Saturday, April 13, 2013

မန္တလေးမြို့ တော်ဝန်မ ဏ္ဍပ်ဖွင့်ပွဲ အခမ်းအ နားမြင် ကွင်း

Photo
မန္တလေးမြို့တော် မဟာသင်္ကြန် မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၅နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။ စိုင်းလမင်း
Popular Myanmar News Journal

ဂျပန်မှာ ရဲတပ်ဖွဲ့နှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်း စုကြည်၏ ပြောကြား ချက်များ

Photo: ဂျပန်မှာ ရဲတပ်ဖွဲ့နှင့် ပတ်သတ်၍  ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များ

Saturday, April 13, 2013

ရဲတပ်ဖွဲ့ကို မကောင်းပြောကြတာ များတယ်၊ တကယ်တော့ တတိုင်းပြည်လုံးက မကောင်းခဲ့တာပါ။ ကျွန်မကတော့ အပြစ်ရှာတာထက် အဖြေရှာရတာကို ပိုစိတ်ဝင်စားပါတယ်၊ ရဲတွေကို လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုတွေ လုပ်ပေးဖို့ လိုပါတယ်။ ရဲတွေထဲမှာလည်း တိုင်းပြည်အပေါ် တကယ့်ကို စိတ်ကောင်း စေတနာ ရှိတဲ့သူတွေ ရှိပါတယ်။ ယူနီဖောင်း ပြောင်းရုံနဲ့ မရပါဘူး၊ စိတ်ပါ ပြောင်းရပါမယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ပြောချင်တာက စိတ် မပျက်ပါနဲ့၊ စိတ်ဓာတ် မကျပါနဲ့။

(ဒေါ်အောင်ဆန်းစုကြည်၊ တိုကျိုက မြန်မာမိသားစုနဲ့ ဧပြီ ၁၃ တွေ့ဆုံမှုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်)။

BBC
ရဲတပ်ဖွဲ့ကို မကောင်းပြောကြတာ များတယ်၊ တကယ်တော့ တတိုင်းပြည်လုံးက မကောင်းခဲ့တာပါ။ ကျွန်မကတော့ အပြစ်ရှာတာထက် အဖြေရှာရတာကို ပိုစိတ်ဝင်စားပါတယ်၊ ရဲတွေကို လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းမှုတွေ လုပ်ပေးဖို့ လိုပါတယ်။

တင်းမာမှု ထိန်းဖို့ အမေရိကန် နဲ့ရုရှား မြောက်ကိုရီး ယားကို တိုက်တွန်း

Photo: တင်းမာမှုထိန်းဖို့ အမေရိကန်နဲ့ရုရှား မြောက်ကိုရီးယားကိုတိုက်တွန်း

Saturday, April 13, 2013

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ နောက်ထပ်တိုးလာအောင် မလုပ်ဖို့ အမေရိကန် နဲ့ ရုရှားနိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းလိုက် ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူတို့ခြိမ်းခြောက်နေသလိုမျိုး နောက်ထပ် ဒုံးကျည် စမ်းသပ်မှု လုပ်မယ်ဆိုရင် အကြီးအကျယ်မှားယွင်းမှုဖြစ်မယ်လို့ အမေရိကန် နိုင် ငံခြားရေးဝန်ကြီး John Kerry က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက် ရှိနေစဉ် သောကြာနေ့က ပြောလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ ကို လေ့လာပြီး၊ သူတို့ရဲ့ နျူးကလီးယားစီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတဲ့ ၆ နိုင်ငံဆွေးနွေးပွဲကို ပြန်လည်စတင်ဖို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Igor Morgulov က မော်စကိုမြို့မှာ ပြောကြားလိုက်ပါတယ်။

ဒု-နိုင်ငံခြာရေးဝန်ကြီး မော်ဂူလော့ဗ်ဟာ ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါ တယ်။ မြောက် ကိုရီးယားက အမေရိကန်နိုင်ငံ ပင်မကုန်းမြေ အပါအ၀င် ဒေသ တွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို နျူးကလီးယားနဲ့ တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ မြောက်ကိုရီးယား က နောက်ထပ် ဒုံးကျည် စမ်းသပ်မှုတခု လုပ်ဖို့ နောက်ဆုံး အဆင့်ကို ရောက်နေပြီလို့ သတိပေးထား ပါတယ်။

အဲဒီ ဒုံးကျည်စမ်းသပ်မှုဟာ အချိန်မရွေးဖြစ်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မြောက်ကိုရီးယား သူတို့ရဲ့ ခေါင်း ဆောင်ဟောင်း ကင်အီဆွန်းရဲ့ မွေးနေ့ဖြစ်တဲ့ တနင်္လာနေ့လောက်မှာ ဒုံးကျည်စမ်းသပ်တာတွေ ကို လုပ်လာနိုင်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်ခင်ဗျာ။

VOA

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ကွယ်လွန်သူ ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးလ်တို့ဓာတ်ပုံအား မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်းအထိမ်းအမှတ် အခမ်းအနားဓာတ်ပုံအဖြစ် တွေ့ရစဉ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ နောက်ထပ်တိုးလာအောင် မလုပ်ဖို့ အမေရိကန် နဲ့ ရုရှားနိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းလိုက် ပါတယ်။

အချိန်ဖြုန်းလို့ကောင်းသော Web sties များ

( သင်္ကြန်အတွက် အထူးစပယ်ရှယ် ပို့စ် :P )

သင်္ကြန်မှာ အိမ်မှာနေရလို့ ပျင်းနေပြီလား။ မပူနဲ့ Mr.AD ကူညီပါ့မယ်။
သင်္ကြန်တွင်းမှာ အိမ်မှာပဲနေမယ်ဆိုသူများအတွက် အချိန်ဖြုန်းစရာ
အပျင်းပြေ ကြည့်ရှုနိုင်သော စိတ်ဝင်စားစရာ web sties တွေကို ..
ဘ၀တူ သယ်ရင်းတွေအတွက်ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ် :))

(1) http://mono-1.com/monoface/main.html
Flash နဲ့တည်ဆောက်ထားတဲ့ website အလန်းတစ်ခုဖြစ်ပါတယ်။
မျက်နှာကို အမျိုးမျိုးပြောင်းလဲလို့ရအောင် ဖန်တီးပေးထားပါတယ်။
ဝင် ကလိကြည့်လိုက်ပါ။ ပျော်စရာကောင်းတယ်။ ရယ်လဲရယ်ရတယ်။

မြန်မာ သင်္ကြန်ပွဲကို ၀င်ရောက် ဆင်နွှဲနေတဲ့ နိုင်ငံခြားသား မိသားစု တစ်စု

Photo: မြန်မာ သင်္ကြန်ပွဲကို ၀င်ရောက် ဆင်နွှဲနေတဲ့ နိုင်ငံခြားသား မိသားစု တစ်စု

သင်္ကြန် ကာလ ရန်ကုန်တိုင်းေ ဒသကြီး အတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိ

Photo: သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိ

Saturday, April 13, 2013

၁၃၇၄ ခုနှစ် သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီး၌ ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသ

ကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက Eleven Media Group သို့ မွန်းလွဲ ၂ နာရီက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ဝင်ထွက်သွား

လာနိုင်သည့် ဂိတ်ပေါက်များဖြစ်သည့် တိုးဂိတ်များ၊ လေဆိပ်၊ ရေဆိပ်

များနှင့် အခြားလမ်းများတွင်လည်း လုံခြုံရေး တင်းကြပ်စွာ ဆောင်ရွက်

လျက်ရှိကြောင်း သိရှိရသည်။

သင်္ကြန်ကာလအတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ

အနေဖြင့် လှည့်ကင်းပတ်ကင်းများဖြင့် ဆောင်ရွက်နေသည့်အပြင် အ

ရေးပေါ် အခြေနေများနှင့် ကြုံတွေ့လာပါက အမြန်ဆုံးဖြေရှင်းနိုင်ရန် ရဲတပ်ဖွဲ့ဝင်များကိုလည်း အသင့်ထားရှိထားကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးဆောင်

ရွက်နေမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေး

ရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက "တိုင်းတစ်ခုလုံးအနေနဲ့ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားက လူဦးရေ ၃၀၀၀ အထက်မှာရှိတယ်။ ဒါ့အပြင် မြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်တာဝန်ရှိသူတွေနဲ့ လုံခြုံရေး ဆောင်ရွက်နေတယ်။

လုံခြုံရေး အဓိက ဆောင်ရွက်နေတဲ့ နေရာကတော့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နိုင်တဲ့ နေရာတွေ၊ ရန်ကုန်တိုင်းဒေသကြီးကို ဝင်ထွက်သွားလာနိုင်တဲ့ဂိတ်ပေါက်တွေနဲ့ မဏ္ဍပ်အများဆုံး ရှိတဲ့နေ

