Tuesday, March 5, 2013

ပြုပြင်ရေး ကတိတွေနဲ့ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံစတင်

တရုတ်နိုင်ငံမှာ ကျင်းပနေဆဲ နှစ်ပတ်လည် ပါလီမန်ညီလာခံအတွင်း တရုတ်အစိုးရအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ပိုမို ကောင်းမွန်လာစေဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ကတိပြု ပြောဆိုလိုက်ပါတယ်။

ကျုံမငေးချောင်းအတွင်း ဓာတုအဆိပ်သင့် ပစ္စည်းများ ပျော်ဝင်နေ

နောက်ကျိနေသည့် ကျုံမကူးချောင်းအတွင်း နွားများ ရေသောက်ဆင်းနေပုံ (ဓာတ်ပုံ – ညိမ်းပြည့်စုံ / ဧရာဝတီ)


မွန်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီး နှစ်ခုအတွင်း ဖြတ်သန်းစီးဆင်း လျက်ရှိသော ကျုံမကူးချောင်းအတွင်း ရွှေကျင် လုပ်ငန်းများမှ စွန့်ပစ်လိုက်သည့်

၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲဆုရှင်အဖြစ် အဆိုပြုခံရသူများစာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင်တယ်လို့ သိရပါတယ်။
ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုခံရသူ အရေအတွက်ဟာ စံချိန်တင်ရလောက်အောင် များပြားတယ်လို့ နိုဘဲလ်ဆုဌာနက ပြောပါတယ်။

လာမည့်ရွေးကောက်ပွဲ မန်းမြို့တော်ဝန် ပြန်အရွေးခံတော့မည် မဟုတ်


မန­္တလေးမြို့တော်ဝန် ဦးအောင်မောင်းက လာမည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည် အရွေးခံတော့မည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် မန္တလေး မြို့တော်ခန်းမ၌ စာနယ်ဇင်းသမား များနှင့် တွေ့ဆုံစဉ်ပြောသည်။
''ကျွန်တော်လာမည့် ရွေးကောက်ပွဲကျရင် အနားယူတော့ မယ်။ အခုဟာက စိတ်ပဲရှိတယ်'' ဟု မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောသည်။

USAID အကြီးအကဲ မြန်မာပြည်သွားမည်

အမေရိကန်ပြည်ထာင်စုရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID အုပ်ချုပ်ရေးမှူး ဒေါက်တာ ရာဂျစ် ရှား (Dr.Rajiv Shah) ဟာ အခုမတ်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို ရောက် ရှိမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက သမ္မတအိုဘားမား မြန်မာ ခရီးစဉ်နောက်ပိုင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ခရီးစဉ်ဖြစ်တယ်လို့ USAID က ဒီ့မတိုင်ခင်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြန်လည် သင့်မြတ်ရေးအတွက် အစိုးရဦးဆောင်မှု လိုအပ်

mr_ashok_nigam_305.jpgကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Ashok Nigam က ဒေသခံသတင်းထောက်တွေနဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံနေစဉ်
photo: RFA/ Min Thein Aung
ရခိုင်ပြည်နယ်မှာ လူအဖွဲ့အစည်း နှစ်ခုအကြား ပြန်လည် သင့်မြတ်ရေးဆောင်ရွက်ဖို့ အစိုးရရဲ့ ဦးဆောင်မှုအပိုင်းက အရေးကြီးကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ashok Nigam က မတ်လ ၄ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဥပဒေသမားတွေပင်လျှင် အခြေခံဥပဒေကို မကျေညက်ဘူး


နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌအဖြစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အတည်ပြု
ခန့်အပ်ခံရသည့် ဦးမြသိန်းကို ရန်ကုန်မြို့၌ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာတိုင်း(မ်)
အကြီးတန်းလက်ထောက်စာတည်း စန္ဒာလွင်က တွေ့ဆုံမေးမြန်းခဲ့သည်။
* ပထမဆုံး 'ပြည်ထောင်စုအဆင့်' ပြဿနာအပေါ် ဆရာ့အမြင် ပြောပေးပါ။
ဒါကို အခုဒီမှာတော့မပြောတော့ဘူး။ ဒါက အဖွဲ့နဲ့ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
* ဒီမိုကရေစီစနစ် အကောင်အထည် ဖော်ရင် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ဖို့
အရေးကြီးတယ်လို့ ပြောပါတယ်။

