Tuesday, December 31, 2013
Monday, December 30, 2013
Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ

စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။
ပရိသတ် နှစ်သောင်းကျော် လာရောက်ရန် ခန့်မှန်းထားသည့် Hppy New Year Grand Royal 2013 ဖျော်ဖြေပွဲ
Happy
New Year Grand Royal 2013ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက်တွင်
ကျိုက္ကဆံမြင်းပြိုင်ကွင်း အရှေ့ဘက် ရွှေထွဋ်တင်ကွင်း၌ ကျင်းပမည်ဖြစ်ရာ
လက်မှတ်စောင်ရေ ၁၈,၂၀၀ကျော် ရောင်း ချပြီးဖြစ်ကြောင်း ပွဲစီစဉ်သူဂျွန်လွင်က
မဇ္ဈိမကိုပြောသည်။ ယင်းဖျော်ဖြေရေးအစီစဉ်ကို ညနေ၆နာရီတွင်
စတင်ကျင်းပမည်ဖြစ်သည်။
တိုးမလား လျော့မလား ဆက်သွားမလား ရပ်နေမလား မြန်မာ့လုပ်သား
![]() |
| စက်မှုဇုန်လုပ်သားများ |
၂ဝ၁၃
ခုနှစ်၏ အပြောင်းအလဲ ကို များစွာ မျှော်လင့် ထားခဲ့သော စက်မှုဇုန်
အလုပ်သမားများ အတွက် ယခုနှစ်သည် ထူးမခြားနားနှစ်ဟု ဆိုရမည် ဖြစ် သည်။
ဥပဒေသစ်များ ထွက်ပေါ် လာပြီး အလုပ်သမား အဖွဲ့အစည်း အရေအတွက် ၇ဝဝ ကျော်သည်
အထိ တိုးပွားခဲ့သည့် နှစ်လည်း ဖြစ်သည်။
မိကျောင်းကန်ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည်ရရှိရေး (၁၇)ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ၃ လကြာ ယာယီရပ်ဆိုင်း သွား သော်လည် နေ့တွက်စရိတ်နှင့်ပတ်သက်၍ ဆန္ဒပြသူ များနှင့် ခိုင်းစေသူအဖွဲ့ကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဆန္ဒပြ ရာတွင် ပါဝင်သူများထံမှ သိရှိရသည်။
ဓာတ်လှေကားညပ် သေဆုံးသော လူနာ မိသားစု ဓာတ်လှေကား တပ်ဆင်သူကို တရားစွဲဆိုနိုင်ဟု ဥပဒေကျွမ်းကျင်သူပြောကြား

ဂျပန်ဆေးရုံတွင်
ဓာတ်လှေကားညပ်၍ လူနာသေဆုံးမှုတွင် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်၍ စစ်ဆေးနေ
သည့် အမှုကို သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါဓာတ်လှေကားတပ်ဆင်သူများကို
တရားစွဲဆို တိုင်ကြားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကပြောသည်။
၁၀ နှစ်အောက် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ
၁၀ နှစ်အောက် ကလေးသုံးဦးအဓမ္မပြုကျင့်ခံရပြီးနောက် အသက်ရှစ်နှစ်အရွယ်
ကလေးငယ်တစ်ဦး ထပ်မံ အဓမ္မပြုကျင့်ခံရမှုတစ်ခု လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ
၂၇ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးက
သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ လှည်ကူးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၃ နာရီအချိန် က ဖြစ် ပွား ခဲ့ ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ လှည်ကူးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၃ နာရီအချိန် က ဖြစ် ပွား ခဲ့ ခြင်း ဖြစ်သည်။
စက်လှေမှောက်၍ ကျောက်ဖြူတွင် အမျိုးသမီး ၁၇ ဦး သေဆုံး
ကျောက်ဖြူမြို့နှင့် ရှစ်မိုင်ခန့် ဝေးကွာသည့် ဆင်ဘုတ် ကျေးရွာအုပ်စု၊
