Wednesday, July 3, 2013

“တရုတ်တွင် ပိတ်ပင်ထားသည့် ညစ်ညမ်းရုပ်ရှင်အား လူစည်ကားရာနေရာရှိ LED Screen ကြီးပေါ်တွင် မှားယွင်းပြသမိ”

Photo: “တရုတ်တွင် ပိတ်ပင်ထားသည့် ညစ်ညမ်းရုပ်ရှင်အား လူစည်ကားရာနေရာရှိ LED Screen ကြီးပေါ်တွင် မှားယွင်းပြသမိ”

တရုတ်နိုင်ငံတွင် #China လိင်မှုဆိုင်ရာ ညစ်ညမ်းပုံရိပ်များကြောင့် ပိတ်ပင်ထားသည့် ရုပ်ရှင်တစ်ခုကို လူစည်ကားသည့် နေရာမှ #LED #Screen ကြီးပေါ်တွင် ပြသမိခဲ့ကြောင်း သိရှိရသည်။ အများပြည်သူ သွားလာနေသော နေရာတွင် ထောင်ထားသည့် ကြီးမားလှသည့် LED Screenကြီးပေါ်တွင် ဆိုးဆိုးရွားရွား အပြာပုံရိပ်များ ထွက်ပေါ်လာခြင်းကြောင့် အများအတွက် အံ့ဩစရာ ဖြစ်ခဲ့ရသည်။ 

ဂျီလင်းခရိုင်ရှိ ရင်ပြင်တစ်ခုတွင် စိုက်ထူထားသော LED Screenကြီး၌ #The #Forbidden #Legend: #Sex #and #Chopsticks ဇာတ်ကားသည် (၁၀)မိနစ်မျှ ပြသနေခဲ့ရာ ဖြတ်သွားဖြတ်လာများ ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရသည်။ ယင်းသည် LED Screenတွင် ထုတ်လွှင့် ပြသမှုများကို တာဝန်ယူထားသည့် ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦး၏ အမှားကြောင့် ဖြစ်သည်။ 

နည်းပညာ ကျွမ်းကျင်သူ တစ်ဦးသည် ၎င်း၏ ကွန်ပျူတာဖြင့် ယင်းဇာတ်ကားကို ကြည့်ရှုနေခြင်းဖြစ်ပြီး အဆိုပါ ကွန်ပျူတာသည် LED Screenတွင် ပြသမှုကို တိုက်ရိုက် ချိတ်ဆက်ထားသည်ကို သတိမမူမိဘဲ ရှိနေခဲ့ခြင်းဟု သိရသည်။ ယွမ်မူဆိုသော အဆိုပါ ဝန်ထမ်းသည် ၎င်း၏ အမှားကို သတိပြုမိချိန်တွင် ကွန်ပျူတာကို ပိတ်သိမ်းပြီး ရုပ်ရှင်ဇာတ်ကား ကူးယူထားသည့် DVDကိုလည်း ပြန်ထုတ်ထားလိုက်သည်။
 
သို့သော်လည်း ယင်းမတော်တဆ ဖြစ်ရပ်အကြောင်း လျင်မြန်စွာ လူသိခဲ့ပြီး ဂျီလင်း ဘူတာအနီးတွင် လူအများက LED Screenကြီးကို ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ် လွှင့်တင်ခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ရပ်အပေါ် ရဲတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေသော်လည်း အများစုကမူ ယင်းကို ဟာသအနေဖြင့်သာ သဘောထားကြကြောင်း သိရသည်။ ယင်းဇာတ်ကားသည် (၁၇)ရာစုနှစ် တရုတ်ဝတ္ထုရှည် #The #Plum #in #the #Gloden #Vase ကို အခြေခံ ရိုက်ကူးထားခြင်းဟုလည်း သတင်းများက ဖော်ပြခဲ့သည်။ 

#PlanetMyanmar
တရုတ်နိုင်ငံတွင် ‎#China လိင်မှုဆိုင်ရာ ညစ်ညမ်းပုံရိပ်များကြောင့် ပိတ်ပင်ထားသည့် ရုပ်ရှင်တစ်ခုကို

SEA Games ၌ဖိလစ်ပိုင်ဘောလုံးအသင်း ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်

SEA Games ၌ဖိလစ်ပိုင်ဘောလုံးအသင်း ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂

မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲသို့ ဖိလစ်ပိုင် လက်ရွေးစင် ဘောလုံးအသင်း ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အာရှဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန်လိုက်သည်။

ယင်းသို့ ယှဉ်ပြိုင်ခြင်း မပြုရန် ဖိလစ်ပိုင် အိုလံပစ်ကော်မတီနှင့် အားကစား ကော်မရှင်တို့က ဇွန်လနောက်ဆုံးရက်က ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်ဟု ယင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင် အိုလံပစ်ကော်မတီဥက္ကဋ္ဌ နှင့် အားကစားကော်မရှင် ဥက္ကဋ္ဌတို့က (၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ အောင်မြင်မှုရနိုင်သည့် အားကစားနည်း များမှ အားကစားသမား များကိုသာ ရွေးချယ်စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ရာ ဘောလုံးအားကစားနည်း နှင့်အတူ ဖူဆယ်ဘောလုံး အသင်းကိုပါ ယှဉ်ပြိုင်ခွင့် မပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။

ကနဦးထွက်ပေါ်ခဲ့သော သတင်းများအရ ဖိလစ်ပိုင် နိုင်ငံသည် ၂၀၁၁ခုနှစ် အင်ဒိုနီးရှား SEA Games ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရခဲ့ကြသူများနှင့် ရွှေတံဆိပ် ဆုရနိုင်သည့် ကစားသမား၅၀ ခန့်ကိုသာ စေလွှတ်မည်ဖြစ်ကြောင်း ဇွန်လဆန်းပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။

ဖိလစ်ပိုင် အားကစားကော်ရှင် ဥက္ကဋ္ဌသည် ဇွန်လဆန်းပိုင်း ၂၇ကြိမ်မြောက် SEA Games ပြိုင်ပွဲကို သပိတ်မှောက်မည်ဟု ပြောကြားခဲ့သူလည်း ဖြစ်သည်။ ဖိလစ်ပိုင် လက်ရွေးစင် ဘောလုံးအသင်းနှင့် ဖူဆယ် ဘောလုံးအသင်းတို့မှာ SEA Games ပြိုင်ပွဲ သမိုင်းတစ်လျှောက် အောင်မြင်မှု မရှိခဲ့သည့် အားကစားနည်းများ ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲသို့ ဖိလစ်ပိုင် လက်ရွေး စင် ဘောလုံးအသင်း ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အာရှဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန် လိုက်သည်။

သမီးရည်းစားကိစ္စ နောက်ပြောင်ရာမှ လူသတ်မှုဖြစ်ပွား

သမီးရည်းစားကိစ္စ နောက်ပြောင်ရာမှ လူသတ်မှုဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၂

ရွှေပြည်သာမြို့နယ် (၅) ရပ်ကွက် ရွှေဘုန်းရှိန်လမ်းတွင် ဇူလိုင်လ ၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်က သူငယ်ချင်းနှစ်ဦး သမီးရည်းစားကိစ္စ နောက်ပြောင် အငြင်းပွားရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

အသက် ၁၈ နှစ်အရွယ်ရှိ မောင်သူရ (ခ) ဇွဲနောင်ဖြိုးနှင့် အသက် ၂၂ နှစ်အရွယ် မောင်ရဲနောင် တို့သည် ရွှေဘုန်းရှိန်လမ်းတွင် သမီးရည်းစား ကိစ္စဖြင့် အငြင်းပွားရာမှ မောင်ရဲနောင်က အရှည် သုံးလက်မခွဲခန့်ရှိ ခလုတ်ဓားဖြင့် ထိုးသဖြင့် မောင်သူရ (ခ) ဇွဲနောင်ဖြိုးတွင် ဝဲရင်အုပ်ဘေးတွင် ထိုး သွင်းဒဏ်ရာ တစ်ချက် ရရှိကာ အင်းစိန် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး သွားခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောသည်။

“သူတို့က သူငယ်ချင်းတွေပါ။ သူငယ်ချင်း၏ ချစ်သူကို မင်း ကောင်မလေး ငါလိုက်မယ်ဆိုပြီး စရင်းနောက်ရင်းက အခုလို ဖြစ်သွားတာပါ” ဟု အမှုစစ် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

မောင်သူရ (ခ) ဇွဲနောင်ဖြိုးနှင့် မောင်ရဲနောင်တို့သည် ရွှေပန်းထိမ်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင်ကြ သူ သူငယ်ချင်းများ ဖြစ်ပြီး အလုပ်မှအပြန် သူငယ်ချင်း နှစ်ဦး အပြန်အလှန် စနောက်ရာမှ ယခုကဲ့သို့ လူသတ်မှု အထိပါ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြား သည်။

လူသတ်မှု ကျုးလွန်သည်ဟု တိုင်ကြားခံရသူ မောင်ရဲနောင်ကို မိနစ် ၃၀ အကြာတွင် ရပ်ကွက် နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ဝင်တို့က ပူးပေါင်း ဖမ်းဆီးခဲ့ကြောင်း အဆိုပါ အမှုကို စစ်ဆေးသည့် ရဲအရာရှိက ရှင်းပြသည်။

ဓားဖြင့် ထိုးသူဟု စွပ်စွဲခံရသူ မောင်ရဲနောင်ကို (ပ) ၄၇၈/၁၃၊ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ရွှေပြည်သာမြို့နယ် ရဲစခန်းမှ စုံစမ်း သိရှိရသည်။

The Voice Weekly
ရွှေပြည်သာမြို့နယ် (၅) ရပ်ကွက် ရွှေဘုန်းရှိန်လမ်းတွင် ဇူလိုင်လ ၁ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်က သူငယ်ချင်းနှစ်ဦး သမီးရည်းစားကိစ္စ နောက်ပြောင် အငြင်းပွားရာမှ လူသတ်မှု ဖြစ် ပွား

ကွန်ဒုံးမသုံးဘဲ အပျော်အပါးလိုက်စားမိလျှင် (for 18+)

တစ်ကြိမ်တစ်ခါ အသိတရား ကင်းလွတ်သွားတာနဲ့ သင့်ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ရောက် သွားနိုင် ပါတယ်။

