Thursday, January 17, 2013

KIA အဖွဲ့မှအူဗျစ်ကျေးရွာမှ ရွာသူရွာသား ၄၅ ဦးအား ဖမ်းဆီးခေါ်ဆောင် ၀ိုင်းမော်-ကန်ပိုက်တီလမ်းကြောင်းပေါ်ရှိ ယာဉ်များအား ဆက်ကြေးများကောက်ခံ


မြန်မာနိုင်ငံတွင် လွတ်လပ်မှုများ တိုးတက်လာဟု Freedomhouse အဖွဲ့ ဖော်ပြ

 
၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် လူမှုရေးလွတ်လပ်မှုများ တိုးတက်လာကြောင်း ကမ္ဘာ့နိုင်ငံများ၏ ယင်းလွတ်လပ်မှုနှစ်မျိုးကို တိုင်းတာဖော်ပြသော Freedomhouse အဖွဲ့က ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ အာကာသစခန်း အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ် နာဆာ ဝယ်ယူ

Photo: နိုင်ငံတကာ အာကာသစခန်း အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ် နာဆာ ဝယ်ယူ

အမေရိကန် အာကာသ အေဂျင်စီ (NASA) အဖွဲ့သည် နိုင်ငံတကာ အာကာသ စခန်း (ISS) တွင် တပ်ဆင် အသုံးပြုရန် အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ်ကို ဝယ်ယူရန် အတွက် အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်းရှိ စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။
နာဆာ အဖွဲ့သည် နီဗာဒါ အခြေစိုက် Bigelow Aerospace ပုဂ္ဂလိက အာကာသယာဉ် ကုမ္ပဏီသို့ ငွေကြေး များ ပေးချေ သွားမည် ဖြစ်ပြီး နည်းပညာ ဆိုင်ရာ သရုပ်ပြမှု တစ်ရပ်အဖြစ် အဆိုပါ ကုမ္ပဏီ၏ လေဖြည့် သွင်းနိုင်သည့် အာကာသယာဉ် (BEAM) ကို ကမ္ဘာပတ်လမ်း အတွင်းရှိ ဓာတ်ခွဲခန်းတွင် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် အာကာသယာဉ် တီထွင်မှုတွင် အရေးပါသော တိုးတက်မှု ရရှိရန်၊ လူသားများ အာကာသ အတွင်း ဘေးအန္တရာယ် ကင်းစွာနှင့် အဖိုးနှုန်း သက်သာစွာ နေထိုင် သွားလာနိုင်ရန် အတွက် အဆင့်မြင့် နည်းပညာကို ကျယ်ကျယ် ပြန့်ပြန့် အသုံးချရန် အဆိုပါ သဘော တူညီချက်ကို လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်ကြောင်း နာဆာ အဖွဲ့ ဒုတိယ အကြီးအကဲ လိုရီဂါဗာက ပြောကြားခဲ့သည်။

နာဆာအဖွဲ့ကို တည်ထောင်သူ ဂါဗာနှင့် ဘီဂီလို၊ အဖွဲ့ဥက္ကဋ္ဌ ရိုဘက် ဘီဂီလိုတို့သည် BEAM အစီအစဉ်နှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၁၆ ရက်တွင် မီဒီယာ တစ်ခု၌ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နာဆာ အဖွဲ့က ပြောကြားသည်။

BEAM ကို ကမ္ဘာပတ် လမ်းကြောင်းအတွင်း နှစ်နှစ်ခန့် ထားရှိသွားမည် ဖြစ်ပြီး အဆိုပါ အာကာသ ယာဉ်ကို နာဆာ အဖွဲ့၏ ကုန်တင် အာကာသ ယာဉ်များ အနက် အာကာသယာဉ် တစ်စင်းဖြင့် လွှတ်တင် သွားနိုင် ဖွယ် ရှိကြောင်း နာဆာ အဖွဲ့က ပြောကြားသည်။

http://www.myawady.com.mm/allnews/global/item/4572-2013-01-17-08-59-32#.UPd_f50seJ8

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အမေရိကန် အာကာသ အေဂျင်စီ (NASA) အဖွဲ့သည် နိုင်ငံတကာ အာကာသ စခန်း (ISS) တွင် တပ်ဆင် အသုံးပြုရန် အတွက် လေဖြည့် သွင်းနိုင်သော အာကာသယာဉ်ကို ဝယ်ယူရန် အတွက် အမေရိ ကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်းရှိ စာချုပ် တစ်ရပ်ကို လက်မှတ် ရေး ထိုး ခဲ့ကြောင်း သိရသည်။

ပြန်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး လိုလားသူလူငယ်တစ်စု လမ်းလျှောက်မည်


ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရပ်ဆဲရေးအတွက် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင် လာစေဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တစ်စုက ရန်ကုန်မြို့ကနေ ကချင်ပြည် နယ် ကို လမ်းလျှောက်ချီတက်သွားမယ်လို့ ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း

အစိုးရ၀န်ထမ်းများကို လစာတိုးပေးရေး မလိုအပ်သောအသုံးစရိတ်များ လျှော့ချရန် ကြိုးပမ်းမည်ဟု လွှတ်တော်အမတ်များဆို

လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏လစာများ တိုးမြှင့်ပေးနိုင်ရန်အတွက် မလိုအပ်သော စီမံကိန်း များ၏ကုန်ကျငွေများကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

 မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ ရက်နေ့မှစ၍ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန်လည်ရောက်ရှိ

မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ရက်နေ့မှ စတင်ကာ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန် လည်ရောက် ရှိပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော် က ပြောကြားခဲ့သည်။

ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်

ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

အမျိုးသားညီလာခံ ကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာ များ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ် မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

”ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ် ရသွားမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရန် စက်ရုံလာတည်ခြင်း ဖြစ်သည်ဟု ကော်မရှင်မှ သိရသည်။

ယခုကဲ့သို့သော ဆမ်ဆောင်း စက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင် ထားခဲ့ပြီးဖြစ်သည်ဟု သိရ သည်။အစိုးရသစ် တက်ပြီးနောက် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ပက်(ပ်)စီကုမ္ပဏီပြီးလျှင် ယခု တောင်ကိုရီးယားဆမ်ဆောင်းမှာ ဒုတိယ
မြောက် ဖြစ်သည်။

PN-051၊ရန်နိုင်
Ref & Credit to Popular Myanmar News Journal

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံ လာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံ မှုကော် မရှင်မှ သတင်းရရှိသည်။

အယ်လ်ဂျီးရီးယားသူပုန်အုပ်စုက နိုင်ငံခြားသားများကို ဓားစားခံအဖြစ် ဖမ်းဆီးထား

အယ်လ်ဂျီးရီးယားသူပုန်အုပ်စုက နိုင်ငံခြားသားများကို ဓားစားခံအဖြစ် ဖမ်းဆီးထား
Thursday, January 17, 2013

အယ်လ်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ်သူပုန်များက ဓာတ်ငွေ့စက်ရုံ
တစ်ရုံအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗြိတိန်တစ်ဦး အပါအဝင်
နိုင်ငံခြားသားနှစ်ဦး သေဆုံးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံသားများ ပါဝင်သော ဓားစာခံ ၄၁ ဦးကို ဖမ်းဆီးထားကြောင်း အယ်လ်ဂျီးရီးယားသူပုန်အဖွဲ့က ပြောကြားသည်။
မာလီတွင် အစ္စလာမ်မစ်သူပုန်များအား တိုက်ခိုက်မှု၌ ပြင်သစ်နိုင်ငံ၏ စစ်ရေးပါဝင်ဆောင်ရွက်မှုကို လက်စားချေသည့်အနေဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

