Thursday, July 26, 2012

ဒီမိုကရေစီစစ်ရင် အာဏာရှင်ဆိုတာ မရှိပါဘူး

“ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး” သူရဦးရွှေမန်း သတိပေး

by Mizzima - News in Burmese on Thursday, July 26, 2012 at 5:15pm ·
မျိုးသန့် | ကြာသပတေးနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၄ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ တနှစ်ကျော်ကြာ သက်တမ်းရှိပြီဖြစ်သည် ပြည်ထောင်စု လွှတ်တော်အတွင်း ဆွေးနွေးသည့် အကြောင်းအရာများအနက် ဆွေးနွေးသူ အမတ်ဦးရေ ၄၅ ဦးဖြင့် စံချိန်တင် အဆိုတခုဖြစ်သော “လယ်ယာမြေ သိမ်းဆည်းခံရခြင်းများအား စုံစမ်းလေ့လာ ဖော်ထုတ်ပြီး တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေး တရားမျှတစွာ
ဖြေရှင်းဆောင်ရွက်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပထမဆုံးအကြိမ် ဝင်ရောက်ဆွေးနွေး စဉ် ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေး ထိန်းကျောင်းသင့်သည်ဟု ပြောဆိုသွားသည်။


Daw Aung San Suu Kyi Shopping ထွက်

ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများပါဝင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်



ပါကစ္စတန်နိုင်ငံရှိ တာလီဘန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့မှ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ခြိမ်းခြောက်မှုများပါဝင်သည့် ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ 

ကချင်ဒေသငြိမ်းချမ်းရေး KIA ခေါင်းဆောင်များတွင်သာ မူတည်ပါသည်



           ကချင်ဒေသငြိမ်းချမ်းရေး KIA ခေါင်းဆောင်များတွင်သာ မူတည်ပါသည်

မြစ်ကြီးနား၊ ဇူလိုင် ၂၆
         July 17,2012 ရက်နေ့ Pyi Chit Thar facebook ပါ “ကချင်ဒေသ ငြိမ်းချမ်းရေး ဘယ်သူ့မှာ အဓိကတာဝန်ရှိသလဲ” Post တွင်  ကချင်ပြည်နယ်အတွင်း  ငြိမ်းချမ်းရေး မရရှိ သေးခြင်းအပေါ်   မြန်မာစစ်တပ်၏  ခေါင်းဆောင်တွင် တာဝန်ရှိကြောင်း ရေးသားထားချက်ကို တွေ့ရှိရပါသည်။
          ကချင် တိုင်းရင်းသားတစ်ဦး အနေဖြင့် ကချင်ဒေသ ငြိမ်းချမ်းရေး အတွက် မည်သူ့တွင် အဓိက တာဝန်ရှိသည်၊  မည်သည့် အကြောင်းကြောင့် နှောင့်နှေး ကြန့်ကြာနေရသည်ကို စဉ်းစားမိခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ မိမိကဲ့သို့ပင် ကချင်ဒေသနေ ပြည်သူများ  နိုင်ငံအ၀ှမ်းရှိ တိုင်းရင်းသား များနှင့်  မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ အားလုံး စဉ်းစားမိမည် ထင်ပါသည်။  မှားယွင်းသည့် အချက်အလက်များ  (Wrong  information)၊ လွဲမှားစွာ လက်ခံထားသည့် အယူဝါဒစွဲများ (Ideology deviation)၊ ဆန့်ကျင်ဘက်  အတွေးအခေါ်များ (Opposite idea) စသည်တို့ကို အခြေခံသော ရှုမြင်မှုကြောင့် ဖြစ်ရပ်မှန်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေနိုင်ပါသည်။ ရာဇ၀င်သမိုင်းပါ မျက်မမြင်ပုဏ္ဏားများကဲ့သို့ ကိုယ်ထင်ရာ ခန့်မှန်း ပြောဆိုနေခြင်းထက် ပကတိ အမှန်တရားဆိုင်ရာ အချက်လက်များကို စေ့ငုစွာရှာဖွေ ဖော်ထုတ်၍ အဖြေရှာသင့်ပါသည်။

    အငြိမ်းစားတရားရေး ၀န်ထမ်းတစ်ဦးအနေဖြင့် ၀ါသနာပါသည့် စာပေနှင့်မွေ့လျော်ရင်း အေးအေးပဲနေဖို့ စိတ်ကူးယဉ်ခဲ့မိသည်။ သို့ပေမယ့် ကျွန်တော်နေသည့် ကချင်ပြည်နယ်အတွင်း အနိဋ္ဌာရုံဖြစ်ရပ်များကြောင့် စိတ်ကူးယဉ်မနေနိုင်တော့ဘဲ စစ်တပ်နှင့် KIA တပ်မတော်တို့၏  မပြီးဆုံးသေးသော တိုက်ပွဲများအကြောင်းကိုသာ အမြဲလိုစဉ်းစားလာမိခဲ့ပါသည်။ ကျွန်တော့အသက်  ၆၅ နှစ်ရှိပါပြီ။ ကျွန်တော့တစ်သက်တာ ကချင်ပြည်နယ် အတွင်းမှာသာ နေထိုင်လာခဲ့ရသည့်အတွက် ကချင်ပြည်နယ်အကြောင်း၊ ကချင်လူမျိုးအကြောင်း၊ စစ်တပ် အကြောင်းနှင့် KIA အကြောင်းတို့ကို ၆၅ နှစ်ကြာ အတွေ့အကြုံအရ စုံစုံလင်လင်သိရှိခဲ့ပြီးပါပြီ။ ကျွန်တော့်ညီအစ်ကိုတော်တချို့ KIA ထဲတွင်ရှိပါသည်။ မည်သည့်ဘက်တွင်မှ ရပ်တည်ခြင်းမရှိဘဲ ကြားမှာနေပြီး    ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံနှင့် လေ့လာသိရှိရသမျှ အခြေအနေမှန်များကို အရှိအတိုင်း ရေးသားလိုပါသည်။
          အစိုးရသစ်သည် ၁၈-၈-၂၀၁၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၁၁)ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင်ဖိတ်ခေါ်ခဲ့ပါသည်။

  ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ထပ်မံဖွဲ့စည်းပြီး သမ္မတကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ကာ ဒုတိယသမ္မတများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရှိရသည်။  လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ဖြစ်သဖြင့် ဗဟိုကော်မတီ အဖွဲ့ဝင်အားလုံး ငြိမ်းချမ်းရေးကို လိုလိုလားလား   ဆောင် ရွက်နေကြောင်း    မြင်သာလျက် ရှိပါသည်။
    သမ္မတ၏မိန့်ခွန်းများတွင် အမြင်သဘောထား မတူသည်များကိုထားပြီး အမြင် သဘောထားတူညီသည် များကို ပြည်သူများ အကျိုးအတွက် ပူးပေါင်း  ဆောင် ရွက်ရေးမူဖြင့် ကြိုးပမ်း     ဆောင်ရွက် မည်ဖြစ်ကြောင်း  ပြောကြား ထားပါသည်။ မှန်ပါသည်။ အမြင် သဘောထား မတူညီသည်များကို စစ်တိုက်ရင်း     ဆွေးနွေး၍မရကြောင်း  တိုင်းရင်းသားအဖွဲ့အစည်း ၁၀  ဖွဲ့လုံးက လက်ခံ ယုံကြည်ပြီးဖြစ်ပါသည်။ ကျွန်တော်တို့ KIA လူကြီးများကိုလည်း ယင်းသို့လက်ခံယုံကြည်စေလိုပါသည်။

         KIA လူကြီးများနှင့် အစိုးရ တာ ၀န်ရှိ သူများ စုစုပေါင်း ၁၀ ကြိမ် ထက် မနည်း    တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ဆွေးနွေးခဲ့သည့် အကြိမ်တိုင်းတွင်  KIA မှ   နိုင်ငံရေး ဆွေးနွေးမှု ကိုသာ  ဦးစွာေ ဆာင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း၊ အပစ်အခတ် ရပ်စဲရေး(Cease-Fire)အား နိုင်ငံရေး ဆွေးနွေးမှုပြီးမှသာ ဆောင်ရွက်မည်ဟု ပြောကြားလျက်ရှိကြောင်း KIA ငြိမ်းချမ်းရေး  ဆွေးနွေးရေး အဖွဲ့အတွင်းမှ သိရှိရပါသည်



