ပြည်တွင်းထုတ် ကြိမ်၊၀ါးနဲ့ သစ်တောထွက် ပစ္စည်းတွေကို နိုင်ငံခြားဈေးကွက် အသစ်တွေမှာ တင်ပို့ရောင်းချနိုင်ဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံ ကြိမ်၊၀ါးပစ္စည်း ထုတ်လုပ်ရောင်းချသူများ အသင်းက ပြောဆိုထားပါတယ်၊ လက်ရှိတင်ပို့နေတဲ့ ဈေးကွက်က အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကိုပဲ တင်ပို့နိုင်တာဖြစ်ပါတယ်။ အခုတိုးချဲ့သွားမယ့် ဈေးကွက်တွေထဲမှာ ဥရောပ၊ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတိုက်က နိုင်ငံတစ်ချို့ပါဝင်လာပါတယ်။မြန်မာနိုင်ငံရဲ့ ကြိမ်၊ဝါး ထုတ်ကုန်ပစ္စည်းတွေကို စိတ်ဝင်စားလာတဲ့ နိုင်ငံတွေ ရှိလာတာကြောင့်ရယ် နောက်ပြီး ဒီပစ္စည်းတွေကြောင့် Made in Myanmar ဆိုတာကို သိလာပြီး နိုင်ငံရဲ့ ခရီးသွား လုပ်ငန်းတွေမှာလည်း ပိုပြီးအကျိုးရှိ လာနိုင်တဲ့အတွက် ဈေးကွက်အသစ်၊ ဖောက်သည် အသစ် ရှာဖွေ ချဲ့ထွင် ကြိုးစားရတာလို့ ဆိုပါတယ်။
Monday, November 9, 2015
Friday, November 6, 2015
အားလပ်ရက်မှာ လည်ပတ်စရာ၊ ရုပ်သေးပွဲ သွားရအောင်
ဒီတစ်ပတ် အားလပ်ရက်မှာတော့ လည်ပတ်စရာ နေရာတွေ၊ စားသောက်စရာဆိုင်တွေ ထက် မြန်မာ့ရိုးရာ ရုပ်သေး ဇာတ်ရုပ်လေးတွေရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုခံစားနိုင်ဖို့ နေရာလေးတစ်ခုကို လမ်းညွှန်ပေးချင်ပါတယ်။နေရာကတော့ ရန်ကုန်မြို့ လယ်ကောင်၊ ဆူးလေမှာရှိတဲ့ Eassy Htwe Oo Myanmar ရုပ် သေးရုံပါပဲ။ထွေးဦးမြန်မာရုပ်သေးရုံကို ဇွန်လကစပြီး ဖွင့်လှစ်တာ ဖြစ်တဲ့အတွက် နည်းနည်းတော့ ကြာမြင့်ပါပြီ။ Eassy Htwe Oo Myanmar ရုပ်သေးရုံမှာဆိုရင် မြန်မာ့ရိုးရာ အနုပညာ တစ်ခုဖြစ်တဲ့ ကြိုးဆွဲရုပ်သေးရုပ်မျိုးစုံရဲ့ အလှအပနဲ့ အကမျိုးစုံကို ရင်သပ်ဖွယ်ရှုစားရမှာ ဖြစ်ပါတယ်။
ရုပ်သေးကြည့်ရှုသူတွေကို ပွဲမစခင်မှာ မြန်မာ့ရုပ်သေးသမိုင်း ကြောင်းကို ရှင်းလင်းပြောကြားပါ တယ်။ ပြီးရင်တော့ ရုပ်သေးပွဲကို နတ်ကန်တော့နဲ့စဖွင့်ပါတယ်။နတ်ကန်တော့ပြီးတော့ ‘‘အတူလေးရယ်တဲ့ ယှဉ်ကာပြိုင်’’ အစချီတဲ့ အပျိုတော်အက၊ အမြဲတစေ အရက်ပုလင်းကိုင်ဆွဲထားတဲ့ ဦး မင်းကျော်နတ်အကတို့ကို နတ်ဒိုး လေးနဲ့ ဆက်လက်ရှုစားရမှာ ဖြစ် ပါတယ်။

ရုရှားလေယာဉ် ပျက်ကျခြင်းသည် ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်နိုင်ဟုဆို
အီဂျစ်ပိုင် ဆီနိုင်းကျွန်းဆွယ်တွင် ပျက်ကျခဲ့သည့် ရုရှား ခရီးသည်တင် လေယာဉ်သည် ဗုံးပေါက်ကွဲမှု တစ်ခုကို တွေ့ကြုံခဲ့ခြင်း ဖြစ်နိုင်သည့် အထောက်အထားအချို့ တွေ့ရှိလာကြောင်း သိရသည်။
အမေရိကန်နှင့် ဗြိတိန် ထောက်လှမ်းရေး ဌာနများက ခရီးသည် ၂၂၄ ဦး သေဆုံးခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် လေယာဉ် ကိုယ်ထည် အတွင်းပိုင်းမှ ပေါက်ကွဲထွက်လာသည်ဟု ယုံကြည်ရသည့် အခြေအနေများ ရှိနေကြောင်း ဆိုသည်။ပြီးခဲ့သည့် သီတင်းပတ်ကုန်က Airbus 321 အမျိုးအစား လေယာဉ်သည် အီဂျစ်ရှိ ရှမ်အယ်လ်ရှိတ်ခ် အပန်းဖြေစခန်းမြို့မှ ပျံတက်လာပြီး မိနစ်အနည်းငယ်အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ဆီနိုင်းတွင် လှုပ်ရှားနေသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက လေယာဉ်ကို ပစ်ချခဲ့ခြင်းဟု ကြေညာသော်လည်း ယင်းကို ရုရှား စုံစမ်းရေး အရာရှိများက ပယ်ချထားသည်။