Planet Myanmar Network

အယ်လ်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ်သူပုန်များက ဓာတ်ငွေ့စက်ရုံ
တစ်ရုံအားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗြိတိန်တစ်ဦးအပါအဝင် နိုင် ငံခြား သားနှစ်ဦး သေဆုံးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီး ထားကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထား


ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထား

ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက် စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေယာဉ် များသည် အမေရိကန် နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်ရှိ Langley-Eustis ပူးတွဲ လေတပ် အခြေစိုက် စခန်းတွင် မူလက တပ်ဖြန့် ချထားခဲ့ကြောင်း ၎င်းသတင်း ဌာနက ထုတ်ပြန် ခဲ့ပါ သည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့နှင့် အမေရိကန် လေတပ်တို့သည် Miyazaki  စီရင်စုရှိ လေတပ် အခြေစိုက် စခန်းတွင် ၅ ရက်ကြာ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ် ခဲ့ပါသည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့သည် အိုကီနာဝါ စီရင်စုရှိ ကျွန်းတစ်ကျွန်းတွင် အမေရိကန် နိုင်ငံနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်ရန် စီစဉ် ထားခဲ့သော်လည်း ဒေသခံ များ၏ အပြင်းအထန် ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ ကြောင်း သိရှိ ရပါသည်။

http://www.myawady.com.mm/allnews/global/item/4550-2013-01-16-16-25-39#.UPdZr-72ur0
ဂျပန် နိုင်ငံ အိုကီနာဝါစီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက်စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ်နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့်ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေ ယာဉ်များသည် အမေရိကန် နိုင်ငံဗာဂျီးနီးယား ပြည်နယ်ရှိ Langley-

KIA သို့ ထိုးစစ်ဆင်မှုတွင် အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရခြင်း အပေါ် EU မှ ရှုတ်ချ



တပ်မတော်မှ KIA သို့ ထိုးစစ်ဆင်မှုတွင် အပြစ်မဲ့ အရပ်သားများသေဆုံးခဲ့ရခြင်းအပေါ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါသည်။

Wednesday, January 16, 2013

နိုင်ငံတော်သမ္မတမှ ၀န်ကြီးများအားနှုတ်ထွက်ခွင့်ပြုခြင်း


နိင်ငံတော်အစိုးရမှ အောက်ဖော်ပြပါ ပြည်ထောင်စု ၀န်ကြီးများအား

နှုတ်ထွက်ခွင့်ပြုလိုက်သည်။ အမိန့်(၂-၂၀၁၃)

ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၇ ထောင်ကျော်ဖိုး ဖမ်းမိ


ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းက ကျောက်ဂူတခုအတွင်းမှာ မြန်မာကျပ်ငွေ သိန်း ၇ ထောင်ကျော်လောက် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

မလေးရှား ကျွန်းတခုတွင် တရားမဝင် မြန်မာ ၃၅၀ ကျော် ဖမ်းမိ

မလေးရှား ကျွန်းတခုတွင် တရားမဝင် မြန်မာ ၃၅၀ ကျော် ဖမ်းမိ
Wednesday, January 16, 2013

မလေးရှားနိုင်ငံ၏ ကျွန်းစုလေးတခုဖြစ်သည့် Langkawi တွင် သစ်သားလှေ နှစ်စီးဖြင့် တရားမဝင် ခိုးဝင်လာသော မြန်မာ ၃၅၄ ဦး အင်္ဂါနေ့က ဖမ်းဆီးရမိကြောင်း သိရသည်။ 

ဇန်နဝါရီလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဒေသခံ တံငါများက ၎င်းတို့အား Kuala Chenang ကမ်းခြေမှ မီတာ ၂၀၀ အကွာ လှိုင်းကာအောက်တွင် ခိုလှုံနေကြသည်ကို ကနဦးတွေ့ရပြီး ဒေသခံ ရဲများက နံနက် ၃ နာရီခန့်တွင် သွားရောက် ဝိုင်းပတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲဝန်အား ကိုးကား၍ The Star သတင်းတရပ်တွင် ရေးသားထားသည်။

မီတာ ၂၀ ခန့်ရှည်သည့် သစ်သားလှေနှစ်စီးအနက် တစီးပေါ်တွင် အမျိုးသားကြီး ၉၄ ဦး၊ အမျိုးသမီးကြီး ၁၈ ဦးနှင့် မိန်းကလေး ၃၁ ဦး ပါဝင်ပြီး အခြားတစီးပေါ်တွင် အမျိုးသားကြီး ၂၀၇ ဦးနှင့် ယောက်ျားလေး ၄ ဦးတို့ကို တွေ့ရှိရပြီး အယောက် ၄၀ မှာ ရိက္ခာရှာထွက်နေ၍ မတွေ့ရှိခဲ့ရဟု ဆိုသည်။ 

လှေတစင်းမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ လွန်ခဲ့သော ရက် ၂၀ ခန့်ကတည်းက ထိုကျွန်းစုသို့ ဦးတည်လာခဲ့ပြီး အခြားတစီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Peknaf မှ လွန်ခဲ့သော ၁၇ ရက်က ထွက်ခွါလာခဲ့ကာ ထိုကျွန်းစုသို့ပင် ဦးတည်လာခဲ့ခြင်း ဖြစ်သည်။ 

၎င်းတို့ အားလုံးတွင် ခရီးသွား စာရက်စာတမ်း တစုံတရာ မပါရှိကြ၍ တရားမဝင် ခိုးဝင်မှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်ရန် ခရိုင် ရဲဌာနချုပ်တွင် ဖမ်းဆီးထားသည်။ 

ဤအကြိမ်မှာ မလေးရှားနိုင်ငံသို့ ထိုကျွန်းမှတဆင့် မြန်မာနိုင်ငံမှ အစုလိုက်အပြုံလိုက် တရားမဝင် ခိုးဝင်ရန် ကြိုးစားမှု ဒုတိယအကြိမ် ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ လူ ၅၀၀ မှာ လှေတစီးပေါ်မှ ခုန်ချကာ မီတာ ၅၀၀ အကွာ ထိုကျွန်းစု၏ Teluk Burau ကမ်းခြေသို့ လက်ပစ်ကူးခတ် လာခဲ့ကြဖူးသည်။ ၎င်းတို့အထဲတွင် အချို့ကလေးငယ်များမှာ အသက် ၇ နှစ်မျှသာ ရှိကြသည်။ 

၎င်းအုပ်စုအားလည်း သစ်တောအုပ်တခုတွင် ဖြတ်သန်းနေစဉ် ဒေသခံ ရဲများက အငိုက်ဖမ်းမိခဲ့သည်ဟု ဆိုသည်။ 

အလားတူ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာသူ ရိုဟင်ဂျာ ၇၀၀ ခန့်ကို စံခလခရိုင်တွင်း နှစ်ကြိမ်ခွဲ၍ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်မည်ဟု ထိုင်းအာဏာပိုင်များက သောကြာနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

Mizzima

မလေးရှားနိုင်ငံ၏ ကျွန်းစုလေးတခုဖြစ်သည့် Langkawi တွင် သစ် သားလှေနှစ်စီးဖြင့် တရားမဝင် ခိုးဝင်လာသော မြန်မာ ၃၅၄ ဦး အင်္ဂါနေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
ဇန်နဝါရီလ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဒေသခံ တံငါ များက ၎င်းတို့အား Kuala Chenang ကမ်းခြေမှ မီတာ ၂၀၀ အကွာ

ဂြိုလ်သားကျွန်း

Photo: ဂြိုလ်သားကျွန်း
Tuesday, 15 January 2013

ထူထူးဆန်းဆန်း အပင်တွေ ပေါက်လို့ ဂြိုလ်သားကျွန်း (Alien Island) လို့ ခေါ်ပါတယ်။ Socotra ကျွန်းစုကတော့ တရားဝင် အမည် ဖြစ်ပါတယ်။

