Wednesday, September 30, 2015
အမျိုးသားဒီမိုကရေစီအင်အားစုပါတီက မန္တလေးမြို့အနှံ့ အလှပြယာဉ်များဖြင့် စတင်မဲဆွယ်
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) က မန္တ လေးမြို့တွင် ပထမဆုံးမဲဆွယ် စည်းရုံးရေးလှုပ်ရှားမှုများကို အ လှပြယာဉ်များဖြင့် စက်တင်ဘာ ၂၉ ရက်က စတင်ခဲ့ကြောင်း သ တင်းရရှိသည်။
‘‘အမျိုးသားရေးကို ဦးထိပ် ထားမည်’’ဟူသော ဆောင်ပုဒ် ရေးဆွဲထားသည့် အလှပြယာဉ် များဖြင့် မန္တလေးမြို့အနှံ့ လှည့် လည်မဲဆွယ်စည်းရုံးခဲ့ပြီး နောက် ရက်များတွင် မန္တလေးတိုင်းဒေသ ကြီးရှိ အခြားမြို့နယ်များသို့ ဆက် လက် မဲဆွယ်စည်းရုံးမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၏ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးကျော်အောင်က ပြောသည်။
‘‘ကျွန်တော်တို့ အဓိက ပြော တာကတော့ အမျိုးသားရေးကို လည်း ဦးထိပ်ထားတယ်။ ဒီမိုက ရေစီအရေးကိုလည်း အလေး ထားမယ်ဆိုပြီး မဲဆွယ်စည်းရုံးပါ တယ်။ ဒီမိုကရေစီရေးနဲ့ အမျိုး သားရေး နှစ်ခုစလုံး အတူယှဉ်တွဲ သွားနိုင်မှ မြန်မာနိုင်ငံရဲ့ အနာ ဂတ်က လှပမှာဖြစ်ပါတယ်’’ဟု ဦးကျော်အောင်ကပြောသည်။
စံချိန်တင် မူးယစ်ဆေးဝါးအမှုတွင် ဖမ်းမိထားသူများသည် သန်းနှင့်ချီသော စိတ်ကြွဆေးများ ပြည်ပသို့ နှစ်ကြိမ်တိုင် ပို့ဖူးသူများဖြစ်နေ
စံချိန်တင်ဖမ်းမိသည့်မူး ယစ်ဆေးဝါးအမှုတွင် ဖမ်းဆီးစစ် ဆေးခံနေရသည့် ကုမ္ပဏီတာဝန် ရှိသူများသည် ထိုအမှုမတိုင်မီ အရေအတွက် သန်းနှင့်ချီသည့် စိတ်ကြွဆေးပြားများကို ပြည်ပ နိုင်ငံများသို့ နှစ်ကြိမ်တိုင် ကုန်သွယ်ရောင်းဝယ်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။
မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ ဝင်းအတွင်း ကားတစ်စီးပေါ်မှ WY စိတ်ကြွဆေးပြား ၂၆ ဒသမ ၇ သန်းကို ပြီးခဲ့သည့် ဇူလိုင်အ တွင်းက ပိုင်ရှင်မဲ့ဖမ်းမိပြီးနောက်ယင်းအမှုနှင့်ဆက်စပ်သည့်စီးပွား ရေးလုပ်ငန်းရှင်များကို ရဲတပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေးခဲ့သည်။လက်ရှိအချိန်တွင် ကုလား တန်မြစ်ဝှမ်းဒေသဖွံ့ဖြိုးရေးကုမ္ပ ဏီဒါရိုက်တာအပါအဝင် ကိုးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေ ပြီး လွတ်မြောက်နေသူအချို့လည်း ရှိနေသေးသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီးတစ်ဦးက ပြောသည်။ လွတ်မြောက်နေသူ အရေအတွက်နှင့် ဖမ်းဆီးထားသူများအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လုံခြုံရေးအခြေအနေအရ မပြောနိုင်သေးဟု ဆိုသည်။‘‘စစ်ဆေးချက်အရ သူတို့ တွေက ဒီမတိုင်ခင်မှာ နှစ်ကြိမ် အရောင်းအဝယ် လုပ်ခဲ့သေး တယ်။ ပြည်ပနိုင်ငံတွေကိုပေါ့။ ရေကြောင်းရော ကုန်းလမ်းပါ အ သုံးပြုပြီး တခြားနိုင်ငံတွေကို ပို့ခဲ့ တာ’’ဟု ဒုတိယရဲမှူးကြီးက ပြောသည်။
