Kamayut Media
Monday, June 3, 2013
ဆက်သွယ်ရေးတင်ဒါရမယ်လို့ အပြည့်အဝယုံကြည်ဟု KDDI ပြော၊ ဒုဝန်ကြီးနဲ့ နီးစပ်တာကြောင့်မဟုတ်ဟုဆို
Kamayut Media
မြန်မာနိုင်ငံဆိုင်ရာ အီးယူသံအမတ်ခန့်

ဥရောပ သမဂ(အီးယူ)၏ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး အဖြစ် ဘယ်လဂျီယံ လူမျိုး ရိုလန်ကိုဘီယာ (Roland Kobia) ကို ဥရော ပသမဂ္ဂက ခန့်အပ် တာဝန်ပေး လိုက်သည်။ ၎င်းသည် လက်ရှိတွင် အီးယူ ကိုယ်စားလှယ် အကြီးအကဲ အဖြစ် အဇာဘိုင်ဂျန် နိုင်ငံ၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိသော သဘောထား တင်းမာမှုကို ဖြေလျှော့သည့် အနေဖြင့် အီးယူ ကိုယ်စားလှယ် ရုံးခန်းကို ၂၀၁၁ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဝန်ကြီး ဦးအောင်မင်းမှ ကချင်စစ်ဘေး ဒုက္ခသည်များ အတွက် ငွေကျပ် (၁၁၉) သိန်းလှူ ဒါန်းခဲ့

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ၀န်ကြီး ဦးအောင်မင်း တို့အဖွဲ့ သည် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် ပြည်သူများအ တွက် ငွေကျပ်(၁၁၉)သိန်း လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
ပဋိပ က္ခများ ကြိုတင်ကာ ကွယ်နိုင်ရေး ဒေသအ သီးသီး တွင် ပြင်ဆင်

လူမျိုးရေးပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် မြို့နယ်အသီးသီးတွင် အစိုးရအဖွဲ့များနှင့် နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အ စည်းများ၊ အရပ် ဘက်အဖွဲ့အစည်းများကြား ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းများ
ပြုလု ပ်ေ နကြကြောင်းသတင်းရရှိသည်။
မြန်မာ့ဆက် သွယ်ရေးဝန်ေ ဆာင်မှု တင်ဒါအနို င်ရရှိရန် Digicel အလားအလာေ ကာင်းနေ

Vodafone ကုမ္ပဏီသည် မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်းတင်ဒါ ယှဉ်ပြိုင်ခြင်း မှ နှုတ်ထွက်ပြီးနောက် ဘီလျံနာ ဂျော့ဆိုရော့စ် ကျောထောက်နောက် ခံထားသော Digicel က မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် အဓိကယှဉ်ပြိုင်သူအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်-မန္တလေး အဆန်ရထား စက်ခေါင်းအတွင်း ဦးခေါင်းတစ်လုံး ညပ်ပါလာ
ရန်ကုန်-မန္တလေးသွား အဆန်ရထားစက်ခေါင်းအတွင်း ခန္ဓာကိုယ်မပါရှိသည့်
ဦးခေါင်းတစ်လုံး မေလ ၃ဝ ရက် ညက ညပ်ပါလာသည်ဟု မန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။
မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်မှုတွင် ဓာတုဗေဒ ပစ္စည်းများ သုံးထားကြောင်း အင်ဒိုနီးရှာရဲ ပြော
အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးအား ဗုံးခွဲရန် ကြံစည်ရာတွင်
အကြမ်းဖက်အဖွဲ့သည် ဗုံးတွင် ဓာတုေ ဗဒ ပေါက်ကွဲပစ္စည်းများ သုံးထားကြောင်း
အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့က ပြောဆိုသည်။ အစ္စလမ် စစ်သွေးကြွ
အကြမ်းဖက် အဖွဲ့အစည်းကို အင်ဒိုနီးရှားရဲက ဝင်ရောက်
စီးနင်းဖမ်းဆီးခဲ့ရာတွင် သိမ်းဆည်း ရမိသည့်
ဗုံး၌ ပေါက်ကွဲမှု ပြင်းထန်စေသည့် ဓာတုဗေဒ ပစ္စည်းများ သုံးစွဲထားကြောင်း
တွေ့ရပြီး အင်ဒိုနီး ရှား တွင် ပထမဆုံး ယင်းသို့ တွေ့ရှိရခြင်း ဖြစ်သည်ဟု
ဂျကာတာ ဂလုပ်ဘ် သတင်းစာ တွင် ရေးသား ထားသည်။
အလဲဗင်း မီဒီယာ CEO သတင်းလွတ်လပ်ခွင့် ဆုရ

