Monday, March 28, 2016

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်သစ် အမည်စာရင်းများ ထွက်ပေါ်

ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ် အမည်စာရင်းများ လွှတ်တော်များသို့ တရားဝင်တင်သွင်းကြေညာမည့် မတ်လ ၂၈ ရက် မတိုင်မီ တစ်ရက်အလိုကတည်းက ထွက်ပေါ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာလင်းထွဋ်၊ ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ဦးညီပု ဖြစ်လာမည်ဟု သတင်းရရှိသည်။
သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်များက အတည်ပြုကြေညာခြင်း မရှိသေးသော်လည်း သမ္မတသစ်ဦးထင်ကျော်က တာ ၀န်ပေးအပ်မည့် ၀န်ကြီးချုပ်အ မည်စာရင်းပါ စာအိတ်ကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးများတွင် မတ်လ ၂၇ ရက် မွန်းလွဲပိုင်း၌ တံခါးပိတ်အစည်းအ ဝေးပြုလုပ်၍ ဖွင့်ဖောက်အသိပေး ခဲ့ပြီးနောက် ၀န်ကြီးချုပ်အသစ်အ မည် စာရင်းများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

စတော့အိတ်ချိန်းပေါ်လာ၍အိမ်ခြံမြေဈေးကွက်ကျဆင်းလာမည်

မြန်မာနိုင်ငံ၌ စတော့ရှယ် ယာဈေးကွက်ကြီး ပေါ်ပေါက်လာ သဖြင့် အိမ်ခြံမြေဈေးကွက် ကျဆင်းလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
''စတော့အိတ်ချိန်းက စဖွင့်တဲ့ နေ့မှာပဲ ရှယ်ယာပေါင်း ၁၁ဝဝဝဝ ကျော် ရောင်းရတယ်ဆိုတော့ အတော်လေးအားရစရာ ကောင်း ပါတယ်။ အဲဒီနေ့မှာပဲ စတော့အိတ် ချိန်းအတွင်း စီးဝင်သွားတဲ့ ငွေကျပ် ၃ ဒသမ ၅ ဘီလီယံရှိပါတယ်။ ဒီလို စတော့အိတ်ချိန်းအတွင်း ပထမနေ့ မှာပဲ ဘီလီယံနဲ့ချီပြီး စီးဝင်လာ တယ်ဆိုတော့ နောက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက်လည်း ကျဆင်း သွားနိုင်ပါတယ်။ စတော့အိတ်ချိန်း ရဲ့ အဓိကရည်ရွယ်ချက်ကလည်း ဒီကိစ္စတွေပါဝင်ပါတယ်။ စတော့ အိတ်ချိန်းက ရင်းနှီးမြှုပ်နှံ လိုသူတွေအတွက် ကျပ်တည်းမနေ တော့ဘဲ ရင်းနှီးမြှုပ်နှံဖို့ နေရာ တစ်ခုကို ဖန်တီးပေးလိုက်တာပါ'' ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပ သော အခမ်းအနားတစ်ခုတွင် ပြောကြားသည်။
မြန်မာနိုင်ငံ၌ လွန်ခဲ့သော အနှစ် ၂ဝ ကျော်ကတည်းက ရှယ်ယာအရောင်းအဝယ်များ ရှိခဲ့ သော်လည်း တရားဝင်Regu- lated Market မှာ စတော့အိတ် ချိန်းဖွင့်လှစ်ပြီးနောက် ပေါ်ပေါက် လာခဲ့သည်။ မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာများကို မတ် ၂၅ ရက် ကစတင်၍ တရားဝင်လိုင်စင်ရListed ကုမ္ပဏီတစ်ခုဖြစ်သည့် FMI က ရှယ်ယာများ စတင်ထုတ်ရောင်း ခဲ့သည်။
ဧပြီလကုန်ပိုင်းတွင် Listed ကုမ္ပဏီတစ်ခုဖြစ်သည့် သီလဝါ ကုမ္ပဏီကလည်း ရှယ်ယာများစတင်ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက်Listedကုမ္ပဏီခြောက်ခုအထိ တစ်ခုပြီး တစ်ခု ရှယ်ယာများထုတ်ရောင်း သွားရန် စီစဉ်လျက်ရှိသည်။

(၇၁)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် ယာဉ်ယန္တရားများ နေပြည်တော်စစ်ရေးပြကွင်းသို့ ချီတက်စဉ်







တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

(၇၁)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူ ဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

(၇၁)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် အညတရမိုးကောင်းကင် ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ၀တ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ အညတရမိုးကောင်းကင် ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ၀တ္ထုစာမူဆုရရှိသူ စာပေပညာရှင်များ တက်ရောက်ကြသည်။






ရှေးဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တပ်မတော်နေ့ဂုဏ်ပြု အညတရ မိုးကောင်းကင် ဇာတ်လမ်းတွင်ပါဝင်ခဲ့သည့် ဇာတ်ကားဖြစ်မြောက်ရေး တာဝန်ခံ ဗိုလ်မှူးကြီးခင်မောင်ချို၊ ထုတ်လုပ်မှုတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး၊ ၀တ္ထု၊ ဇာတ်ညွှန်းနှင့်ဒါရိုက်တာ ဗိုလ်ကြီးတင်အောင်စိုး၊ စက်မှုနှင့်တည်းဖြတ် ဗိုလ်ကြီး ဗညားအောင်၊ ဒါရိုက်တာနှင့်သရုပ်ဆောင် အကယ်ဒမီဝေဠုကျော်၊ ရုပ်ရှင်သရုပ်ဆောင် များဖြစ်ကြသည့် နေဒွေး၊ အေးမြတ်သူ၊ အကယ်ဒမီ မေသဉ္ဖာဦး၊ အကယ်ဒမီ ယွန်းယွန်း၊ ဂွမ်းပုံ၊ မိုးလရောင်နှင့် ဟန်ဆက်လူလူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ဆက်လက်၍ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်မောင်မောင်အေး က (၇၁)နှစ်မြောက်တပ်မတော်နေ့ စစ်ချီတေးသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော တပ်ကြပ်ကြီးဖုန်းမြင့်၊ ဒုတိယဆုရရှိသော ဒေါ်ခင်မိုးထွေး/မိုးသူ(သုခုမ) ၊ တတိယဆုရရှိသော တပ်ကြပ်ကြီး စောစဲနေကနဲစော၊ နှစ်သိမ့်ဆုရရှိသော ဦးဝေလင်း(ဝေလင်း-သုခုမ) နှင့် တပ်ကြပ်ကြီး ဇော်မျိုးထွန်း၊ စစ်သည်တေးသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဒေါ်ခင်စန္ဒီစိမ့်(အလင်္ကာမေ)၊ ဒုတိယဆုရရှိသော ဗိုလ်ကြီး ဥာဏ်ပိုင်စိုး(စစ်သူ)၊ တတိယဆုရရှိသော တပ်ကြပ်ကြီး ဖုန်းမြင့်၊ နှစ်သိမ့်ဆုရရှိသော ဒေါ်မေသန့်ရွှေ(ငယ်သန့်-သုခုမ)နှင့် ဦးဝေလင်း(ဝေလင်း-သုခုမ) တို့အား ဂုဏ်ပြုဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မိုးမြင့်ထွန်းက ကဗျာတိုပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးမိုးအောင်(မောင်မောင်မိုးအောင်)၊ ဒုတိယဆုရရှိသော ဦးအေးဝင်း(မင်းသစ်ဝင်း- ကျောက်တံခါး)၊ တတိယဆုရရှိသော ဦးမြင့်ငွေ(ချမ်းမြဆောင်း-ကလော)၊ နှစ်သိမ့်ဆုရရှိသော တပ်ကြပ်ကျော်ကျော်(မနောသစ်-ပခုက္ကူ)၊ ကဗျာရှည်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးခင်မောင်ထွန်း(မင်းသွေးနွယ်-ဇီးကုန်း)၊ ဒုတိယဆုရရှိသော ဦးမျိုးဌေး(၀င်းနွယ်-သစ်တော)၊ တတိယဆုရရှိသော ဒေါ်ခိုင်သူဇာဝင်း (ခင်လယ်လယ်ချစ်-မြန်ဂုဏ်)၊ နှစ်သိမ့်ဆုရရှိသော ဗိုလ်မှူးတင်ထွန်း(ငြိမ်း) (မောင်ရင်ငြိမ်း)တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

