Wednesday, September 5, 2012

ဒယ်အိုးဆရာတော်က ရခိုင်ပြဿနာမှာ နိုင်ငံတော် လုံခြုံရေး ပြဿနာ ဖြစ်ကြောင်း အမေရိကန်တွင် ပြောကြား

From-  Narinjara

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့  ရှိ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာ ဘုန်းတော်ကြီး ကျောင်း၏ စုပေါင်း ၀ါဆို သင်္ကန်းဆက်ကပ် လှူဒါန်းပွဲတော်နှင့် ဓမ္မပူဇာ ဓမ္မသဘင်တွင်  နိုင်ငံကျော်ဓမ္မကထိက ဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) က “ညီညွတ်ကြမှချမ်းသာရ” သစ္စာတရား ရေအေးတော်ကို တိုက်ကျွေး ဟောကြားခဲ့သည်။

ပါတီအချင်းချင်း တိုက်ခိုက်မှု အဆုံးသတ်ဖို့ NDF ခေါင်းဆောင်ပြော

From- Mizzima

ရန်ကုန် (မဇ္ဈိမ) ။        ။ လူပုဂ္ဂိုလ်အချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း တိုက်ခိုက်ဝေဖန်မှုများကို အဆုံးသတ်ကာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့ကို ဦးစားပေး လုပ်ဆောင်ကြရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်တွင် အင်္ဂါနေ့က ပြုလုပ်သော NDF ရုံးချုပ်သစ်ဖွင့်ပွဲတွင် ပြောကြားသွားသည်။

ရင်းနှီးမြှုပ်နှံမှု အလာနည်းမည်ကို စိုးရိမ်နေ

From- irrawaddy

ဥပဒေကြမ်းတွင် အနိမ့်ဆုံးရင်းနှီးမြုပ်နှံမှုပမာဏကို
 အမေရိကန် ဒေါ်လာ ၅ သန်း သတ်မှတ် 
ထားရာ အခြားအာဆီယံနိုင်ငံ များထက် 
၁၅ ဆနီးပါးမျှ များပြားနေသည်
ပြင်ဆင်ရေးဆွဲနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း တွင်  ဒေသ တွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းချက် များရှိနေ သည့်အတွက် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု နည်းပါးနို င်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအ သင်း တာဝန်ရှိသူများနှင့် စီးပွားရေးပညာရှင်များ က ထောက်ပြပြော ဆိုလိုက်သည်။

ကိုမိုးသီးဇွန်နှင့် ABSDF အဖွဲ့ဝင်များ မြန်မာပြည် ပြန်နေမည်

From-  irrawaddy
ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော 
ABSDF ဥက္ကဌ ဟောင်း ကိုမိုးသီးဇွန်
 အစိုးရက နိုင်ငံသား မှတ်ပုံတင်ပြန်ထုတ်ပေး ၍ နေထိုင် ခွင့်ပြုမည် ဆိုပါက အမေရိကန်နိုင်ငံသား ခံယူထားခြင်းကို စွန့်လွှတ် ၍ မြန်မာ နိုင်ငံ တွင် ပြန်လည် နေထိုင်သွား မည် ဖြစ်ေ ကြာင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး  (ABSDF) အဖွဲ့ဝင်များက ပြောဆိုလိုက်သည်။

နယ်စပ်ဒေသမှ တရားမ၀င် ကုန်ပစ္စည်း တင်သွင်းမှုအား ထိရောက်စွာ အရေးယူ သွားမည်

စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ နယ်စပ်မှ တရားမ၀င် တင်သွင်းတဲ့ ကုန်ပစ္စည်းများကိုထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အရေးယူမှု ကိုတော့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ ပူးပေါင်းကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်သမ္မတအိုဘားမား၏လုံခြုံရေးအဆင့်မြင့်ကား Cadillac One

အမေရိကန်သမ္ပတအဖြစ်ရွေးချယ်တင်မြောက်ခံရပြီးနောက်ဘာရက် အိုဘားမားရဲ့လုံခြုံရေးအတွက်အိမ်ဖြူတော် မှငွေကြေးအမြောက် အများ အသုံးပြုခဲ့ပါတယ်။ 
ပုံမှာမြင်တွေ့ရတဲ့အတိုင်း အမေရိကန်သမ္မတ တစ်ဦး အတွက်ထော က်ပံ့ပေးထားတဲ့ကားကတော့ဂျိမ်းစဘွန်းကားထက်တောင်သာတယ် လို့ ဂုဏ်တင်ပြောဆိုကြပါတယ်။