Thursday, November 5, 2015
အမေရိကန် သမ္မတတစ်ဦး အနေဖြင့် လာအိုသို့ ပထမဆုံးအကြိမ် သွားရောက်ရန် အိုဘားမား စီစဉ်
အမေရိကန် သမ္မတ တစ်ဦးအနေဖြင့် လာအိုသို့ ပထမဆုံးအကြိမ် သွားရောက်ရန် ဘာရတ် အိုဘားမားက စီစဉ်နေကြောင်း သိရှိရသည်။လာမည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ညီလာခံ တစ်ခုသို့ တက်ရောက်ရာ၌ လာအိုသို့ အိုဘားမား သွားရောက်မည်ဖြစ်ကြောင်း ၎င်း၏ ထိပ်တန်း အကြံပေး တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။ဆင်းရဲနွမ်းပါးသော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း စီးပွားရေးအရ တရိပ်ရိပ် တိုးတက်လာနေသည့် အရှေ့တောင်အာရှ နိုင်ငံတွင် အာဆီယံ ညီလာခံ ကျင်းပရာ၌ အိုဘားမား တက်ရောက်မည် ဖြစ်သည်။ ဗီယက်နမ် စစ်ပွဲကာလ အတွင်းတွင် လာအိုသည် အမေရိကန်၏ ဗုံးဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရဖူးပြီး မည်သည့် အမေရိကန် သမ္မတကမျှ အဆိုပါ နိုင်ငံသို့ သွားရောက်ခဲ့ဖူးခြင်း မရှိချေ။
အစိုးရအဖွဲ့ သက်တမ်းငါးနှစ်ပြည့် အထိမ်းအမှတ် ငွေဒင်္ဂါးထုတ်ဝေမည် ကျပ် ၅,၀၀၀ တန် ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့်ထုတ်လုပ်ပြီး ဝယ်ယူလိုပါက ကျပ် ၃၀,၀၀၀ ဖြင့် ရောင်းမည်ဟုဆို
သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့သက်တမ်း ငါးနှစ်ပြည့်အ ထိမ်းအမှတ်အဖြစ် ငါးထောင် ကျပ်တန်ငွေဒင်္ဂါး ထုတ်ဝေမည် ဖြစ်ပြီး ဝယ်ယူလိုပါက ကျပ်သုံး သောင်းဖြင့် ရောင်းချမည်ဖြစ် ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာက နိုဝင်ဘာ ၄ ရက် ည ၈ နာရီသ တင်းတွင် ကြေညာသည်။
ငါးထောင်ကျပ်တန်ငွေဒင်္ဂါး ထုတ်ဝေရာတွင် ထူးခြားချက်မှာ အစိုးရအဖွဲ့ ငါးနှစ်တာသက်တမ်း ဟု မသုံးနှုန်းဘဲ‘ပြည်ထောင်စုအ စိုးရအဖွဲ့ ပထမသက်တမ်း’ဟု သုံး နှုန်းထားခြင်းဖြစ်ပြီး ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့် ထုတ်လုပ်ခြင်းဖြစ်၍ ဝယ်ယူလိုပါက မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်းအ ရောင်းဆိုင်များတွင် ငွေကျပ်သုံး သောင်းဖြင့် ရောင်းချမည်ဟုဆို သည်။ အထိမ်းအမှတ်အတွက် ထုတ်ဝေသည့်ငွေဒင်္ဂါးသည် ငွေ စင်ငွေသား ၉၂ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် သွန်းလုပ်ထားပြီး အလေး ချိန် ၂၀ ဂရမ်နှင့် အချင်း ၂၅ မီလီ မီတာရှိသည်ဟုဆိုသည်။

Wednesday, November 4, 2015
အီရန်အား ဆေးဝါးအထောက်အကူ ဒဏ်ခတ်ပိတ်ဆို့ထားမှု အမေရိကန် ရုတ်သိမ်း
အမေရိကန်အစိုးရက အီရန်အား ဆေးဝါးအထောက်အကူ ဒဏ်ခတ်ပိတ်ဆို့ထားအား ရုတ်သိမ်းပေးလိုက်ပြီဖြစ်ရာ အီရန်သို့ ဆေးဝါးပစ္စည်းများ တင်ပို့နိုင်ခွင့် ရပြီဖြစ်သည်။
အီရန်သို့ အခြေခံဆေးဝါးများ တင်ပို့ခြင်းကို ၂၀၁၂ ခုနှစ်တွင်းက တားမြစ်ပိတ်ဆို့ထားမှုအား အမေရိကန် နိုင်ငံခြားရေးရာပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဌာန OFAC က ပြန်လည်သုံးသပ်ကာ ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အာရှ-ပစိဖိတ် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်မထုတ်ပြန်
အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ပေကျင်း၏ ကျွန်းဆောက်လုပ်မှုများအား ရည်ညွှန်းပြောဆိုမှုမပြုလုပ်ရန် တရုတ်ကိုယ်စားလှယ်အဖွဲ့ စည်းရုံးခဲ့သည့်နောက် အာရှ-ပစိဖိတ် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတစ်ခုက ပူးတွဲကြေညာချက်ပြုလုပ်မည့် အစီအစဉ်များကို ဖျက်သိမ်းလိုက်သည်ဟု အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၄ တွင်ပြောကြားခဲ့သည်။
"ကျွန်တော်တို့ နားလည်ထားတာကတော့ ပူးတွဲကြေညာချက် ထုတ်ပြန်မှာမဟုတ်ပါဘူး"ဟု အမည်မဖော်သော ၄င်းအရာရှိက ပြောသည်။ အာဆီယံ ၁၀နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများနှင့် ယင်း၏ ဒေသတွင်း မိတ်ဖက်များသည် ကွာလာလမ်ပူတွင် နှစ်ပတ်လည်စည်းဝေးပွဲများ ပြုလုပ်လျက်ရှိသည်။