အပစ်အခတ် ရပ်စဲခြင်းမရှိသေးဘဲ မည်သည့် ငြိမ်းချမ်းရေးမှ ရနိုင်ဖွယ် မရှိသကဲ့သို့ မည်သည့် နိုင်ငံရေး ဆွေးနွေးမှု ကို မှလည်း တိုက်ပွဲများ အတွင်း ဆောင်ရွက်နိုင်ဖွယ် မရှိဟု ကျွန်တော်မြင်ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးရရှိလိုပါက အပစ်အခတ်ရပ်စဲရေးကို ဦးစွာဆောင်ရွက်ရပါမည်။ ဒုတိယအဆင့် အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုများနှင့် စစ်ကြောင့် ဒုက္ခရောက်သူများအား ပြန်လည်နေရာချထားပေးရေးကိစ္စများကို ဆောင်ရွက်သွား သင့်ပါသည်။

ကျွန်တော်တို့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယတွင် နာဂအဖွဲ့၊ ကူကီးအဖွဲ့များနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုအား ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ KIA လူကြီးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒသည် စစ်ကို လိုလား နေသယောင်ရှိနေခြင်းကြောင့်   နိုင်ငံတကာ လက်ခံ ကျင့်သုံးနေသည့် Peace Process များကို ကျွန်တော်တို့ ကချင်ပြည်နယ်  အေးချမ်းရေးအတွက် လက်ခံဆောင်ရွက် သွားသင့်သည်ဟု ရိုးသားစွာအကြံပြုလိုပါသည်။

၁၉၉၄ မှစ၍ ကျွန်တော်တို့ကချင်ပြည်နယ် ငြိမ်းချမ်းလာခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၁ ဇွန်လလောက်မှစ၍ တာပိန်ရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးဆောင်ရွက်နေသော အစိုးရတပ်ဖွဲ့ဝင်အချို့ကို KIA အဖွဲ့ဝင်များက ဖမ်းဆီးသွားရာမှ တိုက်ပွဲများစတင်ခဲ့ပါသည်။
           KIA နှင့် အစိုးရတပ်  အောက်ခြေအဖွဲ့ငယ်အချင်းချင်း  အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားသည်နှင့် တစ်ပြိုင်တည်း KIA သည် ကချင်ပြည်နယ်အနှံ့ တံတားများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးခဲ့ပါသည်။ တစ်ရက်တည်း မှာပင် တံတား ၄/၅ စင်းကိုဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ တံတားများဖျက်ဆီးခြင်းနှင့်အတူ ရထားလမ်းများ၊ ကားလမ်းများ၊ လျှပ်စစ်တာဝါတိုင်များ၊ ဆက်သွယ်ရေး အဆောက်အဦများကိုလည်း  ဆက်တိုက်ဆိုသလို ဖျက်ဆီးပစ်ခဲ့ပါသည်။



KIA သည် ကချင်လူမျိုးအချင်းချင်း အဓမ္မဖမ်းဆီး၍ လူသစ်စုပါတော့သည်။ လိုအပ်သည့် လက်နက်၊ ခဲယမ်းများ ၀ယ်နိုင်ရန် ဒေသခံတိုင်းရင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးအဆမတန် ကောက်ခံသည်။ မိုင်းထောင်၊ မိုင်းခွဲသည့် အလုပ်များကို KIA အဖွဲ့ဝင်များအပြင် မသိနားမလည်သည့် ရွားသားများကိုပါ ခြိမ်းခြောက်စေခိုင်းခြင်းများ ဆောင်ရွက်ပါသည်။



KIA သည် ရိုးသားသည့်ရွာသားများနှင့် ၀န်ထမ်းများကိုလည်း လက်နက်ပြခြိမ်းခြောက်ခြင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။



အစိုးရမှ စစ်တပ်ကို ကချင်ပြည်နယ်တွင် ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ KIA စခန်းများသို့ သွားရောက်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ညွှန်ကြားခဲ့ကြောင်း သတင်းစာဖတ်ရင်း သိရပါသည်။ စစ်တပ်အနေဖြင့် ၎င်းတို့၏ ရိက္ခာပို့ခြင်း၊ လူနာသယ်ခြင်း စသည့်ပုံမှန်လုပ်ငန်းများ မလွှဲမရှောင်သာ ဆောင်ရွက်နေရမည်ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်စဉ်တွင် ကချင်တပ်မတော်မှ မိုင်းထောင်ခြင်း၊ စောင့်၍ တိုက်ခိုက်ခြင်းများ ဆောင်ရွက်နေသဖြင့်သာ စစ်တပ်မှပြန်လည်ခုခံရင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်နိုင်ပါသည်။

ဤနေရာတွင် အားမရတာတစ်ခုကိုပြောချင်ပါသည်။ ဖြစ်စဉ်ဖြစ်ရပ် အခြေအနေမှန်အားလုံးကို မြင်နေ၊ သိနေရသည့်ကျွန်တော့်အတွက် ရေးချင်၊ ပြောချင်လွန်းလှပါသည်။ ရေးသင့်၊ ပြောသင့်၊ ဖော်ထုတ်သင့်ပါလျက် စစ်တပ်မှ ဘာကြောင့်မပြောလဲဆိုတာကို စဉ်းစားမရနိုင်လောက်အောင်ဖြစ်ရပါသည်။

ကျောက်နီမှော် ကိစ္စမှစခဲ့သည့် ရခိုင်ပြည်နယ် တောင်ကုတ်၊ မောင်တော၊ စစ်တွေ ပြဿနာများတွင် စစ်တပ်သည် ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အချိန်မီ ထိန်းသိမ်းခဲ့ပါသည်။ ထို့ကြောင့်လည်း အခြေအနြေ ပန်လည်တည်ငြိမ်သွားခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှာသာ စစ်တပ်က ၀င်မထိန်းလျင် ရခိုင်-ရိုဟင်ဂျာ အရေးအခင်းဟာ ပြောမပြတတ်လောက်အောင် ဆိုးရွား လာမည်မှာသေချာပါသည်။ Internet Website တွေ၊ ဂျာနယ်တွေမှာ ရခိုင်ကိစ္စ အခြေအနေတွေ တောက်လျှောက်ဖော်ပြခဲ့သလို ယခုကျွန်တော်တို့ ကချင်ပြည်နယ်ကိစ္စ တွေကိုလည်း အလားတူဖော်ထုတ်ပြဖို့ အကြံပြုချင်ပါသည်။

ကျွန်တော့်အမြင် ကချင်ပြည်နယ်အကြောင်း ပြောနေသူတွေဟာ ကချင်ပြည်နယ် ဘယ်နားရှိမှန်းမသိ၊ KIA ဆိုတာ ဘာလဲမသိဘဲ ရေးနေပြောနေ ကြသည်ဟုထင်ပါသည်။ ကချင်ပြည်နယ်ထဲက ကချင်တစ်ဦးအတွက်ကတော့ ဂျာနယ်တွေပေါ်က စာသားတွေဟာ ဂွမ်မော်ရဲ့ ပလီစိချောက်ချက် စကားတွေပဲဆိုတာကို တွေးကြည့်ရင်၊ ပြေးကြည့်တာထက် ပိုသိပါသည်။ ဒါကြောင့် စစ်တပ်ကိုအကြံပေးချင်တာက ခင်ဗျားတို့သိတဲ့ ကချင်ပြည်နယ်က အဖြစ်မှန်တွေကို မစားရ၀ခမန်းနှင့် ပြောနေ၊ ရေးနေသူတွေ နှုတ်ပိတ်သွားအောင် ပွင့်ပွင့်လင်းလင်းဖော်ထုတ်ဖို့ အချိန်တန်ပြီဖြစ်ပါသည်။

          ကချင်ပြည်နယ်အတွင်း ကျွန်တော်တို့ကချင်တပ်မတော်၏ လုပ်ဆောင်ချက်များကို အချိန်ကာလ အပိုင်း ၃ပိုင်း ခွဲခြားမြင်တွေ့ရပါသည်။ အပိုင်း(၁)သည် ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိသည့်  အခြေအနေမှ ၂၀၁၁ ခုနှစ် ဇွန်လ တာပိန်ရေအားလျှပ်စစ်ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အချိန်ထိဖြစ်သည်။ အပိုင်း(၂)သည် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရမှ စစ်တပ်သို့ ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အထိဖြစ်သည်။ အပိုင်း(၃)သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အချိန်အထိဖြစ်သည်။

