Monday, September 3, 2012
တော်လှန်ရေးစစ်ပွဲ နှစ် ၂၀၀ ပြည့်အခမ်းအနားအား ပူတင်တက်ရောက်
စက်တင်ဘာ
၂။ ။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်မှ ရုရှားနိုင်ငံ မော်စကိုမြို့ အပြင်ဘက်
Borodino ရွာတွင် ကျင်းပလျက်ရှိသော တော်လှန်းရေး တိုက်ပွဲ နှစ် ၂၀၀
ပြည့်အခမ်းအနားအား တက်ရောက်နေမှုကို ယခုကဲ့သို့ တွေ့မြင်ရသည်။
စက်တင်ဘာ
၂။ ။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်မှ ရုရှားနိုင်ငံ မော်စကိုမြို့ အပြင်ဘက်
Borodino ရွာတွင် ကျင်းပလျက်ရှိသော တော်လှန်းရေး တိုက်ပွဲ နှစ် ၂၀၀
ပြည့်အခမ်းအနားအား တက်ရောက်နေမှုကို ယခုကဲ့သို့ တွေ့မြင်ရသည်။
မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကြားခံ စင်တာ ဖွင့်လှစ်
ပြည်တွင်းမှာ တိုးတက် ပြောင်းလဲမှုတွေ ရှိလာတာ နဲ့အညီ ပြည်တွင်းမှာ
ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ လာရောက် ဆောင်ရွက်လိုတဲ့ ဂျပန်ကုမ္ပဏီတွေနဲ့ ပြည်တွင်းက ပူးပေါင်း ဆောင်ရွက် လိုတဲ့ ကုမ္ပဏီတွေကို ကြားခံ
ဆက်သွယ် ဆောင်ရွက် ပေးမယ့် BSCY (Business Support Center Yangon) ကို
ဆီဒိုးနား ဟိုတယ်ရှိ ပြည်ပ ကုန်သွယ်မှု အဖွဲ့အစည်း JETRO Yangon ရုံးမှာ
သြဂုတ်လ ၃၁ ရက်နေ့က ဖွင့်လှစ် ခဲ့တယ်လို့ သိရပါတယ်။
နျူကလိယရေငုပ်သင်္ဘောမှ သင်္ဘောသားတို့၏ နေ့စဉ်ဘဝ
နျူကလိယ ရေငုတ်သင်္ဘောတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ရေတပ် သင်္ဘောသားများ၏ နေ့စဉ် ဘဝကို ဗြိတိန် ဓာတ်ပုံ ဆရာတစ်ဦးမှ ယခုကဲ့သို့ သွားရောက် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများ လိုက်နာစေချင်
ရန်ကုန်တိုင်းဒေသကြီးအစိုး
ရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) ၌ ၀န်ကြီးချုပ်က ဦးစီးကျင်းပပြု လုပ်သော
နိုင်ငံရေးနှင့် လုံခြုံရေး ညှိနှိုင်းအစည်းအဝေးကြီးတွင် ရန်
ကုန်တိုင်းဒေသကြီးအတွင်း ယာဉ် စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်း ရေး
ကြီးကြပ်မှုကော်မတီမှ အဆို ပါတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတားများဆိုင်ရာ
စည်ပင်သာ ယာနယ်နမိတ်များအတွင်း မော် တော်ယာဉ်များ မောင်းနှင်သွား
လာနိုင်ရန်ယာဉ်သွားလမ်းမကြီး ပေါင်းများစွာ ရှိနေပေသည်။ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဆိုင်ရာ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ပြောင်းလဲ
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအပေါ် စွပ်စွဲပြစ်တင်မှုများကို ဆက်လက်ဆောင်ရွက် ရန် ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးနန္ဒကျော်စွာကို ဥက္ကဌအဖြစ် တာဝန်ယူကာ ဖွဲ့စည်းခဲ့သည်။
တာင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏ အဆိုတင်သွင်းချက်