ရီမင်သမ္မတနိုင်ငံပိုင် ကျွန်းတစ်ခု ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ထဲမှာ တည်ရှိ ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ကမ္ဘာရဲ့  ဘယ်နေရာဒေသမှာမှ မပေါက်တဲ့ အပင်များ ဖြစ်ပါတယ်။ ဧရိယာအားဖြင့် ၁၄၅၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းကျင် ရာသီဥတုကတော့ ခြောက်သွေ့ပါတယ်။ ဒါကြောင့် အပူဒဏ်ခံပြီး ရေဆုပ်ယူမှုအားနည်းတဲ့ endemic လို့ခေါ်သော အပင်များ လည်း ပေါက်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ အပင်များ လေ့လာရေး ပညာရှင်များအတွက်
လေ့လာစရာ များတဲ့ နေရာ ဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် များတည်ရှိရာ ကျွန်းတစ်ခုလို့လည်း တင်စားခေါ်ဆိုကြကြောင်း သိရပါတယ်။
--
Ref: wiki
ရိုးရာလေး ထူးဆန်းထွေလာ
YoYarLay

ထူထူးဆန်းဆန်းအပင်တွေ ပေါက်လို့ ဂြိုလ်သားကျွန်း (Alien Island) လို့ ခေါ်ပါတယ်။ Socotra ကျွန်းစုကတော့ တရားဝင်အမည် ဖြစ်ပါ တယ်။
ရီမင်သမ္မတနိုင်ငံပိုင် ကျွန်းတစ်ခု ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ရှိ ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ကမ္ဘာရဲ့  ဘယ်နေရာဒေသမှာမှ မပေါက်တဲ့အပင်များ ဖြစ်ပါတယ်။ ဧရိယာအားဖြင့် ၁၄၅၆ စတုရန်း မိုင်ကျော် ကျယ်ဝန်းကျင် ရာသီဥတုကတော့ ခြောက်သွေ့ပါတယ်။ ဒါကြောင့် အပူဒဏ်ခံပြီး ရေဆုပ်ယူမှု

မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

Photo: မော်လမြိုင် တက္ကသိုလ်ကျောင်းသူတစ်ဦးထံမှ စိတ်ကြွဆေးပြား ဖမ်းဆီးရမိ 
Wednesday, January 16, 2013

မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘမူးယစ်
စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီး
ရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀ တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်
တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိ
တစ်ဦးက ပြောသည်။

မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကိုလည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်
ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့ မရသေးဘူး ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်
နေတယ်”ဟု ပြောသည်။

ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။

အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း ရာဘမူးယစ်စိတ်ကြွဆေးပြားရောင်းသူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်
လျှက်ရှိသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်
သူတွေဟာ လက်နက်ချအလင်းဝင် တဲ့အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိနေတဲ့
သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင်
ခွင့်ပြုထားတာ တွေ့နေရတယ်” ဟုပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်
တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကိုသိမ်းဆည်း ရမိခဲ့သည်။

၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်းရင်းသားလွှတ်တော်
အမတ်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။

လွတ်လပ်သော မွန်သတင်းအေဂျင်စီ 

ဓာတ်ပုံ - ၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော   
            ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMSP)

မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘ မူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်း ထား လျှက် ရှိကြောင်း သိရသည်။

မြတ်ဗုဒ္ဓ ဟု အမည်နာမရေးထိုးထားသောဓါးလက်နက်များ ဈေးကွက်အတွင်းရောက်ရှိ

Photo: မြတ်ဗုဒ္ဓ ဟု အမည်နာမရေးထိုးထားသောဓါးလက်နက်များ
ဈေးကွက်အတွင်းရောက်ရှိ
Wednesday, January 16, 2013

ခလုတ်ဓါးတစ်ချောင်း၏ BRAND တံဆိပ်ကို မြတ်ဗုဒ္ဓ၏  အမည်နာမှဖြင့် မဖွယ်မရာရေးထိုးပြီး မြန်မာနိုင်ငံရှိ စတိုးဆိုင်များ လမ်းဘေးဈေးဆိုင်များတွင်
ရောင်းချနေသည်ကို တွေ့ရှိနေရ၍ တွေ့မြင်သူ ဗုဒ္ဓဘာသာဝင်များ စိတ်မချမ်းမြေ့ ဖြစ်နေရကြောင်းသိရှိရသည်။

အဆိုပါအလွယ်တကူဝယ်ယူရရှိနိုင်သောဓါးလက်နက်ကို ထိုင်းနိုင်ငံလုပ်
လိုလို တရုတ်နိုင်ငံလုပ်လိုလို ပြောဆိုရောင်းချနေကြသည်။

ဆင်ခြင်တိုင်းထွာ နိုင်သူအချို့ ကမူ တရုတ်ကဗုဒ္ဓဘာသာဆိုတော့ ဒီလိုသာသနာ ညှိုးနွမ်းစေမည့်အလုပ်ကို လုပ်မလုပ်နှင့် ထိုင်းနိုင်ငံသည်
လည်း..ဗုဒ္ဓယာဉ်ကျေးမှု ထွန်းကားရိုသေသောနိုင်ငံတစ်ခုဖြစ်နေ
သောကြောင့် မဖြစ်နိုင်ဟု သုံးသပ်သူများလည်းရှိနေသည်။

BRAND ဟူသောအင်္ဂလိပ်ဘာသာဖြင့် ဓားအသွားအနက်ရောင်ပေါ်တွင် အလွယ်တကူမဖျက်နိုင်ရန်ထင်ထင်ရှားရှား ရေးထိုးထားသည်ကိုတွေ့မြင်ရပြီးလက်ကိုင်ရိုးပေါ်တွင် ပုတီးနှင့် ဘုန်းကြီးပုံကိုပါ ရိုက်နှိပ်ပါရှိသည်။

ဓားအသွား၅ လက်မခန့်နှင့် လက်ကိုင်ရိုးမှာလည်း ၅ လက်မခန့်
ရှိသည်။ဓားအသွားအနက်ရောင်နှင့်လက်ကိုင်ရိုးမှာအနီရောင်ဖြစ်သည်။
ရောင်းဈေးမှာ ဓားတစ်ချောင်းလျှင် ၃၀၀၀ ကျပ်ခန့်ရှိကြောင်း ၀ယ်ယူခဲ့သူ
တစ်ဦးကပြောသည်။

ဥယျာဉ်မှုး
The Hot News
ခလုတ်ဓါးတစ်ချောင်း၏ BRAND တံဆိပ်ကို မြတ်ဗုဒ္ဓ၏ အမည်နာမှဖြင့် မဖွယ်မရာရေးထိုးပြီး မြန်မာနိုင်ငံရှိ စတိုးဆိုင်များ လမ်းဘေးဈေး ဆိုင် များတွင်ရောင်းချနေသည်ကို တွေ့ရှိနေရ၍ တွေ့မြင်သူ ဗုဒ္ဓဘာသာဝင် များ စိတ်မချမ်းမြေ့ ဖြစ်နေရကြောင်းသိရှိရသည်။
အဆိုပါအလွယ်တကူဝယ်ယူရရှိနိုင်သောဓါးလက်နက်ကိုထိုင်းနိုင်ငံလုပ်
လိုလို တရုတ်နိုင်ငံလုပ်လိုလို ပြောဆိုရောင်းချနေကြသည်။

ကေအိုင်အေ တပ်မဟာ (၄)မှ ဗိုလ်ကြီး ရမ်ဆိုင်း နှင့်အဖွဲ့ တပ်မတော် စစ်ကြောင်းသို့ လက်နက်/ ခဲယမ်း များ နှင့်အတူ ၁၄- ၁- ၂၀၁၃ ရက် နေ့တွင် အလင်း ဝင်ရောက်