အပိုင်း(၁)တွင် KIA ကချင်တပ်မတော်ကြောင့်သာ တိုက်ပွဲများစတင်ဖြစ်ပေါ်လာသည်ဟု ယူဆရပါသည်။ အပိုင်း(၂)တွင် KIA ကချင်တပ်မတော်မှ အဖျက်လုပ်ငန်းမျိုးစုံကို ဆက်တိုက်ဆောင်ရွက်ခဲ့ပါသည်။ အပိုင်း(၃)တွင် KIA ကချင်တပ်မတော်သည် မိမိကိုယ်ကိုခုခံကာကွယ်ရုံသာ ဆောင်ရွက်လျက်ရှိသော စစ်တပ်အား ပိုမိုတိုက်ခိုက် နေသည့်အပြင် စစ်တပ်နှင့်မဆိုင်သည့်လူများကို အဆက်မပြတ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ကြောင်း တွေ့ရှိရပါသည်။

စစ်တပ်အနေဖြင့် ၎င်းတို့လက်အောက်အဖွဲ့များ ကျွန်တော်တို့လို အရပ်သားများအပေါ် ထိခိုက်စေသည့်  ပြစ်မှုကြီး/ငယ် ကျူးလွန်ပါက ချက်ခြင်းအရေးယူဆောင်ရွက်ကြောင်း မျက်မြင်ဖြစ်ပါသည်။ စစ်တပ်သည် စစ်စည်းကမ်းနှင့် အထက်အမိန့်ကို အလေးထားလိုက်နာကြောင်း ကျွန်တော့်အတွေ့အကြုံအရ ပြောနိုင်ပါသည်။

          အစိုးရမှ ညွှန်ကြားလာသည့်အချိန်တွင် အမိန့်နာခံမှုကောင်းသော စစ်တပ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးအနေဖြင့် လက်အောက်ရှိတပ်များကို မည်သည့်စတင် တိုက်ခိုက်မှုကိုမျှ ဆောင်ရွက်ခွင့်ပြုမှာ မဟုတ်သလို၊ အစိုးရ၏  ငြိမ်းချမ်းရေး မူဝါဒအတိုင်း လိုက်ပါ လုပ်ဆောင် မည်သာဖြစ်ပါသည်။ ထို့ကြောင့် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိမှုမရှိခြင်းမှာ   မြန်မာစစ်တပ်၏ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ကြောင့် မဖြစ်နိုင်ကြောင်း သုံးသပ်မိပါသည်။

သတင်းစာနှင့်ရုပ်/သံပါ (၆၇)နှစ်မြောက်တပ်မတော်နေ့ ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း၌ တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးလိုလားကြောင်း၊ ဖြစ်နိုင်သမျှ ထာဝရငြိမ်းချမ်းရေးရရှိအောင် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် နိုင်ငံတော်နှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားမှုကို ဖတ်မိ၊ ကြားမိခဲ့ပါသည်။ ဤအချက်သည် ၎င်း၏ ငြိမ်းချမ်းရေးအပေါ် သဘောထားဖြစ်ပြီး ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း၊ စစ်ကိုလိုလားခြင်း မရှိကြောင်းကိုလည်း ထင်ဟပ်ပေါ်လွင်စေပါသည်။

           အထက်ပါ အခြေအနေအရပ်ရပ်အပေါ် မှန်ကန်စွာသုံးသပ်ပါက အစိုးရနှင့် စစ်တပ်ဘက်မှ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ကချင်လူမျိုးများနှင့်အတူ များစွာလိုလားလျက်ရှိပြီး ကချင်ဒေသငြိမ်းချမ်းရေးအတွက် KIA ခေါင်းဆောင်များတွင်သာ မူတည်လျက်ရှိပါတော့ကြောင်း ရှင်းလင်းစွာမြင်တွေ့နိုင်ပြီဖြစ်ပါသည်။ Pyi Chit Thar facebook ပါ ကချင်ဒေသငြိမ်းချမ်းရေးအတွက် အဓိကတာဝန်ရှိသူအမှန်အား သိမြင်စေနိုင်ရန် စေတနာထား၍ ရေးသားလိုက်ရပါသည်။


ကချင်ပြည်နယ်မှ အငြိမ်းစားတရားရေးဝန်ထမ်းတစ်ဦး

ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆၅ ဦးကို BGBက မြန်မာသို့ အဓမ္မပြန်ပို့ဆောင်ခဲ့



ရခိုင်ပြည်တွင် အကြမ်းဖက်ပြီး တိမ်းရှောင်သွားသူ ၁၅၆၅ ဦးကို BGBက မြန်မာသို့ အဓမ္မပြန်ပို့ဆောင်ခဲ့

ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသောဘင်္ဂလီများအား BGB က နယ်စပ်တွင် ဖမ်းဆီးကာ ပြန်လည်၍ ယမန်နေ့ကအထိ စုစုပေါင်း ၁၅၆၅ ဦးပို့ဆောင်ခဲ့ကြောင်း ဒေသထုတ် သတင်းများအရ သိရှိရသည်။

ဂမုန်းပွင့်သတင်း

ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက် မီးလောင်ကျွမ်းမှုမှာ ယခုအခါ အပြီးသတ်မီးငြိမ်းသတ် နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပြီး ဆုံးရှုံးမှု တန်ဖိုး ကြီးကြီးမားမားမရှိကြောင်းလည်း သိရှိရသည်။

အမျိုးသမီးများလည်း ရပ်၊ကျေး အုပ်ချုပ်ရေးမှူးဖြစ်နိုင်

အမျိုးသမီးများလည်း ရပ်၊ကျေး အုပ်ချုပ်ရေးမှူးဖြစ်နိုင် - 7Day News Journal

သတ်မှတ်အရည်အချင်းနှင့် ပြည့်မီပါက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိကြောင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ၀န်ကြီးများ၏ပိုင်ဆိုင်မှုများေ ကြညာရန် ထည့်သွင်းထား

ယခုထွက်ပေါ်လာမည့် ဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ၀န်ကြီးများ၏ပိုင်ဆိုင်မှုများကြေညာရန် ထည့်သွင်းထား ယခုလွှတ်တော် အစည်းအဝေးအတွင်း  အတည်ပြုနိုင်ဖွယ် ရှိသည့် အဂတိ
လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ၀န်ကြီးများ၏ ပိုင်ဆိုင်မှုများေ ကြညာရန်
ထည့်သွင်းရေးဆွဲထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ပြော ကြားချက်အရသိရသည်။
“အခုပြဌာန်းမယ့် anti-corrruption Law အဂတိလိုက်စားမှု တားမြစ်ရေး ဥပဒေကိုပြည်သူ့လွှတ်တော်မှာ တင်ထားတယ်ပြည်ထောင်စုမှာ တင်တာတော့လာဘ်ပေးလာဘ်ယူ ဥပဒေပေါ့ ဒီဥပဒေနှစ်ခုမှာပစ္စည်းပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာက လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအတွက်တာဝန်ရှိတဲ့ညွှန်ကြားရေးမူးချုပ်က notic စာပေးနိုင်တယ်ဆိုပြီးပါတယ်။အဲဒီ nitic ပေး
တဲ့အပိုင်းကို ဥပဒေပြဌာန်းပြီးဆောင်ရွက်လိုက်ရင် တစ်လောက ၀န်ကြီးဦးစိုးသိန်းပြောတဲ့ ပိုင်ဆိုင်မှုတွေကြေညာနိုင်ဖို့ကတော့ဖြစ်လာမှာပါ” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကြမ်းတင်သွင်းထားသူပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

မြန်မာတွေ အကြည့်များသည့် planet ၀ဘ်ဆိုက် ဖျက်ဆီးခံရ

 http://www.planet.com.mm/
 မွတ်စလင် ကုလားတစ်ယောက် ဖျက်ဆီးသွားတာလို့ ယူဆရပါတယ်။



Wednesday, July 25, 2012

ဖားကန့်ဒေသမှ ကချင်တိုင်းရင်းသားတစ်ဦး၏ ပေးစာ

(ဖားကန့်နေ ပြည်သူ တစ်ဦး အမည်နဲ့ ရောက်လာတဲ့ မေလ်ဖြစ်ပါတယ်၊)