အနုပညာရှင်များကြားက မူးယစ်ဆေးပြဿနာ

Photo: အနုပညာရှင်များကြားက မူးယစ်ဆေးပြဿနာ

3-7-2013

မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။ အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးပြဿနာ ရောထွေးနေမှုများမှာ ပရိသတ်များနှင့် ရင်းနှီးနေပြီဖြစ်သည်။

“တချို့ရုပ်ရှင်ထုတ်လုပ်ရေး တိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီ ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက် လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေး ၀ယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့သူတွေ တစ်ပုံကြီး၊ တော်ကြီးလိုဖြစ်နေတာ”

ယနေ့ အနုပညာလောကအတွင်း ကြီးကြီးမားမားစိမ့်ဝင် နေရာယူထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ၏ အခန်းကဏ္ဍမြင်ကွင်းကို အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဖွင့်ဟပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ပေါ်၌ ဘိန်းကို အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ကာလတုန်းက သုံးစွဲသည့် အနုပညာရှင်အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှုမရှိသလောက် နည်းပါး ခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူ ဒါရိုက်တာဝိုင်းက ဆိုသည်။

ယနေ့ခေတ်တွင်မူ သုံးစွဲရုံသာမက ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားသည့် အနုပညာရှင်အချို့ ရှိလာပြီဖြစ်သည်။ ၎င်းတို့သည် ငွေကြေးရလိုမှုတစ်ခုအပြင် ဆေးကို စည်းရုံးသိမ်းသွင်းသည့် လက်နက်တစ်ခုသဖွယ် သုံးစွဲလာသည်မှာ အနုပညာလောကအတွက် အန္တရာယ်ဖြစ်လာကြောင်း မူးယစ်ဆေးဝါး သံသရာ ထဲက ယတိပြတ် ရုန်းထွက်ခဲ့ပြီး ယခုနာမည်ကြီး ဒါရိုက်တာတစ်ဦးအဖြစ် ပြန်လည်ရပ်တည်နေသူ ဒါရိုက်တာဝိုင်းက ပြောသည်။

နာမည်ရသရုပ်ဆောင်အချို့၊ အဆိုတော်အချို့၊ ဒါရိုက်တာ အချို့ ဆေးဝါး များနှင့်အတူ ဖမ်းဆီးခံရချိန်တွင် ပရိသတ်များကြားထိပင် သိရှိနေသည့် ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်နေသော အနုပညာရှင်များ ဖမ်းဆီးခံရမှုသတင်းများ မတွေ့ရသေးသည်ကို မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက အဖြေပေးပါသည်။

“သိသိကြီးနဲ့ မဖမ်းဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ သိရင်တောင်မှ သူဘယ်ဟိုတယ်မှာ သုံးနေတာလဲ။ In Position ဖြစ်နေလား ကြည့်ပြီးမှ လုပ်ရတယ်။ ဘယ်သူကတော့ သတင်းကျော်ဇောမှုရှိတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတာကတော့ အနည်းနဲ့အများရှိကြတယ်။ စောင့်ကြည့်နေတယ်။ ကိုယ့်ဘက်က သေချာပိုင်နိုင်ရင် အနုပညာရှင်မကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူတာပါပဲ”

သို့သော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် ကျော်ဇော သတင်း ရထားတိုင်းလည်း ၀င်ရောက်ဖမ်းဆီးရန်မှာမူ အခက်အခဲ အတား အဆီးများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သရုပ်ဆောင်တွေထဲလည်း သုံးတာရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ Position ရှိမှ အရေးယူလို့ရမှာ။ သတင်းတက်လာတာနဲ့ အိမ်ပေါ်တက်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်လို့မရဘူး။ မမိရင် သိက္ခာချတယ်။ ကျင့်ဝတ် ချိုးဖောက်တယ်လို့ ဖြစ်လာနိုင်တယ်။ ဥပဒေက ရှိသေးတယ်” ဟု အဆိုပါ ရဲမှူးကြီးက ပြောသည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနုပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင်သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာအနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်းများအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိသည်။ နာမည်ကျော် အနုပညာရှင်များကို ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ အလွယ်တကူ ရှာဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံးထားနိုင်ပါက လုပ် ငန်းအဆင်ပြေနိုင်မည်ဟု ယူဆ ကြသည့် ထုတ်လုပ်ရေးတိုက်အ ချို့က ယင်းနည်းလမ်းကို သုံးစွဲကြ သည်ဟု ဆိုကြသည်။

“အနုပညာရှင်အချင်းချင်းလည်း ရောင်းတယ်။ အပြင်ကလူတွေကလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့ သူတွေနဲ့ ချိတ်မိ သွားပြီး အရောင်းအ၀ယ်တွေဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်၊ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန် လွတ်လပ်စွာနဲ့ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်” ဟု အမည်မဖော် လိုသူ ဒါရိုက်တာတစ်ဦးက ပြောသည်။

“တချို့ဆေးရောင်းသူတွေက သူတို့လိုအင်ဆန္ဒအတွက် စပေးသုံးတုန်းက ပိုက်ဆံပေးစရာ မလိုဘူး။ နောက်ပိုင်းကျတော့ ရောင်းရော။ မူးယစ်ဆေးဝါး သုံးစွဲပြီးရင် နောက်ဆက်တွဲလိင်ကိစ္စတွေပါ ပါလာကုန်တယ်။ အခုဟာက အနုပညာရှင်အချင်းချင်းကိုပဲ ရောင်းတာမဟုတ်ဘဲ လူတကာကို ရောင်းနေတာ” ဟု ယင်းဒါရိုက်တာက ပြောသည်။

အနုပညာရှင်အချို့သည် မူးယစ်စေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မှီဝဲသုံးစွဲမှ ဖန်တီးထုတ်လုပ်သည့် အနုပညာထုတ်ကုန်များ အရည်အသွေး တောက်ပြောင်ထူးချွန်သည်ဟု တလွဲယူဆချက်မှာ ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သည့် အဓိကအချက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးစီမံချက် ဒါရိုက်တာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဒေါက်တာလှဌေးက ဆိုပါသည်။

“အရင်ခေတ်က ဘိန်းက သုံးပြီးရင် ငြိမ်တော့ အကျခေတ်ပေါ့။ အခုက အကြွခေတ်။ များသောအားဖြင့် မအိပ်မနေနဲ့ ဖျော်ဖြေရေးလိုင်းသွားတဲ့ ကလေးတွေက စိတ်ကြွဆေးတွေကို တလွဲသုံးစွဲကြတယ်။ အဆိုတော် ကောင်လေးတစ်ယောက်ဆို ဒါသုံးလို့ ပိုဆိုနိုင်တယ်လို့ ပြောတယ်။ ဒါတော်တော်လေး လွဲမှားတယ်။ ရှိသမျှခွန်အားကို တစ်ထိုင်တည်းနဲ့ သုံးတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်တွေအခုနောက်ပိုင်းများလာတာ တွေ့နိုင်တာပဲ” ဟု ဒေါက်တာ လှဌေးကပြောသည်။

အနုပညာရှင်များအကြား ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသရ သည်ဟုဆိုကာ ဆေးလွန်သွားသဖြင့် ကုသမှုခံယူရသည့် သတင်း များကလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ဖမ်းဆီးမှုများရှိသလောက် လက်လှမ်းမီ အလွယ်တကူရနိုင်သည့် ဆေးဝါးမှာလည်း အဆိုပါ WYစာတန်းပါ ဆေးပြားများ ဖြစ်နေကြောင်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေသည့် ဒေါက်တာ လှဌေးက ဆိုသည်။ ရုပ်ရှင်ရိုက်ကွင်း အချို့တွင်ပင် တရားဝင်သဖွယ် လွတ်လပ်စွာ ရောင်းဝယ်ဖောက် ကားသုံးစွဲမှုများ ရှိနေပြီး အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုမှာ အားနည်းနေကြောင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးအပေါ်ထားတဲ့ တစ်ဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က အားလုံး သိပြီးဖြစ်တဲ့အတိုင်းပဲ တော်တော်လေး ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မသုံးစွဲသင့်ပါဘူး” ဟု အကယ်ဒမီထွန်းအိန္ဒြာဗိုက ပြောကြားသည်။

တိုင်းပြည်ကို ပြန်လည်ထူထောင်နေသည့် ကာလတွင် လူ့စွမ်းအား အရင်းအမြစ်များထဲမှ အဓိကအရေးပါသည့် လူငယ်ထု၏ အသက် အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ကြွရူးသွပ်ဆေးဝါးကို အမြစ်ဖြတ် သုတ်သင်ရန် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်း ဒါရိုက်တာ ရီဇော်က ပြောသည်။

“လွယ်လွယ်နဲ့ ၀ယ်မရဘူးဆို ဘယ်သူမှ သုံးမနေဘူး။ တိုင်းပြည်ပြန် ထူထောင်မယ့်အချိန်မှာ ပညာတတ်တွေ စွမ်းအားအရင်းအမြစ်တွေ နည်းရတဲ့အထဲ မူးယစ်ဆေးဖျက်ဆီးခံနေရတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ အစိုးရမှာလည်း သူ့အကျပ်အတည်းနဲ့ သူရှိမှာပါ။ ဒါပေမဲ့ ဒီဆေးဝါးပြဿနာ ကိုတော့ အရေးပေါ်စီမံချက်တစ်ခု အနေနဲ့ နှိမ်နင်းသင့်ပါပြီ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်တွင်းရှိ မူးယစ်ဆေးဝါးကိစ္စများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထားပြီး အရေးမယူကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုမိုများပြားလာနေကြောင်း မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့်ဒီချုပ်ဗဟိုဦးစီးအစည်းအဝေးတွင် ပြောကြားထားသည်။

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာသမားများ၏ စွမ်းအားများးကို ခြိမ်းခြောက်ဖြိုဖျက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို မိမိတို့၏ ကိုယ်ပိုင်အသိခံယူချက်တို့ဖြင့်သာ တွန်းလှန်ရမည် ဖြစ်သည်။ ပရိသတ်များ ချစ်ခင်အားပေးသည့် အနုပညာရှင်ဖြစ်လာရန်အတွက် မူးယစ်ဆေးဝါး သုံးစွဲရန် မလိုပါ။ မူးယစ်ဆေးဝါး မှီဝဲရန် မလိုပါ။ ပင်ကိုအရည်အသွေးကို မှတ်ကျောက် တင်နိုင်သည့် အနုပညာဝမ်းစာပြည့်ဝသော ပါရမီရှင်များကိုသာ ပရိသတ် ကတောင့်တသည်။