နေပြည်တော်အတွက် ဘတ်ဂျက်လျာထားချက် ဝေဖန်ခံရ

နေပြည်တော်ရှိ ဇီဇ၀ါပန်းအ၀ိုင်းကို ဖေဖော်ဝါရီလလယ်ခန့်က တွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)

နေပြည်တော်ရှိ ဇီဇ၀ါပန်းအ၀ိုင်းကို ဖေဖော်ဝါရီလလယ်ခန့်က တွေ့ရစဉ်။ ဘူးသီး/မြန်မာတိုင်း(မ်)
သမ္မတ၏တိုက်ရိုက်ကွပ်ကွဲမှုအောက်၌ ရှိသော နေပြည်တော်ကောင်စီနယ်မြေ ၂၀၁၃-၁၄ ခုနှစ်
အတွက် ဘတ်ဂျက် လျာထားချက်သည် လိုအပ်သည်ထက် ပိုမိုများပြားနေသည်ဟု ယခုလ
၂၅ ရက် နှင့် ၂၆ ရက်နေ့တို့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ၌
လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ပြောကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ တိုင်းရင်းသားဒေသမှာ လူမျိုးစုတွေသာ ယှဉ်ပြိုင်လို

ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ (NBF)ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းအဖွဲ့ (NBF)

မြန်မာနိုင်ငံမှာ နောက်တကြိမ် ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ တိုင်းရင်းသားဒေသ တွေမှာ လူမျိုးစုနိုင်ငံရေး ပါတီတွေသာ အဓိကထား ယှဉ်ပြိုင်တာမျိုး လိုလားတဲ့အကြောင်း တိုင်းရင်းသား မဟာမိတ်ပါတီတွေက ပြောဆိုလိုက်ကြပါတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေးပါတီကြီးတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ

Monday, March 4, 2013

လက်ပံတောင်းတောင် ဒေသခံ ၃ ဦးမှ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ နိုင်ငံတော်သမ္မတကို ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဆားလင်းကြီးမြို့နယ် တရားရုံးက မတ်လ ၄ ရက်နေ့တွင် လက်ခံခဲ့


3.4.3လက်ပံတောင်းရွာသူရွာသားများ ဆားလင်းကြီးမြို့နယ် တရားရုံးမှ ပြန်လည်ထွက်ခွာလာစဉ်
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံ ၃ ဦး မှ လက်ပံတောင်းတောင် အရေးနှင့် ပတ်သတ်၍ နိုင်ငံတော် သမ္မတကို ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဆားလင်းကြီးမြို့နယ် တရားရုံးက မတ်လ ၄ ရက်နေ့တွင် လက်ခံခဲ့ကြောင်း သိရသည်။

စည်းကမ်းပျက် ဘတ်စ်ကားများ အင်တာနက်မှ တဆင့် တိုင်ကြားနိုင်

  
ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲနေသော ဘတ်စ်ကားများ ပြိုင်မောင်းခြင်း၊ လမ်းကြောလုမောင်းခြင်း၊ ပြောင်းပြန် မောင်းခြင်း၊ မှတ်တိုင်ကျော်မောင်းခြင်း၊ သတ်မှတ်နှုန်းထက် ပိုမောင်းခြင်း၊ ကားခ ပိုတောင်း ခြင်း၊ မှတ်တိုင်တွင် စောင့်နေကြသော ခရီး သည်များ လိုက်ပါ၍ရအောင် ကားရပ်မပေးခြင်း၊ အထူးကားများတွင် လူပိုတင်ခြင်း၊ မချေမငံ ရိုင်းပြစွာ ဆက်ဆံခြင်း၊ သတ်မှတ်