Friday, March 25, 2016

ဖမ်းဆီးထားသည့် မြောက်ကိုရီးယားပိုင်သင်္ဘောကို ဖိလစ်ပိုင် ပြန်လွှတ်ပေး

ကုလသမဂ္ဂက ပိတ်ပင်ထားသည့်စာရင်းမှ ဖယ်ရှားခံလိုက်ရပြီးနောက် ကြားဖြတ်ဖမ်းဆီးထားသည့် မြောက်ကိုရီးယားပိုင် သင်္ဘောတစ်စီးကို ဖိလစ်ပိုင်အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
လွန်ခဲ့သည့် တစ်လခန့်က ကုလသမဂ္ဂအနေဖြင့် မြောက်ကိုရီးယားအပေါ် တင်းကျပ်စွာပိတ်ပင်မှုများ ပြဋ္ဌာန်းလိုက်ပြီးနောက် မြောက်ကိုရီးယားကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သောသင်္ဘောများကို အဟန့်အတားမရှိ စစ်ဆေးပိုင်ခွင့်ကိုပါ ထည့်သွင်းသတ်မှတ်ခဲ့သည်။ ဖိလစ်ပိုင်က ကုလသမဂ္ဂ၏ ထောက်ခံမှုဖြင့် အဆိုပါကုမ္ပဏီပိုင် သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့သော်လည်း တရားမဝင်ကုန်စည်များ လုံးဝတင်ဆောင်လာမှုမရှိသည့်အတွက် မတ် ၂၄ ရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း တာဝန်ရှိသူများက ကြေညာခဲ့သည်။
တန်ချိန် ၇၀၀၀ နီးပါး တင်ဆောင်နိုင်သည့် Jin Teng ကုန်တင်သင်္ဘောနှင့် မြောက်ကိုရီးယားအမှုထမ်း ၂၁ ဦးကို ဖိလစ်ပိုင် တာဝန်ရှိသူများက စစ်ဆေးခဲ့သည်။ ထို့နောက်တွင်မူ လူဝင်မှု၊ အကောက်ခွန်၊ ကျန်းမာရေးနှင့် ဆိပ်ကမ်းစည်းမျဉ်းများအရ မည်သည့်ငြိစွန်းမှုမျှ မရှိကြောင်း အတည်ပြုနိုင်သဖြင့် မတ် ၂၄ ရက် ညနေပိုင်းတွင် တရုတ်သို့ ဦးတည်ခုတ်မောင်း ထွက်ခွာသွားခြင်း ဖြစ်သည်။
“မူဝါဒပိုင်းအရ Jin Teng ကုန်တင်သင်္ဘောကိုဆက်ပြီး ထိန်းသိမ်းထားစရာ မလိုတော့ပါဘူး”ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအရာရှိ ချားလ်ဟိုဆေးက ဆိုသည်။ သင်္ဘောပေါ်တင်ဆောင်လာသည့် ကုန်စည်များကို ကုလသမဂ္ဂအဖွဲ့အစည်းများက လာရောက် စစ်ဆေးမှု လုံးဝမရှိခဲ့ချေ။

“အမေရိကန်သံအမတ်သစ် ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားမည့် သံအမတ်အသစ် မစ္စတာစကော့မာစီရယ်လ်နှင့်ဇနီးတို့သည့် မြန်မာနိုင်ငံသို့ ယနေ့(မတ်လ ၂၅ရက်) တွင် ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်သံရုံးက ယင်းတို့၏ ဖေ့ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်၏နေရာတွင် ဆက်လက် တာဝန်ထမ်းဆောင်သွားမည့်သူလည်း ဖြစ်သည်။ ယခုရာထူးမတိုင်မီက သံအမတ်ကြီးမာစီရယ်လ်သည်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုတွင် အကြီးတန်းဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ခုနှစ် သြဂုတ် မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ယင်းရာထူးတာဝန်ကို ဝါရှင်တန်၌ မထမ်းဆောင်မီ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် အရှေ့တောင်အာရှနှင့်ဆက်ဆံရေး ကို တာဝန်ယူရသော အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၏ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံရေးရာ သံအမတ်ကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

Thursday, March 24, 2016

(၇၁)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်း

"အညတရမိုးကောင်းကင်"ထုတ်လွှင့်ပြသမည်

မီးလောင်သည့် မန္တလေးမင်္ဂလာဈေးကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်


မန္တလေးမြို့တွင် မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးကို အန္တရာယ်ရှိ အ ဆောက်အုံအဖြစ် သတ်မှတ် ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သတင်း ရရှိသည်။
မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာအသင်း(မန္တလေး)၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တိုင်းအ ဆင့် အင်ဂျင်နီယာများ၊ ဆည် မြောင်းဦးစီးဌာနမှ တိုင်းအဆင့် အင်ဂျင်နီယာများနှင့် နည်းပညာ တက္ကသိုလ်မှ ကထိက အင်ဂျင်နီ ယာများပါဝင်သော အဖွဲ့သည် မီး လောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး အဆောက်အအုံ၏ကြံ့ခိုင်မှုကို မတ်လ ၂၃ ရက်၌ စစ်ဆေးခဲ့ပြီး နောက် အန္တရာယ်ရှိအဆောက် အအုံအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ် သည်ဟု စည်ပင်သာယာတာဝန် ရှိသူများက ပြောကြားသည်။
‘‘ဈေးရဲ့ကြံ့ခိုင်မှုအတွက် အင်ဂျင်နီယာတွေက အာမမခံ ဘူး။ အဲဒါကြောင့် လောလော ဆယ်အန္တရာယ်ရှိ အဆောက်အ အုံအဖြစ် သတ်မှတ်လိုက်တယ်။ အမြင်နဲ့ကြည့်ပြီး ဆုံးဖြတ်ထားတဲ့ သဘောပါ။ နောက်ပြီးရင် မြန်မာ နိုင်ငံ အင်ဂျင်နီယာအသင်း(ရန် ကုန်)နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနမှာရှိတဲ့ စက်ကိရိယာတွေနဲ့ အသေးစိတ်ထပ်မံတိုင်းတာ စစ် ဆေးဦးမှာဖြစ်ပါတယ်။ စက်တွေ နဲ့ ထပ်မံစစ်ဆေးပြီး အဖြေပေါ်မှ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုး ဆွေးနွေးပြီး ဆက်လုပ်ရမှာပါ’’ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြော သည်။ မင်္ဂလာဈေးကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်လုပ်မည့်အစီ အစဉ်ရှိ၊ မရှိနှင့်ပတ်သက်၍ အ တိအကျမပြောနိုင်သေးကြောင်း ဦးသက်နိုင်ထွန်းက ဆိုသည်။ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်သည့်အတွက် ဈေးအ သစ်ပြန်ဆောက်မည့် အနေအ ထားဟု ထင်မြင်ကြောင်း မင်္ဂလာ ဈေးမှ ဆိုင်ခန်းပိုင်ရှင်အချို့က ပြောသည်။
ဈေးသစ်ဆောက်မည်ဆို လျှင် လက်ရှိ ဈေးသည်များအဆင် ပြေစေရေးအဓိကထား၍ စဉ်းစား တည်ဆောက်ရန်နှင့် လတ်တ လောတွင် မီးလောင်ဒဏ်ခံနေရ သည့်ဈေးသည်များအဆင်ပြေစေ ရန် ယာယီဈေးတစ်ခု သတ်မှတ် ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း မင်္ဂလာဈေးမှ ဆိုင်ခန်းပိုင်ရှင်အ ချို့က ပြောသည်။

ကျပ် ၃၂ ဘီလီယံဖြင့် ခုံးကျော်တံတားစီမံကိန်းနှစ်ခု ဆောက်မည့်အစား ကျေးလက်လမ်းများဖောက်ရန် အကြံပြုထားဟုဆို


