Sunday, May 19, 2013

မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ



Photo: မျက်ရည်တွေ မထိန်းနိုင်အောင် ဒေးဗစ်ဘက်ခမ်း ဝမ်းနည်းပြီ
Sunday, May 19, 2013

ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန် အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈ဝ အကြာမှာ ခေတ္တ အစားထိုး အဖြစ် ဘတ်ခမ်း ဝင်ရောက် ကစားခဲ့ပြီး ၅ မိနစ်လောက် ကြာတဲ့အခါ သူဟာ မျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး ငိုပါတော့တယ်။

ဒေးဗစ် ဘက်ခမ်း ဟာ ဘောလုံး လောကထဲက အပြီး ထွက်ခွာ သွားတော့မယ် ဆိုတာကို သူ့အသင်းသားတွေက သိကြတော့ သူ့ကို ဝိုင်းချီမပြီး လေထဲမြောက်ကာ ကောင်းချီး သြဘာ ပေးခဲ့ကြပါတယ်။

အဲဒီ အချိန်မှာ ပွဲကြည့် ပရိသတ် တွေကလည်း မတ်တပ် ထရပ်ပြီး သြဘာပေးကြပါတယ်။

ပွဲလာကြည့်သူတွေထဲက တယောက်က နောက်တနှစ် ထပ်ကန်ပေးပါဦး ဆိုတဲ့ ပိုစတာလေး ကိုင်ပြီး မေတ္တာ ရပ်ခံတာကိုလည်း တွေ့ရပါတယ်။

ပရိသတ်တွေထဲမှာ ဘတ်ခမ်းရဲ့ မိသားစု အပြင် ပြင်သစ် သမ္မတဟောင်း နီကိုလပ် ဆာကိုဇီလည်း ပါဝင်ပါတယ်။

သူတို့ အသင်းဟာ ဘတ်ခမ်း ဝင်ကစားတဲ့ အချိန်မှာ တဖက် အသင်းကို ၃ ဂိုး တဂိုး နဲ့ အနိုင်ရနေပြီး ဖြစ်ပါတယ်။

BBC Burmese
ပြင်သစ်က Paris St. Germain အသင်းမှာ ကပ္ပတိန်အဖြစ် ကစားနေတဲ့ ဒေးဗစ်ဘက်ခမ်းဟာ အဲဒီ အသင်းနဲ့ Brest ဘောလုံး အသင်းတို့ မနေ့ညက ကန်တဲ့ အခါ ပွဲစပြီး မိနစ် ၈ဝ အကြာမှာ ခေတ္တ အစားထိုး အဖြစ် ဘတ်ခမ်းဝင်ရောက်ကစားခဲ့ပြီး ၅ မိနစ်လောက်ကြာတဲ့အခါ သူဟာမျက်ရည်တွေ မထိန်းနိုင်အောင် ဝမ်းနည်းပြီး ငိုပါတော့တယ်။

ကယ်လီဖိုးနီးယား ပြည်နယ်တွင် ရောဂါပိုး ကူးစက်ခံနေရသော ဖားမျိုးစိတ်များ ရှာဖွေတွေ့ရှိ


Photo: ကယ်လီဖိုးနီးယား ပြည်နယ်တွင် ရောဂါပိုး ကူးစက်ခံနေရသော ဖားမျိုးစိတ်များ ရှာဖွေတွေ့ရှိ

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီယေဂိုမြို့တွင် တွေ့ရှိခဲ့သည့် ခြေသည်းလက်သည်းပါ အာဖရိက ဖားမျိုးစိတ် နှစ်မျိုးသည် ရောဂါဖြစ်စေနိုင်သည့် ပိုးတစ်မျိုး ကူးစက်ခံ နေရသည်ကို စတန်းဖို့ဒ် တက္ကသိုလ် ဆေးသိပ္ပံကျောင်းမှ  သုတေသန ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။

ဖားမျိုးစိတ် တစ်ခုစီတွင် ကပ်ပါးပိုး တစ်မျိုးကူးစက် ခံနေရပြီး ၎င်းရောဂါပိုးသည် ရေမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း၊ ထို့နောက် မှိုအဖြစ်သို့ ပြောင်းလဲ၍ အခြားကုန်းနေ ရေနေ သတ္တဝါများကို ကူးစက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် အသက်ဆုံးရှုံးသည် အထိ အန္တရာယ်ဖြစ် ပေါ်နိုင်ကြောင်း သုတေသနပညာရှင် များက ပြောကြားထားသည်။

ထို့ပြင် အဆိုပါ ရောဂါပိုးသည် ဖားမျိုးစိတ်များကို မျိုးသုဉ်း ပျောက်ကွယ်သွားရန် ခြိမ်းခြောက်လျက် ရှိပြီး ဒေသတွင်း ဂေဟစနစ် အပေါ်တွင် အကျိုးသက် ရောက်မှုတစ်ရပ်  ဖြစ်ပေါ် နိုင်ဖွယ်ရှိကြောင်း   စတန်းဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာ ရှာရီလ်ဂရင်း ပြောကြားချက် များအရ သိရသည်။

အာဖရိက ဖားမျိုးစိတ်များသည် ဆန်ဒီယေဂိုမြို့တွင် နေထိုင် ကျက်စားလေ့ မရှိသော်လည်း ယခုအခါ ၎င်းမြို့တွင် နေထိုင်ကျက်စား လျက်ရှိသည်ကို သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းမြို့သည် ရေနုတ်မြောင်း ပေါများသည့် အတွက်ကြောင့် ၎င်းတို့ မျိုးပွားရန်အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။ 

http://www.myawady.com.mm/allnews/global/item/14289-2013-05-19-08-39-04

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဆန်ဒီယေဂိုမြို့ တွင် တွေ့ရှိ ခဲ့သည့် ခြေသည်း လက်သည်းပါ အာဖရိကဖားမျိုးစိတ် နှစ်မျိုးသည် ရောဂါဖြစ်စေနိုင်သည့် ပိုးတစ်မျိုး ကူးစက်ခံ နေရသည် ကို စတန်းဖို့ဒ် တက္ကသိုလ် ဆေးသိပ္ပံကျောင်းမှ သုတေသန ပညာရှင် များက လေ့ လာတွေ့ရှိခဲ့သည်။

စွယ်စုံသုံး သတ္တု ဂယ်လီယမ်နှင့် အနာဂါတ် ကမ္ဘာ

စွယ်စုံသုံး သတ္တု ဂယ်လီယမ်နှင့် အနာဂါတ် ကမ္ဘာ

ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။

ဂုဏ်သတ္တိ

လက်ပေါ်တင်ထားရင်ရင်တောင် အလိုလိုအရည်ပျော်လောက်အောင် သူ့ရဲ့  ဓာတု ဂုဏ်သတ္တိက ထူးခြားပါတယ်။ အခန်းအပူချိန် (၈၅.၆ ဖာရင်ဟိုက်) ထက် အနည်းငယ် ပိုလိုက်ရင် သူ့အလိုအလျောက် အရည်ပျော်ပါတယ်။ ဒါကြောင့် လက်ပေါ်တင်ထားရင် ကြိမ်းသေအရေ ပျော်ပါတယ်။ ဒါကြောင့် သူ့ကို အသုံးပြုတဲ့အခါ တစ်မျိုးထဲ သန့်သန့် အသုံးပြုလို့ မရပဲ အခြား သတ္တုများနဲ့ ရောစပ်အသုံးပြုမှု များပါတယ်။

အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုမှု

နည်းပညာ ထုတ်ကုန်တော်တော်များများမှာ အသုံးပြုပါတယ်။ ယနေ့ခေတ် စမတ်ဖုန်းတော်တော်များများမှာလည်း ဂယ်လီယမ် သတ္တု (လျှပ်တစ်ဝက် ကူး ပစ္စည်း/ Semiconductor) ကို ထည့်သွင်း အသုံးပြု ထားပါတယ်။ ဖုန်းအကြာကြီးပြောတဲ့အခါ အပူလွန်ကဲပြီး လောင်ကျွမ်းနိုင်တဲ့ amplifier တွေမှာ ဂယ်လ်လီယမ်ကို ထည့်သွင်းထားပါတယ်။ ဖုန်း ကြာကြာ အားသွင်းလို့ မီးလောင်တယ်ဆိုတာ၊ ကြာကြာပြောလို့ အရမ်းပူလာတယ်ဆိုတာ ဂယ်လီယမ် ပါဝင်မှု နည်းတာနဲ့လည်း သက်ဆိုင်ပါတယ်။

လပ်(ပ်)တော့၊ စားပွဲတင်ကွန်ပျူတာ တွေထဲက Chip တွေမှာလည်း Gallium သတ္တုသုံး ဆီမီးကွန်ဒတ်တာတွေ ပါဝင်ပါတယ်။ အပူချိန် လွန်ကဲမှုကို ထိန်းညှိပေးတဲ့ နေရာမှာ သူက အကောင်းဆုံး လုပ်ဆောင်ပေးလို့ ဖြစ်ပါတယ်။ သူချည်းသက်သက်ဆိုရင်တော့ အရည် ပျော်တတ်ပေမယ့်။ သွပ် (zinc)၊ အလူမီနီယမ်တို့လိုနဲ့ ရောစပ် အသုံးပြုတဲ့အခါ အင်မတန် အကျိုးရှိတဲ့ Semiconductor တစ်လုံး ဖြစ်လာပါတယ်။

ဆေးဘက်ဆိုင်ရာ အသုံးပြုမှု

အီလက်ထရောနစ် ပစ္စည်းတွေမှာတင် အသုံးပြုတာ မဟုတ်ပါဘူး။ ဆေးဝါး မှာလည်း အသုံးပြုပါတယ်။ ရေဒီယိုဓာတ်ကြွနည်းပညာ သုံး ပိုးသတ်ဆေးဝါးတွေမှာ Gallium အရည်ကို Percentage အနည်းငယ် ထည့်သွင်းထားပါတယ်။ သွေးထဲ ကယ်လ်ဆီယမ်ဓာတ်အင်မတန် လွန်ကဲတဲ့ ရောဂါမျိုးတွေမှာ သူက သွေးကိုထိန်းညှိပေးခြင်းဖြင့် လုပ်ဆောင်ပါတယ်။ ခန္ဓာကိုယ်တွင်း အူလမ်းကြောင်း၊ လည်ချောင်း -Organ များမှာ အနာတည်၊ ကင်ဆာ ဖြစ်တဲ့အခါ ဂယ်လီယမ် သတ္တုဓာတ်ပါတဲ့ ဆေးဝါးနဲ့ ကုသပါတယ်။