နစက ၄ ဦး ဘင်္ဂလားဒေ့ရှ်ဘက် နယ်စပ်ကျော်၍ ကန့်ကွက်ခံရ

ကွပ်ကဲမှုဌာနချုပ် (နစက) အဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦးသည် ယခုလ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲသို့ ကျူးကျော်ရောက်ရှိလာခြင်းကို ကောက်စ်ဘဇား အခြေစိုက် အမှတ် (၁၇) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ လူမှောင်ခို ပွဲစားများနှင့်

အဆင်းလှလှ၊ အချင်းလှလှ၊ သတင်းလှလှ

Miss Myanmar International 2013 ပြိုင်ပွဲ မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)


အခုတလော ပေါများပြည့်လျှံလာသည့် မယ်ပြိုင်ပွဲများမှာ ပရိသတ်ကြီးကို တ၀ါးဝါး တဟားဟားနှင့် ပွဲကျစေသည့် ပြိုင်ပွဲများ ဖြစ်သည့် အားလျှော်စွာ အပျင်းပြေ ကြည့်ရှုရန် အလွန်ပင် သင့်တော်ကြောင်း အားပေးအားမြှောက် ပြုလိုက်ရပါသည် …။  မြန်မာနိုင်ငံ ကိုယ်စားပြု အပြည်ပြည်ဆိုင်ရာ အလှမယ် Miss Myanmar international တွင် မနှစ်က နန်းခင်ဇေယျာ ဆွတ်ခူးသွားသည့် အလျောက် ဒီနှစ်တွင်လည်း

လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကို သမ္မတရှင်း

မြန်မာနိုင်ငံ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတမှ ခန့်အပ်ထားသူဖြစ်ပြီး လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် တိုင်းပြည်၏ သမိုင်းကြောင်းနောက်ခံ အခြေအနေများအရ လတ်တလော အခြေအနေတွင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်ရန်သာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် Solbergfoss ရေအားလျှပ်စစ် စက်ရုံများအား သွားရောက် ကြည့်ရှုလေ့လာ

 
နေပြည်တော် မတ် ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ (၂၈)ရက် နံနက်(၁ဝ)နာရီ တွင် နော်ဝေ နိုင်ငံ အော်စလိုမြို့၏မြောက်ဘက် အက်စ်ကင်မ်(Askim) မြို့နယ်ရှိ Solbergfoss ရေအားလျှပ်စစ်စက်ရုံများကို သွားရောက် ကြည့်ရှုလေ့လာသည်။
       

ကချင်ဒေသ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မကြာခင်ပြန်စမည်

မြန်မာအစိုးရနဲ့ ကေအိုင်အိုအဖွဲ့ကြား ဆွေးနွေးပွဲတခု။
KIO ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာအစိုးရပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ တို့ကြား မတ်လ ဒုတိယပတ်လောက်မှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုတွေ ထပ်လုပ်တော့မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက ကျင်းပဖို့စီစဉ်ထားတဲ့ ဆွေးနွေးပွဲ ဟာ ဆွေးနွေးပွဲမတိုင်ခင် ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့်

Sunday, March 3, 2013

ခေါင်းကိုက်ခြင်းအတွက် သဘာဝကုထုံး


ခေါင်းကိုက်ခြင်းအတွက် သဘာဝ ကုထုံး နော် !!!!
ငါးမိနစ်အတွင်း ပဲ.... မင်း ခေါင်းကိုက်တာ သက်သာ သွားမှာ

နှာခေါင်းမှာ ဘယ်ဘက်ခြမ်း နဲ့ ညာဘက်ခြမ်းဆိုတာ ရှိပါတယ်
ကျွန်တော်တို့ က နှစ်ခု စလုံးကို အသက်ရှုသွင်းဖို့ နဲ့ ရှုထုတ်ဖို့ သုံးရပါတယ်
အမှန်တကယ်မှာတော့ .... သူတို့ က မတူကွဲပြားကြပါတယ်

စောင်းတီး စွမ်းရည်ပြခဲ့သူ Miss Myanmar International နဲ့ အင်တာဗျူး

Miss Myanmar International 2013 ဆုရ ဂုဏ်ရည်အေးကျော်ကို ယမန်နှစ်က ယင်းဆုရရှိခဲ့သူ နန်းခင်ဇေယျာနှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)


နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် Miss Myanmar International ပြိုင်ပွဲကို Myanmar Tourism Federation ရဲ့လက်အောက်မှာရှိတဲ့ Myanmar Tourism Service က ကြီးမှူး ကျင်းပခဲ့တာ အခုဆိုရင် ဒုတိယအကြိမ်အဖြစ် မန္တလေးသူ

အရက်နှင့် ဖားပြုတ် မြည်း ရာမှ လူတစ်ဦးသေဆုံး



ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ဖြူးမြို့နယ် ၊ ပြောင်သေကျေးရွာအုပ်စု ရှိ အနောက်ရိုးမ တောတွင်း တစ်နေရာတွင် ဖေဖော်ဝါရီ လ ၂၁ ရက် ၊ နေ့လည် ၃ နာရီတွင် လူနှစ်ဦး က တောအရက်နှင့် ဖားပြုတ် မြည်း ရာ မှ ဖေဖော်ဝါရီ လ ၂၁ ရက် ၊ နေ့လည် ၃ နာရီတွင် တစ်ဦး သေဆုံးခဲ့ကြောင်း ဇေယျဝတီ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူ
တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

သတင်းစာတချို့ နေ့စဉ် ထုတ်ဝေခွင့်ရ

မြန်မာ့သတင်းစာ၊ ဂျာနယ် လက်ကားဈေးကွက်တွင် စာစောင်များကို ထုတ်ယူနေကြစဉ်။
မြန်မာ့သတင်းစာ၊ ဂျာနယ် လက်ကားဈေးကွက်တွင် စာစောင်များကို ထုတ်ယူနေကြစဉ်။
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် သတင်းစာ ၈ စောင်ကို နေ့စဉ်သတင်းစာထုတ်ဝေခွင့် ပြန်ကြားရေးဌာန က ချပေးလိုက်ပါတယ်။ ဧပြီလ ၁ ရက်နေ့ကစလို့ ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာတွေကို ထုတ်ဝေခွင့် ပြုတော့မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကကြေညာပြီး လျှောက်လွှာခေါ်ယူခဲ့တာမှာ လောလောဆယ် ၈ ခုကို နေ့စဉ်သတင်းစာထုတ်ဝေခွင့် ပေးလိုက်တယ်လို့ စနေနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လယ်သမားတွေရဲ့အမြင်တွေ မြှင့် တင်ပေးဖို့ လိုအပ်နေပြီ လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

dassk_305.jpegဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က လွှတ်တော်တက်ရောက်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: RFA
လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံ မှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးရေးအမြင်တွေကို ခေတ်သစ် အမြင်တွေ ဖြစ်လာအောင် မြှင့်တင်ပေးဖို့ လိုအပ်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

Saturday, March 2, 2013

မြန်မာအစိုးရ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိနိုင်ကြောင်း ဖင်လန်နိုဘယ်လ်ဆုရှင် ပြောကြား


မြန်မာအစိုးရကို မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ ၈ ဒသမ ၄ သန်း ပေးမည်ဟု ဖင်လန်အစိုးရက ကြေညာခဲ့ပြီးနောက် ဖင်လန်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မက်တီအာတီဆာရီက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစိုးရသည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိနိုင်ကြောင်း မတ်လ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

စိုင်းနော်ခမ်း ဖြစ်ရပ်ကို ရှမ်းပြည်က အခြား မူးယစ်ရာဇာများ သင်ခန်းစာ ရယူရန်လို

တရုတ်နိုင်ငံမှ  မူးယစ်ရာဇာ တစ်ဦး ဖြစ်သည့်  မြန်မာနိုင်ငံသား စိုင်းနော်ခမ်းကို ကို ခုလို ထိထိရောက်ရောက် ပြစ်ဒဏ်ပေးလိုက်ခြင်းသည် လုပ်သင့်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ကမ္ဘာတလွှား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကြော့င့် လူငယ်ပေါင်းများစွာ၊ လမ်းမှားရောက်ပြီး သေကြေ ပျက်စီးခဲ့တာ မိသားစုပေါင်းများစွာ ဒုက္ခရောက်ခဲ့ကြသည်။