ရာတွေပဲ ဖြစ်ပါတယ်။ အခုချိန်ထိတော့ အားလုံးအေးအေးချမ်းချမ်းနဲ့ ယဉ်ကျေးမှုနှင့်အညီ ပျော်ပါးစွာဆော့ကစားနေကြတယ်။

တိုင်းအတွင်းမှာ ပြဿနာ တစ်ခုမှမဖြစ်အောင် အားလုံးစီစဉ်ထားပါတယ်"

ဟု သုံးသပ်ပြောကြားခဲ့သည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ မဏ္ဍပ် စုစုပေါင်း ၄၀ ကျော်ရှိပြီး မဏ္ဍပ်အများဆုံးရှိသည့် လမ်းများမှာ ကန်တော်ကြီး ပတ်

လမ်းအတွင်း မဏ္ဍပ် ၁၇ ခု၊ ပြည်လမ်းအတွင်း မဏ္ဍပ် ၂ ခု၊ ကမ္ဘာအေးတွင် ၁၀ ခုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မဏ္ဍပ်နေရာချထားရေး ကော်မတီမှ သိရှိရသည်။

သင်္ကြန်အကြိုနေ့တွင် ကန်တော်ကြီးပတ်လမ်းအတွင်း လုံခြုံရေးဆောင်ရွက်

လျက်ရှိသော ရဲတပ်ဖွဲ့ဝင်အချို့

Eleven Media Group
၁၃၇၄ ခုနှစ် သင်္ကြန်ကာလ ရန်ကုန်တိုင်းဒေသကြီး၌ ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက Eleven Media Group သို့ မွန်းလွဲ ၂ နာရီက ပြောကြားခဲ့သည်။

နေပြည်တော် ဟိုတယ်ဇုန် ရေကစား မဏ္ဍပ်များ အကြိုနေ့ မြင်ကွင်းများ

Photo
သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ ရေကစားမဏ္ဍပ်များအား နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်းများဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးရာ ဘုရားရေ သပ္ပာယ်ပွဲ ရွှေတိဂုံအေ ရှ့ဘက်မုဒ် ရခိုင် ဓမ္မာရုံတွင် ကျင်းပ

Photo: ရခိုင်ရိုးရာ ဘုရားရေသပ္ပာယ်ပွဲ ရွှေတိဂုံအရှေ့ဘက်မုဒ် ရခိုင် ဓမ္မာရုံတွင် ကျင်းပ

Saturday, April 13, 2013

ရခိုင်ရိုးရာ ဘုရားရေသပ္ပာယ်ပွဲကို ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ရခိုင်အသင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘုရားရေသပ္ပာယ်ပွဲကို အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ရခိုင်သ

င်္ကြန် ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ရခိုင် ရေလောင်းမဏ္ဍပ်

ဝင် ရခိုင်သူများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် ရခိုင်ရေလောင်းမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကိုလည်း သုဝဏ္ဏအာကစား

ကွင်းတွင် မွန်းလွဲ ၃နာရီခန့်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group
ရခိုင်ရိုးရာ ဘုရားရေသပ္ပာယ်ပွဲကို ဧပြီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ရခိုင်အသင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကန်တော်ကြီး ပတ်လမ်း ရေကစား မဏ္ဍပ်

Photo
RFA

ရန်ကုန်မြို့ တော်ဝန် ရေပက် မဏ္ဍပ်

Photo
RFA

မြန်မာ့နှစ် သစ်ကူး သင်္ကြန်ပွဲတော် အခါသမာ ယအား မြန်မာနို င်ငံရှိ တရုတ်ပြည်သူ့ သမ္မတနို င်ငံသံရုံးက ဆုတောင်း စကား ထုတ်ပြန်

Photo: မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်အခါသမာယအား

မြန်မာနိုင်ငံရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးက

ဆုတောင်းစကား ထုတ်ပြန်

Saturday, April 13, 2013

Happy the auspicious water festival and happy Myanmar new year to all Myanmar people!

Best wishes for the prosperity and development of Myanmar and good livelihood of the Myanmar people!

Yangon Media Group
Happy the auspicious water festival and happy Myanmar new year to all Myanmar people!Best wishes for the prosperity and development of Myanmar and good livelihood of the Myanmar people!
Yangon Media Group

မန္တလေး သင်္ကြန် အကြိုနေ့ နံနက်ပိုင်း မြင်ကွင်းများ

Photo
မြ၀တီ

ဒေါ်စု လာရော က်မယ့် ကိစ္စ ဂျပန်ပြည် သူတွေစိတ် ၀င်စား

Photo: ဒေါ်စုလာရောက်မယ့်ကိစ္စ ဂျပန်ပြည်သူတွေစိတ်ဝင်စား

Saturday, April 13, 2013

မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် စတင်မယ့် ဂျပန်နိုင်ငံခရီးစဉ်ကို ပြည်ပရောက် မြန်မာတွေသာမက ဂျပန်နိုင်ငံသားတွေပါ စိတ်ဝင်စားနေကြပါတယ်။ နှစ်ပေါင်း ၃၀ လောက်မှာ ပထမဆုံးအကြိမ် သွားမယ့် ဂျပန်နိုင်ငံ ခရီးစဉ်က ဂျပန်-မြန်မာ ဆက်ဆံရေးမှာလည်း တဖက်တလမ်းက အထောက်အကူ ဖြစ်မယ်လို့လည်း မျှော်လင့်သူတွေ ရှိနေကြတာပါ။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်ကိုတော့ ကိုအောင်လွင်ဦး က စုံစမ်းတင်ပြပေးထားပါတယ်။

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဒီလ ၁၉ ရက်အထိ သတင်းတစ်ပတ်ကြာ သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာတော့ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာ ဖြစ်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကြေညာချက်ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒီလိုပဲဂျပန်နိုင်ငံ ရောက် မြန်မာနိုင်ငံသားတွေနဲ့လည်းစနေနေ့ ရောက်ရောက်ချင်း ဆိုသလို တွေ့ဆုံဖို့ စီစဉ်ထားတဲ့အကြောင်း တိုကျိုမြို့တော်က မြန်မာ့အရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုသောင်းမြင့်ဦး ကပြောပါတယ်။

“ဒေါ်စုနဲ့ ကျိုတိုမှာရှိတဲ့  မြန်မာမိသားစုတွေနဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားပါ တယ်။ နောက် ၁၅ ရက်နေ့၊ တနင်္လာနေ့မှာတော့ ကျိုတို တက္ကသိုလ်မှာ ကျောင်း တက်ခဲ့တဲ့နေရာမှာလည်း အားလုံးကို စကားပြောရင်းနဲ့ တဘက်မှာလည်း အဲဒီ ဂျပန်အနောက်ပိုင်း တဝိုက်မှာရှိတဲ့ ဗမာတွေနဲ့ တွေ့ဖို့လည်း စီစဉ်ထားတယ်။ ဒါ ကျနော်တို့ ဗမာတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်ပေါ့နော်။ ဝန်ကြီးချုပ်နဲ့ လည်း တွေ့မယ်ပြောတယ်။ ဂျပန် ဘုရင့်အမျိုးအနွယ်တွေနဲ့လည်း တွေ့မယ် လို့တော့ ကြားထားတယ်။”

နာမည်ကျော် ကျိုတိုတက္ကသိုလ်မှာ လွန်ခဲ့တဲ့ ၁၉၈၅ - ၈၆ ခုနှစ်တွေမှာတုန်းက သုတေသီအဖြစ် လေ့လာဆည်းပူးရင်း ဂျပန်နိုင်ငံမှာ နေထိုင်ခဲ့ဖူး တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတကြိမ် ခရီးစဉ်ကိုတော့ အဝေးရောက် မြန်မာနိုင်ငံသားတွေ သာမက ဂျပန်လူထုကြားမှာပါ အကြီး အကျယ် စိတ်ဝင်စားနေကြတာပါ။ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာ တဦးလည်းဖြစ်၊ မြန်မာ့အရေး ကျွမ်းကျင်သူတဦးလည်းဖြစ်တဲ့ မစ္စတာ တာနာဘဲ ခေါ် ဦးရွှေဘ ကတော့ မြန်မာ့နိုင်ငံရေးအကြောင်း ထဲထဲဝင်ဝင် မသိသူတွေကအစ အခုခရီးစဉ်ကို စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။