ယာဉ်ကြောပိတ်ဆို့မှုကို ဖြေ ရှင်းရန် ရန်ကုန်တိုင်းဒေသကြီး တွင် ခုံးကျော်တံတားများစွာ တည်ဆောက်ခဲ့သော်လည်း ယနေ့အချိန်အထိ ယာဉ်ကြောပိတ်ဆို့သဖြင့် တံတားတည်ဆောက်ရေး ကို ဆက်မလုပ်ဘဲ အမှန်တကယ် လိုအပ်နေသည့် ကျေးလက်လမ်း ဖောက်လုပ်ရေးအတွက် အသုံး စရိတ်ပြောင်းရွှေ့ရန် အကြံပြုခြင်းဖြစ်သည်ဟု ဦးသိန်းမြင့်က ပြောသည်။ ‘‘ဘတ်ဂျက်က ချထားပြီး သားဆိုတော့ စီမံကိန်းဖျက်ခိုင်းဖို့ မဖြစ်နိုင်ဘူး။ ခေါင်းစဉ်ပြောင်းသုံး ဖို့ပဲ ရမယ်။ ကျေးလက်လမ်းတွေ ကလည်း အရေးကြီးတော့ ဒါတွေ လုပ်ဖို့ပဲ အကြံပြုရတာပါ’’ဟု ဦးသိန်းမြင့်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံး စရိတ်များသည် ပြည်သူလူထုအ တွက် အရေးကြီးလုပ်ငန်းများ ထက် ဆောက်လုပ်ရေးလုပ်ငန်း များဖြစ်သော ခုံးကျော်တံတား တည်ဆောက်မှုများတွင်သာ အ များဆုံးအသုံးပြုနေခြင်းကို ပြန် လည်စဉ်းစားသုံးသပ်သင့်သည် ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ် ချက် အစီရင်ခံစာ၌ ရေးသား ထားသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှုကို အ ကြောင်းပြုပြီး မြောက်ဥက္ကလာပ မြို့နယ် မြောက်ဥက္ကလာလမ်း ဆုံတွင် ကျပ် ၁၆ ဘီလီယံကျော်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီ လမ်းဆုံတွင် ကျပ် ၁၅ ဘီလီယံ ကျော် တန်ဖိုးရှိ ခုံးကျော်တံတား များ တည်ဆောက်ရန် တိုင်းဒေသ ကြီးအစိုးရအား အဆိုပြုထား သည်။ ခုံးကျော်တံတားများတည် ဆောက်ပြီး ယာဉ်ကြောပိတ်ဆို့မှု ကို ဖြေရှင်းခြင်းသည် နိုင်ငံတော် ငွေကြေးများ ဆုံးရှုံးပြီး တည် ဆောက်ရေးကုမ္ပဏီကြီးများအ တွက် အခွင့်အလမ်းများ ဖန်တီး ပေးသကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဝေဖန်နေကြသည်။

Tuesday, March 22, 2016

ဆေးပညာဘွဲ့ရဆရာဝန်နှင့် သွားဘက်ဆိုင်ရာဆေးပညာ ဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းသင်တန်း ဆင်းပွဲကျင်းပ

ဆေးပညာဘွဲ့ရဆရာဝန်နှင့် သွားဘက်ဆိုင်ရာဆေးပညာ ဘွဲ့ရဆရာဝန်(အမျိုးသမီး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မှော်ဘီတပ်နယ်ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ် လူအေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ၀င်းကိုကိုနှင့် တပ်နယ်မှအရာရှိကြီးများ၊ သင်တန်းဆင်းဗိုလ်လောင်းများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။




ဦးစွာ ဗိုလ်ချုပ်လူအေးက သင်တန်းဆင်းဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိ ခန့်အပ်လွှာများပေးအပ်၍ အမှာစကားပြောကြားသည်။ အခမ်းအနားအပြီးတွင် စစ်ရာထူးခန့်ချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းဆင်း အရာရှိများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

တရားမဝင် ကာကွယ်ဆေး ရောင်းဝယ်နေသည့် အဖွဲ့အစည်း သတင်းကြောင့် တရုတ်ပြည်သူများ ဒေါသထွက်

တရားဝင် အသိအမှတ်ပြုမထားသည့် အဖွဲ့အစည်းတစ်ခုက ကာကွယ်ဆေးရောင်းဝယ်မှုများကို ၅ နှစ်မျှ လုပ်ကိုင်နေခဲ့ကြောင်း သတင်းကြောင့် တရုတ်ပြည်သူအများအပြား စိတ်ဆိုးဒေါသထွက်နေကြောင်း သိရသည်။
ရှန်ဒေါင်းတွင် အဓိကလုပ်ငန်းလည်ပတ်ပြီး ပြည်နယ် ၂၄ ခုနှင့် မြို့ကြီးများတွင် ဖြန့်ကျက်ထားသည့် အဆိုပါတရားမဝင် အသိုက်အဝန်းတွင် အဖွဲ့သား ရာနှင့်ချီပါဝင်သည်ဟု ဆိုသည်။ ၎င်းတို့ကို အစိုးရက အသိအမှတ်ပြုမထားဘဲ ကာကွယ်ဆေး ဖြန့်ချိရောင်းချသည့် လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။
မတ် ၂၁ ရက်တွင်မူ ကာကွယ်ဆေးအထိုးမှားသဖြင့် ကလေးငယ်တစ်ဦး သေဆုံးကြောင်း သတင်းများထွက်ပေါ်လာရာ လူအများစိတ်ဆိုးဒေါသထွက်မှု ပိုမိုပြင်းထန်ပေါက်ကွဲလာသည်။ အာဏာပိုင်များကမူ အဆိုပါဖြစ်ရပ်သည် ရှန်ဒေါင်းရှိ အဖွဲ့အစည်းနှင့် ဆက်စပ်မှု မရှိဟု ပြောကြားခဲ့သည်။
မည်သို့ပင်ဖြစ်စေ တရားဝင်မဟုတ်သည့် အဖွဲ့အစည်းတစ်ခုက ကာကွယ်ဆေးများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းသည် တရုတ်ကျန်းမာရေးဌာနအရာရှိများအတွက် အကြီးအကျယ် အရှက်ရစရာ ဖြစ်လာသည်။ အဆိုပါ အဖွဲ့သည် ၂၀၁၁ ခုနှစ်ကတည်းက စတင်လှုပ်ရှားနေကြောင်းလည်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါ အဖွဲ့၏ခေါင်းဆောင်ဖြစ်သည့် သားအမိကို ဖမ်းဆီးထားပြီ ဖြစ်သည်။ ၎င်းတို့သည် တရားဝင်နှင့်တရားမဝင် ရင်းမြစ်များမှ ကာကွယ်ဆေးများ ဝယ်ယူကာ ၎င်းတို့၏ တရားမဝင်ကာကွယ်ဆေး ထိုးပေးသည့် အေးဂျင့်များနှင့် ဒေသဆိုင်ရာ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာများသို့ ဈေးတင်ကာ ပြန်ရောင်းလေ့ရှိကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
ဒေါ်လာ ၈၈ သန်းမျှ တန်ဖိုးရှိသည့် ကာကွယ်ဆေး အမျိုးမျိုးကို ရောင်းချခဲ့ပြီး ဖြစ်သလို အဆိုပါဆေးဝါးများကို သယ်ယူပို့ဆောင်ရာတွင် အအေးပေးထားခြင်း၊ သို့မဟုတ် တရားဝင်ထောက်ခံချက် ပေးထားသည့် အခြေအနေအတိုင်း သိုလှောင်ခြင်းများ မရှိကြောင်းလည်း သိရသည်။ ထိုသို့ သတ်မှတ်စံနှုန်းအတိုင်းမထားသည့် ကာကွယ်ဆေးများကို ထိုးမိပါက အာနိသင်ပြောင်းလဲပြီး သေဆုံးခြင်း၊ သို့မဟုတ် မသန်စွမ်းဖြစ်သွားခြင်းမျိုး ကြုံနိုင်ကြောင်း Xinhua က ဆိုသည်။

ပါကစ္စတန်တွင် မျက်နှာဖုံးစွပ်ထားသည့် ကလေးငယ်ကို လုံခြုံရေးအစောင့်က ပစ်သတ

ပါကစ္စတန်နိုင်ငံတွင် မျက်နှာဖုံးတပ်ထားသည့် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို လုံခြုံရေး ဝန်ထမ်းတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ကရာချိမြို့တွင် နောက်ပြောင်လိုဟန်ရှိသည့် ကလေးငယ်က မကောင်းဆိုးရွားမျက်နှာဖုံးကို ဝတ်ဆင်ကာ လုံခြုံရေးအစောင့်ကို ကျီစယ်ခြောက်လှန့်ခဲ့သော်လည်း သေနတ်ဖြင့် အပစ်ခံခဲ့ရခြင်းဟု ရဲတပ်ဖွဲ့က ဆိုသည်။ မတ် ၂၀ ရက်က ဖြစ်ရပ်တွင် ကလေးငယ်ကို ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် ကွယ်လွန်ခဲ့ရှာသည်။
ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သည့် လုံခြုံရေးအစောင့်ကို ဂူလမ်နာဘီကို ဖမ်းဆီးထားလိုက်သည်။ ၎င်းကို လူသတ်မှုဖြင့် တရားစွဲဆိုသွားမည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရအရာရှိ ဆိုဟေးလ်ခန်က AFPသို့ ပြောကြားခဲ့သည်။ “သူကတော့ လေထဲကို ပစ်ပြီး ခြောက်လှန့်လိုက်တာလို့ ပြောတယ်။ ဒါပေမဲ့ စိတ်လောပြီး ကလေးကို သေနတ်မှန်သွားတာလို့ ထွက်ဆိုထားတယ်” ဟု ခန်က ဆိုသည်။