ပါတီမှထုတ်ပယ်သည့် သတင်းသူရဦးရွှေမန်းမသိရသေးဟု ကိုယ်ရေးအရာရှိပြော
သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်သည်ဆိုသည့် သတင်းကို ၎င်းတို့ကိုယ်တိုင်ပင် မသိသေးကြောင်း သူရဦးရွှေမန်း၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ဝင်းသိန်းက မဇ္ဈိမကိုပြောသည်။
"ကျွန်တော်တို့အဲဒီလိုသတင်းကော၊ ပြည်ခိုင်ဖြိုးနဲ့ ပက်သက်တဲ့သတင်းဘာမှမကြားပါဘူး။ တွေ့ကိုမတွေ့သေးဘူးလို့" ဟု ၎င်းကတုန့်ပြန်ပြောဆိုသည်။
သူရဦးရွှေမန်း၏ ကိုယ်ရေးအရာရှိအပြင် ၎င်းအနီးတွင်အတူရှိနေကြသည့် အောင်နိုင်ရေးအဖွဲ့ဝင်အချို့ကလည်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပယ်သည်ဆိုသည့်အကြောင်းကို သူရဦးရွှေမန်းကိုယ်တိုင်နှင့် ၎င်းကိုယ်ရေးအရာ ရှိတို့ကလည်း ပြောဆိုခြင်းမရှိကြောင်း မဇ္ဈိမကိုပြောသည်။

Tuesday, November 3, 2015
ဓါးခုတ်ခံရသူ ဦးနိုင်ငံလင်း ဆိုက္ကားအစီး ၅၀၀ ဖြင့် မနက်ဖြန် မဲထပ်ဆွယ်မည်
သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရာမှ ဓါးခုတ်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ အမတ်လောင်းလည်းဖြစ်၊ လက်ရှိပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သည့် ဦးနိုင်ငံလင်း က နိုဝင်ဘာ ၄ ရက်တွင် ယင်းမြို့နယ်အတွင်း ဆိုက္ကားအစီးရေ ၅၀၀ နှင့်အတူ မဲဆွယ်စည်းရုံးရေး ထပ်မံပြုလုပ်မည်ဟု ၄င်း၏ ဇနီး ဒေါ်ခင်စန္ဒာဝင်း က မဇ္ဈိမကို အတည်ပြုသည်။
"လမ်းလျောက်နိုင်တယ်။ ဆရာဝန်ကလည်း အလုပ်ဖြစ်လို့ ခွင့်ပြုပါတယ်။ တစ်ချို့လက်ချောင်းတွေတော့ လှုပ်လို့ မရသေးဘူး။ ဒါပေမယ့် မဲဆွယ်ဖို့ကလည်း ၂ ရက်ပဲ ကျန်တော့တယ်။ ကိုနိုင်ငံလင်းကလည်း ထပ်လုပ်ချင်လို့ မနက်ဖြန် မဲဆွယ်စည်းရုံးရေးထပ်ဆင်းမှာပါ။" ဟု ၄င်းကပြောသည်။

နေပြည်တော်ကောင်စီ ရှစ်မြို့နယ် နိုင်ငံခြားရောက် ကြိုတင်မဲ လွှဲပြောင်း
နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ (၈) မြို့နယ်မှ နိုင်ငံပြင်ပသို့ရောက်ရှိနေသည့် မဲဆန္ဒရှင် များ၏ ကြိုတင်မဲဆန္ဒပြုပြီး မဲလက်မှတ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီဌာနမှ ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့သို့ နိုဝင်ဘာ ၂ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဆန္ဒပြုပြီး လက်မှတ်အရေအတွက် (၈၀၂) စောင် လွှဲပြောင်းပေးအပ်မှုအား ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးဇော်က လက်ခံခဲ့ကြောင်း ယင်းအဖွဲ့ခွဲရုံးမှ တာဝန်ရှိတစ်ဦးကပြောသည်။
အဆိုပါ ဆန္ဒပြုပြီး လက်မှတ်အရေအတွက် (၈၀၂) စောင် လွှဲပြောင်းပေးအပ်မှုအား ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးဇော်က လက်ခံခဲ့ကြောင်း ယင်းအဖွဲ့ခွဲရုံးမှ တာဝန်ရှိတစ်ဦးကပြောသည်။
တိုက်ပွဲများရပ်တန့်ရန် ထိပ်သီးခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေး တောင်းဆို
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန် အပါအဝင် အချက် ၇ ချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးအပြီး တောင်းဆိုလိုက်သည်။
နိုဝင်ဘာလ ၁ ရက်မှ ၃ရက်အထိ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဌာနချုပ် ပန်ဆန်း(ပန်ခမ်း)တွင် ထိပ်သီးအစည်းအဝေး ကျင်းပပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်မရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ကျေနပ်တဲ့ ဈေးနှုန်းရတဲ့အတွက် ကြံ့ခိုင်ရေးအတွက် ဖျော်ဖြေပေးခဲ့ဟု ဇာဇာထက်၊ ဇွန်သဉ္ဇာပြော
Sexy Model အဖြစ် လူသိများနေသည့် သရုပ်ဆောင်၊ အဆိုတော်နှင့် မော်ဒယ် ဇာဇာထက်၊ ဇွန်သဉ္ဇာတို့သည် ရခိုင် ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ်ဖျော်ဖြေပွဲကို နိုင်ငံရေး ခံယူချက်ကြောင့် ဖျော်ဖြေခဲ့ခြင်းမဟုတ်ဘဲ အနုပညာတစ်ရပ်အဖြစ်သာ ဖျော်ဖြေခဲ့ခြင်းဟု မဇ္ဈိမကို ပြောသည်။
နိုဝင်ဘာ ၁ရက်နှင့် ၂ရက်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ မဲဆွယ် စည်းရုံးဖျော်ဖြေပွဲ ယင်းတို့၏ ဖျော်ဖြေမှုနှင့် ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွင် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
ဝေဖန်မှုများနှင့် ပတ်သက်ပြီး မဇ္ဈိမ၏ မေးမြန်းမှုအပေါ် ဇာဇာထက်နှင့် ဇွန်သဉ္ဇာတို့က နိုင်ငံရေးကြောင့် အနုပညာရှင် ဖြစ်သည့်အတွက် မည်သည့်ပါတီက ငှားငှား ဖျော်ဖြေသွားမည်ဟု ဆိုသည်။