စက်တင်ဘာလ ၃ ရက်နေ့(ယနေ့) ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း၏ 'တိုင်းနှင့် ပြည်နယ် အသီးသီးတွင် စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍ လည်းကောင်း၊ ကုမ္ပဏီ အမည်ဖောက်၍ လည်းကောင်း၊ ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ သီးစားခ ရယူနေခြင်းများ ရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ် လုပ်ကိုင်နေသူများကို ဦးပိုင်အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ချထားပေးသင့်ကြောင်း' အဆိုတင်သွင်းခဲ့သည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကိစ္စ စစ်ဆေးရေးအဖွဲ့ဥက္ကဌအစားထိုးပြောင်းလဲ"
နိုင်ငံ တော်ဖွဲ့စည်းပုံ ခုံရုံးမှပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော
စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကန့်ကွက်ကြောင်းစာကို ပြည်သူ့လွှတ်တော် ဥက္ကဌ
မှဖတ်ကြားခဲ့ပြီးပြည်သူ့လွှတ်တော်မှအမိန့်အမှတ် (၂/၁၂ ) ဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဦးနန္ဒ ကျော်စွာ အစား အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေ အားအစားထိုးပြောင်းလဲလိုက်သည်။
မိုးသီးဇွန်ပါ ၇ ဦး အဖွဲ့ သတင်းစာရှင်းလင်း
မြန်မာနိုင်ငံတွင်း အစိုးရတာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွေ့ဆုံဆွေးနွေးရန်
မြန်မာနိုင်ငံ သို့ရောက်ရှိ နေသော မိုးသီးဇွန် အပါအ၀င် ၇ ဦးအဖွဲ့သည် ယနေ့
စက်တင်ဘာလ ၃ ရက်တွင် ၄င်းတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာရခြ င်းအကြောင်းရင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
“ခေါင်းဆောင်သုံးယောက်ညီညွတ်နေရင် ကျွန်တော်တို့ အပြောင်းအလဲက အဆင်ချောမယ်လို့ထင်တယ်”
စာရေးဆရာ ဦကျော်ဝင်းနှင့် တွေ့ဆုံခြင်း
"
Diversity Unity ပေါ့ တစ်ဖက်က တသွေးတသံ တမိန့်ဆိုရင် ဒါအာဏာ ရှင်
ဖြစ်သွားပြီ check and balance ဖြစ်မှာ မဟုတ်တော့ဘူး Check and Balance
ဖြစ်ဖို့ မတူတဲ့ အမြင်တွေ ပွင့်ပွင့်လင်းလင်းဖေါ် ထုတ်ဖို့လိုပါတယ် ဒါပေမယ့်
မတူတာကို ရိုးမယ်ဖွဲ့ပြီးတော့ ကွဲကြ ပြဲကြ ရန်ဖြစ်ကြတာတော့ မကောင်းပါဘူး
ဘာဖြစ်လို့လည်းဆိုတော့ကျွန်တော်တို့ သမိုင်းမှာ အဲ့ဒါတွေ သိပ်များလည်း
တောက်လျှောက်ပေါ့ အဲ့လိုတွေများခဲ့လို့လည်းတိုင်းပြည်ဒုက္ခရောက်ခဲ့ရတာတော်တော်များပါတယ်အဲ့ဒီသင်ခန်းစာတွေလည်းရှိခဲ့တာပဲ။အဲ့တော့
ဘာပဲ ပြောပြော မတူတာက မတူတာပဲပေါ့ တူတာကိုညှိနိုင်းကြရင် ဖြစ်မှာပါ။"
စုံစမ်း စစ်ဆေးရေးအဖွဲ့၊ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ကန့်ကွက်ကြောင်း အကြောင်းကြားစာ
စုံစမ်း
စစ်ဆေးရေးအဖွဲ့၊ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား ကန့်ကွက်ကြောင်း
အခြေခံဥပဒေဆိုင်ရာ ခုံရုံးက စက်တင်ဘာ (၁) ရက်နေ့ ရက်စွဲဖြင့်
အကြောင်းကြားစာပေးပို့ထားသည်။
Hot News မေး ဦးခင်မောင်ကြီး (ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန ၊ အငြိမ်းစားညွှန်ကြားရေးမှူး)ဖြေ
