![]() |
| From-Ponnya Swe Facebook |
Saturday, September 22, 2012
မြိတ်တွင် ၈၈ အဖွဲ့ အတုပေါ်
ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်၍ မြိတ်မြို့တွင် ၈၈
မျိုးဆက်ကျောင်းသားများဟုဆိုကာ အဖွဲ့တု တစ်ခုပေါ်ပေါက်နေကြောင်း
မြိတ်မြို့အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ယနေ့
သတင်းထုတ်ပြန်လိုက်သည်။
ကျောက်မီးသွေး စက်ရုံဆောက်လုပ်မည့်
ကိစ္စနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်နေချိန်တွင် ယင်းအဖွဲ့သည်
ကျောက်မီးသွေး စက်ရုံ၏ ကောင်းကျိုးများကိုသာ လူထုကို ပြောဆို
စည်းရုံးနေကြောင်း အထက်ပါ အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်းသား ဦးအောင်နိုင်ဦးက
ရှင်းပြသည်။
ပြည်သူပိုင် လယ်ကွင်းများအတွင်း KIA မှမိုင်းထောင်ထား
နံမည်ကြီး သတင်းသမား သောမတ်စ်ဖူလာ မုံရွာမှာ ယာယီ ထိမ်းသိမ်း တားမြစ်ခံရ
သတင်းဆောင်းပါးရှင် သောမတ်စ်ဖူလာ၊ ဓာတ်ပုံ-International Herald Tribune
International Herald Tribune ရဲ့ နံမည်ကြီး သတင်းသမား သောမတ်စ်ဖူလာနဲ့ သူ့ရဲ့ ဓာတ်ပုံသမား တဦးတို့ဟာ မုံရွာ မြို့က အပြန် မြို့အထွက် ဂိတ်မှာ ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ အာဏာပိုင်တွေက တားမြစ်ကာ ယာယီထိမ်းသိမ်းတာ ခံလိုက်တယ်လို့ မုံရွာ ပွင့်လင်း လူ့အဖွဲ့ အစည်းက ဧရာဝတီကို ပြောပါတယ်။
မန္တလေး မြို့တော်ဝန် ဆန္ဒပြနေသူများကြားပိတ်မိနေ
စက်တင်ဘာလ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်း၊
ပုသိမ်ကြီးမြို့နယ် ကျူးကျော်အိမ်ယာတွင်နေထိုင်ကြသူများက
လာရောက်ေ တွ့ဆုံေ ဆွးနွေးသောမြို့တော်ဝန်အား ၀ိုင်းဝန်း ပိတ်ဆို့ကာ
ဆန္ဒပြလျက်ရှိကြောင်း သိရှိရသည်။
မန္တလေးမြို့တော်ဝန်က ပုသိမ်ကြီးမြို့နယ် မကွေးကျောင်းတိုက်တွင်ဒေသခံများအား သွားရောက်ေ တွ့ဆုံခဲ့ခြင်းဖြစ် သည်။
ဒေါသထွက်နေသော တရုတ်လူအုပ်က အမေရိကန် သံအမတ်ကို ၀ိုင်းတိုက်ခိုက်
တရုတ်က
ပိုင်ဆိုင်သည်ဟု ကန့်ကွက်လျက် ရှိသောကျွန်းကို ဂျပန်ကလည်း
ပိုင်ဆိုင်ကြောင်း ပြသနေမှု အတွက် ဂျပန်ဘက်မှ ဘက်လိုက်သည်ဟု အမေရိကန်ကို
ဒေါသ ထွက်နေသောလူအုပ်ကြီးက အမေရိကန် သံအမတ်ကြီး စီးနင်း လိုက်ပါလာသော
ကားကို ဝိုင်းဝန်း တိုက်ခိုက် ခဲ့ကြကြောင်း Telegraph သတင်းတစ်ရပ်က
ဖော်ပြထားသည်။
ပြည်သူ့အကျိုးအတွက် ပူးပေါင်းရန် ၈၈ အဖွဲ့ကို ဧရာဝတီ တိုင်းလွှတ်တော် ဖိတ်ခေါ်
ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ – သန့်စင်ငြိမ်းချမ်း / ဧရာဝတီ)
ပြည်သူ့ အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ပြည်သူတို့၏
ဆုံးရှုံးနစ်နာမှုများအား လက်တွဲဖြေရှင်းသွားရန် ဧရာဝတီတိုင်းဒေသကြီး
လွှတ်တော်က ၈၈ မျိုးဆက် ကျောင်းသားများကို ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။
လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်နှင့် ကိုဂျင်မီ ဦးဆောင်သည့် ၈၈
မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ ပုသိမ်မြို့ရှိ ဧရာဝတီ တိုင်းဒေသကြီး
လွှတ်တော်တွင် ယမန်နေ့က တွေ့ဆုံခဲ့ကြရာတွင် လွှတ်တော် ဥက္ကဋ္ဌက ထိုသို့
ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
Air KBZ လေကြောင်းလိုင်းသည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြာင့် မြိတ်လေဆိပ်မှ ဆက်မထွက်နိုင်
ရန်ကုန်မြို
့မှ ကော့သောင်းမြို့ သို့ စက်တင်ဘာလ ၂၂ ရက် ( ယနေ့ ) နံနက် ၆ နာရီတွင်
ထွက်ခွါသွားသော Air KBZ လေကြောင်းလိုင်းသည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြာင့် မြိတ်လေဆိပ်မှ ဆက်မထွက်နိုင်ကြောင်း သတင်းရရှိသည်။ “ အင်ဂျင်ပါဝါကျတယ်လိုတော့အကျဉ်းဖျင်းသိထားတယ်
။ အခုမြန်မာ့လေကြောင်းက M-16 လေယဉ်ငှား ထားပြီးကော့သောင်းထိ ပို့ ပေးဖို
့စီစဉ်နေပါတယ်” ဟုAir KBZ လေကြောင်းလိုင်း မြိတ်ရုံးခွဲမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
ဟော်နန်းအိုသို့ အလည်တခေါက်
တူရကီ အာဏာသိမ်းရန်ကြိုးပမ်းမှု စီရင်ချက်ချ
![]() |
| တူရကီနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ လက်ရှိ တာဝန်ထမ်း စစ်တပ်အရာရှိတွေနဲ့ စစ်အရာရှိဟောင်းများ တရားခွင်သို့ လာရောက်စဉ် |
တူရကီနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုနဲ့
စွဲချက်တင်ခံထားရတဲ့ လက်ရှိ တာဝန်ထမ်းနေကြသူ စစ်တပ်အရာရှိတွေနဲ့
စစ်အရာရှိဟောင်းပေါင်း စုစုပေါင်း ၃၃၀ လောက်ကို တရားရုံးတခုက ပြစ်ဒဏ်
ချလိုက်ပါတယ်။
ပြည်ပအကူအညီ အဟောသိကံ မဖြစ်စေသင့်
![]() |
| ဒေါ်အောင်ဆန်းစုကြည် UNရုံးချုပ်တွင် မိန့်ခွန်းပြောနေစဉ် |
ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့
တွေ့ဆုံခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂမှာ လက်ရှိ တာဝန်ထမ်းနေကြတဲ့
မြန်မာဝန်ထမ်းတွေ၊ မြန်မာပြည်က တာဝန် ထမ်းဆောင်နေသူတွေ၊ ကုလသမဂ္ဂအငြိမ်းစား