ရွေးကောက်ပွဲမသမာမှုများကို အွန်လိုင်းမှတစ်ဆင့် ပြည်သူထံတင်ပြရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား
ရွေးကောက်ပွဲသတင်း များနှင့် ရွေးကောက်ပွဲမသမာမှု များကို NLD အောင်နိုင်ရေးအွန် လိုင်းလှုပ်ရှားမှုမှတစ်ဆင့် ပြည်သူ ထံသို့တင်ပြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ကို အစည်း အဝေးတွေမှာ သေသေချာချာမှာ တာပါ’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုသုတေသနလမ်း ညွှန်အဖွဲ့အတွင်းရေးမှူး ကိုမျိုး ရန်နောင်သိန်းက ပြောသည်။
သို့ဖြစ်ရာ ပြည်သူများအနေ နှင့် ရွေးကောက်ပွဲဆိုင်ရာအချက် အလက်များနှင့် မသမာမှုများကို NLD အောင်နိုင်ရေး အွန်လိုင်းလှုပ် ရှားမှု၊ Myo Yan Naung Thein နှင့် Nay Moe Aung လူမှုကွန်ရက်စာမျက်နှာ (Facebook) များသို့ စာရိုက် (Message) ပေးပို့နိုင် ကြောင်း ၎င်းက ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာမိုဘိုင်းအက်ပလီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များ ထွက်ပေါ်ရန်ရှိ
လာမည့်ရွေးကောက်ပွဲ ကို ပြည်သူများ စိတ်ပါဝင်စားလာ စေရန်၊ အမတ်လောင်းများ၏ အ ကြောင်းများကို လွယ်ကူစွာ သိရှိ စေရန် ရည်ရွယ်၍ မိုဘိုင်းအက်ပ လီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များကို မကြာမီမိတ် ဆက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ပြည်သူ အများစုသည် မိမိဒေသရှိ အမတ် လောင်းများကိုပင် မသိရှိခြင်းများ ဖြစ်ပေါ်နေ၍ ရွေးကောက်ပွဲဆိုင် ရာအချက်အလက်များကို ထည့် သွင်းထားသည့် အက်ပလီကေး ရှင်း၊ ၀က်ဘ်ဆိုက်များ ထွက်ပေါ်စေရန် မဲပေးစို့ပြိုင်ပွဲ ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း ဖန်တီးရာမှ TechProgram Manager ကိုသီဟ အေးကျော်က ပြောသည်။
‘‘မဲပေးတဲ့သူတွေအတွက် အဆင်ပြေသွားအောင် ဘယ်သူ့ ကို မဲပေးရမလဲ၊ ဘယ်လိုမဲပေးရ မလဲဆိုတာ လေးတွေပါဝင်တာ ပေါ့’’ဟု ၎င်းက ရှင်းပြသည်။
မဲပေးစို့အမည်ရှိ အက်ပလီ ကေးရှင်းနှင့် ၀က်ဘ်ဆိုက်ရေးဆွဲ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၃၀ထဲ မှ ဆန်ခါတင်စာရင်းရွေးထုတ် ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် ဂုဏ်ပြုအသိအမှတ်ပြုဆု လေးဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအား စွဲဆိုထားမှုပယ်ဖျက်ရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားမည်
သပိတ်မှောက်ကျောင်း သားနှင့် ၀န်းရံပြည်သူများအား စွဲ ဆိုထားသည့်အမှုကို ပယ်ဖျက် ပေးရန် ပဲခူးတိုင်းဒေသကြီး တရား လွှတ်တော်သို့ အောက်တို ဘာလဆန်းတွင် လျှောက်ထား မည်ဟု တရားခံရှေ့နေများထံမှ သတင်းရရှိသည်။