စွမ်းဆောင်ရည် မြင့်မားသော်လည်း ဈေးနှုန်းသက်သာသည့် iPhone SE ကို Apple မိတ်ဆက်

iPhone SEဟု အမည်ပေးထားသည့် အဆိုပါဖုန်းအသစ်သည် iPhone 5S နှင့် iPhone 5C တို့နောက်ပိုင်း Appleက ပထမဆုံးအကြိမ် ၄ လက်မအရွယ် Screen ကို ပြန်လည်အသုံးပြုထားသည့် ဖုန်းလည်းဖြစ်လာသည်။ Apple ၏ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က iPhone SEသည် ထွက်ရှိဖူးသမျှ စွမ်းဆောင်ရည် အမြင့်ဆုံးဖုန်းတစ်လုံးဟု ညွှန်းဆိုခဲ့သည်။

ဆန်ဖရန်ဆစ္စကိုတွင် ကျင်းပသည့်အခမ်းအနားတွင် Appleက Tablet မျိုးဆက်သစ်တစ်ခုကိုလည်း ပြသလာခဲ့သည်။ ယခုနှစ်အခမ်းအနားသည် Apple အနေဖြင့် စွမ်းဆောင်ရည်ပိုင်းကို ထိန်းသိမ်းပြီး ဈေးနှုန်းလျှော့ချသည့် မူဝါဒပိုင်းကို ပြောင်းလဲချဉ်းကပ်လာကြောင်း တွေ့မြင်နိုင်သည်။
iPhone 6 နှင့် iPhone 6S မျိုးဆက်များတွင် Screen အရွယ်အစားကို မြှင့်တင်ခဲ့သော်လည်း Appleက iPhone SE တွင် ယခင်က သေးငယ်ကျစ်လစ်သည့် မျိုးဆက်ဟောင်းများ ပုံစံသို့ပြန်သွားခဲ့သည်။ iPhone SE သည် iPhone 6S၊ iPhone 6S Plus များနှင့် အခြေခံ စွမ်းဆောင်ရည်အားလုံး တူညီမည်ဖြစ်သော်လည်း ဈေးနှုန်းမှာ သိသိသာသာ လျော့နည်းသွားကာ ၃၉၉ ဒေါ်လာမှ စတင်သတ်မှတ် ရောင်းချမည်ဟု သိရသည်။

သရုပ်ဆောင်မှု အားနည်းချက်တွေကို နားလည်ပေးပါလို့ပြောတဲ့ ခင်ဝင့်ဝါ

၂၀၁၄ သင်္ကြန်တွင် ရိပ်သာဝင်မည်ဟု ပြောပြီးမှ ‘သင်္ကြန်ပြတိုက်’ရုပ်ရှင်ရိုက်ကူးဖြစ်ခဲ့ခြင်းဖြစ်သကဲ့သို့ သင်္ကြန်၌ စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲ၍တွေ့ရသော ကြောင့် ချစ်သူဟု အထင်ခံခဲ့ရကြောင်း ယင်းဇာတ်ကားရိုက်ကူး ရေး အမှတ်တရကို ခင်ဝင့်ဝါက ပြောသည်။
‘‘အမှတ်တရကတော့ ရိပ် သာဝင်မယ်ဆိုပြီး သိထားတဲ့အ ချိန်မှာ သင်္ကြန်မှာထွက်ရိုက် တယ်။ သင်္ကြန်မှာရိုက်တဲ့အချိန် မှာ ပရိသတ်တွေက ကိုစိုင်းနဲ့တွဲ ပြီး တွေ့လိုက်တဲ့အချိန်မှာ ကိုစိုင်း နဲ့ သို့လောသို့လော ကိုစိုင်းနဲ့ ကြိုက်နေတာလား။ တော်တော် လေးပြန့်သွားတယ်။ အကုန်လုံးကလည်း တွေ့တိုင်း ကိုစိုင်းနဲ့ကြိုက်နေတာလားပဲ မေးကြ တယ်’’ဟု ခင်ဝင့်ဝါက ပြော သည်။
‘သင်္ကြန်ပြတိုက်’ရုပ်ရှင် သည် ၎င်း၏ ပထမဆုံးရုပ်ရှင်ဖြစ် သောကြောင့် စိတ်လှုပ်ရှားနေ သကဲ့သို့ ပရိသတ်များ၏ တုံ့ပြန်မှု ကိုလည်း ရင်ခုန်နေကြောင်း ၎င်း က ဆိုသည်။
‘‘အများကြီးလိုသေးတယ်။ ကာရိုက်တာလည်း သိပ်မဝင် သလို ခံစားရတယ်။ မိတ်ကပ်တွေ၊ဆံပင်တွေရော အများကြီး အား နည်းတယ်လို့ ခံစားရတယ်။ အဲဒီ အတွက်လည်း ကြိုးစားပြင်ဆင်ရ မှာပေါ့’’ဟု သင်္ကြန်ပြတိုက်ရုပ်ရှင် အထူးပွဲပြသသည့်နေ့တွင် ခင်ဝင့် ဝါက ၎င်း၏ သရုပ်ဆောင်မှုအ ပေါ် ခံစားချက်ကိုပြောသည်။

Monday, March 21, 2016

အကျဉ်းထောင်ထဲက အလှမယ်ပြိုင်ပွဲ


အကျဉ်းသားများကို ရိုက်နှိပ်ခြင်း၊ ခိုင်းစေခြင်းတို့ကိုသာ ပြုလုပ်နေပါကစိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမည်မပာုတ်ဘဲ ရာဇဝတ်မူများကို ထပ်ခါတလဲလဲ ကျူးလွန်နေမည်ဖြစ်သည်။ထို့ကြောင့် ဘရာဇီးလ်နိုင်ငံတွင် ထောင်ကျနေသည့် အမျိုးသမီးအကျဉ်းသားများအတွက် ရည်ရွယ်ပြီး အလှမယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် လုံခြုံရေးကို တင်းကျပ်ခဲ့ခြင်း မရှိဘဲ လွတ်လပ်ပျော်ပါးစွာ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

တာလာဗီရာဘရုစ်အကျဉ်းထောင်တွင် အလှမယ်ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအကျဉ်းသားများသည် အရောင်အသွေးစုံလင်သည့် ဂါဝန်များကို ဝတ်ဆင်ကာ ယှဉ်ပြိုင်ခဲ့ကြသည်။ အမျိုးသမီးအကျဉ်းသားများကို တာဝန်ရှိသူများက လှပစွာဆင်ယင်ပေးခဲ့ပြီး တေးသီချင်းများဖွင့်ကာ ယှဉ်ပြိုင်စေခဲ့သည်။ ဒေသတွင်းရှိလူမူအဖွဲ့အစည်းများနှင့် ဘုရားကျောင်းမှ တာဝန်ရှိသူများသည် အမျိုးသမီးအကျဉ်းသားများအား ကိုယ်ဘဝကိုယ် တန်ဖိုးထားစေရန် ရည်ရွယ်ပြီး အလှမယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်စေခြင်းဖြစ်သည်။ဘရာဇီးလ်နိုင်ငံတွင် အမျိုးသမီးအကျဉ်းသားအရေအတွက်သည် အဆမတန် တိုးပွားလျက်ရှိသည်။မှတ်တမ်းများအရ ၂၀၀၀ မှ ၂၀၁၄ အတွင်း အမျိုးသမီးအကျဉ်းသားသည် ( ၅၆၇) ရာခိုင်နူန်းအထိ တိုးလာကြောင်း သိရသည်။

