Thursday, May 16, 2013
မဟာစင်မုန်တိုင်းနှင့် ပတ်သက်သောသတင်းများ၊ မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၄ နာရီ ၅ မိနစ်
ဆိုင်ကလုန်းမဟာစင်၏ ဗဟိုချက် ယနေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဘင်္ဂလေားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှ ကုန်းတွင်း ဖြတ်ကျော်ဝင်ရောက်မည်
မဟာစင်မုန်တိုင်းနှင့် ပတ်သက်သောသတင်းများ၊ မင်းပြား (မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်)
မင်းပြားမြို့ပေါ်သို့ ရောက်ရှိလာကြသော မုန်တိုင်းတိမ်းရှောင်သူ သောင်းနီးပါးခန့် အကူအညီ လို အပ်နေကြောင်း သိရှိရမင်းပြားမြို့ပေါ်သို့ ရောက်ရှိလာကြသော မုန်တိုင်းတိမ်းရှောင်သူများနှ င့် ကျေးရွာ များတွင် ရောက်ရှိနေသော ပြည်သူ သောင်းနီးပါးခန့်မှာ အကူအညီ လိုအပ်နေကြောင်း သိရှိရပါသည်။
မုန်တိုင်း အန္တရာယ်ရှောင်ရန် ဘင်္ဂါလီများ ငြင်းဆန်မှု နောက်ကွယ်တွင် ကြိုးကိုင်သူများရှိဟုဆို
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မုန်တိုင်းဒဏ် ခံရနိုင်သော ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို လုံခြုံ စိတ်ချရသော နေရာပြောင်းရွှေ့မည့်
အစီအစဉ်ကို ဘင်္ဂါလီဒုက္ခသည် အချို့က ငြင်းဆန်နေမှုနောက်ကွယ်တွင်
ရန်ကုန်မြို့အခြေစိုက် ကြိုးကိုင်လှုံ့ဆော်နေသူများရှိနေကြောင်း
ရခိုင်ပြည်နယ် အစိုးရအဖွဲ့သတင်း ပြန် ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဥပဒေချုပ်
ဦးဦးလှသိန်းက ပြောကြားသည်။
မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော သတင်းများ၊ မောင်တော (မေလ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်)
မောင်တောမြို့တွင် ယခုအချိန်၌ လေငြိမ်နေပြီး မိုးစဲသွားပြီဖြစ်ကာ မိုးလည်း
အနည်းငယ်အုံ့နေကြောင်း၊ ဒီရေ သုံးပေ၀န်းကျင် တက်လာကြောင်း Eleven Media
Group ၏ သတင်းထောက်က သတင်းပေးပို့သည်။
“ယနေ့ ညနေ ၆း၀၀ နာရီဝန်းကျင်တွင် ကုန်းတွင်းပိုင်းသို့ မဟာစင် ဖြတ်ကျော်ဝင်ရောက်မည်”
(မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ ခုနှစ်၊ မေလ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၂း၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
ယနေ့ မြန်မာစံတော်ချိန် (၁၁း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွ
မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော သတင်း၊ မောင်တော (မေလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ)
မောင်တောတွင် မုန်တိုင်း၏ သက်ရောက်မှုအဖြစ် နံနက် ၅ နာရီခန့်တွင်
လေပြင်းများ စတင်တိုက်ခတ်ခဲ့ပြီး ၆ နာရီခွဲတွင် မိုးခြိမ်းကာ
မိုးသက်လေပြင်း တိုက်ခတ်ခဲ့ကြောင်း Eleven Media Group သတင်းထောက် ၏ ပေးပို့
ချက်အရ သိရှိရသည်။
မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ၊ မေလ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီ ၄၀ မိနစ်
စစ်တွေမြို့ စစ်တွေဟိုတယ်အနီးရှိ ပင်လယ်ကမ်းခြေတွင် ယနေ့နံနက် ၆ နာရီခန့်
အချိန်က လေ ဆင်နှာမောင်း တိုက်ခက်ခဲ့မှုကြောင့် ကမ်းခြေအနီးရှိ ဆိုင်ခန်း ၂၀
မှ ၃၀ အတွင်း ပျက်စီးသွားခဲ့ကြောင်း သိရှိ ရပါသည်။
ဆိုင်ကလုန်မုန်တိုင်း (၉) ကြိမ်အတွင်း ဘင်္ဂလာဒေခ်ျ့တွင် လူပေါင်း ၄၇၄၆၆၁ သေဆုံးခဲ့
![]() |
| ဆိုင်ကလုန် စင်တာတွင် ခိုလုံရန် သွားနေကြသော ဘင်္ဂလီ ဒေသခံများ။ |
၁၉၆၅ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်မုန်တိုင်း
(၉) အကြိမ်အတွင်း ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံးလူပေါင်း ( ၄၇၄၆၆၁) ယောက် သေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာန ( Disaster Management Department) က ပြောပါတယ်။
မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ၊ မေလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၅၀ မိနစ်
စစ်တွေမြို့တွင် လက်ရှိအချိန်ကျင်၌ မိုးရွာသွန်းမှု၊ လေတိုက်ခတ်မှုများ
ရှိနေကြောင်း၊ မြို့ပေါ်တွင် ဆိုင် များနှင့် ဈေးများ ဖွင့်လှစ်မှု မရှိတော့
သလောက်ဖြစ်ကြောင်း Eleven Media Group ၏ သတင်းထောက် က သတင်းပေးပို့ခဲ့သည်။
ရန်ကုန် ကို လူ ၁၀ သန်း နေ ထိုင်နိုင်အောင် ဆောက် မည်

အစိုးရတာဝန်ရှိသူများ၊