မူးယစ်ဆေးအကူအညီကြောင့် အောင်မြင်ကျော်ကြားပြီး ကျန်းမာချမ်းသာ စွာဖြင့် အသက်ရှည်ရပ်တည်နိုင်သော အနုပညာရှင် မရှိသေးပါ။ ရှိမည်လည်း မဟုတ်ပါ။ “အနုပညာရှင် ကျွန်တော့်လူနာတွေ ဆုံးပါးသွားကြတာ တော်တော်တောင်ကြာသွားပါပြီ”ဟု လမ်းလွဲသွား သူ ကြွေလင့်အနုပညာရှင်အချို့အကြောင်း ဆရာဝန်ကြီးဒေါက်တာလှဌေး၏ မှတ်ချက်က ယနေ့ မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သေးသော အနုပညာရှင်အချို့အတွက် မှတ်သားစရာပင် ဖြစ်ပါသည်။

7 Day
မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။

အိန္ဒိယနိုင်ငံတွင် ဆေးရွက်ကြီးပါ အစားအသောက် ပစ္စည်းများ ရောင်းဝယ်ခြင်းကို တားမြစ်ထားသဖြင့် ယင်းပစ္စည်းများ ပြည်တွင်းသို့ အလုံးအရင်းဖြင့် ၀င်ရောက်

betal-july3
ရန်ကုန်မြို့ အတွင်းရှိ ကွမ်းယာဆိုင် တစ်ဆိုင်အား တွေ့ရစဉ် (ဓာတ်ပုံ - အိသဉ္ဖာကျော်)
အိန္ဒိယနိုင်ငံတွင် ကွမ်းခြောက်နှင့် အခြားဆေးရွက်ကြီးပါသော အစားအသောက် ပစ္စည်းများ ထုတ် လုပ်ခြင်း ၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုရန် တားမြစ်ထားသည့်အတွက် ယင်းတားမြစ် ပစ္စည်း

ဇူလိုင်လအတွက် ထီအစောင်ရေ ကိုးသိန်းနီးပါး တိုးမြှင့်ကာ ထီဆုမဲ အရေအတွက် ရာဂဏန်းအထိ တိုးမည်

aungbarlay-july3
ရန်ကုန်မြို့ရှိ ထီဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ဇူလိုင်လ (၂၉၅ ကြိမ်မြောက် ထီဖွင့်ပွဲ) အတွက် ဈေးကွက်အတွင်း ထီအစောင်ရေ ကိုးသိန်းနီးပါး တိုးမြှင့်ရောင်းချ ပေးမည်ဖြစ်ပြီး ထီဆုမဲအရေအတွက်ကိုလည်း ရာဂဏန်းအထိ တိုးပေး မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။

လိုင်စင်မဲ့ကား ၂ နှစ်မပြည့်မီ လုံးဝပပျောက်အောင် ဆောင်ရွက်မည်

လိုင်စင်မဲ့ကား      ၂ နှစ်မပြည့်မီ လုံးဝပပျောက်အောင်    ဆောင်ရွက်မည်
=========================================

လိုင်စင်မဲ့ကားများကို တစ်နှစ်ခွဲ ကျော်အတွင်း လုံးဝပပျောက် သွား အောင် ဆောင်ရွက်မည်ဟု နေပြည် တော် အခြေစိုက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံး  မှရဲမှူးကြီးက ပြောသည်။

လက်ရှိတွင် သိမ်းဆည်းဖမ်းဆီး အရေးယူမည့်အပြင် လက်ဝယ်အပြင် မူလဇာစ်မြစ်အထိ ဖော်ထုတ်အရေးယူ မည်ဟု ၄င်းက ပြောသည်။
''တစ်နှစ် နှစ်နှစ်အတွင်း ဒါတွေ ပပျောက်သွားမှာပါ''ဟု ၄င်းက ပြော သည်။ လက်ရှိတွင်တရားမဝင် တင်သွင်း လာသည့် မော်တော်ယာဉ်များနှင့် ပတ် သက်၍ နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲ ကညန စသည့် စုပေါင်းအဖွဲ့တို့က လိုက်လံဖမ်းဆီးမှု ပြုနေရာ လိုင်စင်မဲ့ ကားတစ်စီးဖမ်းမိခြင်းအပေါ် လက်ဝယ် တွေ့ရှိသူ၊ တစ်ဆင့်ခံ ဝယ်ယူလာသူနှင့် တင်သွင်းခဲ့သူတို့အထိ စစ်ဆေးခြင်းဖြင့် ဥပဒေကြောင်းအရ အရေးယူမည်ဟု ၄င်းတပ်ဖွဲ့ရုံးမှ ရဲမှူးကြီးက ဆိုသည်။

''ဒီကားကို ဘယ်သူ့ဆီက ဝယ်ခဲ့ လဲ၊ ဒီလို ဆက်နွယ်တဲ့ သူတွေပါ လိုက် ပြီး အရေးယူမှာပါ''ဟု ၄င်းက ဆိုသည်။ လိုင်စင်မဲ့ ယာဉ်တစ်စီးဖမ်းမိပါက ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အရေးယူပြီး ယခင်က လက်ဝယ်တွေ့ သူ ကိုသာ အရေးယူခဲ့သည်။ ယခုတွင်  နောက်ဆက်တွဲကိုပါ ထည့်သွင်း အရေး ယူတော့မည်ဟု သိရသည်။

''ဥပဒေမှာက အားလုံးတန်းတူပါ ပဲ။ ဌာနဆိုင်ရာ တာဝန်ရှိသူကလည်း လိုင်စင်မဲ့ကားစီးလို့မရပါဘူး။ စီးတာကို စစ်ဆေးမိရင်လည်း တန်းတူပဲ ထားပြီး အမှုဖွင့် အရေးယူမှာပါ''ဟု ရဲမှူးကြီးက ဆက်ပြောသည်။ဝန်ကြီး ဌာနများက ၄င်းတို့၏ ဝန် ထမ်းများအား လိုင်စင်မဲ့ကားများ မစီး ကြရန်   ညွှန်ကြားထားသော်လည်း  ဝန် ထမ်းအချို့မှာ စီးနင်းမှုအချို့ ရှိနေကြ ခြင်းအပေါ် စိစစ်သွားမည်ဟုလည်း ပူး ပေါင်းအဖွဲ့မှ သိရသည်။

 ကလေးနှင့်တမူးတွင် လိုင်စင်မဲ့ ကားများကို ဇွန်လဆန်းက ဖမ်းဆီးခဲ့ရာ သုံးရက်အတွင်း ၂၇ စီးဖမ်းမိခဲ့သည်။ ထိုဖြစ်ရပ်အပေါ် လိုင်စင်မဲ့ကားဆို သည်မှာ ကလေးတွင်သာမဟုတ် ကျန် သည့် နေရာများတွင်လည်း ရှိကြောင်း၊ ကလေးတွင် ဖမ်းသလို ကျန်ဒေသတွင် လည်း ဖမ်းဖို့လိုကြောင်း လိုင်စင်မဲ့ကား ကလေးမြို့သို့ရောက်ရန် မြို့များကို ဖြတ်သန်းခဲ့ရာ ထိုမြို့များကိုရော မည် သို့ဆောင်ရွက်မည်နည်းဟု ကလေးပြည် သူ့လွှတ်တော် ကိုယ်စားလှယ်က မေးခွန်း ထုတ်ခဲ့ဖူးသည်။

 ကညနက ဖမ်းဆီးကားများ လိုင် စင်မဲ့ဟုတ်၊ မဟုတ် စစ်ဆေးခြင်း၊ ရဲက နယ်မြေခံသတင်းအရ ဖမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ မွန်ပြည် နယ် ချောင်းဆုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ''သိမ်းဆည်း ထောင်ချတာကို ကျွန်တော်ကတော့ လက်မခံပါ ဘူး။ လက်မခံတဲ့ဘက်ကပါ။ ဒဏ်တစ်ခုတပ်ပြီး လိုင်စင်လုပ်ပေးပါ။ ပြီးတော့ မဝင်လာအောင် ကြပ်ကြပ်မတ် မတ်လုပ်ပါ''ဟု ပြောသည်။

   မြဝတီ နယ်စပ်ဂိတ်တို့မှ စကာ ဂိတ်အသီးသီး ကျော်ဖြတ်လာသဖြင့် မည်သည့်တာက ကျိုးနေကြောင်း ဖော် ထုတ်မှသာ ပပျောက်မည် ဟု၎င်း က ပြောသည်။   ပြည်ပမှ မော်တော်ယာဉ်တင်သွင်း မှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့က လိုင်စင် မဲ့ ကားများ မဝင်နိုင်ရန် တရားဝင် တင် သွင်းခွင့်ကို လွယ်ကူစွာ လုပ်ပေးထားပြီး ဖြစ်သည့်အတွက် လိုင်စင်မဲ့ကားများကို လက်ခံမည်မဟုတ်ဟု တရားဝင်ပြော ဆိုထားသည်။

မင်းသုအောင်
လိုင်စင်မဲ့ကားများကို တစ်နှစ်ခွဲ ကျော်အတွင်း လုံးဝပပျောက်သွား အောင် ဆောင်ရွက်မည် ဟု နေပြည် တော်အခြေစိုက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံး မှရဲမှူးကြီးက ပြောသည်။

လက်နက်အစိတ်အပိုင်းများ မှောင်ခိုသယ်ဆောင်သည့် ယာဉ်နှစ်စီးဖမ်းမိ

လက်နက်မှောင်ခို ရောင်းဝယ်ရာတွင် အသုံးပြုသည့် ကားနှစ်စီးကို လက်နက်ဆက်စပ် အစိတ်အပိုင်း များနှင့် အတူ စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂၇ ရက်က စစ်ကိုင်းမြို့မ

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အလုပ်သမားများအား အလုပ်အကိုင် နေရာချထားရေးအတွက် လူတွေ့စစ်ဆေးခံရန် အသိပေး

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် မလေးရှားနိုင်ငံမှ ပြန်လည်ရောက် ရှိလာ သည့် အလုပ်သမားများကို အလုပ်နေရာများသို့ အမြန်ဆုံး ဝင်ရောက်နိုင်ရေး ချိတ်ဆက်ဆောင်