စစ်ဘက်ဆိုင်ရာ အသုံးပြုမှု

စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေမှာလည်း အသုံးပြုပါသေးတယ်။ ပလူတိုနီယမ်တို့လို အန္တရယ်ကြီး လက်နက် ဒုံးကျည်ပစ္စည်းတွေရဲ့  ထိပ်ဖူးမှာ
ဂယ်လီယမ် အလွိုင်းကို ထည့်ထားရပါတယ်။ ပလူတိုနီယမ်ကနေ အလိုလို မြင့်တက်နေတဲ့ Allotropes များဟာ ဒီတိုင်းထားရင် ပေါက်ကွဲ တတ်ပြီး ဂယ်လီယမ်က ထိန်းထားပေးတာ ဖြစ်ပါတယ်။

အထွေထွေ အသုံးပြုမှု

ဂယ်လီယမ်ကို လွယ်လွယ်နဲ့ တူးဖော်ရရှိတာမဟုတ်တဲ့အတွက် အသုံးပြုတဲ့ အခါကျတော့ ကျန်ရှိတဲ့ အစအန အားလုံးက အစ အသုံးဝင်ပါတယ်။ အလူမီနီဟိုက်ဒရောဆိုက်ကို သန့်စင်လို့ ကျန်ရှိတဲ့ မသန့်စင်သော ဂယ်လ်လီယမ်တွေကိုတောင် မှန်၊ ဇွန်း၊ခရင်း၊ အစရှိသဖြင့် အိမ်သုံး ပစ္စည်းတွေမှာ ရောစပ်ထည့်သုံးလို့ ရပါတယ်။ ပိုးသတ်ဆေး၊ ပေါင်ဒါ တွေမှာလည်း အသုံးပြုပါတယ်။ အခြားသော အသုံးပြုမှုပေါင်း မြောက်များစွာလည်း ရှိနေပါသေးတယ်။

ထွက်ရှိသည့် နိုင်ငံ

အမှန်တကယ် တွေ့ရှိတာတော့ ရုရှားနိုင်ငံမှာ စတင်တွေ့ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိအများဆုံး ထွက်နေတဲ့ နိုင်ငံက တရုတ်ပြည်မကြီး ဖြစ်ပါတယ်။ အကောင်းဆုံး အသုံချနိုင်မှုကတော့ အမေရိကန် ဖြစ်ပြီး ကုန်ကြမ်းမရှိလည်း ဓာတ်ခွဲခန်းကနေ ကိုယ်တိုင် ဖန်တီး ထုတ်ယူတဲ့အဆင့်ထိတောင် ပြုလုပ်ကြပါတယ်။ သို့ပေမယ့် မလုံလောက်တဲ့အတွက် မှာယူမှုများ ပြုလုပ်ရပါတယ်။

အနာဂတ်တွင် Gallium ရှားပါးနိုင်မှု

အများစုကို တရုတ်ပြည်မကြီးက ပိုင်ဆိုင်ထားတာဟာ အဓိက ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကွန်မြူနစ် ပေါ်လစီအရ ပြည်တွင်း တွင်းထွက်ကို ပြည်ပ သို့ တင်ပို့မှုများ အင်မတန် တင်းကြပ်ထားပါတယ်။ တော်ရုံ ဝယ်လို့ မရပါဘူး။ တရုတ်ပြည်မှာ တွင်းထွက်ရှိပေမယ့် သန့်စင်မှု လုပ်ငန်းမှာ အားနည်းနေပါတယ်။ ဒါကြောင့် ကိုယ်တိုင် တူးဖော်အသုံးပြုပေမယ့် အနောက်တိုင်းများလောက် ထိထိရောက်ရောက် အသုံးမပြုနိုင်ပါဘူး။ သို့ပေမယ့် ရည်ရွယ်ချက်က ပြည်တွင်း အီလက်ထရောနစ်၊ စစ်ဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာတို့မှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဂယ်လီယမ်တင် မကပဲ ကမ္ဘာ့အရှားပါးဆုံး ၁၀မျိုးသော မက သတ္တု အမျိုးပေါင်း မြောက်များစွာလည်း ပိုင်ဆိုင်ထားပါတယ်။

တရုတ်ပြည်တွင်း စက်မှုလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်နေပေမယ့် သတ္တုအသုံးပြုမှုမှာ အကျိုးသက်ရောက်မှု နည်းတဲ့အတွက် အလဟသ ကုန်ဆုံးသွားမှာကို အနောက်တိုင်းက စိုးရိမ်နေကြပါတယ်။ အမေရိကန်က အဓိက အခံရဆုံး နိုင်ငံ ဖြစ်ပြီး Gallium ရဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဒါကြောင့် ယခုနှစ်လယ်ပိုင်းကစပြီး ကမ္ဘာ့စီးပွားကုန်သွယ်မှုအဖွဲ့အစည်း (WTO) ကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် ထူးခြားလာမှု မရှိသေးပါဘူး။ ဓာတ်ခွဲခန်းကနေ အကုန်အကျ အဆပေါင်းများစွာ ခံပြီး ထုတ်လုပ်ရမယ့် အနေအထားမှာ ရှိပါတယ်။

ဒါကြောင့် အနာဂတ် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှုမှာ ဂယ်လီယမ် နဲ့ အခြား ရှားပါးသတ္တုများ မရှိတော့ဘူးဆိုရင် ဘယ်လို ရှေ့ ဆက်မယ် ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နည်းပညာမှာ ထိပ်တန်း ပြေးတဲ့ အမေရိကန်နိုင်ငံမှာတော့ သုသေတနလုပ်ငန်းနဲ့ ဓာတ်ခွဲခန်းများမှာ ရင်းနှီးမြှုပ်နှံမှုပေါင်း များစွာ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
--
Ref:ABSnew, Wiki
International news for myanmar
ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။

အနာဂတ် ခရီးသွား လေယာဉ် Shabtai Hirshber

အနာဂတ် ခရီးသွား လေယာဉ် Shabtai Hirshber
Sunday, May 19, 2013

ခရီးသွားလာရေး၊ သယ်ယူ ပို့ဆောင်ရေးအတွက် စွယ်စုံ သုံးလို့ရမယ့် တိုက်လေယာဉ်ကို ဒီဇိုင်နာ Shabtai Hirshberg မှ ဒီဇိုင်းဖန်တီးပေး ထားပါတယ်။ လာမယ့် ၁၅ အတွင်း တကယ် တည်ဆောက်လာတော့ မယ့် လေယာဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

ယနေ့ခေတ်သွားလာနေတဲ့ ခရီးသွား Boeing လေယာဉ်ကြီးများလိုပဲ ခရီးသည် ရာနဲ့ချီတင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်ပေါင်း များစွာ ပါရှိပါတယ်။ လေယာဉ်ကွင်းမလိုအပ်တော့ပါဘူး။ ကုန်းမှာလည်းဆင်း သက်လို့ ရသလို ရေပေါ်လည်း ဆင်းသက်လို့ ရပါတယ်။ ရည်ရွယ်ချက် ကတော့ ကုန်းမြေရှားပါးပြီး ပင်လယ်ရေ မြင့်တဲ့မယ့် အနာဂတ်မှာ အသုံးပြု နိုင်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်ကွင်းကို ဆိပ်ကမ်းတွေမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဆီစားသက်သာမှု ဖြစ်ပါတယ်။ ယနေ့ခေတ် ဆီစား သက်သာပါတယ်ဆိုတဲ့ နည်းပညာ အဆင့်မြင့် လေယာဉ်တွေထက် ၃၀ ရာခိုင်နှုန်း ပိုမို ဆီစားသက်သာစေမှာ ဖြစ်ပါတယ်။ လျှပ်စစ်မော် တာ ပေါင်းစပ်ပေးမယ့် Hybrid အင်ဂျင်ပါဝင်လာ လို့ ဖြစ် ပါတယ်။ ပြီးတော့ လေယာဉ်ပေါ်မှာ ယခင်တုန်းကလို ပုံသေ ထိုင်နေဖို့ မလိုပါဘူး။ အတွင်းမှာ ခန်းမတွေပါ ပါရှိပြီး မင်္ဂလာဆောင် ခမ်းမလိုတောင် အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ သို့ပေမယ့် ခန်းမ မထည့်ရင် ယင်းအစား ရုပ်ရှင်ရုံ ထည့်မယ် လို့ ဆိုပါတယ်။ လေယာဉ်ရဲ့  Stability သဘောအရ အခန်းလွတ်တဲ့ ခုံနဲ့ ကျကျ နန ထိုင်လို့ရတဲ့ ခန်းမကြီးတွေကိုပဲ ဒီဇိုင်နိာတို့က Recommend ပေးထား ပါတယ်။

အသံထွက် ဆူညံမှု မရှိပဲ လေပေါ်ပဲ သွားသွား၊ ရေပေါ်ပဲ သွားသွား ဇင်ယော် တစ်ကောင်လို လှလှလေး ပျံဝဲစေမယ်လို့ Shabtai Hirshber က အမွမ်းတင် ပြောဆိုထားပါတယ်။ လေယာဉ်ရဲ့ ရည်ရွယ်ချက်ကိုက လေယာဉ်ဆီရှားပါးတဲ့ ခေတ်မှာ လေးစီး ပျံသန်းနေတာထက် ယင်း ရေလေပျံ အနာဂတ် လေယာဉ် တစ်စီးသာ ပျံသန်းစေဖို့ ဖြစ်ပါတယ်။ တကယ် တည်ဆောက်တဲ့အခါဖော်ပြ ပါ နည်းပညာနဲ့ အပြင်အဆင်အားလုံး ပါရှိဖို့အတွက် လေယာဉ်ထုတ်လုပ် ရေး ကုမ္မဏီအချို့ နဲ့ ပူးပေါင်း လုပ်ကိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: realitypod