“ဂျပန်နိုင်ငံအနေနဲ့တော့ ဗမာပြည်အခြေအနေ၊ ဗမာပြည် ဘယ်လိုဖြစ်နေလဲ ဆိုတာကို မသိတဲ့လူ များပါတယ်။ ဒါပေမဲ့ ဒေါ်အောင် ဆန်းစုကြည်ဆိုရင် ဘယ်သူမဆို သိတယ်။ လူထုခေါင်းဆောင်လည်းဖြစ်တယ်၊ နိုင်ငံတကာမှာလည်း နာမည် ကျော်ကြားတယ်။ နိုဘဲလ်ဆုရှင်လည်း ဖြစ်တယ်။ အဲဒီအမျိုးသမီး ဂျပန်ကိုလာမှာပဲ-ဆိုပြီး ပြောနေကြတာပဲ များပါတယ် ခင်ဗျ။”

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ နှစ်ပေါင်းများစွာ ထိန်းသိမ်း ခံနေရာက လွတ်မြောက်လာပြီး လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်က ၂ နိုင်ငံ ဆက်ဆံရေးတွေ ပိုမိုနားလည် မှုတွေ၊ ရင်းနှီးမှုတွေ တည်ဆောက်နိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာထားတာပါ။ တချိန်တည်းမှာပဲ ဂျပန် လုပ်ငန်းရှင်တွေကြားမှာလည်း စီးပွားရေးအရ ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ မျှော် လင့်ချက်တွေလည်း ကြီးထွားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရရဲ့ တာဝန်ရှိသူတဦးမဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ဂျပန် စီးပွားရေးသမားတွေ မျှော်လင့်နေသလို ရလဒ်မျိုးကတော့ ထွက်ပေါ် မလာနိုင်ဘူးလို့ ဂျပန်နိုင်ငံသား ၀ါရင့် သတင်းစာဆရာ ဦးရွှေဘ ကသုံးသပ်ပါတယ်။

“ယေဘုယျသဘောနဲ့ ဒီ - နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု အရင်ကထက် ပိုမြှင့်တင်လာမယ်ဆိုတာ၊ နက်ရှိုင်းလာမယ်ဆိုတာ သေချာပါတယ်။ ဂျပန်စီးပွားရေးသမားတွေက ဒေါ်စုလာမှာကို အခွင့်ကောင်းယူပြီးတော့ ဗမာပြည်ဈေးကွက်ထဲကို ကူညီ ထောက်ပံ့ဖို့ ဆိုတာမျိုး ဆန္ဒပြင်းပျတယ် ထင်ပါရဲ့။ ဒါပေမဲ့ ဒါကတော့ စီးပွားရေးအရလည်း ဂျပန်က ဗမာပြည်ကို ဒိထက်ပို လုပ်ငန်းတိုးချဲ့ဖို့ ရှိနေချိန်မှာပဲ- အဲဒါက ဒေါ်စုလာတဲ့ကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စ မဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး အကူအညီတွေ အဓိကပေးအပ်နေတဲ့ တိုင်းပြည် တခုဖြစ်တဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံ ပေးစရာ ရှိနေတဲ့ ပြည်ပကြွေးမြီ ဒေါ်လာ သန်းတစ်ထောင်လောက်ကို ပေးချေနိုင်အောင် ဒီနှစ်ဆန်းပိုင်းကပဲ ကြားဝင် ကူညီထားတာပါ။ ဒီလိုပဲ မြန်မာနိုင်ငံ ဘဏ္ဍာရေးလောကအတွက် အထောက် အကူဖြစ်စေမယ့် အစုရှယ်ယာ ဈေးကွက်တခု ဖန်တီးနိုင်ဖို့လည်း တိုကျို စတော့အိပ်ချိန်းနဲ့ Daiwa Securities ကုမ္ပဏီတွေက ကူညီနေတာ ဖြစ်ပါတယ်။

၂ နိုင်ငံကြား ရင်နှီးမြုပ်နှံမှု၊ ကုန်သွယ်မှုတွေ တိုးမြှင့်ဖို့ မျှော်လင့်နေတဲ့ ဂျပန်နိုင်ငံက လတ်တလော မြန်မာနိုင်ငံတွင်း စီမံကိန်းပေါင်း ၃၅ ခုမှာလည်း ၀င်ရောက် လုပ်ကိုင်နေပြီး ဒီအထဲမှာ ရန်ကုန်-သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းကတော့ အကြီးဆုံးတခုလည်း ဖြစ်ပါတယ်။

VOA

ဂျပန်နိုင်ငံကို သီတင်းတစ်ပတ်ကြာထွက်ခွာမည့် ဒေါ်အောင်ဆန်းစုကြည်အား မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ်တွင် တွေ့ရစဉ်။ (ဧပြီ ၁၂၊ ၂၀၁၃။)
မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖြန် စတင်မယ့် ဂျပန်နိုင်ငံခရီးစဉ် ကို ပြည်ပရောက် မြန်မာတွေ သာမက ဂျပန်နိုင်ငံသားတွေပါ စိတ်ဝင်စားနေကြပါတယ်။

ပထမဆုံး အကြိမ် ရန်ကုန် တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ရေကစား မဏ္ဍပ်ဖွင့်ပွဲ

Photo: ၁၃၇၄ ခုနှစ် မဟာသင်္ကြန် အထိမ်အမှတ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရေကစားမဏ္ဍပ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံအကြိမ်အဖြစ် ရန်ကုန်မြို့ပြည်လမ်းတွင် ဧပြီလ ၁၃ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း အပါအဝင် တိုင်းဒေသကြီး ဝန်ကြီးများနှင့် အနုပညာရှင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရေကစားမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှစတင်၍ အတက်နေ့အထိ အနုပညာရှင်များ အဆိုတော်များ ယိမ်းအဖွဲ့များမှ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၁၃၇၄ ခုနှစ် မဟာသင်္ကြန် အထိမ်အမှတ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရေကစားမဏ္ဍပ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံအကြိမ်အဖြစ် ရန်ကုန်မြို့ပြည်လမ်းတွင် ဧပြီလ ၁၃ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်မြို့ တော်ဝန် မဏ္ဍပ်ဖွင့်ပွဲ

Photo: ၁၃၇၄ ခုနှစ် မဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင် မဟာသင်္ကြန် အကြိုနေ့ (ဧပြီ ၁၃) နံနက် ၈ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ လက်ရှိဖြစ်ပွားနေသည့် ပြသနာများနှင့် ကောလာဟလ အချို့ကြောင့် ယခုနှစ် သင်္ကြန်တွင် ပြည်သူများအနေဖြင့် စိုးရွံမှုများ ရှိနေသော်လည်း ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်အား ပုံမှန်အတိုင်း စည်ကားစွာဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မြန်မာနိုင်ငံအတွင်း နေထိုင်သည့် ပြည်သူများ အနေဖြင့် တသွေးတသားတည်း မှီတင်းနေထိုင်သည့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတွင် ညီရင်းအကို စိတ်ဓာတ်ဖြင့် ပျော်ရွှင်ရန်နှင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအနေဖြင့်  လက်ရှိထွက်ပေါ်နေသည့် သတင်းများမှာ ကောလာဟလများသာဖြစ်ပြီး အဆိုပါ ကောလာဟလများအား မယုံကြည်ရန် အဖွင့်အမှာစကား၌ ထည့်သွင်း ပြောကြားခဲ့သည်။
၁၃၇၄ ခုနှစ် မဟာသင်္ကြန်ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင် မဟာသင်္ကြန် အကြိုနေ့ (ဧပြီ ၁၃) နံနက် ၈ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံနှစ် သစ်မှာ ငြိမ်းချမ်းဖို့ အမေရိကန် ဆုတောင်း

Photo: မြန်မာနိုင်ငံနှစ်သစ်မှာ ငြိမ်းချမ်းဖို့ အမေရိကန်ဆုတောင်း

Saturday, April 13, 2013

မန်မာပြည်သူတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူး သင်္ကြန်အခါ သမယ ဖြစ်ပါစေလို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ အမေရိကန် ပြည်သူတွေ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး John Kerry က နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အခုလို နှစ်သစ်ကူးအချိန်အခါသမယမှာ မိသားစုတွေနဲ့အတူ မြန်မာပြည်သူတွေ အားလုံး ငြိမ်းချမ်၊ လုံခြုံမှုရှိပြီး၊  ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူးဖြစ်ပါစေလို့ အမေရိကန်ပြည်သူတွေက ဆုမွန်ကောင်းတောင်းတဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီး ကယ်ရီက ပြောကြားလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေကြောင့် လူအတော်များများက သင်္ကြန်အတွင်း လုံခြုံရေးအပေါ်စိုးရိမ်မှုတွေဖြစ်ပေါ်နေတာပါ။

ဒီကနေ့ကနေ စတင်တဲ့ သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်နဲ့ တခြား မြို့တွေ မှာ လုံခြုံရေးကို အထူး တင်းကြပ်ထားတယ်လို့ မြန်မာ အာဏာပိုင်တွေက ပြော ပါတယ်။ ဒါ့အပြင် ဘေးကင်းလုံခြုံဖို့အတွက် ပြည်သူတဦးချင်းစီမှာလည်း လုံခြုံရေး အသိရှိဖို့ကလည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