အလဲဗင်း မီဒီယာ ဂရု (ပ်) ၏ အမှုဆောင် အရာရှိချုပ် (CEO) ဒေါက်တာ သန်းထွဋ်အောင်သည် World Association of Newspapers နှင့် News Publishers WAN-IFRA တို့က ချီးမြှင့်သည့် ၂၀၁၃ ခုနှစ်အတွက် Golden Pen of Freedom ဆုကို ရရှိကြောင်း သိရသည်။
မြန်မာ -စင်ကာပူ ခြေစမ်းပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကျင်းပ

မြန်မာ - စင်ကာပူ ခြေစမ်းပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ ၂ ရက်နေ့ နေ့လယ် ၁ နာရီက ဘောလုံးအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစိုးရငြိမ်း ချမ်းရေးအဖွဲ့နှင့် ကေအိုင်အို အကြား ယူဆချက် ကွဲလွဲမှုများ ရှိနေ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ကေအိုင်အိုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ကြား ပြီးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ယူဆချက် ကွဲလွဲမှုများရှိေ နကြောင်း ကချင်ငြိမ်းချမ်းေ ရး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ အဖွဲ့ဝင်တစ်ချို့၏ သုံးသပ်ပြောကြားချက်များအရ သိရသည်။
ရေအား လျှပ်စစ် စီမံကိန်းတည်ေ ဆာက်ရန် အတွက် လိုအပ်သည့် အဆင့်များ။

ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန်အတွက် လိုအပ်သည့်အဆင့်များ သည် အကြိုလုပ်ငန်းစီမံ ခန့်ခွဲခြင်း၊ စီမံကိန်းစိစစ်ခြင်း၊ စီမံကိန်းဖော်ဆောင်ခြင်းနှ င့် ရေအား လျှပ်စစ်ထုတ် လုပ်လည်ပတ်ခြင်း များပါဝင်ပါသည်။အကြိုလုပ်ငန်းစီမံခန့်ခွဲခြင်း။
အလုပ်သမားများ လူမှုဖူလုံရေး အာမခံကတ်ပြားထားရန်အတွက် ရန်ကုန်တိုင်းအတွင်း စက်ရုံများ စစ်ဆေးရန်ရှိ

အလုပ်သမားတိုင်း လူမှုဖူလုံရေး အာမခံကတ်ပြားများထားပေးရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို နိုဝင်ဘာလတွင် စတင်စစ်ဆေးသွားမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဦးယုလွင်အောင်က မဇ္စျိမကိုပြောသည်။
တရုတ် ဟက်ကာတို့ အမေရိကန် စစ်လက်နက် နည်းပညာ ၂ ဒါဇင် ခိုးယူခဲ့

တရုတ် ဟက်ကာများဟာ ယခုရက်ပိုင်း အတွင်း အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်မှ စစ်လက် နက်နည်းပညာ ၂ ဒါဇင်ကျော် ဖောက်ထွင်း ခိုးယူခဲ့ကြောင်း သိရပါတယ်။
ဂျပန်အကူ အညီဖြင့်ပေါ် ဆန်းမွှေးကို DNA စစ်ဆေးမည်

ဇွန်လ ၃ ရက် ၂၀၁၃
ကမ္ဘာ အကောင်းဆုံးဆန်ဆုရ မြန်မာ့ဒေသ မျိုးရင်း ရာသီစပါး ပေါ်ဆန်းမွှေးကို ဂျပန်ကုမ္ပဏီ Mitsui နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းကာ မျိုးဗီဇ DNA စစ်ဆေးမှု လုပ်ဆောင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် မြန်မာနိုင်ငံ လာမည်