သပိတ်မှောက်ကျောင်းသား များနှင့် ၀န်းရံပြည်သူများကို ဖြို ခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ အမှုဖွင့် ခြင်းနှင့် တရားစွဲဆိုခြင်းသည် ဥပဒေနှင့် မညီသောကြောင့် အမှု ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၁(က)အရ ပယ်ဖျက်ပေး ရန် သြဂုတ် ၁၈ ရက်တွင် သာယာ ၀တီမြို့နယ်တရားရုံး၌ လျှောက် ထားခဲ့ပြီး အဆိုပါလျှောက်ထား ချက်သည် သာယာဝတီမြို့နယ် တရားရုံးတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိ သောကြောင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ဆက်လက် တင်ပြရန် စီစဉ်ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှ မျိုးမြင့်က ပြောသည်။
Tuesday, September 29, 2015
မင်းကွန်းဒေသသို့ နိုင်ငံခြားသားဧည့်ဝင်ကြေးတိုးမြှင့်ကောက်ခံမည်
ဆီးရီးယားတွင် အမေရိကန်နှင့် ပူးပေါင်းပြီး အိုင်အက်စ်တို့ကို တိုက်ရန် စဉ်းစားနေဟု ပူတင် ပြောကြား
အမေရိကန် သမ္မတ ဘာရတ် အိုဘားမားနှင့် တွေ့ဆုံခဲ့သည့်နောက် ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို လေကြောင်းမှ ပူးပေါင်းတိုက်ခိုက်ရန် အလေးအနက် စတင်စဉ်းစားနေပြီဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်သည်။
အမေရိကန်နှင့် မဟာမိတ် နိုင်ငံများသည် ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ် ပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်နေသော်လည်း ဆီးရီးယား အစိုးရနှင့် ပူးပေါင်းမှု မရှိချေ။ ယခုအခါ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်၏ အဓိက မဟာမိတ်ဖြစ်သည့် ရုရှားနိုင်ငံသည် အိုင်အက်စ်တို့ကို ချေမှုန်းရေး စစ်ပွဲတွင် ဆီးရီးယားကို လက်နက်များ စတင် ထောက်ပံ့နေပြီဖြစ်ရာ အမေရိကန်က ယင်းအခြေအနေကြောင့် အရှုပ်အထွေးများ ဖြစ်လာမည်ကို စိုးရိမ်လျက် ရှိသည်။
Monday, September 28, 2015
ရေဘေးသင့်ဒေသမှလွဲ၍ ကျန်ဒေသများတွင် မဲစာရင်းကြေညာရက် ထပ်တိုးရန်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြော
နောက်ဆုံးအကြိမ်ထုတ်ပြန်ထားသော မဲစာရင်းကို ရေ ဘေးကြုံတွေ့ခဲ့ရသည့် တိုင်းဒေ သကြီးနှင့် ပြည်နယ်အချို့ရှိ နေ ရာများမှလွဲ၍ ကျန်နေရာများ တွင် ရက်ထပ်မံတိုးမြှင့်ပြီး ကြေ ညာပေးရန် အစီအစဉ်မရှိတော့ ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ထံမှ သိရ သည်။
‘‘ကျွန်တော်တို့မှားရင်ပြင်ဖို့၊ မပါသေးရင် လျှောက်ဖို့ အချိန်လုံ လုံလောက်လောက်ပေးခဲ့ပါ တယ်။ သဘာဝဘေးသင့်ခဲ့တဲ့နေ ရာတွေကလွဲရင် ကျန်တာတွေကို တော့ ရက်တိုးပေးဖို့ မရှိတော့ပါ ဘူး’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးက ပြောသည်။
မဲစာရင်းတွင် မှားယွင်းမှုများ ကို နောက်ဆုံးအကြိမ်အဖြစ် ပြင် ဆင်ခွင့်ပေးသော မဲစာရင်းကို ယခုလ ၁၄ ရက်မှ ၂၇ ရက်အထိ ၁၄ ရက်ကြာ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေးခဲ့သည်။
စစ်ကိုင်းတိုင်းမှ ရေဘေးသင့် ဒေသအချို့တွင် မဲစာရင်းကို အောက်တိုဘာ ၂ ရက်အထိ ကြေညာထားမည်ဟု တိုင်းကော်မရှင်ပြော
