Thursday, January 9, 2014

ဦးသိန်းစိန် ၏ ၀န်ထမ်း လစာတိုးမြှင့်မှု လွှတ်တော် အတည်ပြုဖွယ်ရှိ

ဝန်ထမ်း လစာ, ပင်စင် လစာ, လစာ တိုးမြှင့်, သမ္မတ ဦးသိန်းစိန်, လွှတ်တော်
သမ္မတ ဦးသိန်းစိန်က လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ၀န်ထမ်းလစာများကို ကျပ် ၂၀၀၀၀ တိုး၍ ပင်စင်လစာများကို အချိုးကျတိုးမြှင့်ရန် စီစဉ်နေခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် က အတည်ပြုလိမ့်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် များက ပြောသည်။
နေပြည်တော်တွင် ဇန်န၀ါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် လာမည့် ဘဏ္ဍာရေးနှစ်သစ်မှ စတင်ပြီး ၀န်ထမ်းလစာများ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ဦးသိန်းစိန်က ထုတ်ပြန် ပြောဆိုခြင်းဖြစ်သည်။

မီးရထားရုံးဝင်းအတွင်း အမျိုးသားနှစ်ဦးက အမျိုးသမီးတစ်ဦးကို ဓားထောက်ပြီး အဓမ္မကျင့်

အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အမျိုးသားနှစ်ဦးက လိမ်လည်ခေါ်ဆောင်ပြီး ဓားထောက်အဓမ္မပြု ကျင့်ခဲ့သည်ဟု တိုင်တန်းသဖြင့် ဗိုလ်တထောင်ရဲစခန်းက ဇန်န၀ါရီ ၇ တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၆ ရက် ည ၇နာရီ က ဆိပ်ကမ်းမြို့နယ်နေ အသက် (၁၉)နှစ်ရှိ အမျိုးသမီးသည် ပန်းဆိုးတန်းရှိ ကွမ်းယာဆိုင်တစ်ဆိုင်တွင် ဈေးကူရောင်းပေးနေစဉ် ဒလမြို့နယ်နေကပ္ပလီ (ခ) အောင် မြင့်

ဓမ္မာရုံ ဒု-ဥက္ကဋ္ဌကို လူ၅ဦး ခဲဖြင့် ၀ိုင်းထု ၂၂ ချက်ချုပ်ရ

Photo: ဓမ္မာရုံ ဒု-ဥက္ကဋ္ဌကို လူ၅ဦး ခဲဖြင့် ၀ိုင်းထု ၂၂ ချက်ချုပ်ရ
Thursday, January 9, 2014

မြောက်ဥက္ကလာပမြို့နယ် ခ ရပ်ကွက် ၀ါပဆွမ်းလောင်းအသင်း 
မဉ္ဇူလမ်း ဓမ္မာရုံ ဒု-ဥက္ကဋ္ဌဦးတင်ထွန်းကို လူ ၅ ဦးက ခဲဖြင့် ၀ိုင်း
ထုသဖြင့် ဦးခေါင်းတွင် ဒဏ်ရာကာ ၂၂ ချက် ချုပ်ခဲ့ရကြောင်း ကာယကံရှင်ထံမှ သိရသည်။