နှစ်ပေါင်း ၅၀ ကျော်အတွင်း ဗြိတိန် တပ်မတော်ခေါင်းဆောင် တစ်ဦး၏ ပထမဦးဆုံးခရီးစဉ် အဖြစ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချတ်သည် ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဆီးချိုပျောက်နည်း များ စွာ ထဲက လက်တွေ့နည်းလမ်းကောင်းလေး တစ်ခုပါ
အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ ရခြင်း ဖြစ် ပါသည်။
ကဒါဖီ ပိုင်ဆိုင်မှု တောင်အာဖရိက မှာရှိ
ကွယ်လွန်သူ လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီနဲ့ မိသားစုပိုင် ဒေါ်လာသန်းတထောင်လောက်တန်တဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတယ် ဆိုလို့ တောင်အာဖရိက အစိုးရက စုံစမ်း စစ်ဆေး မှုတွေ လုပ်နေပါ တယ်။
အင်းလေးအင်းနှင့် စံကားအင်းတို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် လေလံတင် ရောင်းချမည်ဟု ကြေညာ
![]() |
| နာမည်ကျော် အင်းလေးကန်မြင်ကွင်းကို မေလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်) |
အာဆီယံအမွေအနှစ် ဥယျာဉ်ဖြစ်သည့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အတွင်းရှိ အင်းလေးကန်နှင့် စံကားအင်းတို့အား ၂၀၁၃-၂၀၁၄ ခုနှစ် ငါးလုပ်ငန်း ရာသီအတွက် လေလံတင်ရောင်းချ ရန် ကြေညာထားကြောင်း သိရသည်။
မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ်ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ပြည်တွင်း အင်တာနက်ဆိုင်ရာ ကိစ္စရပ်များကို ဟောပြောဆွေးနွေး
![]() |
| မြန်မာ့အင်တာနက် လွတ်လပ်ခွင့်ဖိုရမ်သို့ တက်ရောက်လာသူများ |
မြန်မာ့အင်တာနက်ဖိုရမ်ကို ဇွန် ၁ ရက်က MICTDC ၌ ပထမဆုံး အကြိမ်အဖြစ်
ကျင်းပခဲ့ပြီး ပြည်တွင်း အင်တာနက်ဆိုင်ရာ ကိစ္စရပ်များကို
ဟောပြောဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကောင်းများ ရှိသော်လည်း ယခုအချိန်ထိ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နေဆဲ ဖြစ်သည်ဟု သမ္မတဦးသိန်းစိန် ပြောကြား
![]() |
| သမ္မတဦးသိန်းစိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်သမ၀ါယမ အသင်းသားများအား ဇွန် ၂ ရက် နံနက် ၉ နာရီခွဲခန့်တွင် တွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ- ဇင်ဘိုလွင်) |
မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း
ကောင်းများရှိသော်လည်း ယခုအချိန်အထိ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်နေဆဲ
ဖြစ်သည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် တယ်လီကွန်းလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်အတွက် ကြိုးပမ်းသည့် ကုမ္ပဏီ ၁၀ ခုသာ ကျန်ရှိတော့
ကမ္ဘာကျော် တယ်လီကွန်း ကုမ္ပဏီကြီးဖြစ်သည့် Vodafone နှင့် China Mobile
တို့သည် မြန်မာနိုင်ငံတွင် တယ်လီကွန်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရန်
လိုင်စင်အတွက် ကြိုးပမ်းမှုမှ နုတ်ထွက်သွားပြီဖြစ်ရာ လက်ရှိအချိန်တွင်
လုပ်ကိုင်ခွင့် လိုင်စင်ရရှိမှုအတွက် ကြိုးပမ်းသည့် ကုမ္ပဏီ ၁၀ ခုသာ
ကျန်ရှိတော့ကြောင်း သိရသည်။
လာမည့်နှစ်နှစ်အတွင်း ဖုန်းပြောခ နှုန်းထားများ လျော့ကျနိုင်ပြီး အင်တာနက် တပ်ဆင်ခများလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း ဆက်သွယ်ရေး ဒုဝန်ကြီးပြောကြား
![]() |
| အင်တာနက်ဖိုရမ်တွင် တွေ့ရသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင် |