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရေကြီးနစ်မြုပ်ခဲ့သော ဒေသများ၌ နောက်ဆုံးအကြိမ် ထုတ်ပြန်ရမည့် မဲစာရင်းကြေညာ ချိန်နောက်ကျခဲ့၍ မဲစာရင်း ကြည့်ရှုနိုင်မည့်ရက်ကို အောက် တိုဘာ ၂ ရက်အထိ တိုးမြှင့်ပေး ထားကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်ရုံး မှ သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မြို့နယ် ငါးမြို့နယ်၊ ကျေး ရွာအုပ်စု ၈၀ နှင့် ကျေးရွာ ၂၆၅ ရွာတွင် ရေကြီးနစ်မြုပ်ခဲ့၍ စက်တင်ဘာ ၁၄ ရက်၌ တစ်ပြိုင်နက် တည်းမဲစာရင်းကြေညာနိုင်ခြင်း မရှိဘဲ စက်တင်ဘာ ၁၈ ရက်မှ စတင်ကြေညာနိုင်ခဲ့ခြင်း ဖြစ် သည်။
ကျန်မြို့နယ်များတွင်မူ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် စက် တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အ ထိ မဲစာရင်းများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။
တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲများ ကျဉ်စက်တုတ် စတင်အသုံးပြု
တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၂၇ ရက်တွင် လက် ကိုင်ကျဉ်စက်တုတ်များစတင်အ သုံးပြုကိုင်ဆောင်ခွင့်ပေးခဲ့ကြောင်းအမှတ် (၁၅) ယာဉ်ထိန်းရဲဒုတပ် ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။‘‘အဓိကကတော့ တပ်ဖွဲ့ဝင် တွေရဲ့ လုံခြုံရေးအတွက် အထက် က ထုတ်ပေးတာပါ’’ဟု အမှတ် (၁၅) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ခံအရာရှိ ဒုရဲမှူး ထွန်းထွန်းအောင်က ပြောသည်။စက်တင်ဘာ ၂၇ ရက်မှစ တင်၍ တောင်ကြီးမြို့တွင် ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင် ၃၀ ဦးကို လက် ကိုင် ကျဉ်စက်တုတ်များ စတင် ကိုင်ဆောင်ခွင့်ပေးထားပြီး ရှမ်း ပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၄၀ ဦးအား အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။
ဘုန်းကြီးနှင့် သီလရှင်အယောင်ဆောင် လိမ်လည်အလှူခံသည့် အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျူးကျော်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင်ငှားရမ်းနေထိုင်ပြီး သင်္ကန်းများ၊ သီလရှင်ဝတ်စုံများဝတ်ဆင်၍ လိမ်လည်အလှူခံနေသည့် အမျိုးသားရှစ်ဦးနှင့်အမျိုးသမီးသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ပြင်ဦးလွင် မြို့မရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။မိုးကုတ်ကျောင်းဆရာတော် နှင့် အခြားသံဃာတော်များက ကျူးကျော်ရပ်ကွက်တွင် ငှားရမ်း နေထိုင်သူများကို သွားရောက် ဖမ်းဆီး၍ ရဲစခန်း လာရောက်ပို့ ဆောင်ခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စ ခန်းမှ အကြီးတန်းရဲအရာရှိတစ်ဦး ကပြောသည်။‘‘ကျွန်တော်တို့ ဖမ်းတာမ ဟုတ်ဘူး။ မိုးကုတ်ကျောင်းဆရာ တော်ကနေ ဖမ်းဆီးပြီး စခန်းကို လာပို့တယ်။ ရဲအရေးမပိုင်မှုဖြစ် တဲ့အတွက်တရားရုံးကို ဦးတိုက် လျှောက်ထားပြီး စခန်းမှာချုပ် ထားတယ်’’ဟု ၎င်းကထပ်မံပြော ကြားသည်။