မေး- ယခုအတည်ပြုပြီးဖြစ်တဲ့ လယ်ယာ မြေဥပဒေသစ်မှာ ယခင်ဥပဒေများနဲ့ ကွဲပြားချက်များကို သိပါရစေ။ဖြေ- လယ်ယာမြေဆိုတဲ့ ဥပဒေသစ်မှာ ပါတဲ့ လယ်ယာမြေဆိုတာကို အရှင်းဆုံး ပြောရရင် လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်း မြေ၊ တောင်ယြာေ မ၊ နှစ်ရှည်ပင်စိုက်ခြံမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီး ဟင်းရွက် ပန်းမန်စိုက်တဲ့ခြံမြေနဲ့ မြေနုကျွန်းမြေတို့ ဖြစ်ပါတယ်။
ပြည်သူ့ လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးမှ ကန့်ကွက်
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရန် အတွက် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဆိုင်ရာ ခုံရုံးမှ ကန့်ကွက်ခဲ့ကြောင်း သိရပါသည်။
မန္တလေး လေးမြို့ နယ်၌ ပြုလုပ်မည့် ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုမိန့်များ ရုပ်သိမ်းခံရ
စက်တင်ဘာလ ( ၃) ရက်နှင့် ( ၄ ) ရက်နေ့များတွင် မန္တလေး မြို့ နယ်လေးခုတွင် ပြုလုပ်မည့် နိုင်ငံတော် သမ္မတကြီးအား ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲများကို သက်ဆိုင်ရာ မြို့ နယ် ရဲတပ်ဖွဲ့မှူး ရုံးများက လုံခြုံရေး အကြောင်းပြချက်ဖြင့် ခွင့်ပြုမိန့်များကို ပြန်လည် ရုတ်သိမ်းခဲ့ကြောင်း မန္တလေးမြို့ ခံ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ယနေ့ (၃.၉.၂၀၁၂) နံနက်ပိုင် တွင် စက်မှုဇုန် အလု ပ်သ မားများ ပူးပေါင်း ဆန္ဒပြ
အလုပ်သမား
အခွင့်အရေးအတွက် စက်ရုံအလုပ်သမားများ ပူးပေါင်းဆန္ဒပြခြင်းကို ပထမဦးဆုံး
အကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ လှိုင်သာယာစက်မှုဇုန်ရှိ
စက်ရုံအသီးသီးမှ အလုပ် သမားများ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း
သတင်းရရှိသည်။ စက်ရုံပေါင်း ၃၆ ရုံမှ အလုပ်သမား ကိုယ်စားလှယ် ၂၀၀ ကျော်သည်
လှိုင်သာယာ မြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမှ ကျန်စစ်သားလမ်းကို ဖြတ်၍
ရန်ကုန်-ညောင်တုန်းလမ်းရှိ လှိုင်သာယာမြို့နယ် အားကစားကွင်းသို့ ချီတက် ဆန္ဒ
ပြခဲ့ကြသည်။"ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်"
ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလ င်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့် မသင့်ကို ပြည်သူ့ လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။
ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလ င်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့် မသင့်ကို ပြည်သူ့ လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။
မန္တလေး ဆန္ဒဖော်ထုတ်ခွင့် ပြန်လည်ရုတ်သိမ်းခြင်း
မန္တလေးမြို့
ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းအေးသာဇံမြို့နယ်တို့တွင်
ယနေ့(စက်တင်ဘာ၃) ရက်တွင်ပြု လုပ်ရန်စီစဉ်ထားသည့်