Friday, March 1, 2013

ကမ္ဘာ့စီးပွါးရေး ဖိုရမ် ဇွန်လဆန်းတွင် နေပြည်တော်၌ ကျင်းပမည်

Sushant-Palakurthi-Rao1 ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ကျင်းပသည့် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဖိုရမ်၏ အာရှဥသျှောင်၊ အကြီးတန်း ဒါရိုက်တာ Sushant Palakurthi Rao ဆွေးနွေးနေစဉ်။ (ဓာတ်ပုံ : World Economic Forum)
ရန်ကုန် (မဇ္ဈိမ)။   ။ ၂၂ ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွါးရေး ဖိုရမ်ကို နေပြည်တော်တွင် ဇွန်လဆန်း အတွင်း လက်ခံကျင်းပမည် ဖြစ်ပြီး ဖိုရမ်၏ ခေါင်းစဉ်မှာ “ပူးပေါင်းမှုနှင့် ပါဝင်မှုအတွက် ရဲဝံ့စွာ ပြောင်းလဲခြင်း” ဟူ၍ ဖြစ်သည်။

မြန်မာနှင့် ဆက်သွယ်မည့် ကားလမ်းများအတွက် အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး အဆိုပြု

Chin Jeep

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံနှင့် ဆက်သွယ်သည့် နယ်စပ် ကားလမ်းများ ပြုပြင် ဖောက်လုပ်ရန် အတွက် ကမ္ဘာ့ဘဏ္ဍာအရင်းများထံမှ အကူအညီများ တောင်းခံရန် အိန္ဒိယ ဗဟိုအစိုးရ ဘဏ္ဍာရေးဝန်ကြီးက ၎င်း၏ ပါလီမန် ဘဏ္ဍာရေးဆိုင်ရာ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

တရုတ်အစိုးရအတွက် ရတက်မအေးစရာ ပျိုကျန်ရစ်ကြီးများ

အသက်က ၂၇နှစ်ကျော်နေပြီဖြစ်သည်။ အိမ်ထောင်ကမကျသေး။ တရုတ်နိုင်ငံ၌ ထိုကဲ့သို့အမျိုးသမီးမျိုးကို အစိုးရကိုယ်တိုင်က ““ပျိုကျန်ရစ်ကြီးများ””ဟူ၍ ကင်ပွန်းတပ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ပညာတတ်တရုတ်အမျိုးသမီးတချို့က အပျိုကြီးတစ်ကိုယ်တည်းအခြေအနေမျိုးဖြင့်ပင် ဘ၀ကို ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းနေကြသည်။

မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)



မိဘ ပြည်သူ များသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရေဒီယို အစီအစဉ် များမှ တစ်ဆင့် ပြောကြားသည့် မိန့်ခွန်း (၁- ၃- ၂ဝ၁၃)မကြာမီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အားလုံးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု စတင်တက်လှမ်း နိုင်တော့မည် ပြည်ပမှ ရင်းနှီးမြှုပ်နှံ လိုသူများ အဟန့်အတား အနှောင့် အယှက် မဖြစ်စေရန် ပူးပေါင်း ဆောင်ရွက်၊ ပြောင်း လဲ မှုများနှင့် လိုက်လျော ညီထွေစွာ လိုက်ပါ ပြောင်းလဲ၊  ပြည်သူ တစ်ဦးချင်း စီက စိတ်ရှည် သည်းခံမှု၊ နားလည် ခွင့်လွှတ် စာနာ ထောက်ထားမှု များနှင့် ပူးပေါင်း လုပ်ဆောင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းရှိ

ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ

ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ

1.3.2013

ရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်"

"သက်သာတဲ့ ဈေးနှုန်း" က ဘယ်လောက်လဲ ဆိုတာ သမ္မတ မိန့်ခွန်းထဲမှာ ထည့်မပြောသွားပါဘူး။