ရုရှနှင့် အက်စတိုးနီးယား နှစ်နိုင်ငံပိုင်းခြားထားသည့် တံတားပေါ်တွင် အကျဉ်းသားလဲလှယ်
ရုရှနှင့် အက်စတိုးနီးယားတို့မှာ နှစ်နိုင်ငံကို ပိုင်းခြားထားသည့် တံတားတစ်စင်းပေါ်တွင် သူလျှိုအကျဉ်းသားနှစ်ယောက်ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
ပြီးခဲ့သည့်လက အက်စတိုးနီးယား လုံခြုံရေးအရာရှိ အက်စတန် ခိုဗာကို ရုရှက ထောင်၁၅နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၎င်းကို ၂၀၁၂ခုနှစ်က အက်စတိုးနီးယားတွင် မော်စကိုအတွက် သူလျှိုလုပ်ပေးမှုစွဲချက်များဖြင့် ထောင်ချခံခဲ့ရသည့် အလက်ဆဲ ဒရက်ဆင်နှင့် လဲလှယ်ခဲ့ခြင်းပင် ဖြစ်သည်။
ဆီးရီးယားရှိ အိုင်အက်စ်များကို ပထမဆုံးလေကြောင်းတိုက်ခိုက်မှု ပြင်သစ်စတင်ဆင်နွှဲ
ဆီးရီးယားနိုင်ငံတွင်းက အိုင်အက်စ်စစ်သွေးကြွများကို ပြင်သစ်နိုင်ငံက ပထမဆုံးလေကြောင်းတိုက်ခိုက်မှုကို စတင်ဆင်နွှဲပြီဖြစ်သည်။
ထောက်လှမ်းရေးလေယာဉ်များ ရှာဖွေထားသည့် ပစ်မှတ်များကို ပြင်သစ်လေယာဉ်များက စတင်လေကြောင်း ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။
ပြင်သစ်ဂျက်တိုက်လေယာဉ်များက အိုင်အက်စ်ပစ်မှတ်များကို အီရတ်နိုင်ငံတွင်း လေကြောင်းထိုးစစ် ဆင်နွှဲလျက်ရှိပြီးလည်းဖြစ်သည်။
“ဘယ်မောင်းလား၊ ညာမောင်းလား၊ စနစ်မရှိတဲ့ တိုင်းပြည် ”
အခုရက်ပိုင်း ကားတင်သွင်းသူတွေကြား၊ ကားအရောင်းအ၀ယ် လုပ်သူတွေကြား ကားပွဲစားတွေကြားမှာ အပြောဖြစ်ဆုံး အကြောင်းအရာကတော့ သိပ်မကြာသေးခင်တုန်းကမှ သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ မော်တော်ယာဉ် ဥပဒေ ပါပဲ။ တကယ်တော့ အဲဒီ ဥပဒေထဲမှာ ပါသင့်ပါထိုက်တဲ့ မူဝါဒ ဆိုင်ရာ အချက်အလက်ကြီးတွေတောင် မပါပါဘူး။ ဒါပေမယ့်လည်း ကားလုပ်ငန်းနဲ့ စီးပွားရှာနေကြသူတွေအတွက်ကတော့ ဒီ ဥပဒေနဲ့ မကြာမီ ထွက်ပေါ်လာမယ့် နည်းဥပဒေဟာ အသက်တမျှ အရေးကြီးနေပါတယ်။ အကြောင်းကတော့ ကိုယ်ကျိုးစီးပွားတွေနဲ့ ဆက်စပ်နေလို့ပါ။ အဲဒီအထဲ နောင်အခါ ဘယ်ဂိုင်းကား ပဲ သွင်းရတော့မလား၊ ပြည်တွင်းမှာ ရောက်နေပြီးသား ညာဂိုင်းကားတွေကို ဘာဆက်လုပ်ရမလဲ စတဲ့ မေးခွန်းတွေကလည်း အတော်လေးကို ကျယ်လောင်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။
Sunday, September 27, 2015
ပထမဆုံး ဖမ်းဆီးသူသည် နတ်ကွန်းဗုံးခွဲသည့် အဓိက တရားခံဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ကြေညာ

ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ပတ်သက်၍ ပထမဆုံး ဖမ်းဆီးခဲ့သည့် သံသယတရားခံသည် ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သွားခဲ့သည်။