ဆော်ဒီရောက် မြန်မာနိုင်ငံသား တစ်သိန်းကျော်ကို ဒုက္ခသည်တွေအဖြစ် လက်ခံ
လက်ရှိဆော်ဒီအာရေးဗီးယားနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၂၅၀,၀၀၀ ကျော်ထဲက တဝက်ဖြစ်တဲ့ ၁၂၅,၀၀၀ ကျော်ကို ဆော်ဒီအစိုးရက ဒုက္ခသည်တွေအဖြစ် ၄ နှစ်ကြာ နေထိုင်ခွင့်ပြုမယ့် ခွင့်ပြုချက်ထုတ်ပေးလိုက်ပြီဖြစ်တဲ့အတွက် အဲဒီလူတွေရဲ့ နေထိုင်ခွင့်အခြေအနေကို အတိအကျ သတ်မှတ်ပေးလိုက်ရာ ရောက်ပါတယ်။
အဲဒီ နေထိုင်ခွင့်ပါမစ်တွေကို Makkah မြို့ နိုင်ငံကူးလက်မှတ်ဌာနက ထုတ်ပေးလိုက်တာဖြစ်ပြီး ကျန်ဒုက္ခသည်တွေရဲ့ကိစ္စကိုလည်း ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် တရားဝင်နေထိုင်ခွင့်ကိစ္စကို ဆော်ဒီအစိုးရက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စတင် ဆောင်ရွက်လာတာဖြစ်ပြီး အဲဒီလို လုပ်ဆောင်တာ ဒါပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ကုလသမဂ္ဂက ဆော်ဒီအစိုးရရဲ့ ဆောင်ရွက်မှုကို ကြိုဆိုလိုက်ပါတယ်။

တောင်တရုတ် ပင်လယ်တွင် စစ်သင်္ဘောများ ဆက်လက် ခုတ်မောင်းစေမည်ဟု အမေရိကန်ဆို
တရုတ်နှင့် ဆက်ဆံရေး တင်းမာမှုများ ဖြစ်လာနိုင်သည့်တိုင် တောင်တရုတ် ပင်လယ်ထဲသို့ စစ်သင်္ဘောများ ထပ်မံ စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက် အတည်ပြုခဲ့သည်။
တရုတ်သည် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ် ပင်လယ်အတွင်း ကျွန်းတုများ တည်ဆောက်ခြင်း၊ သန္တာကျောက်တန်းများပေါ်တွင် စစ်အခြေစိုက် စခန်းများ တည်ဆောက်ခြင်းတို့ ပြုလုပ်ပြီး အဆိုပါ ပင်လယ်နှစ်ခု၏ ရေပြင်ပိုင်နက် အားလုံးနီးပါးကို ၎င်းတို့ လက်အောက်ခံအဖြစ် ကြေညာထားသည်။

ဆီးရီးယားတွင် အိုင်အက်စ်တို့ကို လေကြောင်းမှ တိုက်ခိုက်ရန် အားထုတ်မှုကို ဗြိတိန်အစိုးရ မစွန့်လွှတ်သေး
ဆီးရီးယားတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နိုင်ရေး အားထုတ်နေမှုကို စွန့်လွှတ်ရန် စီစဉ်နေကြောင်း သတင်းများကို ဝန်ကြီးချုပ် အိမ်တော်က ငြင်းဆိုလိုက်သည်။ဗြိတိန်အစိုးရ အနေဖြင့် ဆီးရီးယားတွင် အိုင်အက်စ်တို့ကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ရန် အစီအစဉ်ကို စွန့်လွှတ်တော့မည်ဟု The Timesနှင့် The Guardianကဲ့သို့ သတင်းစာကြီးများက ဖော်ပြလာခဲ့သည်။လန်ဒန်မြို့၊ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် နေအိမ်က ကြေညာချက် ထုတ်ပြန်ရာတွင် ဝန်ကြီးချုပ် အနေဖြင့် လွှတ်တော်တွင်း လုံလောက်သည့် မဲအရေအတွက် မရရှိသဖြင့် လေကြောင်းတိုက်ခိုက်မှု အစီအစဉ်ကို စွန့်လွှတ်ရန် ကြံစည်နေကြောင်း သတင်းများသည် မှန်ကန်မှု မရှိဟု ဖော်ပြထားသည်။
မွန်ပြည်နယ်မဲဆန္ဒရှင်စာရင်း နောက်ဆုံးထုတ်ပြန်ချက်တွင် မဲပေးခွင့်ရှိသူ လေးသောင်းကျော်တိုးလာ
မွန်ပြည်နယ်ရှိ မဲဆ န္ဒရှင်စာရင်းများကို နိုဝင်ဘာ ၂ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများတွင် တတိယအကြိမ်ထုတ် ပြန်ကြေညာရာ မဲဆန္ဒရှင်ဦးရေ လေးသောင်းကျော်တိုးလာသည် ဟု ပြည်နယ်ရွေးကောက်ပွဲကော် မရှင်ရုံးမှ သတင်းရရှိသည်။
လက်ရှိတွင် မွန်ပြည်နယ် တစ်ခုလုံးအတွက်ထုတ်ပြန်ထား သည့် မဲပေးပိုင်ခွင့်ရှိသူဦးရေစာ ရင်းမှာ ၁၅သိန်းတစ်သောင်း ကျော်ရှိပြီး ယခင်ထုတ်ပြန်သော အခြေခံမဲစာရင်းမှာ ၁၄သိန်းခုနစ်သောင်းသာရှိသည်။
ထပ်မံတိုးလာသည့် မဲဆန္ဒ ရှင်များမှာ ပုံစံ၃(က)(မဲဆန္ဒနယ် ပြင်ပရောက်ရှိနေသူများလက်ရှိ နေထိုင်ရာ မဲဆန္ဒနယ်တွင် မဲပေး နိုင်ရန် လျှောက်ထားသူများ)ဖြင့် လျှောက်ထားသူများဖြစ်ကြောင်း ပြည်နယ်ကော်မရှင်ရုံးမှ သိရ သည်။
‘‘မဲစာရင်း ကျန်ခဲ့တဲ့လူတွေ က တစ်သောင်းကျော်လောက်ပဲ ပြန်ပါတယ်။ ကျန်တာတော့ ပုံစံ ၃(က)တွေပါ။ ပုံစံ၃(ခ)နဲ့ မဲစာ ရင်းဖျက်လိုက်တာတွေက သုညဒသမ ၁ရာခိုင်နှုန်းရှိတယ်’’ဟု ပြည် နယ်ရွေးကောက်ပွဲကော်မရှင်ဒု ညွှန်ကြားရေးမှူးဦးဟိဏ်လင်း ထက်ကပြောသည်။