Photo: ကေအိုင်အေ တပ်မဟာ (၄)မှ ဗိုလ်ကြီး ရမ်ဆိုင်း နှင့်အဖွဲ့ တပ်မတော် စစ်ကြောင်းသို့ လက်နက်/ ခဲယမ်း များ နှင့်အတူ ၁၄- ၁- ၂၀၁၃ ရက် နေ့တွင် အလင်း ဝင်ရောက်
Wednesday, January 16, 2013

ကေအိုင်အေ အကြမ်းဖက် သောင်းကျန်း သူများသည် မိမိတို့၏ အဖျက်အမှောင့် လုပ်ငန်းများကို သိရှိ နားလည် အမြင်မှန် ရရှိပြီး ၎င်းတို့၏ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကာ အေးချမ်းစွာ နေထိုင်နိုင်ရန် အတွက် နည်းအမျိုး မျိုးဖြင့် ကြိုးပမ်းလျက် ရှိရာ ၂ဝ၁၃ ခုနှစ် ဇန်နဝါ ရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီ အချိန် ခန့်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ လှုပ်ရှား စစ်ကြောင်းမှ နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ် ကွတ်ခိုင် မြို့နယ်၊ မုံးဟောင် ကျေးရွာ အနီး၌ ကေအိုင်အေ တပ်မဟာ (၄)မှ ဗိုလ်ကြီး အဆင့်ရှိ ရမ်ဆိုင်း ခေါင်းဆောင် ၍ အဖွဲ့ဝင် ၇ ဦးမှ လှုပ်ရှား စစ်ကြောင်းသို့ လာရောက် ဆက်သွယ်ပြီး ၎င်းတို့ နှင့်အတူ အမ်- ၂၅ သေနတ် ၁ လက်၊ ကေအို အမျိုးအစား သေနတ် ၃ လက်၊ အမ်-၂၂ ခေါက်ဒင် သေနတ် ၁ လက်၊ အမ်-၂၅ ဖြင့်ပစ်ခတ် ရသည့် ဗုံးသီး ၃ လုံးတို့ နှင့်အတူ အလင်းဝင် ရောက်ခဲ့သည်။

ကေအိုင်အေ သောင်းကျန်းသူ အဖွဲ့အတွင်း အဓမ္မ လူသစ် စုဆောင်း ခံရမှုကြောင့် လည်းကောင်း၊ ခေါင်းဆောင်နှင့် ငယ်သားများအကြား တင်းကျပ်သည့် အုပ်ချုပ်မှု များကြောင့် လည်းကောင်း၊ ရိက္ခာနှင့် လစာရရှိခြင်း မရှိ၍ လည်းကောင်း၊ အဓမ္မ စုဆောင်း ခံရသူ တပ်ဖွဲ့ဝင် အများစုမှာ စိတ်ဓာတ် ကျဆင်းလျက် ရှိပြီး ထပ်မံ၍လည်း အစုလိုက် အပြုံလိုက် အလင်း ဝင်ရောက်ရန် ရှိနေကြကြောင်း သတင်း ရရှိသည်။

မြ၀တီ
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများသည် မိမိတို့၏ အဖျက် အမှောင့် လုပ်ငန်းများကို သိရှိနားလည်အမြင်မှန် ရရှိပြီး ၎င်းတို့၏ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ အေးချမ်းစွာ နေထိုင်နိုင်ရန် အတွက် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလျက်ရှိရာ ၂ဝ၁၃ ခုနှစ် ဇန်နဝါ ရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ လှုပ်ရှား စစ်ကြောင်းမှ နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ်

ဆွီဒင်အမျိုးသမီး ရထားခိုးယူမောင်းနှင်ရာမှ နေအိမ်အား ဝင်ရောက်တိုက်မိ


 ဆွီဒင်နိုင်ငံတွင် စတော့ဟုမ်းမြို့တွင် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးငယ်တစ်ဦးက ရထားခိုး ယူမောင်းနှင် ရာမှ နေအိမ်ခန်းအား ဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။ အင်္ဂါနေ့ (ဇန်နဝါရီ ၁၅ ရက်) နံနက် အစော ပိုင်းကအသက် ၂၀ အရွယ် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးမှာ ရထား အားခိုးယူ၍ တစ်မိုင်နီးပါးခန့် မောင်းနှင်သွားခဲ့ပြီးနောက် ရထား

ဆပ်ပြာမြှုပ်နှင့် ပဲအနံ့များသုံးကာ ပဲဆီအတုများ ရောင်းချနေခြင်းများရှိနေ

ဆပ်ပြာမြှုပ်နှင့် ပဲအနံ့များသုံးကာ ပဲဆီအတုများ ရောင်းချနေခြင်းများရှိနေ

January 15, 2013Home, သတင်း 

မြန်မာပြည်တွင်းရှိ စားသုံး သူ ဈေးကွက်ထဲတွင် စားအုန်းဆီ များအား မခဲအောင် ဆပ်ပြာမြှုပ် များထည့်၍ ရောင်းချခြင်းများ၊ စားအုန်းဆီများအား မခဲအောင် ပြုလုပ်၍ ပဲဆီအနံ့ထည့်ကာ ပဲဆီအတုများ ပြုလုပ်၍ ရောင်း ချခြင်းများ ရှိလာကြောင်း သိရှိ ရသည်။
စားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဗအုပ်ခိုင်က ပြော ကြားရာတွင် ““အဲလိုလုပ်တာဟာ ဘယ်သူ သေသေ ငတေမာပြီး ရော စိတ်နဲ့ ၀ိသမလောဘစိတ်နဲ့ လုပ်နေကြတယ်။ စိတ်ဓာတ်က လူမျိုးကြီးစိတ်ဓာတ်မဟုတ်ဘဲနဲ့ ဆင်းရဲနွမ်းပါးမှုကြောင့် တရားတဲ့ နည်းနဲ့ စီးပွားမရှာချင်ဘဲနဲ့ မတရားတဲ့နည်းနဲ့ စီးပွားရှာချင် တယ်။ အခု စားအုန်းဆီက တော် သေးတယ်။ စားအုန်းဆီကို ဆပ်ပြာမှုန့်ထည့်ပြီးတော့ မခဲအောင်လုပ်ပြီးတော့ အဲဒီ့ ထဲကို ပဲဆီနံ့ နှမ်းဆီအနံ့တွေ ထည့်ပြီးတော့ ပဲဆီ၊ နှမ်းဆီလုပ်ပြီး အခု လုပ်ရောင်းလာတာတွေရှိ တယ်။ စားအုန်းဆီမှာ လူစား လို့ရတာနဲ့ လူစားလို့မရတာ ဆိုပြီးတော့ရှိတယ်။ တကယ် တော့ စားအုန်းဆီဟာ လူစား ဖို့ ထုတ်တာ မဟုတ် ဘူး။ စက်တွေ ထဲမှာထည့်ဖို့သာ ထုတ်ကြတာ အဲဒါကိုမှ ဆင်းရဲတဲ့ နိုင်ငံတွေက စားကြတာ””ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ စားအုန်းဆီများ ကို ဓာတုဆေးဝါးများထည့်၍ ရောင်းချခြင်း ပဲဆီအတုနှင့် နှမ်းဆီ အတုများကို ထည့်သွင်း ရောင်းချခြင်းများကို စားသုံးသူ ကာကွယ်ရေးအသင်းမှ ကိုယ်ပိုင် ဓာတ်ခွဲခန်းများ ရရှိပါက စစ်ဆေး ပြီး ယင်းကဲ့သို့ ရောင်းချသူများ ဥပဒေအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖြိုးအောင်


အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မြန်မာပြည်တွင်းရှိ စားသုံး သူ ဈေးကွက်ထဲတွင် စားအုန်းဆီ များအား မခဲအောင် ဆပ်ပြာမြှုပ်များထည့်၍ ရောင်းချခြင်းများ၊ စားအုန်းဆီများ အားမခဲအောင် ပြုလုပ်၍ ပဲဆီအနံ့ထည့်ကာ ပဲဆီအတုများ ပြုလုပ် ၍ ရောင်းချခြင်းများရှိလာကြောင်း သိရှိ ရသည်။

တာလီဘန်နဲ့ အယ်လ်ကိုင်ဒါကို အားကျနေသလား KIA

တာလီဘန်နဲ့ အယ်လ်ကိုင်ဒါကို အားကျနေသလား KIA

ကချင်ပြည်နယ်အတွင်း KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူပိုင်တံတားများ၊ ရထားလမ်းများ၊ ကားလမ်းများ၊ ဆက်သွယ်ရေးတာဝါတိုင်များ ပျက်ဆီးခဲ့ရပြီး ပြည်သူများလည်း ရင်တထိတ်ထိတ်ဖြင့် ခရီးသွားလာ နေကြရပါတယ်။ ဒေသခံတိုင်းရင်းသားများလည်း  KIA အဖွဲ့၏ အဓမ္မ လူသစ်စုဆောင်းမှုကြောင့် မိမိတို့နေရာဒေသများတွင် နေထိုင်ရဲခြင်းမရှိတော့ပဲ KIA နဲ့ ဝေးရာ မြို့/ရွာများသို့ ပြောင်းရွေ့နေထိုင်နေကြရပါတယ်။ အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် အစိုးရဌာနများ၊ ရုံးများကိုလည်း မိုင်းထောင်ဖျက်ဆီးခဲ့လျက်ရှိပြီး လူအများထိတ်လန့်စေရန် ရည်ရွယ်ပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့/ရွာအနှံ့ မိုင်းထောင်ဖောက်ခွဲလျက်ရှိပါတယ်။ ဒါတင်မကသေးဘဲ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်မှ မြစ်ကြီးနားမြို့ပေါ်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးရေး ရနိုင်သလောက်လုပ်ရန် အမိန့်ပေးထားကြောင်း သိရှိရပါတယ်။
 ဒါကြောင့်မို့ KIA အဖွဲ့၏ ဖျက်ဆီးရေးလုပ်ငန်းများမှာ ရပ်တန့်သွားနိုင်ဖွယ်မရှိဘဲ  စစ်အတွင်း လက်နက်ကိုင်ထားသူသာ အာဏာရှိသည်ဟူသော အယူအဆအား KIA ခေါင်းဆောင်များ နှစ်ခြိုက်လျက်ရှိနေပါတယ်။ စစ်ပွဲကာလအတွင်း တရားဥပဒေစိုးမိုးရေးမရှိပဲ လူသတ်၊ မိုင်းခွဲ စသော အကြမ်းဖက်လုပ်ရပ်များကို အဆီးအတားမရှိ လုပ်ဆောင်နေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း လုပ်ဆောင်လျက်ရှိနေပါတယ်။ ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများမှ ရိုးသားသော တိုင်းရင်းသားများအား အဓမ္မဖမ်းဆီးကာ လူသစ်စုဆောင်းခြင်း၊ မိန်းမပျိုလေးများအား မုဒိန်းကျင့်ခြင်း၊ စခန်းများသို့ ဖမ်းဆီးခေါ်ဆောင်ပြီး လိင်ကျေးကျွန်အဖြစ်ခိုင်းစေခြင်း၊ တရုတ်နိုင်ငံတွင် ရောင်းစားခြင်း စသော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ကျူးလွန်လျက်ရှိနေပါတယ်။
 အစိုးရမှ ကမ်းလှမ်းသော ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုလည်း KIA အဖွဲ့က အကြိမ်ကြိမ်လက်မခံဘဲ တပ်မတော်မှ ထိုးစစ်မဆင်ပဲလုံခြုံရေးသာ ဆောင်ရွက်နေသောကာလများတွင် အင်အားနည်းသော တပ်မတော် စခန်းများကို အဆမတန်သောအင်အားဖြင့် ၀င်ရောက်တိုက်ခိုက်ခြင်း၊ အရှင်ဖမ်းဆီးရမိသော တပ်မတော်သားများအား စစ်ဆေးမေးမြန်းပြီး အင်တာနက်တွင်လွှင့်တင်ကာ အောင်ပွဲခံခြင်း၊ ကျဆုံးသူ တပ်မတော်သားများ၏ အလောင်းများကြားတွင် ဓာတ်ပုံများရိုက်ကာ မီဒီယာများမှ တစ်ဆင့် လွှင့်တင်ခြင်းတို့ကို လုပ်ဆောင်ကာ ဂျနီဖာကွန်ဗန်းရှင်းပါ အချက်အလက်များကို ဖောက်ဖျက်လျက်ရှိပါတယ်။
 KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များဟာ ကမ္ဘာပေါ်ရှိ တာလီဘန်၊ အယ်ကိုင်ဒါ စသောအကြမ်းဖက် အဖွဲ့အစည်းများရဲ့ လုပ်ရပ်ထက်ပိုပြီး ယုတ်မာတယ်. ရက်စက်ပါတယ်။ တာလီဘန်နှင့် အယ်ကိုင်ဒါတို့ဟာ အကြမ်းဖက်တိုက်ခိုက်ခြင်း၊ ဗုံးခွဲများသာ ပြုလုပ်သော်လည်း  KIA ကဲ့သို့ အမျိုးအချင်းချင်း သတ်ဖြတ်ခြင်းမရှိ၊ သမီးပျိုလေးများအား နိုင်ငံခြားသို့ ရောင်းစားခြင်းလည်းမရှိ၊ လူသားတံတိုင်းဖြင့်လည်း ခေါင်းဆောင်များကို ကာကွယ်ထားခြင်းလည်း မလုပ်ပေ။ KIA၏ လုပ်ဆောင်ချက်များသည် လူသားမျိုးနွယ်တစ်ခုလုံးမှ လက်မခံနိုင်လောက်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့အဖွဲ့အစည်းဟာ အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်ပါတယ်။ သာဓကအနေနဲ့ ပြောပြရရင် အာဖဂန်နစ္စတန်လို တောတောင်ထူထပ်တဲ့ နေရာတွေမှာ လှိုဏ်ဂူတွေတူးပြီး ခိုအောင်းနေတဲ့ တာလီဘန်တွေကို အမေရိကန်က လေကြောင်းမှ ပေါက်ကွဲအားပြင်းထန်သော ဗုံးများကိုအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်။ အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လဒင်ကို သုတ်သင်နှိမ်နင်းရာမှာ ပါကစ္စတန်နိုင်ငံထဲထိဝင်ပြီး အိမ်ရှင်နိုင်ငံကိုတောင် အသိမပေးဘဲ အကြမ်းဖက်အဖွဲ့အစည်းနဲ့ အကြမ်းဖက်သမားတွေကို အမေရိကန်နဲ့ နေတိုးတို့က နှိမ်နင်းခဲ့တဲ့ လုပ်ရပ်တွေဟာ တစ်ကမ္ဘာလုံးက သိရှိပြီးဖြစ်ပါတယ်။
 ယခုအချိန်မှာ မြန်မာနိုင်ငံတွင်လည်း KIA ၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံလူထုနဲ့ တစ်နိုင်ငံလုံးက KIA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ဖြစ်ပါတယ်။ KIA ၏ လုပ်ရပ်ကြောင့် ကချင်ပြည်နယ်တစ်ခုလုံး စစ်တလင်းဖြစ်ခဲ့ရတယ်။ ဒေသခံတွေဟာ စစ်ဘေးဒုက္ခသည်များ အဖြစ် တစ်နေ့တစ်ခြားတိုးပွားလာရတယ်။ ဒေသအတွင်းရှိ  ရွာတွေကို လိုင်ဇာအနီးသို့ ပြောင်းရွေ့ခိုင်းပြီး လိုင်ဇာအား လူသားတံတိုင်းဖြင့် ကာကွယ်မယ်ဆိုတဲ့ လူမဆန်တဲ့ စစ်ရေးဗျူဟာတွေကို ကျင့်သုံးတယ်။ ထိုကဲ့သို့ ကမ်းကုန်အောင်ရက်စက်သော KIA အား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အမြစ်ပြတ် သုတ်သင်ရန် လိုအပ်လျက်ရှိနေပါတယ်. လိုလားလျက်ရှိနေပါတယ်။ အစိုးရစစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်နေတာတွေကို မီဒီယာတွေက ပုံကြီးချဲ့ပြောဆိုနေတာတွေကိုလည်း မြင်တွေ့နေရသော်လည်း KIA တွေ မျိုးတုံးဖို့ဆိုရင် အစိုးရမှာ အဏုမြူဗုံးသာရှိပါက KIA ခေါင်းဆောင်ကြီးတွေ ပုံးအောင်းနေတဲ့ နေရာတွေကို အဏုမြူဗုံးနဲ့သာ ကြဲချပစ်စေလိုပါကြောင်း ရင်ဖွင့်လိုက်ရပါတယ်။