ရိုးရာလေး Automobile
ခရီးသွားလာရေး၊ သယ်ယူ ပို့ဆောင်ရေးအတွက် စွယ်စုံ သုံးလို့ရမယ့် တိုက်လေယာဉ်ကို ဒီဇိုင်နာ Shabtai Hirshberg မှ ဒီဇိုင်းဖန်တီးပေး ထားပါတယ်။ လာမယ့် ၁၅ အတွင်း တကယ် တည်ဆောက်လာတော့ မယ့် လေယာဉ် ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးကျတော့မည် ... ၊ ကျောင်းဖွင့်တော့မည် ... ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည် စခန်းများတွင်သာ ခိုလှုံနေရ

Photo: မိုးကျတော့မည် ... ၊ ကျောင်းဖွင့်တော့မည် ... ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည် စခန်းများတွင်သာ ခိုလှုံနေရ
Sunday, May 19, 2013

မြန်မာနိုင်ငံ၏ မိုးဦးရာသီသည် လာမည့် ဇွန်လဆန်းတွင် စတင်မည်ဖြစ်ပြီး အခြေခံ ပညာကျောင်းများလည်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သော်လည်း ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည် များမှာမူ နှစ်နှစ်နီးပါး ကြာမြင့်လာသည့် လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် စခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန် ၉ ရက်တွင် နှစ်နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။

"အခုအချိန်အထိ စခန်းတွေမှာ နေရတဲ့ သူဦးရေဟာ အားလုံးပေါင်း တစ်သိန်းဝန်းကျင် ရှိပါတယ်။ သူတို့အတွက် လတ်တလော အရေးတကြီး လိုအပ်ချက်က နံပါတ် (၁) အစားအစာ၊ နံပါတ် (၂) ပညာရေးပါ" ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက မေ ၁၈ ရက်တွင် ပြောကြားသည်။

၂၀၁၁ ခုနှစ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ် စစ်တည်ရှိရာ ဒေသတစ်ဝိုက်တွင် ဖြစ်သည်။ နောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားမှုသည် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မန်စီမြို့နယ်များသို့ပါ သက်ရောက်မှုများ ရှိလာခဲ့သည်။

၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများမှ စတင်ကာ ဒေသခံများသည် နေထိုင်ရာ ကျေးရွာများကို စွန့်ခွာမှုများ ရှိလာခဲ့သည်။ မြို့ပေါ်ကယ်ဆယ်ရေး စခန်းများ၊ ကျေးရွာများမှ သာသနိက အဆောက်အအုံများတွင် ဖွင့်လှစ်သော ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံမှုများအပြင် တောတွင်းကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိခိုလှုံသူများလည်း ရှိလာခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် နယ်စပ်ဒေသများ၌ တောတွင်းကယ်ဆယ်ရေး စခန်းများ မရှိတော့ဘဲ မြို့ပေါ်စခန်းများနှင့် မြို့နှင့် အလှမ်းမဝေးသော စခန်းများ၌ ဆက်လက် နေထိုင်နေကြသည်ဟု သိရသည်။

ကချင်ပြည်နယ် အစိုးရ လက်အောက်တွင် ဒုက္ခသည် စခန်းပေါင်း ၁၀၅ ခုရှိပြီး ကျေးရွာပေါင်း ၂၉၉ ရွာမှ ဒုက္ခသည်ပေါင်း ၃၉၀၀၀ ကျော်မှာ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြရသည်။ လိုင်ဇာမြို့အနီးရှိ ဒုက္ခသည် စခန်းများမူ ဒုက္ခသည်ပေါင်း ၆၅၀၀၀ ကျော်ရှိပြီး ကချင်ပြည်နယ် အစိုးရ လက်အောက်တွင် ရှိသော စခန်းများထက် လိုအပ်ချက် များနေကြောင်းလည်း သိရသည်။

မိုးရာသီ ၀င်လာတော့မည်ဖြစ်၍ ဒုက္ခသည် စခန်းအချို့တွင် အမိုးအကာ လိုအပ်ချက်များ၊ ဆေးဝါး၊ ကျောင်းသူကျောင်းသားများ၏ ကျောင်းထားနိုင်ရေး ကိစ္စရပ်များကို ပူပန်နေရကြောင်း သိရှိရသည်။
အခုအချိန်အထိ စခန်းတွေမှာ နေရတဲ့ သူဦးရေဟာ အားလုံးပေါင်း တစ်သိန်းဝန်းကျင် ရှိပါတယ်။ သူတို့အတွက် လတ်တလော အရေးတကြီး လိုအပ်ချက်က နံပါတ် (၁) အစားအစာ၊ နံပါတ် (၂) ပညာရေးပါ . . . . .

"အခု လောလောဆယ်မှာ စခန်းတွေရဲ့ တချို့မိုးကာတွေ ပေါက်ပြဲကုန်ပြီး အဲဒီထက် အရေးတကြီး လိုအပ်တဲ့ အိမ်သာနဲ့ ကျောင်းသားကိစ္စတွေ ဦးစားပေးနေရတယ်။ မိုးရောက်ရင် အဖျားအနားထူတော့ ဆေးဝါးလည်း လိုအုံးမယ်" ဟု ၀ိုင်းမော်မြို့နယ် KBC ဒုက္ခသည် စခန်းမှ တာဝန်ခံ ကိုဒေါင်ခေါင်က ပြောကြားသည်။

နေရပ်မှ တိမ်းရှောင်ရသူ ဒေသခံ ကချင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသား ဦးရေသည် လက်ရှိတွင် တစ်သိန်းဝန်းကျင် ရှိနေရာ၌ ကျောင်းနေအရွယ် ကလေးဦးရေမှာ လေးသောင်းမှ ငါးသောင်းဝန်းကျင် ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ သိရသည်။

"မနှစ်ကတောင် ပညာဆက်သင်ခွင့် မရတဲ့ ကျောင်းသားကျောင်းသူတွေ ရှိခဲ့ပါတယ်။ တချို့ကူညီကြတယ်ဆိုတာ မူလတန်းကိုပဲ အဓိက ကူညီကြတာမျိုးပါ။ မနှစ်က ကလေးတွေရဲ့ ကျောင်းစာအုပ်ကအစ အကုန်ကူညီလိုက်တဲ့ လူမှုရေးအဖွဲ့တွေ လိုမျိုးလည်း ဒီနှစ် အခုအချိန်အထိ ကူညီတာ မရှိသေးပါဘူး" ဟု ဒေါ်ခွန်ဂျာက ဆိုပါသည်။

ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသူ အများစုမှာ ကျောင်းနေအရွယ် ကလေးများဖြစ်ပြီး ကျောင်းသားဦးရေပေါင်း ၂၀၁၂ ခုနှစ်အတွင်း ၈၀၀၀ ကျော် ရှိခဲ့သည်ဟု ပြည်နယ်ပညာရေးမှူး၏ ပြောကြားချက်အရ သိရသည်။

"လွန်ခဲ့တဲ့ နှစ်ကတော့ စာသင်ခန်း မလုံလောက်မှုတွေ၊ ဆရာ ဆရာမ မလုံလောက်မှုတွေ ရှိခဲ့ပါတယ်။ ပညာရေးဘက်မှာ ကျွန်တော်တို့ ပညာရေး ဌာနဘက်က ကူညီသလို ကျောင်းသားတွေရဲ့ ဗလာစာအုပ်၊ ၀တ်စုံ စတာတွေကိုတော့ ပြည်နယ်အစိုးရနဲ့ UNDP၊ UNICEF တို့ ပူးပေါင်းပြီး ပံ့ပိုးမှုတွေ လုပ်ပါတယ်။ ဒီနှစ်တော့ ယာယီစာသင်ဆောင် အလုံအလောက် ရှိထားပါပြီ" ဟု ပြောပါသည်။

စစ်၏ သက်ရောက်မှုများကြောင့် ကချင်ပြည်နယ်တွင်းရှိ ကျေးရွာပေါင်း ၃၀၀ ကျော်မှ ဒေသခံများသည် နေရပ်ကို စွန့်ခွာခဲ့ရသည်။

"လွန်ခဲ့တဲ့ လကတည်းက ထောက်ပံ့ကြေး မရတော့ဘူး။ အပြင်ကို အလုပ်ထွက်လုပ်နိုင်ရင်တော့ ကလေးတွေအတွက် မုန့်ဖိုး ရသေးတယ်။ ကျွန်မမှာ ကျောင်းသားတွေ များတော့၊ ကျောင်းဖွင့်မှာကို စိတ်ပူနေရတယ်" ဟု မြစ်ကြီးနားမြို့ ဆွတ်ငိုင်တောင်ဒုက္ခသည် စခန်းမှ ကျောင်းသားမိဘတစ်ဦးက ပြောပါသည်။

ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသူ အများစုမှာ တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ခြံလုပ်ငန်း လုပ်ကိုင်သူအများစု ဖြစ်ပြီး မိုးမကျမီ ရွာပြန်ရန် ဆန္ဒရှိနေကြကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရှိရသည်။

ဝိုင်းမော်မြို့ ဒုက္ခသည် စခန်းမှ ဦးအိုက်စံက "ဒီအချိန်ပြန်ရင်တော့ နည်းနည်းမီသေးတယ်။ ဒါပေမဲ့ မျိုးလည်းမရှိဘူး၊ ခိုင်းစရာ နွားလည်း မရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ" ဟု ပြောကြားသည်။

KBC ဒုက္ခသည် စခန်းတွင် နေထိုင်သူ တစ်ဦးကမူ "ဒီနှစ်တာ စိုက်ထားတဲ့ လိမ္မော်ပင်တွေ မရှင်းရလို့ကတော့ အားလုံးသေပြီ၊ ရွာကိုမြန်မြန်ပြန်ရမှ ကောင်းမှာ" ဟု ပြောပြသည်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ အဓိက လုပ်ကိုင်ရာ စီးပွားရေးမြို့ဖြစ်သော ဖားကန့်မြို့နယ်၌လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် တိုက်ပွဲများ ဖြစ်ပွားမှု ရှိခဲ့ကာ လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဖားကန့်မြို့နယ်တွင် သြဂုတ်လကုန်ပိုင်း၌ တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ မူရင်းနေရပ်မှ စစ်ဘေးရှောင်၍ ဒုက္ခသည် စခန်းများသို့ ခိုလှုံရောက်ရှိသူများလည်း ရှိခဲ့သည်။