တရုတ်တွင် အွန်လိုင်းမှ ရောင်းချမှု ၄၀ ရာခိုင်နှုန်းမှာ အတုများ၊ အရည်အသွေးညံ့ ပစ္စည်းများ ဖြစ်နေ
တရုတ်နိုင်ငံတွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချသည့် ပစ္စည်းများ၏ ၄၀ ရာခိုင်နှုန်းမျှသည် အတုအပများ၊ အရည်အသွေးမမီသည့် အညံ့စားများ ဖြစ်နေကြောင်း သတင်းရရှိသည်။
ယမန်နှစ်အတွင်း အွန်လိုင်းရောင်းဝယ်မှုကဏ္ဍနှင့် ပတ်သက်၍ ဥပဒေပြု အဖွဲ့အစည်းများ၏ လေ့လာမှုများကို ကိုးကားပြီး တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ယခုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။
တရုတ်တွင် အွန်လိုင်းရောင်းဝယ်မှုကဏ္ဍ အလွန်လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာနေသော်လည်း အရည်အသွေး အာမခံမှုအပိုင်းကို ကိုင်တွယ် ကြပ်မတ်ရာတွင် အားနည်းချက်များ ရှိနေဆဲဟု ဆိုသည်။

ဂျာမနီ လေဆိပ်တစ်ခုတွင် စစ်လက်ကျန် ဗုံးတစ်လုံး တွေ့ရှိသဖြင့် ထိန်းချုပ် ဖောက်ခွဲခဲ့ရ
ဂျာမနီနိုင်ငံရှိ လေဆိပ်တစ်ခုတွင် ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးကို တွေ့ရှိရသည့်နောက် လုံခြုံရေး ထိန်းချုပ်မှုများ ပြုလုပ်ဖောက်ခွဲခဲ့ရကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁ ရက် ညပိုင်းက ဒူဆယ်လ်ဒေါ့ဖ်မြို့ရှိ နိုင်ငံတကာလေဆိပ်တွင် ဗုံးဟောင်းတစ်လုံးကို ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂ ရက် နံနက်အစောပိုင်းတွင် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။
၂၇၅ ပေါင်မျှ အလေးချိန်ရှိသည့် စစ်ကျန်ဗုံးဟောင်းကို နေရာရွှေ့ပြောင်းရန် အဆင်မပြေသဖြင့် နေရာတွင်ပင် ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ကာ ဖောက်ခွဲလိုက်ရခြင်းဟု လေဆိပ်အာဏာပိုင်များက
ဆိုသည်။

ထိုင်း ကောင်းကင်ယံမှ မီးလုံးကြီးသည် ကမ္ဘာ့လေထု အပြင်ဘက်မှ ကျဆင်းလာခြင်းဟု ပညာရှင်များ အတည်ပြု
နိုဝင်ဘာ ၂ ရက် ညပိုင်းက ထိုင်းနိုင်ငံ ကောင်းကင်ယံတွင် တောက်ပစွာ တွေ့မြင်လိုက်ရသည့် အစိမ်းရောင်မီးလုံးကြီးသည် ကမ္ဘာ့လေထုအပြင်ဘက်မှ ကျဆင်းလာခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက အတည်ပြု ပြောကြားခဲ့သည်။
တောက်ပသည့် မီးလုံးကြီးသည် ဥက္ကာခဲတစ်ခု ကျဆင်းလာသည်ဟု ယူဆရပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အပြင် ရာယွန်၊ ချောင်ဘူရီ၊ ချာချွန်ဆောင်၊ နာခွန်ဆာဝမ်၊ ခွန်ကန်း၊ ဖစ်ဆာနူလော့၊ အန်သောင်းနှင့် ချင်းမိုင်ဒေသများတွင်ပါ တွေ့မြင်ခဲ့ရသည်။