ကချင်ပြည်နယ်အတွင်း KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ် များကြောင့် ပြည်သူပိုင်တံတားများ၊ ရထားလမ်းများ၊ ကားလမ်းများ၊ ဆက်သွယ်ရေးတာဝါတိုင်များ ပျက်ဆီးခဲ့ရပြီး ပြည်သူများလည်း ရင်တ ထိတ်ထိတ်ဖြင့်ခရီးသွားလာ နေကြရပါတယ်။ ဒေသခံတိုင်းရင်းသားများလည်း KIA အဖွဲ့၏ အဓမ္မလူသစ်

ဦးခင်ညွန့်အခမဲ့ အထူးကုဆေးခန်းကြီးဖွင့်လှစ်သွားမည်ဟု သတင်းထွက်ပေါ်

နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ထူထောင်ထားသည့် ရွှေမော်ဝန်းလူမှုရေးအဖွဲ့မှ ကျောက် တန်းမြို့နယ်အတွင်း အခမဲ့အထူး ကုဆေးခန်းကြီးဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည်။

Tuesday, January 15, 2013

HTC မှ နေပြီး ယခုအသစ်ဖွင့်လှစ်မည့် အရောင်းဆိုင်များတွင် လာရောက်ဝယ်ယူသူများကို လက်ဆောင် ပစ္စည်းများပေးအပ်သွားမှာ ဖြစ်တယ်လို့  သိရ

HTC မှ နေပြီး ယခုအသစ်ဖွင့်လှစ်မည့် အရောင်းဆိုင်များတွင် လာရောက်ဝယ်ယူသူများကို လက်ဆောင် ပစ္စည်းများပေးအပ်သွားမှာ ဖြစ်တယ်လို့  သိရပါတယ်။
အသေးစိတ်သိရှိလိုပါက HTC Myanmar မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

မူးယစ်ဆေးဝါး သန်း ၇၀၀ ဖိုးခန့် ဖမ်းမိ

Photo: မူးယစ်ဆေးဝါး သန်း ၇၀၀ ဖိုးခန့် ဖမ်းမိ

Tuesday, 15 January 2013

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့က လိုဏ်ဂူတခုမှာ မူးယစ်ဆေး သန်း ၇၀၀ ဖိုးလောက် ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ လိုဏ်ဂူက စင်းတောင်းကျေးရွာ အုပ်စု၊ ထီတလိရွာနားမှာ တည်ရှိတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးသတင်းရရှိတဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စနေနေ့မနက်မှာ လိုဏ်ဂူထဲ ၀င်စစ်တော့
- ဆာလာအိတ် ( ၆၃) အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းစိမ်း ၉၁၂ ကီလို၊ ဘိန်းညို ၁၄ ဒသမ ၂ ကီလို၊
- အမိုနီယမ်ကလိုရိုက် ၅ ဒသမ ၅ ကီလို၊
- ဘိန်းချက်ရမှာသုံးတဲ့ ပစ္စည်းများ
စတာတွေကို ဖမ်းမိတယ် လို့ ဆိုပါတယ်။
ဒီပစ္စည်းတွေရဲ့ စုစုပေါင်း တန်ဖိုးက ကျပ် ၇၃၄,၉၁၀,၀၀၀ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။

ဒီပစ္စည်းများနဲ့အတူ ဖမ်းမိတာကတော့
ကိုမျိုးဇော်ထိုက် (၂၄) နှစ်(ဘ) ဦးသိန်းမောင်၊
ကိုအောင်ထိုက် (၂၂) နှစ် (ဘ) ဦးမောင်တီး၊
ကိုထွန်းလှ (၂၀) နှစ်၊ (ဘ) ဦးဟွန်း တို့ ဖြစ်ကြောင်း၊ သူတို့ကို အမှုဖွင့်အရေးယူထားကြောင်း ပင်လောင်းရဲစခန်းက ပြောပါတယ်။

(ဧရာဝတီမြန်မာဆိုက်)
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့က လိုဏ်ဂူတခုမှာ မူးယစ်ဆေး သန်း ၇၀၀ ဖိုးလောက် ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ လိုဏ်ဂူက စင်းတောင်းကျေးရွာ အုပ်စု၊ ထီတလိရွာနားမှာ တည်ရှိ တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးသတင်းရရှိတဲ့ ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ စနေနေ့မနက်မှာ လိုဏ်ဂူထဲ ၀င်စစ်တော့
- ဆာလာအိတ် ( ၆၃) အိတ်နဲ့ ထည့်ထားတဲ့ ဘိန်းစိမ်း ၉၁၂ ကီလို၊

"နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ"

Photo: "နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ
ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ"

Tuesday, 15 January 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ(၂)နာရီခွဲတွင်
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံခြားရေးဝန်ကြီး
ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာဖေသက်ခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်
ကြပြီး ဧည့်သည်တော် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆိုပါ ကော်မတီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Georges Paelisanu နှင့် တာဝန်ရှိသူ
များလည်း တက်ရောက်သည်။

(နိုင်ငံတော် သမ္မတရုံး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန် သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အားယနေ့မွန်း လွဲ(၂)နာရီခွဲတွင်နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံ တမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဗမာတွေကိုKIAကရက်ရက်စက်စက်သတ်နေပြီ

ဗမာတွေကိုKIAကရက်ရက်စက်စက်သတ်နေပြီ 

January 15, 2013

ဇန်န၀ါရီလ (၁၅) ရက်နေ့ နံနက် (၅း၀၀) နာရီခန့်တွင် KIAတပ်မဟာ(၂)တပ်ရင်း(၄ )သောင်း ကျန်းသူများက ကထန်ကျောက်စိမ်းမှော်ရှိ ဗမာနေအိမ်များအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ရွာအတွင်းသို့ ၀င်ရောက်ကာ လက်နက် ငယ်များဖြင့် အရပ်သားများအား ပရမ်းပတာ ပစ်ခတ် ခဲ့ပါသည်။ ထိုသို့ပစ်ခတ်မှုကြောင့် ကိုမင်းကိုအောင်ဆိုသူ သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။