မြန်မာဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့လိုတွေ့ဆုံရာမှာ အမိနိုင်ငံအတွက်
ကောင်းကျိုးပြုပေးကြဖို့ တိုက်တွ န်းပြောကြား ခဲ့သလို၊ ပြည်ပအကူအညီကို
ဘယ်လိုရယူသင့်သလဲဆိုတာကို အပြန်အလှန်ေ ဆွးနွေးခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့
ဦးကျော်ဇံသာက ဆက်ပြီး ပြောပြပေးပါမယ်။
ယုံကြည်ချက်ကြောင့် ပုသိမ် NLD အများစုပါတီမှ နှုတ်ထွက်ရန် ပြင်ဆင်
ပုသိမ်မြို့၊ စကားဝါလမ်းရှိ NLD နာယက ဦးတင်ဦးကိုယ်တိုင် လာရောက်ဖွင့် လှစ်ပေးခဲ့သော
မြို့နယ်၊ ခရိုင်၊ NLD ရုံးအား တရားမ၀င်ကြောင်းနှင့် ပုသိမ်NLD
ပါတီဝင်များထောက် ခံသော ခေါင်းဆောင်(၃)ဦးအား ပါတီဝင်အဖြစ်မှ
ရပ်ဆိုင်းခဲ့သော ဗဟိုမှ ထုတ်ပြန်ကြေညာမှုကြောင့် ပုသိမ် NLD
ပါတီဝင်အများစုမှာ ပါတီဝင် အဖြစ် မှ နှုတ်ထွက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ဒီစာတွေကို မယုံပါဘူး၊ ဒီလှိုင်းဂျာနယ်မှာပါပေမဲ့လည်း
ဘယ်သူ ထုတ်ပြန်ကြောင်းကို အမည် မတပ်ထားတဲ့အတွက် ပါတီကို ဖြိုခွဲဖို့
ကြံစည်နေတဲ့သူတွေက လုပ်ကြံဖန်တီးထားတဲ့ စာတွေလို့ပဲ မြင်ပါတယ်” ဟု
ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ် လူငယ်ခေါင်းဆောင် အဖြစ်တာဝ န်ယူခဲ့သောဦးမြင့်စိုးက ပြောသည်။
တပ်သိမ်းမြေများ ပြန်ရရေး လယ်သမားများ တောင်းဆို
ပဲခူးတိုင်း ပဲခူးမြို့နယ် အတွင်းရှိ ခဲယမ်းမီးကျောက်တပ် (ACD) က
သိမ်းယူခဲ့သော လယ်မြေများကို မူရင်းပိုင်ရှင် လယ်သမား များက ပြန်လည်ရရှိရေး
ကြိုးပမ်းနေကြကြောင်း သိရသည်။
ခဲယမ်းမီးကျောက်တပ် (ACD) က ၁၉၉၇-၉၈ ခုနှစ်ကတည်းက တပ်တည်ဆောက်ရန်နှင့်
တပ်ရန်ပုံငွေအဖြစ် အနီးရှိ ကျေးရွာ ၉ ရွာနှင့် လယ်ဧက ၅၀၀၀ ကျော်ကို
သိမ်းယူခဲ့ပြီး တပ်အဆောက်အအုံ တည်ဆောက်၍ ပိုလျှံသော လယ်မြေများအား မူရင်း
ပိုင်ရှင်လယ်သမားများကို သီးစားခယူ၍ အငှားချ လုပ်ကိုင်စေခဲ့ကြောင်း
လယ်သမားများက ဧရာဝတီကို ပြောသည်။
အမေရိကန်-မြန်မာ စစ်ရေး ပူးပေါင်းရန် စကားစပြော
မြန်မာ့တပ်မတော်နဲ့ စစ်ရေးပူးတွဲ လုပ်ဆောင်ဖို့ တပ်မတော် အရာရှိများကို
သင်တန်းပေးဖို့ အလားအလာတွေကို အမေရိကန်နဲ့ မြန်မာ စစ်ဘက် အရာရှိတွေ
ဆွေးနွေး ညှိနှိုင်းနေကြပြီလို့ Financial Times က ယနေ့ သတင်း ရေးသား
ဖော်ပြလိုက်ပါတယ်။
စစ်ဘက်ဆိုင်ရာအရာရှိတွေသာမက အရပ်ဘက်လုံခြုံရေးအရာရှိတွေပါ တက်ရောက်တဲ့
