ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးက မြန်မာ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အချိန်ကုန် ၊ ငွေကုန်သက်သာမှုတွေ ရှိစေဖို့ ဖြေလျှော့မှုတွေ လုပ်ပေးနေတယ်လို့ ယနေ့ မတ်လ ၂၀ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထား ပါတယ်။
အရင်က မြန်မာ နိုင်ငံကူးလက်မှတ် လျှောက်ထားရာ မြန်မာ နိုင်ငံကူး လက်မှတ်လျှောက်လွှာ ပုံစံများနှင့် ပတ်သက်၍ ယခင်က ဖြည့် စွက် လျှောက်ထားရသည့် လျှောက်လွှာပုံစံ ၁၄ ရွက်တောင် ရှိခဲ့တာပါ။ ဒီအပြင် ယခင်က ပါ့စ်ပို့စာအုပ်ထွက်လာဖို့ ၃ လကြာ စောင့် ရပြီး နောက်ပိုင်း ၁ လ၊၃ ပတ် စသဖြင့် ဖြေလျှော့ပေး လာခဲ့ရာ အခုတော့ ၁၀ ရက်နဲ့ အပြီး လုပ်ပေးတော့ မှာလည်း ဖြစ်ပါတယ်။























