Sunday, September 30, 2012

ဘင်္ဂလာဒေခ်ျ့တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များ လုယက် မီးရှို့ ဖျက်ဆီးခံရ

Buddhist temples, homes burned, looted in Ramuဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညက လုယက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။
Photo: Bdnews24.com
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။
ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ်ျ့တွင် အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။

ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ၊ တစ်လအတွင်း တရားမဝင်သောနည်းလမ်းများဖြင့် ဝင်ရောက်လာသူ ဘင်္ဂါလီ ၁၉ ဦးအား စစ်ဆေးနေ

ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေမှုကြောင့် စစ်ဆေးအရေး ယူမှုများ ယခင်ကထက် ပိုမိုပြုလုပ်နေရကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေမှုကြောင့် စစ်ဆေးအရေးယူမှုများ ယခင်ကထက် ပိုမိုပြုလုပ်နေရကြောင်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ၏ ပြောကြားချက်အရ သိရှိရသည်။

ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော

မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂ လိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။ အဲဒီ တွေ့ ဆုံ မေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန် က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ ပြည်သူလူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင်  ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။

၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်

၁၂ တန်း အခြေခံပညာရေးစနစ်အဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စတင်အကောင် အထည်ဖော် ကျင့်သုံးသွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူထံမှ သိရသည်။
ပညာရေးဝန်ကြီးဌာနနှင့်ပညာ ရေးနှင့်ဆက်စပ်သော ဝန်ကြီး ဌာနတို့မှ ပညာရှင်များ အရပ်ဘက် ဆိုင်ရာပညာရှင် ၁၅ဝ တို့၏ သဘောတူညီမှုနှင့် ထောက်ပြမှု တို့အရ ယခု အခြေခံပညာ ပညာ ရေးစနစ်ကို ပြုပြင်ပြောင်းလဲသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရ သည်။

KIA မှ ရထားလမ်းတံတား မိုင်းခွဲဖျက်ဆီး ၊ ရထားခရီးသွား ပြည်သူ ၂၀၀၀ ကျော် ဒုက္ခရောက်

စက်တင်ဘာလ(၂၉)ရက်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် KIA တပ်ဖွဲ့ ၀င်များမှ ရထားလမ်းတံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရ ပါတယ်။ ထိုတံတားသည် မိုင်းညှင်းမြို့နယ်ရှိ မိုးညှင်းဘူတာနှင့် နမ္မားဘူတာကြားရှိ ရေပေါက်တံတားတစ်ခုဖြစ်ပါတယ်။ တံတားသည် မန္တလေး-မြစ်ကြီးနား ရထားလမ်းပေါ်တွင် တည်ရှိပြီး မန္တလေး -မြစ်ကြီးနား ရထားလမ်းသည် ကချင်ပြည်နယ်အတွက်အဓိကကျသော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ KIA တို့မှ ရထားလမ်းမိုင်းခွဲခဲ့မှုကြောင့် ရထားခရီးစဉ်များ အားလုံးရပ်ဆိုင်းထားရကြောင်း သိရှိရပါ တယ်။

မူးယစ်ဆေးဝါး ငွေကျပ်သိန်းပေါင်း ၃၅၂၀ တန်ဖိုး ဖမ်းဆီးရမိ

စက်တင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီအချိန် ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့မှ စိုင်းပညာဦးစီး ၈ ဦးသည် မူးယစ်ဆေးဝါး သတင်းအရလားရှိုးမြို့ နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ ဟန်နားကျေးရွာရှိ ဗြုံးကျင်း အဟောင်းတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပါသည်။ထိုအချိန်တွင် ပုသိမ်ကြီး မြို့နယ်၊ ကျောက်ချောရွာတွင် နေသူ ယာဉ်မောင်း ဝင်းမင်းဦး (၃၅)နှစ် (ဘ) ဦးတင်နွဲ့နှင့် ယာဉ်နောက်လိုက် ချစ်ကိုဦး (၂၄) နှစ် (ဘ) ဦးမောင်ကို၊ ယာဉ်အမှတ် ၊ ၁က/၄၄၀၈ ကွန်ဒါ (အဖြူရောင်)ယာဉ်နှင့် ရောက်ရှိလာပြီး ယာဉ်ပေါ်မှ မြွေရေခွံအိတ် (၈)လုံးအား ချပြီး စောင့်ဆိုင်းနေခဲ့ပါသည်။ 