မန်ချက်စတာဒါဘီပွဲစဉ်တွင် မားကပ်ရက်စ်ဖို့ဒ်၏ သွင်းဂိုးဖြင့် မန်ယူအနိုင်ရ


မန်ချက်စတာ ဒါဘီပွဲစဉ်ဖြစ်သော မန်ချက်စတာ စီးတီး အသင်းနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် ဧည့်သည် မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပထမပိုင်း ၁၆ မိနစ်တွင် သွင်းယူခဲ့သော လူငယ်တိုက်စစ်မှူး မားကပ် ရက်ဒ်ဖို့ဒ်၏ သွင်းဂိုး တစ်ဂိုးဖြင့် မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။


ကူးစက်မြန်ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါနှင့် ပြည်သူ့အသံ


ကူးစက်မြန်ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ယခုမတ်လအတွင်း သာစည်၊ မန္တလေးနှင့် ရန်ကုန်တို့တွင် ကလေးငယ် ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီဖြစ်သည်။ အဆိုပါရောဂါမှာ သာစည် မြို့တွင် မတ်လ ၅ ရက်က စတင်ဖြစ်ပွားခဲ့ပြီး ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် အချိန်မီကုသမှုမခံယူပါက အသက်ဆုံးရှုံး နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ကူး စက်မြန်ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါအတွက် ကာကွယ်ဆေး မှာလည်း လတ်တလောမရှိသေးဘဲ အဆိုပါရောဂါကိုဖြစ်စေသော ပိုးအမျိုးအစားများစွာရှိနေခြင်းကြောင့် ရောဂါဖြစ်ပွားစေသည့်ပိုးကို ဓာတ်ခွဲစမ်းသပ်ကြည့်မှသာ ကာကွယ်ဆေးအမျိုးအစားကိုသိနိုင်မည် ဖြစ်ကြောင်း ဆေးပညာရှင်များက ပြောကြားသည်။
ကလေးငယ်များကို အသက်ဆုံးရှုံးသည်အထိ ခြိမ်းခြောက်လာသော အဆိုပါရောဂါနှင့် ပတ် သက်၍ ပြည်သူများ၏ စိုးရိမ်ပူပန်မှုနှင့် အစိုးရထံ အကြံပြုတောင်းဆိုချက်များကို ပြည်သူ့အသံအဖြစ် စုစည်းဖော်ပြအပ် ပါသည်။
မသီတာ(ဈေးသည်၊ လှည်းတန်းဈေး)
ဒီအကြောင်းက ရန်ကုန်မှာ ကလေးသေတယ်ဆိုမှသိတာ။ သတင်း စာမှာဖတ်ကြည့်မိတော့ ကလေးက ငါးယောက်တောင်မကတော့ဘူးဆို ပဲ သေတာလေ။ ရောဂါက ပြင်းထန်ပြီး သေတတ်တာပဲသိတယ်။ ဘယ် လိုကုရတယ်၊ ဘာကြောင့်ဖြစ်လဲ သေချာမသိပြန်တော့ နောက်ကိုအသိ ဆရာဝန်ကို မေးကြည့်ရမယ်လေ။ အစ်မသားသမီးတွေလည်း ငယ်ငယ် လေးတွေ။ ကိုယ်ကလည်း အလုပ်ထွက်လုပ်နေတာလေ။ သတင်းတွေ ဖတ်ရသလောက်ကလည်း ဖြစ်ပြီးရင် အရမ်းပြင်းထန်တယ်၊ ပြီးတော့ ကာကွယ်ဆေးလည်း ဒီမှာလွယ်လွယ်မရဘူးလို့ သိတယ်။ အစိုးရက ရပ်ကွက်ရုံးတွေမှာလေ ကြက်ငှက်တုပ်ကွေးတွေတုန်းကလို စာကပ်တာ မျိုး၊ နှိုးဆော်စာလိုပုံစံမျိုးနဲ့ လုပ်ပေးရင်ကောင်းမယ်။
မနောင်းနောင်(တောင်ဒဂုံ)
ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားတာတွေတော့ဖတ်တယ်။ လေ့လာတယ်။ အိမ်မှာလည်း ကလေးကို သေချာဂရုစိုက်ဖို့မှာထားတယ်။ ကိုယ့်ကလေးအတွက်တော့ စိုးရိမ်တယ်။ ဖေ့စ်ဘွတ်ခ်မှာ ထုတ်ပြန်ထား တာတွေ တွေ့ရတယ်။ အဲဒါမျိုးလုပ်တာတွေအတွက်တော့ သဘောကျ တယ်။ ဒါပေမဲ့ အဲဒါက အွန်လိုင်းသုံးတဲ့သူတွေအတွက်ပဲ ပိုအဆင်ပြေ တယ်လေ။ ဖြစ်စေချင်တာက ရပ်ကွက်ထဲမှာလိုက်ပြီး သတိပေးတာမျိုး၊ ပညာပေးတာမျိုးဖြစ်စေချင်တယ်။ လုပ်တော့လုပ်ပေမယ့် ဖိဖိစီးစီးလုပ် တာမျိုး အားနည်းတယ်လို့ထင်တယ်။ အဲဒီလိုလုပ်နိုင်မှ မိဘတွေက ပို သတိထားမိမှာ။ အရင်ကလည်း ကိုယ့်ကလေးကိုအပြင်ထွက်ဆော့ခိုင်း တာမရှိဘူး။ အခုကျတော့ ပိုဆင်ခြင်ရတာပေါ့။ ကိုယ်က အလုပ်လုပ်နေသူဆိုတော့ အိမ်မှာကျန်ခဲ့တဲ့ ကလေးရဲ့အဘွားနဲ့ ကလေးထိန်းကိုသေချာမှာခဲ့ရတယ်။ ကာကွယ်ဆေးရှိ၊ မရှိမေးကြည့်တော့လည်း မရှိ သေးဘူးလို့ ပြောတယ်။ လောလောဆယ် ကိုယ့်ဟာကိုယ်ပဲ ရှောင်ရှားကာကွယ်ရတယ်။
ဒေါ်ရွှေဝင့်ဝါ(ဗန်းမော်)
ဒီရောဂါစတင်ဖြစ်ပွားတာက မိတ္ထီလာခရိုင် သာစည်မြို့နယ်က စ ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်ဖြစ်ချင်းတောင် ကုသမှုခံယူတဲ့ကလေး ငယ် ၁၀ ဦးကျော်အနက် လေးဦးသေဆုံးပြီလို့ သိရတော့ ဒါအင်မတန် စိုးရိမ်ရတဲ့အနေအထားလို့မြင်ပါတယ်။ အခုဆိုမြို့ကြီးတွေမှာပါ ရောဂါ ဖြစ်ပွားတဲ့ကလေးငယ်တွေရှိလာပြီဆိုတော့ ပိုဂရုစိုက်သင့်ပြီး ပိုစိုးရိမ်ရ ပါတယ်။ ရောဂါရဲ့နာမည်ကိုက ကူးစက်မြန်ပြင်းထန်ဦးနှောက်အမြှေး ရောင်ရောဂါဆိုတော့ ကူးစက်မှုပိုင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းရှာ သင့်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးက လက်ရှိမြန်မာနိုင်ငံမှာမရှိသေး ဘူးလို့လည်း မန္တလေးအထူးကုဆရာဝန်ကြီးတစ်ဦးက ပြောထားတယ် လို့ ဖတ်ရပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ရောဂါကူးစက်နယ်မြေ၊ ဖြစ်ပွားပုံ၊ ကုသမှုပိုင်းဆိုင်ရာသတင်းတွေကို ပြည်သူလူထုထံအချိန်နဲ့ တစ်ပြေးညီချပြပေးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ လောလောဆယ် ကာကွယ်ဆေး မရှိခင်စပ်ကြားတော့ မိဘများအနေနဲ့ မိမိကလေးကိုခြင် မကိုက်အောင် အထူးဂရုစိုက်ပေးဖို့ရယ်၊ ဖျားနာမှုဖြစ်ခဲ့ရင်တောင် မပေါ့ဆဘဲ ကျန်းမာရေးဌာနများမှာသာ စစ်ဆေးကုသမှုခံယူသင့်ကြောင်း အကြံပေးပြောကြားချင်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ကူးစက်ရောဂါစဖြစ်နေတဲ့အရပ်က မိဘများအနေနဲ့ကတော့ ပိုမိုဂရုစိုက်ရမှာဖြစ်ပြီး ရောဂါရဲ့ လက္ခဏာများကိုပါ ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ် လို့ ထပ်မံအကြံပြုချင်ပါတယ်။
