Wednesday, November 7, 2012

ကွတ်ခိုင်၌ မှောင်ခို ပစ္စည်းတင်ယာဉ်များဖမ်းဆီးမိ


ဗန်ကား ၇စီး Express Car ၂စီး ပေါ်မှ အခွန်မဆောင်ထားသည့် ပစ္စည်းများ နိုဝင်ဘာ၇ ရက်နေ့တွင် ကွတ်ခိုင်၌ ဖမ်းဆီးမိခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနခေါင်းဆောင်သော မှောင်ခိုတားဆီးရေးရွေ့ လျားအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

နယ်စည်းမခြား ဆရာဝန်များ ရခိုင်မှာ ခြိမ်းခြောက်ခံရ



ရခိုင်ပြည်နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ကို ဒေသခံတချို့က ခြိမ်းခြောက်သည့်အတွက် ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ရွှေ့ဆိုင်းထားရ သည်။စစ်တွေမြို့တွင် ရခိုင် ဗုဒ္ဓဘာသာဝင်တချို့က ပိုစတာများနှင့် လက်ကမ်းစာရွက်များ ဝေငှကာ ကျန်းမာရေးလုပ်သားများကို

ဒီဇင်ဘာလထဲမှာ မင်္ဂလာပွဲ ပြုလုပ်တော့မယ့်အနဂ္ဂနဲ့ သံသာဝင်း

လူမှုရေးလုပ်ငန်းတွေမှာ အတွဲညီစွာနဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားကြတဲ့ အနဂ္ဂ နဲ့သံသာဝင်းတို့ရဲ့ မင်္ဂလာပွဲကို ဒီဇင်ဘာလ ထဲမှာ ပြုလုပ်တော့ မှာဖြစ်ပါတယ်။ ချစ်သူ သက်တမ်း ၄နှစ်တာကြာမှ ကျင်းပတဲ့ မင်္ဂလာပွဲဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ကတော့ အပြည့် အဝရှိနေကြပြီဖြစ်ပါတယ်။

မြန်မာဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း ၁၂၀ ကျော် ညလုံးပေါက် ဆန္ဒဖော်ထုတ်


မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ တူးဖော်ရေးလုပ်ငန်း စီမံကိန်းနယ်မြေအတွင်း ပြောင်းရွှေ့ ကျေး ရွာလေးရွာမှ မြန်မာဝမ်ပေါင်ကုမ္ပဏီ ၀န်ထမ်း ၁၂၀ကျော် သည် နိုဝင်ဘာ ၂ ရက်မှစ၍ လုပ်အားခလစာ အပြည့်အ၀ရရှိရေးအတွက် တောင်းဆိုခဲ့ရာ မပြေလည်သဖြင့်နိုဝင်ဘာ ၆ ရက် ညက ညလုံးပေါက် ဆန္ဒဖော် ထုတ်ခဲ့ကြ သည်။

 ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် နိုဝင်ဘာလဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ကာ သမ္မတနှင့်တွေ့ဆုံမည်



ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် နိုဝင် ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ပြီး ၎င်းခရီး စဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံသွားရန် စီစဉ် ထားကြောင်း ထိုင်းနိုင်ငံ၏ The Nation သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

တောင်ကုတ်တွင် NLD ကျေးရွာ ရုံးများ ဆက်လက် ဖွင့်လှစ်

ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကျေးရွာ အုပ်စုရုံးများကို ဆက်လက် ဖွင့်လှစ်နေသည်ဟု သတင်းရရှိ သည်။ယမန်နေ့  နိုဝင်္ဘာလ ၆ရက်နေ့က တောင်ကုတ်မြို့မှ ၄ မိုင်ခန့်အကွာတွင် ရှိသည့် မီးချောင်းထိုး ကျေးရွာတွင်လည်း ကျေးရွာရုံးကို ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

အစိုးရတပ်က KIA တပ်မဟာ ၅ နယ်မြေသို့ စစ်လက်နက်နှင့် အင်အား တိုးချ


မြန်မာအစိုးရတပ်သည်ကချင်ပြည်နယ်အရှေ့ဘက် မြစ်ကြီးနား-မန်မော် (ဗန်းမော်)လမ်း ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၅) နယ်မြေသို့ စစ်အင်အားများ တိုးချဲ့နေကြောင်း သိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၅ ရက် ည ၁၀ နာရီချိန်တွင် စစ်အင်အား ၈၀ ကျော်အား ခလရ ၁၀၅ တပ် အခြေစိုက်သည့် ဂန်ဒေါင်ယန် (Gangdau