အရပ်ရှည်၍ ခန္ဓာကိုယ်ကြီးထွားနေသူ ကိုဝင်းဇော်ဦး၏ ဟော်မုန်း စင်ကာပူ ပို့ထား

အရပ်ရှည်၍ ခန္ဓာကိုယ်ကြီးထွားနေသူ ကိုဝင်းဇော်ဦး၏ ဟော်မုန်း စင်ကာပူ ပို့ထား
Wednesday, July 03, 2013

သာမန်ထက် အရပ်ရှည်ကာ ကိုယ်အင်္ဂါကြီးထွားနေသူ ကိုဝင်းဇော် ဦး၏ ဟော်မုန်းစမ်းသပ်မှုကို စင်ကာပူ သို့ ပို့ဆောင်ထားကြောင်း ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကုဆရာဝန် ပါမောက္ခ ဦးမြတ်သူက ပြောသည်။

စင်ကာပူမှ အဖြေထွက်ရှိမှသာ ဆေးကုသမှု ဆက်လက်ပြုလုပ်ရန်နှင့် ခွဲစိတ်ကုသရန် စဉ်းစားဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ ဆေးကုသမှုမပြုဘဲ လက်ရှိအတိုင်း ဆက်လက်နေထိုင်သွား ပါက သွေးချိုနှင့် သွေးတိုးရောဂါ များ ဖြစ်ပွားခြင်း၊ မျက်စိကွယ်ခြင်းနှင့် အသက် အန္တရာယ်ထိခိုက်နိုင်သည့် အနေအထားရှိသည်ဟု ၄င်းက ပြော သည်။

အသည်းအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဝင်းက ”လူထူး လူဆန်းကြီး ဆိုရုံနဲ့ ပိုက်ဆံလေးပေး လိုက်၊ ဘာလေးပေးလိုက်နဲ့ အသက် ဆုံး ရှုံးသွားမှာစိုးလို့ပါ” ဟု ပြောသည်။ ကိုဝင်းဇော်ဦးသည် မကွေးတိုင်း၊ နတ်မောက်မြို့၊ ထုံးပေါက်ချိုင် ရွာသား ဖြစ်သည်။ ၄င်းသည် အသက် ၃၆ နှစ် ရှိပြီဖြစ်ပြီး လက်ရှိ အရပ် ၇ ပေနှင့် ၈ လက်မရှိကာ လက်ဖဝါးအရှည် ၁၁ လက်မ၊ လက်ဖဝါးအကျယ် ၅ ဒသမ ၂ လက်မ၊ ခြေဖဝါးအရှည် ၁၃
လက်မ၊ ခြေဖဝါးအကျယ် ၅ လက်မ၊ ရင်အုပ် အကျယ် ၄ ပေ၊ ခါးအကျယ် ၃ ပေ ၁၁ လက်မနှင့် ခါးမှ ခြေဖျား ၅၃ လက်မရှိ သည်။

”ဆေးကုသမှုက ဘယ်လောက် ကုန်ကျမယ်ဆိုတာ မသိဘူး။ ကုန်ကျ တာ မှန်သမျှ ကျွန်တော်တို့အဖွဲ့က ကျခံပေးမှာပါ” ဟု ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။ကိုဝင်းဇော်ဦးအား ပါမောက္ခ ဦး ခင်မောင်ဝင်း ဦးဆောင်ကာ Novel Square အထူးကု ဆေးခန်းနှင့် ဦး နှောက်နှင့် အာရုံကြောခွဲစိတ် အထူးကု ဆရာဝန်ပါမောက္ခ ဦးမြတ်သူ၊ ဓာတ်မှန် ဆရာကြီး ဒေါက်တာဦးကျော်မြင့်၊ အဏုဇီဝဗေဒဆရာဝန်ကြီး ဒေါက်တာ
သိန်းသန်းနှင့် အခြားအထူးကု ဆရာဝန် ကြီးများ၊ ဆေးပညာရှင်များ အဖွဲ့က ဆေးကုသပေးသွားမည် ဖြစ်သည်။

ကြီးထွားမှု ဟော်မုန်းအထွက်များ ခြင်းကြောင့် ဖြစ်ပွားတတ်သော ကြီး ထွားမှု ပုံစံနှစ်မျိုးရှိပြီး အသက် ၁၈ နှစ် မတိုင်မီ ကြီးထွားမှု ဟော်မုန်း အ ထွက် များပါက အရပ်ပိုရှည်လာတတ်သည်။။ အသက် ၁၈ နှစ်ကျော်လွန်ကာ အရပ် ရှည်မှု ရပ်ဆိုင်းသွားချိန်မှစတင်၍ ကြီး ထွားမှု ဟော်မုန်းအ ထွက်များပါက နှုတ် ခမ်းကြီးခြင်း၊ နှာခေါင်းကြီးခြင်း၊ ဦး ခေါင်းခွံလုံးပတ် ကြီးထွားခြင်းစသော ကိုယ်အင်္ဂါကြီးထွားခြင်းများ ဖြစ်ပွားပြီး မျက်စိ ကွယ်ခြင်းများ ဖြစ်ပွားတတ်သည် ဟု ကိုဝင်းဇော်ဦးအား ဆေးကုသပေး မည့် ဆရာဝန်ကြီးများက ရှင်းပြသည်။

ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦး မြတ်သူက ၄င်းအနေဖြင့် ကြီးထွားမှု ဟော်မုန်း အထွက်များ၍ ခွဲစိတ်ကုသ ပေးရမှု တစ်နှစ်လျှင် လူနာ ဦးရေ ၂ဝ မှ ၃ဝ ကြားရှိပြီး ၄င်းတို့ ကိုယ်အင်္ဂါ ကြီး ထွားလာမှုများသာ ဖြစ်ပြီးကို ဝင်းဇော် ဦးမှာ ၄င်းအတွက် ဦးဆုံး ကုသရမည့် အရပ်ရှည်ထွက်၍ ခြေလက်များ ကြီး ထွားလာသူ ဖြစ်ကြောင်း ပြောသည်။

”ကျန်တဲ့ကိုယ်အင်္ဂါ အစိတ်အပိုင်း တွေကတော့ ခွဲစိတ်ကုသပြီးရင် ပြန်ကျ သွားနိုင်ပေမယ့် အရပ်ကတော့ ပြန်ကျ မသွားဘူး” ဟု ၄င်းကခွဲစိတ် ကုသပြီးပါ က ဖြစ်ပေါ်လာနိုင်မည့် အနေအထား ကို ပြောသည်။ ကိုဝင်းဇော်ဦးအား ကူညီထောက် ပံ့လိုသူများအနေဖြင့်Novel Square အထူး ကုဆေးခန်းမှ စီမံခန့်ခွဲမှု ဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာမြတ်သူမင်း ဖုန်း (ဝ၁-၃၇၃၇၉၄/၉)၊ (ဝ၉-၅ဝဝ ၇၆ဝ၈) နှင့် လမ်း-၃ဝ ဆေးခန်းနှင့် အဆင့်မြင့်ရောဂါ ရှာဖွေရေး ဓာတ်ခွဲ ခန်းမှ တာဝန်ခံ မငြိမ်းငြိမ်း (ဝ၉-၄၉၃ဝ၈၇၃၉) တို့ထံ ဆက်သွယ်လှူဒါန်း နိုင်သည်။
Popular Myanmar News Journal
သာမန်ထက် အရပ်ရှည်ကာ ကိုယ်အင်္ဂါကြီးထွားနေသူ ကိုဝင်းဇော် ဦး၏ ဟော်မုန်းစမ်းသပ်မှုကို စင်ကာပူ သို့ ပို့ဆောင်ထားကြောင်း ဦးနှောက်နှင့် အာရုံကြောခွဲစိတ်အထူးကုဆရာဝန် ပါမောက္ခ ဦးမြတ်သူ က ပြောသည်။

ရခိုင်ဒေသ ဒုက္ခသည်စခန်း လူဦးရေစာရင်း ကောက်ခံမှု အခက်အခဲရှိဆဲ

ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ဆိုင်းထားရသော လူဦးရေ စာရင်းကောက်ခံမှု(ဆွဲ၊ တင်၊ စစ်) လုပ်ငန်း ကို ပြန် စရန် အခက် အခဲများနှင့် ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။

စာမသင်ဘဲ ရာထူးတိုးသည့်ဆရာမကို ပြည်နယ်အဆင့် စစ်ဆေးမည်

တောင်ကုတ်မြို့နယ်မှ ကျောင်းဆရာမ တစ်ဦး ကျောင်းမတက်၊ စာမသင်ဘဲ ရာ ထူးတိုးပေးခံရသည်ဟု

ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းများအတွက် ၀တ္ထုပစ္စည်းများကို မြန်မာနိုင်ငံမှ အဓိကမှာယူ နေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီး


Photo: ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းများအတွက် ၀တ္ထုပစ္စည်းများကို မြန်မာနိုင်ငံမှ အဓိကမှာယူ နေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များအတွက် ၀တ္ထုပစ္စည်းများကို မြန်မာနိုင်ငံမှ အဓိက မှာယူနေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ မောင်တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တင်သွင်းသည့် ဗုဒ္ဓရုပ်ပွားတော် ၅၈ ဆူကို ဘင်္ဂလားဒေ့ရှ်နယ်စပ် အာဏာပိုင်များက ဇွန် ၂၉ ရက်က တက်ကနက် နယ်စပ်မြို့တွင် ဖမ်းဆီးလိုက်ကြောင်း Cox’s bazaar News သတင်းစာတွင် ဖော်ပြပါရှိသည်။

ရုပ်ပွားတော် ၅၈ ဆူ၏ တန်ဖိုးမှာ တာကာငွေ ၄၃၉၀၀ (မြန်မာငွေ ကျပ် ၄၃၉၀၀၀) ရှိပြီး သစ်သားဖြင့် ပြုလုပ်ထားသော ရုပ်တုတော်များ ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ မောင်တောနယ်စပ် ကုန်သွယ်ရေး တာဝန်ရှိသူ တစ်ဦးက "ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရဟန်းသံဃာတွေအတွက် လိုအပ်တဲ့ ၀တ္ထုပစ္စည်းတွေကို မောင်တောနယ်စပ် ကုန်သွယ်ရေးနဲ့ တင်ပို့တာ မဟုတ်ပါဘူး။ 