နိုင်ငံတကာ ဧည့်သည်တော်များအတွက် နောက်ဆုံးပေါ် မာစီဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများ တင်သွင်းမည်

လာမည့်နှစ်များတွင် ပြုလုပ်မည့် အာဆီယံဆိုင်ရာ အစည်းအဝေးများ၌ နိုင်ငံတကာမှ လာရောက်မည့် အထူးဧည့်သည်များ အသုံးပြုရန်အတွက် တန်ဖိုးမြင့် နောက်ဆုံးပေါ် မာစီဒီး၊ လပ်ဇပ်နှင့် အော်ဒီကားများကို တင်သွင်းနိုင်ရန် တင်ဒါခေါ်ယူထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။

မြန်မာနိုင်ငံရေးပါတီတွေ အမေရိကန် နိုင်ငံရေးလေ့လာ


အမေရိကန်နိုင်ငံရဲ့ လက်ရှိသမ္မတရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်ရေး ကမ်ပိန်းတွေ စနေချိန်မှာ အမေရိကန်နိုင်ငံရေး ကို လေ့လာနိုင် ဖို့ မြန် မာနိုင်ငံ က နိုင်ငံရေးပါတီတွေကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ဖိတ်ကြားခဲ့ပါတယ်။ Managing Media and Public relations  ဆိုတဲ့ သတင်းမီဒီယာ နဲ့ ပြည်သူ့ဆက်ဆံရေး အစီအစဉ်နဲ့ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန် ဒီစီကို ပါတီ ကိုယ်စားလှယ်တွေ ရောက်လာကြတာဖြစ်ပါတယ်။

ဘင်လာဒင် နောက်ဆုံးနေ့ စာအုပ်ထွက်


စက်တင်ဘာလ ၄ ရက်နေ့က ကမ္ဘာတလွှားနဲ့ အမေရိကန်ပြည်ထောင်စုက စာအုပ်ဆိုင်တွေမှာ စတင် ရောင်းချတဲ့ No Easy Days မလွယ်ကူ လှတဲ့ နေ့- အမည်ရှိ စာအုပ်ဟာ မနှစ်က ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်း ဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သွားရောက် သုတ်သင်စဉ်က သတင်းအချက်အလက်တွေ ပါဝင်နေပါတယ်။

ကနေဒါကုန်သွယ်ရေးဝန်ကြီး Ed Fast မြန်မာနိုင်ငံ လာရောက် မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ကနေဒါသံရုံးသစ်၌ ကုန်သွယ်ရေးမဟာမင်းကြီးတစ်ဦး ထားရှိမည်

မြန်မာနိုင်ငံတွင် မကြာမီဖွင့်လှစ်သွားမည့် ကနေဒါသံရုံးသစ်၌ ကုန်သွယ်ရေးမဟာမင်းကြီးတစ်ဦး ထားရှိမည်ဖြစ်ကြောင်း ကနေဒါကုန် သွယ်ရေးဝန်ကြီး Ed Fast က စက်တင်ဘာလ ၃ ရက်နေ့က ပြောကြား ခဲ့သည်။

NLD ပါတီ အား လွတ်လပ်စွာ ဆန္ဒပြသူ ပါတီဝင် ခေါင်းဆောင် နှစ်ဦးအား NLD ပါတီမှ ဖြုတ်ထုတ်ရှင်း လုပ်ခံရ

NLD ပါတီ အား လွတ်လပ်စွာ ဆန္ဒပြသူ ပါတီဝင် ခေါင်းဆောင် နှစ်ဦး အား NLD ပါတီမှ ထုတ်ပယ်ခံရကြောင်း သတင်းရရှိ သည်။ မြောင်းမြဆန္ဒထုတ်ဖော်မှုအတွက် ဒီချုပ် ဗဟိုမှ ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး ဦးဆောင် ဆန္ဒဖော်ထုတ် သူနှစ်ဦးအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအတွက် ပထမအဆင့်လုပ်ငန်းစတင်

မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၄ ကျရင် ပြည်လုံးကျွတ် ကောက်ခံမယ့် သန်းခေါင်းစာရင်းကို အဆင့် ၄ ဆင့်နဲ့ သတ်မှတ်ကာ ကောက်ယူမယ့်
အထဲက ပထမအဆင့်ဖြစ်တဲ့ ကြိုတင်ပြင်ဆင်ခြင်း အဆင့်ရဲ့ လုပ်ငန်းတွေကို စတင်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ၀န်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

မဲခေါင်မြစ်အတွင်း ခရီးသည်တင်စက်လှေနစ်မြုပ် အခါကျောင်းသူ/သား ၁၄ ဦးသေ

မဲခေါင်မြစ်အတွင်း ခရီးသည်တင်စက်လှေနစ်မြုပ်မှုကြောင့် အထူးဒေသ ၄ မိုင်းလား နယ်မြေမှ တရုတ်ပြည်သို့ ကျောင်းသွားတက်သည့် အခါကျောင်းသားလူငယ်ကလေးများ ၁၄ ဦးသေဆုံးကြောင်း နယ်စပ်သတင်းရပ်ကွက် က ဆိုပါသည်။

ကလေးငယ်များ အစားအသောက်နှင့် အိုင်ကျူ ဆက်စပ်နေ

ကလေးငယ်များအား ၂၄ လ (အသက်၂ နှစ်) အထိ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် များ ကျွေးမွေးပြီး အသက်ရှစ်နှစ် အရွယ်တွင် စစ်ဆေးကြည့်ရာ၌ ယင်းကလေးများမှာ အိုင်ကျူ မြင့်မားနေေ ကြာင်း  သြစတြေးလျ သုတေသီများက တွေ့ရှိခဲ့ကြသည်။

ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ ဆွေနွေးမည့်အကြောင်းအရာများ

ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အောက်ပါ အကြောင်း အရာများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၄ ရက်နေ့မှ စ၍ လွှတ်တော်မှ ခွင့်ယူ

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၄ ရက်နေ့မှ စ၍ လွှတ်တော်မှ ခွင့်ယူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မွန်းလွဲပိုင်းမှစ၍ လွှတ်တော်မှ ခွင့်ယူထားကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် လုပ်ငန်းရှင်တို့ တွန့်ဆုတ်နိုင်သည့် အချက်များ ပါဝင်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် လုပ်ငန်းရှင်တို့ တွန့်ဆုတ်နိုင်သည့် အချက်များ ပါဝင်
ရန်ကုန်၊ စက်တင်ဘာ ၎

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ တွန့်ဆုတ် သွားနိုင်သည့် အချက်အချို့ လွှတ်တော်တွင် ပြင်ဆင်ရေးဆွဲ နေသော နိုင်ငံခြားရ
င်းနှီးမြှုပ်နှံမှု ဥပဒေမူ ကြမ်းထဲတွင် ပါဝင်နေသည်ဟု ကုန်သည်/ စက်မှုလုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဆင့်မြင့် တာဝန်ရှိသူတို့က ထောက်ပြပြော ဆိုလိုက်သည်။

ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်/စက်မှုလုပ်ငန်းအသင်းချုပ်၌ မီဒီယာတို့ကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ခေါ်ယူတွေ့ဆုံစဉ် အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က “လူအများ မလိုက်နာနိုင်တဲ့ ဥပဒေကို ပြဋ္ဌာန်းမိရင် ချိုးဖောက်မိတတ် ပါတယ်။ ဒီလိုဆိုရင် မနှစ်မြို့ဖွယ် ကွင်းဆက်တွေ ဖြစ်လာပါလိမ့်မယ်”ဟု ပြောသည်။

ပြင်ဆင်ရေး ဆွဲနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းထဲတွင် ကန်ဒေါ်လာ ၅ သန်းရှိမှ လာ ရောက်ရင်းနှီးမြှုပ်နှံနိုင်ခြင်း၊ ဖက်စပ်လုပ်ငန်းများ ဆောင်ရွက်ပါက အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်းဆိုသော အချက်တို့မှာ နှောင့်နှေးသွားစေသည့် အချက်ဖြစ်သည်ဟု ထောက်ပြသည်။

သမ္မတ၏ လူမှုရေးနှင့် စီးပွားရေးအကြံပေးကောင်စီဝင် ဦးဇော်ဦးက အာဆီယံ ၉ နိုင်ငံနှင့် နှိုင်းယှဉ် ပါက မြန်မာ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ကနဦးရင်းနှီးငွေ ကန်ဒေါ်လာ ၅ သန်းသတ်မှတ်ချက်သည် အာဆီယံတို့ ထက် ၁၅ ဆလောက်ထိ ပိုများမည်ဟု ဆိုသည်။