ရှမ်းညီလာခံတွင် ဒု-သမ္မတနှင့် ဝန်ကြီးနှစ်ဦးကို ဖိတ်ကြားမည်

စံခလပူရီ (မဇ္ဈိမ) ။       ။ နိုဝင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည့် ရှမ်းတိုင်းရင်းသားများ ညီလာခံသို့ ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း အပါအဝင် သမ္မတရုံး ဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးစိုးသိန်း တို့လည်း တက်ရောက်ဖွယ် ရှိကြောင်း ဦးဆောင်ကျင်းပသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် (SNLD) က ထုတ်ဖော်ပြောဆိုလိုက်သည်။

"ရန်ကုန် ညမင်းသားပြိုင်ကားများနှင့် အုပ်စုဖွဲ့ရမ်းကားနေသည့် ညလူဆိုးများကို စတင်နှိမ်နင်းပြီ"


ညအချိန် ကားပြိုင်မောင်းခြင်းနှင့် အုပ်စုဖွဲ့ဝိုင်းဝန်း ရိုက်နှက်မှုများ ရှိ နေခြင်းကြောင့် ကမ္ဘာအေး ဘုရားလမ်းနှင့် ပြည်လမ်းတစ်လျှောက် ဖမ်းဆီး စစ်ဆေးမှုဆောင်ရွက်နေသည့် ၃ ရက်တာကာလ အ တွင်း ပြိုင်ကား ၁၂ စီး အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ထိပ်တန်း အရာရှိတစ်ဦးက ပြောသည်။

သမ္မတ ရွေးကောက် ပွဲ တွင် အိုဘားမား (၂၇၅) မဲဖြင့် အနိုင်ရရှိ


၂၀၁၂ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ FOX News သတင်းဌာန၏ နောက်ဆုံး ထွက်ပေါ် လာသော ရလာဒ်များအရ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ၂၇၅ မဲရရှိထားပြီး အနိုင်ရရှိကာ ပြန် လည် ရွေးကောက်ခံရပြီဖြစ်သည်။ မစ်ရွမ်းနေက ၂၀၃ နေရာ ရရှိထားကြောင်း သိရသည်။

ဖုန်းနံပါတ် အပူးများ လေလံစနစ်ဖြင့် ဆက်သွယ်ရေး ရောင်းချမည်

 
ထပ်မံ ချထားပေးလျက် ရှိသည့် ကျပ် နှစ်သိန်းတန် GSM ဖုန်းများနှင့် ကျပ် နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်း နံပါတ် အတွဲ များကို မြန်မာ့ ဆက်သွယ်ရေး က တရားဝင် လေလံ စနစ်ဖြင့် ရန်ကုန်မြို့တော် နှင့် မန္တလေး မြို့တော် များတွင် ရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ တာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။

ကန်ဒေါ်လာ ၇၀၀၀ ဖြင့် မြန်မာလက်ရွေးစင် ဘော်လီဘောကစားသမား အောင်သူခေါ်ယူ ကစားရန်စာချုပ် ချုပ်

http://7daynewsjournal.com/sites/default/files/imagecache/350x235_big_photo/2012/article/2012/10/71.jpg
မြန်မာလက်ရွေးစင် ဘော်လီဘောကစားသမား အောင်သူသည် လစာ ကန်ဒေါ်လြာေ ခာက်ထောင်ြ ဖင့် ပြည် ပ သို့ သွားေ ရာက်ကစား မည်ဖြစ်ရာ ပြည်တွင်းကစားသမားများ အနက် လစာအများဆုံးရ ရှိသူ ဖြစ်လာ မည်ဖြစ်သည်။

မောင်တောမြောက်ပိုင်း ဗန္ဓုလကျေးရွာပတ်ဝန်းကျင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားများတိုက်ခိုက်ခံရ

 
မောင်တောင်မြောက်ပိုင်း ဗန္ဓုလကျေးရွာတွင် လမ်းတံတားဆောက် လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော GEတပ်မှ တပ်ဖွဲ့ဝင်များနှင့် လုပ်သားများသည် ၆-၁၁-၂၀၁၂ နေ့နေလည်ပိုင်းလောက်တွင် အမည်မသိတပ်ဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်ဟု မောင်တော

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲပေးမှုတွေ ပြည်နယ် အများစုမှာ ပြီးဆုံးသွားပြီ

 
အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲပေးမှုတွေ ပြည်နယ် အများ စုမှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ စစ်တမ်းတွေအရနဲ့ တခိျု့တဝက် ရေတွက်ပြီး ရလဒ်တွေအရ ကတော့ သမ္မတ အိုဘားမားနဲ့ ပြိုင်ဘက် မစ်တ်ရွမ်နီ တို့ဟာ ဘယ်သူကမှ ပြတ်ပြတ် သားသား အနိုင်ရတာမျိုး မရှိသေးပါဘူး။