အဲဒီပစ္စည်းတွေကို တင်ပို့ဖို့ လိုင်စင်ခွင့်ပြု ထားတာလည်း မရှိပါဘူး။ ဒါပေမဲ့ သံဃာ့အသုံးအဆောင် ၀တ္ထုပစ္စည်းတွေကို မောင်တောကနေ ဈေးသည်တွေ ၀ယ်သွားတာ ဖြစ်နိုင်ပါတယ်။ မြန်မာဘက်ကနေ ဖမ်းဆီးတာတွေတော့ မရှိပါဘူး" ဟု ဆိုသည်။

"ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားဆင်းတု၊ သင်္ကန်း၊ ကြေးစည်၊ သပိတ် စတာတွေကို ဒီဘက်က မှာဝယ်ယူတာ ဖြစ်ပါတယ်။ ရှင်ပြုမယ် ဆိုရင်လည်း လိုအပ်တဲ့ ပရိက္ခရာတွေကို မောင်တောကိုလာပြီး ဈေးလာဝယ်ကြတယ်။ 

ဒီဘက်မှာတော့ ဘာပြဿနာမှ မရှိပါဘူး" ဟု မောင်တောမြို့မှ ပရိက္ခရာ အရောင်းဆိုင်မှ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို တင်သွင်းခွင့်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ ဆောင်ရွက်မှုမျိုး မရှိသေးသဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအဖို့ အခက်အခဲ ရှိနေကြောင်း သိရသည်။

 ယင်းအပြင် ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအား ခွဲခြားဆက်ဆံခြင်းနှင့် တချို့ဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် မြန်မာ တိုင်းရင်းသား မျိုးယ်စုများမှာ မြန်မာနိုင်ငံသို့ ၀င်ရောက်လျက် ရှိနေကြောင်း သိရသည်။

Eleven Media Group
ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များအတွက် ၀တ္ထုပစ္စည်းများ ကို မြန်မာနိုင်ငံမှ အဓိက မှာယူနေရသော်လည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဖမ်းဆီးနေကြောင်း

အလုံမြို့နယ်တွင် အနုကြမ်းစီးပြီး ရွှေထည်ပစ္စည်းများ လုယူသူ သုံးဦးအား အခင်းဖြစ်ပွားပြီး လေးနာရီအတွင်း ဖမ်းမိ

အလုံမြို့နယ်၊ စက်တွင်းလမ်း၊ အမှတ် ၆၀ (ခြောက်လွှာ) ရှိ တိုက်ခန်းတစ်ခုတွင် ဇူလိုင် ၁ ရက်ည ၈ နာရီ ခွဲခန့်က အနုကြမ်းစီးပြီး လက်ဝတ်လက်စားများနှင့် ငွေကြေးတို့ကို ယူဆောင်သွားသူ သုံးဦးအား အခင်းဖြစ်ပွားပြီး လေးနာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားက လက်နက်ဝယ်ခဲ့မှုဖြင့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်က Blacklist စာရင်းသွင်း

Photo: မြောက်ကိုရီးယားက လက်နက်ဝယ်ခဲ့မှုဖြင့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်က Blacklist စာရင်းသွင်း
Wednesday, July 03, 2013

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့အတွင်း နယ်စပ်ရေးရာဝန်ကြီးအဖြစ် ၂နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနိုင်ငံက လက်နက်ဝယ်ယူခဲ့မှုနဲ့ နာမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇူလိုင် ၂ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

အရင် စစ်အစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်အောက်မှာ ကာကွယ်ရေးနဲ့ စစ်လက်နက်ထုတ်လုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူခဲ့စဉ်က မြောက်ကိုရီးယားအစိုးရထံကနေ စစ်လက်နက်ဆိုင်ရာ ပစ္စည်းတွေဝယ်ယူခဲ့ပြီး ဒါဟာ လုံခြုံရေးကောင်စီရဲ့ ပိတ်ပင်တားမြစ်ချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားပြီး Black List ထဲသွင်းတာဖြစ်ပေမယ့် မြန်မာအစိုးရတစ်ဖွဲ့လုံးအပေါ် ပစ်မှတ်ထားတာမဟုတ်တဲ့အကြောင်း အေအက်ဖ်ပီသတင်းက ဆိုပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့အတွင်း တာဝန်ယူခဲ့ပြီး ကာလအတန်ကြာမှ တပ်မတော်ရဲ့တာဝန်တွေကို ပြန်လည်ထမ်းဆောင်ဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်အမိန့်နဲ့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
www.facebook.com/KamayutMedia
သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့အတွင်း နယ်စပ်ရေးရာဝန်ကြီးအဖြစ် ၂နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားနိုင်ငံက လက်နက်ဝယ်

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲ၍ ဆောင်ရွက်သွားရန် ကာ/လုံ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

Photo: ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲ၍ ဆောင်ရွက်သွားရန် ကာ/လုံ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Wednesday, July 03, 2013

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲ၍ ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁ ရက်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများနှင့် ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ ငွေကြေးအထောက်အပံ့များ လိုအပ်မည် ဖြစ်သော်လည်း ပြည်ပအကူအညီကို မျှော်လင့်မနေဘဲ ပြည်သူ့ဘဏ္ဍာငွေဖြင့်သာ အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။
ယင်းငွေများမှာ သမ္မတဦးသိန်းစိန်၏ အထူးသုံးစွဲရန် သတ်မှတ်ပေးထားသော ဘတ်ဂျက်တွင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ခေါင်းစဉ်တစ်ခု အနေနှင့် ပါဝင်ပြီး ဖြစ်သောကြောင့် ယင်းထဲမှ သုံးစွဲသွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက သတင်းထောက်များကို ပြောကြားသည်။

"ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်းနဲ့ အထောက်အပံ့များ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာ ပြင်ပနိုင်ငံ၊ ပြင်ပအဖွဲ့အစည်းများ ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် အဓိကမထားဘဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံရဲ့ဘဏ္ဍာ ငွေကြေးများကို သုံးစွဲပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်။ ဆုံးဖြတ်ကြပါတယ်။ ဒီနေရာမှာ ဘေးထွက်ဆိုးကျိုးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး မိမိတို့ နားလည်လက်ခံထားတဲ့ အချက်က ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့ အခါမှာ ဥပဒေနဲ့ မညီရင်၊ ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို ထိပါးလာရင် သို့မဟုတ် ပြည်သူများရဲ့ ဘ၀လုံခြုံရေးကို အကာအကွယ် မပေးနိုင်တဲ့ ဖြစ်စဉ်များ ဖြစ်ရပ်မျိုးများ ဖြစ်လာရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာ သုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားသုံးသပ်ကြပါတယ်" ဟု အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရလဒ်ကောင်းများ ထွက်ပေါ်ရန်အတွက် အားလုံးပါဝင်သော နိုင်ငံရေးနှင့် စနစ်တကျ၊ နည်းလမ်းတကျ ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး စသည်ဖြင့် ဖွဲ့စည်းထားသည်။
http://news-eleven.com/
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲ၍ ဆောင်ရွက်သွားမည်ဟု ဇူလိုင် ၁ ရက်တွင်ပြုလုပ်သော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်

မတူညီသည့် ကိုးကွယ်ယုံကြည်မှုများအကြား အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက် မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား



Photo: မတူညီသည့် ကိုးကွယ်ယုံကြည်မှုများအကြား အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက် မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု သမ္မတဦးသိန်းစိန် ပြောကြား
Wednesday, July 03, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လယ်ယာဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

မတူညီသည့် ကိုးကွယ်ယုံကြည်မှုများအကြား အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ဇူလိုင် ၂ ရက် နံနက်က ပြည်သူလူထုသို့ လစဉ်ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်းတွင် မွန်မြတ်သည့် ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စု၏ အစွန်းရောက် လုပ်ရပ်များ မတူညီသော ကိုးကွယ်ယုံကြည်မှုများအကြား အမုန်းတရား တိုးပွားအောင် လုပ်ဆောင်မှုများ၊ ကိုယ်ကျိုးစီးပွားနှင့်ယှဉ်သည့် နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မှုများကြောင့် ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက် လုပ်ရပ်များသည် နိုင်ငံပြင်ပတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ၏ မလုံခြုံမှုနှင့် စိုးရိမ်သောကများ ဖြစ်စေသည်ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။

"ကျွန်တော်တို့ နိုင်ငံအတွင်းမှာ တစ်ဖက်နဲ့တစ်ဖက်အကြား အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်သည်" ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင် ဇွန်လအတွင်းက မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၀မ်းနည်းကြောင်းနှင့် ယင်းကိစ္စရပ်များ ဖြစ်ပွားပြီးနောက်ပိုင်း ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့် လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှုများ ထိရောက်စွာ ပေးနိုင်ရေး ပြည်ပနိုင်ငံများတွင် အခြေစိုက်သည့် မြန်မာသံရုံးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာဝင် အများစု၏ ဘာသာရေး ယုံကြည်မှုနှင့် အနှစ်သာရများကို ထင်ဟပ်ခြင်းမရှိသည့် ပုဂ္ဂိုလ်အနည်းစု၏ လုပ်ဆောင်မှုတွေကို ဇောင်းပေးဖော်ပြထားသည့် ၂၀၁၃ ခုနှစ် ဇူလိုင် ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနှင့် ပတ်သက်ပြီး ပြည်သူများအကြား အငြင်းပွားမှု၊ သဘောထားကွဲလွဲမှုနှင့် စိတ်ထိခိုက်ခံရမှုများ ဖြစ်ခဲ့သည်ကို တွေ့ရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး လူ့အဖွဲ့အစည်း တစ်ရပ်လုံးနှင့် ပြည်တွင်းပြည်ပ မီဒီယာများ၏ ပြောဆိုရေးသားမှုများတွင် အမြင်မတူညီမှုများကို နားလည်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြောဆိုခွင့် ပြန်လည်ရရှိရေး ဆောင်ရွက်နေပြီး လွတ်လပ်စွာပြောဆို ရေးသားခွင့်ကို ကျင့်သုံးရာတွင် နိုင်ငံ၏ လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိသည့် ကျင့်သုံးမှုများ ပြုလုပ်ရန် သမ္မတဦးသိန်းစိန်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ကျွန်တော်တို့ အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာရေးသားခွင့် ပြန်လည်ရရှိဖို့နဲ့ သက်ဝင်ရှင်သန်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် နေတယ်ဆိုတာကို သိရှိကြပြီးလည်း ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ မြန်မာ့ဓလေ့ ထုံးစံတစ်ရပ်အဖြစ် ခံယူထားကြတဲ့ "မည်မျှမှန်ကန်သော ကိစ္စရပ်ပင် ဖြစ်သော်လည်း အများအတွက် အကျိုးမရှိပါက ပြောကြားရန်မသင့်" ဆိုတဲ့ အဆုံးအမအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့်တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လိုသလို အပြုသဘောဆောင်တဲ့ ကျင့်သုံးမှုများဖြစ်ဖို့ လိုအပ်တယ်လို့လည်း အလေးအနက် ခံယူထားပါတယ်" ဟု ပြောကြားသည်။
http://news-eleven.com/
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လယ်ယာဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် တွေ့ ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
မတူညီသည့် ကိုးကွယ်ယုံကြည်မှုများအကြား အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုများ ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ဒုက္ခသည် စခန်းတွင် ထင်း အခက်ခဲကြောင့် ဒေသခံ များနှင့် စကား အခြေ အတင်ဖြစ်ပွား