          ကျွန်တော်ကတော့ ကချင်ပြည်နယ်ဖားကန့်ဒေသမှာ နေထိုင်တဲ့ဒေသခံ တိုင်းရင်းသားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ဖားကန့်ဒေသဆိုတာ ကချင်ပြည်နယ်မှာ အလွန်ပဲ သာယာပျော်ရွှင်စရာကောင်းတဲ့ဒေသတစ်ခုဖြစ်သလို ဖားကန့်ကျောက်စိမ်းကြောင့်လည်း ကမ္ဘာကျော်ဒေသတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်အခုအခါမှာတော့ ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)ကြောင့် ကျွန်တော်တို့ဒေသရဲ့ အလှအပတွေ သယံဇာတတွေ ပျက်စီးပြီးလူမှုဒုက္ခ တွေနဲ့ ပင်လယ်ဝေနေရပါပြီ။                                                              
                                                                                                                                                                      




         
အရင်တုန်းက ဖားကန့်ဒေသမှာ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေနဲ့ ဘာသာရေး၊သာသနာ ရေးအလှူပွဲတွေနဲ့ တကယ်ပဲစည်စည်ကားကားရှိခဲ့ပေမယ့် အစိုးရနဲ့ KIA တပ်တွေ ငြိမ်းချမ်းရေးပျက်ပြားပြီး နောက်ပိုင်းမှာ ကျွန်တော်တို့ဒေသဟာ ပျော်စရာမကောင်းတော့ပါဘူး။ KIA တပ်တွေအနေနဲ့ ကုမ္ပဏီတွေကနေ ငွေကြေးအများကြီးတောင်းခံနေလို့ ကုမ္ပဏီတွေလဲ မနေနိုင်တော့ပါဘူး။ လုပ်ငန်းရှင်တွေအနေနဲ့လည်း KIA ရဲ့ အမျိုးမျိုးနှိပ်စက်မှုတွေကြောင့် ဒီဒေသမှာ အလုပ်မလုပ်ကြတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဒေသခံတွေအနေနဲ့ အလုပ်ကမရှိ၊ ၀င်ငွေကမရှိ ဖြစ်နေကြပါတယ်။   
လမ်းတံတားတွေဆိုရင်လဲ KIA တပ်တွေဖျက်ဆီးထားလို့ သွားလာလို့မရတော့ပါဘူး။အဆိုးရွားဆုံးကတော့ ဖားကန့်ဒေသမှာရှိနေကြတဲ့သူတွေကို KIA က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၊ လူသစ်စုဆောင်းမှုတွေလုပ်နေတဲ့အပြင် ကျောင်းသားကျောင်းသူတွေ ပညာသင်ကြားတဲ့နေရာမှာလည်း KIAတပ်ဖွဲ့ဝင်တွေက သွားရောက်နှောင့်ယှက်နေ ပါတယ်။ ဇူလိုင်လ(၂၄)ရက်နေ့က ကံဆီးရွာအလယ်တန်းကျောင်းကို KIA တပ်ဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ကျောင်းမှာ လွှင့်ထူထားတဲ့ နိုင်ငံတော် အလံကို အတင်းဖြုတ်ချခိုင်းပါတယ်။ ပြီးတော့ သူတို့ KIA အလံကို လွှင့်တင်ခိုင်းပါတယ်။ ဒီလိုမျိုးKIAအလံကိုနေ့စဉ်လွှင့်တင်ထားရမယ်လို့လဲခြိမ်းခြောက်ပြောဆိုခဲ့တဲ့အတွက်ကျောင်းမှာရှိကြတဲ့ဆရာ၊ဆရာမ တွေနဲ့ကျောင်းသားကျောင်းသူတွေ၊ရွာသားတွေအားလုံးကအလွန်ပဲခံပြင်းဒေါသထွက်နေကြပါတယ်။အဲဒီကျောင်းမှာ ကျောင်းသား(၁၀၀၀)ခန့်ရှိပြီး ဒီကျောင်းဟာ အစိုးရက ဖွင့်ပေးထားတဲ့ကျောင်းဖြစ်ပါတယ်။
          KIA အဖွဲ့တွေရဲ့ ဒီလိုမျိုးလုပ်ရပ်ဟာ သီးခြားဝမ်ပေါင်သမ္မတနိုင်ငံ ထူထောင်တယ်ဆိုတဲ့သဘောမျိုးဖြစ်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းမှာ KIA က ကတိပြုပြောနေတဲ့ ပြည်ထောင်စုက ခွဲမထွက်ပါဘူးဆိုတဲ့ စကားကို အလေး အနက်မထားတဲ့သဘောဖြစ်နေပါတယ်။ ဒီလိုမျိုးလုပ်ရပ်ဟာ နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားအားလုံးကို စော်ကား လိုက်ခြင်းဖြစ်ပါတယ်။အမှန်တကယ်တော့ KIA ဆိုတာ ကျွန်တော်တို့ ကချင်မျိုးနွယ်စုတစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ သူတို့ဌာနချုပ်ရှိတဲ့ လိုင်ဇာကွက်ကွက်ကလေးသာကိုယ်စားပြုတာပါ။ အစိုးရကိုဆန့်ကျင်တယ်၊အစိုးရ တပ်တွေကိုတိုက်မယ်ဆိုရင်လဲ စစ်တပ်ရှိတဲ့နေရာတွေမှာ သွားတိုက်ရင် ကျွန်တော်တို့ အပြစ်မမြင်ပါဘူး။ အခုဟာက အရပ်သားတွေနေတဲ့နေရာတွေ၊ အရပ်သားဝန်ထမ်းတွေစတဲ့အရပ်ဘက်တွေကိုတိုက်ခိုက်နေပါတယ်။KIA ထောင်တဲ့ မိုင်းတွေကလဲ အရပ်သားတွေပဲ ထိ နေပါတယ်။ KIA မိုင်းကြောင့် ခြေပြတ်လက်ပြတ် လူစဉ်မမှီဖြစ်နေတဲ့ ဒေသခံ အရေအတွက်ဟာ ကျွန်တော်တို့ဖားကန့်ဒေသတစ်ခုထဲမှာပင် ရာနဲ့ချီပြီးရှိနေပါတယ်။