ဖားအံ ဆက်ဆံရေးရုံး ကိစ္စ၌ ကေအန်ယူ ဗဟိုနှင့် KNLA ပြသနာဖြစ်

စက်တင်ဘာ ဆွေးနွေးပွဲ အပြီး အမှတ်တရကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ ယနေ့ ဖွင့်လှစ် လိုက်သော က ရင်ပြည်နယ် ဖားအံမြို့ပေါ်က ဆက်ဆံရေးရုံး ကိစ္စကို KNU ဗဟို အဆင့် ဆက်ဆံရေးရုံး မဟုတ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါသည်။KNU တို့၏ ယနေ့ ဖွင့်လှစ်လိုက်သော ဖားအံမြို့  ဆက်ဆံရေးရုံးကို ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် အတူ၊ ကေအဲန်ယူဘက် မှ ပဒို ဒေးဗစ်ထော၊ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီ၊ တပ်မဟာ (၆) ခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းနှင့် တပ်မဟာ (၄) မှ တပ်မှူးများ ပါဝင်ပြီး အင်အား (၃၀) ခန့် ရှိပါသည်။

ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော

အမေရိကန် ပြည်ထောင်စုမှာ ၁၇ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းတဲ့ ဘ၀နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာအောင် ၀ိုင်းဝန်း ကူညီကြဖို့  ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ဆန်ဖရန်ဆစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ Freedom Forum ဆွေးနွေးပွဲမှာ အခုလို ပြောဆို လိုက် တာဖြစ်ပါတယ်။မနေ့ကကျင်းပတဲ့ ဆန်ဖရန်ဆစ္စကို Freedom Forum အစည်းအဝေးမှာ မြန်မာ့ ဒီမိုကရေစီေ ခါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

မြန်မာနိုင်ငံရခိုင်ပြည်နယ်ကပဋိပက္ခဟာ  ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ် ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ OIC ခေါ် အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဥက္ကဋ္ဌနဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အဲဒီလိုသတိပေး ပြောကြားခဲ့တာပါ။

ဒေါ်လာ ၆၅ သန်းတန် သတို့သားလောင်း အလိုရှိသည်

 ဘီလျံနာ သူဌေးကြီး ချောင်နဲ့ သမီးဖြစ်သူ မစ္စချောင်၊ ဓာတ်ပုံ- gossiponthis.com
ဟောင်ကောင်က သူဌေးကြီး ချောင်ရဲ့ သမီးကို ဆွဲဆောင်ပြီး အိမ်ထောင်ပြုနိုင်တဲ့ အမျိုးသားကောင်း ကို အမေရိကန် ဒေါ်လာ ၆၅ သန်း ချီးမြှင့်မယ်ဆိုပြီး ကြေညာခဲ့တဲ့ သတင်းဟာ အခုတလော အင်တာနက် စာမျက်နှာတွေမှာ ထူးထူးခြားခြား လူကြိုက်များနေပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန် ပြော

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဘီဘီစီ၏ Hardtalk အစီအစဉ်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က ပြောသွားပါတယ်။ 

 မေးခွန်းမေးသူက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်တာကို သမ္မတ ဖြစ်လာနိုင်ရေး ဦးသိန်းစိန် အနေနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ ရနိုင်ပါ့မလားလို့ မေးမြန်းခဲ့ရာမှာ ဖွဲ့စည်းပုံကို ပြည်သူတရပ်လုံးနဲ့ လွှတ်တော်က ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။ 

