လာမည့်ရွေးကောက်ပွဲ ကို ပြည်သူများ စိတ်ပါဝင်စားလာ စေရန်၊ အမတ်လောင်းများ၏ အ ကြောင်းများကို လွယ်ကူစွာ သိရှိ စေရန် ရည်ရွယ်၍ မိုဘိုင်းအက်ပ လီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များကို မကြာမီမိတ် ဆက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ပြည်သူ အများစုသည် မိမိဒေသရှိ အမတ် လောင်းများကိုပင် မသိရှိခြင်းများ ဖြစ်ပေါ်နေ၍ ရွေးကောက်ပွဲဆိုင် ရာအချက်အလက်များကို ထည့် သွင်းထားသည့် အက်ပလီကေး ရှင်း၊ ၀က်ဘ်ဆိုက်များ ထွက်ပေါ်စေရန် မဲပေးစို့ပြိုင်ပွဲ ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း ဖန်တီးရာမှ TechProgram Manager ကိုသီဟ အေးကျော်က ပြောသည်။
‘‘မဲပေးတဲ့သူတွေအတွက် အဆင်ပြေသွားအောင် ဘယ်သူ့ ကို မဲပေးရမလဲ၊ ဘယ်လိုမဲပေးရ မလဲဆိုတာ လေးတွေပါဝင်တာ ပေါ့’’ဟု ၎င်းက ရှင်းပြသည်။
မဲပေးစို့အမည်ရှိ အက်ပလီ ကေးရှင်းနှင့် ၀က်ဘ်ဆိုက်ရေးဆွဲ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၃၀ထဲ မှ ဆန်ခါတင်စာရင်းရွေးထုတ် ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် ဂုဏ်ပြုအသိအမှတ်ပြုဆု လေးဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။