အဲဒီဆွေးနွေးပွဲတွေမှာ အမေရိကန် ပူးတွဲ စစ်ဦးစီးမှူးများ ရုံးနဲ့ လက်ထောက်
ကာကွယ်ရေးဝန်ကြီးများရုံးက အရာရှိတွေပါ တက်တယ်လို့ သတင်းက ဆိုပါတယ်။
ပန်းတနော် ကြံ့ခိုင်ရေး ကိုယ်စားလှယ်ကို ဆန္ဒပြမည်
ဧရာဝတီတိုင်း အတွင်း မိုးများ၍ရေကြီးခဲ့သော ပန်းတနော်၊ ဓနုဖြူ နှင့်
ညောင်တုန်းမြို့နယ်များ၌ နှစ်လခန့်ကြာမြင့်သည့် ယခုအချိန် ထိ ရေများ
မကျဆင်းရသည့် အဓိက အကြောင်းရင်းမှာ ပန်းတနော်မြို့နယ် တိုင်းဒေသကြီး
လွတ်တော်ကိုယ်စားလှယ် ပိုင်ဆိုင် သည့် အင်း များကြောင့် ဆိုသည့်အချက်ဖြင့်
ဒေသခံ အင်အား ၂ သောင်းခန့်က ဆန္ဒပြရန် စီစဉ်နေကြသည်။
ကွမ်းယာဆိုင်များတွင် ရောင်းချဆဲ ကင်ဆာဖြစ်နိုင်သည့် အိန္ဒိယကွမ်းယာထုပ်များ
အိန္ဒိယနိုင်ငံမှတင်သွင်းလာသော ကွမ်းယာ အထုပ်ငယ်များ အား မြန်မာနိုင်ငံအနှံရှိ ကွမ်းယာဆိုင်အများ အပြားတွင် ရောင်းချမှုများ ရှိနေဆဲဖြစ်သဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် စီစစ်တားမြစ်မှု များပြုလုပ်သင့်ကြောင်း ပြည်သူများထံက သိရှိရသည်။
ထိုအိန္ဒိယကွမ်းယာအခြောက်ထုပ်များမှာ ထိုနိုင်ငံတွင်ပင် ကင်ဆာရောဂါဖြစ်နိုင်သည့် ရာခိုင်နှုန်း တိုးပွားစေသည့်အတွက် ပိတ်ပင်ခံထားရသည့် ကွမ်းထုပ်များဖြစ်သည်။
ချယ်ရီကားများနေရာတွင် ဈေးကျလာသည့် ပရိုဘောက်အစားထိုးဝင်ရောက်
ယခင်ခြောက်လခန့်က
လူကြိုက်များခဲ့သောချယ်ရီဝက်ဂွန်ကားများမှာ
ဟံသာဝတီကားရောင်းဝယ်ရေးစခန်းများတွင် အရောင်းအ၀ယ်နည်းပါး လာပြီး
ချယ်ရီကဲ့သို့ တက္ကစီဆွဲ၍ရသော ပရိုဘောက် (Probox)ကားများမှာ ရေပန်းစားလျက်ရှိကြောင်း ကားအကျိုးတော်ဆောင်များထံက သိရသည်။
“Probox တွေက ဆီစားလည်း သက်သာတယ်၊ တက္ကစီအဖြစ်လည်း မောင်းလို့ရတယ်၊ အိမ်စီးကား အဖြစ်လည်း သုံးလို့ရတော့ များများတင်သွင်းလာကြတယ်” ဟု ဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှ ကားပွဲစားလုပ်သက် (၂၀) ကျော်ခန့်ရှိသူ တစ်ဦးကပြောသည်။
နှစ်ပေါင်း ၂၀ ကျော် အိမ်ထဲမှာ သံကြိုးခတ်ခြင်း ခံထားရသူ
စိတ်ဝေဒနာခံစားနေရလို့ သံကြိုးနဲ့ အိမ်ထဲမှာ နှစ်ပေါင်း ၂၀ ကျော် နေရသူ ဟောင် ချန်လင်း၊ ဓာတ်ပုံများ- Quirky China News
မိခင်တဦးအနေနဲ့ ကိုယ့်ရင်က
လွယ်မွေးထားတဲ့ သားဖြစ်သူကို အိမ်ထဲမှာဘဲ နှစ်ပေါင်း ၂၁ နှစ်ကျော်
သံကြိုးနဲ့ ခတ်ထားတယ်ဆိုရင် သာမန်အားဖြင့် မယုံနိုင်စရာပါ။