“ရင်းနှီးမြှုပ်နှံငွေ သတ်မှတ်ထားတာက ဗီယက်နမ်ဆို ၂၀၀၆ ကတည်းက ပယ်ဖျက်လိုက်ပြီ။ အခု ကမ္ဘောဒီးယား၊ လာအိုမှာပဲ ရှိတော့တယ်။ ဒါတောင် ကဏ္ဍအချို့တွေမှာပဲ ရှိတယ်။ ဒီထက်ကို မြန်မာက များနေ တယ်”ဟု ဦးဇော်ဦးက ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြည်ပရင်းနှီးမြှုပ်နှံသူများ မလုပ်နိုင်တာ ကို ၁၉၈၉ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေက ကန့်သတ်ခဲ့သည့် အချက်အချို့အတွက်ကြောင့် ယနေ့ အများပြော နေကြသော အရေခြုံသော၊ မျက်နှာဖုံးစွပ်သော ပြည်ပလုပ်ငန်းရှင်တို့ ၀င်လာကြပြီး နောက်ပိုင်းတွင် အခြေအနေ ရှုပ်ထွေးလာကြောင်းနှင့် အမှားများဖြစ်ခဲ့သည်များကို စောင်းပေးနေပါက ဘယ်တော့ကျမှ သူများကို မီပါ့မလဲ၊ လိုက်နိုင်ပါ့မလဲအပေါ် မေးခွန်းထုတ်လိုကြောင်း ပြောသည်။

UMFCCI မှ ဦးဇော်မင်းဝင်းက “အခြားနိုင်ငံမှာ မရှိတဲ့ကိစ္စကို ဒီမှာရှိအောင် မလုပ်သင့်ပါဘူး”ဟု ပြော၍ ဥက္ကဋ္ဌ ဦးဝင်းအောင်က ဥပဒေပါ အချက်အချို့ကြောင့် စီးပွားရေးဥပဒေသစ်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်တို့ ပါဝင်ခွင့်မရဘဲ ဘေးက ထိုင်ကြည့်နေရမယ့် အနေအထားရှိသွားမည်ဟု မီဒီယာတို့ အား အသိပေးရှင်းလင်းလိုက်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းအား ပြည်သူ့လွှတ်တော်သို့ တတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသေးသည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ တွန့်ဆုတ် သွားနိုင်သည့် အချက်အချို့ လွှတ်တော်တွင် ပြင်ဆင်ရေးဆွဲ နေသော နိုင်ငံခြားရ င်းနှီးမြှုပ်နှံမှု ဥပဒေမူ ကြမ်းထဲတွင် ပါဝင်နေသည်ဟု ကုန်သည်/ စက်မှုလုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် အဆင့်မြင့် တာဝန်ရှိသူတို့ က ထောက်ပြပြော ဆိုလိုက်သည်။

SEA Game မတိုင်မီအသုံးပြုနိုင်မည့် အဆင့်မြင့်မိုဘိုင်းကွန်ယက် 4G

အဆင့်မြင့် မိုဘိုင်း ကွန်ယက် တစ်ခုဖြစ်သည့်  4G စနစ် (Long Term Evolution)ကို ရန်ကုန်မြို့တွင် စတင်စမ်းသပ် အကောင် အထည် ဖော်လျှက် ရှိကြောင်း ရတနာပုံ တယ်လီပို့က သိရှိရသည်။

ထွက်ရှိရေနံနှင့် သဘာဝဓာတ်ငွေ့များ ပြည်တွင်းဦးစားပေးသုံးစွဲရန် စွမ်းအင်ဝန်ကြီး ကတိပေး

မြန်မာနိုင်ငံအတွင်း ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ကို ပြည်ပသို့ ရောင်းချတော့ မည်မပာုတ် ဘဲ ပြည်တွင်း၌သာ ဦးစားပေး သုံးစွဲ သွားမည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ “ကျွန်တော်တို့ဆီကထွက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကို ပြည်ပကို သိပ်မရောင်းတော့ ပါဘူး။ ပြည်တွင်းမှာပဲ အဓိကသုံးစွဲသွားမှာပါ။ အရင် တုန်း ကတော့ ပြည်တွင်း ဓာတ်ငွေ့လိုအပ် ချက်မရှိသေးလို့ တရုတ်ကို ရောင်းစားခဲ့တာပါ။