မြို့ပြစီမံကိန်းရေးဆွဲသူများနှင့် ဆောက် လုပ်ရေးကုမ္ပဏီများက
ရန်ကုန်မြို့တော် ကို ၂၀၄၀ ခုနှစ် တွင် အခြေချနေထိုင်သူ ၁၀ သန်းကျော်ရှိမည့်
“မဟာမြို့ကြီး” အဖြစ် ဖွံဖြိုးလာစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း “၂၀၁၃
မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွန်ဖရင့်” တွင် ပြောကြားလိုက်ကြသည်။
နိုင်ငံတကာနည်းတူ ၁၂ တန်း ဖြစ်ဖို့ စီစဉ်နေ
၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ စတင်ပြီး အစိုးရကျောင်းများတွင် ၁၂ တန်းအထိ ရှိသော စနစ်သို့ပြောင်းလဲ ရန် စီစဉ်နေကြောင်း ပညာရေးဌာနက ပြောသည်။
ဟောင်ကောင် မှာ မြန်မာ ရင်းနှီးမြှုပ်နှံ မှု ညီလာခံ ကျင်းပ

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင် လုပ်ဖို့ ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ညီလာခံမှာ စီးပွါးရေး လုပ်ငန်းရှင်တွေက တောင်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အခုလက်ရှိ အနေအထားမှာပဲ လာရောက်ပြီး ရင်းနှီးမြှုပ်နှံကြဖို့ ဆုံးဖြတ်နေကြသူတွေ ရှိနေပါတယ်။
ပဒူတုပ်၍ တဦးသေ၊ နှစ်ဦးဒဏ်ရာရ
တနင်္လာနေ့နံနက်က ကျန်းမာရေးအတွက် လမ်းလျှောက်နေသော အမျိုးသားတဦး ပဒူကောင်များ ဝိုင်းတုပ် ခံရသဖြင့် သေဆုံးသွားကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
ဘာသာရေး ပဋိ ပက္ခဖြစ်အောင် လှုံ့ဆော် သူ ၅၀၅(ခ) နဲ့ အရေးယူ
မေ ၂ ရက်ညက မန္တလေးမြို့၊ ၃၅ လမ်း၊ ၇၄-၇၅ လမ်းကြားမှာ ဘာသာရေး၊ လူမျိုးရေး
ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ခဲ့သူလို့ သံသယရှိခံရသူတစ်ဦးကို မန္တလေးမြို့၊
မဟာအောင်မြေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
မောင်တောခရိုင်အတွင်း ဘင်္ဂါလီ လူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်
မောင်တောခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါလီလူမျိုးများ
အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားမှုနှုန်း ကန့်သတ်ပြီး ထိန်းချုပ်သည့်
ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်လိုက် ပြီဖြစ်ကြောင်း
မောင်တောခရိုင် လူဝင်မှု ကြီးကြပ်ရေးရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ
ခရိုင်ဦးစီးမှူး ဦးစောနိုင်က မေ ၁၅ ရက်တွင် ပြောကြားသည်။
မိတ္ထီလာ အကြမ်းဖက်မှု၌ ကျူးလွန်သူဟု သံသယ ရှိသူများအား ဖမ်းဆီးထားမှု ၈၅ ဦးအထိ ရှိနေပြီး အမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်ထား
![]() |
| (မိတ္ထီလာ ပဋိပက္ခတွင် သံဃာသတ်ဖြတ်မှု၌ ပါဝင်သူများအား ရုံးထုတ်လာသည်ကို မိတ္ထီလာ တရားရုံးရှေ့တွင် တွေ့ရစဉ်) |
မိတ္ထီလာမြို့ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ကျူးလွန်သူဟု သံသယရှိသူများအား ဖမ်းဆီးထားရာ ၈၅ ဦးအထိရှိပြီး ၎င်းတို့အားအမှုပေါင်း ၁၃ မှုဖြင့် ရုံးတင်စစ်aဆးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲအောင်မြင့်က Eleven Media သို့ မေ ၁၅ ရက်က ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန် မေ ၂၀ တွင် အမေရိကန် ဂျွန်ဟော့ကင်းတက္ကသိုလ်၌ မိန့်ခွန်းပြောမည်
အမေရိကန် ပြည်ထောင်စုသို့ ချစ်ကြည်ရေးခရီး သွားရောက်မည့် သမ္မတ
ဦးသိန်းစိန်သည် မေ ၂၀ ရက် တွင် ၀ါရှင်တန်မြို့ရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်၏
Advanced International Studies ကျောင်းနှင့် အမေရိကန်
ကုန်သည်ကြီးများအသင်း ရုံးတို့တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ အစည်းနှစ်ခုမှ တာဝန်ရှိသူများက ထုတ်ပြန်ကြေညာထားသည်။
မုန်တိုင်းသတိပေးချက်၊ ၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၀၆း၀၀)နာရီ အချိန်ထုတ်ပြန်ချက်
ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင် (MAHASEN)သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ၊မြန်မာနိုင်ငံ၊
မောင်တောမြို့၏ အနောက်တောင်ဘက် မိုင်(၁၆၀)ခန့်၊ စစ်တွေမြို့၏ အနောက်ဘက်
မိုင်(၁၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ အရှေ့ တောင်ဘက်
မိုင်(၁၆၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင်(၁၈၀)ခန်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။
Subscribe to:
Posts (Atom)