ယခုအခါ ဒုက္ခသည် စခန်းများသည် မြစ်ကြီးနားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ၀ိုင်းမော်မြို့နယ်တို့တွင် တည်ရှိနေသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကမူ ဒုက္ခသည် စခန်းများ၏ လိုအပ်ချက်များကိုမူ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးကူညီလျက် ရှိသည်ဟု ဆိုသည်။
"အဓိက ကူညီကတော့ UNDP၊ UNICEF နဲ့ အသင်းအဖွဲ့ အများ ဖြစ်ပါတယ်။ အဲဒီ အသင်းအဖွဲ့တွေ လစ်ဟာတဲ့ နေရာကိုပဲ ပြည်နယ်အစိုးရက ကူညီတာပါ" ဟု ဆိုသည်။

"မိုးကာလရောက်ရင် အဓိက လိုလာတဲ့ လိုအပ်ချက်ကတော့ ကလေးတွေ ကျောင်းနေဖို့ပဲ။ ဒါတစ်ခုကတော့ ကသီလင်တ ဖြစ်နိုင်တယ်။ ကျန်တဲ့ နေရေးအပိုင်းကတော့ အဆင်ပြေပါတယ်။ စားရေးကလည်း အထိုက်အလျောက် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ အဓိက လိုအပ်တာကတော့ ကလေးတွေ ကျောင်းဖွင့်ချိန်ပဲ" ဟု ရှမ်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ ခိုလှုံနေထိုင်ရာ ၀ိုင်းမော်မြို့နယ် သာဂရကယ်ဆယ်ရေး စခန်းမှ ဦးစိုင်းအောင်က ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကာ နှစ်ပေါင်း ၁၇ နှစ်အကြာ၌ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်မျိုးစုံ၊ အဖွဲ့အစည်းမျိုးစုံ ပေါ်ပေါက်လာပြီး ပြည်တွင်းလက်နက်ကိုင် ဆူပူမှုများ ဖြစ်ပွားရာတွင် ကချင်ပြည်နယ်လည်း ပါဝင်လာခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်အရ ၁၉၆၃ ခုနှစ် ဇွန် ၁၁ ရက်တွင် ကချင်လွတ်မြောက်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးသော်လည်း သဘောတူညီမှု မရရှိခဲ့ဘဲ တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၉၈၀ ပြည့်နှစ် သြဂုတ်လမှ ၁၉၈၁ ခုနှစ် မေလအထိ ၁၀ လကြာ နှစ်ဖက်အပြန်အလှန် အပစ်အခတ် ရပ်စဲခဲ့သည်။

ထို့နောက် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် တပ်မတော်ထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခဲ့သည်။ ၁၉၉၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အစိုးရနှင့် ကေအိုင်အိုတို့ ပြန်လည်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရှိရသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင်မူ တပ်မတော်နှင့် ကေအိုင်အေတို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

လက်ရှိ ကာလသည် စစ်ဖြစ်ပွားသည့်ကာလ နှစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပြီး ကချင်ပြည်နယ်တွင်း စီးပွားရေး၊ လူမှုရေးပိုင်းဆိုင်ရာ သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။ ကချင်ပြည်နယ်တွင်း ဒုက္ခသည်များကို လူသားချင်းစာနာသော ထောက်ပံ့မှုများ ရနိုင်ရန်၊ စိတ်ဓာတ်ရှင်သန်လာရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်၊ အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်၊ ကလေးငယ်များ၏ ပညာရေးအတွက် စီစဉ်ပေးနိုင်ရန်တို့လို အပ်နေသည်ဟု သိရှိရသည်။

Eleven Media Group
မြန်မာနိုင်ငံ၏ မိုးဦးရာသီသည်လာမည့် ဇွန်လဆန်းတွင် စတင်မည်ဖြစ်ပြီး အခြေခံပညာကျောင်း များလည်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သော်လည်း ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်များ မှာမူ နှစ်နှစ်နီးပါး ကြာမြင့်လာသည့် လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် စခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်

Photo: လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်

ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် ပြည်တွင်းတွင် နေထိုင်နေသည့် ၎င်းတို့၏ အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်ပြီး  အရေးယူထားကြောင်း  နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက မေ ၁၈ ရက်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၀၀၀ ကျော်ကို အရေးယူမှုနှင့် ပတ်သက်၍ "ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ဘင်္ဂါလီ ၁၀၀၀ ကျော်ဟာ တစ်ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ထွက်ပြေးသွားတယ်။ သူတို့တွေဟာ အခုထိ ပြန်မလာသေးဘူး။ သူတို့ ပြန်ဝင်လာ မလာကိုလည်း အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန်လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူသွားမယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောကြားသည်။    

မြန်မာနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့အတွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နှစ်စဉ် တရားမ၀င် ခိုးဝင်လာသူဦးရေ ၅၀ ၀န်းကျင်ခန့်ရှိပြီး ယင်းသို့ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီး အောင်နိုင်ဦးက "နယ်မြေစခန်းတွေမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ကျေးရွာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မကဖလို့ခေါ်တဲ့ မှုခင်းကြိုတင် တားဆီးကာကွယ်ရေး အဖွဲ့တွေ ရှိတယ်။ နောက် အရန်မီးသတ်တွေကလည်း သူစိမ်းတစ်ယောက် နယ်မြေထဲ ရွာထဲ ၀င်လာရင် သူတို့သိတယ်။ ဘင်္ဂလားဒေ့ရှ်က တစ်ယောက်ဝင်လာရင်လည်း လာသတင်းပို့ပြီး ဖမ်းခိုင်းတယ်။
ဒီက လူတွေလည်း ဟိုဘက်ကလူတွေ ဒီဘက်ကို အစုလိုက် အပြုံလိုက် ၀င်လာမှာကို မလိုလားဘူး။ သူတို့တွေ ၀င်လာရင် စားကျက်လုမှာကို စိုးရိမ်တယ်။ လူဝင်မှုကို စစ်ဆေးတဲ့အခါမှာ ကောက်ထားတဲ့ အိမ်ထောင်စုအလိုက် စာရင်းဇယားတွေ ရှိတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ထုတ်ပေးထားတဲ့ ၀ှိုက်ကတ်တွေ ရှိတယ်။ အဲဒါတွေနဲ့ စစ်တယ်။ နစကအနေနဲ့ တရားမ၀င် ၀င်ရောက်လာမှာကို အမြဲစောင့်ကြည့်  အရေးယူမှုတွေ လုပ်နေပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း ငါးဖမ်းရင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ် ရှစ်ဦးနှင့် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေ အတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပြီးနောက် ပြန်ဝင်လာသူများကိုလည်း ဖမ်းဆီးကာ လ၀က ဥပဒေနှင့် အရေးယူခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ခြောက်ညအိပ် ခုနစ်ရက် သွားလာခွင့် ပြုထားကြောင်း သိရသည်။

(ဓာတ်ပုံ - ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် စစ်တွေမြို့ ပဋိပက္ခ ဖြစ်ပွားအပြီး ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်)
(ဓာတ်ပုံ - ၂၀၁၂ ဇွန်လနောက်ပိုင်းတွင် စစ်တွေမြို့ ပဋိပက္ခ ဖြစ်ပွားအပြီး ဘင်္ဂါလီ ဒုက္ခသည်များကို တွေ့ရစဉ်)
ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်သူ ဘင်္ဂါလီ လူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့်အတွက် ပြည်တွင်း

ပတူကောင် အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရပြန်

Photo: ပတူကောင် အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရပြန်

မေ ၁၇ ရက်က ပတူကောင်များ အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရသည့် ဖြစ်ရပ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၃ ရက်ကလည်း လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ခြံဝင်းတစ်ခုတွင် ပတူကောင်များ အတုပ်ခံရ၍ အမျိုးသားနှစ်ဦး အနောက်ပိုင်းဆေးရုံသို့ ရောက်ရှိခဲ့ပြီး ပတူကောင် အတုပ်ခံရသည့် လေဖြန်းနေသူ တစ်ဦးမှာ နောက်တစ်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကလေးနှစ်ဦး သင်္ဃန်းကျွန်း စံပြဆေးရုံကြီးသို့ တင်ရသည့် ဖြစ်ရပ်မှာ မေ ၁၇ ရက် ညနေ ၃ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့နယ် ယဿဝတီလမ်းနေ မောင်ရဲနောင်နောင် (၁၀ နှစ်)နှင့် မောင်ဇွဲနောင်နောင် ( ၂ နှစ်) ညီအစ်ကို နှစ်ဦးတို့သည် ၁၃ ရပ်ကွက် အတွင်းရှိ ရေကန်တစ်ခု၏ ကန်ပေါင်နံဘေးတွင် လမ်းလျှောက်လာစဉ် ပတူကောင်များ ၀ိုင်းတုပ်ခံခဲ့ရခြင်း ဖြစ်သည်။

"ကလေးတွေက ဒီကန်ပေါင်ဘေးက လမ်းအတိုင်း လမ်းလျှောက်လာရင်း ပတူကောင်တွေ ၀ိုင်းတုပ်လိုက်တာ။ နှစ်ယောက်လုံး ခေါင်းနဲ့လည်ပင်းတွေမှာ အတုပ်ခံလိုက်ရတယ်။ ခုလောလောဆယ် အငယ်ကောင်လေးက မသက်သာသေးဘူး" ဟု ပတူကောင် အတုပ်ခံရသော ကလေးများ၏ ဖခင်က ဆိုသည်။

အဆိုပါ ၁၃ ရပ်ကွက် ကန်ပေါင်နားတွင် အသိုက်ဖွဲ့နေသည့် ပတူကောင်များကို ရပ်ကွက်နေ ပြည်သူအချို့က အန္တရာယ်ရှိသဖြင့် ဓာတ်ဆီလောင်း မီးရှို့ခဲ့သော်လည်း လက်ရှိတွင် ပတူကောင်များမှာ အသိုက်ထဲမှာပင် ရှိနေဆဲဖြစ်ကြောင်း အဆိုပါ ရပ်ကွက်နေ ဒေသခံတို့က ပြောကြားခဲ့သည်။