 KIAသောင်းကျန်းသူများကထန်ကျောက်စိမ်းမှော် အနီးရှိ မြန်မာ့မျိုးချစ်တပ်မတော်တပ်စခန်း အားတိုက်ခိုက် ရမည့်အစား အပြစ်မဲ့ကျောက်စိမ်းတူးဗမာ ပြည်သူများနေထိုင်ရာ ကထန်ရွာအား ပစ်မှတ်ထား တိုက်ခိုက် ခဲ့ခြင်းမှာ မေးခွန်းထုတ်စရာဖြစ်နေပါသည်။ “မနက် ၅ နာရီမှာ လက်နက်ကြီးသံ နှစ်ချက်ကြားတာနဲ့ အိမ် အောက်ဝင်ပုန်းဖို့ကြိုးစားတာဘဲ၊ ဒီသူတောင်းစားတွေက ရွာထဲမှာ ဘယ်အချိန်ကတည်းက ရောက်နေ မှန်းတောင်မသိဘူး၊ ကြောက်ပြီး ပြေးတဲ့သူကပြေး၊ ကတုတ်ကျင်းထဲဝင်သူက၀င်တာဘဲ၊ KIAက ပြေးတဲ့ သူအကုန် ဗမာပဲဆိုပြီး လိုက်ပစ်တာဘဲ။ အိမ်ထဲလည်း ၀င်ပြီး ကျော်စိမ်းတုံးတွေ၊ ပိုက်ဆံတွေ၊ ရွှေငွေလက်ဝတ်ရတနာတွေ၊ ဖုန်းတွေ လိုချင်တာတွေအားလုံး ရိုက်ဖွင့်ပြီး၊ ယူသွားတာဘဲ။ ဘာမှမတတ်နိုင်ဘူး။ဒါနဲ့ ရွာရှေ့ က ဒေါ်ကြီးပု သမီး၅တန်းကျောင်းသူကလေးကိုလည်းဒီကောင်တွေထဲက၃ယောက်မုဒိန်း ကျင့်သွား သေး တယ် ၊ကလေးမလေးလဲအင်္ဂါပြဲပြီးသွေးတွေအရမ်းဆင်းနေတော့ချက်ချင်းပဲဆေးရုံပို့ လိုက် ကြတယ်” ဟု ရွာသူကြီးဦးကိုကိုဂျီးက ပြောသည်။

(စင်္ကာပူဖီး)
ဇန်န၀ါရီလ (၁၅) ရက်နေ့ နံနက် (၅း၀၀) နာရီခန့်တွင် KIA တပ်မဟာ (၂)တပ်ရင်း(၄ )သောင်း ကျန်းသူများက ကထန်ကျောက်စိမ်းမှော်ရှိ ဗမာနေအိမ်များအား လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ရွာအတွင်းသို့ ၀င်ရောက်ကာ လက်နက်ငယ်များဖြင့် အရပ်သားများအား ပရမ်းပတာ ပစ်ခတ်ခဲ့ပါသည်။ ထိုသို့ပစ်ခတ်မှုကြောင့် ကိုမင်းကိုအောင်ဆိုသူ သေ ဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။

ကချင်မြေရောက် ရှမ်းတစ်ယောက်


စိုင်းနောင်၊ ဇန်နဝါရီ ၁၅။
ကျွန်တော်နာမည် စိုင်းနောင်ပါ. ကချင်ပြည်နယ်မှာ မွေး. ကချင်ပြည်နယ်မှာ ကြီးပြင်းခဲ့ရတဲ့ ရှမ်းတစ်ယောက်ပါ။ ကျွန်တော်တို့ ရွာပတ်ဝန်းကျင်မှာလည်း ရှမ်းရွာတွေနဲ့ ရှမ်းလူမျိုးတွေ အများစု နေထိုင်ကြပြီး ကချင်လူမျိုးတွေက လူနည်းစုပါ။ ကချင်ပြည်နယ်မှာ ငယ်ငယ်လေးကတည်းက အတူနေလာတော့ ကချင်ရယ် ရှမ်းရယ်ဆိုပြီး ခွဲခွဲခြားခြားမရှိပဲ အေးအတူပူအမျှ အတူနေလာခဲ့ကြတာ.. ဟိုး .ကျွန်တော်တို့ အဖေတို့ အမေတို့ ငယ်ငယ်ကတည်းကပါ။ ကျွန်တော် မှတ်မိရသလောက်ဆိုရင်

ဦူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၏ တရားပွဲ ပြန်လည်ကျင်းပခွင့်ရ

Photo: ဦူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၏ တရားပွဲ ပြန်လည်ကျင်းပခွင့်ရ

Tuesday, 15 January 2013

မြန်မာနိုင်ငံတွင် တရားပွဲ ဟောပြောခွင့် ပိတ်ပင်ခြင်းခံထားရသည့် ဘဒ္ဒန္တဦူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲများ ပြန်လည်ကျင်းပခွင့်ရရှိပြီဖြစ်ကြောင်းသိရသည်။

ပထမဆုံးတရားပြန်လည် ဟောပြောခွင့်ရရှိသည့် တရားပွဲအဖြစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယ
ဓမ္မစာဖြေ စာပြန်ပွဲတော်ကြီး ဓမ္မသဘင်ကို ဇန်န၀ါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်ထိ ၁၂ ည တိုင်တိုင် ဆင်ယင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တရားပွဲကို
(၂၉.၁.၂၀၁၃) မှ (၃၁.၁.၂၀၁၃) ထိ (၃)ညတိုင်တိုင် ပုသိမ်မြို့
နိဂြောဓာလမ်း၊ မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်
ဓမ္မသဘင်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး (၂၉.၁.၂၀၁၃)တွင် ကံလှကျောင်းတိုက်၌ ဟင်္သာတခရိုင်မှ မဇ္ဇိမ ကြယ်စင်အဖွဲ
့နှင့် လူမှုရေးအဖွဲ့ များ၊ မအူပင်ခရိုင် နာရေးကူညီမှုအသင်းနှင့်
လူမှုရေးအဖွဲ့ များ၊ ပုသိမ်ခရိုင် မြင့်မြတ်အလင်းအဖွဲ့ နှင့် လူမှုရေးအဖွဲ
့များ၊ ဖျာပုံ ခရိုင်တရားအလှူတော်အဖွဲ့ နှင့် လူမှုရေးအဖွဲ့ များက
သြ၀ါဒခံယူကာ တိုင်းအတွင်း တရားပွဲပင့်ဆောင် လျှောက်ထားပွဲများ
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

မြန်မာနိုင်ငံတွင် တရားပွဲ ဟောပြောခွင့် ပိတ်ပင်ခြင်းခံထားရသည့် ဘဒ္ဒန္တဦူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲများ ပြန် လည် ကျင်းပခွင့်ရရှိပြီဖြစ်ကြောင်းသိရသည်။
ပထမဆုံးတရားပြန်လည် ဟောပြောခွင့်ရရှိသည့် တရားပွဲအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယ
ဓမ္မစာဖြေ စာပြန်ပွဲတော်ကြီး ဓမ္မသဘင်ကို ဇန်န၀ါရီလ ၂၉

အမျိုးသမီးဝန်ကြီး ၃ဝ ရာခိုင်နှုန်းရရေး ရခိုင်အမတ် လွှတ်တော်တွင် အဆိုတင်မည်

A joint session of the Burmese Parliament in Naypyitaw, the capital. Photo: Mizzima
အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး စုစုပေါင်း၏ ၃ဝ ရာခိုင်နှုန်းသည် အမျိုးသမီးဖြစ်စေရေးအတွက် လွှတ်တော်တွင် အဆိုတင်သွင်း၍ ကြိုးပမ်းမည်ဟု ရခိုင်လူမျိုးအောက်လွှတ်တော် အမတ် ဒေါ် ခင်စောဝေက မဇ္ဈိမကိုပြောသည်။