          ကျွန်တော်တို့ဖားကန့်ဒေသအပါအ၀င်ကချင်ပြည်နယ်နေရာအများအပြားမှာကချင်လက်နက်ကိုင် KIA တပ် တွေဟာအာဖဂန်နစ္စတန်နဲ့အီရတ်မှာရှိကြတဲ့ အစွန်းရောက် အကြမ်းသမားတွေရဲ့ပုံစံအတိုင်းလုပ်ဆောင်နေပါတယ်။ လူထုတွေအနေနဲ့ ငါဘယ်နေ့သေမလဲ၊ KIA က ဘာအကြောင်းပြချက်နဲ့လာသတ်မလဲဆိုတဲ့ စိုးရိမ်ထိတ်လန့်စွာနဲ့ အသက်ရှင်နေကြရပါတယ်။ မနေ့တစ်နေ့ကပဲ အစိုးရ၀န်ထမ်းတွေဖမ်းသွားပြီး သတ်ပစ်ခဲ့တာတွေရှိနေပါတယ်။ KIA အနေနဲ့ ကချင်လူထုကောင်းစားရေး၊ ကချင်ပြည်နယ်လွတ်မြောက်ရေးဆိုပြီး ပါးစပ်က ကြွေးကြော်နေပေမယ့် တကယ့် လုပ်ရပ်ကတော့ ကချင်ပြည်နယ်တစ်ခုလုံးမှာရှိကြတဲ့ လူထုတစ်ရပ်လုံး ဒုက္ခရောက်အောင်လုပ်နေပါတယ်။
          တပ်မတော်က ကာ/ချုပ်ကြီးအနေနဲ့ ကျွန်တော်တို့ကချင်ပြည်နယ်ရဲ့ဒုက္ခတွေကိုကယ်တင်ပေးစေချင်ပါတယ်။ ကာ/ချုပ်ကြီးရောက်ရှိတဲ့တပ်တွေ၊မြို့တွေမှာ ကာ/ချုပ်ကြီးပြောနေတဲ့ စကားကိုကျွန်တော်တို့ အလွန်သဘောကျပါ တယ်။ ဒို့တာဝန်အရေးသုံးပါး၊ ဖွဲ့စည်းပုံအခြခံဥပဒေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အမြဲတန်းကာကွယ် စောင့်ရှောက်ဖို့ ပြောတဲ့စကားကြားရတော့ ကျွန်တော်တို့ ဖားကန့်ဒေသအပါအ၀င် ကချင်ပြည်နယ်ကလူထုတွေရဲ့ အကျိုးစီးပွားကိုလဲ ကာကွယ်စောင့်ရှောက်ပေးဖို့ ပြောပြချင်ပါတယ်။ ကျွန်တော်တို့လဲ ပြည်သူတွေပါပဲ။ ပြည်သူတွေ ရဲ့ဒုက္ခတွေကို ကာ/ချုပ်ကြီးတို့ တပ်မတော်ကလွှဲလို့ ဘယ်သူမှ မကာကွယ်နိုင်ပါဘူး၊ ဒါဟာမှန်သော စကား ပြောခြင်း ဖြစ်ပါတယ်။
          လက်ရှိအခြေအနေမှာတော့ KIA ခေါင်းဆောင်ပိုင်းတွေအနေနဲ့ သူတို့ရဲ့ လက်အောက်ခံတပ်တွေ၊ ဒေသခံ လူထုတွေကို သတင်းအမှားတွေ ပြောပြနေပြီး ငြိမ်းချမ်းရေးပျက်အောင် လုပ်နေကြပါတယ်။ ငြိမ်းချမ်းရေးဆိုတာ နှစ်ဦးနှစ်ဘက် ရိုးသားပွင့်လင်းစွာ ပြောဆိုဆွေးနွေးကြမယ်ဆိုရင် မဖြစ်နိုင်စရာမရှိဘူးလို့ထင်ပါတယ်။  တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်တော်တော်များများအစိုးရနဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး ငြိမ်းချမ်းရေး ရယူထား လို့ သူတို့ဒေသက ပြည်သူတွေ အေးအေးဆေးဆေး နေနိုင်ကြပါပြီ။ KIA အနေနဲ ငြိမ်းချမ်းရေးမယူဘဲနေတာ KIA ခေါင်းဆောင်ပိုင်းရဲ့ အကျိုးစီးပွားတွေ လျော့နည်းသွားမှာစိုးရိမ်လို့ဆိုတဲ့ အချက်ကလွှဲလို့ ဘာမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် တပ်မတော် အနေနဲ့ ကချင်ပြည်နယ်မှာ ရှိကြတဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကိုလည်း ကာကွယ်စောင့်ရှောက်ပေးစေချင်ပါတယ်ခင်ဗျာ…..။
ဖားကန့်ဒေသမှ တိုင်းရင်းသားတစ်ဦး

သမ္မတကြီးကို ကိုမင်းကိုနိုင်တွေကရင် ပြောမည့် အကြောင်းအရာ

၈၈မျိုးဆက် ကိုမင်းကိုနိုင်က နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံတဲ့အခါ ဘာတွေကို အဓိကထားဆွေးနွေးသွားမလဲဆိုတာ The Street View ဂျာနယ်ကို အခုလိုပြောပြခဲ့ပါတယ်။
“အဓိက အပိုင်းကတော့ဗျာ ငြိမ်း ချမ်းရေးဆိုတာ အဓိကပေါ့။ သမ္မတ ကြီးဆိုတာ အုပ်ချုပ်ရေးအာဏာမှာ အမြင့်ဆုံးပဲ။ အခုဟာက ဥပဒေတွေ ဘယ်လိုပဲပြဋ္ဌာန်းပြဋ္ဌာန်း၊ နည်းဥပဒေ တွေနောက်က ဘယ်လောက်ပဲလိုက် လိုက်၊ အုပ်ချုပ်ရေးယန္တရားကြီးက ခေါက်ရိုးကျိုးနေတယ်ဗျ။ အတက် အဆင်းမပြုရင်ဘာမှ မလုပ်ရဲဘူး။ ကိုယ်ဟာကိုယ်တာဝန်ယူမှုဆိုတဲ့ responsibility မယူရဲကြဘူးဗျာ။ အဲဒီ ကိစ္စကတော့ အဓိက အသက်ဝင်ရ လိမ့်မယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်း ပြီဆိုတာကို အပေါ်ကပြောင်း အောက် ကမလိုက်နိုင်တဲ့ ပြဿနာက အဓိက ပဲ။ ကျွန်တော်တို့ ပြည်သူတွေနေ့စဉ် ဆက်ဆံနေရတာက အောက်ခြေ၊ မြို့ နယ်အဆင့်၊ ရပ်ကွက်အဆင့် အဲဒါသူ တို့သိတဲ့အစိုးရပဲ။ အဲဒီအောက်ခြေ အစိုးရနဲ့ ပြည်သူနဲ့ ကြားထဲမှာ ကွာဟ လွန်းမက ကွာဟနေတာလည်းကြာပြီ။ အဲဒီအဟကြီး အဲဒီအကွဲကြောင်းကြီးကို ရင်ကြားမစေ့နိုင်ရင် ထိပ်ဆုံးက ဖြစ်တဲ့ ပြည်ထောင်စုအစိုးရက ဘယ်လောက်ပဲကြွေးကြော် ကြွေးကြော်၊ ဘယ်လောက်ပဲကောင်းအောင် ရည် ရွယ်ချက်ရှိရှိပေါ့ အောင်မြင်ဖို့ကတော့ မလွယ်ဘူး၊ ပြည်သူတွေ ပူးပေါင်း ဆောင်ရွက်တဲ့ ပုံစံ လိုချင်ရင် အောက် ခြေအစိုးရဖြစ်တဲ့ ရပ်ကွက်တို့ မြို့ နယ်တို့၊ တိုင်းနဲ့ ပြည်နယ်တို့ တစ်ဆင့် ဆီ အနီးစပ်ဆုံး ပြည်သူနဲ့ အောက်ခြေ လူတန်းစားနဲ့တွေ့နေရတဲ့ အောက်ခြေ အစိုးရအဖွဲ့တွေကို ထိထိရောက်ရောက် နိုင်ငံတော်သမ္မတအနေနဲ့ ရှင်းလင်း ပြတ်သားတဲ့ ကြေညာချက်မျိုးတွေ၊ ညွှန်ကြားချက်မျုးတွေပေးဖို့ ကျွန် တော်တို့အရင်ဆုံးဆွေးနွေးချင်တယ်။”

ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးနှင့်တွေ့ဆုံခြင်း

by 7Day News Journal on Wednesday, July 25, 2012 at 11:08am ·
ရေးသားသူ- ငြိမ်းငြိမ်းနိုင်
နှစ်ပေါင်း ၂၂ နှစ်ကျော်ကာလအတွင်း  ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်သံအမတ်ကို  ဇူလိုင် ၁၁ရက်က တ ရားဝင် ခန့်အပ်
လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးအဖြစ် တစ်နှစ်ကျော်ကြာ     တာဝန်ထမ်းဆောင်ခဲ့သည့်
မစ္စတာဒဲရစ်မစ်ချယ်ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ၎င်းမှာ အရှေ့တောင်အာရှရေးရာ  ကျွမ်းကျင်သူလည်းဖြစ်သည်။ မစ္စတာမစ်ချယ်က မြန်မာသံအမတ်ဘ၀ သက်တမ်း ၁၀ရက်ပြည့်သော ဇူလိုင် ၂၀ ရက်တွင်  မီဒီယာနှင့်သံအမတ်ကြီးတို့၏ ပထမဆုံး တွေ့ဆုံမှုအဖြစ် 7Day News နှင့်တွေ့ဆုံခဲ့သည်။ယင်းတွေ့ဆုံမှုမှ  အချို့ကို စာဖတ်ပရိသတ်အတွက် ထုတ်နုတ်ဖော်ပြလိုက်ပါသည်။

ပြည်ထောင်စု ၀န်ကြီး ငါးဦး ဌာန ပြောင်းရွှေ့ရန် သတင်းထွက်ပေါ်



ရန်ကုန်၊ ဇူလိုင် ၂၅

နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများကို အပြောင်းအရွှေ့ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိပြီး မကြာမီရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်သို့တင်သွင်
းကာ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း အစိုးရ အဖွဲ့ထံမှ သိရသည်။