စီမံကိန်းများ ရပ်ဆိုင်းထားရန် အစိုးရနှင့် KNU ကို ဒေသခံများ တိုက်တွန်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်း ကျေးရွာပေါင်း ၂၇ ရွာမှ ရွေးချယ် တင်မြောက်ထားသော ကိုယ်စားလှယ် ၁၀၀ ကျော်က ယခုလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးတွင် တွေ့ဆုံခဲ့ကြသည် (ဓာတ်ပုံ – လူထုဆုံရပ်)
ကရင်ပြည်နယ်အတွင်း အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ လုပ်ကိုင်နေကြသော စီးပွားရေး လုပ်ငန်းများကို ပြန်လည် သုံးသပ်ရန်နှင့် ရပ်ဆိုင်းထားရန် ဒေသခံ ကရင်ပြည်နယ်လူထုဖြင့် ဖွဲ့စည်းထားသော “လူထုဆုံရပ် ဖြစ်မြောက်ရေး ကော်မတီ” က တိုက်တွန်း ပြောဆိုလိုက်သည်။

မျှော်စင်ကျွန်းမှာပရိတ်သတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေတဲ့ နန်းခင်ဇေယျာ



နိုဝင်ဘာလ ၂၃ ရက် နေ့(သောင်္ကြာနေ့) ညနေမှာ မျှော်စင်ကျွန်းမှာ ပရိတ်သတ်ကြီးအားလုံးနဲ့ တွေ့နိုင်အောင် စီစဉ်နေကြောင်း နန်းခင်ဇေယျာရဲ့ Facebook စာမျက်နှာမှ သိရပါတယ်။"အားလုံးပဲ မင်္ဂလာမနက်ခင်းပါရှင့်….. ညီမကို အစဉ်တစိုက် အပင်ပန်းခံပြီး အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံး၊

ယနေ့ (နိုဝင်ဘာလ ၇ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင်

 
(၁) အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော လာဘ်ပေး လာဘ်ယူမှု  ပပျောက်ရေး  ဥပဒေကြမ်းအား    ပြည်သူ့ လွှတ်တော်က
ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာခြင်းကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးခြင်း။

ပေါက်တောမြို့နယ် နိုင်ငံသားစိစစ်မှု စတင်



မြန်မာနိုင်ငံ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေအရ နိုင်ငံသား ဟုတ်မဟုတ် တရားဝင် နေထိုင်ခွင့် ရှိမရှိ ဆိုတာကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ စတင် စစ်ဆေးနေပါတယ်။ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိ မြို့ဖတွေပါဝင်တဲ့ အဖွဲ့တွေ က ပေါက်တော မြို့နယ်ထဲမှာရှိတဲ့ ရွာ ၅ ရွာကို ဒီကနေ့ အင်္ဂါနေ့က

နိုင်ငံခြားသားများ ကျူးလွန်သည့် ရာဇ၀တ်မှုခင်းနှင့် လိမ်လည်မှုပိုများလာ

ရန်ကုန်၊ နိုဝင်ဘာ-၎


နိုင်ငံတကာနှင့်ဆက်သွယ်မှု များပြားလာသည်နှင့်အမျှ နိုင်ငံခြားသားများ၏ ရာဇ၀တ်မှုကျူးလွန်မှုများ တစ်နေ့တခြားများပြားလာကာ တရားစွဲဆို အရေးယူမှုများလည်း များပြားလာရ သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရားရေးဝန်ထမ်းများထံမှ သတင်းရရှိသည်။

သျှမ်းညီလာခံအပေါ် စဝ်ယွက်စစ်အမြင်

SYS
သျှမ်းပြည်တပ်မတော် RCSS/SSA  ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်
အခုလထဲမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကမကထပြုကျင်းပမယ့် သျှမ်းညီလာခံ ရှိမယ်လို့ ကြားသိရပါတယ်။ အဲဒီညီလာခံကို သျှမ်းပြည်က လူမှုရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းနဲ့ လက် နက်ကိုင်တပ်ဖွဲ့တွေ ဒါ့အပြင် နိုင်ငံရေးပါတီတွေပါဝင်မယ်လို့ကြားသိရပါတယ်။ ဘယ်ရက်မှာ ကျင်းပ

လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ် သစ်


လူကြီးမင်းရဲ့ မဟာလျှော့ဈေး အစီအစဉ်သစ် ထပ်လုပ်ပါပြီ။ ဒီကနေ့ နိုဝင် ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကူပွန်စနစ်နဲ့ မဲနှိုက်ရောင်းချပေး သွားမှာပါ။ပြီးခဲ့တဲ့ မဟာလျှော့ဈေးအစီအစဉ်မှာေ တာ့ နေပြည်တော်၊ ပျဉ်းမနားနဲ့ တောင်ကြီး ဆိုင်ခွဲတွေမှာတော့ အောင်မြင် ခဲ့ပေမယ့် ရန်ကုန်နဲ