Saturday, September 29, 2012

မြောက်ကိုရီယားနဲ့ မြန်မာ ဆက်ဆံရေးအဆုံးသတ်ရန် ကန် အားထုတ်မှု ကန့်ကွက်ခံရ

ကွန်မြူနစ် မြောက်ကိုရီယားနိုင်ငံက အရှေ့တောင် အာရှ နိုင်ငံ တနိုင်ငံဖြစ် တဲ့ မြန်မာနဲ့ ဆက်ဆံရေးကို အဆုံးသတ်ရေး အမေရိကန် က မြန်မာ ကို တောင်းဆိုမှုကို ယမန်နေ့ သောကြာနေ့က ကန့်ကွက် လိုက်ပါ တယ်။ “စစ်ရေး ဆက်ဆံမှုနဲ့ပတ်သက်ပြီး ပထမဆုံး သံသယဖြစ် တယ်ပြော ပြီးတော့ အမေရိကန်ဟာ အခုဆိုရင် ကျနော်တို့နဲ့ မြန်မာနဲ့ ဆက်ဆံရေးကို မိစ္ဆာမိတ်ဆွေတွေအဖြစ် တံဆိပ်ကပ်ပြီး အဆုံး သတ်ဖို့ မြန်မာကို လူသိရှင်ကြား ဖိအားပေးလာခဲ့ ပါတယ်” လို့ မြောက်ကိုရီယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောရေးဆိုခွင့် ရှိသူက ပြောခဲ့တာကို နိုင်ငံပိုင် ဗဟို သတင်း အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

တက်စာကြိုက်တတ်သူတို့အတွက် သဘာဝဖြေဆေး




            သဘာဝဖြေဆေး ရှောက်ဘီလူး
 
   ထမင်းဟင်းချက်တတ်သူပီပီ ရောက်လေရာအရပ်ရှိ အသားငါးဈေးကိုတော့ ကျွန်မ သွားလေ့သွားထရှိပါတယ်။ မနှစ်က ငပုတောမြို့နယ်အပိုင် သင်ကမ်းကုန်းရွာလေးကို အလုပ် တာဝန်နဲ့ ရောက်သွားခဲ့ပါတယ်။

မျက်နှာ အဆိပ်ထုတ်နည်း

အလှအပ ဆိုတာ  သဘာဝက ပေးတဲ့၊ ဘုရားပေးတဲ့ ဆုတစ်ခုပါပဲ။ ကိုယ့်ရဲ့နဂိုရှိပြီးသား  အလှကိုမှ ထပ်မံ  ခြယ်သ ပြုပြင်ပြီး လှသထက်လှဖို့ ကြိုးစားနေတဲ့ ပျိုမေတွေ အနေနဲ့ အလှကို ထိန်းသိမ်းတတ်ဖို့လည်း လိုပါတယ်။
နည်းပညာတွေ မျိုးစုံရှိတဲ့ ခေတ်ကြီးမှာ အလှပြုပြင်ရေး ဆိုင်ရာ ပစ္စည်း တွေကလည်း ရေတွက်လို့ မရနိုင်အောင်ပါဘဲ။ဒါကိုကြည့်ရင် ကမ္ဘာ မှာ အလှဆင်ကြတဲ့သူတွေ ဘယ်လောက်များလိုက်သလဲဆိုတာ အသိသာကြီးပါ။

ချူလာလောင်ကွန်တက္ကသိုလ်မှာ မြန်မာ့အရေး ဘာတွေ ဆွေးနွေး

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် တက်လာပြီး နောက်ပိုင်း ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်လာ ချိန်မှာ မြန်မာ့ အရေးဟာ အိမ်နီးချင်းနိုင်ငံများ အတွက်ရော၊ နိုင်ငံတကာ အတွက် ပါ စိတ်ဝင်စားစရာဖြစ်နေ တဲ့အတွက် မကြာခဏ မြန်မာ့ အရေး ဆွေးနွေး ပွဲတွေ လုပ်လာတာ ခပ်စိပ်စိပ် ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်မှာ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က Burma /Myanmar’s Transition: Political Progress and Economic Reforms ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့ အရေး ဆွေးနွေးပွဲ တရပ် ကို အပိုင်း ၂ ပိုင်း ခွဲကာ စတင်ခဲ့ပါတယ်။ 