၁။ဦးလှထွန်း (ဗဟိုဘဏ်ဥက္ကဌ)
၂။ဦးတင်နိုင်သိန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး)
၃။ဦးစိုးသိန်း (စီမံ / စီးပွား)
၎။ ဦးအောင်မင်း (သမ္မတရုံး)
၅။ဦးအေးမြင့်ကြူ (ဟိုတယ် /ခရီး )

(အခြား ၀န်ကြီးများ၏ အပြောင်းအရွှေ့ စာရင်းကို စုံစမ်းလျက်ရှိပြီး ဆက်လက်ဖော်ပြပေးသွားပါမည်။ )

စစ်တပ်ကို လွှတ်တော်ကိုယ်စားလှယ်တွေ ဝေဖန်

လစ်လပ်နေတဲ့ ဒုသမ္မတ နေရာအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က အမည်စာရင်းတင် သွင်းဖို့ ကြံ့ကြာနေတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်နေပြီလို့ လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်လိုက်ပါတယ်။ ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦး ဇူလိုင်လ ၁ ရက်နေ့ကစပြီး ရာထူးကနေ နှုတ်ထွက် ကြောင်း အကြောင်းကြားစာကို သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၃ ရက်နေ့ကတည်းက ပြည်ထောင်စုလွှတ်တော်ကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် နာယကက နောက် (၇) ရက် အကြာ ဇူလိုင်လ ၁၀ ရက်နောက်ဆုံးထားပြီး အမည်စာရင်တင်သွင်းဖို့ ပန့်ကြားခဲ့တာပါ။ အခု ဇူလိုင်လကုန်ပိုင်း ရောက်တဲ့အထိ ဒုသမ္မတလောင်း အမည်စာရင်းကို အတည်ပြုလို့ မရသေးဘူးလို့ သိရပါတယ်။

ဟာသများ










http://mmjokes.com/wp-content/uploads/2012/07/1299.jpg
ကျောင်းနောက်ကျရခြင်း အကြောင်းရင်း











ပြည်သူ့ဆေးရုံ
လက်ရှိ ကျန်းမာရေးစနစ်ကို လှောင်ပြောင်ထားပုံ



ပြည်တော်ပြန်မီး..
မြန်မာ နိုင်ငံမှ ရောင်းချထားသော လျှပ်စစ်ဓါတ်အားကို တရုတ်နိုငံမှ ပန်ဝယ်ရခြင်းကို သရော်ထားသည့်ပုံ


http://mmjokes.com/wp-content/uploads/2012/07/1366.jpg
အင်တာနက်တွင် ခိုးရိုက် ဓါတ်ပုံများ ပျံနှံခြင်းကိ သရော်ထားသည့်ပုံ

အများသိစေရန်

ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပါပဲ

ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပါပဲ

မြစ်သားမှာ ဆန္ဒပြ

မြစ်သား မြို့နယ်တွင် ဇမာဆည် နှင့် သဲထုတ်ရေတံခါး
တည်ဆောက်ခြင်း ကိစ္စနှင့် ပတ်သက်ကာ ယနေ့နံနက် ၈ နာရီမှ စတင်ကာ လူတစ်ရာခန့် ဆန္ဒဖော်ထုတ်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင် ပထမဆုံးအကြိမ် စတင်ဆွေးနွေး

from -https://www.facebook.com/thevoiceweekly

နေပြည်တော်၊ ဇူလိုင် ၂၅

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် ပြဌာန်းပေးရန်အဆိုကို ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်ဆွေးနွေးခဲ့သည်ဟု လွှတ်တော်အစည်းအဝေးသို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။

ကျူးကျော်အိမ်များ၏ မိသားစုဝင်များအား ၈၈မျိုးဆက်ကျောင်းသားများသွားရောက် အားပေး

NLD ပါတီ ဆိုင်းဘုတ် ဓါးခုတ်ခံရခြင်း


နေပြည်တော် လယ်ဝေးမြို့နယ် သော်မှော်ကုန်းအုပ်စု ဝဲကြီးကျေးရွာ NLD အဖွဲ့ဝင် ဦးမြဝင်း နေအိမ်၌ စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ NLD ဆိုင်းဘုတ်အား ၁၀.၇.၂၀၁၂ နေ့ ည ၉း၄၀ ခန့်တွင် တစ်ရွာတည်းနေ အုပ်ချုပ်ရေးမှူး ဦးရွှေ၏သား ကိုသိန်းမင်းဇော်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ညစ်ညမ်းစွာဆဲဆိုပြီး ၄င်းကိုယ်၌အသင့်ပါလာသော ဓါးဖြင့် NLD ပါတီဆိုင်းဘုတ်ရှိ ဒေါ်အောင်ဆန်းစုကြည်ပုံ နေရာအား ခုတ်ထစ်ထိုးစိုက် ဖျက်ဆီးခဲ့ပါသည်။

ထိုကိစ္စအား မြို့နယ်တရားရုံးသို့ အရေးယူပေးရန် ဦးတိုက်လျောက်ထားရာ ၂၅.၇.၂၀၁၂ နေ့၌ လယ်ဝေးမြို့နယ် တရားရုံးတွင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီပါတီသစ်ကို တယ်လီဖုန်းဆက် ခြိမ်းခြောက်


ရိုဟင်ဂျာများအကြောင်းကိုလွှတ်တော်တွင် ဝင်ရောက်ဆွေးနွေးခဲ့သော် အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို တယ်လီဖုန်းဆက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။
''တယ်လီဖုန်းဆက်တာလေး ကြိမ်ရှိသွားပြီ၊ ရိုဟင်ဂျာဆိုတာမြန်မာနိုင်ငံမှာရှိတယ်။ တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာမရှိဘူးလို့ ပြောတာကို လက်မခံနိုင်ဘူး'' ဟု ဖုန်းဆက်၍ ပြောကြားခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်၏သား ကိုခိုင်မင်းက ပြောသည်။

တပ်ကိစ္စပြေလည်မှ အများပြည်သူအတွက် တက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်ချသင့်တယ်

ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းတွေမှာ သောင်းနဲ့ချီပြီး ထွက်ပြေးရောက်ရှိနေကြတဲ့ ကရင်နီဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ ထောင်နဲ့ချီပြီး ပုန်းအောင်းနေကြရတဲ့ IDP တွေရဲ့နေရာပြန်လှည်ချထားရေး အစီအစဉ်ကို ဆောင်ရွက်ကြရာမှာ အလောတကြီးနဲ့ အဆင့်တွေကျော်ပြီး မလုပ်ဆောင်သင့်သေးဘူးလို့ အကြံပြုလိုတဲ့အပေါ်မှာ ဒုက္ခသည်တွေကို နေရပ်ရင်းသို့ပြန်နေထိုင်နိုင်ရေးကို ပိတ်ပင်နေတယ်ဆိုတဲ့ ကောက်နှုတ်ချက်မျိုးမဖြစ်စေလိုပါ။
ဘာဖြစ်လို့လဲဆိုတော့ ကရင်နီတွေအခုတခေါက် အိမ်ပြန်ရင် နှောင်ဘယ်သောအခါမှ တပါးနိုင်ငံမှာ ဒုက္ခသည်အဖြစ်မျိုး ပြန်မရောက်စေချင်တော့လို့ပါ။

ရခိုင် နယ်ခြားစောင့်တပ် ဖွဲ့ရေး ကြိုးပမ်းမည်

ပဋိပက္ခ ကာလအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ တနေရာ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနှင့် ရခိုင်ဒေသတွင်း လုံခြုံရေးအတွက် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ပြည်သူ့စစ် ဖွဲ့စည်းရေး ကိစ္စများအတွက် ရခိုင်ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။
ရခိုင်ပြည်နယ်၌ မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဒေသခံတိုင်းရင်းသား လူမျိုးများ၏ အသက် အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရကြောင်း၊ ထိုပြဿနာသည် လတ်တလော အခြေအနေတွင် တည်ငြိမ်နေသည့်တိုင် ရေရှည်တွင် စိတ်မချရကြောင်း၊ ထို့ကြောင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပြည်သူ့စစ် ဖွဲ့စည်းပေးသင့်ကြောင်း သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ အထွေထွေ အတွင်းရေးမှူး ဦးလှစောက ဧရာဝတီသို့ ပြောသည်။