ပြီးခဲ့သည့်လက ဘန်ကောက်ရှိ လူစည်ကားရာ ဟိန္ဒူနတ်ကွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ သေဆုံးပြီး ရာနှင့်ချီ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ အမှုနှင့် စပ်လျဉ်း၍ မသင်္ကာသူ နိုင်ငံခြားသား အချို့ကို ထိန်းသိမ်း စစ်ဆေးနေပြီးနောက် တစ်ဦးက အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု စက်တင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။
အခွန်ပုံစံမပါဘဲ မော်တော်ယာဉ် အမည်ပေါက် ပြောင်းလဲနိုင်မည်
လက်ဆင့်ကမ်း ရောင်းချနေသည့် မော်တော်ယာဉ်များအတွက် အခွန်ဦးစီးဌာန၏
အခွန်ပုံစ မပါသော်လည်း ပိုင်ရှင်အမည်ပေါက် အဖြစ် ပြောင်းလဲခြင်းကို မကြာခင်
ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန
နေပြည်တော်ထံမှ သိရသည်။
စူပါမော်ဒယ် မင်္ဂလာပွဲ ကောင်းကင်ယံ လေယာဉ်မပျံရဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုလို့ ပြဿနာတွေတက်
အစ္စရေးနိုင်ငံသူ နာမည်ကြီး စူပါ မော်ဒယ် ဘာရာဖေးလီက သူ့မင်္ဂလာဆောင်
ကျင်းပရာ ဟိုတယ် ကောင်းကင်ယံတွင် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးဖို့
မေတ္တာရပ်ခံမှုနှင့် ပတ်သက်ပြီး အစ္စရေး ပို့ဆောင်ရေး ၀န်ကြီးနှင့်
လေကြောင်းပို့ဆောင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးတို့ အငြင်းပွား စကားများစရာ
ဖြစ်ခဲ့ရကြောင်း သိရသည်။
စစ်အာဏာရှင်စနစ် ပြန်ပေါ်မလာအောင် ဘယ်သူ လုပ်နိုင်သလဲ
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး
သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ ပါတယ်။ အဲဒီမှာ ယာယီ စာနယ်ဇင်းကောင်စီ
အဖွဲ့ဝင် ဆရာဖေမြင့်က ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အနေနဲ့ အသက် ၆၀ ပြည့်ရင်
ပင်စင်ယူမှာလား၊ မယူဘူးလား၊ တပ်မတော် စစ်အရာရှိတွေ ဟာ အသက် ၆၀ ပြည့်ရင်
ပင်စင် ယူကို ယူရမှာလား၊ မယူဘဲလည်း ရသလားဆိုတဲ့ မေးခွန်းတစ်ခု
မေးမြန်းခဲ့ပါတယ်။ ဆရာဦးဖေမြင့် မေးတဲ့ မေးခွန်းဟာ စိတ်ဝင်စားဖို့
အလွန်ကောင်းသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဥပဒေချုပ်
ပြန်ရှင်းပြတာကလည်း အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တပ်မတော်
အရာရှိတွေရဲ့ ပင်စင်ယူတဲ့ ကိစ္စ ဘယ်လိုလဲ၊ ဒါဟာ တိုင်းပြည်အ တွက် ဘယ်လို
အကျိုးဆက်တွေ ရှိနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။
တပ်မတော် နှင့် ရဲဝန်ထမ်း မိသားစုများ၏ မဲစာရင်း ရွေးကောက်ပွဲနီးမှ ကြေညာမည်
မဲပေးခွင့်ရှိသူ
တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေရဲ့ မိသားစုဝင် မဲစာရင်းတွေကို
ရွေးကောက်ပွဲကျင်းပကာနီးအချိန်မှ ကြေညာပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး
ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးရဲမြင့်က ဒီဗွီဘီကိုပြောပါတယ်။
နိုင်ငံရေးပါတီတွေအထက်မှာ RCSS/SSA ရှိနေသလား?