ရန်ကုန်မှာ GSM ဆင်မ်ကတ် တခု ပေါက်ဈေးက နှစ်သိန်း ဖြစ်ပါတယ်။

နှစ်သောင်းနဲ့ရောင်းမယ်လို့ သတင်းထွက်နေကြောင်း တချို့က ဆိုပါတယ်။ အဲဒါဆိုရင် ဈေး ဆယ်ဆ ကျသွားတဲ့ သဘောပါ။

ဆင်မ်ကတ် တခု နှစ်သောင်း ဆိုတာ ၀ယ်ချင်သူတွေဘက်က လတ်တလော ပေးချင်တဲ့ဈေးလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကတ်တခု ငါးထောင်နဲ့ရောင်းဖို့ စီစဉ်မယ်လို့ ကုမ္ပဏီတခုက အော်ချက် ထုတ်ဖူးပါတယ်။ ခုချိန်ထိတော့ ဖုန်းကတ်ဈေး ငါးထောင်အထိ ချပေးဖို့တော့ အရိပ်အယောင် မမြင်ရသေးပါ။

သို့သော်လည်း ဆက်သွယ်ရေးအတွက် ကြိုးစားနေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

"ဆက်သွယ်ရေးကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ... ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်" လို့ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်း ထုတ်လွှင့်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီအစိုးရက ၂ နှစ်အတွင်း ဆင်မ်ကတ်ဈေး ကျပ်ထောင်ဂဏန်းဖြစ်အောင် လုပ်ပေးမယ် ဆိုရင် ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများအပြားရမယ်လို့ ယူဆရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆင်မ်ကတ် တခု ပေါက်ဈေးက ကျပ် တထောင်ထက် မပိုပါ။

ဆင်မ်ကတ် အခမဲ့ ဝေငှတာမျိုးကိုလည်း မကြာခဏ တွေ့ရပါတယ်။


အေးချမ်းမွန်မှ  ဧရာဝတီ တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
ရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယို မိန့်ခွန်း ထဲမှာ ပြော သွားပါတယ်။

လိုင်ဇာမှာ ဆေးဝါး အကူအညီ ပေးအပ်ပြီး ICRC အဖွဲ့ ပြန်လည်ထွက်ခွာ

လိုင်ဇာမှာ ဆေးဝါး အကူအညီ ပေးအပ်ပြီး ICRC အဖွဲ့ ပြန်လည်ထွက်ခွာ

မတ်လ ၁ ရက်၊ ၂၀၁၃

KIO ထိန်းချုပ် နယ်မြေအတွင်း အကူအညီပေးရေး ဆောင်ရွက်ဖို့ ကားသုံးစီးနဲ့ သွားရောက်တဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ဟာ ဆေးဝါး အကူအညီများ ပေးအပ်ပြီး  ဒီကနေ့  မနက်ပိုင်းမှာ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်သွားပါတယ်။

ICRC အဖွဲ့ဟာ လိုင်ဇာမြို့မှာရှိတဲ့ ဆေးရုံနှစ်ရုံကို သွားရောက် လေ့လာခဲ့သလို ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်းလေးခုရှိပြီး ဒုက္ခသည် ၂ သောင်းကျော်ရှိပါတယ်။

အခုခရီးစဉ်မှာ အဓိကအားဖြင့် ဆေးပစ္စည်း အကူအညီတွေပေးခဲ့တယ်လို့ ရန်ကုန် ICRC ရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးညွန့်အုန်းက ပြောပါတယ်။

"ဒီနေ့မှ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်ခွာလာတာပါခင်ဗျ၊ ICRC အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဒဏ်ရာရတဲ့သူ၊ ဖျားနာတဲ့သူတွေကို ကုပေးနေတဲ့ဆေးရုံတွေကို ခွဲစိတ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးတွေကို ဖြန့်ဝေပေးခဲ့ပါတယ်၊ အဲလိုဖြန့်ဝေတဲ့နေရာမှာ အစိုးရဆေးရုံတွေရော KIA နယ်ထဲမှာရှိတဲ့ ဆေးရုံတွေပါ ဖြန့်ဝေပေးခဲ့ပါတယ်"