Tuesday, July 24, 2012

ပါကစ္စတန် လူ့အခွင့်အရေး ခေါင်းဆောင် ရခိုင်ပြည်နယ် လာမည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရိုဟင်ဂျာ မူဆလင်များအရေး ကိုယ်တိုင် လေ့လာ ကူညီရန်အတွက် ပါကစ္စတန်နိုင်ငံမှ လူ့အခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင် Ansar Burney သည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်ဟောင်းလည်း ဖြစ်သည့် Ansar Burney အပါအဝင် Ansar Burney Trust မှ လေးဦး မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားပြီးဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်
ကြေညာသည်။

လူမျိုးရေး အကြမ်းဖက်မှုများကြောင့် ရခိုင် ဒေသမှာ ညက်ညက်ကြေပြုန်းခဲ့ ရကြောင်း အစီရင်ခံချက်များကြောင့် ဆက်လက် ဖြစ်ပေါ်နေပြီး ထိုအထဲတွင် မူဆလင်များအား ပစ်မှတ်ထားကာ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ အဓမ္မ ပြုကျင့်မှု၊ လက်ရောက်စော်ကားမှု အစီရင်ခံချက်များမှာ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များအတွင်း ရှုတ်ထွေးမှုများ ဖန်တီးနေသည်ဟု ဆိုသည်။

အသက် ၅၆ နှစ်အရွယ်ရှိ Ansar Burney မှာ ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးသော လူ့အခွင့်အရေး ဝန်ကြီး ဖြစ်ခဲ့ဖူးပြီး အမေရိကန် နိုင်ငံခြားရေးန်ကြီးဌာန အစီရင်ခံစာတွင် ‘လူကုန်ကူးမှု ဆန့်ကျင်ရေး သူရဲကောင်း’အဖြစ် ဂုဏ်ပြုခံရဖူး သည်။

ယခု လာရောက်မည့် ခရီးစဉ်မှာ အချက်အလက်များ ရှာဖွေရန်နှင့် ငိုကြွေးနေ၊ သေလုဆဲဆဲ ဖြစ်နေကြသော သူများအား ကူညီရန်အတွက် ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

ရခိုင်ပြည်နယ်တွင်း မူဆလင်များ အစုလိုက် သတ်ဖြတ်ခံရမှုများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့များ၊ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များအား Ansar Burney Trust က စွပ်စွဲလိုက်သည်။

“အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တပ်တွေ ဖြန့်လွှတ်ထားတာဟာ ဆူပူထကြွမှုတွေကို ချေမှုန်းဖို့နဲ့မော့စ်နဲ့ဘုန်းတော်ကြီးကျောင်းတွေ နှစ်ခုလုံးကို ကာကွယ်ပေးဖို့ ပါတယ်။ ဒါပေမယ့် မူဆလင်များနဲ့ ပလီတွေကို တိုက်ခိုက်မှုတွေဟာ အစိုးရနဲ့ စစ်တပ် ထီးရိပ်အောက်ကနေ ဆက်လက်ဖြစ်ပေါ်နေဆဲပါ” ဟု Ansar Burney က ဆိုသည်။

ပါကစ္စတန် မူဆလင်အဖွဲ့ချုပ် PML-Q၊ Jamaat-e-Islami (JI)ပါတီတို့ကလည်း မြန်မာနိုင်ငံတွင်း မူဆလင် သတ်ဖြတ် ခံရမှုများကို ကန့်ကွက်ရှုတ်ချကြကာ ကုလသမဂ္ဂနှင့် အစ္စလာမ်ကွန်ဖရင့်(OIC)တို့သို့ အရေးယူဆောင်ရွက်မှုများပြုရန်
တောင်းဆိုထားကြသည်။ JI ပါတီ ခေါင်းဆောင် Munawar ကလည်း မြန်မာပြည် မူဆလင်အရေး ဆွေးနွေးရန်အတွက် ပါကစ္စတန်အစိုးရအား အထွေထွေညီလာခံ ခေါ်ဆိုပေးရန် တောင်းဆိုထားသည်။

ပါကစ္စတန် ကျောင်းသူများ သမဂ္ဂတခုဖြစ်သည့် Islami Jamiat-e-Talbat (IJT) ၏ ခေါင်းဆောင် Nazima Ayesha က သတင်းထောက်များအား သောကြာနေ့က ပြောဆိုရာတွင် ၅၂ နိုင်ငံသော မူဆလင်ကမ္ဘာ၏ ရဲတိုက်ကြီး တခုသဖွယ် ဖြစ်သည့် ပါကစ္စတန်အနေဖြင့် ဤကဲ့သို့ မူဆလင်များအား ရက်ရက်စက်စက် သတ်ဖြတ်နေမှု ကိစ္စမျိုးများကို သုတ်သင်ပစ်ရန် ကမ္ဘာ့အသိုင်းအဝိုင်းနှင့်အတူတကွ လက်တွဲကာ မိမိအခန်းကဏ္ဍ ကိုလည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောဆိုသွားသည်။

အဆိုပါ မြန်မာပြည်အရေးနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် ဇူလိုင်လ ၂ဝ ရက်နေ့က Pakistan Sunni Tehrik (PST) ပါတီ ဦးဆောင်သည့် ချီတက်ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် Mohammad Khazaee ကလည်း အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ စာရေးသားကာ မြန်မာပြည်အတွင်း မူဆလင် သတ်ဖြတ်မှုများ ရပ်တန့်သွားရန်အတွက် အလျှင်အမြန် အရေးယူ ဆောင်ရွက်မှုများပြုရန် စနေနေ့က တောင်းဆိုထားသည်။

အာဖဂန်နစ္စတန်ရှိ တာလီဘန်များကလည်း မြန်မာပြည်အတွင်း မူဆလင်များ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုကို
ပြင်းထန်စွာ ရှုတ်ချထားပြီး ထိုသတ်ဖြတ်မှုများ ရပ်တန့်စေရန်အတွက် ကမ္ဘာကြီးမှ ချက်ချင်း လုပ်ဆောင်မှုများ ပြုကြရန်တောင်းဆိုထားသည်။

“မြန်မာ(အစိုးရ) သိထားဖို့လိုတာက မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာ တိုင်းပြည်တခုတည်းမှာ တင် ဖြစ်တဲ့ ရာဇဝတ်မှု တခုမျှသာ မဟုတ်ဘဲ ခွင့်လွှတ်လို့ မရနိုင်တဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေး အထူးသဖြင့် မူဆလင်ကမ္ဘာကို ဆန့်ကျင်ရေး ဖြစ်နေတယ်ဆိုတာပဲ” ဟု တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ သောကြာနေ့ အစီရင်ချက်တခုတွင် “အရေးပေါ်အခြေအနေကြေညာပြီးနောက် သီတင်းပါတ် ခြောက်ပါတ် ကြာသည်အထိ လူမျိုးရေးအကြမ်းဖက်မှုများ မြန်မာပြည် အနောက် ဖက်ခြမ်းတွင် ဆက်ဖြစ်ပွားလျက် ရှိသည်။ လူနည်းစု မူဆလင် ရိုဟင်ဂျာများအား ဦးတည်ပြီး ရိုက်နှက်မှု၊ အဓမ္မပြုကျင့် မှုနှင့် သတ်ဖြတ်မှုများဖြစ်သည်” ဟု ပါရှိလာပြီးနောက် ထိုသို့ မူဆလင်ကမ္ဘာ၏ မြန်မာအစိုးရအပေါ် ဝေဖန်မှုများ ပိုမိုပြင်းထန်လာခြင်း ဖြစ်သည်။

ထို့ပြင် တူရကီ NGO တခုဖြစ်သည့် လူသားချင်းစာနာမှုအကူအညီ ဖောင်ဒေးရှင် (YHH)၏ ဇူလိုင် ၂ဝ ရက်နေ့ထုတ် အစီရင်ခံစာအရ ရခိုင်ပြည်နယ်အတွင်း ဇွန်လတွင်း စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ရိုဟင်ဂျာ မူဆလင် ၁,ဝဝဝ ကျော် သေဆုံးခဲ့ရပြီး ၉ဝ,ဝဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်ကျန်ခဲ့ရကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။