ဖြစ်ပွားပုံမှာ ဇန်န၀ါရီ ၇ရက် ညနေ ၄ နာရီခန့်တွင် ၀ါပဆွမ်းလောင်း 
အသင်း မဉ္ဇူလမ်း ဓမ္မာရုံ ဒု-ဥက္ကဋ္ဌက အနာကပ် ပလာစတာ ၀ယ်ရန် လမ်းထိပ်ဈေးဆိုင်သို့ အသွား တစ်ဖက်မှ အရှိန်ပြင်းစွာ မောင်းနှင် လာသော ယောက်ျားသုံးဦးစီးလာသည့် မော်တော် ဆိုင်ကယ်နှင့် တိုက်လုနီးပါးဖြစ်ခဲ့ရာ ဦးတင်ထွန်းက ဖြည်းဖြည်းမောင်းရန် ပြောဆို ခဲ့ကြောင်း၊ ၎င်းသုံးဦးက ဆိုင်ကယ်မောင်း၍ ဆက်လက်ထွက်သွားခဲ့
ပြီး ဦးတင်ထွန်းက ပြန်လာကာ အဖော်များနှင့် ခြင်းလုံးခက်နေစဉ် ၎င်းသုံးဦး ပြန်ရောက်လာပြီး “မင်းက မကျေနပ်ဘူးလား”ဟု ပြော
ဆိုရာ ကိုတင်ထွန်းက ထိုသုံးဦးအား တောင်းပန်ပြီး ခြင်းလုံး ဆက် ခတ်နေကြောင်း ကာယကံရှင် ဦးတင်ထွန်းက ရှင်းပြသည်။

ယင်းနောက် မကြာမီတွင် ၎င်းတို့ ၃ဦးအပြင် နောက်ထပ်၂ဦးကို ထပ်မံခေါ်လာကာ အုတ်ခဲများဖြင့် ဦးတင်ထွန်းအား ၀ိုင်းထုကြ 
ကြောင်း၊ လက်ဖြင့်ကာရင်း နောက်ဆုတ်သွားရာ ဓာတ်တိုင် တစ်တိုင်ခန့်အကွာ အရောက်တွင် လဲကျသွားခဲ့ရာ မလှုပ်နိုင်တော့ 
သည့် အခြေအနေရောက်အောင် ခဲများဖြင့် ထုခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။

အနီးဝန်းကျင်ရှိ လူများရောက်လာချိန်တွင် ရိုက်နှက်သူများ ထွက်ပြေးသွားကြပြီး ဦးတင်ထွန်းမှာ သတိမေ့သွားသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ကုသ
ဆောင်သို့ ပို့ဆောင်လိုက်ရကြောင်း အဆိုပါလမ်းတွင် နေထိုင်
သူတစ်ဦးက ဆိုသည်။

“ရဲကတော့ မနေ့ ညနေက ကျွန်တော့်ကို လာစစ်သွားတယ်၊ 
တရားခံတွေက ထွက်ပြေးနေတုန်းပဲ၊ ကျွန်တော့်ကို ကြိုးစား
ပေးပါ မယ်လို့တော့ ပြောသွားတယ်”ဟု ကာယကံရှင် ဦးတင်ထွန်းက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြောက်ဥက္ကလာပရဲစခန်းမှ အမှု
စစ်ဆေး ဆက်သွယ်မေးမြန်းရာ အထက်အရာရှိနှင့် စကားပြော
နေသဖြင့် မအားလပ်သေးကြောင်း ပြန်လည်ပြောကြားသည်။

ဝေဖြိုး
People power
မြောက်ဥက္ကလာပမြို့နယ် ခ ရပ်ကွက် ၀ါပဆွမ်းလောင်းအသင်းမဉ္ဇူလမ်း ဓမ္မာရုံ ဒု-ဥက္ကဋ္ဌဦးတင်ထွန်းကို လူ ၅ ဦးက ခဲဖြင့် ၀ိုင်းထုသဖြင့် ဦးခေါင်းတွင် ဒဏ်ရာကာ ၂၂ ချက် ချုပ်ခဲ့ရကြောင်း ကာယကံရှင်ထံမှ သိရသည်။
ဖြစ်ပွားပုံမှာ ဇန်န၀ါရီ ၇ရက် ညနေ ၄ နာရီခန့်တွင် ၀ါပဆွမ်းလောင်း အသင်း မဉ္ဇူလမ်း ဓမ္မာရုံ ဒု-ဥက္ကဋ္ဌက အနာကပ် ပလာစတာ ၀ယ်ရန် လမ်းထိပ်ဈေးဆိုင်သို့ အသွား တစ်ဖက်မှ အရှိန်ပြင်းစွာ မောင်းနှင် လာသော ယောက်ျားသုံးဦးစီးလာသည့် မော်တော် ဆိုင်ကယ်နှင့် တိုက်လုနီးပါးဖြစ်ခဲ့ရာ ဦးတင်ထွန်းက ဖြည်းဖြည်းမောင်းရန် ပြောဆို ခဲ့ကြောင်း၊ ၎င်းသုံးဦးက ဆိုင်ကယ်မောင်း၍ ဆက်လက်ထွက်သွားခဲ့ပြီး