ကျွန်းကြီးကျေးရွာမှ ထင်း ခုတ်၍ ပြန်လာသည့် စက်လှေသည် ဒီဇင်ဘာလ ၂၇ ရက်
ညပိုင်းက တိမ်းမှောက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်
အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဖြူ မြို့မရဲတပ်ဖွဲ့ စခန်းမှူးက
ပြောကြားသည်။
သမ္မတအရည်အချင်းသတ်မှတ်ချက် ပြင်ရန် သင့်၊မသင့် ပြည်ခိုင်ဖြိုး မဲခွဲမည်
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာ
ပြဋ္ဌာန်းချက် (ပုဒ်မ ၅၉) ကို ပြင်ရန် သင့်၊မသင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေး၌
ဒီဇင်ဘာ ၃၀ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဟု ဗဟိုကော်မတီဝင် ဦးလှဆွေက ဒီဇင်ဘာလ
၂၉ ရက်တွင် မဇ္ဈိမကို အတည်ပြုခဲ့သည်။
“ဒီနေ့ စီအီးစီအစည်းဝေးကနေပြီးတော့ ပြင်ဆင်ရေးအတွက် အချက်တွေကိုရွေးတယ်။ ဒီလိုရွေးတဲ့ထဲမှာ မကြိုက်သူတွေလဲ ရှိကြတယ်။ ဒီအတွက် အကြိတ်အနယ်ကို ဆွေးနွေးခဲ့ကြတယ်၊ ပြင်မယ့်ထဲမှာ ပုဒ်မ (၅၉)လဲ ပါတယ်။ ဒီဟာကို ပြင်၊ မပြင်က မနက်ဖြန် (ဒီဇင်ဘာ ၃၀) မှာ မဲခွဲဆုံးဖြတ်မယ်”ဟု ပြောသည်။
“ဒီနေ့ စီအီးစီအစည်းဝေးကနေပြီးတော့ ပြင်ဆင်ရေးအတွက် အချက်တွေကိုရွေးတယ်။ ဒီလိုရွေးတဲ့ထဲမှာ မကြိုက်သူတွေလဲ ရှိကြတယ်။ ဒီအတွက် အကြိတ်အနယ်ကို ဆွေးနွေးခဲ့ကြတယ်၊ ပြင်မယ့်ထဲမှာ ပုဒ်မ (၅၉)လဲ ပါတယ်။ ဒီဟာကို ပြင်၊ မပြင်က မနက်ဖြန် (ဒီဇင်ဘာ ၃၀) မှာ မဲခွဲဆုံးဖြတ်မယ်”ဟု ပြောသည်။
မြန်မာဘက်ခြမ်း အိန္ဒိယ၏ ကျူးကျော်ဝင်ရောက်မှုများ ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ တင်ပြမည်
မြန်မာ-အိန်္ဒိယနယ်စပ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေနေရာများတွင် အိနိ္ဒယနိုင်ငံဘက်မှ ကျူးကျော် နေထိုင်မှုများကို တားဆီး ရန်နှင့် လက်ရှိ ကျူးကျော်နေမှုကို ဖြေရှင်းပေးရန် အတွက် နိုင်ငံတော် သမ္မတထံ သို့ ဒီဇင်ဘာ၂၉ ရက် နေ့စွဲဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ချင်းတွင်းအထက် လူငယ်များ ကွန်ရက် မင်း ကင်းမြို့တာဝန်ခံ ကိုကျော်မင်းထွဋ်က မဇ္ဈိမကို ပြောသည်။
တောင်သူအကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေမူကြမ်း ဖေဖော်ဝါရီလကုန် အစိုးရအဖွဲ့ထံ တင်မည်
တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပြဋ္ဌာန်းပြီး သုံးလကျော်ကြာသည် အထိ ထွက်ရှိလာခြင်း မရှိသေးသည့် နည်းဥပဒေမူကြမ်းကို လာမည့်ဖေဖော်ဝါရီလကုန်တွင် အစိုးရအဖွဲ့ သို့ တင်ပြရန် စီစဉ်နေသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်း က ဒီဇင်ဘာ ၂၈ တွင် ပြောသည်။
အရေးကြီးပုဒ်မများ အလွယ်ပြင်မရရန် ပြဋ္ဌာန်းထားသည့် ၄၃၆ ကို အရင်ပြင်သင့်ဟုဆို
၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၂)ရှိ ပုဒ်မ ၄၃၆သည် အခြေခံဥပဒေပါ အခြားသော
အရေးကြီး ပုဒ်မများကို အလွယ်တကူ ပြင်ဆင်ရန် မရနိုင်သဖြင့် အဆိုပါပုဒ်မ ၄၃၆