သို့သော် မြန်မာအစိုးရ တရားဝင်ထုတ်ပြန်ချက်များအရ ဇွန်လ ၁၄ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၅ဝ ဦး ရှိခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ထပ်မံဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် ၁၂ ဦး ထပ်မံသေဆုံး ခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်း မေလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကို အစိုးရမှ စုံစမ်းရေးကော်မရှင် ဖွဲ့၍ စစ်ဆေးခဲ့ရာ ဖော်ထုတ် ရရှိချက်များကို ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ဦးကျော်ငြိမ်းသား ဘိုဘို ကျော်ငြိမ်း


လွှတ်တော် အမတ်တွေ အိပ်ငိုက်တာ မဟုတ်ဆို

from -  http://doctorsatephwar.blogspot.com/

  အမှန်မြင်ဘို့ ၊ ဥာဏ်ယှဉ်စို့

အရင်က လွှတ်တော်ထဲမှာ တပ်မတော်အရာရှိ လွှတ်တော်ကိုယ်စားလှယ် တွေ အိပ်နေတဲ့ပုံတွေ အင်တာနက်မှာတက်ပြီး တပ်မတော်အရာရှိ တွေကို အသုံးမကျတဲ့ကောင်တွေ ဆိုပြီး အမျိုးမျိုးပြောခဲ့ဆိုခဲ့ကြတယ် ၊ ခု နောက်ထပ် ပင်နီတိုက်ပုံဝတ် အမတ်တွေပုံ ထပ်ပြီးတက်လာတယ် ဒီလိုပဲ အိပ်နေကြတဲ့ပုံတွေပါဘဲ ဒီအခါမှာတော့ ပထမတစ်ခါလောက် အသံမထွက်လာကြတော့ဘူး ။

အဖြစ်မှန်က ဒီလိုမဟုတ်ဘူး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေဟာ မနက်ပိုင်းတစ်ပိုင်းလုံးလွှတ်တော်အစည်းဝေးတက် ၊ ပြီးတော့နေ့လည်စာသုံးဆောင် ၊ ပြီးတော့ နေ့လည်ပိုင်းအစီအစဉ်တွေမစခင်မှာ မိမိတို့ရဲ့ ထိုင်ခုံကလေးတွေမှာထိုင်ပြီး ခဏတဖြုတ်ဆိုသလို နားကြတယ် ဒီအချိန်မှာ ဓါတ်ပုံရိုက်ရင်တော့ ဒီလိုပုံတွေဟာ တစ်သက်လုံးတက်နေတော့မှာပဲ ။

တကယ့်တရားခံကတော့ နားနေချိန်မှာ နားနေတာကို လွှတ်တော်အစည်းဝေးကျင်းပနေတုန်း အိပ်ငိုက်နေသလိုလို ၊ လုံးဝအိပ်ပျော်နေသလို လုပ်တာဟာ မီဒီယာကင်မရာသမားတွေထဲမှာပါလာတဲ့ ကျင့်ဝတ်နားမလည်တဲ့ စုန်းပြူးတွေကြောင့် ဖြစ်တယ် ဒီ ငါးခုံးမ စုန်းပြူးတွေကို မဖေါ်ထုတ်ရင် မီဒီယာတစ်လှေလုံးပုတ်မယ် ဒါပါဘဲ....
နောက်တစ်ခုက ပုံတစ်ပုံတက်လာတာနဲ့ စဉ်းစားချင့်ချိန် ပြီး မှ အမှန်ဟုတ်မဟုတ် သုံးသတ်နိုင်တဲ့ ပညာ အသိဥာဏ်အခံ ရှိကြဘို့လည်း အရေးကြီးနေပါပြီ၊ ပုံတစ်ပုံတင်လိုက်တိုင်းယုံနေရင်တော့ သတင်းသမားတွေရဲ့သားကောင် ဖြစ်နေတော့မှာပါဘဲ ။

ဒေါက်တာဆိတ်ဖွား

ကြံခိုင်ရေးပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံနေ

ဒီနေ့  လွှတ်တော် အစည်းအဝေးအပြီးကြံခိုင်ရေး ပါတီမှ  ဗဟိုအလုပ်မူဆောင်များ  အထူး အစည်းအဝေး ပြုလုပ်နေကြောင်း သိရပါတယ်။  လာမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြမဲ့ ကိစ္စနဲ့ ပတ်သတ်တယ်လို့  ယူဆရပါတယ်။ ကြံခိုင်ရေး ပါတီ အမတ်တွေ က NDF က အမတ်တွေလို ပြည်သူလူထု စိတ်ဝင်စားမဲ့ အဆိုတွေ မတင်သွင်းတော့ လူထု စိတ်ဝင်စားမှု့ နဲပါးတာတွေ့ရပါတယ်။

မိုးသီးဇွန် မြန်မာပြည်ပြန်လာရင် တရားစွဲဆိုခံရမည်လော

လေကြီး မိုကြီး ငမိုးသီး ဆိုတဲ့ စကားအတိုင်း   မိုးသီးဇွန် တစ်ယောက် ဦးသိန်စိန် အစိုးရ ဘာဖြစ်တယ်-ညာဖြစ်တယ် ပြောပြီး ခု ပြည်တွင်း ပြန်လည်ဝင်ရောက် လာတော့မှာ ဖြစ်တယ် လို့ အင် တာနက် သတင်းတွေအရ ဆိုပါတယ်။ ယခင် ရဲချုပ် ၊ ယခု လ၀က ၀န်ကြီး ဦးခင်ရီဟာ မိုးသီးဇွန် နေပြည်တော် နားက ရေလှောင် တမံတွေ၊ ဆည် တွေကို ဖောက်ခွဲ ဖျက်ဆီးပြီးေ နပြည်တော်ကို ရေလွှမ်းမိုး ဖျက်ဆီးပစ်ဖို့ ကြိုးပမ်းခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု မှာ ပြောဖူးပါတယ်
 နောက် တစ်ခု  တရားစွဲဆို ခံရမဲ့ ကိုန်းကတော့ လက်ရှိ သမ္မတ ဦးသိန်းစိန် ၀န်ကြီးချုပ်ဘ၀ နဲ့ နယူးယောက် ရှိ မြန်မာ သံရုံးကို သွားရောက်စစ်ဆေးစဉ်က ဦးသိန်းစိန်ကားတွေ ဖိနပ်နဲ့ ပစ်ပေါက်  ဆန္ဒပြခဲ့ဖူးတာပါ။ ဒီမိုကရေစီ စန်စမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ရှိပေမဲ့ စည်းမဲ့ ကမ်းမဲ့ မိုက်မိုက် ကန်းကန်း ဖိနပ်နဲ့ ပစ်ပေါက်တာမျိုးတော့ မရှိပါဘူး။ သူဟာနယူးယောက်မှာ  နိုင်ငံခြားရေး ၀န်ကြီး ဦဥာဏ်ဝင်း (ယခု ပဲခူးတိုင်း ၀န်ကြီးချုပ်)  ကားကိုလဲ  ဖိနပ် နဲ့ ပေါက်ဖူးပါတယ်။   အဲဒီ ပေါက်တဲ့ ဖိနပ် အမျိုးအစားကို သူ့ဘလော့မှာ ဂုဏ်ယူဝံကြွားစွာ ဖော်ပြဖူးပါတယ်၊ ခုတော့ အဲဒီ ဆန္ဒပြခဲ့တဲ့ အကြောင်းကို သူ့ဘလော့မှာ ဖျက်လိုက်ပါပြီ။


အောက် က ဗီဒီယိုတွေက တော့ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာတော့မဲ့ မိုးသီးဇွန်ရဲ့ ပရမ်းပတာ ဆန္ဒပြခဲ့တဲ့ ဗီဒီယိုတွေပါ။








                                      ဦးသိန်းစိန်ကို ဆန္ဒပြခဲ့တဲ့ မိုးသီးဇွန်

                   မိုးသီးဇွန် ဖိနပ်ကို ကြေငြာခဲ့ပုံ






အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းသည့် ပထမဆုံး အဆို

 From --https://www.facebook.com/ElevenMediaGroup


ယနေ့ (ဇူလိုင်လ ၂၄ရက်နေ့) တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်" အဆိုတင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း အဆိုကို တင်သွင်းမည်ဟု သိရသည်။ ယင်းအဆိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းသည့် ပထမဆုံး အဆိုဖြစ်ပါသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေး အဆိုကို ဆွေးနွေးခြင်းကိုလည်း ပြုလုပ်မည် ဖြစ်ပါသည်။