"လောလောဆယ် အန္တရာယ်ရှိလို့ မနေ့ညနေကတည်းက ဓာတ်ဆီလောင်းပြီး မီးရှို့ထားတယ်။ သက်ဆိုင်ရာက ဆေးတွေဘာတွေ လာဖျန်းတာမျိုး မရှိသေးဘူး" ဟု ရပ်ကွက်တွင်းနေသူ ကိုအေးအောင်ဝင်းက ဆိုသည်။

သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ လက်aထာက်ဆရာဝန် တစ်ဦးက "လက်ရှိ ကုသနေပါတယ်။ ကလေးတွေ အခြေအနေက တည်ငြိမ်နေပါတယ်။ အကိုက်ခံရလို့ ယောင်နေတာတော့ ရှိတယ်။ ပတူအဆိပ်ဖြေဆေး ဆိုတာ မရှိလို့ အခြားအဆိပ်ဖြေနည်းတွေနဲ့ ကုသထားပါတယ်။ ဆီး၊ ၀မ်းလည်း ပုံမှန်သွားပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး" ဟု ပြောကြားခဲ့သည်။

ပတူကောင် ဆိုသည်မှာ အင်းဆက်ပိုး အမျိုးအစားထဲတွင် ပါဝင်ပြီး အခြားအင်းဆက် ပိုးများထက် အဆိပ်သိုလှောင်မှု ပိုမိုများပြားကြောင်း အကိုက်ခံရပါက အကိုက်ခံရသည့်နေရာ နီရဲလာခြင်း၊ အဖုအပိန့် ထွက်ခြင်း၊ ယားယံခြင်းများ ဖြစ်ပေါ်လာတတ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်သည်အထိ အခြေအနေ ဆိုးရွားတတ်ပြီး အသက်ရှုလမ်းကြောင်း ပိတ်သည်ကို အချိန်မီ မကုသနိုင်ပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိကြောင်းဆရာ ၀န်တစ်ဦးက ဆိုသည်။       

(ပတူကောင်အသေများအား တွေ့ရစဉ်)
(ဓာတ်ပုံ - ဥာဏ်ဝင်းရှိန်)
(ပတူကောင်အသေများအား တွေ့ရစဉ်)
မေ ၁၇ ရက်က ပတူကောင်များ အတုပ်ခံရ၍ ကလေးနှစ်ဦး ဆေးရုံတင်ရသည့် ဖြစ်ရပ်ထပ်မံဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဦးသိန်းစိန် အမေရိကန်ခရီး ပထမနေ့



Photo: ဦးသိန်းစိန် အမေရိကန်ခရီး ပထမနေ့

မေ ၁၉ ရက် ၂၀၁၃

အခု သမ္မတဦးသိန်းစိန်ရဲ့ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာအစိုးရကြားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်တွေနဲ့ လာခဲ့တာဖြစ်တယ်လို့ သမ္မတခရီးစဉ်မှာပါလာတဲ့ ပြောခွင့်ရသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ၀ါရှင်တန်ဒီစီကို စနေနေ့ မနက်ပိုင်းမှာရောက်လာတဲ့ သမ္မတဦးသိန်းစိန်ဟာ ညနေဘက် သံရုံးမှာ မြန်မာမိသာစုတွေနဲ့ မတွေ့ဆုံခင်မှာ ၀ါရှင်တန်မြို့တော် ထဲက အထင်ကရနေရာ တချို့ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဘယ်နေရာတွေသွားကြည့်တယ် ဆိုတာကိုတော့ သမ္မတရဲ့ခရီးစဉ်ကို အနီးကပ်စောင့်ကြည့်နေတဲ့ ဦးရော်နီငြိမ်းကို မစုမြတ်မွန်က ဆက်သွယ်မေး ထားပါတယ်။

စနေနေ့မနက်ပိုင်းမှာ ရောက်လာတဲ့ သမ္မတရဲ့ ပထမနေ့ အစီအစဉ်ကို ဦးရော်နီငြိမ်းက ခုလို စပြောပါတယ်။

“သမ္မတဦးသိန်းစိန်ဟာ မေလ ၁၈ ရက် စနေနေ့ နေ့လည် ၁၁ နာရီခွဲမှာ ၀ါရှင်တန်ဒီစီ မြို့တော်ကိုရောက်ရှိလာပြီးတော့ သူတည်းခိုရာ Four Seasons ဟိုတယ်ကို တိုက်ရိုက်သွားပါတယ်။ ဒါပေမဲ့ ညနေပိုင်းမှာတော့ သမ္မတ ဦးသိန်းစိန်ဟာ Lincoln Memorial  လို့ခေါ်တဲ့ အမေရိကန်နိုင်ငံသမိုင်းမှာ ထင်ရှားတဲ့၊ ကျွန်စနစ်ကို တိုက်ဖျက်ပစ်ခဲ့တဲ့ သမ္မတကြီး အီဗရာဟင်လင်ကွန်း အထိမ်းအမှတ် ကျောက်ရုပ်ရှိရာကို သွားပြီးတော့ လေ့လာပါတယ်။ ဒါ့အပြင် သမ္မတကြီးဟာ နိုင်ငံသားအခွင့်အရေး Civil Rights ကို ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းခေါင်းဆောင် ဒေါက်တာမာတင်လူသားကင်း ဂျူနီယာ။ သူ့ရဲ့ထင်ရှားကျော်ကြားတဲ့ I have a dream ဆိုတဲ့ မိန့်ခွန်းပြောကြား ရာ ကျောက်ပြားပေါ့နော်။ ၁၉၆၃ ခုနှစ်မှာ ဒေါက်တာမာတင်လူသာကင်း ဟာ Lincoln Memorial လှေကားထစ်တွေပေါ်မှာ ရှိတဲ့ ကျောက်ပြားတစ်ပြားပေါ် ကနေပြီးတော့၊ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီကျောက်ပြားလေးကို အထိမ်းအမှတ်အဖြစ်နဲ့ လုပ်ထားပါတယ်။ အဲဒီကျောက်ပြားလေးကိုလည်း သမ္မတ ဦးသိန်းစိန်က လေ့လာကြည့်ရှုခဲ့ပါတယ်။ ညနေ ၅ နာရီခွဲမှာတော့ မြန်မာသံရုံးမှာ မြန်မာမိသားစုအသိုင်းအ၀ိုင်းက ဧည့်ခံတည်ခင်းတဲ့ ညစာစားပွဲကို သွားရောက်ပါတယ်။”

“၁၉၆၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ရောက်ရှိခဲ့ပြီးတော့နောက်ပိုင်း မြန်မာ အစိုးရ ခေါင်းဆောင်အနေနဲ့ တရားဝင် အမေရိကန်အစိုးရက ဖိတ်ကြားလို့ ၄၇ နှစ်အကြာမှာ ရောက်ရှိလာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဒီခရီးစဉ်မှာလိုက်ပါလာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ မေးကြည့်ခဲ့ပါတယ်”
 
ဦးရဲထွဋ်။     ။ ကျနော်တို့ သမ္မတကြီးရဲ့ခရီးစဉ်ပေါ့နော်။ ပထမဆုံးတစ်ချက်အနေနဲ့ ကတော့ သမ္မတအိုဘားမားအစိုးရနဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသား ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကို မြင့်တင်ဖို့ ရည်ရွယ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့ ကွန်ဂရက်လွှတ်တော်အနေနဲ့ ကျနော်တို့ မြန်မာနိုင် ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ပိုမိုနားလည်ပြီးတော့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းသွားနိုင်ဖို့အတွက် ကျနော်တို့ရှင်းပြနိုင်ဖို့ ရည်ရွယ်ပါတယ်ခင်ဗျ။ အဓိက ကတော့ အဲဒီနှစ်ချက်ကို မျှော်လင့်ပြီး လုပ်ပါတယ်။
 
“ဒါကတော့ မြန်မာအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် ပြောဆိုသွားတာဖြစ်ပါတယ်။”
 
ဟုတ်ပါပြီ ဦးရော်နီရေ။ သမ္မတဦးသိန်းစိန် ဒီတခေါက် ၀ါရှင်တန်ဒီစီကို လာတဲ့အကြောင်း က သမ္မတ ဘရက်အိုဘားမားနဲ့တွေ့ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ တနင်္လာနေ့ မနက်ပိုင်းမှာ အိမ်ဖြူတော်မှာ တွေ့ကြဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီတော့ အမေရိကန်သမ္မတနဲ့ တွေ့တာအပြင်၊ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ တခြားရှိတဲ့ အစီအစဉ်တွေကိုလည်း ပြောပြပေးပါရှင့်။
 
“မနက်ဖြန် မေလ ၁၉ ရက်နေ့မှာ ကျနော်တို့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က စီစဉ်တဲ့ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်။ တနင်္လာနေ့ မေလ ၂၀ ရက်နေ့ကျရင်တော့ မနက်ပိုင်းမှာ သမ္မတ အိုဘားမား ရှိရာ အိမ်ဖြူတော်ကို သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဝင်တွေ သွားရောက်ပြီး၊ သမ္မတ အိုဘားမားရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီနောက်ပြီးရင်တော့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ ၀ါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ John Hopkins တက္ကသိုလ်ရဲ့ SAIS လို့ခေါ်တဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေကို လာရောက် မိန့်ခွန်းပြောကြားတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ ညဘက်မှာ US-ASEAN Business Council လို့ခေါ်တဲ့ အမေရိကန်နဲ့ အာဆီယံတို့ရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ က တည်းခင်းဧည့်ခံတဲ့ ညစာစားပွဲကိုလည်း သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်မှာဖြစ်ပါတယ်။ အင်္ဂါနေ့ကျရင်တော့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမယ်လို့ သိရှိထားပါတယ်ခင်ဗျာ။”
 
သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို အနီးကပ် လိုက်ပါ စောင့်ကြည့်နေတဲ့
ဦးရော်နီငြိမ်း ဖြစ်ပါတယ်။