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေထဲရှိ ဖုန်လွမ်ယန် (Hpunglum Yang) ဒုက္ခသည် စခန်းတွင် ဇူလိုင် လဆန်းပိုင်းမှပို၍ ထင်းမီး မလုံလောက်သည့်အခက်ခဲကြောင့် ဒေသခံများနှင့် ဒုက္ခသည်များ ကြား မကြာခဏ စကားအခြေအတင်ဖြစ်ပွားနေကြောင်း သိရသည်။

ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ်

Photo: ငြိမ်းချမ်းရေးအတွက် ပြည်ပထောက်ပံ့ငွေကို အဓိကမထားဖို့ ဆုံးဖြတ်
Wednesday, July 03, 2013

မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ နိုင်ငံတကာရဲ့ ငွေကြေးအထောက်အပံ့ကို အဓိကမထားဘဲ ပြည်သူ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာငွေကိုပဲ ခွဲဝေသုံးစွဲသွားဖို့ သဘောတူခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။

အဲဒီအစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။

"ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ငွေကြေးပစ္စည်း အထောက်အပံ့များ လိုအပ်မှာဖြစ်ပါတယ်၊ အဲလိုဆောင်ရွက်တဲ့အခါမှာ ပြည်ပနိုင်ငံ ပြည်ပအဖွဲ့အစည်းများက ပေးလိမ့်မည်ဆိုတဲ့ဟာကို အဓိကမထားပဲ ပြည်သူများရဲ့ဘဏ္ဍာ၊ နိုင်ငံဘဏ္ဍာ ငွေကြေးများကိုသုံစွဲပြီး၊ ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ဖို့လည်း သဘောတူကြပါတယ်၊ ငြိမ်းချမ်းရေးရအောင် တည်ဆောက်တဲ့အခါမှာ ဥပဒေနဲ့အညီ ပြည်သူများရဲ့ဘဝလုံခြုံရေးကို ထိပါးလာလျှင် သို့မဟုတ် ပြည်သူများရဲ့ ဘဝလုံခြုံရေးကို အကာအကွယ်မပေးနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်မျိုးဖြစ်လာလို့ရှိရင် မကောင်းတဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်းကို ကြိုတင်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့လည်း စဉ်းစားဆုံးဖြတ်ကြပါတယ်"

ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ဥပဒေနဲ့မညီတာမျိုး၊ ပြည်သူ့ဘဝလုံခြုံရေးကို ထိပါးလာတာမျိုး၊ ပြည်သူလူထုရဲ့ ဘဝလုံခြုံရေးကို အကာအကွယ် မပေးနိုင်တာမျိုးစတဲ့ မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာတွေကို ကြိုတင်လေ့လာသုံးသပ်ဖို့ သဘောတူဆုံးဖြတ်ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ပြန်လည်ခေါ်ယူပေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဇွန်လ ၂၅ ရက်နေ့က သဝဏ်လွှာ ပေးပို့တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီကောင်စီမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် အဖွဲ့ဝင် ၁၁ ဦး ပါဝင်ပြီးပြီး ၂ဝ၁၁ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
RFA
မနေ့ကကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ နိုင်ငံတကာရဲ့ ငွေကြေးအထောက်အပံ့ကို အဓိကမထား ဘဲ ပြည်သူ

Tuesday, July 2, 2013

မကောင်းဆိုးဝါး မြို့

မကောင်းဆိုးဝါး မြို့

==============

ဂျပန်နိုင်ငံရေပိုင်နက်မှာတည်ရှိတဲ့ ကျွန်းမြို့ငယ်လေးဖြစ်ပါတယ်၊Hasima လို့ခေါ်တဲ့ အဆိုပါကျွန်းဟာဆိုရင် စုစုပေါင်းအကျယ် ၁ကီလိုမီတာ ဝန်းကျင်သာ ကျယ်ပြန်ပါတယ်။

လွန်ခဲ့ ၁၈၈၇-၁၉၇၄ ခုနှစ်တွေမှာ အစည်ကားဆုံး မြို့ငယ်လေးအဖြစ်
လူဦးရေ ၅၀၀၀ အထိနေထိုင်ခဲ့ ပါတယ်၊

ပြောင်းလဲ လာတဲ့ခေတ်အဆက်ဆက်အရ အဆိုပါကျွန်းမြို့လေးကို
၁၉၇၄ ခုနှစ်မှာလူအများကမနေထိုင်တော့ပဲ နှစ်ပေါင်းများစွာစွန့်ပစ်ခဲ့
တဲ့ မြို့ဟောင်းလေးတစ်မြို့အဖြစ်ယနေ့တိုင်တည်ရှိနေပါတယ်၊

မည်သူတစ်ဦးတစ်ယောက်မျှနေထိုင်ခြင်းမရှိတဲ့ အဆိုပါမြို့က ဒေသခံတွေက
မကောင်းဆိုးဝါးတွေနေထိုင်တဲမြို့ဆိုပြီး Ghost Town လို့ခေါ်ဆိုထားခြင်း
ဖြစ်ပါတယ်၊

ယခုလက်ရှိမှာတော့ ဂျပန်အစိုးရက နိုင်ငံခြားသားတွေသွားရောက်လည်ပတ်
ရန်ပြန်လည်ဖွင့်လှစ်ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့
ရှေးဟောင်းမြို့အဖြစ် ယနေ့တိုင်တည်ရှိနေပါတယ်၊

Ref::: Khun Nay(Latest Cars) 
ဂျပန်နိုင်ငံရေပိုင်နက်မှာတည်ရှိတဲ့ ကျွန်းမြို့ငယ်လေးဖြစ်ပါတယ်၊Hasima လို့ခေါ်တဲ့ အဆိုပါ ကျွန်းဟာ ဆိုရင် စုစုပေါင်းအကျယ် ၁ကီလိုမီတာ ဝန်းကျင်သာ ကျယ်ပြန်ပါတယ်။

တိုက်ကြီးများဖလား ဗိုလ်လုပွဲကျင်းပစဉ် ဘရာဇီးရဲများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့၌ အိမ်ရှင်ဘရာဇီးအသင်းနှင့် စပိန်အသင်းတို့သည် တိုက်ကြီးများ ဖလား နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားနေကြစဉ် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့သည်ဟု ဇူလိုင် ၁ ရက် ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ မာရာကာနာ ဘောလုံး

GSM နဲ့ WCDMA မြန်မာငွေနဲ့ နိုင်ငံခြားကို ခေါ်လို့ရပြီ

ဂျီအက်စ်အမ်နဲ့ ဒဗလျူစီဒီအမ်အေ (သရီးဂျီ) စနစ်သုံး မိုဘိုင်းဖုန်းတွေ ယနေ့ စတင်ပြီး မြန်မာငွေ နဲ့ပဲ နိုင်ငံခြားကို တိုက်ရိုက်ခေါ်နိုင်ပြီ ဖြစ်ပါတယ်။ ခေါ်ဆိုခနှုန်းထားတွေကတော့ ယခင်အက်ဖ်အီးစီ

ရန်ကုန်တွင် တစ်ရက်တည်း လူသေဆုံးမှု ခြောက်မှုဖြစ်

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် လေးခုတွင် ဇွန်လ ၃၀ ရက်နေ့က လူသေဆုံး မှု ခြောက်မှု ဖြစ် ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

မန်ယူခေတ်သစ်ကို စတင်ပုံဖော်တော့မည့် မိုယက်စ်ကို ဗြိတိန်မီဒီယာများ စိတ်ဝင်တစားစောင့်ကြည့်

Photo: မန်ယူခေတ်သစ်ကို စတင်ပုံဖော်တော့မည့် မိုယက်စ်ကို ဗြိတိန်မီဒီယာများ စိတ်ဝင်တစားစောင့်ကြည့်
Tueday, July 02, 2013

မန်ယူအသင်း ကို ၂၇ နှစ်တာပဲ့ကိုင်ကာ အင်္ဂလန် ပရီးမီးယားလိဂ်တွင်သာမက ကမ္ဘာ့ ချန်ပီယံဖလား၊ ဥရောပချန်ပီယံ ဖလားများရရှိစေခဲ့သည့် နည်းပြ ကြီးဖာဂူဆန်နေရာကို ဆက်ခံ မည့် ဒေးဗစ် မိုယက်စ် ၏ မန်ယူ ခေတ်သစ်နေ့ရက်မှာ ယနေ့(ဇူလိုင် ၁ရက်)က စတင်ပြီဖြစ်သည်။ ပရီးမီးယားလိဂ်ဘောလုံး လောက၏ အောင်မြင်မှုအရှိဆုံး ဂုဏ်ပုဒ်ကို ဖာဂူဆန်ရယူပေးခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် မန်ယူပုံရိပ်ကို ဖြန့် ကြက်နိုင်ခဲ့ရာ ၎င်းနေရာ ကို ဆက်ခံမည့် ဒေးဗစ်မိုယက်စ်၏ မန်ယူ ပထမဆုံးနေ့ရက်မှစတင် ကာ ဗြိတိန်မီဒီယာများစောင့်ကြည့် မေးခွန်းထုတ်လာခဲ့ပြီဖြစ်သည်။