ကို ဦးစွာ ပြင်ဆင်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမသို့
ပြောသည်။
DKBA နယ်မြေအတွင်း ဧရာဝတီတိုင်းမှ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ရှိနေ
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ အနီးတစ်ဝိုက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA ပိုင် တောင်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဧရာဝတီတိုင်းမှ လာရောက်လုပ် ကိုင် နေသူရွှေ့ပြောင်း လုပ်သား ၂၀၀ ကျော်ရှိသည်ဟု အဆိုပါလုပ်ငန်း တာဝန်ယူလုပ်ကိုင်နေသူ အထူး တပ် ကြောင်းမှ ဗိုလ်မှူးစောအေ၀မ်းက မဇ္ဈိမကို ပြောသည်။
ဘယ်သူက ဒီမိုကရေစီ ပေးမှာလဲ
( 28/12/2013 7Day သတင်းစာဆောင်းပါး။
ဒီမိုကရေစီက တဖြည်းဖြည်းပဲ ဆင့်ကဲဖြစ်စဉ်နဲ့ပေါ်ပေါက်လာနိုင်ပါတယ်။ လူထုနဲ့အစိုးရများ ဟန်ချက်ညီညီ
အားထုတ်နိုင်လေ ပေါ်ပေါက်ဖို့ရော တည်တံ့ဖို့ရော မျှော်လင့်နိုင်လေပါ။အဲဒီ အစိုးရနဲ့လူထု ဟန်ချက် ပျက်ရင် ကျနော်တို့ မျှော်လင့်သလိုဖြစ်လာဖို့မလွယ်တဲ့အကြောင်း သတိပေးချင်တဲ့ စေတနာပါ။ )
ဘယ်သူကမှ ဒီမိုကရေစီမပေးပါဘူး။ ဘယ်သူ့ဆီမှာမှလည်း ပေးစရာ ဒီမိုကရေစီ မရှိပါဘူး။
တပ်မတော်ကလည်းမပေးနိုင်သလို ပြည်ခိုင်ဖြိုးပါတီကလည်းမပေးနို င်ပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေ ကလည်းမေ ပးနိုင်သလိုဒေါ်စုလည်းမပေးနိုင်ပါဘူး။
ဒီမိုကရေစီက တဖြည်းဖြည်းပဲ ဆင့်ကဲဖြစ်စဉ်နဲ့ပေါ်ပေါက်လာနိုင်ပါတယ်။ လူထုနဲ့အစိုးရများ ဟန်ချက်ညီညီ
အားထုတ်နိုင်လေ ပေါ်ပေါက်ဖို့ရော တည်တံ့ဖို့ရော မျှော်လင့်နိုင်လေပါ။အဲဒီ အစိုးရနဲ့လူထု ဟန်ချက် ပျက်ရင် ကျနော်တို့ မျှော်လင့်သလိုဖြစ်လာဖို့မလွယ်တဲ့အကြောင်း သတိပေးချင်တဲ့ စေတနာပါ။ )
ဘယ်သူကမှ ဒီမိုကရေစီမပေးပါဘူး။ ဘယ်သူ့ဆီမှာမှလည်း ပေးစရာ ဒီမိုကရေစီ မရှိပါဘူး။
တပ်မတော်ကလည်းမပေးနိုင်သလို ပြည်ခိုင်ဖြိုးပါတီကလည်းမပေးနို
Saturday, December 28, 2013
မလေးရှားမှာပိတ်မိနေတဲ့ မြန်မာအလုပ်သမားများကို မြန်မာသံရုံးအရာရှိတွေမနက်ဖြန်တွေ့မည်
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား
အလုပ်သမားတွေက ရန်ပြုတာကြောင့် ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတွေနဲ့ အလုပ်သမားအေဂျင်စီက
ကိုယ်စားလှယ်တွေ မနက်ဖန်မှာ သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။
လယ်သမားဆင်းရဲမွဲတေမှု ဖြေရှင်းဖို့ ဝန်ကြီး ဦးမြင့်လှိုင် ပြောကြား
မြန်မာနိုင်ငံဟာ
စိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေ
ဆင်း ရဲနေသမျှ တိုင်းပြည်ကတိုးတက်လာမှာမဟုတ်ဘဲ ကမ္ဘာ့အလယ်မှာ
မျက်နှာငယ်နေရဦးမှာပဲလို့ လယ်ယာ စိုက် ပျိုးရေနဲ့ ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ကျပ်သိန်း ၁၂၀၀၀ ကျော် တန်ဖိုးရှိမြေကွက် နာရေးကူညီမှု အသင်းသို့လှူဒါန်း
နာရေးကူ ညီမှုအသင်းသို့ ကျပ်သိန်းပေါင်း ၁၂၈၀၀ တန်ဖိုးရှိသည့် မြေကွက်အား အလှူ့ဒါယိကာမတစ်ဦးက လာရောက် လှူဒါန်းသွားခဲ့ကြောင်း သိရသည်။