နိုင်ငံတော်သမ္မတအားထောက်ခံပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကင်တားနားအားကန့်ကွက်ဆန္ဒထုတ်ပွဲနှင့်
စက်တင်ဘာ ၄ ရက်တွင် ချမ်းမြသာစည်၊ အမရပူရမြို့နယ်တို့တွင်
ဆက်လက်ပြုလုပ်မည့် ဆန္ဒဖော်ထုတ်ပွဲအစီအစဉ်များ ဖျက်သိမ်းခံရကြောင်း
သတင်းရရှိသည်။
ယနေ့(စက်တင်ဘာ ၃ ရက်)တွင် အမျိုးသားလွှတ်တော်၌ ဆွေးနွေးမည့်အကြောင်းအရာများ
(၁) နိုင်ငံတော် အဆင့် စီမံကိန်းများနှင့် အစိုးရ ပရောဂျက်များတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ငန်း အပ်နှံ ဆောင်ရွက်ရာတွင် ကုမ္ပဏီ အစုအဖွဲ့ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကိုသာ အများပြည်သူ မသိရှိလိုက်ရဘဲ လုပ်ငန်းအပ်နှံမှု မရှိစေရေးနှင့် ပွင့်လင်း ထင်သာမှု ရှိစွာဖြင့် မျှတစွာ ယှဉ်ပြိုင် လျှောက်ထားခွင့် ပြုနိုင်ရေးအတွက် စိစစ်အရေးယူ ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း။
သတ္တု အသေးစား တူးဖော်နေမှုမှ အကြီးစား တူးဖော်မှု တိုးမြှင့် ဆောင်ရွက် အဆင့်မြင့် နည်းပညာများ၊ ပညာရှင် များ ပူးပေါင်းမှ သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်မည်
ဒေသအဆင့်
သတ္တု ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်ပ တင်ပို့မှု အရည်အသွေး မြှင့်တင်ရေး
နှင့်ဈေးကွက် ထိုးဖောက် နိုင်ရေး ဆွေးနွေး ပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၈
နာရီ ၂၅ မိနစ်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့
မြို့တော်ခန်းမ၌ကျင်းပရာ သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး
ဦးသိန်းထိုက် တက် ရောက်ဆွေးနွေးပြောကြားသည်။
တရုတ်အစိုးရမှ နောင်တောင်းရှိ ဒုက္ခသည်စခန်းများအား မြန်မာပြည်တွင် ပြန်လည်ရွှေ့ပြောင်း နေထိုင်ရန် တွန်းအားပေးရသော အကြောင်းအရင်း
၂၀၁၁ ခုနှစ် ၊ ဇွန်လဆန်းမှစ၍ ကချင်ပြည်နယ်အတွင်း KIA နှင့် မြန်မာစစ်တပ်တို့အကြား အခြေအနေ တင်းမာမှုများရှိခဲ့ပြီး နေရာအနှံ့အပြားမှာ တိုက်ပွဲများဖြစ်ပွားပြီး နီးစပ်ရာဒေသ ခံ ပြည်သူ လူထုများ စစ်ဘေး လွတ်ရာသို့ ရွှေ့ပြောင်းနေခဲ့ရပါတယ်။
၂၀၁၃ ခုနှစ်မှ စ၍ အကယ်ဒမီ ဆုများကို ရုပ်ရှင် အစည်းအရုံး က ရွေးချယ်မည်
မြန်မာနိုင်ငံတွင် ရုပ်ရှင်ထူးချွန်ဆု
(အကယ်ဒမီ) များကို ပြန်ကြားရေး ဝန်ကြီး ဌာနမှ ဦးဆောင် ရွေးချယ်ခဲ့ရာမှ ၂၀၁၃
မှစ၍ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ရွေးချယ် ပေးအပ်တော့ မည်
ဖြစ်ကြောင်း ဒါရိုက်တာ အန်ထော်နီက ပြောကြားသည်။
မိုးထိမိုးမိ ရွှေလုပ်သားဇုန်တွင်း ကုမ္ပဏီ ပြောက်ကျားအဖွဲ့ လက်နက်ကိုင်ဝင်ရောက်အဓိကရုန်း ဖြစ်ပွား
မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသမှာ
ဒီကနေ့ မနက်ပိုင်းက ပြောက်ကျားဝတ်စုံ ၀တ်ထား
တဲ့ လူ (၁၀၀) ကျော်က တုတ်တွေ၊ လက်ထိပ်တွေ ကိုင်ဆောင်ပြီး ရွှေလုပ်သားတွေ အလုပ်လုပ်နေတဲ့