NLD ပါတီဝင်များ တွံတေးမြို့ အမျိုးသားဒီမိုကရေစီ ရုံးရှေ့တွင်ဆန္ဒပြ

ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်း ကျေးရွာ ၇၃ အုပ်စုက NLD ပါတီဝင် အင်အား ၁၅၀ လောက်ဟာ NLD ပါတီရုံးချုပ်ရဲ့ ရပ်၊ ကျေးကော်မရှင်နဲ့ ပါတီဝင်တွေ ပြန်ရွေးချယ်မှုကို မကျေနပ်တဲ့ အတွက် ဒီကနေ့ နေ့လည် ၁ နာရီမှာ တွံတေးမြို့ ကျွန်းတောရပ်ကွက် အမျိုးသား ဒီမိုကရေစီ ရုံးခန်းရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

၂၀၁၃ တွင် မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်တော့မည်

၂၀၁၃ တွင် မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်တော့မည်

လာမည့်နှစ်တွင် မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်သည့် Outbound Roaming System အသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 ယင်းစနစ်ကို ၂၀၁၃ ခုနှစ်အတွင်း အကောင်အထည်ဖော် အသုံးပြုနိုင်ရန်အတွက် အာဆီယံနိုင်ငံများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းနိုင်ငံများအပြင် ကိုရီးယား၊ ဂျပန် အစရှိသည့် နိုင်ငံများနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ရန် သက်ဆိုင်ရာနိုင်ငံများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။

  “ပြည်တွင်းက မိုဘိုင်းဖုန်းတွေကို ပြည်ပကို သယ်ဆောင်အသုံးပြုနိုင်အောင် ဆောင်ရွက်နေပါပြီ။ လက်ရှိ အနေအထားမှာတော့ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေ ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံ ကျင်းပမည်ဖြစ်ရာ နိုင်ငံစုံမှ လာရောက်ကြမည့် ခရီးသွားများအတွက် အဆင်ပြေချောမွေ့မှု ရှိစေရန် ယခုကဲ့သို့ ဆောင်ရွက်ရန်စီစဉ်ခြင်း ဖြစ်မည်ဟု မြန်မာ့အရေးလေ့လာသူတစ်ဦးက ပြောသည်။

 လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများ သုံးစွဲနေသည့်စနစ်သည် ပြည်တွင်း၌သာ လှည့်လည်သုံးစွဲ၍ ရသည့်စနစ်ကိုသာ အသုံးပြုနိုင်သေးကြောင်း သိရသည်။

ယင်းစနစ်နှင့် ပတ်သက်၍ အိုင်တီကျွမ်းကျင်သူ ကိုဝေဖြိုးက “ဒီစနစ်က ကျွန်တော်တို့ နိုင်ငံမှာ လုပ်သင့်နေတာ ကြာပါပြီ။ အနီးစပ်ဆုံး ထိုင်းလိုနိုင်ငံမှာတောင် ကြိုက်တဲ့နိုင်ငံရဲ့ ဆင်းကဒ်နဲ့ပြော။ ပြောဆိုဆက်သွယ်လို့ ရတယ်။ နောက်ပိုင်း ကျွန်တော်တို့လဲ ဒီစနစ်ရတော့မယ် ဆိုတော့ သူများဆင်းကဒ် ဝယ်သုံးဖို့ မလိုတော့ဘူးပေါ့” ဟု ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။လာမည့်နှစ်တွင် မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်သည့် Outbound Roaming System အသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြောင်းမြဆန္ဒထုတ်ဖော်မှုအတွက် ဒီချုပ် ဗဟိုမှ ကြေညာချက်ထုတ်ပြန် ဦးဆောင်ဆန္ဒဖော်ထုတ်သူနှစ်ဦးအား အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့

မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၏ ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)မှ စက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြည်တော်ပြန် အတိုက်အခံများအပေါ် ဘယ်လို မြင်ကြသလဲ

သမ္မတ ဦးသိန်းစိန်က အမည်ပျက် စာရင်း ၃ ပုံ ၁ ပုံကို ပယ်ဖျက်ပေးလိုက်ပြီး ပြည်ပရောက်မြန်မာ အတိုက်အခံ များ ပြည်တော်ပြန် လာကြခြင်း အပေါ် ပြည်တွင်း နိုင်ငံရေးအသိုင်း အ၀ိုင်း က အပြုသဘော ရှုမြင်ကြသည်။