ထိုင်းပဋ္ဋိပက္ခ နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ စစ်ဦးစီးချုပ် သတိပေး

အစိုးရ ဆန့်ကျင် လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ ထိုင်းနိုင်ငံမှာ ၂ ဖက်စလုံးက ထိန်းထိန်း သိမ်း သိမ်း ဆောင်ရွက်ကြဖို့ စစ်တပ်အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့တော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocah က မတင်မကျပဲ ပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေမှာ ဘာမဆိုဖြစ်နိုင်တယ်လို့လည်း သတင်းထောက်တွေကို ပြောသွားပါတယ်။
Friday, December 27, 2013
ရှစ်မိုင်လမ်းဆုံတွင် ဂျပန်နည်းပညာအသုံးပြုထားသည့် ခေတ်မီမီးပွိုင့်စမ်းသပ်တပ်ဆင်
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့တတ်သည့်နေရာများထဲမှ တစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ် ရှစ်မိုင် လမ်း ဆုံတွင် ဂျပန်နည်းပညာဖြင့်ပြုလုပ်ထားသည့် အဆင့်မြင့် ခေတ်မီမီးပွိုင့်အား စမ်းသပ်တပ်ဆင် အသုံးပြုနေကြောင်း သိရသည်။
ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်
ဒဂုံဆိပ်ကမ်းမြို့နယ် တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် သာရှိကြသည့်
ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူ က သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့်
အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး က သတင်းထုတ်ပြန်ထားသည်။
အရက်ကြောင်ကြောင်ပြီး မိမိကိုယ်မိမိ လှံဖြင့်ထိုးသတ်
မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ် ဆုံကုန်းကျေးရွာနေ စိုးလွင် သည် ယခုလ ၂၃ ရက် နံနက် ၁ဝ နာရီ ၁၅မိနစ်က အရက် အလွန်အကျွံ သောက်စားခဲ့ပြီး မူးယစ်ကာစိတ်ကယောင်ချောက်ချား ဖြစ်ပြီး ဝမ်း ဗိုက်အောက်အားလှံဖြင့် မိမိကိုယ်မိမိထိုးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဒဏ်ရာသက်သာ ချင်းပြည်ခရီးစဉ် မူလစီစဉ်သည့်အတိုင်း သွားမည်
ခြေထောက်နှစ်ဖက်စလုံး အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ပြီး ၁၀ ရက်အကြာတွင်
ချုပ်ရိုးဖြည်မှုပြု လုပ်ပြီး နောက် ဒီဇင်ဘာ ၂၆ ရက်တွင်
ပြန်လည်သက်သာလာပြီဖြစ်၍ ဇန်န၀ါရီလဆန်းပိုင်းအတွင်း သွားရောက်ရန်
စီစဉ်ထားသည့် ချင်းပြည်နယ်ခရီးစဉ်ကို သွားရောက်နိုင်ပြီဖြစ်သည်ဟု သူ၏
မိသားစု ဆရာဝန် ဒေါက် တာတင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။
လူနှစ်ဦးသေဆုံးခဲ့သည့် အဲပုဂံလေယာဉ်ပျက်ကျမှု တစ်နှစ်ကြာတွင် အစီရင်ခံစာထွက်
လူနှစ်ဦးသေဆုံးခဲ့သည့် အဲပုဂံ လေယာဉ်ပျက်ကျပြီး တစ်နှစ်အကြာတွင်
စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တစ်စောင်ကို ဒီဇင်ဘာလ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်ဟု
