှာ ဆိုရင် ယိုင်နဲနဲ့ အိမ်လေးတွေနဲ့  လူမှု့ အဆင့်အတန်း နိမ်းကျစွာ နေနေရတဲ့ ပြည်သူတွေ အများကြီး ရှိနေပါသေးတယ်။  ၀န်ကြီးချုပ် အသစ်ဆီကနေ ရန်ကုန်နေ ပြည်သူ အများစု လိုလားတောင့်တာကတော့ အမှိုက်ကား အချိန်မှန်မှန်လာဖို့နဲ့ လမ်းတွေ၊ လိုင်းကားတွေ ကောင်းဖို့ ပါ ခင်ဗျာ။

  တစ်ကယ်တော့ ပြည်နယ်/တိုင်း ဒေသကြီး ၀န်ကြီးချုပ်တွေဟာ  အခြေခံ ဥပေဒ အရ လုပ်ပိုင်ခွင့် အများကြီး ရှိပါတယ်။ ဒါပေမဲ့ တိုင်းဒေသကြီး ၀န်ကြီးချုပ်တွေဟာ သူတို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးအပ်ထားတဲ့တရားဝင် လုပ်ပိုင်ခွင့်တွေကို အကောင်အထည် ဖော်နိုင်စွမ်း နည်းပါးနေတာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် NLDလုံခြုံရေး အဖွဲ့ဝင်များကို ခြံထဲမှ နှင်ထုတ်လိုက်ပြီ

ဒေါ်အောင်ဆန်းစုကြည်   ကိုယ်ရေးအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးခွန်သာမြင့် နှင့်  ခြံထဲရှိ လုံခြုံရေး အဖွဲ့တွေကို နှင်ထုတ်လိုက်ပြီလို့ ရန်ကုန်က လာတဲ့ သတင်းများ ဆိုပါတယ်။ ဦးခွန်သာမြင့်ဟာ  စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့သားသိန်းဖေမြင့် (၁၉၉၀  ရွေးကောက်ပွဲတွင်  ဘုတလင်မြို့မှ အနိုင်ရ ကိုယ်စားလှယ်) ရဲ့ သားဖြစ်ပါတယ်။ သူဟာ  ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထိုင်း ခရီးစဉ်မှာထိုင်း နိုင်ငံ ကို ကြိုတင် သွားရောက်ပြီး ပြင်ဆင်ခဲ့သူဖြစ်ပါတယ်၊ သူဟာ အဆိုပါ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြုချက်မရဘဲ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့  တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်၊ သူရဲ့  ကြိုတင်ပြင်စဉ်မှု့ ညံဖျင်းမှု့ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာ အဖွဲ့အစည်းများရဲ့ ဝေဖန် ပြစ်တင်မှု့ ကိုလည်း ခံခဲ့ရသူလည်းဖြစ်ပါတယ်။

 ဦးခွန်သာမြင့်ရဲ့သား မောင်မောင်သာမြင့်ကလည်း  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှာ ပြည်ပ ဆက်ဆံရေး တာဝန် ကို ဇာဂနာ နှင့် အတူ တာဝန်ယူထားသူဖြစ်ပါတယ်၊ ခု လို ခြံထဲက နှင်ထုတ်မှု့မှာ မောင်မောင်သာမြင့် ပါ မပါတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

တက္ကသိုလ် ရိပ်သာလမ်း ခြံထဲက လုံခြုံရေး အဖွဲ့ဝင်တချို့ဟာ  ဒေါ်အောင်ဆန်းစုကြည်   ခြံထဲနေရသူတွေ ဆိုပြီး  တခြား NLD အဖွဲ့ဝင်တွေ နဲ့ သတင်းထောက်တွေအပေါ်မှာ  ရိုင်းရိုင်းပြပြ ဆက်ဆံလေ့ရှိတယ် လူပြောများပါတယ်။  NLD ထဲမှာ အရင် လူဟောင်းတွေကို ပစ်ပယ်ခံနေရပြီး   နောက်မှပေါက်တဲ့ ရွှေကြာပင် ဆိုပြီး လွှတ်တော် အမတ် ဇေယျာသော် ကို ဝေဖန်လျှက်ရှိကြပါတယ်။