ဒါပေမယ့် တရုတ်ပြည်အရှေ့ပိုင်း ကျန်စုပြည်နယ်၊ နန်ကျင်းမှာ တကယ်ဖြစ်နေပါတယ်။ အသက် ၇၁ နှစ်ရှိ ချန်ကြုဖန် ဆို တဲ့ မိခင်က အသက် ၃၇ နှစ်ရှိ သားဖြစ်သူ ဟောင် ချန်လင်းကို သူ ၁၆ နှစ်သား ကတည်းက သံကြိုးခတ်ပြီး အိမ်ထဲမှာ ထားခဲ့ပါတယ်လို့ မေးလ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် တရုတ်ပြည်အရှေ့ပိုင်း ကျန်စုပြည်နယ်၊ နန်ကျင်းမှာ တကယ်ဖြစ်နေပါတယ်။ အသက် ၇၁ နှစ်ရှိ ချန်ကြုဖန် ဆို တဲ့ မိခင်က အသက် ၃၇ နှစ်ရှိ သားဖြစ်သူ ဟောင် ချန်လင်းကို သူ ၁၆ နှစ်သား ကတည်းက သံကြိုးခတ်ပြီး အိမ်ထဲမှာ ထားခဲ့ပါတယ်လို့ မေးလ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
ကြေးမုံ စာတည်းမှူးချုပ်၏ မေဇွန်ကိစ္စ ဖော်ပြမှုဆိုင်ရာ ပန်ကြားချက်
ကြေးမုံ သတင်းစာရဲ့ စာတည်းမှူးချုပ်ကတော့ သတင်းစာမှာ ဖော်ပြခဲ့တဲ့ မေဇွန်နဲ့ ပတ်သက်ပြီး ဒေါက် တာ စေတနာရဲ့ ဆောင်းပါးဟာ တရားရုံးက စစ်ဆေးခြင်း မပြုမီကြိုင်တင်ပြီး ဆေးပညာ ရှု့ထောင့်က သုံးသပ်တင်ပြထားခြင်းနဲ့ပတ်သက်ပြီး စာဖတ်သူများကို အကြောင်းပြန်ကြား ချက် ထုတ်ပြန်လာပါပြီ။
ငါးမန်းများ တိုက်ခိုက်မှုအား တံငါသည်နှစ်ဦး ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့
အင်္ဂလန် ရေလက်ကြားအတွင်း ရောက်ရှိခဲ့သည့်
တံငါသည်နှစ်ဦးသည် ကြောက်မက်ဖွယ်ရာ ငါးမန်းများ၏ ဆာလောင်မွတ်သိပ်စွာ
တိုက်ခိုက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
ဂရေမီပူလန်နှင့် ဝိန်းကွမ်ဘန်းတို့သည် ၎င်းတို့ စီးနင်းလာသည့်
အရှည်(၁၇)ပေရှိသော လှေကို ငါးမန်းများက တိုက်ခိုက်မှုကို မှတ်တမ်းဗီဒီယို
ရိုက်ယူနိုင်ခဲ့ကြသည်။ ကွန်းဝဲလ်ဒေသအနီး ဖဲလ်မော့သ် ကမ်းလွန်တွင် ပူလန်တို့
လှေသည် Blue Sharkအမျိုးအစား ငါးမန်းအုပ် တစ်အုပ်၏ အလယ်သို့
ရောက်ရှိသွားခဲ့သည်။ အာရှတိုက်၏ အကြီးမားဆုံး အကြမ်းဖက်အဖွဲ့အစည်း... KIA

အစိုးရနဲ့
ကချင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ညှိနှိုင်းဆွေးနွေးသော်လည်း
ငြိမ်း ချမ်းရေးမရနိုင်သေးခြင်းမှာ KIO ခေါင်းဆောင်များအတွင်း သဘောထားနှစ်
မျိုးဖြစ်ပေါ်နေခြင်းကြောင့်ဖြစ် ပါတယ်၊ အစိုးရဘက်မှ ၀န်ကြီးဦးအောင်မင်းဟာ
KIO နဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပါတယ်၊ အစိုးရက စိတ်ရှည်
ရှည်ထားပြီး
အလျှော့ပေးညှိနှိုင်းမှုတွေလည်းရှိတယ်လို့ သတင်းတွေကဆိုပါတယ်၊ ၂၀၁၁
နှစ်ကုန်ပိုင်းမှာ အစိုးရက စစ်တပ်ကို ကချင်ပြည်နယ်အတွင်း ထိုးစစ်မဆင်ဖို့
အမိန့်ထုတ်ခဲ့တဲ့အချိန်မှာတော့ ကချင်ပြည် နယ်နေရာအနှံ့စစ်တပ်ရဲ့