ဦးခင်မောင်ထွန်း(ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူ)
ဒီရက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ကလေးငယ်တွေဖျားနာသေဆုံး နေတာတွေ မြင်ရကြားရပါတယ်။ ဘာကြောင့်ဒီရောဂါဖြစ်ရတာလဲဆို တာလည်းမသိရဘူး။ ဒီတော့ ဘယ်လိုကာကွယ်နေထိုင်ရမလဲဆိုတာ မသိတဲ့သူတွေများပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ကလေးငယ် တွေ၊ ဆွေမျိုးသားချင်းကလေးငယ်တွေအတွက် ဘယ်လောက်စိုးရိမ်ပူ ပန်ရမလဲဆိုတာ ကလေးရှိတဲ့မိဘတိုင်းသိမှာပါ။ ဒီရောဂါကို ကာကွယ်ဖို့ နည်းလမ်းတွေကို အစိုးရကနေ တရားဝင်ထုတ်ပြန်ပေးဖို့ တောင်းဆိုချင် ပါတယ်။ ဒါတောင်မှ လူတိုင်းသိနိုင်မယ်မထင်ပါဘူး။ အစိုးရရဲ့ လက်ရှိ ကာကွယ်ကုသပေးမှုအပိုင်း၊ သတင်းထုတ်ပြန်ပေးမှုအပိုင်းတွေကတော့ အားရစရာမရှိပါဘူး။ ကျွန်တော် တောင်မှ ဒီရောဂါအကြောင်းကောင်းကောင်းမသိဘူး။ အစိုးရအနေနဲ့ အရေးပေါ်ကြေညာချက်တွေကို တီဗီ အစီအစဉ်တွေမှာကြေညာသင့်ပါတယ်။ ရောဂါပျောက်ကင်းအောင်မကုသနိုင်ရင်တောင် ထိန်းထားနိုင်တဲ့အဆင့်တော့လုပ်လို့ရမှာပါ။ အခုတော့ ရောဂါမဖြစ်အောင် ကိုယ့်ကလေးတွေကို ပိုပြီးဂရုစိုက်ရမယ်။
ဦးကျော်စိန်ဝင်း(ကမာရွတ်)
ဒီဦးနှောက်အမြှေးရောင်ရောဂါအကြောင်းက အပြင်သတင်းစာ တွေဖတ်မှသိဖူးကြားဖူးတာ။ ညနေသတင်းထဲမှာလည်းမပါဘူး။ကလေး တွေ သေဆုံးမှုရှိနေတာကိုသိပေမယ့်လည်း ရောဂါအကြောင်းကို ဂဃနဏမသိပါဘူး။ ကာကွယ်ဖို့လည်းဘယ်လိုလုပ်ရမယ်မသိသေးပါ ဘူး။ ဒီတော့အစိုးရလူကြီးပိုင်းအနေနဲ့ ရုပ်သံတွေမှာ ကြေညာဖို့၊ ရောဂါ နဲ့ဆိုင်တဲ့ အသိပညာတွေများများပေးနိုင်ဖို့ကို လုပ်ဆောင်ပေးစေလိုပါ တယ်။ အခုကလေးတွေသေတယ်ဆိုတာကြားရတော့ တော်တော်တော့ လန့်သွားတယ်။ ကိုယ်လည်း ကလေးနှစ်ယောက်အဖေဆိုတော့ သား သမီးတွေအပေါ် စိတ်ပူတာပေါ့။ ပြီးတော့ ကြားထားတာ အဲဒီရောဂါက ဒီမှာ ကုသရတာလည်း အဆင်မပြေဘူးကြားတော့ ကိုယ့်အတွက်တင်မကဘူး။ တစ်နိုင်ငံလုံးတွက်ပါ စိုးရိမ်ရ ပါတယ်။
ဒေါ်ညိုညိုသန်း(မြို့မမြောက်ရပ်ကွက်၊ မောင်တော)
ဦးနှောက်အမြှေးရောင်ရောဂါကိုတော့ ကြားဖူးပါတယ်။ အခုဖေ့စ် ဘွတ်ခ်မှာတက်နေတဲ့ သတင်းဌာနတွေက အဲဒီရောဂါနဲ့ပတ်သက်ပြီး ဖတ်နေရပါတယ်။ အိမ်မှာ သားနှစ်ယောက်ရှိပါတယ်။ တစ်ယောက်က (၈)နှစ်အရွယ်၊ နောက်တစ်ယောက်ကတော့ တစ်နှစ်ခွဲအရွယ်ပါ။ ကလေးတွေကိုတော့ ပုံမှန်အတိုင်းပဲ ပြုစုပေးနေပါတယ်။ အဓိကက တော့ ခြင်ကိုက်မခံရအောင် ဂရုစိုက်ရပါတယ်။ ဦးနှောက်အမြှေးရောင် ရောဂါနဲ့ပတ်သက်ပြီး မြို့နယ်အတွင်းမှာ ကျန်းမာရေးအဖွဲ့တွေက အသိ ပညာပေးတာတွေ မရှိသေးပါဘူး။ ရောဂါနဲ့ပတ်သက်ပြီး လက္ခဏာတွေ၊ ကြိုတင်ကာကွယ်ရမယ့် အလုပ်တွေကို သိချင်ပါတယ်။ ကျန်းမာရေးက လူတွေအတွက် အရေးကြီးဆုံးဖြစ်တာကြောင့် ကိုယ်တွေပဲဖြစ်ဖြစ်၊ ကိုယ့်သားသမီးတွေပဲဖြစ်ဖြစ် ရောဂါဖြစ်မှာ ကို စိုးရိမ်ကြောင့်ကြတာပါပဲ။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က ရခိုင်မှာ ဂျပန်မှာဦးနှောက်အမြှေးပါးရောင် ရောဂါဖြစ် လို့ ကလေးတွေ သေဆုံးတာကြားလိုက်ရပါတယ်။ ကျန်းမာ ရေး ဌာနတွေကလည်း ရောဂါဖြစ်ပြီဆိုမှ အသည်း အသန်လုပ်ကြပြီးတော့ ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာကို အသိပညာပေးမှုတွေ နည်းနေ ပါသေးတယ်။
မလှနန်းနွယ်(ပုဂ္ဂလိကဆေးရုံဝန်ထမ်း၊ ပြည်)
အခုကြားနေရတဲ့ ကူးစက်မြန် ပြင်းထန်ဦးနှောက်အမြှေးရောင် ရောဂါဟာ ဘယ်ရောဂါပိုးကြောင့်ဆိုတာကို အရင်ဆုံးသိဖို့လိုအပ်တယ် လို့ထင်တယ်။ ကူးစက်မြန်တာကြောင့် ကာကွယ်ဖို့နည်းလမ်းတွေ၊ ကုသ ဖို့တွေမပြုလုပ်နိုင်ရင် အသက်အန္တရာယ်ထိခိုက်တာကြောင့် အင်မတန် စိုးရိမ်စရာပါ။ ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်အသားရောင်ခြင်း ဟာ ကူးစက်ပုံနည်းလမ်းအမျိုးမျိုးနဲ့ ကူးစက်တဲ့ (Virus) ပိုး အမျိုးမျိုးကွဲ ပြားတယ်လို့ သိထားတယ်။ တီဘီရောဂါကနေ ဦးနှောက်အမြှေးရောင်၊ ငှက်ဖျားရောဂါ၊ ခုခံအားကျဆင်းရာကနေ ၀င်လာတာတို့၊ဂျပန်ဦးနှောက် အသားရောင်ရောဂါတွေလောက်သာ ကူးစက်တဲ့ရောဂါပိုးအကြောင်း ကို သိကြတယ်။ မသိသေးတဲ့ ကူးစက်ပြင်းထန်ဦးနှောက်အမြှေးရောင်တွေရှိနေကြတယ်။ အခုကြားနေရတဲ့ ဦးနှောက်အမြှေးရောင်တဲ့ရောဂါကို ကျန်းမာရေးဌာနနဲ့ အစိုးရရဲ့ ကာကွယ်ဖို့နည်းလမ်းတွေ ထုတ်ပြန်ပေးဖို့ အားနည်းတယ်။ ဘယ်ရောဂါပိုးကြောင့်ဖြစ်တယ်ဆိုတာကို စမ်းသပ်မှုတွေ အမြန်ဆုံးဆောင်ရွက်ပြီး ပြည်သူ တွေထံ ချက်ချင်းချပြပေးဖို့၊ ကာကွယ်ကုသပေးနိုင်ဖို့လိုတယ်။ ဦးနှောက်အမြှေးရောင်ကူးစက်မှုဟာ အသက်ရှူ လမ်းကြောင်းကနေ ကူးစက်နိုင်တာမျိုးတွေရှိတော့ အများအားဖြင့် လူထူထပ်တဲ့နေရာတွေကို ရှောင်ကြဉ် တာတို့၊ နှာခေါင်းစည်း တပ်တာတို့နဲ့ ကလေးငယ်တွေကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။