တောင်တရုတ်ပင်လယ်တွင် နောက်ထပ်ကင်းလှည့်မှုများပြုလုပ်ရန် အမေရိကန်ရေတပ်စီစဉ်
နိုင်ငံတကာဥပဒေအရ အမေရိကန်တွင် အခွင့်အရေးရှိကြောင်း တရုတ်နှင့် အခြားနိုင်ငံများကို သတိပေးရန် တောင်တရုတ်ပင်လယ်ရှိ လူလုပ်ကျွန်းများ၏ ရေမိုင် ၁၂ မိုင်အတွင်း သုံးလလျင် နှစ်ကြိမ်ခန့် ကင်းလှည့်ရန် အမေရိကန်ရေတပ်က စီစဉ်လျက်ရှိသည်ဟု အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၂ တွင်ပြောကြားသည်။"ကျွန်တော်တို့ သုံးလကို နှစ်ကြိမ် ဒါမှမဟုတ် ဒီထက်နည်းနည်းပိုပြီးတော့လည်း ကင်းလှည့်မှာပါ"ဟု ၄င်းအရာရှိက ပြောသည်။ "မှန်မှန်ပြုလုပ်ဖို့ ဒါက လုံလောက်မှုရှိပါတယ်။ဒါဟာ နိုင်ငံတကာဥပဒေအရ ကျွန်တော်တို့ရဲ့အခွင့်အရေးကို မှန်မှန်အသုံးချဖို့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပါတယ်။ နောက်ပြီး တရုတ်နဲ့ အခြားနိုင်ငံတွေကို ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို သတိပေးတာပါ"ဟု ၄င်းကပြောသည်။
ဗီယက်နမ် အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်း လူစာရင်း ထုတ်ပြန်
ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ဗီယက်နမ် အမျိုးသမီးဖိတ်ခေါ် ယူ-၂၁ ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အမျိုးသမီးအသင်း လူစာရင်း အပြီးသတ်ကစားသမား ၂၁ဦးကို ရွေးချယ်ထုတ်ပြန်လိုက်သည်။ ဗီယက်နမ်ဖိတ်ခေါ် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ ၄ရက်တွင် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပပြုလုပ်မည် ဖြစ်ပြီး မြန်မာ ယူ-၂၀ အသင်းအပါအ၀င် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ ဖိလစ်ပိုင်ကလပ် FEU အသင်းနှင့် ဟောင်ကောင်လက်ရွေးစင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ဗီယက်နမ် အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲကို လေးသင်းပတ်လည် စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အမှတ်အများဆုံးအသင်းကို ဗိုလ်စွဲမည် ဖြစ်သည်။ မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာဝန်ယူကိုင်တွယ်သွားမည် ဖြစ်ပြီး နည်းစနစ်အကြံပေးအဖြစ် ဦးအေးမောင်ကြီးနှင့် လက်ထောက်နည်းပြအဖြစ် ဒေါ်စန်းစန်းဝင်းတို့က ဆောင်ရွက်သွားမည် ဖြစ်သည်။
BTV Cup ပြိုင်ပွဲ တွင် ဘင်ဒေါင်း၊ BVN ၊ ကိုရီးယားတက္ကသိုလ်အသင်းတို့နှင့် ရတနာပုံ တစ်အုပ်စုတည်း ကျရောက်
ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဗီယက်နမ်ဖိတ်ခေါ်ဖလား BTV Cup ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ရတနာပုံအသင်းသည် ဗီယက်နမ်ကလပ် ဘင်ခမ်းဘင်ဒေါင်းအသင်း၊ BVN အသင်း၊ ကိုရီးယားတက္ကသိုလ် လက်ရွေးစင်အသင်းတို့နှင့် အုပ်စု (က) တွင် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။BTV Cup ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ သူဒါမို့မြို့ရှိ ပရိသတ် တစ်သောင်းရှစ်ထောင်ကျော်ဆန့် ဂိုဒူးဘောလုံးကွင်းတွင် နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ရှစ်သင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စု (ခ) တွင် ဗီယက်နမ်ကလပ် ကွမ်နန်းကိုးအသင်း၊ ဒေါင်နန်းလိုအန်အသင်း၊ ဘရာဇီးကလပ် ဘန်ဂူးအက်သလက်တီကို အသင်းနှင့် ဂျပန်ကျောင်းသားအသင်းတို့ ပါဝင်လျက်ရှိသည်။
အတူတွဲရိုက်တဲ့ ရုပ်ရှင်စက်မှုလုပ်သားတစ်ဦးစီကို ငွေကျပ်သုံးထောင် နေ့စဉ်ထောက်ပံ့မယ့် ပြေတီဦး
စက်မှုလုပ်သားများ၏ လိုအပ်ချက်ကို တတ်နိုင်သ လောက် ဖြည့်ဆည်းပေးသည့် သဘောဖြင့် နိုဝင်ဘာ ၂ ရက်မှ စတင်၍ အတူတွဲဖက်အလုပ်လုပ် သော စက်မှုလုပ်သားများကို တစ် ဦးလျှင် ကျပ်သုံးထောင်စီထောက် ပံ့မည်ဟု ပြေတီဦးက ပြောသည်။‘‘စက်မှုလုပ်သားတွေဆိုတာ ကျွန်တော်တို့အတွက် ရဲဘော်ရဲ ဘက်တွေပါ။ သူတို့ရတဲ့အနုပညာ ကြေးက နည်းလို့ တိုးတောင်းပေ မယ့် ပရိုဂျူဆာတွေဘက်က လည်း အခက်အခဲတွေရှိတော့ တိုးမပေးနိုင်ဘူး။ အဲဒါကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီ ပေးတာပါ’’ဟု ပြေတီဦးက ပြော သည်။ယင်းအစီအစဉ်ကို နိုဝင်ဘာ ၂ ရက်က ရိုက်ကူးနေသော ‘ကပ္ပိယ’ ရုပ်ရှင်ဇာတ်ကားရိုက် ကွင်းတွင် စတင်လုပ်ဆောင်ခဲ့ပြီး ရိုက်ကွင်းရှိသည့်နေ့တိုင်း ယင်း အစီအစဉ်အတိုင်း လုပ်ဆောင် မည်ဟု ၎င်းက ဆိုသည်။ပြေတီဦးအနေဖြင့် ယခင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ လှုပ်ရှားမှုများမရှိခဲ့သော်လည်း နိုဝင်ဘာ ၁ ရက်က သုဝဏ္ဏမြို့ဦး စေတီဝင်း၌ ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အောင်နိုင်ရေးဟောပြောပွဲသို့ ဇနီးအိန္ဒြာကျော်ဇင်နှင့်အတူ သွားရောက် အားပေးခဲ့သည်။
7 day
အများပိုင်ကုမ္ပဏီအသစ်များ ရှယ်ယာ ထုတ်ရောင်းနိုင်ရန် သီးသန့်စံနှုန်း မကြာမီ ထုတ်ပြန်မည်
အများပိုင်ကုမ္ပဏီအသစ် များအနေဖြင့် ရှယ်ယာများရောင်း ချနိုင်ရန် စံနှုန်းသတ်မှတ်ချက်များ မကြာခင် သီးသန့်ထုတ်ပြန်၍ ခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဒုဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်းက ပြောသည်။ရန်ကုန်စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချရန်စံနှုန်း သတ်မှတ်ချက် ၁၇ ချက် ထုတ်ပြန် ထားရာ၌ အမြတ်ငွေ ၂ နှစ်ရှိရမည်ဟူသော အချက်ကြောင့် တည် ထောင်စ ကုမ္ပဏီနှင့် ကုမ္ပဏီအ သစ်များ ပါဝင်ခွင့်မရ၍ ယခုကဲ့ သို့ ထပ်မံထုတ်ပြန်ရခြင်း ဖြစ် ကြောင်း ချေးငွေသက်သေခံလက် မှတ်ရောင်းချရေး လုပ်ငန်းကြီး ကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
‘‘အခုစံနှုန်းသတ်မှတ်ထား တာ ဖွဲ့ပြီးသား ကုမ္ပဏီတွေအ တွက် ထုတ်ထားတာ။ အသစ်ဖွဲ့ ထားတဲ့ကုမ္ပဏီအတွက်မဟုတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂ နှစ် အမြတ်ရှိရမယ်ဆိုတော့ အသစ်ဖွဲ့မယ့်ကုမ္ပဏီမှာ မရှိနိုင်ဘူး။ ၁၇ ချက်က ရှိပြီးသား၊ အလုပ်ဖြစ်ပြီး သားတွေအတွက် ထုတ်ထားတာ’’ ဟု၎င်းက ဆက်လက်ပြောသည်။