စုံစမ်းရေး အဖွဲ့ခေါင်းဆောင် လေကြောင်း ပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊
ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဆွေထွန်းက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ထွက်ရှိလာသည့် အစီရင်ခံစာကို ပို့ဆောင်ရေးဝန်ကြီးဌာနသို့
တင်ပြထားပြီးဖြစ်ကာ ၀န်ကြီး ဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သို့
ပြန်လည်ညွှန်ကြားလာမှသာ အစီရင်ခံစာပါအတိုင်း အကောင် ထည် ဖော်
ဆောင်ရွက်ခြင်းနှင့် ပြည်သူများထံ အသိပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု
၎င်းက ဆိုသည်။
အစိုးရက မိတ်ကပ်အဖွဲ့ကို အသိအမှတ်မပြုလို့ပြော

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ ၀ိုင်းဝန်းကူညီပေးခဲ့သူတွေကို နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ရာမှာ မိတ်ကပ် အခမဲ့ ကူညီပြင် ဆင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုဖို့ ပျက်ကွက်နေကြောင်း မိတ်ကပ်ပညာရှင်အဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြောလိုက်ပါတယ်။
ရဲအယောင်ဆောင်လူတစ်စု နေအိမ်ပေါ်ထိ ၀င်ရောက်လုယက်မှု တိုင်းအဆင့် ကိုင်တွယ်နေရ
ထန်းတပင်မြို့နယ် ရိုးလေးကျေးရွာရှိ နေအိမ်တစ်ခုသို့
အမျိုးသမီးတစ်ဦးပါဝင်သည့် ရဲဝန်ထမ်း အယောင် ဆောင် လူတစ်စုက ညဘက်တွင်
နေအိမ်ပေါ်ထိ တက်ရောက်ပြီး ခြိမ်းခြောက်လုယက်ခဲ့မှုကို တိုင်းရဲ အဆင့်
ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်း ဖော်ထုတ်နေသည်ဟု အခင်းဖြစ်ပွားခဲ့သည့်
တက်သစ် နယ်မြေ ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်စိန်သော်က ဒီဇင်ဘာ ၂၆ တွင်
မဇ္ဈိမကို ပြောသည်။
“တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေ ပူးပေါင်းပြီး ရအောင် ဖော်ထုတ်နေပါတယ်။ ဖော်ထုတ်ရနိုင်မယ့်အခြေ အနေမှာ ရှိနေပါတယ်။ ပြစ်မှုကျူးလွန်သူတွေက အယောင်ဆောင်ဖြစ်တယ်ဆိုတာ သေချာပါတယ်” ဟု ဆိုသည်။
“တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေ ပူးပေါင်းပြီး ရအောင် ဖော်ထုတ်နေပါတယ်။ ဖော်ထုတ်ရနိုင်မယ့်အခြေ အနေမှာ ရှိနေပါတယ်။ ပြစ်မှုကျူးလွန်သူတွေက အယောင်ဆောင်ဖြစ်တယ်ဆိုတာ သေချာပါတယ်” ဟု ဆိုသည်။
ယခုအချိန်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့်အချိန်ဖြစ်သည့်အတွက် ကြက်မွေးမြူရေးလုပ်ငန်းရှင်များ သတိရှိရှိဖြင့် ကာကွယ်မှုများ လုပ်ထားသင့်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ကြက်၊ ဘဲဈေးအား တွေ့ရစဉ်
ယခုအချိန်အခါသည် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့် အချိန်အခါ
ဖြစ်သည့်အတွက် ကြက်မွေးမြူရေး လုပ်ငန်းရှင်များမှာ သတိရှိရှိဖြင့်
ကာကွယ်မှုများလုပ်ထားသင့်သည်။
အဆိုပါ ကြက်ငှက်တုပ်ကွေးရောဂါသည် ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့်
မတ်လ တို့တွင် ဖြစ် ပွားလေ့ ရှိကြောင်း သိရှိရပြီး တရုတ်နိုင်ငံနှင့်