ရန်ကုန် နဲ့ မန္တလေးမြို့တွေမှာ ရဲတပ်ဖွဲ့ဝင်အင်အားကို ပြီးခဲ့တဲ့နှစ်တွေကထက် ၂ ဆ တိုးချဲ့ထားပြီး သင်္ကြန်အတွင်း တုတ်၊ ဒါးလက်နက် ကိုင်ဆောင်တာတွေ ကို တွေ့ရင်လည်း အရေးယူသွားမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ဆိုထားပါတယ်။

VOA

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။
မန်မာပြည်သူတွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူး သင်္ကြန်အခါ သမယ ဖြစ်ပါစေလို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားနဲ့ အမေရိကန် ပြည်သူတွေ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး John Kerry က နှစ်သစ်ကူး ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မြောက်ကို ရီးယားကို ဖျောင်းဖျဖို့ တရုတ် အကူအညီ ကယ်ရီ တောင်း

Photo: မြောက်ကိုရီးယားကို ဖျောင်းဖျဖို့ တရုတ် အကူအညီ ကယ်ရီ တောင်း

Saturday, April 13, 2013

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် တပ်ဆင်မယ့် ရည်ရွယ်

ချက်တွေကို တားမြစ် ဖျောင်းဖျ ရအောင် မြောက်ကိုရီးယားရဲ့ မဟာမိတ် တရုတ်ကို အကူအညီတောင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြင်ဆင်နေပါတယ်။

ဒီနေ့ စနေနေ့မှာ ဘေဂျင်းကို ရောက်ရှိတော့မယ့် မစ္စတာ ကယ်ရီ က မနေ့က တောင်ကိုရီးယားမှာ ပြောကြားရာမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ် ရပ်တန့်သွားအောင် ထိရောက်တဲ့ မူဝါဒတွေ

ကို ချမှတ် လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား ဟာ နျူကလီးယား အင်အားကြီး နိုင်ငံ ဖြစ်သွားမှာကို လက်မခံနိုင်ပါဘူး ၊ လူအများ ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြတဲ့ ဒုံးကျည် ပစ်လွှတ်မယ့် ကိစ0x081စကလည်း အန္တရာယ် အတိ ဒုက္ခရောက်စေလိမ့်မယ်လို့ သူက ပြောပါတယ်။

ရုရှားကလည်း ဒီကိစ္စမှာ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်အတွင်းမှာ တင်းမာမှု တိုးလာစေမယ့် အခြေအနေ မှန်သမျှကို မြောက်ကိုရီးယား အနေနဲ့ ရှောင်ရှားဖို့ အပြင်းအထန် တိုက်တွန်းနေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် တပ်ဆင်မယ့် ရည်ရွယ်ချက်တွေကို တားမြစ် ဖျောင်းဖျ ရအောင် မြောက်ကိုရီးယားရဲ့ မဟာမိတ် တရုတ်ကို အကူအညီတောင်းဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြင်ဆင်နေပါတယ်။

နှစ်စဉ် ကျင်းပမြဲဖြ စ်သော ဗိုလ်ချုပ်ဈေး သင်္ကြန်ကို ယခုနှစ် တွင်လည်း စည်ကား စွာကျင်းပ

Photo: နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာကျင်းပ

Friday, April 12, 2013

သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီခွဲမှ ညနေ ၃နာရီခွဲဝန်းကျင်ထိ ဗိုလ်ချုပ်ဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများ အပါအ၀င် လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များကလည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

''ကျွန်မတို့က ဆိုင်ကပစ္စည်းတွေကို မနက်ကတည်းကသိမ်းပြီး  ရေပက်ကြတယ်။စတုဒီသာလည်း ကျွေးတယ်။ပျော်ဖို့ကောင်းပါတယ် ဒီနှစ်သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဖြတ်သန်းချင်ပါတယ်'' ဟု ဗိုလ်ချုပ်ဈေးအတွင်း အထည်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

ဗိုလ်ချုပ်ဈေးသင်္ကြန်သို့ လာရောက်လည်ပတ်သူ လူငယ်တစ်ဦးကလည်း''ခုလို သင်္ကြန်အကြိုမတိုင်ခင်မှာ ဒီလိုမျိုး ရေကစားနေတာတွေကို တွေ့ရတော့ စိတ်ထဲမှာ အရမ်းပျော်မိတယ်။သင်္ကြန်ဆိုတာ ကျွန်တော့်အတွက်တော့ ဘယ်တော့မှ မရိုးနိုင်ပါဘူး။အရမ်းပျော်ပါတယ်'' ဟု ဆိုသည်။

EMG
သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာ ကျင်းပခဲ့သည်။ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီခွဲမှ ညနေ ၃နာရီခွဲဝန်းကျင်ထိ ဗိုလ်ချုပ်ဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများ အပါအ၀င် လာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်များကလည်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

Friday, April 12, 2013

ညနေပိုင်းက ပေးဆပ်သူ များသံချပ် အဖွဲ့ ဒေါ်အောင်ဆန်း စုကြည်၏ အိမ်ရှေ့တွင် လာေ ရာ က်ဖျော်ဖြေေ နစဉ်။

Photo: ညနေပိုင်းက ပေးဆပ်သူများသံချပ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်၏အိမ်ရှေ့တွင် လာရောက်ဖျော်ဖြေနေစဉ်။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

7Day News Journal
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
7Day News Journal

ပြည်တွင်း လေကြောင်း လိုင်းသစ်များ ထပ်မံ ထွက်ပေါ်ဖွယ်ရှိ

နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြည်တွင်း လေကြောင်းလိုင်း အသစ်များ ထပ်မံ တိုးလာဖွယ် ရှိနေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြောသည်။

မြောက်ကိုရီးယားသည် ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုအား အချိန်မရွေး လုပ်ဆောင်နိုင်ကြောင်း တောင်ကိုရီးယား အစိုးရက ပြည်သူများအား သတိပေးချက် ထုတ်ပြန်

Photo: မြောက်ကိုရီးယားသည် ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုအား အချိန်မရွေး လုပ်ဆောင်နိုင်ကြောင်း တောင်ကိုရီးယား အစိုးရက ပြည်သူများအား သတိပေးချက် ထုတ်ပြန်

Friday, April 12, 2013

မြောက်ကိုရီးယား နိုင်ငံသည် လက်နက် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်

ရန် နောက်ဆုံး ပြင်ဆင်မှုများ အပြီးတွင် ဒုံးကျည် တစ်စင်းအား အချိန်မရွေး ပစ်ခတ်နိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြည်သူ

များသို့ သတိပေးချက် ထုတ်ပြန်လိုက်ပြီး အဆိုပါ ပစ်ခတ်မှုကို လာမည့် ဧပြီ ၁၅ ရက်တွင် ကျရောက်မည့် မြောက်ကို ရီးယား နိုင်ငံ တည်ထောင်သူ ကင်အီဆွန်း၏ မွေးနေ့တွင် ပြုလုပ်သွားဖွယ် ရှိကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ၂ဝ၁၂ ခုနှစ်က တင့်ကားများ၊ စစ်သည်များနှင့် ဒုံးကျည်များ ပါဝင်သော စစ်ရေး ပြပွဲကြီး အား ပြုလုပ်ခဲ့ပြီး အမေရိကန်နှင့် အနောက် နိုင်ငံများက ပဲ့ထိန်းဒုံးကျည် ပစ်ခတ် စမ်းသပ်သည်ဟု ဆိုသော ဂြိုဟ်တု လွှတ်တင်မှု ပြုလုပ်ခဲ့ပြီး အဆိုပါ ဂြိုဟ်တု လွှတ်တင်မှုမှာ မအောင်မြင်ဘဲ ပျက်ကျသွား ခဲ့သည်။

သို့သော် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် ဂြိုဟ်တု လွှတ်တင်

မှု အောင်မြင်ခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၎င်း၏ တတိယမြောက် နျူကလီးယား စမ်းသပ်မှုအား ပြုလုပ်ခဲ့သည်။ ထိုသို့ စမ်းသပ်မှုအပေါ် ကုလသမဂ္ဂက အရေးယူ ပိတ်ဆို့ ဒဏ်ခတ်ခဲ့ခြင်းကြောင့် ၁၉၅၃ ခုနှစ် ကတည်းက ရပ်ဆိုင်း ထားခဲ့သော ကိုရီးယား နှစ်နိုင်ငံ အကြား စစ်ရေး တင်းမာမှုများနှင့် မြောက်ကိုရီးယား နိုင်ငံ၏ ခြိမ်းခြောက်မှုများ မြင့်တက် လာခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ နိုင်ငံခြား သံတမန်များနှင့် တောင်ကိုရီး