၁၁.၇.၂၀၁၂ ရက်နေ့ သတင်းများ

-ဒုတိယသမ္မတ အဖြစ် ဦးမြင့်ဆွေကို ရွေးချယ်  (Click Here)
-ဒုတိယသမ္မတနေရာ ဦးမြင့်ဆွေကို ဘာကြောင့်ရွေးရသလဲ ( Click Here)
-ဒု သမ္မတအဖြစ် ဦးမြင့်ဆွေ ခန့်အပ်ခံရဖွယ် ရှိ  (Click Here)
-အမေရိကန် စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည် သွားမည်  ( Click here)
-အာဆီယံ အစည်းအဝေးမှာ အမေရိကန် စီးပွားရေး အာရုံစိုက်မည်( Click Here)
-ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒု သမ္မတအဖြစ် အဆိုပြု  ( Click Here)
-မစိုးရိမ်ဆရာတော် ဦးဝီရသူနဲ့ ၈၈ အဖွဲ့တို့ စစ်တွေမြို့ရောက်ရှိ  ( Click Here)
-ပုဂ္ဂိုလ်စွဲ ပါတီစွဲ မရှိလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား  ( Click Here)
-ဒု သမ္မတအဖြစ် ဦးမြင့်ဆွေကို တင်သွင်းလိုက်ပြီ( Click Here)
-ရခိုင်ပြည်နယ်တွင် ဝန်ထမ်းများ ဆက်လက် အမှုမထမ်းလိုကြ( Click Here)
-မြန်မာ့ အပြောင်းအလဲကို နမူနာပေး၍ ကလင်တန် မိန့်ခွန်း ပြောမည်( Click Here)
-ကိုမွန်းအောင်နဲ့ ပြန်ဆုံတဲ့ အော်စလို နွေဦး( Click Here)
-မြစ်သာမြစ် ရေအားလျှပ်စစ် စီမံကိန်းရပ်ရန် ဒေသခံများ ဆန္ဒပြ( Click Here)
-ကော့သောင်းတွင် ဖမ်းမိသည့် ထိုင်း ၆၁ ဦးကို အရေးယူမည်( Click Here)
-အဖမ်းဆီးခံ မြန်မာ ကလေးလုပ်သား ၃၀ ကျော်သာ ရွေးထုတ်နိုင်( Click Here)

 

 

 

 

 

 

 

 

 

 


-

Tuesday, July 10, 2012

တိုတိုထွာထွာ FaceBook မှာ (၂)

အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ ဇော်ဦး နှင့်    ဘင်္ဂလီ လူမျိုး အရေး ဆောင်ရွက်နေသူ ARNOအဖွဲ့ ခေါင်းဆောင် Nurul Islam တို့ကို တွေ့ရစဉ် 




 



ရဟန်းသံဃာတော်များ ဟာ ဗုဒ္ဓမြတ်စွာ ဘုရား ဟောကြား ခဲ့တဲ့ ရဟန်း ၀ိနည်းတော်တွေအတိုင်း ကျင့်စေချင်တာ ဗုဒ္ဓဘာသာ ၀င်တိုင်းရဲ့ စစ်မှန်တဲ့ စိတ်ဆန္ဒပါ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်နေပါစေ အောက်ကပုံကို မြင်ရတော့ စိတ်ထဲမကောင်းပါ။  





Messanger ဂျာနယ်မှ ဒုသမ္မတ သတင်း

 လစ်လပ်နေသောဒုတိယသမ္မတနေရာအတွက် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှဝန်ကြီးချုပ်ဦးမြင့်ဆွေကိုရွေးချယ်လိုက်ကြောင်းလွှတ်တော်
အတွင်းရှိတပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့မှ ဗိုလ်မှူးချုပ်ဝေလင်းက The Messenger ဂျာနယ်သို့အတည်ပြုပြောကြားသည်။ “ကျွန်တော်တို့ဘာဖြစ်လို့ဦးမြင့်ဆွေကိုရွေးရတာလဲဆိုတော့တကယ်အလုပ်လုပ်နိုင်မယ်လို့ထင်လို့ပါ။ပြည်သူတွေကလဲတကယ်အလုပ်လုပ်နိုင်မဲ့ဒုတိယ
သမ္မတတစ်ယောက်ကိုလိုချင်နေကြတာလေ” ဟု ၄င်းကထပ်ပြောသည်။