VOA
အခု သမ္မတဦးသိန်းစိန်ရဲ့ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာအစိုးရကြားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ရည်ရွယ်ချက်တွေနဲ့ လာခဲ့တာဖြစ်တယ်လို့ သမ္မတခရီးစဉ်မှာပါလာတဲ့ ပြောခွင့်ရသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ပြင်သစ်သမ္မတ လက်မှတ်ထိုး

Photo: လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ပြင်သစ်သမ္မတ လက်မှတ်ထိုး

မေ ၁၉ ရက် ၂၀၁၃

ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ငြင်းခုံ ခဲ့ကြတဲ့ လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့် ကို သမ္မတက လက်မှတ်ထိုး လိုက်ပြီ ဖြစ်ပါတယ်။

အတိုက်အခံ လက်ယာ ဂိုဏ်းတွေရဲ့ ကန့်ကွက် စိန်ခေါ်မှုတွေ ကြားက ဒီဥပဒေကို လက်မှတ်ထိုး လိုက်တဲ့ သမ္မတ ဖရန်ဆွာ အော်လန်းက သမ္မတ နိုင်ငံတော်ရဲ့ ဥပဒေ ကို လေးလေး စားစား ရှိကြဖို့ အချိန်တန်ပြီလို့ ပြောဆိုခဲ့ ပါတယ်။

ဒီဥပဒေကို မကျေနပ် ကန့်ကွက်သူ တွေကတော့ သမ္မတ အော်လန်း တက်လာက ထဲက စီးပွားရေး ပြုပြင်ရေးလို လုပ်ဆောင်ရမယ့် အရေးတွေမှာ ဘာမှ မအောင်မြင်လို့ ဒီကိစ္စကို ဖြစ်အောင် လုပ်တာလို့ စွပ်စွဲကြပါတယ်။

ကန့်ကွက်သူများက မေလ ၂၆ ရက်နေ့မှာ ဆန္ဒပြပွဲလုပ်ဖို့ စီစဉ်နေ ကြပြီး အရင်တခါ ဆန္ဒပြပွဲ ကြီးတွေလိုပဲ ဆိုရှယ်လစ် အစိုးရကို မနှစ်မြို့တဲ့ လက်ယာ ဂိုဏ်းသားများရဲ့ မကျေနပ် ချက်တွေ စုပေါင်းပြီး ထိန်းမနိုင် သိမ်းမရတွေ ထပ်ဖြစ်နိုင်ပါတယ်။

ဒီ ထိမ်းမြားခွင့် ဥပဒေဟာ အခြေခံ ဥပဒေပါ အခြေခံ လွတ်လပ်ခွင့် တွေနဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ဘာမှ ထိပါး ကျူးလွန်တာ မရှိဘူးလို့ အခြေခံ ဥပဒေရုံးက သောကြာနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဥပဒေကို မကျေနပ်သူတွေကို ကက်သလစ် ဝတ်ကျောင်းတော်နဲ့ ရှေးရိုးစွဲ အတိုက်အခံတွေက ထောက်ခံပေးကြတာ ဖြစ်ပြီး ဒီဥပဒေကြောင့် လူ့အသိုက်အမြုံရဲ့ အခြေခံ အုတ်မြစ် ပျက်ပြားနိုင်တယ်လို့ စောဒက တက်ကြပါတယ်။

လိင်တူ စုံတွဲတွေ အတွက် သားသမီး မွေးစားခွင့် ကြောင့် ဒီလို ကန့်ကွက် နေကြတာပါ။

ပြင်သစ်မှာ လိင်တူ လက်ထပ်ခွင့် ထောက်ခံသူတိုင်းက သားသမီး မွေးစားခွင့်ကို လက်ခံကြတာ မဟုတ်ပါဘူး။

၂ဝ၁၇ ခုနှစ်မှာ ကလေးတွေ အတွက် ပိုပြီး အလေးထားတဲ့ ဥပဒေကြမ်း ပြန်တင်မယ်လို့ အတိုက်အခံ UMP ဘက်က ပြောနေပါပြီ။

ဒီလို လိင်တူချင်း လက်ထပ်ခွင့် ဆိုတာ ကမ္ဘာ့ နိုင်ငံ အနည်းငယ်မှာသာ ခွင့်ပြုထားတဲ့ ဥပဒေမျိုး ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုလို နိုင်ငံကြီး မှာတောင် ပြည်နယ်တိုင်းမှာ ဒီဥပဒေကို ခွင့်ပြုထားတာ မဟုတ်ပါဘူး။

မြန်မာ အပါအဝင် အာရှ အာဖရိက နိုင်ငံ တချို့မှာဆိုရင် လိင်တူ ဆက်ဆံမှုကို ဥပဒေပြဋ္ဌာန်း အရေးယူ တာတွေ ရှိပါတယ်။

လိင်တူချင်း ထိမ်းမြားခွင့်ကို နိုင်ငံရေး ယဉ်ကျေးမှု ပိုမို လွတ်လပ်တဲ့ နယ်သာလန်နဲ့ ဥရောပ မြောက်ပိုင်း နိုင်ငံတွေမှာ သာမက ကက်သလစ် ကိုးကွယ်သူ များတဲ့ စပိန်နဲ့ ပေါ်တူဂီမှာပါ ခွင့်ပြုနေပြီ ဖြစ်ပါတယ်။ ဗြိတိသျှ ပါလီမန်မှာလဲ ဒီကိစ္စကို စတင် ဆွေးနွေးနေကြပါပြီ။

ဘာသာရေး အရှိန်အဝါ သိပ်မရှိတော့ဘူးလို့ ထင်ခဲ့ကြတဲ့ ပြင်သစ်ပြည်မှာ ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြတာ အံ့အားသင့်စရာ ကောင်းပါတယ်။ ဇန်နဝါရီလက ပါရီမှာ လူသိန်းချီတဲ့ ကန့်ကွက်ပွဲကြီးက ပြင်သစ်မှာ နှစ် ၅ဝ တွင်း အကြီးဆုံး ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။

မစ္စတာ အောလန်း ကိုယ်တိုင် စီးပွားရေး ပျက်ပြားမှုတွေနဲ့ နိုင်ငံ လူ ဦးရေ ၁ဝ ရာခိုင်နှုန်းကျော်ထိ အလုပ်လက်မဲ့ တိုးပွားနေမှု တွေကြောင့် လူကြိုက် အနည်းဆုံး သမ္မတ နေရာ ရနေပြီ ဖြစ်ပါတယ်။

BBC
ပြင်သစ်နိုင်ငံမှာ အကြီးအကျယ် ငြင်းခုံခဲ့ကြတဲ့ လိင်တူချင်း ထိမ်းမြားခွင့်နဲ့ သားသမီး မွေးစားပိုင်ခွင့်ကို သမ္မတကလက်မှတ်ထိုး လိုက်ပြီ ဖြစ်ပါတယ်

မြန်မာနိုင်ငံကို ဒေါ်လာ ၇၅ သန်းကျော်ပေးဖို့ အမေရိကန် ကမ်းလှမ်း

Photo: မြန်မာနိုင်ငံကို ဒေါ်လာ ၇၅ သန်းကျော်ပေးဖို့ အမေရိကန် ကမ်းလှမ်း

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖော်ဆောင်နေတာကို အားပေးတဲ့အနေနဲ့ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက အကူအညီ အမေရိကန်ဒေါ်လာ ၇၅ သန်း ၄ သိန်း ပေးဖို့ အဆိုပြုလိုက်တယ်လို့ အိန္ဒိယ PTI  သတင်းဌာနက ဒီကနေ့ဖော်ပြပါတယ်။

ဒီလို အကူအညီတွေတိုးပေးမယ့် သမ္မတ အိုဘားမားအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စောသေးတယ်လို့ တချို့လွှတ်တော်အမတ်တွေက စောဒကတက်ကြပါတယ်။

မြန်မာနိုင်ငံမှာ အကြီးအကျယ်တိုးတက်လာတာကို တွေ့မြင်ရတာ နှစ်နှစ်ပဲရှိသေးပြီး  တိုင်းရင်းသားဒေသတွေမှာ ပဋ္ဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကြာသပတေးနေ့ကလုပ်တဲ့ ကွန်ဂရက်ကြားနာပွဲတစ်ခုမှာ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီခွဲ ဥက္ကဌ အောက်လွှတ်တော်အမတ်  Steve Chabot က ပြောကြားပါတယ်။ သူနဲ့တခြားအမတ်တွေက မြန်မာနိုင်ငံကို ဘယ်လိုစစ်ရေးအကူအညီမျိုးဖြစ်ဖြစ် ပေးတာကိုလည်း ဆန့်ကျင်ကြောင်း၊ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေရှိတာ အသိအမှတ်ပြုပေမယ့် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန်ကို လာရောက်တာဟာ စောနေသေးကြောင်းလည်း သူက ပြောပါတယ်။

ဒါပေမဲ့ အရှေ့အာရှနဲ့ အာရှ-ပစိဖိတ်ရေးရာ ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး  ဂျိုးဇက်ယွန်ကတော့ မြန်မာနိုင်ငံက သမိုင်းဝင်တဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေကို အမေရိကန်ပြည်ထောင်စုက အားပေးထောက်ခံကြောင်း ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်ဖော်ဆောင်နေတာကို အားပေးတဲ့အနေနဲ့ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမေရိကန်ပြည်ထောင်စုက အကူအညီ အမေရိကန်ဒေါ်လာ ၇၅ သန်း ၄ သိန်း ပေးဖို့ အဆိုပြုလိုက်တယ်လို့ အိန္ဒိယ PTI သတင်းဌာနက ဒီကနေ့ဖော်ပြပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ မေလ ၂၈ ရက်နေ့ မြစ်ကြီးနား မှာ ဆွေးနွေးမယ်

Photo: ကေအိုင်အိုနဲ့ အစိုးရ မေလ ၂၈ ရက်နေ့ မြစ်ကြီးနား မှာ ဆွေးနွေးမယ်

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီ လိုက်ပြီလို့ သိရပါတယ်။

ဒီတစ်ကြိမ်တွေ့ဆုံဆွေးနွေးမှုဟာ ၈ ကြိမ်မြောက် တွေ့ဆုံ မှုဖြစ်ပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ အတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရန်ကုန်မြို့အခြေစိုက် မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက RFA ကို အခုလို ပြောပါတယ်။