အဲဒီအဖွဲ့မှာ ဘယ်ဂျီယမ်နိုင်ငံသား မစ္စတာ Dominate R Bun ခေါင်းဆောင်ပြီး နိုင်ငံခြားသား ၄ ဦး အပါအဝင် အဖွဲ့ဝင် စုစုပေါင်း ၉ ဦး လိုက်ပါသွားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လိုင်ဇာမြို့ကို ရောက်လာခဲ့ပြီး မြို့အဝင် မိုးနဲချောင်းဘေးမှာ နေရာယူထားတဲ့ အစိုးရစစ်တပ်က လုံခြုံရေး တာဝန် မယူနိုင်ဘူးလို့ ပြောဆိုတာကြောင့် လှည့်ပြန်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့ကမှ လိုင်ဇာမြို့ကို ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

RFA
KIO ထိန်းချုပ် နယ်မြေအတွင်း အကူအညီပေးရေး ဆောင်ရွက်ဖို့ ကားသုံးစီးနဲ့ သွားရောက်တဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ဟာ ဆေးဝါး အကူအညီများ ပေးအပ်ပြီး ဒီကနေ့ မနက်ပိုင်းမှာ လိုင်ဇာမြို့ကနေ ပြန်လည်ထွက်သွားပါတယ်။

ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်

ရန်ကုန်အဝင် အမှတ် ၃ လမ်းမ ကျပ် ၉ ဘီလျံခန့် အကုန်အကျခံချဲ့မည်

မတ် ၁ ရက်၊ ၂၀၁၃

          အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီး ကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျ ခံ ကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd မှ ဦးမိုးအောင် ချောက ပြောသည်။ Max Myanmar မှ တာဝန်ရှိ သူ ဦးမိုးအောင်ချောက ” ဘဏ္ဍာ နှစ် ပထမနှစ်မှာ မြေကြီးညှိတဲ့ လုပ်ငန်း ကို ဆောင်ရွက်မယ်။ ဒုတိယ နှစ်မှာ ကွန်ကရစ်ခင်းမယ်” ဟုပြောသည်။ B.O.T စနစ်ဖြင့် လုပ်ကိုင် ခွင့်ရ ထားသော အဆိုပါလမ်းကို ကုမ္ပဏီ စိုက်ထုတ်ငွေဖြင့် ကျခံဆောင်ရွက် မည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

လက်ရှိတွင် လုပ်ငန်းများစတင် နေပြီး မလွတ်ကင်းသော အပင်များ ကို ခုတ်လှဲနေကြောင်း သိရသည်။ အရှည် ၉ မိုင် နှစ်ဖာလုံရှည် လျားသည့် အဆိုပါ လမ်းမှာ မူလ က ၂၂ ပေသာရှိပြီး ယခုပြင်ဆင်မှု ကြောင့် လမ်းသား အကျယ်မှာ ၄၈ ပေရှိသွားမည်ဟု သိရသည်။ ရန်ကုန်-မန္တလေး လမ်းဟောင်း တစ်ခုဖြစ်ရာ တိုးချဲ့မှုကြောင့် တံတား နှင့်ရြေ>ွပန်အရေအတွက် ၁၅ ခု ရှိလာ မည်ဟု ထပ်မံသိရသည်။ ခရေပင်လမ်းဆုံနှင့် မင်္ဂလာဒုံ ဥယျာဉ် မြို့ တော်ကြားမှ ရန်ကုန်- ပဲခူး ကားလမ်းမိုင်တိုင် ၂/၇ အထိ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် မြေ ကြီးညှိခြင်း၊ ၂ဝ၁၄-၂ဝ၁၅ တွင်း ကွန်ကရစ်ခင်းခြင်းတို့ ကို ဆောင် ရွက်မည်ဖြစ်သည်။

From :  popular
အသုံးပြုမှုများလာသည့် ရန်ကုန်မြို့အဝင် အမှတ် ၃ လမ်းမကြီး ကို လေးလမ်းသွား လမ်းမကြီးအဖြစ် ကျပ် ၉ဘီလျံခန့် အကုန်အကျ ခံ ကာ ဆောင်ရွက်သွားမည်ဟုMax Myanmar Construction Co.,Ltd