တိုက်ခိုက်မှုတွေ လုံးဝရပ်တန့်သွားပါတယ်၊ ဒီအခြေအနေမှာ KIO က တစ်စခန်း
ထလာပါတော့တယ်၊ ကြောင်မရှိလို့ ကြွက်ထတဲ့ပုံစံမျိုးပေါ့ဗျာ။
စက်သုံးဆီ သယ်ဆောင်တဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို ကိတ်မုန့်ကုန်ချောက်များ တင်ဆောင်ရောင်းချခိုင်း
ပြီးခဲ့တဲ့
စက်တင်ဘာလ(၁၉)ရက်နေ့က လိုင်ဇာမှ ဒေါ့ဖုန်းယန်- မိုးမောက် - ဗန်မော် မြို့များသို့ စက်သုံးဆီနှင့်
ကုန်ပစ္စည်းတွေ သယ်ဆောင်ရောင်ချလျက်ရှိတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေကို ခလားတောင်နဲ့ လိုင်ဇာအနီး
မှာ တပ်စွဲထားတဲ့ KIA တပ်ဖွဲ့ဝင်များမှ တားဆီးစစ်ဆေးမှုတွေပြုလုပ်ပြီး မှာကြားခဲ့တယ်လို့
သိရပါတယ်။
USIP ကိုယ်စားလှယ် NLD နှင့် ဥပဒေရေးရာ ဆွေးနွေး
ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်နေတဲ့
အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် USIP ငြိမ်းချမ်းရေးအဖွဲ့က Mr Jason
Gluck ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ နေ့လည်က အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် နာယက
ဦးတင်ဦးနဲ့ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းတို့ကို
ရွှေဂုံတိုင်လမ်း NLD ဌာနချုပ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သမ္မတ ဦးသိန်းစိန်ကြိုဆို
iPhone 5 အာရှမှာ စတင်ရောင်းချ
ဂျပန်နိုင်ငံ တိုကျိုမြို့က Apple အရောင်းဆိုင် တခုမှာ iPhone 5 စတင်ရောင်းချနေစဉ်။
Apple ထုတ်ကုန်ပစ္စည်းတွေကို နှစ်သက်ကြတဲ့ အာရှတိုက်သားတွေ
ကာလကြာရှည်စောင့်စားနေကြတဲ့ iPhone 5 လက်ကိုင်ဖုန်းကို ပထမဆုံး စတင်
ကိုင်ခွင့်ရနေကြပြီဖြစ်ပါတယ်။အမေရိကန် အလက်ထရောနစ် ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးက သူ့ရဲ့နောက်ဆုံးထုတ်
Smart လက်ကိုင်ဖုန်းတွေကို သောကြာနေ့မှာ ကမ္ဘာအနှံ့မှာ
စတင်ဖြန့်ချီလိုက်ပါပြီ။
ဒေါ်စုနဲ့ ကုလအတွင်းရေးမှုးချုပ် တွေ့ဆုံ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်စံချိန်
ဒီကနေ့မနက်ပိုင်းမှာ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို
ရောက်ရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး၊
ပူးတွဲ သတင်းစာရှင်းပွဲတခုလုပ်ခဲ့တဲ့အကြောင်း ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။
Subscribe to:
Posts (Atom)




