ပဲခူးတိုင်းတွင်း မြေသိမ်းခံ လယ်သမားများအရေး NGO နှင့် အစိုးရ ဆောက်ရွက်

ပဲခူးတိုင်း အတွင်းလယ်ယာမြေနှင့် တခြားမြေများ
သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့်
 ဒေသခံ လယ်သမားများ ပန်းတောင်းမြို့နယ် 
ဘူးဘတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင်
 တွေ့ဆုံ ဆွေးနွေးစဉ်
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် မကွေးတိုင်း ကံမမြို့နယ် အတွင်းရှိ လယ်သမားများကို NGO တခုက လယ်ယာ ကဏ္ဍနှင့် ကျေးလက်ဖွံ့ဖြိုးရေး ၅ ရက်သင်တန်း စက်တင်ဘာ ၂၇ ရက်နေ့မှ စတင်ပေးနေကြောင်း သတင်းရရှိသည်။

နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည်

ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည်မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။ "ဂျပန်ကမီးစက်၁၃လုံးပေးသွားမယ်လို့သဘောတူထားပြီးဖြစ်တယ်။မီးစက်တလုံးကိုလျှပ်စစ်ဗို့အား၄၀၀ထွက်ရှိ နိင်၍ပြည်တွင်းတွင် အသုံးပြုနေသော ထရန်စဖော်မာ တစ်လုံး၏လျှပ်စစ်ထွက်ရှိမှု ထက်၂ဆနီးပါးပို ထွက်မည်ဖြ စ်ကြောင်း၊မီးစက်တလုံး၏တန်ဖိုးမှာ ကန်ဒေါ်လာ၁၀သန်းခန့်ရှိကြောင်း၊နွေရာသီ ရန်ကုန်မြို့လျှပ်စစ်မီး မပျက်စေရေး အတွက်ဂျပန်နိင်ငံမှကူညီမည်ဖြစ်၍အဆိုပါမီးစက်များကို ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းလျှပ်စစ်ဝန်ကြီးဌာနမှဦးဆောင်ညွှန်ကြားရေးမှူးဦးမြင့်အောင် ကပြောသည်။မီးစက် များကို လှော်ကား၊သာကေတ၊အင်းစိန်၊ရွာမနှင့် အလုံစသည့် သဘာဝဓါတ်ငွေ့စက်ရုံများတွင် ထားရှိသွားမည်ဟု သိရသည်။ 

From- Popular Myanmar News Journal

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်


ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် မရသော မြန်မာနိုင်ငံတွင်
 ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်ငန်း)များ တရားဝင် လုပ်ကိုင်ခွင့် ရရန် လွှတ်တော် အမတ်များထံတင်ပြ တောင်းဆိုသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည့်တန်ဆာများ  ကွန်ရက် (Sex Worker In Myanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။“လူတွေ လက်ခံလာမှ ကျွန်မတို့က တောင်းဆိုရ အဆင်ပြေမယ်လေ ။ မြန်မာ့ ယဉ်ကျေးမှု အရ မပေးမှာတော့ စိုးရိမ် တယ်” ဟု ၎င်းကရှင်းပြသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို  ရပ်ဆိုင်းရန် အစီအစဉ် မရှိကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းနှင့်ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ အကြီး တန်းအရာရှိ ဦးဝင်းကြည်ကပြောသည်။

ထိုင်းအာဏာပိုင်များနှင့် အလုပ်သမားအဖွဲ့အစည်းများ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆွေးနွေး





Migrant meeting 1ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပက်သက်၍ ထိုင်းနိုင် ငံ တာ့ခ်ခရိုင်မှ တာဝန်ရှိသူများနှင့် မြန်မာရွှေပြောင်း အလုပ်သမား အဖွဲ့အစည်းများ အကြားဆွေးနွေးပွဲတစ်ရပ်ကို ယနေ့နံနက် ၉ နာရီ အချိန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ရန် မည်သည့် သဘောတူညီချက်မှ မရှိသေး

မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန် မည်သည့် သဘောတူညီချက်မှ မရှိသေးဟု ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင် များအသင်းချုပ် JCCI  ၏ မဲခေါင်ဒေဆိုင်ရာ စီးပွားရေးလေ့လာမှုကော်မတီ ဥက္ကဌ မစ္စတာကိုဟိ ၀ါတာနာဘဲ က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် မြန်မာ-အမေရိကန်ကုန်သည်ကြီးများ အသင်းမှ ဥက္ကဌနှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ (၂၈)ရက် ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ခေတ္တတည်းခိုသည့် အမေရိကန်ပြည်ေ ထာင်စု နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ နှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံသည်။

ရှားခဲအင်းပဋိပက္ခတွင် ဒဏ်ရာရသူ ၂ ဦး ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း

သေနတ်ဒဏ်ရာ ရထားသူများကို ပုသိမ်ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်ရန် ရောက်ရှိလာသည့် လူနာတင်ယာဉ်နှင့် စောင့်ဆိုင်းနေသည့် ဆွေမျိုးများ (ဓာတ်ပုံ – သန့်စင်ငြိမ်းချမ်း / ဧရာဝတီ)
ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲအင်းကြီး၌ စက်တင်ဘာ ၂၇ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ဒဏ်ရာရခဲ့သူ ၂ ဦးမှာ အခြေအနေ ဆိုးရွားနေသဖြင့် ယမန်နေ့ နေ့လည် ၃ နာရီ ၃၅ မိနစ်တွင် ပုသိမ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်လိုက်ပြီ ဖြစ်သည်။

သွားရည်ကျစရာ မြန်မာ့ဖုန်းဈေးကွက်

အများသုံးဖုန်း အသုံးပြုနေသော အမျိုးသမီးတဦးတို့ကို ၂၀၁၂ မတ်လ အတွင်းက ရန်ကုန်မြို့တွင် မြင်ရစဉ် (ဓာတ်ပုံ – Reuters / Soe Zeya Tun)
Blackbery ဖုန်း၊ iPhone ဖုန်း အမျိုးအစားများကို မြန်မာနိုင်ငံတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းမရှိ။ အကြောင်းရင်းကို ကြည့်ပါက မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် ကွန်ရက်သည် မကြာခဏ လိုင်းပူးနေတတ်ခြင်း၊ ဖုန်းနှင့်အင်တာနက် ဝန်ဆောင်မှုပေးသည့် Data service အလွန်ရှားပါးခြင်း၊ ဈေးအလွန်ကြီးမားခြင်း၊ လိုင်း ကြည်လင်ပြတ်သားမှု မရှိခြင်း စသည်တို့အပြင် ဖုန်းတော်တော်များများသည် ကွန်ရက်တခုနှင့် တခုအကြား လိုင်းချိတ်ဆက် အသုံးပြုမရခြင်း စသည်တို့ကြောင့် ဖြစ်သည်။

မြန်မာပြည်မှ မီးပြတိုက်များ



(မော်ကွန်းမဂ္ဂဇင်းအမှတ် ၁ တွင်ပါရှိသော ဓါတ်ပုံအက်ဆေးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။) ကုန်းမြေနဲ့မိုင်ပေါင်းများစွာကွာဝေးလှတဲ့ပင်လယ်ပြင်ထဲမှာ ကိုယ့်ကိုယ် ကိုယ်ထွန်းညှိပြီးတော့ လမ်းပြပေးနေ တဲ့ မီးပြတိုက်တွေရှိနေ တယ်။    အဲဒီမီးပြတိုက်တွေမှာတာဝန်ထ မ်းေ ဆာင်ေ နတဲ့သူတွေဆိုတာ လည်း ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးထဲမှာ ကာလရှည်ကြာ တာဝန်ထမ်းဆောင်ကြရတယ်။ နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောကြီးတွေ ပင်လယ်ထဲကကျွန်းဆွ ယ်တွေ၊ သန္တာကျောက်တန်းတွေနဲ့ မတိုက်ခိုက်မိစေဖို့၊ ဘာဝဘေးအ္တရာယ်တွေနဲ့ တွေ့ကြုံခဲ့ရင်လည်း အကူအညီပေးဖို့အသ င့်ရှိနေကြတယ်။ ပင်လယ်ပြင်ကို မှီခိုနေကြတဲ့သူေ တွအတွက် မေခလာနတ်သမီးနဲ့တူတဲ့ မြန်မာ့ရေပိုင်နက်ထဲက မီးပြတိုက်ကြီးအချို့ကို မော်ကွန်းက မှတ်တမ်းပြုလိုက်ပါတယ် . . . . . ဓာတ်ပုံ-လင်းထိုက်