ရုရှားနိုင်ငံ တို့မှ မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိ လာသည့်
ဆောင်းခို ငှက်များမှ တစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်ကြောင်း
မွေးမြူရေး ၊ရေ လုပ်ငန်းနှင့်
ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်ဇော်က The Daily Eleven သတင်းစာသို့
ပြောကြားသည်။
ထိုင်းဆန္ဒပြပွဲ သေကြေ ထိခိုက်မှုရှိ

ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ထိုင်းရွေးကောက် ပွဲကော် မရှင်ရဲ့ ပန်ကြားချက်ကို ထိုင်းအစိုးရက ပယ်ချ လိုက်ပါတယ်။
ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပုံသက် သက်ပ်ကန်ဇာန (Pongthep Thepkanjana) က ကြာသပတေးနေ့ မှာ နိုင်ငံတော် ရုပ်သံ မိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်ရှိ အိုးအိမ်ပိုင် မြေကွက်ပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုကို ထိပ်တိုက်ရင်ဆိုင်မှု မပြုတော့ဘဲ ဥပဒေအရသာ အရေးယူသွားမည်

ရွှေလင်ဗန်း ချောင်းဘေးရှိ မြေကွက်များပေါ်တွင် ကျူးကျော်တဲများ ဆောက်လုပ်နေသည်ကို ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက် ရွှေလင်ဗန်းချောင်း ကမ်းဘေးရှိ
အိုးအိမ်ပိုင် မြေကွက်လွတ်များပေါ်တွင် ကျူးကျော်တဲများ ဆက်လက်
ဆောက်လုပ်နေမှုအပေါ် ဥပဒေအရသာ အရေးယူသွားမည်ဟု အဆိုပါ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဒီဇင်ဘာ ၂၆ ရက်တွင် The Daily
Eleven သတင်းစာသို့ ပြောကြားသည်။
၎င်းက “ကျွန်တော်တို့ ဘက်ကတော့ ဒီနေရာဟာ မြေလွတ်မဟုတ်ဘူး။
အိုးအိမ်ပိုင်ဖြစ်တယ် ဆိုတာကို အကြိမ်ကြိမ် အသိပေး ကြေညာထားပြီးပါပြီ။
ဒါပေမဲ့ သူတို့ဘက်က ဒါကိုလက်မခံဘဲ ကျူးကျော်တဲတွေ ဆက်ထိုးနေတဲ့အတွက် ဥပဒေအရ
တရားစွဲဆို အရေးယူသွားလို့ ရပါတယ်။ နောက်ပြီး ကျူးကျော်တဲ ထိုးတဲ့သူတွေက
တုတ်၊ ဓားတွေနဲ့ အုပ်စုဖွဲ့ ကင်းစောင့်နေရင် လက်နက်ဥပဒေနဲ့ အရေးယူသွားမယ်”
ဟု ပြောကြားသည်။
တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှု အဓိက ဦးဆောင်သူကို မြ၀တီမြို့၌ ဖမ်းဆီးရမိ

ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် ပိတ်စွယ်ကုန်းကျေးရွာ ကားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် နိုဝင်ဘာအတွင်းက လင်မယားနှစ်ဦးအား ငွေကျပ် သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှုတွင် အဓိကကျူးလွန်သူ ကထီး (ခ) သူရဇော်ဦး ဆိုသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ပြန်ပေးဆွဲမှုတွင် အဓိကဦးဆောင်သူ ဖြစ်သည့် ကထီး (ခ) သူရဇော်ဦးကို မြ၀တီမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယခင်ဦးစွာ ဖမ်းမိထားသူ သုံးဦးဖြစ်သည့် စိုးမင်းဦး (ခ) သံပါးစပ်၊ သက်ကိုနှင့် ကျော်မြင့်တို့ကို ဒီဇင်ဘာ ၂၆ ရက်တွင် သန်လျင်မြို့နယ် တရားရုံးသို့ ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရ သည်။
Subscribe to:
Posts (Atom)