ဓာတ်ပုံအညွှန်း- ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်တွေ့ရသော
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်ဆွေ။

ရန်ကုန် ၀န်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီ (ငြိမ်း) မြင့်ဆွေ ဒုသမ္မတ ဖြစ်ပြီ

DSA ဆင်း  ဒု ဗိုလ်ချုပ်ကြီ (ငြိမ်း) မြင့်ဆွေ  ကို  ဒုသမ္မတလောင်း အဖြစ် တပ်မတော် ကိုယ်စားလှယ်က တင်သွင်းလိုက်ပါပြီ။    သူ့ ရဲ့ သား  ဗိုလ်ကြီး ကျော်ဘုန်းမြင့် ဟာ စစ်တက္ကသိုလ်  ၄၆ က ဖြစ်ပြီး ခုတော့     တပ်မတော်မှာ တာဝန် ထမ်းဆောင်ခြင်း မရှိတော့ ကြောင်း သိရပါတယ်။ တပ်မတော် ကိုယ်စားလှယ်တွေက တင်သွင်းလိုက်တဲ့ ဒုသမ္မတ ဟာ ပြည်သူ နိုင်ငံတော် နဲ့ တပ်မတော်အတွက်   အကျိုးရှိမဲ့ အလုပ်တွေကို ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါတယ်။

လွှတ်တော်များ အတွင်း နေရာချထားမှု့ ပုံစံ ပြောင်းလဲသင့်

လွှတ်တော် များအတွင်း လွှတ်တော် အမတ်များ နေရာ ယူရာတွင်  တပ်မတော်သား ကိုယ်စားလှယ်များ က သီးသန့်နေရာယူလျှက်ရှိရာ  လွှတ်တော် အမတ်အချင်းချင်း ရင်းနှီး ချစ်ခင်မှု့ နည်းပါး နိုင်သည်ဟု ပြောဆိုနေကြပါသည်။ နိုင်ငံတော် သမ္မတ ဦးဆောင် ဆောင်ရွက်နေသည့်  အမျိုးသား ပြည်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များတွင် ပိုမို အဆင်ပြေ ချောမွေ့လာစေရန် နှင့် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု့ ကဏ္ဍတွင်  တပ်မတော်မှ  ပါဝင်ဆောင်ရွက်နိုင်ရေး   မူဝါဒကို အခြား နိုင်ငံရေး သမားများ၊ လွှတ်တော် အမတ်များ က    ကြည်ဖြူစွာ လက်ခံနိုင်ရေး အတွက်  တပ်မတော် ကိုယ်စားလှယ်များနှငိ့် အရပ်သား ကိုယ်စားလှယ်များ  ယခုထက် ပိုမို ရင်းနှီးစွာ နေထိုင်ရန် လိုအပ်ကြောင်း ယူဆနေကြပါသည်။