''အမျိုးသမီးတွေဟာ အခုရှိနေတာထက် ပိုပြီး လုပ်နိုင်ကြပါတယ်၊ ဒီထက် ပိုပြီးတော့ အရည်အချင်းတွေ ရှိနေပါတယ်။ ဒါပေမယ့် ရောက်နေတဲ့နေရာတွေ မကောင်းတဲ့အတွက် ပြသခွင့်မရကြတာပါ၊ အမျိုး သမီးတွေရဲ့ လုပ်ပိုင်ခွင့်ကို ဒီထက်တိုးမြှင့်ဖို့လိုပါတယ်''ဟု ဒေါ်ခင်စောဝေကဆိုသည်။

နဘားဘူတာအနီး ဆော်မော်တံတားအား ကေအိုင်အေမှမိုင်းခွဲ

နဘားဘူတာအနီး ဆော်မော်တံတားအား ကေအိုင်အေမှမိုင်းခွဲ

ဇန်န၀ါရီလ ၁၅ရက်
 အင်းတော်မြို့နယ် နဘားဘူတာအနီး ဆော်မော်ချောင်း မီးရထားလမ်းတံတားအား ကေအိုင်အေမှ ည ၈နာရီ၁၀မိနစ်က မိုင်းခွဲခဲ့ ပါသည်။ ၂လမ်းသွားမီးရထားလမ်း တံတားဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် တံတားရေ လည်တိုင်မှာ ကျိုးပဲ့ပျက်စီးခဲ့ကာ မီးရထားသံလမ်းလည်း ကွေးကောက်၍ ဇလီဖားတုံး ၅၀လောက် ပျက်စီးခဲ့ သည်ဟု သိရှိရပါသည်။ မြစ်ကြီးနား မှမန္တလေးတို့ စုန်ဆင်းလာသော ၃၈ အစုန် အိပ်စင်ရထား နဘား ဘူတာနားမရောက်ခင်မှာဖြစ်တဲ့အတွက်ကြောင့် ရထားထိခိုက်မှုမရှိခဲ့ပေမယ် ရထားကို နဘားဘူတာတွင် ရပ်နားထားရပါသည်။ အခုချိန်မှ တံတားကို တာဝန်ရှိသူတွေသွားရောက်ပြင်ဆင်နေသည်ဟု သိရှိရသည်။
 မီးရထားလမ်းတံတားကို ကေအိုင်အေမှ ဖျက်ဆီးခဲ့သောကြောင့် ကုန်စီးဆင်းမှု နှောင့်နှေးသလို ခရီးသည်များလည်း အခက်အခဲတွေနဲ့ကြုံတွေ့နေရပါသည်။ မီးရထားရောက်ချိန်ထက်စောပြီး မိုင်းခွဲခဲ့တာပဲ ကံကောင်း တယ်လို့ ပြောရမှာပဲ မီးရထားသာ တံတားပေါ်ရောက်နေချိန် မိုင်းခွဲမယ်ဆိုရင် ခရီးသည်တွေလည်း ထိခိုက်သေဆုံးမှုတွေရှိနိုင်သည်ဟု နဘားဘူတာမှ မီးရထားဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့သည်။ ကေအိုင်အေမှ ဒီလအတွင်း ရထားလမ်းမိုင်းခွဲမှုမှာ ၄ကြိမ်ရှိနေပြီး ခရီးသည် ၁၀ဦး ကျော်ထိခိုက်ဒဏ်ရမှုတွေရှိနေသည် ဟုသိရှိ ရသည်။

အင်းတော်မြို့နယ် နဘားဘူတာအနီး ဆော်မော်ချောင်း မီးရထား လမ်း တံတားအား ကေအိုင်အေမှ ည ၈နာရီ၁၀မိနစ်က မိုင်းခွဲခဲ့ပါသည်။ ၂လမ်းသွားမီးရထားလမ်း တံတားဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် တံတားရေလည်တိုင်မှာ ကျိုးပဲ့ပျက်စီးခဲ့ကာ မီးရထားသံလမ်း လည်း ကွေးကောက်၍ ဇလီဖားတုံး ၅၀လောက် ပျက်စီးခဲ့သည်ဟု သိရှိရပါသည်။ မြစ်ကြီးနား မှမန္တလေး

လေသန့်ဆေးဗူး ( Air Fresher ) များ မသုံးသင့်

Photo: လေသန့်ဆေးဗူး ( Air Fresher ) များ မသုံးသင့်

Tuesday, 15 January 2013

Phthalates လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးက လေသန့်ဆေးဗူး ( Air Fresher) တော်တော်များများမှာ ပါဝင်ပါတယ်။ ယင်း ဓာတ်ဟာ ကျန်းမာရေး အတွက် ဆိုးကျိုးရလဒ်များကို ဖြစ်ပေါ်စေတယ်လို့ လေ့လာ တွေ့ရှိပြီးနောက် နိုင်ငံကြီးများမှာ တားမြစ်ပိတ်ပင်လာကြောင်း သိရပါတယ်။

Air Fresher ဗူးထုတ်လုပ်ရာမှာ ယင်း Phthalates လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကို မပါဝင်စေဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် အများစုဟာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ဆိုးကျိုးများ

မွေးကင်းစကလေးနဲ့ ကလေးငယ်များ ရှိတဲ့ အိမ်များမှာ လုံးဝ အသုံးမပြု သင့်ပါဘူးလို့ ဆိုထားပါတယ်။ ပြီးတော့ ယင်းဆေးဟာ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသား ဖြစ်ဖြစ် ရှူရှိုက်မိရင် မျိုးပွားနိုင်မယ့် ဟိုမုန်းတွေကို သေစေ
ပါတယ်။ ပြီးတော့ ယင်းအနံ့ကို နေ့စဉ် ရှူရှိုက်နေရမှုဟာ အမှိုက်ပုံဟောင်း တစ်နေရာက အနံ့ကို ရှူရှိုက်လို့ရတဲ့ ရောဂါပမာဏနဲ့ မတိမ်းမယိမ်းပဲလို့ ဆိုပါတယ်

ဒါကြောင့် အမေရိကန်မှာ ၂၀၀၉ ခုနှစ်ကစလို့ လေသန့်ဆေဗူးတိုင်းမှာ Phthalate ဓာတ်များ ဖယ်ထုတ်စေပြီး အခြားသော ဖွံ့ဖြိုးဆဲ နိုင်ငံများ
မှာတော့ ဓာတုအဆိပ်ကြွယ်ဝတဲ့ Air Fresher ဗူးများ အသုံးပြုနေဆဲ
ဖြစ်ကြောင်း သိရပါတယ်။

medic-facts
Phthalates လို့ခေါ်တဲ့ ဓာတု အဆိပ်တစ်မျိုးက လေသန့်ဆေးဗူး ( Air Fresher) တော်တော်များများမှာ ပါဝင်ပါတယ်။ ယင်းဓာတ်ဟာ ကျန်းမာရေးအတွက် ဆိုးကျိုးရလဒ်များကို ဖြစ်ပေါ်စေတယ်လို့ လေ့ လာ တွေ့ရှိပြီးနောက် နိုင်ငံကြီးများမှာ တားမြစ်ပိတ်ပင်လာကြောင်း သိရပါတယ်။ Air Fresher ဗူးထုတ်လုပ်ရာမှာ ယင်း Phthalates လို့ခေါ်တဲ့ဓာတ်တစ်မျိုးကို မပါဝင်စေဖို့ ဖြစ်ပါတယ်။ သို့ပေမယ့်အများ စုဟာပါဝင်နေဆဲ ဖြစ်ပါတယ်။