ကျောင်းသူကို ကာယိနြေ္ဒပျက်အောင်လုပ်သည် ဆိုကာ ကျောင်းအုပ်ဆရာကြီးကို အမှုဖွင့်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ မူလွန်ကျောင်း ယာယီကျောင်းအုပ်ဆရာက လေးတန်းကျောင်းသူ တစ်ဦးကို ကာယိနြေ္ဒပျက်ပြားအောင် မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟုဆိုကာ ချင်ပြစ်နယ်မြေ ရဲစခန်းသို့ ကာယကံရှင်မိသားစုက ဒီဇင်ဘာ ၇ ရက်တွင် အမှုဖွင့် တိုင်တန်းလိုက်သည်။

ဖြစ်စဉ်မှာ အသက် ၁၃ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူသည် မူလွန်စာသင်ကျောင်းရှိရာသို့ စာကျက် ရန် သူငယ်ချင်းများနှင့်အတူ ဒီဇင်ဘာလ ၂၄ ရက်က သွားရောက်ခဲ့ရာ ကျောင်းတွင် ထိုနေ့ည ၉ နာရီက စာကျက်ပြီး ယာယီ စာသင်ဆောင်အပေါ်ထပ်တွင် သူငယ်ချင်းများနှင့်အတူ ညအိပ်ခဲ့သည်။ ည ၁၁ နာရီခွဲအချိန်တွင် အသက် ၄၇ နှစ်အရွယ် ယာယီကျောင်းအုပ်ဆရာက ပွေ့ဖက်၊ နမ်းရှုံ့ခြင်း ပြုလုပ်ခဲ့ သည်ဟု တရားလိုက ဆိုထားသည်။

ယနေ့အချိန်မှာ ဆေးလိပ်သောက်ခြင်းဟာ ကမ္ဘာ့တချို့ဒေသတွေမှာ လူကြိုက်နည်းလာပေမယ့်လည်း ကမ္ဘာ့ ဆေးလိပ်သောက်သူ အရေအတွက်ကတော့ သန်းတစ်ထောင်နီးပါး ရှိလာပြီ ဖြစ်ပါတယ်

နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ အချက်အလက်တွေအရ ၁၉၈၀ ပြည့်နှစ်မှာ ဆေးလိပ်သောက်သူ ၇၂၁ သန်း ရှိခဲ့ရာက ၂၀၁၂ ခုနှစ်မှာတော့ ၉၆၇ သန်း ရှိလာပါတယ်။
အခုလို ဆေးလိပ်သောက်သူ ဦးရေ တိုးပွားလာတာဟာ ကမ္ဘာ့လူဦးရေ တိုးလာတာနဲ့လည်း ဆက်စပ်နေ တယ်လို့ ဆိုပါတယ်။

လက်ရှိ ကမ္ဘာ့လူဦးရေဟာ သန်း ၇ ထောင် ရှိလာပြီး ပြီးခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ ၂ ဆ တိုးလာတာဖြစ် ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး စစ်တပ်ပါဝင်ဖို့ ဒေါ်စုတိုက်တွန်း

သုံးခွကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးထွက်စဉ်ကပုံ။သုံးခွကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး ခရီးထွက်စဉ်ကပုံ။
  • ဒေါ်စုရဲ့ ဖလမ်းမြို့လူထုတွေ့ဆုံပွဲမိန့်ခွန်း
မြန်မာနိုင်ငံ လုံခြုံအေးချမ်းဖို့ဆိုရင် တပ်မတော်နဲ့ ပြည်သူအကြားမှာ အပြန်အလှန် လေးစားဖို့၊ ယုံကြည်ဖို့၊ ချစ်ခင်ဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ချင်းပြည်နယ် ဖလမ်းမြို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
 

Eleven Media Group သတင်းထောက်မခိုင် မတရားထောင်ဒဏ် ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့် သတင်းစာ၊ ဂျာနယ်အချို့၏ ရေးသားချက်မှာ တစ်ဖက်သတ် ရေးသားထားခြင်းဖြစ်

သတင်းယူရန် သွားရောက်ရာမှ နေအိမ်ကျော်နင်းမှုအပါအ၀င် ပုဒ်မသုံးခုဖြင့် တရားစွဲ ဆိုထောင်ချခြင်း ခံထားရသော Eleven Media Group သတင်းထောက်မခိုင် မတရား ထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်  သတင်းစာ၊ ဂျာနယ်အချို့၏ရေးသားချက်မှာ တစ်ဖက်သတ်ရေးသားထားခြင်း ဖြစ်သည်ကို တွေ့ရှိရသည်။
သတင်းထောက်မခိုင် မတရားထောင်ဒဏ်ချမှတ်ခံရခြင်းနှင့် ပတ်သက်၍ သတင်းထောက်များက ဆန္ဒဖော် ထုတ်သည့်အပေါ် ဦးရဲထွဋ်က မှတ်ချက်ပေးရာတွင် လွတ်လပ်စွာထုတ်ဖော်ရေးသားပြောဆိုရာ၌ တစ်ပါးသူ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် အခွင့်အရေးကို မထိခိုက်အောင် စောင့်ထိန်းရန်၊ ဒီမိုကရေစီ နည်းကျပြဋ္ဌာန်းထားသော ဥပဒေများကိုလိုက်နာရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်းတွင် ပြဋ္ဌာန်းထားကြောင်း ဦးရဲထွဋ်က ပြောဆိုခဲ့သည်။

အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ မက်လုံးပေးခြင်းများ ပြုလုပ်၍ ရသင့်ရထိုက်သော အခွန်များ တိုးတက်ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ အခွန်ထမ်းသူများအား မက်လုံးပေးခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများကို တိုးတက်ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ဇန်န၀ါရီ ၇ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး (၁/၂၀၁၄) တွင် နိုင်ငံတော် သမ္မတက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အနာဂတ်ကာလတွင် မိမိတို့ နိုင်ငံသည်လည်း အခြားနိုင်ငံများနည်းတူ အစိုးရ၏ အသုံးစရိတ်များကို နိုင်ငံတော်က ကောက်ခံရရှိသော အခွန်ငွေနှင့် ရပ်တည် ဆောင်ရွက်နိုင်

Wednesday, January 8, 2014

ကန်ဒေါ်လာ ၂ မီလီယံကျော်ဖိုး လိမ်လည်ခဲ့သည့် မြန်မာကုမ္ပဏီ အား ပြည်ပကုမ္ပဏီ ၁၁ ခု သမ္မတရုံးသို့ တိုင်ကြားစာပို့