Monday, November 2, 2015
ဆီနိုင်းတွင် ပျက်ကျသည့် လေယာဉ်သည် လေထဲတွင် အပိုင်းပိုင်းအစစ ဖြစ်သွားဟု ရုရှားပညာရှင်များဆို
ပြီးခဲ့သည့် သီတင်းပတ်က ဆီနိုင်းကျွန်းဆွယ်ပေါ် ဖြတ်ပျံစဉ် ပျက်ကျခဲ့သည့် ခရီးသည်တင် လေယာဉ်သည် လေထဲတွင်ပင် အပိုင်းပိုင်း အစစ ပျက်စီးသွားခဲ့ကြောင်း ရုရှား စုံစမ်းရေး အရာရှိများက ပြောကြားခဲ့သည်။
အောက်တိုဘာ ၃၁ ရက်က ဆီနိုင်းကျွန်းဆွယ်၏ အီဂျစ် ထိန်းချုပ်ထားရာ အပိုင်းကို ဖြတ်ပျံစဉ် လေယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လိုက်ပါလာသူ ၂၂၄ ဦးစလုံး သေဆုံးခဲ့သည်။ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက ဆီးရီးယားတွင် မိမိတို့ကို လေကြောင်းမှ တိုက်ခိုက်သည့်အတွက် ရုရှားခရီးသည်တင် လေယာဉ်တစ်စီးကို လက်စားချေကာ ပစ်ချခဲ့ကြောင်း ကြေညာသည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ရုရှားအစိုးရက ကျွမ်းကျင်သူများ စေလွှတ်ကာ အကြောင်းရင်းကို စုံစမ်းနေစေခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ လုံခြုံရေး အထူးတပ်ဖွဲ့ဝင် ၂၀၀ ကျော် ကြိုတင်မဲပေး
သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့သွာရန် ခရီးစဉ်ရှိသဖြင့်၎င်း၏ လုံခြုံရေး တာဝန်များဆောင်ရွက်ရမည့် လုံခြုံရေး အထူးတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် ၂၁၈ ဦးသည် ဇေယျသိဒ္ဓိရပ်ကွက် ကော်မရှင်အဖွဲ့ခွဲသို့ ကြိုတင်မဲပေးရန် နိုဝင်ဘာ ၂ ရက်က လျောက်ထားခဲ့သည်။
နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္မူသီရိမြို့နယ်၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ ရာဇဌာနီလမ်းအမှတ် (၂)ရှိ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (အထူးတာဝန်တပ်ဖွဲ့)မှ အရာရှိ ၆၄ ဦးနှင့် တပ်ဖွဲ့ဝင် ၁၅၄ ဦးတို့သည် ဇေယျာ သိဒ္ဓိရပ်ကွက် ကော်မ ရှင်ရုံးတွင် ကြိုတင်မဲပေးရန် လျောက်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အထူးတပ်ဖွဲ့ဝင်များသည် သမ္မတလုံခြုံရေးတာဝန် ထမ်းဆောင်ရကြောင်းသိရပြီး သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ခရီးစဉ်ရှိသဖြင့် ကြိုတင်မဲပေးရန် လာရောက် လျှောက်ထားခြင်းဖြစ်ကြောင်း ဇေယျ သိဒ္ဓိရပ်ကွက် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအကုန်တွင် နေပြည်တော်နှင့် မနောမြေ တန်းဆင်းခဲ့ရ
၂၀၁၅ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များ အပြီး၌ နေပြည်တော်အသင်းနှင့် မနောမြေအသင်းတို့ လိဂ်-၂ သို့ တန်းဆင်းခဲ့ရသည်။ နောက်ဆုံးပွဲ မတိုင်ခင်၌ နေပြည်တော်၊ မနောမြေ၊ ရခိုင်အသင်းတို့ ရမှတ် တစ်မှတ်စီသာ ကွာဟ၍ တန်းဆင်းဇုန်အတွင်း၌ တည်ရှိနေသော်လည်း ရခိုင်အသင်းက ကမ္ဘောဇအသင်းကို ၃-၂ ဖြင့် အနိုင်ရကာ တန်းဆင်းဇုန်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်အသင်းမှာမူ ဟံသာဝတီအသင်းကို ဖိကစားနိုင်ခဲ့သော်လည်း ချေပဂိုးပြန်လည်သွင်းနိုင်ခြင်း မရှိသည့်အတွက် ပွဲအပြီးတွင် ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သလို မနောမြေအသင်းသည် ရတနာပုံအသင်းကို ဗထူးကွင်း၌ ၃-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက် တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် ဆန္ဒမဲပေးခွင့်လက်မှတ် ထုတ်ယူပြီ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးမည်
နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် မိသားစုဝင်များသည် နိုဝင်ဘာလ(၈)ရက်တွင် မဲပေးရန် မဲဆန္ဒရှင် သက်သေခံလက်မှတ်များကို သမ္မတရုံးမှ ၀န်ထမ်းနှစ်ဦးက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ယူသွားပြီဖြစ်သည်။