ဒေါက်တာဝင်းနိုင်(ဦးစီးမှူး၊ မန္တလေးတိုင်းဒေသကြီး
ပြည်သူ့ကျန်းမာရေးဦးစီးဌာန)
၂၄ နာရီအတွင်းမှာ ကုသမှုမခံယူဘူးဆိုရင် သေဆုံးမှုပိုများနိုင်တယ်။ ပြီးခဲ့တဲ့ ၁၉၉၂၊ ၂၀၀၀၊ ၂၀၀၃ တုန်းကလည်းဖြစ်ပွားခဲ့တဲ့အတွက် စော စောစီးစီးဆေးကုသမှုခံယူသင့်ပါတယ်။ ကလေးတွေပဲဖြစ်တတ်တာမ ဟုတ်ပါဘူး။ လူကြီးတွေလည်းဖြစ်ပါတယ်။ ကလေးတွေကတော့ကိုယ်ခံ အားနည်းတဲ့အတွက် ဖြစ်နေတဲ့သဘောပါပဲ။ ရောဂါဖြစ်ပွားတဲ့သူနဲ့ အ တူနေထိုင်တဲ့လူတွေ ကူးစက်နိုင်ပါတယ်။ နှာစေး၊ ချောင်းဆိုး၊ ဖုန်ထူတဲ့ နေရာတွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ လူနေထူထပ်တဲ့နေ ရာတွေကို သွားလာဖို့ရှောင်ရှားသင့်သလို နေပူထဲမှာရေချိုးတာမျိုးလည်း မလုပ်သင့်ပါဘူး။ ကိုယ့်အိမ်မှာတကယ်လို့ ပြင်းထန်ဦးနှောက်အမြှေးရောင်လို့ယူဆရတဲ့ ရောဂါဖြစ်နေတယ်ဆိုရင် နှာခေါင်းစည်းထားတာမျိုးတွေလုပ်သင့်ပါတယ်။ လုပ်ဆောင်ချက်တွေအနေနဲ့ကတော့ ဗဟိုက ညွှန်ကြားချက်အတိုင်း ရောဂါကူးစက်မှုလျော့ကျဖို့အတွက် ကာကွယ်ရေးလုပ်ငန်းတွေလုပ်နေတယ်။ အသိပညာပေးတာတွေ၊ ရောဂါဖြစ်ပွားသူနဲ့အတူနေထိုင်တဲ့သူတွေ၊ အနီးပတ်ဝန်းကျင်ကို ပဋိဇီဝဆေးတိုက်ကျွေးခြင်းတွေလုပ်တယ်။ ဒါကတော့ ရောဂါကို ကူးစက်ဖို့အဟန့်အတားဖြစ်စေပါတယ်။ ပြည်သူလူထုကို မှာကြားချင်ပါတယ်။ ဦးနှောက်အမြှေးရောင်လို့ ယူဆရတဲ့ရောဂါလက္ခဏာမျိုးပြလာရင် အမြန်ဆုံးဆေးကုသမှု ခံယူကြပါ။
သူဇာ(သတင်းထောက်၊ရန်ကုန်)
ဦးနှောက်အမြှေးရောင် ရောဂါတွေဖြစ်လို့ ကလေးတွေ သေဆုံးနေ တယ်လို့ ကြားကတည်းက ကျွန်မဒီသတင်းကို အမြဲသတိထားစောင့် ဖတ်ဖြစ်တယ်။ အပြင်အလုပ်ထွက်လုပ်နေရတဲ့ ကျွန်မအဖို့ အိမ်မှာ (၂) နှစ်အရွယ် သမီးလေးကို အဘွားနဲ့ထားနေရတာ။ အမေကတော့ကလေး ကို တော်တော်ဂရုစိုက်ပေးပါတယ်။ ဒါပမဲ့ သူ့အနေနဲ့ ဖျားတာ နာတာ လောက်ကိုပဲ သိနိုင်မယ်လေ။ ကလေးက ရုတ်တရက်ဖျားရင် အဖျားကျ အောင်ရေဖတ်တိုက်မယ်၊ ဆေးတိုက်မယ်လောက်ပဲ လတ်တလောဆုံး ဖြတ်မှာပဲ။ အခုလိုရောဂါတွေကြားရတော့ ကလေးကိုစိတ်ပူရတဲ့စိတ်က ပိုဆိုးလာပြီ။ အစိုးရပိုင်းကလည်း ဒီရောဂါဘယ်လိုကြောင့်ဖြစ်ပွားတယ်၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာ သေသေချာချာမထုတ်ပြန်သေးဘူး။ ဖြစ်ပွားတဲ့အကြောင်းရင်းက ဘာကြောင့် မဖြစ်ပွားအောင် ဘယ်လိုကြိုတင်ကာကွယ်ရမယ်ဆိုတာကို အမြဲမပျက် သတင်းအချက်အလက်တွေ ထုတ်ပေးသင့်တယ်။ ကျွန်မတို့ကလေးတွေရဲ့ ကျန်းမာရေးလုံခြုံမှုကို အပြည့်အ၀ရချင်တယ်။ အစိုးရအနေနဲ့ ကာကွယ်နိုင်ပြီလား၊ လက်ရှိ ဘယ်လိုဆောင်ရွက်နေလဲ၊ ကာကွယ်မှုလုပ်ငန်းတွေ ဘယ်လိုလုပ်ထား လဲဆိုတာ ပြည်သူတွေကို ရှင်းရှင်းလင်းလင်းချပြဖို့ မျှော်လင့်ပါတယ်။ ကာကွယ်မှုကတော့ ကျွန်မအနေနဲ့ ကိုယ့်ကလေးကို အတတ်နိုင်ဆုံး ဒီကြားထဲမှာ လူများတဲ့နေရာမခေါ်သွားဘူး။ ကလေးထိန်းပေးနေတဲ့ အမေ့ကို (ကလေးအဘွား)ကို မှာထားတယ်။ ရုတ်တရက်ကိုယ်ပူတာပဲဖြစ်ဖြစ်၊ အန်တာပဲဖြစ်ဖြစ်၊ ကလေးဖြစ်ပြီဆိုတာနဲ့ နီးစပ်ရာ ဆေးရုံ၊ ကလေးဆေးခန်းကို တန်းသွားပါလို့။
ကိုမင်း(လမ်းတံတားတည်ဆောက်ရေးဝန်ထမ်း)
အစိုးရအနေနဲ့ ဒီရောဂါနဲ့ပတ်သက်တဲ့ သတင်းတွေကို အများပြည် သူတွေ အမြန်ဆုံးသိနိုင်အောင် သတင်းစာ၊ ရေဒီယို၊ FM နဲ့ လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ်တို့ကနေ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ် ပြန်ချက်အနေနဲ့ ချက်ချင်းထုတ်ပြန်ကြေညာပေးသင့်ပါတယ်။ ရောဂါ ဖြစ်ပွားခဲ့တဲ့ကလေးတွေကို ကုသမှုလုပ်ပေးနေတယ်လို့ သိရပါတယ်။ သတင်းထုတ်ပြန်မှုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်မှု အပိုင်းမှာ တတ်နိုင်ရင်အချိန်နဲ့ တစ်ပြေးညီ ပြည်သူတွေကို မြန်မြန်လေး အသိပေးထုတ်ပြန်စေချင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရောဂါဖြစ်ပွားကူးစက်မှုအခြေအနေတွေကို အချိန်ပြည့်စောင့်ကြည့်ပြီး ရောဂါဖြစ်ပွားနေတဲ့ကလေးတွေကို အကောင်းဆုံးကုသမှုပေးပြီး နောက်ထပ် ကူးစက်ပျံ့နှံ့မှုတွေမရှိအောင် ထိန်းချုပ်စေချင်ပါတယ်။ ရောဂါကာကွယ်ဆေးလည်း မရှိသေးဘူးလို့ ဆရာဝန်ကြီးတွေကပြောတော့ ဒီကာလမှာ ကလေးငယ်တွေကို လူထူထပ်တဲ့နေရာတွေ ပွဲလမ်းသဘင်လိုနေရာတွေသွားတာကို ရှောင်ကြဉ်သင့် ပါတယ်။ နှာချေ၊ ချောင်းဆိုးတာတွေကိုလည်း သတိထားပြီး ကလေးကိုလူအများကြီးနဲ့ မထိတွေ့စေတာ ကောင်းမယ်လို့ထင်ပါတယ်။