ရှမ်းပြည်နယ်တောင်ပိုင်းမြို့ရွာတွေမှာ မဲဆွယ်စည်းရုံးရေးမဆင်းဖို့ RCSS/SSA က တားမြစ်ထားတယ်လို့ ဆိုပါတယ်။ RCSS/SSA က တိုက်ပွဲတွေဖြစ် ပွားနေတဲ့ အတွက် ၎င်းတို့ရဲ့ ထိန်းချုပ်နယ်မြေ ၁၆ မြို့နယ်ထဲမှာ မဲဆွယ်စည်းရုံးခွင့်ကို ပိတ်ပင်လိုက်တာပါ။ အဲဒီလို ပိတ်ပင်ထားမှုကြောင့် SNDP၊ SNLD၊ NLD နဲ့ ပြည်ခိုင်ဖြိုး ပါတီတွေဟာ မြို့ပေါ်မှာသာ စည်းရုံး ခွင့်ရပြီး ကျေးရွာတွေထိဆင်းပြီး မဲဆွယ်ခွင့်မရဘူးလို့ သိရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်လို့ ရက်ပေါင်း ၄၀ ကျော်သာလိုပါတော့တယ်။ RCSS/SSA ရဲ့ပိတ်ပင်မှုကြောင့် ပါတီတွေဟာ ကျေးရွာတွေအထိ မဲဆွယ်ခွင့်မရခြင်းဟာ အလွန်ပဲနစ်နာလှ ပါတယ်။
မိမိနိုင်ငံ ကောင်းစားရေးကို ဦးထိပ်ထားနိုင်ကြစေဖို့
ခုတလော မဲဆွယ်နေကြသည့်
ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ
ကိုယ်စားလှယ်လောင်းများမှာ အနှောင့်အယှက်မျိုးစုံနှင့်
ရင်ဆိုင်နေကြရကြောင်း သတင်းတွေ နားမ ဆန့်အောင် ကြားနေကြရသည်။
ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးအား အမှုဖွင့်
လွန်ခဲ့သည့် ၉ လခန့်က လမ်းခွဲခဲ့သည့်
ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ကွန်ပျူတာတွင်
ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော
တက္ကသိုလ်ကျောင်းသားတစ်ဦးအား မရမ်းကုန်းမြို့မရဲစခန်းတွင်
အမှုဖွင့်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ
စက်တင်ဘာ ၂၅ ရက်တွင် စုံစမ်းသိရှိရသည်။
ကွန်ပျူတာ သုံးစဉ် သင့်မျက်စိကို ဂရုစိုက်ပါ
ကွန်ပျူတာ ၊ ဖုန်းစခရင်မ်တွေကို အကြည့်များတာကြောင့် မျက်စိညောင်းညာ
ဒဏ်ဖြစ်မှု လျော့ပါးစေဖို့. ၂၀-၂၀-၂၀. ဆိုတဲ့ စဉ်းမျဉ်းကို လိုက်နာပါလို့
မျက်စိအထူးကုဆရာဝန်တေက သတိပေး ထားပါတယ်
ဆေးလိပ်သောက်သူများ ထိပ်ပြောင်နိုင်
တစ်နေ့ကို ဆေးလိပ် အလိပ် ၂၀ နဲ့ အထက်
သောက်တဲ့အမျိုးသားတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နိုင်တယ်လို့သိရပါတယ်။
ဦးရေပြားဆီကို သွေးနဲ့ ဟော်မုန်း ရောက်ရှိမှု နည်းတဲ့အတွက်
တအာင်းပလောင် ဒေသထဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေ
ရှမ်းပြည် မြောက်ပိုင်း တအာင်း ပလောင်ဒေသ နေရာ အနှံ့မှာ အခုလ စက်တင်ဘာ ၁၉
ရက် နေ့ ကစပြီး ဒေသခံ တအောင်းပလောင် လက်နက်ကိုင် TNLA နဲ့ အစိုးရတပ်ကြား
တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ် နေပါတယ်။
နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုင်းတုံ၊ မူဆယ် နဲ့ ကွတ်ခိုင် မြို့နယ် တွေ
မှာ အစိုးရ တပ်တွေ နဲ့ ကြား တိုက်ပွဲတွေ၊ ထိတွေ့ ပစ်ခတ်မှု တွေ ဖြစ်ပေါ်
နေတယ် လို့ TNLA က ပြောပါတယ်။
အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ကို အလုပ်ရှင် မလိုက်နာ
ပဲခူးတိုင်း
အင်းတကော် မှာရှိတဲ့ ဟုန်းကယူး Hung Kiu အထည်ချုပ် စက်ရုံမှာ
ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမား သပိတ်ဟာ အလုပ်ရှင်ဘက်က အလုပ်ဝင်ကာစ အလုပ်သမား အသစ်
တွေ ကို တစ်ရက် လုပ်ခ ၁၈၀၀ ကျပ် ပဲ ပေးနေတဲ့ အချက် အပေါ် မပြင်ဆင်
နိုင်ခဲ့ပဲ ပြီးဆုံးခဲ့ ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ က
စလို့ ၃ ရက်တိုင် စက်ရုံရှေ့ ထိုင်သပိတ် မှောက်ခဲ့တဲ့ အလုပ်သမား ၂၀၀၀ ကျော်
ဟာ အစိုးရ က သတ်မှတ် ပြဌာန်းထားတဲ့ အနိမ့်ဆုံး လုပ်ခ တစ်ရက် ၃၆၀၀ ကျပ်
နှုန်း အတိုင်း အလုပ်သမား အားလုံး တပြေးညီ
ရရှိနိုင်ရေး အပါအဝင် ၊ ရက်မှန်ကြေး နဲ့ လုပ်ငန်း ကျွမ်းကျင်ကြေး တွေ ကို
ရရှိနေကျ အတိုင်း အလုပ်ရှင် ဘက်က ပေးဖို့ တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။
KIA အဖွဲ့မှ ကျေးရွာအ၀င်အထွက်လမ်းများတွင် မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိ
ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ အ၀င်အထွက်လမ်းများ၌
စက်တင်ဘာလ ၂၄ ရက်နေ့တွင် KIA အဖွဲ့မှ အစိုးရတပ်များ ၀င်ရောက်
သွားလာလှုပ်ရှားမှု မပြုလုပ်နိုင်စေရန် မိုင်းများထောင်ထားကြောင်း
ယင်းဒေသခံများထံမှ သိရှိရပါသည်။
“ရွာကို KIA အဖွဲ့တွေရောက်လာတယ်၊ ကျေးရွာအ၀င်အထွက်လမ်းတွေမှာ
မိုင်းတွေလိုက်ထောင်တယ်၊ သူတို့ ကတော့ အစိုးရတပ်တွေကို ထောင်တာ
လို့ပြောတယ်၊ မိုင်းထိလိုက်ရင် ဒေသခံတွေပဲလေ၊ သေလိုက်၊ ပြတ် လိုက်၊
မရမ်းကုန်းမြို့နယ်၌ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၅၄ဝဝ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ
ရန်ကုန်တိုင်းဒေသကြီး
မရမ်းကုန်း မြို့နယ် သမိုင်း(၁)ရပ်ကွက် မြို့သစ်(၁) လမ်းထိပ်
ရိုးကြီးချောင်းအတွင်း စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ က
စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
ဆင်းရဲတဲ့နိုင်ငံတွေကို တရုတ်က ကန်ဒေါ်လာ သန်း ၂၀၀၀ လှူမည်

တရုတ်နိုင်ငံက ဖွံဖြိုးဆဲနိုင်ငံတွေကို အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ လှူမယ်လို့
မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးညီလာခံမှာ
သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်ပါတယ်။
ဒါအပြင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံတွေနဲ့
ကျွန်းနိုင်ငံငယ်လေးတွေအပေါ် မှာတင်ရှိနေတဲ့ ကြွေးမြီတွေကိုလည်း
လျော်ပေးမယ်လို့လည်း ကတိပြုခဲ့ ပါတယ်။
ဧရာဝတီ
ဧရာဝတီ
Subscribe to:
Posts (Atom)