စင်ကာပူနိုင်ငံတွင် ရုံးခွဲဖွင့်ထား သည့် ပြည်တွင်းကုမ္ပဏီတစ်ခု က ပြည်ပ ကုမ္ပဏီ ၁၁ ခုအပေါ် ကန်ဒေါ်လာ ၂ ဒသမ ၃ မီလီယံ တန်ဖိုးအထိ လိမ်လည်မှုပြုလုပ် သွားခဲ့သည်ဟုဆိုကာ အလိမ်ခံ လိုက်ရ သည့် ပြည်ပ ကုမ္ပဏီ များ က စုပေါင်း၍ နိုင်ငံတော်သမ္မတရုံး သို့ တိုင်တန်းလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်းမှ တာဝန်ရှိသူတစ်ဦး က အသင်းထံသို့လည်း ကုမ္ပဏီ ၁၁ ခုက တိုင်ကြားခဲ့ကြောင်း ပြောသည်။
ပဲတင်ပို့ပေးမည်ဆိုကာ ကြိုတင် ငွေများကို ပြည်တွင်းကုမ္ပဏီ တစ်ခုက ရယူခဲ့ပြီး မပို့သည့်အတွက် ထိုသို့တိုင် တန်းခြင်းဖြစ် သည်ဟု တိုင်ကြားမှုမှတ် တမ်းများအရ သိရသည်။

အစိုးရ၀န်ထမ်းလစာတိုးရန်ရှိ၊ ငွေကြေးဖောင်းပွမှုကာကွယ်ရန် စီးပွားရေးပညာရှင်များ သတိပေး

အစိုးရ၀န်ထမ်းများ၏ လစာငွေကို လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်နှစ်သောင်း တိုးမြှင့်ရန် လျာထားကြောင်း သမ္မတဦးသိန်းစိန်က ဇန်န၀ါရီလ ၇ ရက်က သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

“နိုင်ငံ့ဝန်ထမ်းများ၏လစာငွေကို ကျပ် ၂၀,၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျ တိုးမြှင့်ပေးရန် ထည့်သွင်းလျာထားပါကြောင်း ပြောကြားလိုပါတယ်”ဟု သမ္မတက ပြောသည်။

ဘာမြူဒါတြိဂံနယ်မြေ (သို့) သေမင်းခံတွင်း

ဘာမြူဒါတြိဂံနယ်မြေဟာ ပုံပြင်တစ်ပုဒ်လိုပါပဲ။အဲဒီနေရာကိုရောက်သွားရင် သင်္ဘောတွေလေ ယာဉ် ပျံတွေ ပျောက်သွားတတ် ကြတယ်။ သူဟာ အန္တလန်တိတ်သမုန္ဒရာရဲ့မြောက်ပိုင်းတွင် တည် ရှိသည်။ အ မေ ရိ ကန် ရေ တပ် (US Navy) က တော့ ဒီ ဘာမြူဒါတြိဂံနေ မြေ ဟာ တကယ် မရှိဘူး ဆိုပြီး တရားဝင် သတ်မှတ်ထားတဲ့ နေရာများ(US Board Of Geographic Names) တွင် ထည့် သွင်း ထား ခြင်းမရှိပါဘူး။
လေယာဉ်တွေ သ င်္ဘော တွေ ဘာ လို့ ပျောက်သွားကြတာလဲ?

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ရန် လိုအပ်ချက် များစွာရှိနေဟု ကေအင်န်ယူပြောကြား

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲအပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ရန် လိုအပ်ချက် များစွာရှိနေသည်ဟု ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ဈေးကွက်လိုအပ်ချက်အရ ရန်ကုန်မြို့တွင် လူနေအိမ်နှင့် ဆိုင်ခန်းများကို ဟိုတယ်အဖြစ် ပြန်လည်ပြုပြင်ဖွင့်လှစ်ထားသော ဟိုတယ်အသေးစားများစွာ ပေါ်ပေါက်လာနိုင်


မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ စံချိန်တင် များပြား လာမှုနှင့်အတူ ဈေးကွက်လိုအပ်ချက်အရ ရန်ကုန်မြို့တွင် လူနေအိမ်ခန်းနှင့် ဆိုင်ခန်းများကို ပြန်လည်ပြုပြင် ဖွင့်လှစ်ထားသော ဟိုတယ်အသေးစား (Boutique Hotel) များ များစွာပေါ်ထွက်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းမှ သုံးသပ်လျက်ရှိသည်။