ယား နိုင်ငံအတွင်းရှိ နိုင်ငံခြားသား ခရီးသွား များအား ဘေးလွတ်ရာ

သို့ ရွှေ့ပြောင်းသွားကြရန် ကင်ဂျုံအွန် အစိုးရက ဧပြီ ၁ဝ ရက်က တိုက်တွန်း ခဲ့သော်လည်း ၎င်းတို့မှာ ယင်းနိုင်ငံများ အတွင်း၌ ဆက်လက် နေထိုင်လျက် ရှိသည်။ မြောက်ကိုရီးယား နိုင်ငံက ပစ်ခတ်မည့် ဒုံးကျည်များထဲတွင် စကပ်ဒုံးကျည်နှင့် တာလတ်ပစ် ရိုဒေါင်း ဒုံးကျည်များ ပါဝင်ပြီး ၎င်းတို့အား မကြာသေးမီ ရက်ပိုင်း အတွင်းက နှစ်နိုင်ငံ နယ်စပ်သို့ ပြောင်းရွှေ့ ထားခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပြီး ၎င်းနှင့်စပ်လျဉ်း၍ သတင်း ရရှိခဲ့မှုကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

မြ၀တီ
မြောက်ကိုရီးယား နိုင်ငံသည် လက်နက် စမ်းသပ် ပစ်ခတ်မှုများ ပြုလုပ်ရန် နောက်ဆုံး ပြင်ဆင်မှုများ အပြီးတွင် ဒုံးကျည် တစ်စင်းအား အချိန်မရွေး ပစ်ခတ်နိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြည်သူ များသို့ သတိပေးချက် ထုတ်ပြန်လိုက်ပြီး အဆိုပါ ပစ်ခတ်မှုကို လာမည့် ဧပြီ ၁၅ ရက်တွင် ကျရောက်မည့် မြောက်ကို ရီးယား နိုင်ငံ တည်ထောင်သူ ကင်အီဆွန်း၏ မွေးနေ့ တွင် ပြုလုပ်သွားဖွယ် ရှိကြောင်း သိရသည်။

ဒေါ်အောင် ဆန်းစုကြ ည်၏ ဂျပန်နိုင်ငံ ခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ် (၁၂.၄.၂၀၁၃ – ၁၉.၄.၂၀၁၃)၁၂.၄.၂၀၁၃ – ညနေပိုင်းတွင် ရန်ကုန်မြို့မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်မြို့သို့ ထွက်ခွာပြီး ဘန်ကောက်မြို့မှ တဆင့် ဂျပန်နိုင်ငံသို့ ဆက်လက်ထွက်ခွာမည်။

ရင်းနှီးမြှု ပ်နှံသူများ နေပြည်တော် သွားရခြင်းမှ လွတ်ကင်းပြီ

Photo: ရင်းနှီးမြှုပ်နှံသူများ နေပြည်တော်သွားရခြင်းမှ လွတ်ကင်းပြီ

Friday, April 12, 2013

မြန်မာပြည်ကို လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် သတင်းကောင်းကောင်းတပုဒ် ရှိနေပါတယ်။

အဲဒါကတော့ မှတ်ပုံတင်ခြင်း၊ အခွန်ဆောင်ခြင်း စတဲ့ အစိုးရဌာနစုံနဲ့ ဆက်သွယ်လုပ်ကိုင်ရတဲ့ကိစ္စများ အတွက် နေပြည်တော်ကို တဒီးဒီးသွားဖို့ မလိုတော့ဘူး ဆိုတာပါပဲ။

ဒီဇင်ဘာလက ရန်ကုန်မှာ တွေ့ခဲ့ရတဲ့ ကုန်စည်ပြပွဲတခု (ဓာတ်ပုံ - ဧရာဝတီ)

လုပ်ငန်းကိစ္စ အဝဝကို  "နေ့ချင်းပြီး" လုပ်ပေးမယ့် ရင်းနှီးမြှုပ်နှံမှုဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ရုံးတခု ရန်ကုန်မှာ ဖွင့်လိုက်ပါပြီ။

ဗုဒ္ဓဟူးနေ့က ဖွင့်လိုက်တဲ့ ဒီရုံးက ရန်ကင်းမြို့နယ်၊ သစ္စာလမ်းပေါ်မှာ ရှိပါတယ်။

“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တဲ့နိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေရော နေပြည်တော်လည်း သွားစရာမလို ၀န်ကြီးဌာနတခုစီလည်း သွားစရာမလိုဘဲ၊ တနေရာတည်းမှာ အကုန်အဆင်ပြေအောင်လို့ ဒီရုံးကိုဖွင့်တာပါ။ ဒီရုံးမှာ ကုမ္ပဏီမှတ်ပုံတင်တာကိုလည်း တနေ့တည်း နေ့ချင်းပြီး လုပ်ပေးသွားမှာပါ” လို့ ရင်းနှီး မြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူးဒေါ်စန်းနွဲ့က ဧရာဝတီကို ပြောပါတယ်။

ဟိုတုန်းကတော့ လုပ်ငန်းရှင်တွေဟာ  ရင်းနှီးမြှုပ်နှံလိုတဲ့ ကဏ္ဍအလိုက်  သက်ဆိုင်ရာဝန်ကြီးဌာနများကို သွားရောက်ဆွေးနွေးဖို့ နေပြည်တော်ကို သွားကြရတာပါ။

နေပြည်တော်လွင်ပြင်မှာ ပြန့်ကျဲနေတဲ့ ဌာနတခုချင်းစီကို သွားရတဲ့အတွက် အချိန်ကုန်၊ လူပမ်း၊ စရိတ်ထောင်း စသဖြင့် အခက်အခဲမျိုးတွေ ရှိကြောင်း သိရပါတယ်။

အခု ဖွင့်လိုက်တဲ့ ပူးပေါင်းအဖွဲ့ရုံးကို DICA က ဦးဆောင်ဖွဲစည်းခြင်းဖြစ်ပြီး တနေရာတည်းမှာ  ဆောင်ရွက်ပေးသွားမယ့် လုပ်ငန်းတွေကို အခုလို တွေ့ရပါတယ် -

သွင်းကုန်၊ ထုတ်ကုန် လိုင်စင်လုပ်ပေးခြင်းများ၊

ရင်နှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးဆွေးနွေးခြင်း၊

ဝင်ငွေခွန်ကင်းလွတ်ခြင်းဆိုင်ရာကိစ္စများ၊ အခွန်စည်းကြပ်ခြင်း၊

ကုမ္ပဏီမှတ်ပုံတင်သက်တမ်းတိုးခြင်း၊

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအတွက်  work permit နှင့် ဗီဇာသက်တမ်းတိုးခြင်း၊

ဝန်ကြီးဌာနအလိုက် ရင်းနှီးမြှုပ်နှံမှုကိစ္စများဆောင်ရွက်ခြင်း။

ဒီ ဖြစ်ထွန်းမှုနဲ့ ပတ်သက်ပြီး စီးပွားရေးပညာရှင်တဦးဖြစ်သူ ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ)က အခုလို ပြောပါတယ် -

“ရင်းနှီးမြှုပ်နှံမှုတွေအတွက် ရုံးတွေကမှတ်ပုံတင်တာ၊ အခွန်ကင်းလွတ်ခွင့်ပေးတာတွေဘာတွေ  အဆင်ပြေအောင်လုပ်ပေးတာမျိုးက သူများနိုင်ငံတွေမှာလည်း လုပ်နေကြတာပဲလေ။

အရင်ထဲကရှိသင့်တာပေါ့။ ဒါကိုတိုးတက်တယ်လို့ ပြောလို့မရဘူး။

အပြစ်ပြန်ဖြေတာ၊ အဟောင်းပြန်ဖာတာပဲရှိတယ်။

ရင်းနှီးမြှုပ်နှံမယ့်သူတွေက လာကြည့်ကြမှာပဲ နိုင်ငံရေးအခြေအနေတို့၊ဈေးကွက်တို့၊ သူများနိုင်ငံတွေနဲ့ယှဉ်ရင် ဒီကပိုပြီးဘာလုပ်ပေးမလဲ ဆိုတာကိုစဉ်းစားကြမှာပဲ”

ပူးပေါင်းအဖွဲ့မှာ ပါဝင်တဲ့ဌာနများ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောဝန်ကြီးဌာန၊

မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊

အကောက်ခွန်ဦးစီးဌာန၊

ပြည်တွင်းအခွန်များဦးစီးဌာန၊

နိုင်ငံတော်ဗဟိုဘဏ်

ဧရာဝတီ
မြန်မာပြည်ကို လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် သတင်းကောင်းကောင်းတပုဒ် ရှိနေပါတယ်။အဲဒါကတော့ မှတ်ပုံတင်ခြင်း၊ အခွန်ဆောင်ခြင်း စတဲ့ အစိုးရဌာနစုံနဲ့ ဆက်သွယ်လုပ်ကိုင်ရတဲ့ကိစ္စများ အတွက် နေပြည်တော်ကို တဒီးဒီးသွားဖို့ မလိုတော့ဘူး ဆိုတာပါပဲ။

နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာကျင်းပ

w1-12-4-14သင်္ကြန်အကြိုနေ့မတိုင်ခင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ယခုနှစ်တွင်လည်း စည်ကားစွာ ကျင်းပခဲ့သည်။
ဗိုလ်ချုပ်ဈေးသင်္ကြန်ကို ဧပြီ ၁၂ ရက် နံနက် ၁၁ နာရီခွဲမှ ညနေ ၃နာရီခွဲဝန်းကျင်ထိ ဗိုလ်ချုပ်ဈေးအတွင်းရှိ ဈေးသူ၊ဈေးသားများ အပါအ၀င် လာရောက် လည်ပတ်ကြသည့်

တီဗီ ကွန်ပျူတာ ကလေးထိန်းစက် မဟုတ်

ကလေး အင်တာနက် သုံးရင် ကိုယ့်မျက်စိရှေ့မှာပဲ သုံးခိုင်းသင့် ပါတယ် (ဓာတ်ပုံ – sbbfc.co.uk)

ကလေးတို့ကို အပြင်စာဖတ်ခိုင်းသင့်တယ် ဆိုတဲ့အကြောင်းကို ကျမ တင်ပြဆွေးနွေးခဲ့ပါတယ်။ ဒီ တပတ်မှာတော့ ကလေး တို့နဲ့ တီဗီ၊ ဗီဒီယို၊ ကွန်ပျူတာဂိမ်းများ အကြောင်းကို တင်ပြဆွေးနွေးချင်ပါတယ်။

မာန်ထက် ချီနှင့် အကယ် ဒမီ ဇင်ဝိုင်း အမှု ဆက်ရန် ရှိသေးသည်

Photo: မာန်ထက်ချီနှင့် အကယ်ဒမီ ဇင်ဝိုင်းအမှု ဆက်ရန်ရှိသေးသည်

Friday, April 12, 2013

မာန်ထက်ချီရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးပိုင်ရှင်ဦးဝင်းကိုကမြန်

မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်းအား အမှု ၃ မှုဖြင့် တရား

စွဲဆိုသည်ကို ဗဟန်း တရားရုံးက လက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဦးဝင်းကိုက ဦးဇင်ဝိုင်းအား ပုဒ်မ၅၀၀ ဂုဏ်သိက္ခာ ကျဆင်းမှု၊ပုဒ်မ ၅၀၁ ဂုဏ်သိက္ခာ ကျဆင်းစေရန် စာရွက်စာတမ်းဖြန့်မှု၊တရားမကြောင်းဖြင့် ကျပ် သိန်း ၉၀၀ ရလိုမှုစသည့် အမှု၃ ခုဖြင့်တရားစွဲအမှုဖွင့်ထားရာမတ်လ၂၉ ရက်နေ့ကကျောက်တံတား မြို့နယ်တရားရုံးမှတဆင့်ဗဟန်းမြို့နယ်

တရားရုံးသို့ ပြောင်းရွှေ့လိုက်ပြီး ဧပြီ ၃ ရက်နေ့တွင် ဗဟန်းတရားရုံးက လက်ခံလိုက်ကြောင်း ဦးဝင်းကိုက ပြောသည်။

“မတ်လ ၂၉ရက်နေ့က ကျောက်တံတားတရားရုံးမှာ အမှုမစစ်ဖြစ်ဘူး၊အ

မှုဖြစ်တာက ဗဟန်းအပိုင်ထဲမှာမို့လို့ ဗဟန်း တရားရုံးကို လွှဲလိုက်တယ်၊ ဧပြီ ၃ ရက်နေ့က ပြစ်မှုကြီးပုဒ်မ ၁၇၂/ ၂၀၁၃ နဲ့ ဗဟန်းတရားရုံးက လက်ခံလိုက်

တယ်။သင်္ကြန်မတိုင်ခင် ရုံးချိန်းပြန်ခေါ်မယ်’’ ဟု သူက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗဟန်းတရားရုံးမှ တာဝန်ရှိသူတဦးက ဦးဝင်းကို အနေဖြင့်ပုဒ်မ၅၀၀ ဖြင့်ဦးတိုက်စွဲခဲ့၍တရားရုံးကို ပုဒ်မ ၁၇၂/ ၂၀၁၃ ဝင်စာနှင့် လျှောက်ထားခဲ့ကြောင်း၊ကျောက်တံတား တရားရုံးတွင်ပုဒ်မ

၅၀၀ ဖြင့်စွဲခဲ့ သော်လည်းဗဟန်း တရားရုံးတွင် မည်သည့် ပုဒ်မဖြင့် စွဲရမည်

ကို အမိန့်မချသေးကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးဝင်းကို၏ရှယ်ယာ၆၀ရာခိုင်နှုန်း ပါဝင်သောတာမွေဈေးအနီးရှိဓနအိမ် လက်

ဖက်ရည်ဆိုင် ရှေ့တွင် ဦးဝင်းကို ဇနီးဘက်မှဆွေမျိုးများက ဗီဒီယိုအခွေ

များ ရောင်းချနေသဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အရေးယူခဲ့ခြင်း၊၎င်း လက်ဖက်ရည်ဆိုင် တွင် အများပြည်သူပြသ တီဗီလိုင်စင် မဆောင်ဘဲ ပြ

သခြင်းတို့ကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ခေါ်ယူသတိပေးခြင်း၊ ယင်း ကိစ္စနှစ်ရပ်နှင့် ပတ်သက်ပြီး ဦးဝင်းကိုအား ဦးဇင်ဝိုင်းမှ ဂုဏ်သိက္ခာကျ

ဆင်းစေရန် ပြုလုပ်ပြောဆိုခဲ့ခြင်း၊ ၂၀၀၈ ခုနှစ် မေလဆန်းက တိုက်ခတ်သွား

သည့်နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသူများရန်ပုံငွေအတွက်

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ရိုက်ကူး ရောင်းချခဲ့သော ဇာတ်ကား ၆ ကား ပြသပြီး ရရှိငွေထဲမှ ကျပ်သိန်း ၁၂၀၀ ကို ဦးဝင်းကိုက သုံးစွဲထားသည်

ဟု စွပ်စွဲခဲ့မှု တို့ဖြင့် ဦးဝင်းကိုဘက်မှ ဦးတိုက်လျှောက်ထား တရားစွဲဆိုခြင်းဖြစ်ကြောင်း ဦးဝင်းကိုထံမှ သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီးဦးဇင်ဝိုင်းက “အဲဒါက သူတို့ကိုမေးရင် ပိုကောင်း

မယ် ထင်ပါတယ်။ရုပ်ရှင်အစည်းအရုံး နာယကတွေကဒီကိစ္စနဲ့ ပတ်သက်ပြီး

ထပ်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်တာ၊သတင်းထုတ်ပြန်တာ ဘာမှ လုပ်တော့မှာ မဟုတ်ဘူး၊ သူတို့က စလိုက် ကျနော်တို့က ရှင်းလိုက်နဲ့ သူတို့ စိတ်တိုင်းကျ ဖြစ်နေမှာစိုးလို့ပါ” ဟု ပြောသည်။

ဦးဝင်းကို၏ရှယ်ယာ၆၀ရာခိုင်နှုန်း ပါဝင်သောတာမွေမြို့နယ်တာမွေဈေး

အနီးရှိဓနအိမ် လက်ဖက်ရည်ဆိုင် ရှေ့တွင် ဦးဝင်းကို၏ ဇနီးဘက်

မှဆွေမျိုးများက ခိုးကူးခွေများ ရောင်းချသဖြင့်မြန်မာနိုင်ငံ ရုပ်ရှင်အစည်း

အရုံးမှဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်ပြီးဦးဝင်းကိုက “ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါ

တီ ရန်ပုံငွေအတွက်ဓနအိမ်လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့တယ်။ရှယ်ယာသာ များတာ၆ လ တခါ မရောက်ခဲ့ဘူး။အဲဒီရှေ့မှာကျနော့်ဇနီးဘက်က

ကလေးတွေကကိုရီးယား ဇာတ်ကားတွေ ရောင်းတယ်၊အဲဒါကို ဖမ်းတယ်၊

ဖမ်းတော့လည်း အပြစ်ရှိလို့ ဖမ်းတာ သူ့အပြစ်သူခံပေါ့။ စိတ်လည်းမဝင်

စားဘူး။ဒါပေမယ့်ဦးဇင်ဝိုင်းရယ်၊ဦးအောင်လွင်ရယ်၊နောက်တယောက်ရယ်

က ရုပ်ရှင်အစည်းအရုံးမှာ ခေါ်ပြီးစစ်ဆေးတဲ့ ပုံစံနဲ့ မေးလာတယ်” ဟု ရှင်းပြသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဦးဇင်ဝိုင်းကသရုပ်ဆောင်များ၊ ဒါရိုက်တာများ

