စံခလပူရီ (မဇ္ဈိမ)။ ။ မင်္ဂလာဒုံ တပ်မတော် စစ်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူရန် ငြိမ်းချမ်ရေး
ဖော်ဆောင်ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း က ကမ်းလှမ်းခဲ့သော်လည်း မသွားရောက်ဖြစ်ခဲ့ဘဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဗန်းရွန်းရာဒ် (Bumrungrad) ဆေးရုံသို့ တက်ရောက် ကုသမှု ခံယူနေသည့် မွန်ပြည်သစ် ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ရော့စ မှာ ကုသမှု ရက် ၂၀ နီးပါး ကြာလာခဲ့ပြီးနောက် တိုးတက်မှု ရှိလာကြောင်း ပါတီ၏
နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံးမှ မွန်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။