ဆက်သွယ်ရေး ကုမ္ပဏီအသစ်နှစ်ခု ရွေးချယ်ပြီး နောက်လာမည့် နှစ်နှစ်အတွင်း၌
ဖုန်းပြောဆိုခ နှုန်း ထားများ လျော့ကျလာနိုင်ပြီး Broadband
အင်တာနက်လိုင်းများ၏ ကနဦး တပ်ဆင်ခများမှာလည်း အခမဲ့ ဖြစ်လာနိုင်ကြောင်း
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး
ဦးသောင်းတင်က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်တွင် အသုံးပြုနေသည့် အမှိုက်သိမ်းယာဉ် ၃၀၀ ကျော်အနက် အစီး ၁၀၀ ကျော်မှာ နှစ်ကြာ၍ ဟောင်းနွမ်းနေသည့် ယာဉ်များဖြစ်
![]() |
ရန်ကုန်မြို့တွင်း လိုက်လံအမှိုက်သိမ်းနေသော အမှိုက်သိမ်းယာဉ် တစ်စီးကို တွေ့ရစဉ်
|
ရန်ကုန်မြို့တော်တွင် လက်ရှိ အမှိုက်သိမ်းယာဉ် အစီးရေ ၃၀၀ ကျော်ဖြင့်
အမှိုက်သိမ်း လုပ်ငန်းများ ကို ပြုလုပ်နေပြီး ယင်းတို့အနက်မှ
အမှိုက်သိမ်းကားစီးရေ ၁၀၀ ကျော်မှာ နှစ်ကာလ ကြာမြင့်နေ ပြီဖြစ်သော
ဟောင်းနွမ်းသည့် ယာဉ်များဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ၌ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုမှာ တစ်နှစ် ပျမ်းမျှသုံးသန်းခန့် အထိရှိကြောင်း သိရ
![]() |
| ရန်ကုန်မြို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုရှိ လုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) |
မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးကဏ္ဍ အနေဖြင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်မှု အခြေအနေမှာ တစ်နှစ်လျှင် ပျမ်းမျှ (၂ ဒသမ ၅) သန်းမှ သုံးသန်းခန့်ထိ ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများအပေါ် အခြေခံ၍ မြန်မာနိုင်ငံ ဆောက် လုပ်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာပိုင် မြေပေါ်တွင် မဟုတ်ဘဲ ပုဂ္ဂလိကပိုင် မြေခြံဝန်းများတွင် စိုက်ထူသော မြေစိုက်နှင့် နံရံကပ်ကြော်ငြာ ဆိုင်းဘုတ်များ၏ အခွန်များကို တိုးမြှင့်
![]() |
| ရန်ကုန်မြို့တစ်နေရာတွင် စိုက်ထူထားသော နံရံကပ်ကြော်ငြာဆိုင်းဘုတ်တစ်ခုအား တွေ့ရစဉ် |
ရန်ကုန်မြို့တော်စည်ပင်သာယာပိုင် မြေပေါ်တွင်မဟုတ်ဘဲ ပုဂ္ဂလိကပိုင်
မြေခြံဝင်းများတွင်စိုက် ထူသော မြေစိုက်နှင့် နံရံကပ် ကုမ္ပဏီကြော်ငြာ
ဆိုင်းဘုတ်များ၏ အခွန်များကို လက်ရှိ ကောက်ခံ လျက်ရှိသော နှုန်းထားမှ
တိုးမြှင့်လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏
ကြေညာချက်အရ သိရသည်။
"အမေရိကန် စင်တာက ကျောင်းသားတွေနဲ့ ဗလီဆရာ အမြင်ချင်းဖလှယ်"
မြန်မာနိုင်ငံက လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး
ရန်ကုန်မြို့အမေရိကန်စင်တာက သင်တန်းသား ၂၂ ဦး နဲ့ တာမွေမြို့နယ်က အစ္စလာမ်
ဘာသာရေး ဝတ်ပြုကျောင်းတာဝန်ခံတို့ ဒီကနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
Sunday, June 2, 2013
ကမ္ဘာ့သတင်းစာများနှင့် သတင်းစာထုတ်ဝေသူများ အဖွဲ့အစည်း (WAN-IFRA) မှ ပေးအပ်သော၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ရရှိ
ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ
ထုတ်ဝေသူများ အဖွဲ့အစည်း (World Association of News-papers and News
Publishers- WAN-IFRA) မှ ပေးအပ်သော ၂၀၁၃ ခုနှစ်အတွက် ရွှေကလောင်ဆု (Golden
Pen of Freedom) ကို Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က
ရရှိခဲ့ကြောင်း သိရှိရပါသည်။
Subscribe to:
Posts (Atom)