မဲဆန္ဒရှင် သက်သေခံလက်မှတ်ထုတ်ယူမှုတွင် သမ္မတဦးသိန်းစိန်၏ မဲစာရင်းအမှတ်စဉ်သည် (၃၅၅) ဖြစ်ပြီး ၎င်း၏ ဇနီးဒေါ်ခင်ခင်ဝင်၏ မဲစာရင်းအမှတ် စဉ်မှာ (၃၅၀)ဖြစ်သည်။ နိုဝင်ဘာလ(၈)ရက် ရွေးကောက် ပွဲနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေး မည်ဖြစ်သည်။
ဇမ္မူသီရိမြို့နယ်သည် ၀န်ထမ်းအများစုနေပြီး ယင်းမြို့အနယ်အတွင်း ရွေးကောက်ပွဲနေ့တွင် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)ဟူ၍ မဲရုံနှစ်ရုံ ဖွင့်လှစ် သွားမည်ဖြစ်သည်။ သမ္မတနှင့်ဇနီးတို့၏ မဲဆန္ဒလက်မှတ်များပြင် သမ္မတရုံး အဖွဲ့ဝင်(၉၅)ဦးတို့၏ မဲဆန္ဒရှင် သက်သေခံလက် မှတ်များကို ဇေယျာသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သမ္မတရုံးမှ ၀န်ထမ်း(၂)ဦးမှ မဲဆန္ဒရှင် များ၏ တိုက်ဆိုင် စစ်ဆေး၍ သက်သေခံ လက်မှတ်များ ထုတ်နေသည်ကို တွေ့မြင်ရသည်။
ရန်လိုမှုကို ဘေးဖယ်ကာ ပူးပေါင်းဆောင်ရွက်မည်ဟု တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့ ထိပ်သီးဆွေးနွေးပွဲတွင် ပြော
သုံးနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ပြုလုပ်သည့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲတွင် သမိုင်းရန်ငြိုးများကို ဘေးချိတ်ကာ ဒေသတွင်းကုန်သွယ်ရေးနှင့် လုံခြုံရေးအတွက် နောက်တစ်ကြိမ်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်ခေါင်းဆောင်တို့က နိုဝင်ဘာ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲကို ဆိုးလ်တွင် ကျင်းပခဲ့ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး၊ တရုတ်ဝန်ကြီးချုပ် လီကယ်ချန်းနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် မိနစ် ၉၀ကြာ ဆွေးနွေးပွဲအတွင်း လွတ်လပ်သည့်ကုန်သွယ်ရေးမှသည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ်၏ ခြိမ်းခြောက်မှုအထိ များပြားကျယ်ပြန့်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ကန်ရေတပ်ကို တုန့်ပြန်သည့် တရုတ်က လက်နက်တပ်ဆင်သည့် ဂျက်လေယာဉ်များကို အငြင်းပွားရေပြင်ပေါ်သို့ စေလွှတ်
တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းများအနီးသို့ အမေရိကန်ဖျက်သင်္ဘော ၀င်ရောက်ခုတ်မောင်းမှုက ပေကျင်းကို ဒေါသူပုန်ထစေခဲ့သည်။ဒုံးကျည်များတပ်ဆင်ထားသည့် တရုတ်ရေတပ် ဂျက်တိုက်လေယာဉ်များက တောင်တရုတ်ပင်လယ်အတွင်းရှိ ဗီယက်နမ်အနီး အငြင်းပွားရေပြင်အထက် ဝေဟင်တွင် စစ်ရေးလေ့ကျင့်ခဲ့ရာ ဒေသတွင်း တွင် အမေရိကန်၏ ရန်စမှုဟု ပေကျင်းက ယူဆသည့် လုပ်ရပ်ကို တုန့်ပြန်ခြင်းဖြစ်နိုင်သည်။ South China Morning Post ၏ သတင်းတစ်ရပ်အရ တရုတ်ရေတပ်၏ စနေနေ့က ထုတ်ပြန်သည့် ဓာတ်ပုံများအရ လက်နက်တပ်ဆင်ထားသည့် ဂျက်တိုက်လေယာဉ်များမှာ ပရာဆယ် ကျွန်းစုအတွင်း ရှိ Woody Islandပေါ်မှ ပြေးလမ်းမှတစ်ဆင့် အတက်အဆင်းလုပ်၍ စစ်ရေးလေ့ကျင့်ခဲ့ကြသည်ဟု ဆိုသည်။
အရှေ့တောင်ဖျားရှိ စပရတ်တလေကျွန်းစုများနှင့်အတူ ပရာဆယ်ကျွန်းစုမှာ တရုတ်နှင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်ကဲ့သို့သော သေးငယ်သော ဒေသတွင်း အိမ်နီးချင်းနိုင်ငံများကြား တိုး၍တင်း မာလာနေသော ပိုင်နက်အငြင်းပွားရာ အဓိကနေရာတစ်ခုပင်ဖြစ်သည်။ တရုတ်နိုင်ငံက အနီးပတ်ဝန်းကျင်နိုင်ငံများ၏ ရေပိုင်နက်နယ်နိမိတ်ကို လျစ်လျူရှုကာ ကျွန်းစုများကို သိမ်းပိုက်ခဲ့ပြီး စစ်ရေးရည်ရွယ်ချက်ဟု အများက ယူဆနေသည့် ကျွန်းတုများကိုလည်း ချဲ့ထွင်တည်ဆောက်နေခဲ့သည်။

Subscribe to:
Posts (Atom)