အယ်လ်ဂွါတား (Alguada) မီးပြ(သို့မဟုတ်) ပုသိမ်မီးပြ။
၁၈၆၀ ခုနှစ်မှာ စဆောက်ခဲ့ပြီး ၁၈၆၅ မှာ ပြီးစီးခဲ့ပါတယ်။
ပင်လယ်ရေပေါ် ပေါ်ရုံလေးသာရှိတဲ့ သန္တာကျောက်တန်းပေါ်မှာ
ထီးထီးကြီးတည်ထားတဲ့မီးပြတိုက်ဖြစ်ပါတယ်။
အမြင့် ၁၆၀ ပေ ရှိတဲ့ မီးပြတိုက်ကြီး ဖြစ်ပါတယ်။

မိမိသည် ဒီမိုကရေစီပြယုဂ် `Icon´တစ်ခုမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ကင်းဘရစ်ခ်ျ(မက်ဆာချူးဆက်)၊ စက်တင်ဘာ - ၂၇

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သို့ ရောက်ရှိနေစဉ်အတွင်း ဟားဗတ်တက္ကသိုလ်ကျောင်းသားများနှင့် တွေ့ဆုံရာ၌ ၄င်းသည် "ပြယုဂ်"(Icon)တစ်ခုမဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း တရားဝင်မှတ်ပုံတင်ခွင့်ရ

ရန်ကုန်၊ စက်တင်ဘာ-၂၈ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များဖြစ်သော ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၏ တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းကို တရားဝင်မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။

၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်တန် ငွေစက္ကူများ ပြန်ရုပ်သိမ်းမည်ဆိုသော ကောလာဟလအပေါ် ဗဟိုဘဏ်ရှင်း

ယခုရက်ပိုင်းကာလတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ဝေထားသော ငွေစက္ကူများအနက် တန်ဖိုးငယ် ငွေစက္ကူများဖြစ်သော ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်တန်များအား ပြန်လည် ရုပ်သိမ်းမည်ဟူသော ကောလာဟလများ ဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။ ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ အခန်း(၃)ဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်ကို တစ်ဦးတည်း ထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းဟု ဖော်ပြပါ ရှိပါသည်။

ရုရှစွမ်းအင်ကုမ္ပဏီ မြန်မာနှင့်ပူးတွဲလုပ်ကိုင်ရန် ပြင်ဆင်နေ

မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်က ဖယ်ရှားလိုက်ပြီးတဲ့နောက် နိုင်ငံ့သဘာဝ အရင်းအမြစ်တွေ ထုတ်ယူရေးအတွက် မြန်မာအစိုးရက လုပ်ငန်းလေလံတွေ ခေါ်ယူနေချိန်မှာ ရုရှားကုမ္ပဏီတွေကလည်း မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှာ ကဏ္ဍတစ်ရပ် ထူထောင်နိုင်ဖို့ တာစူနေပြီလို့ ရန်ကုန်မြို့ ရုရှသံရုံးက ပြောဆိုကြောင်း Bloomberg သတင်းက ဖော်ပြပါတယ်။

မြန်မာ့ပို့ကုန်လုပ်ငန်း ချက်ခြင်းထိုးတက်သွားဖို့ မဖြစ်နိုင်သေး

မြန်မာနိုင်ငံက ထွက်ကုန်တွေ တင်သွင်းခွင့် ပိတ်ပင်ထားတာကို ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်လိုက်တာကြောင့် မြန်မာ့ အထည်ချုပ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ဦးမော့လာနိုင်စရာရှိပေမဲ့ မြန်မာ့ ပို့ကုန်လုပ်ငန်းဟာ ချက်ခြင်းလက်ငင်း ထိုးတက်သွားမယ်လို့ မျှော်လင့်လို့ မရနိုင်သေးကြောင်း လေ့လာသူတွေက ပြောကြပါတယ်။