ကိုအစည်းအဝေးခေါ်ယူ ခဲ့ကြောင်း၊ဦးဝင်းကို၏ ဆွေမျိုးများသည် မြန်

မာဇာတ်ကားခွေ၊ညစ်ညမ်းခွေများကို ဦးဝင်းကို ပိုင်သော ဆိုင်ရှေ့တွင် ရောင်းချခဲ့သည်ဟူ၍အစည်းအဝေးတွင် ပြောခဲ့ကြောင်း ဦးဝင်းကိုက ဆိုသည်။

ဦးဇင်ဝိုင်းက “ကျနော်တို့ နိုင်ငံမှာ လူတွေအားလုံးကအကူးအပြောင်းကို လိုချင်တယ်သာပြောတယ်၊အခုလို အမူအကျင့်တွေ၊စိတ်ထားတွေ မပြောင်းကြသေးပါဘူး။ ဒီပြဿနာတွေဟာ ရှိနေပါသေးတယ်။အများ

က လေးစားတဲ့လူတောင် ဆန့်ကျင် ခံရသေးတာပဲ၊ဗိုလ်ချုပ်အောင်ဆန်း

လိုလူတောင်အသတ်ခံခဲ့ရသေးတာပဲ၊သမ္မတ ဦးသိန်းစိန်တောင်ဆန့်

ကျင်ခံခဲ့ရတာပဲ၊ကျနော့်လို ပါမွှားတယောက်ကတရားစွဲခံရတာအကြောင်း

မဟုတ်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

လက်ဖက်ရည်ဆိုင် ပြသခွင့် လိုင်စင်နှင့် ပတ်သက်ပြီးဦးဝင်းကိုက လက်ဖက်ရည်ဆိုင်ပြသ ဆိုသည်မှာလာသောက်များရှေ့၊အများ

ထိုင်သည့် ရှေ့တွင်ဘောလုံးပွဲနှင့်ဇာတ်လမ်းများပြခြင်းကိုဆိုလိုကြောင်း၊ ဓနအိမ် လက်ဖက်ရည်ဆိုင် အနောက်ဘက် တွင်ညနေ၆ နာရီ ဆိုင်ပိတ်ပြီးနောက်စားပွဲထိုးများအပြင်ထွက် မလည်စေရန် ရုပ်ရှင်ကား၁ ကား၊၂ ကားပြပေးခြင်း ဖြစ်ကြောင်း၊မြန်မာ့ အသံ စသည့် ရုပ်သံများ မထားရှိဘဲအောက်စက်ဖြင့်သာ ပြသခြင်း ဖြစ်ကြောင်း တုန့်ပြန် ပြော

ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ပြန်ကြားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဗီဒီယိုဆင်

ဆာကြီးကြပ်ရေးကော်မတီမှဦးသန်းနိုင်ကို မေးမြန်းခဲ့ပြီးဖြစ်ကြောင်း၊ဦးသန်းနိုင်က လူထုကိုမပြသသဖြင့်ပြသလိုင်စင် လုပ်စရာမလိုဟု ပြောခဲ့ကြောင်း

၊နောက်ပိုင်းတွင်ဦးဝင်းကို နာမည်မဟုတ်ဘဲကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး နာမည်ဖြင့်ပြသလိုင်စင် ရှိနေပြီး လိုင်စင်တနှစ် ဆောင်ထား သည်ကို သိရကြောင်း၊ယင်းလိုင်စင် ဆောင်ထားသည့် ကိစ္စကိုလည်း ဦးဝင်းကို မသိခဲ့ကြောင်း၊ထိုကိစ္စ သိရှိပြီးပြီးချင်းဦးဇင်ဝိုင်းထံဆက်သွယ်ခဲ့ကာလိုင်စင်

ရှိနေကြောင်းကို ပြန်လည် အသိပေးခဲ့ကြောင်း၊လိုင်စင်တွင် ရေးထိုးထားသည်

မှာ ဦးဝင်းကို၏ လက်မှတ် မဟုတ်ကြောင်း ဦးဝင်းကိုက ဆက်ပြောသည်။

နာဂစ်မုန်တိုင်းဒဏ် ခံရသူများရန်ပုံငွေအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှယောရောရှိ၊ပဉ္စသီလံ၊ကောလာဟလ၊မီးများမီးနိုင်၊ရိုက်ကွင်းဘုရင်၊မိုက်မိုက်မဲမဲမုန်းစသော ဇာတ်ကား ၆ ကားရိုက်ကူးခဲ့ရာ ဦးဝင်းကို၏ သားဖြစ်သူ သရုပ်ဆောင် ဟိန်းဝေယံက ဇာတ်ကား ၂ ကားတွင် ပါဝင်ခဲ့ကြောင်း၊ ထိုဇာတ်ကားများ လေလံတင် ရောင်းချရာတွင်ကြောင်ကမ္ဘာ ဗီဒီယို ထုတ်လုပ်ရေးမှဇာတ်ကားတကား၊ဌေးမြန်မာမှ ဇာတ်ကား ၅ ကားအား စုစုပေါင်းကျပ်သိန်း ၁၂၈၀ ဖြင့်ဈေးပြိုင် လေလံ အောင်မြင်ခဲ့ကြောင်း မြန်

မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ၂၀၀၈ အောက်တိုဘာ ၁ ရက်နေ့တွင် ထုတ်ပြန်သော စာအရ သိရသည်။

၎င်း ငွေများထဲမှ ငွေကျပ်သိန်း ၁၂၀၀ ကို ဦးဝင်းကိုက သုံးစွဲထားသည် ဟူသည့် စွပ်စွဲမှုကို မကျေနပ်၍ ဦးဝင်းကိုက ပြန်လည် တရားစွဲခြင်း ဖြစ်ကြောင်း ဦးဝင်းကိုက ပြောသည်။

မာန်ထက်ချီ ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင်ဦးဝင်းကိုသည်ပြန်ကြားရေး

ဝန်ကြီးအဖြစ်ဦးကျော်ဆန်း တာဝန်ယူခဲ့စဉ်ကမြန်မာနိုင်ငံ ဗီဒီယိုအခြေခံ အဖွဲ့၏ အတွင်းရေးမှူး အနေဖြင့်လည်းကောင်း၊ယခုပြန်ကြားရေး

ဝန်ကြီးဦးအောင်ကြည်တာဝန်ယူနေစဉ် ကာလတွင်တွဲဘက် အတွင်းရေးမှူး အဖြစ်လည်းကောင်း တာဝန်ယူခဲ့ကြောင်း သိရသည်။

ဦးဝင်းကိုသည် မိမိရှယ်ယာပါ လက်ဖက်ရည်ဆိုင် ရှေ့တွင် ၎င်း၏ တူမဖြစ်သူ ရောင်းချနေသော ဗီဒီယို ဆင်ဆာမဲ့ အခွေများ ဖမ်းဆီးရမှုနှင့် ဆက်နွှယ်၍ ရုပ်ရှင်အစည်းအရုံး ဗဟိုဦးစီးအဖွဲ့၏ ဝန်ခံကတိ ရေးထိုးရန် သတ်မှတ်မှုအား ငြင်းဆန်၍ ၂၀၁၂ သြဂုတ်လ ၁၆ ရက်နေ့တွင် ဗီဒီယိုအခြေခံ အဖွဲ့ဗဟို၏ တွဲဘက် အတွင်းရေးမှူး အဖြစ်မှ နှုတ်

ထွက်လျှောက်လွှာ တင်သွားခဲ့သူ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်

အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ၂၀၁၂ အောက်တိုဘာ ၂၇ ရက်နေ့

တွင် စာထုတ်ပြန်ခဲ့သည်။

ဦးဝင်းကိုသည် မာန်ထက်ချီ ရုပ်ရှင်နှင့် ဗီဒီယိုဖြန့်ချိရေး၊ Wiraza သွင်းကုန် ထုတ်ကုန် ကုမ္ပဏီ၊ ပြည့်ဖြိုးအောင် ဆောက်လုပ်ရေး၊ ရေသူမ အလှကုန် တို့၏ ပိုင်ရှင်ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဓိက သရုပ်ဆောင်အလွှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလျှက် ရှိပြီး နှစ်ပေါင်း ၃၀ ကျော် အနုပညာ အလုပ်များ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလက ဇာဂနာ အကျဉ်းထောင်မှ လွတ်မြောက်