ပရီးမီးယားလိဂ်တွငှ်စန- ခငေူ ဥညနဟု ခေါ်ဝေါ်နိုင်ခဲ့သည့် မော်ရင်ဟိုက ချဲလ်ဆီးနှင့် တစ် ကျော့ပြန်လာကာ ပရီးမီးယား လိဂ်နှင့် ချန်ပီယံလိဂ်ကိုပစ်မှတ် ထားလာခြင်း၊ မြို့ခံပြိုင်ဘက်ကြီး မန်စီးတီးက မာလာဂါ၊ ဗီလာရီး ရဲလ်တို့နှင့် ချန်ပီယံလိဂ်တွင်စွမ်း ဆောင်ရည်ကောင်းမွန်မှုကို ပြ သခဲ့သည့် နည်းပြပယ်လီဂရီနီကို ခန့်အပ်ခဲ့သလို အပြောင်းအရွှေ့ ဈေးကွက်တွင်လည်း ထိပ်တန်း အရည်အသွေးရှိ ကစားသမား ကို ခေါ်နိုင်ခဲ့ခြင်း၊ ဖာဂူဆန်၏ပြိုင်ဘက်ဟောင်းကြီး အာစင် ဝင်းဂါးက ပရီးမီးယားလိဂ်တွင် ဖလားရည်မှန်းချက်ကို အကောင် အထည်ပြန်ဖော်လာခဲ့ရာ ဒေးဗစ် မိုယက်စ်ကို စိန်ခေါ်စရာများပြည့် နှက်နေခြင်းပင်ဖြစ်သည်။

ဒေးဗစ်မိုယက်စ်၏ မန်ယူ ခေတ်သစ်နှင့်ပတ်သက်၍ွှ့နှကည သတင်းစာ အားကစားသုံး သပ်သူ ဟာရီရက်ဒ်နပ်က ပရီးမီး ယားလိဂ်ဖလားကို ရည်မှန်းလာ သည့် ငါးသင်းထဲမှ နည်းပြသစ် သုံးဦး၏အသင်းများမှာ ဖလား ရရေး စိန်ခေါ်မှု က အလွန်ကြီးမား လိမ့်မည်ဖြစ်ကြောင်း၊ အထူးသ ဖြင့် မြို့ခံပြိုင်ဘက်မန်စီးတီး၏ ယမန်နှစ်အငြှိုးက မန်ယူကို ဘော လုံးရာသီသစ်တွင် အခက်ကြုံလာ နိုင်စရာရှိကြောင်း၊ ချဲလ်ဆီးနှင့် မန်စီးတီးအသင်းများက ထိပ်တန်း အရည်အသွေးရှိကစားသမားများ ဖြင့် အင်အားသွေးသစ်လောင်း နေသော်လည်း အပြောင်းအရွှေ့ ဈေးကွက်တွင် ခြေငြိမ်နေသည့် မန်ယူအနေဖြင့် နာမည်ကြီးကစား သမားများကိုခေါ်ပြီး ပရီးမီးယား လိဂ်ချန်ပီ ယံကို ကာကွယ် ရန် ပြင်ဆင်သင့်ကြောင်း သုံးသပ်ခဲ့သည်။

ထို့အပြင် မန်ချက်စတာ ညနေခင်းသတင်းစာက ရူနီနှင့် ရှေ့ဆက် မည်သို့လုပ်ဆောင်မည် နည်း၊ ရီးရဲလ်အနာဂတ် မရေမရာ ဖြစ်လာသည့် စီရော်နယ်ဒိုနှင့် ပြန် လည်ပေါင်းထုတ်ရေးဇာတ်လမ်း၊ ထွက်ခွာသွားခဲ့သည့် လက်ထောက် နည်းပြများ၊ ပထမအသင်းနည်း ပြများနေရာကို အစားထိုးသူများ က မန်ယူအသင်းသားများနှင့် အထိုင်ကျစေရန် မည်သို့ဆောင် ရွက်သွားမည်နည်း၊ ရာသီအစပွဲ ကျပ်များကို မည်သို့ဖြေရှင်းသွား နိုင်မည်ကို မေးခွန်း ထုတ် ခဲ့သည်။

Yangon Media Group
မန်ယူအသင်းကို ၂၇ နှစ်တာပဲ့ကိုင်ကာ အင်္ဂလန် ပရီးမီးယားလိဂ်တွင်သာမက ကမ္ဘာ့ ချန်ပီယံဖလား၊ ဥရောပချန်ပီယံ ဖလားများရရှိစေခဲ့သည့် နည်းပြ ကြီးဖာဂူဆန်နေရာကို ဆက်ခံ မည့် ဒေးဗစ် မိုယက်စ် ၏

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား တစ်နှစ် နီးပါးကြာသည်အထိ ပြဋ္ဌာန်းနိုင်ခြင်းမရှိသေး

အများပြည်သူသိရှိရန် နိုင်ငံပိုင်သတင်းစာမှတဆင့် ၂၀၁၂ ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့ တွင် ဖော်ပြ ခဲ့သော လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းအား တစ်နှစ် နီးပါး ကြာသည်အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(နေပြည်တော် ဇူလိုင် ၂)

မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံရဲ့  လက်ရှိအခြေအနေများကို  မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း  ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်းဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်
---------------------
ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးများအနက် ပြည်သူတွေရဲ့ အဓိက လိုအင်ဆန္ဒ တစ်ရပ်ဖြစ်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ဖို့ ခေတ်မီအမျိုးသား စီးပွားပုံစံချခြင်းဆိုတဲ့ ဖြစ်စဉ်ကို ကြိုးပမ်းအကောင်အထည် ဖော်နေတာကို မိဘပြည်သူများ သိရှိကြပြီးဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုများရဲ့ ဆောင်ရွက်မှုတစ်ခုအဖြစ် မြန်မာနိုင်ငံကို ကမ္ဘာ့ ဈေးကွက်နဲ့ ပြန်လည် ချိတ်ဆက်နိုင်ဖို့နဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ အကြောင်း ပိုမိုသိရှိလာစေဖို့ဆိုတဲ့  ရည်ရွယ်ချက်နဲ့  အရှေ့အာရှ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။  

ဒီဖိုရမ်ကို မြန်မာနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပ တာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံတကာက ထင်ရှားတဲ့ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်များ၊ ပညာရှင်များ စုံစုံလင်လင်နဲ့ တက်ရောက်သူအများဆုံး၊  အစည်ကားဆုံး ဖိုရမ်အဖြစ် ကျင်းပနိုင်ခဲ့တာကလည်း ကျွန်တော်တို့ နိုင်ငံအတွက် ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။ ဒီဖိုရမ်ကို တက်ရောက်လာကြတဲ့ ကမ္ဘာတစ်လွှားက ထင်ရှားကျော်ကြားတဲ့  နိုင်ငံရေး၊  စီးပွားရေး ခေါင်းဆောင်များနဲ့  အနာဂတ် နိုင်ငံတကာ ဆက်ဆံရေးမှာ  အရေးပါလာမယ့် လူငယ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးများနဲ့ ပတ်သက်ပြီး တက်တက်  ကြွကြွပါဝင် ဆွေးနွေးခဲ့ကြတာကို  မိဘပြည်သူများ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ 

ဒီအချက်ဟာ ကျွန်တော်တို့ ကမ္ဘာ့အသိုင်းအဝိုင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ္ဘာကြီးကလည်း အထူးစိတ်ဝင်တစား ရှိနေတယ်ဆိုတာကို  သက်သေပြနေတာ ဖြစ်ပါတယ်။  ဖိုရမ်ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ ပေါင်းစည်းဆောင်ရွက်ခြင်းရဲ့ အားတွေဆိုတဲ့ ရည်ရွယ်ချက်ဟာလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊  သဘာဝ သယံဇာတများ မျှဝေသုံးစွဲရေးစတဲ့ ဖြစ်စဉ်တွေနဲ့လည်း တိုက်ဆိုင်နေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ 

ဒီဖိုရမ် ဖြစ်မြောက်ရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြတဲ့ တာဝန်ရှိသူများ၊ ပညာရှင်များ၊  ဝန်ထမ်းများနဲ့  စေတနာ့ ဝန်ထမ်း  တက္ကသိုလ်ကျောင်းသူ ကျောင်းသားများရဲ့   ဝါယမစိုက် ဆောင်ရွက်မှုတွေကို ကျွန်တော့်အနေနဲ့ လှိုက်လှဲစွာ အသိ အမှတ်ပြု  ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

မလေးရှားရောက် မြန်မာနိုင်ငံသားများဖြစ်စဉ်
--------------------------------------------
ဇွန်လအတွင်းမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် စိတ်မကောင်းစရာ ဖြစ်ခဲ့ရတဲ့ ကိစ္စကတော့ မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတချို့ တိုက်ခိုက်ခံရတဲ့ ကိစ္စဖြစ်ပြီး ကျွန်တော့်အနေနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့  စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ကြရတဲ့  မိသားစုများနဲ့ ထပ်တူထပ်မျှ  ဝမ်းနည်းမိပါကြောင်း   ဦးစွာပြောကြားလိုပါတယ်။  

ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့အနေနဲ့ သင်ခန်းစာအဖြစ် ရယူရမယ့်ကိစ္စကတော့ နိုင်ငံတွင်းမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး လူတစ်စုရဲ့ အစွန်းရောက် လုပ်ရပ်တွေ၊  မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေအကြား  အမုန်းတရား တိုးပွားအောင် လုပ်ဆောင် မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ် လုပ်ဆောင်မှုတွေကြောင့် ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြထိုင်ကြရတဲ့ ကျွန်တော်တို့ရဲ့  နိုင်ငံသားများကို မလုံခြုံမှုတွေနဲ့ စိုးရိမ်သောကတွေ ဖြစ်စေခဲ့တယ် ဆိုတာပဲဖြစ်ပါတယ်။ 

ကျွန်တော်တို့အနေနဲ့ နိုင်ငံတွင်းမှာ တစ်ဖက်နဲ့တစ်ဖက်ကြား အမုန်း တရားတွေ ကြီးထွားအောင် လှုံ့ဆော်ဆောင်ရွက်မှုတွေကို  ဥပဒေနဲ့အညီ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ဖို့နဲ့ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် ကာကွယ်တားဆီးဖို့  အရှိန်အဟုန်မြှင့် ကြိုးပမ်းကြရမှာဖြစ်သလို ပြည်ပနိုင်ငံများ မှာ ရောက်ရှိနေထိုင်ကြတဲ့ ကျွန်တော်တို့  နိုင်ငံသားများ  အထူးသဖြင့် ပြည်ပမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ မြန်မာများရဲ့  လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့အတွက် ပြည်ပနိုင်ငံများမှာ အခြေစိုက်တဲ့ မြန်မာသံရုံးများရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်တိုးချဲ့ ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း  အထူး ဂရုပြုမိပါတယ်။ 