မြန်မာ့အပြောင်းအလဲ ဗြိတိန်ချီးကျူး

အဓိကကျတဲ့ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အခုလောက် အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ် ချီးကျူးဂုဏ်ယူပါကြောင်း လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ EU ထိပ်သီး အစည်းအဝေးရဲ့ သီးခြား တွေ့ဆုံပွဲမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က ပြောလိုက်ပါတယ်။

၅၅ ယောက် ၅ နာရီ ငရဲကျ



ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် သာယာအဝေးပြေးဂိတ်မှ ပုသိမ်  သို့ပြေးဆွဲ လျက်ရှိသော “ချမ်းမြေ့ အေး” အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး ကားလက်မှတ်ဝယ် ယူစဉ်တွင် နေ့လယ် ၁၂း၀၀ နာရီ  ထွက်မည်ဖြစ်သောကြောင့် AIRCON Experss လားဟုမေး  ရာ

“ပျဉ်မနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာ တွင်းရှိလူငါးဆယ်ခန့် မင်္ဂလာဆောင်မှ အပြန် အစာအဆိပ်သင့်“


နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့နယ်၊ကင်ပွန်းတန်းကျေး ရွာ ရှိ ရွာသားငါးဆယ်ခန့် ယနေ့နေ့လည်ပိုင်းမှစတင်၍ အစာအဆိပ်သင့် ကာအထက်လန်အောက်လျှောဝေဒနာခံစားခဲ့ရကြောင်းသတင်းရရှိသည်

Tuesday, November 6, 2012

မြို့နယ် ၂၆ မြို့နယ်၌ GSM တယ်လီဖုန်း ဆက်သွယ်မှုအား ယာယီ ဆိုင်းငံ့ သွားမည်


ရန်ကုန်တိုင်း ဒေသကြီး အတွင်း GSM , ZTE Network မြို့နယ် ၂၆ မြို့နယ်မှာ GSM တယ်လီဖုန်းများ ဆက်သွယ်မှုကို မိနစ်ပိုင်းခန့် ယာယီ ဆိုင်းငံ့ သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒီလို ယာယီ ဆိုင်းငံ့ သွားမယ့် မြို့နယ်များ ကတော့ အလုံ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲစတင်ပေးနေပြီ



အမေရိကန်နိုင်ငံသားတွေဟာ သမ္မတသစ်ကို ရွေးချယ်ဖို့အတွက် စတင် မဲပေးနေကြပါပြီ။ တနင်္လာနေ့တုန်းကတော့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတ Barack Obama နဲ့ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြု မက်ဆာချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney

ဗီဇာငွေထုတ်ကတ်များ မြန်မာနိုင်ငံ၌ တရားဝင် သုံးစွဲနိုင်တော့မည်

ဗီဇာသည် ကမ္ဘာပေါ်တွင် လုပ်ငန်းစဉ်အရပ်ရပ်အား Visanet ကို လည်ပတ်စေပြီး တစ်စက္ကန့်လျှင် ငွေချေမှုပေါင်း ၂၄၀၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှု ပေးနိုင်သကဲ့သို့ အတုလုပ်မှုများမှလည်း သုံးစွဲသူများကို ကာကွယ်ပေးနိုင်ပြီး ကုန်သည်များအတွက်လည်း အာမခံငွေချေမှုများကို

ဘင်္ဂလာဒေခ်ျ့ အတိုက်အခံ ခေါင်းဆောင် ရာမူး မီးရှို့ ဖျက်ဆီးခံ လိုက်ရသော ဘုန်းကြီးကျောင်းများကို စစ်ဆေးမည်

 
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတိုက်အခံ ဘီအမ်းပီ ပါတီ ခေါင်းဆောင် ယခင် ၀န်ကြီးချုပ်ဟောင်း ခါလစ်ဒါဇီယာသည် လာမည့် စနေနေ့တွင် ရာမူးသို့ သွားရောက်ပြီး မီးရှို့ ဖျက်ဆီးလိုက်ရသော ဘုန်းကြီးကျောင်းများကို သွားရောက် ကြည့်ရှု့ စစ်ဆေးမည်ဟု သတင်း ရရှိသည်။

ရသေ့တောင်တွင် တုတ်ဓါးလက်နက်များ သိမ်းယူ



ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက တုတ်ဓါး  လက်နက်များကို သိမ်းယူသည်ဟု သတင်းရရှိသည်။လက်နက် များ သိမ်းယူနေခြင်းနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသား များ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ်  ပြည်နယ် လွတ်တော်ကိုယ်စား

မီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ 

 
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့အား လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လက်အောက် မှ ပြည် ထဲရေးဝန်ကြီးဌာနလက်အောက်သို့ လွဲပြောင်းလိုက်ကြောင်း သိရ သည်။