ဒေါက်တာအေးမင်း(ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်)
ဒီလိုရောဂါတွေက သန့်ရှင်းမှုနည်းတာ၊ အစားအသောက်မသန့် ရှင်းတာတွေကစပြီး ဖြစ်ပေါ်တတ်တာမျိုးတွေပါ။ အဓိကကတော့ ကိုယ် ခံအားနည်းတဲ့သူတွေကနေ အဖြစ်များကြတယ်။ ဦးနှောက်အမြှေးရောင် ရောဂါဆိုတာမျိုးက ဗိုင်းရပ်စ်ကြောင့်လည်းဖြစ်နိုင်တယ်။ ဗက်တီးရီး ယားကြောင့်လည်းဖြစ်နိုင်တယ်။ မကူးစက်အောင်ကြိုးစားဖို့ဆိုရင် အာဟာရပြည့်အောင်နေထိုင်ရမယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင် ဂရုစိုက်ရမယ်။ အဲဒီလိုနေဖို့ဆိုရင် အများစုအတွက် ငွေရေးကြေးရေး အခက်အခဲအဖြစ်ရှိနိုင်ပြန်တယ်။ ဆင်းရဲသူတွေများတဲ့အခါမှာ ဒီလိုဂရု စိုက်ဖို့ဆိုတာကျတော့လည်း မလွယ်ပြန်ဘူး။ လေကတစ်ဆင့် ကူးစက် တဲ့ရောဂါမျိုးဆို ကျွန်တော်တို့ဆီမှာ ထိန်းချုပ်ရတော်တော်ခက်တယ်။ လူနေမှုက ထူထပ်တယ်။ ဘတ်စ်ကားတွေက ကျပ်ညပ်တယ်။ ဆင်းရဲမှုများတယ်။ အဲဒါပြဿနာပဲ။ ရောဂါဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရက ထုတ်ပြန်မှုကြန့်ကြာရတဲ့အကြောင်းရင်းကလည်း ဒီလိုကိစ္စဆိုတာ အလောတကြီး ကြေညာဖို့မသင့်တာတွေ ကြောင့်လည်းဖြစ်မှာပါ။ သေချာအောင် စောင့်ကြည့်ရမှာတွေရှိတယ်။ မျက်မြင်အနေအထားခန့်မှန်းချက်နဲ့ ထုတ်ပြန်လိုက်ရင်ပြဿနာရှိနိုင်တယ်လေ။ ဘက်စုံသုံးသပ်မှုတွေ၊ ဓာတ်ခွဲခန်းစမ်းသပ်ချက်အဖြေစောင့်ကြည့်ရမှာတွေ၊ ပတ်ဝန်းကျင်အခြေအနေသုံးသပ်စစ်ဆေးမှုလုပ်ရမှာတွေရှိတဲ့အတွက် အချိန်ကာလတစ်ခု တော့ စောင့်ရနိုင်တာပေါ့။
ဦးမိုးမြင့်သိန်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (သာစည်မြို့နယ်)
မတ်လ ၅ ရက်လောက်ကစပြီး သာစည်နယ်ထဲမှာ ကလေးတချို့ သေဆုံးတာတွေဖြစ်တယ်။ သာစည်ရဲ့ အရှေ့မြောက်ဘက် ပြွန်ကန် ကျေးရွာမှာ ကလေးနှစ်ယောက်ဆုံးသွားတယ်။ အင်းကုန်းကျေးရွာမှာ တစ်ယောက်ဆုံးတယ်။ ဘုရားကုန်းကျေးရွာမှာတစ်ယောက်ဆုံးတယ်။ သေဆုံးတဲ့အရွယ်ကလည်း (၅)နှစ်ကနေ (၉)နှစ်အရွယ်ထိပဲ။ တိုင်းပြည် သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးတို့ လာရောက်ကြည့်ရှုကြတယ်။ ဆရာဝန်တွေ ပြောပြချက်အရတော့ ပြင်းထန် ဦးနှောက် အမြှေးရောင်ရောဂါလို့ သံသယရှိတယ်ပြောတယ်။ ဒီရောဂါလက္ခဏာက အန်တာများမယ်။ ပြီးရင် သတိလစ်သွားမယ်။ ဖုန်ကနေတစ်ဆင့် ကူးစက်တယ်လို့ပြောတယ်။ ဖုန်ကိုရှူမိလိုက်တာကနေ အသက်ရှူလမ်းကြောင်းကို ကူးစက်တယ်လို့ရှင်းပြသွားတယ်။ ကာကွယ်ဆေးဖျန်းတယ်။ ရောဂါကာကွယ်ဆေးဆိုပြီးတိုက်တယ်။ လူကြီးတွေကိုပါ ကူးစက်နိုင်တဲ့ အတွက် လူကြီးတွေကိုပါတိုက်သွားတယ်။ တိုင်းကျန်းမာရေးအနေနဲ့  ဒီလိုရောဂါမျိုးကူးစက်ခံနေရတယ်ဆိုတာ အသံချဲ့စက်နဲ့ပဲဖြစ်ဖြစ် လိုက်လံသတိပေးတာမျိုးလုပ်သင့်ပါတယ်။ ကာကွယ်ဆေးတွေတိုက်နေပေမယ့်လည်း ထပ်ဖြစ်နေတာတွေအတွက် ဆရာဝန်တွေပြောပြချက်အရ နေပူထဲသွားတာမျိုးကို ရှောင်ရှားသင့်ပါတယ်။ ကျောင်းပိတ်ထားတဲ့ ရာသီဖြစ်တဲ့အတွက် ကလေးတွေကို သေချာဂရုစိုက်သင့်ပါတယ်။
ဒေါက်တာကျော်စွာဦး(ရန်ကုန်)
ဦးနှောက်အမြှေးရောင်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီး ဌာနက ကြေညာချက်တွေထုတ်ပြန်တာတွေ့ရတယ်။ လိုက်နာရမယ့်အ ချက်၊ သတိပြုရမယ့်အချက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီဆောင် ရွက်နေပါတယ်။ ကိုယ့်ရပ်ကွက် ကိုယ့်ဝန်းကျင်မှာဖြစ်နေတယ်ဆိုရင် ပိုသတိထားဖို့လိုလာတယ်။ ရောဂါဖြစ်တဲ့ကလေးတွေနဲ့ အတူဆော့တာ မျိုးမဖြစ်ဖို့လိုတယ်။ ကလေးတွေကို အဓိကလက်ဆေးပေးဖို့ပါပဲ။ ရောဂါဖြစ်တဲ့သူရဲ့ အသုံးအဆောင်တွေ မကိုင်မိဖို့ပါပဲ။ မိဘတွေအနေနဲ့ ဒီအချိန်မှာ ကိုယ့်ကလေးက ဖျားတာ၊ တက်တာ၊ သတိလစ်တာတွေဖြစ် လာရင်  ဆေးရုံကိုအမြန်ပြေးဖို့လိုတယ်။ ကလေးတွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးမှာ အဓိကကလက်ဆေးဖို့ပါပဲ။ အပြင်က ပြန်လာတိုင်း အစာစားတိုင်း လက်ဆေးရမယ်။ မိဘတွေအနေနဲ့ အရမ်းမကြောက်ပါနဲ့။ ကိုယ့်ကလေးကို နေမကောင်းမဖြစ်အောင် ဂရုစိုက်ပါ။ နေမကောင်းဖြစ်နေတဲ့ သူအနားမသွားပါစေနဲ့။ ကလေးနေမကောင်းဖြစ်ရင် ဆေးရုံသွားပါ။ တကယ်လို့ ဆေးရုံမတင်နိုင်ရင် ပတ်ဝန်းကျင်က ၀ိုင်းပြီးတင်ပေးကြပါ။ လူနာပြုစုသူကလည်း လက်သန့်ရှင်းရေးသေချာလုပ်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးလည်း အရေးကြီးတယ်။ ကိုယ့်ရဲ့ကလေး နေမကောင်းရင် တခြားကလေးနဲ့ပေးမဆော့ပါနဲ့။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးချက်၊ ကြေညာချက်တွေကို သတိထားပြီး လိုက်နာဆောင်ရွက်ပါလို့အကြံပေးချင်ပါတယ်။