ဒီဖြစ်ရပ်မှာ မြန်မာ့ရိုးရာ ဓလေ့ထုံးစံ တစ်ခုဖြစ်တဲ့ မိမိတို့အမျိုးသားချင်း စောင့်ရှောက်ကူညီမှု၊  ပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ တစ်ပိုင် တစ်နိုင် ကူညီမှုကနေ ပြည်တွင်းပြည်ပမှာရှိကြတဲ့ လူမှုရေး အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များရဲ့ ထက်သန်တဲ့ စေတနာနဲ့ ကူညီမှုတွေကို တွေ့မြင်ရတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

ILO ပိတ်ဆို့မှု ရုပ်သိမ်းခဲ့ခြင်း
----------------------------- 
အလုပ်သမားကိစ္စရပ်များနဲ့ ဆက်စပ်ပြီး  ကျွန်တော်တို့နိုင်ငံ စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးလို ဖြစ်နေခဲ့တဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ  ရုပ်သိမ်းသွားစေဖို့ ကျွန်တော်တို့ အစိုးရအနေနဲ့ အထူးကြိုးပမ်း ဆောင်ရွက်နေတယ်ဆိုတာ  မိဘပြည်သူများ  သိရှိကြပြီးဖြစ်ပါတယ်။  ယခုလအတွင်းမှာ  အပြည်ပြည်ဆိုင်ရာ    အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ကန့်သတ်မှုများအားလုံးကို  ရုပ်သိမ်းပေးလိုက်ပြီး တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည် အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ 

ကျွန်တော်တို့နိုင်ငံမှာ  ဖြစ်ပေါ်နေတဲ့ အလုပ်ရှင် အလုပ်သမား  အငြင်းပွားမှုတွေကို  စားပွဲ ဝိုင်းမှာ  မျက်နှာစုံညီအဖြေရှာ    ဆွေးနွေးလာနိုင်တာတွေ၊    အလုပ်သမား အခွင့်အရေး ကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ပြဋ္ဌာန်း ကျင့်သုံး လာနိုင်တာတွေ၊ အလုပ်သမား အဖွဲ့ အစည်းတွေ  ဖွဲ့စည်းခွင့် ရလာတာတွေနဲ့   အဓမ္မ လုပ်အားပေးစေခိုင်းမှု  တိုက်ဖျက်ရေးမှာ အောင်မြင်မှု ရရှိလာတာတွေကြောင့် အခုလို ILO   ရဲ့ ကျန်ရှိနေသေးတဲ့ အရေးယူ ပိတ်ဆို့မှုများ အားလုံးကို  ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။ 

အခုလို ILO ရဲ့  တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်နိုင်ငံ  ပြန်ဖြစ်လာတာဟာ  မြန်မာနိုင်ငံရဲ့  စီးပွားရေးဖွံ့ဖြိုးမှုအတွက် သာမကဘဲ မြန်မာအလုပ်သမားများရဲ့ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်ဖို့ များစွာ အထောက် အကူပြုမှာဖြစ်ပါတယ်။

TIME မဂ္ဂဇင်းဖော်ပြချက်
------------------------ 
မြန်မာနိုင်ငံရဲ့ လူအများစု  ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ကမ္ဘာက အထင်အမြင် လွဲမှားစေပြီး မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် အများစုရဲ့ ဘာသာရေး ယုံကြည်မှုနဲ့ အနှစ် သာရများကို ထင်ဟပ်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်အနည်းစုရဲ့ လုပ်ဆောင်မှုတွေကို ဇောင်းပေးဖော်ပြ ထားတဲ့ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနဲ့  ပတ်သက်ပြီး  ပြည်သူများအကြား  အငြင်းပွားမှုတွေ၊  သဘောထားကွဲလွဲမှုတွေနဲ့  စိတ်ထိခိုက်ခဲ့ရမှုတွေ ဖြစ်ခဲ့ကြရတာတွေကို ကြားသိခဲ့ရ ပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ သဘောထား ရပ်တည်ချက်ကတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်း နေတဲ့  အစိုးရတစ်ရပ်အနေနဲ့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးမှာ ပါဝင်သူအားလုံးနဲ့ ပြည်တွင်း ပြည်ပ မီဒီယာများရဲ့ ပြောဆိုရေးသားမှုများထဲမှာ မတူညီသော သဘောထားအမြင်များကို နားလည်လက်ခံပါတယ်။ ကျွန်တော့်အနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်စွာ ရေးသားခွင့် ပြန်လည်ရရှိဖို့နဲ့ အသက်ဝင် ရှင်သန်ရေးကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် နေတယ်ဆိုတာကို သိရှိကြပြီးလည်း ဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့ မြန်မာ့ဓလေ့ထုံးစံ တစ်ရပ်အဖြစ် ခံယူထားကြတဲ့ ''မည်မျှ မှန်ကန်သော ကိစ္စရပ်ပင် ဖြစ်သော်လည်း အများအတွက် အကျိုးမရှိပါက ပြောကြားရန် မသင့်''ဆိုတဲ့ အဆုံးအမအတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားခွင့် တို့ကို ကျင့်သုံးကြတဲ့အခါ မြန်မာ့လူ့အဖွဲ့အစည်း လက်ရှိရောက်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့ လိုသလို အပြုသဘောဆောင်တဲ့ ကျင့်သုံးမှုများဖြစ်ဖို့  လိုအပ်တယ် လို့လည်း အလေးအနက် ခံယူထား ပါတယ်။ 

ဒါကြောင့် တိုင်းမ်မဂ္ဂဇင်းမှာ ပါဝင်တဲ့ ရေးသား ပြောဆိုချက်တွေဟာ အပြုသဘောဆောင်သော ချဉ်းကပ်မှု၊ ပြည်သူလူထု အများစု နားလည် လက်ခံပေးနိုင်မယ့် တင်ပြခြင်းမျိုးနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခများကို ငြိမ်းအေးစေသော ရည်ရွယ်ချက်များဖြစ်အောင် အာရုံစိုက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် နိုင်ငံတကာ မီဒီယာများကို ပြောကြားလိုတာကတော့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့    တခြားမျက်နှာစာ တစ်ဖက် မှာ  ကြီးမားသည့် စိန်ခေါ်မှုများ၊  သမိုင်းဖြစ်ရပ်များ၏ အရိပ်မည်းများနဲ့ မိမိတို့ လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ် မှုများကို အစဉ်ထည့်သွင်း စဉ်းစားစေလိုကြောင်း ပြောကြား လိုပါတယ်။ 

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုများနဲ့ ဒီမိုကရေစီအရေး တည်ဆောက်မှုများကို တိုင်းတာတဲ့အခါမှာ ၂၆ လသာ သက်တမ်းရှိသေးတဲ့ကာလနဲ့ လိုက်လျော ညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုများ
---------------------------------------- 
ဇွန်လအတွင်း ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး အနည်းငယ် ပြောကြားလိုပါတယ်။ ဇွန်လ အတွင်းမှာ RCSS/SSA ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။  KNU အဖွဲ့အစည်းနဲ့ KNPP အဖွဲ့အစည်း များနဲ့လည်း လိုအပ်တဲ့ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကို အထောက် အကူပြု ပံ့ပိုးပေးနိုင်မယ့် ယုံကြည်မှု တည်ဆောက်ခြင်းများကို တိုးမြှင့် နိုင်ခဲ့ပါတယ်။ အခုလို  ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင် မှုမှာ တိုးတက်မှုများ ရရှိလာခြင်းဟာ ကျွန်တော်တို့ ပြည်သူများ လိုလားတောင့်တနေကြတဲ့ ရေရှည်တည်တံ့တဲ့  ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်များ တစ်စတစ်စ ပုံပေါ်နီးကပ်လာပြီ ဆိုတာကို ဝမ်းမြောက်ဖွယ်  တွေ့ရှိရမှာ ဖြစ်ပါတယ်။  

Moving Forward
-------------------
ကျွန်တော့် အနေနဲ့ မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒနှစ်ရပ်ဖြစ်တဲ့ ကောင်းမွန်စွာ စီးပွားရှာဖွေ လုပ်ကိုင်နိုင်ရေးနဲ့ လုံခြုံမှုရှိရှိ ဘဝ ရပ်တည် နေထိုင်နိုင်ရေးဆိုတဲ့ အချက်တွေကို ကောင်းစွာသဘောပေါက်ပြီး နောင် အနာဂတ် မျိုးဆက်တွေအတွက်ပါ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ဘဝတွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ် တစ်ခုကိုရှေးရှုပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

မိဘပြည်သူများ ကျန်းမာကြပါစေ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/07/02/id-3836]
မိဘပြည်သူများခင်ဗျား-

ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြော ကြားနေ ကျ ဖြစ်တဲ့အတိုင်း ဇွန်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြား ရခြင်းဖြစ် ပါတယ်။

တစ်နိုင်ငံလုံး၌ တာဝါတိုင် တစ်သောင်း စိုက်မည်ဖြစ်ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှုများကို ၂၀၁၄ ဧပြီမှ ဇွန်လအတွင်း စတင်နိုင်မည်ဟု Telenor ပြောကြား

7.1.9
ပါကစ္စတန်နိုင်ငံအတွင်းရှိ Telenor ဆက်သွယ်ရေး ကုမ္ပဏီရုံးခွဲ တစ်ခုအား တွေ့ရစဉ် (Photo:Telenor.com)
မြန်မာတစ်နိုင်ငံလုံး၌ တာဝါတိုင်ပေါင်း တစ်သောင်း စိုက်မည်ဖြစ်ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှုများကို

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ စမ်းသပ်ပို့လွှတ်စဉ် ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောကြား

7.1.11
ပိုက်လိုင်းပေါက်နေသဖြင့် မြေတူးစက်ဖြင့် ပြန်လည်တူးဖော်နေစဉ် (ဓာတ်ပုံ- အောင်ရမ္မာ(ကျောက်ဖြူ))
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ စတင်စမ်းသပ် ပို့လွှတ်စဉ်

ခန္ဓာကိုယ်အစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါတစ်မျိုး ရှိသည်ဟု ယူဆရသူ အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအား စစ်ဆေးကုသပေးမည်

7.1.15
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူ ကိုဝင်းဇော်ဦးအား အထူးကု ဆရာဝန်ကြီးများနှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ထုံးပေါက်ချိုင် ကျေးရွာရှိ ကိုဝင်းဇော်ဦး အရပ် ၇ ပေ ၁၀