လာစဉ် လာရောက်ကြိုဆိုသည့် သရုပ်ဆောင် ဇင်ဝိုင်း (ဓာတ်ပုံ – မန္တလေးအလင်း)

ဧရာဝတီ
မာန်ထက်ချီရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးပိုင်ရှင်ဦးဝင်းကိုကမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းအား အမှု ၃ မှုဖြင့် တရားစွဲဆိုသည်ကို ဗဟန်း တရားရုံးက လက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။

အမေရိ ကန်၏ လျှို့ဝှက် ဇီဝလက် နက်ကြောင့် H7N0 ရောဂါပျံ့နှံ့ လာသည်ဟု တရုတ် စွပ်စွဲ

Photo: အမေရိကန်၏ လျှို့ဝှက် ဇီဝလက်နက်ကြောင့် H7N0 ရောဂါပျံ့နှံ့ လာသည်ဟု တရုတ်စွပ်စွဲ

Friday, April 12, 2013

အမေရိကန် အစိုးရသည် တရုတ်နိုင်ငံအတွင်း ကြက်ငှက်

တုပ်ကွေး ရောဂါကူးစက် ပျံ့နှံ့စေသည့် လျှို့ဝှက်ဇီဝ လက်

နက်တစ်ခုကို ဖန်တီးခဲ့ကြောင်း တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြစ်တင်ပြောကြား ထား သည်။

အမေရိကန် နိုင်ငံသည် ဧပြီ ၆ ရက်က ဇီဝစစ်ပွဲတစ်ရပ်ကို ဆင်နွှဲရာတွင် တရုတ်နိုင်ငံသို့ H7N0 ကြက်ငှက်တုပ် ကွေးရောဂါများ ထုတ်လွှတ်ခဲ့သည်ဟု တရုတ်ပြည်သူ့ လွှတ်မြောက်ရေး တပ်ဖွဲ့၏ ထိပ်တန်း အဆင့်မြင့် ဗိုလ်မှူးကြီး တိုင်းရှုက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဇီဝလက်နက် တစ်ခုအသွင် ဖြစ်သည့် အဆိုပါ ကြက်ငှက် တုပ်ကွေးရော

ဂါ ဆန်းသည် ဆားရောဂါကဲ့သို့ ပြင်းထန်သော ရောဂါတစ်မျိုး ဖြစ်ကြောင်း၊ ၎င်းရောဂါသည်လည်း ၂ဝဝ၃ ခုနှစ်က တရုတ်နိုင်ငံ အတွင်း ကူးစက် ပျံ့နှံ့ခဲ့ကြောင်း တိုင်းက စွပ်စွဲ ပြောကြားထားသည်။ ယခုအခါ တရုတ်နိုင်ငံတွင် H7N0 ရောဂါကြောင့် သေဆုံးသူ ကိုးဦးအထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အမေရိကန် အစိုးရသည် တရုတ်နိုင်ငံအတွင်း ကြက်ငှက်တုပ်ကွေး ရောဂါကူးစက် ပျံ့နှံ့စေသည့် လျှို့ဝှက်ဇီဝ လက်နက်တစ်ခုကို ဖန်တီးခဲ့ကြောင်း တရုတ် စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြစ်တင်ပြောကြား ထား သည်။

မန္တလေး မီးတွင် အိုးမဲ့အိ မ့်ဖြစ်သွား သည့် အမ်ထောင်စု ၁၀၀ေ ကျာ်ရှိ မန္တလေး၊

Photo: မန္တလေးမီးတွင် အိုးမဲ့အိမ့်ဖြစ်သွားသည့် အမ်ထောင်စု ၁၀၀ကျော်ရှိမန္တလေး၊

Friday, April 12, 2013

မန္တလေးမြို့တွင် ဧပြီ ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်

ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့်အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်းသတင်းရရှိသည်။

နံနက်(၂)နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ချီပါရပ်တွင် ပန်းပုလုပ်ငန်းအလုပ်ရုံအတွင်းရှိ ရေဘော် စာအနီး

ခြင်ဆေးခွေထွန်း ထားရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ကြာမြင့်ချိန်နှစ်နာရီခွဲခန့် လောင် ကျွမ်းခဲ့ပြီး RC နှစ်ထပ်တိုက်နှစ်

လုံး၊ နံကပ်နှစ်ထပ်တိုက်သုံးလုံး၊ နံကပ် တစ်ထပ် ငါးလုံး၊ ပျဉ်ထောင်သွပ်

မိုး ၁၀လုံး၊ သွပ်မိုးထရံကာ အလုံး တစ်ရာ၊ ဆိုင်ကယ်သုံးစီး၊ စုစုပေါင်း ၁၆၇ သိန်းကျော်ဆုံးရှုံးခဲ့သည်ဟု တိုင်းမီးသတ်ဦးစီးဌာနကသတင်း ထုတ်ပြန်သည်။

မြို့ပေါ် မီးသတ်စခန်းများအပြင် စစ်ကိုင်း၊ တံတားဦး၊ကျောက်ဆည်မြို့များမှ မီးသတ်စခန်းများမှ အဖွဲ့ဝင်များလည်းလာရောက်ငြှိမ်းသက်ခဲ့ကြရသည်ဟု ဆိုသည်။ ယင်းရပ်ကွက်ရှိရတနာဂုဏ်ရည် ဓမ္မာရုံ၊ ဦးကြွယ် ဓမ္မာရုံ၊ အောင်

ချမ်းသာ ဓမ္မာရုံ၊မှန်ကင်းကျောင်းတိုက်၊မာန်အောင်ကျောင်းတိုက်တို့တွင်ကယ်

ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီဖြစ်သည်။

“ ညအိပ်ကောင်းနေချိန်လည်းဖြစ်တယ်။လေတွေကလည်း တအားတိုက်နေတယ်။ တစ်နိုင်တစ်ပိုင် သယ်နိုင်တာလေးတွေက လွဲလို့ဘယ်သူမှ ဘာပစ္စည်းမှမရလိုက်ဘူး”ဟု ယင်းရပ်ကွက် ကွက်စိပ်မှူး

ဦးသန့်စည်က ပြောသည်။ထိခိုက်ဒဏ်ရာနှင့်အသေအပျောက်မရှိကြောင်း ရပ်ကွက်တာဝန်ရှိသူများက ပြောသည်။

နံနက်(၆)နာရီ အချိန်ကလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အကွက် အမှတ်(ညည/၆၆) သင်ပန်းကုန်းရပ်ရှိ သွပ်မိုးထရံကာ အိမ်တစ်အိမ်တွင်မီး

ဖို မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားရာဝါးကပ်မိုးအိမ်လေး လုံး၊ ထရံကာသွပ်မိုးငါးလုံး မီးလောင်ဆုံးရှုံးခဲ့သည်ဟုသိရသည်။ အိုးအိမ်မဲ့

အိမ်ထောင်စု(၁၃)စု၊ မီးဘေးဒုက္ခသည် (၄၇)ဦးရှိခဲ့ပြီး၎င်းတို့ကိုဧရာ

ဦးဓမ္မာရုံတွင် ကယ်ဆယ်ထားရှိသည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်

ရှိသူကပြောသည်။

ဓာတ်ပုံ-ညီညီဇော်

7Day News Journal
မန္တလေးမြို့တွင် ဧပြီ ၁၂ရက် နံနက်ပိုင်းက မြို့နယ်နှစ်ခုတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အိုးအိမ်မဲ့သွားသည့်အိမ်ထောင်စု ၁၃၅ စုရှိပြီး ဒုက္ခသည်ပေါင်း ၅၀၀ ခန့်ရှိကြောင်းသတင်းရရှိသည်။ နံနက်(၂)နာရီက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ တမ္ပ၀တီရပ်ကွက် ၊ချီပါရပ်တွင် ပန်းပုလုပ်ငန်း အလုပ် ရုံအတွင်းရှိ ရေဘော် စာအနီးခြင်ဆေးခွေထွန်း ထားရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အနည်းဆုံး အခကြေးငွေ နည်းဥပေ ဒများ(မူကြမ်း )ရေးဆွဲရေး ပထမ အကြိမ် ညှိနှိုင်းေ ဆွးနွေး

ယနေ့နံနက် ၉ နာရီခွဲတွင် ၂ဝ၁၃ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ်(၇)ဖြင့် မတ်၂၂ ရက်က အတည်ပြု ပြဋ္ဌာန်း ခဲ့ပြီးသော ၂ဝ၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေအား ဥပဒေ အာဏာသက်ရောက် စေရန် အတွက် အနည်းဆုံး အခကြေးငွေ နည်းဥပဒေများ (မူကြမ်း)ရေးဆွဲရေး ပထမအကြိမ် ညှိနှိုင်း ဆွေးနွေး ပွဲကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အစည်း အဝေး ခန်းမ၌ ကျင်းပ သည်။