"အခု ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကချင်အပစ်အခတ် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၂၈ ရက်နေ့မှာတွေ့ဆုံဖို့ သဘောတူညီခဲ့ပါတယ်၊ ကျနော်သိတာကတော့ နေရာနဲ့ နေ့ရက်ကို နှစ်ဖက်သဘောတူညီပြီးသားဖြစ် တယ်ပေါ့၊ ကျန်တဲ့အသေးစိတ်တို့ ကျနော်တို့ ညှိနှိုင်းနေတာတွေရှိပါတယ်၊ ကျနော်တို့ညှိနှိုင်းတာတွေ အဆင်ပြေမယ်လို့ကျနော်တို့ရှင်းပြပါတယ်"

ဒီဆွေးနွေးပွဲမှာ အစိုးရအနေနဲ့ ပြင်ပစောင့်ကြည့်လေ့လားရေးအတွက် ဘယ်အဖွဲ့အစည်းကိုမှ ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့လည်း ဦးလှမောင်ရွှေက ပြောကြားခဲ့ပါတယ်။

"ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအနေနဲ့တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ သီးခြားနိုင်ငံတကာ လေ့လာသူတွေကို မဖိတ်ခဲ့ပါဘူး၊ ဒီပွဲမှာလည်း ဖိတ်ဖို့အနေအထားမရှိပါဘူး၊ ဒါပေမယ့် ကေအိုင်အို အဖွဲ့အစည်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ဖိတ်ကြားမှုတွေရှိခဲ့ရင်လည်း ဝန်ကြီးဦးအောင်မင်းအနေနဲ့တော့ နှစ်ဖက်ယုံကြည်မှု တည်ဆောက်တဲ့အနေနဲ့ ဒီအပေါ်မှာ အမြဲတမ်းလိုက်လျောခဲ့တာရှိပါတယ်၊ အခုတစ်ခေါက်မှာလည်း ကေအိုင်အိုအဖွဲ့အစည်းဘက်က တခြားဖိတ်ကြားတဲ့လူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမယ့် အစိုးရဘက်ကတော့ ဖိတ်ကြားဖို့မရှိပါဘူး"

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ကေအိုင်အိုတို့ဟာ ထိုင်းနိုင်ငံမှာ ၂ ကြိမ်၊ ကေအိုင်အို နယ်မြေဖြစ်တဲ့ မိုင်ဂျားယန်မှာ ၂ ကြိမ်နဲ့ တရုတ်နိုင်ငံ ရွှေလီမှာ ၃ ကြိမ်၊ စုစုပေါင်း ၇ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး  နောက်ဆုံးအကြိမ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က တွေ့ဆုံခဲ့ကြတာပါ။
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ နဲ့ ကေအိုင်အို ကချင်လက်နက်ကိုင်အဖွဲ့တို့ လာမယ့် မေလ ၂၈ ရက်နေ့ ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီ လိုက်ပြီလို့ သိရပါတယ်။

တစ်လလျှင် လူသတ်မှု ၁၀၀ ကျော် ဖြစ်

Photo: တစ်လလျှင် လူသတ်မှု ၁၀၀ ကျော် ဖြစ်
Saturday, May 18, 2013

မြန်မာ တစ်နိုင်ငံလုံးတွင် မတ်လနှင့် ဧပြီလတို့၌ လူသတ်မှုပေါင်း အကြိမ် ၁၀၀ ကျော်စီ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ စုံစမ်း သိရှိရသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု ၁၂၈ ခုအနက် ရခိုင်ပြည်နယ်တွင် လူသတ်မှု အများဆုံးဖြစ်ပွားခဲ့ပြီး ပဲခူးတိုင်း ဒေသကြီးတွင် ဒုတိယအများဆုံး၊ မန္တလေးတိုင်း ဒေသကြီးတွင် လူသတ်မှု တတိယမြောက် အများဆုံးဖြစ်ပွားခဲ့ကာ ရန်ကုန်တိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်း
 ဒေသကြီးတို့သည် ဆဋ္ဌမမြောက်လူသတ်မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း အဆိုပါစာရင်းများ အရ သိရသည်။

အဆိုပါလူသတ်မှုများတွင် ရခိုင်ပြည်နယ်တွင် ၁၉ကြိမ်၊ ပဲခူးတိုင်းဒေသကြီး တွင် ၁၇ ကြိမ် မန္တလေးမြို့နယ်တွင် ၁၆ ကြိမ် နှင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် ကိုးကြိမ်စီဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်တွင် တစ်ကြိမ်သာ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

မတ်လအတွင်းက လူသတ်မှု ၁၁၇ မှု ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်း
 ဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း၊ ဧပြီလတွင် ရခိုင်ပြည်နယ်၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း ယင်းဌာနချုပ်၏ စာရင်းများအရ သိရသည်။

ဒေါသကို ထိန်းချုပ်နိုင်ခြင်းမရှိခြင်း၊ အရက်သေစာ သောက်စားထားသည့် အတွက် ဒေါသဖြစ်လွယ်ခြင်း တို့ကြောင့် အများဆုံးဖြစ်ပွားပြီး ပဋိပက္ခနှင့် သက်ဆိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူး (မှုခင်း) ရဲမှူးကြီး ဦးဝင်းစိန်က The Voice သို့
 ပြောကြားသည်။

လူသတ်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းသည် ဖြစ်ပေါ်လာသော စိတ်ခံစားချက်ကို မထိန်းသိမ်း နိုင်သောကြောင့် အများဆုံးဖြစ်ပွားပြီး အချို့မှာ ငွေကြေးအရှုပ်အရှင်းနှင့် နာကြည်းမှု များကြောင့် လူသတ်မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း အထက်တန်းရှေ့နေ ဦးအောင်နိုင်(လက်ပံတန်း) က သုံးသပ်ပြောကြားသည်။

လူသတ်မှု အပါအဝင် အမှုကြီး ၁၀မှု လျော့ကျစေရန် မြနမာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အနေဖြင့် မူဝါဒများချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး လူသတ်မှု လျော့ကျစေရန် ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ အရက်သေစာကြောင့် ဆက်စပ်ဖြစ်ပွားသည့် မှုခင်းများ လျော့ကျစေရန် လိုင်စင်မဲ့ အရက်ဆိုင်များကို ဖမ်းဆီးခြင်း၊ ပွဲလမ်းသဘင်များတွင် ရန်ဖြစ်ရာမှ ယူဆောင်လာသည့် တုတ်၊ ဓား၊ လက်နက်များဖြင့် ခိုက်ရန်ဖြစ်ပွားရာမှ လူသေဆုံးမှုများ ရှိသောကြောင့် လက်နက်ပုန်း ဖမ်းဆီးခြင်း တို့ကိုပါ တစ်ပြိုင်နက် လုပ်ဆောင်လျက် ရှိကြောင်း ၄င်းက ထပ်မံပြောကြားသည်။

The Voice Weekly
မြန်မာ တစ်နိုင်ငံလုံးတွင် မတ်လနှင့် ဧပြီလတို့၌ လူသတ်မှုပေါင်း အကြိမ် ၁၀၀ ကျော်စီ ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ စာရင်းများအရ စုံစမ်း သိရှိရသည်။

Saturday, May 18, 2013

KIA အဖွဲ့ဝင်များ၏ ကွန်မန်ဒိုသင်တန်းကို တရုတ်နိုင်ငံမှ အရာရှိဟောင်း မှသင်တန်းပေး

Photo: KIA အဖွဲ့ဝင်များ၏ ကွန်မန်ဒိုသင်တန်းကို တရုတ်နိုင်ငံမှ အရာရှိဟောင်း မှသင်တန်းပေး

မေ ၁၈ ရက် ၂၀၁၃
 
KIA ဌာနချုပ်တွင်ဖွင့်လှစ်နေသော ကွန်မန်ဒို အထူးသင်တန်းကို တရုတ်တပ်မတော်မှ အငြိမ်းစား အရာရှိဟောင်းတစ်ဦးနှင့် ထိုင်းနိုင်ငံတွင် ကွန်မန်ဒို အထူးသင်တန်းကို တက်ရောက်ခဲ့သော KIA အရာရှိ မှ သင်ကြားပေးနေကြောင်းသိရှိရပါသည်။ 

KIA ဌာနချုပ်အတွင်းရှိ ကွန်မန်ဒို သင်တန်းကို မေလ ၁၅ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းတွင် တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် KIA ပြည်သူ့စစ် ၅ဦးအား သင်ကြားနေကြောင်း၊ သင်တန်းတွင် လက်ဖြောင့်(စနိုက်ပါ)ဘာသာနှင့် အနီးကပ် တိုက်ခိုက်ခြင်းနှင့် မြို့အတွင်းတွင် ဖောက်ခွဲ ဖျက်ဆီးမှု၊ လူကြီး/ ခေါင်းဆောင်များကို လုပ်ကြံမှုများနှင့် အခြားသော ဘာသာရပ်များကို သင်ကြားကြောင်း တပ်ဖွဲ့ဝင်တစ်ဦး၏ပြောပြချက်အရသိရှိရပါသည်။

သင်တန်းကို တရုတ်တပ်မတော်မှဗိုလ်အဆင့်ဖြင့် အနားယူထားသော ရှေမင့်မင်းနှင့် KIA မှ ထိုင်း ကွန်မန်ဒိုအထူးသင်တန်း တက်ရောက်ထားသော ဗိုလ် ရှောင်လွမ်းမှ သင်ပေးနေကြောင်း သိရှိရပါသည်။ သင်တန်း များကို ၂ပတ် သင်ကြားပေး မည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးပါက လက်တွေ့လုပ်ဆောင်မှုများကို ပြုလုပ်ခိုင်းမည်ဟုလည်း အခြားသတင်းများအရ သိရှိရပါသည်။
KIA ဌာနချုပ်တွင်ဖွင့်လှစ်နေသော ကွန်မန်ဒို အထူးသင်တန်းကို တရုတ်တပ်မတော်မှ အငြိမ်းစား အရာ ရှိဟောင်းတစ်ဦးနှင့် ထိုင်းနိုင်ငံတွင် ကွန်မန်ဒို အထူးသင်တန်းကို တက်ရောက်ခဲ့သော KIA အရာရှိ မှ သင် ကြားပေးနေကြောင်းသိရှိရပါသည်။