၁၀.ရ.၂၀၁၀ ရက်နေ့ သတင်းများ

-  လုပ်ဆောင်မှု့က ပဓာနကျဟု ဦးဌေးဦးဆို  (Click  Here)
-ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကိုယ်စားလှယ်အဖြစ် လွှတ်တော်တက်( Click Here)
-ဒေါ်စု ပထမဆုံးအကြိမ် ညီလာခံဆွေးနွေးပွဲတက်ရောက်  (Click Here)
-ရခိုင်မှာ ကျောင်းတွေ ပြန်ဖွင့်မည် ( Click Here)
-ရေပိုင်နက် ပြဿနာ လွှမ်းမိုးနေတဲ့ အာဆီယံပွဲ ( Click Here)
-ဆီးရီးယားကို လက်နက်မရောင်းဖို့ ရုရှားကတိပေး  (Click Here)
-ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို ( Click Here)
-လမ်းပြန်ပြင်ပေးဖို့ ကျောင်းသားလူငယ် ၁၀၀ ကျော် ဆန္ဒပြ  ( Click Here)
-ကေအိုင်အေ ငြိမ်းချမ်းရေးလိုလားကြောင်း ၈၈ ခေါင်းဆောင် ပြောကြား ( Click Here)
-လူ့ အခွင့်အရေး မူဝါဒနဲ့ လျော်ညီတဲ့ ဥပဒေသစ်တရပ် ပြဋ္ဌာန်းဖို့ တောင်းဆို  ( Click Here)
-မင်္ဂလာဒုံမြို့နယ်မှာ ရွာသားတွေဆန္ဒပြ  (click Here)
-ပေါက်တော မြို့နယ်တွင် လှေမှောက်၊ လူ ၄၀ နီးပါး သေဆုံး (Click Here)
-ငြိမ်းချမ်းစွာ စုဝေးစီတန်း လှညိ့လည်ခွင့်ရပြီ  (Click Here)
-ခိုးမှုဖြင့် စွပ်စွဲသည့်အပြင် ကလေးနှစ်ဦးကိုပါ ဓါးစာခံအဖြစ် ခေါ်ယူ ( Click Here)
-အစိုးရယာဉ်တန်းကို ကေအိုင်အေ ဟန့်တား တိုက်ခိုက် ( Click Here)
-စာပေစီစစ်ရေး ပြသနာမျာ မကြာမီ ပြေလည်မည် ( Click Here)
-ချင်းမိုင်က ၀ပ်ဆိုင်မွန်း ဘုန်းကြီးကျောင်း ထိုင်းပိုင်ပြုလုပ်ရေး မြန်မာများ ကန့်ကွက် (Click  Here)
-ထိုင်း ၈ဝ အနက် ကလေး၊ အမျိုးသမီးနှင့် သက်ကြီးသူများကို မြန်မာပြန်လွှတ် (Click Here)
-ကချင်ဒုက္ခသည်တို့အတွက် ၈၈ ကျောင်းသားများ သိန်း ၉၀ လှူ(Click Here)
-ဗဟိန်းဂျာနယ် ပြန်လည်ထုတ်ဝေရန် ကြိုးပမ်း(Click Here)
-ဆုံရပ် ညှိမရ၍ KIO နှင့်အစိုးရ မဆွေးနွေးနိုင်သေး  (click here)
-စင်ပေါ်ကလူ  ( Click  here)










Monday, July 9, 2012

ဦးမောင်အေး (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး သတင်း

စစ်တက္ကသိုလ်  အမှတ်စဉ် (၁) ဆင်း  ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူကြီး (ငြိမ်း) မောင်အေး သည်   ကျန်းမာရေး ချို့ယွင်းသဖြင့် ဆေးကုသ ခံယူလျှက် ရှိကြောင်း သိရသည်။ တပ်မတော် အတွင်း ဒုချုပ်ဟု ကျော်ကြားလှသော ဒုတိယ ဗိုလ်ချုပ်မှူကြီး (ငြိမ်း) မောင်အေး သည် စစ်သား ပီသသော ၊  ပြတ်သား တိကျသော စစိသားတစ်ယောက် အဖြစ်  တပ်မတော်သား များ အတွင်း နံမည် ကြီးပါသည်။ DSA အမှတ်စဉ် (၁)  ကျောင်းဆင်းများ ထဲတွင်  အမေရိကန် တွင် ပညာ သင်ကြားခဲ့ကြသော ဦးသောင်း (  သိပ္ပံနှင့် နည်းပညာ ၀န်ကြီး (ငြိမ်း)) နှင့် ပြင်ဦးလွင် ရှိ နံမည် ကျော်ကြားလှသည့် စိုးစံ ဘောဒါ ပိုင်ရှင် ဗိုလ်မှုဟောင်း မောင်လတ် တို့ သည်လည်း  နံမည် ကောင်းဖြင့် ထင်ရှားကြသည်။ DSA ဗိုလ်လောင်းဘ၀ က မြစ်ကူး စစ်ဆင်ရေး လေ့ကျင့်ရင်း  ကြွက်တက်သောကြောင့် ရေနစ်သေဆုံးနီးကာနီးတွင်  မိမိ အသက်ကို  ဗိုလ်လောင်း မောင်အေးက ကယ်တင်ဖူးကြောင်း စိုးစံ ဘောဒါ ပိုင်ရှင် ဗိုလ်မှုဟောင်း မောင်လတ် က   ၄င်းရေးသားထဲသော ကိုယ်ရေး အထ္ထုပတ္တိ စာအုပ်တွင် ရေးသား ဖူးသည်။