ဝန်ကြီးကလင်တန် ဘေဂျင်းရောက်

  From: VOA
 
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်။ အမေရိက န်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာရှဒေသခရီးစဉ် တတိယခရီး တထောက်အဖြစ် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော် မှာရောက်နေပါပြီ။ တောင်တရုတ် ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာကို ဖြေရှင်းဖို့ အတွက် နည်းစနစ်တခုအပေါ်မှာ တရုတ်နဲ့ သူ့ရဲ့အိမ်နီးချင်းနိုင်ငံတွေအကြား သဘောတူညီချက်ရရေး တိုက်တွန်းဖို့ တစိတ်တပိုင်းအားဖြင့် ရည်ရွယ်ထားတဲ့ခရီးစဉ်ဖြစ်ပါတယ်။

ALPရဲ့ ပထမဆုံး ဆက်ဆံရေးရုံး ကျောက်တော်မှာ ဖွင့်


လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ဒီကနေ့ နံနက် ၉ နာရီမှာ ကျောက်တော်မြို့ ၊ မြို့သစ်ရပ်ကွက်မှာ ဖွင့်ပါတယ်။

ကိုထိန်းလင်းရဲ့ တောတွင်း၊ ထောင်တွင်းဆိုင်ရာ ပန်းချီပြပွဲ

ကိုထိန်လင်း နှင့် ဦးဟန်ညောင်ဝေ တို့ကိုပြပွဲတွင်တွေ့ရစဉ် ၊ ဓာတ်ပုံများ- ဂျေပိုင်- ဧရာဝတီ

ပန်းချီဆရာ ကိုထိန်လင်းရဲ့ ထောင်တွင်းနှင့် တောတွင်း အတွေအကြုံပန်းချီကားများပြပွဲ စက်တင်ဘာ ၄ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ရှိ ကမ်းနားလမ်းရှိ The Strand ဟိုတယ်တွင်ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ညစာစားပွဲ

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ်များ အများစု တည်းခိုနေထိုင်ရာ နေပြည်တော် စည်ပင်ရိပ်သာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော တိုင်းရင်းသားကိုယ်စားလှယ်များအား ညစာစားပွဲနှင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုတာ

ကမ္ဘာ့ကုလ သမဂ္ဂ ညီလာခံတွင် မိန့်ခွန်းခြွေနေသော သီတဂူဆရာတော် အရှင် ဥာဏိဿရ

" အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ ...အတွင်းကမ္ဘာ In idividual World တစ်ယောက်ဆီ တစ်ယောက်ဆီ နဲ့ ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အရင်လုပ် .....

ဆန်ဖမ်းမယ့် စစ်ဆင်ရေး သတင်းပေါက်လို့ ပျက်သွားပြီ

မြန်မာဆန်တွေ မြ၀တီကနေ မဲဆောက်ဘက် နေ့စဉ် အိတ် ၁၀,၀၀၀ နီးပါး ၀င်ရောက်နေတာကို ပိတ်ပင်ဖမ်းဆီးဘို့ မနေ့က စတင်ပြုလုပ်မယ့် စစ်ဆင်ရေး ပျက်သွားပါတယ်။မြန်မာနဲ့ထိုင်းဆန်ကုန်သည်တွေက စစ်ဆင်ရေးအကြောင်း ကြိုတင် သတင်း ရရှိ သွားတဲ့အတွက် အဲဒီ စစ်ဆင်ရေး ပျက်သွားခဲ့ရတာလို့ ဆိုပါတယ်။

ဝန်ကြီးဌာနများပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဝန်ကြီးများတိုးမြှင့်ခန့်ထားခြင်း

ဝန်ကြီးဌာနများပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ဝန်ကြီးများတိုးမြှင့်ခန့်ထားခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်ကိုးဦးဆွေးနွေးကြရာ ဦးဘရှိန်၊ ဒေါက်တာမြတ်ဥာဏစိုး နှင့် ဦးခိုင်မောင်ရည်တို့က သမ္မတရုံးဝန်ကြီး ခြောက်ဦးထိတားရှိခြင်းမှာ မလိုအပ်ဘဲများပြားလှကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ ကြသည်။