ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာသမ္မတ ဦးသိန်းစိန် ထံမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ထံသို့
နိုဝင်ဘာလ ၁၆ ရက်နေ့က ပေးစာတစောင် ပေးပို့ခဲ့သည်။ စာထဲတွင် ဦးသိန်းစိန် က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့
သော ဖျက်ဆီးမှုများ၊ အဓိပ္ပာယ်မဲ့ အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုမြောက်သော လုပ်ရပ်များကို ရှုတ်ချထားပြီး တရားဥပေဒေနှင့်အညီ ကိုင်တွယ် ဖြေရှင်းပေးမည် ဖြစ်ကြောင်း ကတိကဝတ် ပြုထားသည်။