ထုံးကြီးဇုန် (၈) ထဲကို ကျူးကျော်ဝင် ရောက်လာခဲ့တဲ့ အတွက် ရွှေလုပ်သားတွေနဲ့ ကျူးကျော် ၀င်ရောက်လာသူတွေ အကြား အဓိကရုန်း ဖြစ်ပွား
ခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
ပြန်ကြားရေးဝန်ကြီးသစ်ဦးအောင်ကြည်က အရပ်ဘက်အဖွဲ့အစည်းများကို ချုပ်ချယ်သွားမည်မဟုတ်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသစ်
ဦးအောင်ကြည်က ယင်း၏ဋ္ဌာနနှင့် ဆက်စပ်နေသော အရပ်ဘက်အဖွဲ့အစည်းများကို
စည်းမျဉ်းစည်းများ ပြဋ္ဌာန်း၍ ချုပ်ချယ်သွားမည် မဟုတ်ကြောင်း
ပြော ကြားလိုက်သည်။
"ကိုယ်ဘာသာကိုယ်ပြဋ္ဌာန်းပြီးတော့မှ ကိုယ်ဘာသာကိုယ်စောင့်ထိ
"ကိုယ်ဘာသာကိုယ်ပြဋ္ဌာန်းပြီးတော့မှ ကိုယ်ဘာသာကိုယ်စောင့်ထိ
န်းပြီးတော့မှ
ဂုဏ်သိက္ခာအတွက် ဆောင်ရွက်သွားတဲ့ အဖွဲ့အစည်းတွေဖြစ်အောင်
ကျွန်တော်ဆောင်ရွက် သွားပါမယ်" ဟု စက်တင်ဘာ ၂ ရက် နံနက်က
ရုပ်ရှင်အစည်းအရုံးတွင် ပြုလုပ်သောေ တွ့ဆုံပွဲ၌ ဦးအောင်ကြည်က ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်သည် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်းဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်သော တွေ့ဆုံပွဲ သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်သည် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်းဖြစ်သည်။ ရုပ်ရှင်အစည်းအရုံး၌ ပြုလုပ်သော တွေ့ဆုံပွဲ သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပုဂ္ဂလိကသတင်းစာ ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ထုတ်ဝေနိုင်မည်လို့ မျှော်လင့်
မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေကို လာမယ့် ၂၀၁၃ ခုနှစ်
နှစ်ဆန်းပိုင်းလောက်မှာ စတင် ထုတ်ဝေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း
ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်က မနေ့က ပြောကြားလိုက်ပါတယ်။
ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့ မိုင်းပေါက်ကွဲမှုနှင့်တွေ့ကြုံ
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း နယ်မြေအတွင်း ကယ်ဆယ်ရေးစခန်း
(၃၁) ခုမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အနီးတ၀ိုက် ရွာတွေက
ရိက္ခာနဲ့ ပစ္စည်းတွေ သွားရောက် လှူဒါန်းေ နကြရာမှာ မနေ့ကတော့ ဖားကန့်နဲ့
(၁၅) မိုင်အကွာ တာမခံကျေးရွာက အလှူပစ္စည်းတွေ တင်ဆောင် လာတဲ့ ကား (၅) စီးဟာ
မိုင်းပေါက်ကွဲမှုနဲ့ ကြုံခဲ့ရကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထုစည်းဝေးပွဲ ကျင်းပမည်
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေနဲ့
ပတ်သက်ပြီး ရသေ့တောင်မြို့မှာ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထု
စည်းဝေးပွဲကြီးတစ်ရပ် ကျင်းပဖို့ စီစဉ်ထားရာမှာ အဲဒီ စည်းဝေးပွဲကို
စက်တင်ဘာ (၂၅) ရက်နေ့မှာ ကျင်းပဖို့
လူထုစည်းဝေးပွဲ ဖြစ်မြောက်ရေး ကော်မတီက မနေ့က ဆုံးဖြတ်လိုက်ပါတယ်။
Subscribe to:
Posts (Atom)