နယူးယောက်-ဘော်စတွန် ရထားတိုက်မှု ၆၀ ကျော်ဒဏ်ရာရ


Photo: နယူးယောက်-ဘော်စတွန် ရထားတိုက်မှု ၆၀ ကျော်ဒဏ်ရာရ

မေ ၁၈ ရက် ၂၀၁၃

အမေရိကန်နိုင်ငံ အရှေ့ပိုင်း နယူးယောက် နဲ့ ဘော်စတွန် မြို့ကြား ရထား ၂ စင်း တိုက်ခိုက်မိတဲ့အတွက် လူ ပေါင်း ၆၀ ထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်မှာ နယူးယောက်မြို့ အရှေ့ မြောက်ဘက် ၆၂ မိုင်လောက်အကွာ Connecticut ၊ Bridgeport နားမှာ ခုလို ရထားတိုက်မှု ဖြစ်ခဲ့တာပါ။

တိုက်ခိုက်မှုကြောင့် လူ ၅ ဦးဒဏ်ရာ ပြင်းတန်တဲ့အထဲ၊ ၁ ဦးက အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ Connecticut ပြည်နယ် အုပ်ချုပ်ရေးမှူး Dannel Malloy ကသတင်းထောက်တွေကို ပြောဆိုပါတယ်။

ရထားတိုက်မှုဖြစ်ရတဲ့အကြောင်းရင်းကို ခုထက်ထိ စစ်ဆေးဆဲဖြစ်ပြီး မတော်တဆဖြစ်မှုကြောင့် ရထားတိုက်မှုဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ ယုံကြည်စရာ အကြောင်းမရှိဘူးလို့ သူကပြောဆိုပါတယ်။ လောလောဆယ် နယူးယောက် နဲ့ ဘော်စတွန်မြို့ကြား ပြေးဆွဲတဲ့ Amtrak ရထားခရီးစဉ်ကို ယာယီရပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

VOA

အမေရိကန်နိုင်ငံ အရှေ့ပိုင်းနယူးယောက်နဲ့ ဘော်စတွန် မြို့ကြားရထား ၂ စင်း တိုက်ခိုက်မိတဲ့အတွက် လူ ပေါင်း ၆၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

မြောက်ကိုရီးယား တာတိုဒုံးကျည် ၃ စင်းပစ်လွှတ်

မြောက်ကိုရီးယား တာတိုဒုံးကျည် ၃ စင်းပစ်လွှတ် 
Saturday, May 18, 2013


တာတိုပစ်ဒုံးလက်နက် ၃ ခုကို မနေ့က ဂျပန်ပင်လယ်ပြင်လို့ခေါ်တဲ့ အရှေ့ ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးက ပြောဆိုလိုက်ပါတယ်။
 
မြောက်ကိုးရီးယားရဲ့ စနေနေ့မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေက ဒုံးပျံ ပစ်လွှတ်မှုကို တောင်ကိုးရီးယားနိုင်ငံဘက်က စုံစမ်းတွေ့ရှိတဲ့ အကြောင်းနဲ့
 မြောက်ကိုရီးယားက ဘာအတွက် ခုလို ပစ်လွှတ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အကြောင်း  တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ပြောဆိုပါတယ်။

မြောက်ကိုးရီးယားဘက်က နည်းပညာစမ်းသတ်မှု အနေနဲ့ အခုလို တာတိုပစ် ဒုံးလက်နက်တွေကို ပုံမှန်လို ပစ်လွှတ်စမ်းသပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတကြိမ်ပစ်လွှတ်စမ်းသပ်မှုကတော့ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှု အရှိန်မြင့်နေချိန်မှာ ပြုလုပ်လိုက်တာဖြစ်ပါတယ်။

VOA
တာတိုပစ်ဒုံးလက်နက် ၃ ခုကို မနေ့က ဂျပန်ပင်လယ်ပြင်လို့ခေါ်တဲ့ အရှေ့ ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ် လို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးက ပြောဆိုလိုက်ပါတယ်။

ကစားသမား ၂ ဦး အချင်းများမှုကြောင့် ဘာစီလိုနာ အရှက်ရ

ကစားသမား ၂ ဦး အချင်းများမှုကြောင့် ဘာစီလိုနာ အရှက်ရ
Saturday, May 18, 2013

ဘာစီလိုနာ အသင်းမှ ကစားသမားများ ဖြစ်သည့် ပီကေးနှင့် အဲလက်စ်ဆောင်းတို့သည် အသင်း လာလီဂါ ချန်ပီယံဆုနှင့် အတူ ပရိသတ်များ ရှေ့မှောက် မြို့တွင်း လှည့်လည် အောင်ပွဲခံနေစဉ် အောင်ပွဲခံ အမိုးဖွင့် ဘတ်စ်ကားပေါ်တွင် အချင်းများခဲ့ကြကြောင်း သိရသည်။
ယင်းမြင်ကွင်းကြောင့် ဘာစီလိုနာ အသင်းမှာ ပရိသတ်များ ရှေ့မှောက်တွင် အရှက်ရစေခဲ့သည်။ အဆိုပါ မြင်ကွင်းကို ဓါတ်ပုံမှတ်တမ်းများက ဖော်ပြရာတွင် ပီကေးနှင့် အဲလက်စ်ဆောင်းတို့မှာ တစ်ဦးနှင့် တစ်ဦး ကျီစားရာမှ စတင်ကာ အချင်းများခဲ့ကြပြီး အသင်းခေါင်းဆောင် ပူယိုးလ်နှင့် ဂိုးသမား ဗဲလ်ဒက်စ်တို့ကပင် မနည်း ဖျန်ဖြေခဲ့ရကြောင်း သိရသည်။ နောက်ထပ် ရုပ်သံပြကွက်များ အရ ဘာစီလိုနာ အသင်းမှ ကစားသမားများမှ ချန်ပီယံ အောင်ပွဲခံနေစဉ် ဘတ်စ်ကားပေါ်တွင် အရက်မူးနေကြဟန် ရှိပြီး ရဲများမှာ လမ်းမများမှာ ပုလင်းခွံများကို လိုက်ကောက်နေရခဲ့ကြောင်း ပါရှိလာခဲ့သည်။
ဘာစီလိုနာ အသင်းသည် အသင်းနှစ်ပတ်လည် ညစာစားပွဲကို လွန်ခဲ့သည့် ညက ကျင်းပခဲ့ပြီး ယင်းအခမ်းအနားတွင် အဲလက်စ်ဆောင်းမှ လွဲ၍ အသင်းမှ ကစားသမားများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။ အဲလက်စ်ဆောင်းသည် ယခုရာသီ သြဂုတ်လတွင် ဘာစီလိုနာသို့ အာဆင်နယ်မှ ရောက်လာခဲ့ပြီးနောက် အသင်းအတွက် ၁၉ ပွဲ ပါဝင် ကစားခဲ့သူ ဖြစ်သော်လည်း အသင်းတွင် ဇာဗီ ၊ ဘတ်စ်ကွတ်နှင့် ဖာဘရီဂတ်စ် စသည့် ကွင်းလယ်လူများ ရှိနေ၍ ရုန်းကန်နေခဲ့သည်။

http://www.yatanarpon.com.mm/sports/
ဘာစီလိုနာအသင်းမှ ကစားသမားများ ဖြစ်သည့် ပီကေးနှင့်အဲလက်စ်ဆောင်းတို့သည် အသင်းလာလီဂါ ချန်ပီယံဆုနှင့်အတူ ပရိသတ်များ ရှေ့မှောက်မြို့တွင်းလှည့်လည် အောင်ပွဲခံနေစဉ် အောင်ပွဲခံ အမိုးဖွင့် ဘတ်စ်ကားပေါ်တွင် အချင်းများခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့ ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ် ရပ်ထားသော ယာဉ်များအား အရေးယူရန်စီစဉ်



Photo: ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့ ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ် ရပ်ထားသော ယာဉ်များအား အရေးယူရန်စီစဉ်

ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့တွင် ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ်ရပ်ထားသည့် ယာဉ်များအား အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခု နှစ်မှစတင်၍ အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများကို ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (ရန်ကုန်ပြည်သူ့ ဆေးရုံကြီးရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (သိမ်ဖြူလမ်းနှင့် ဗိုလ်တထောင် ဘုရားလမ်း မီးပွိုင့်အနီး)၊ ဗိုလ်တထောင်ဘုရား (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၊ သိမ်ဖြူလမ်းမပေါ် (ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်းတင်လမ်းကြား)နှင့် အထက်ကြည့်မြင်တိုင် လမ်းမပေါ် (ဗားကရာလမ်းနှင့် ဟံသာဝတီလမ်း) စသည့်နေရာများတွင် ပြုလုပ်ပေးခဲ့ပြီး လက်ရှိကုန်သည်လမ်းနှင့် အနော်ရထာလမ်းတို့တွင် ထပ်မံပြုလုပ်နေကြောင်း၊ ရန်ကုန်မြို့တွင်း ကားပါကင် မရှိခြင်းကြောင့် ကားလမ်းမများပေါ်တွင် ယာဉ်များစည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း မရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းသိရသည်။

သို့သော် အချို့ယာဉ်များမှာ ကားပါကင် ပြုလုပ်ပေးထားသော်လည်း ကားပါကင်၌ မရပ်နားဘဲ လမ်းမပေါ်တွင်သာ ရပ်တန့်ထားမှု အချို့ကို တွေ့နေရကြောင်း၊ ထို့အတွက် အရေးယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရပြီး ဒဏ်ငွေဖြင့် အရေးယူခြင်းအပြင် ကရိန်းဖြင့်မယူ၍ ရှင်းလင်းခြင်းများလည်း ပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

''အခမဲ့ရပ်နားနိုင်တဲ့ ကားပါကင်တွေ လုပ်ပေးထားတယ်။ ဒါပေမဲ့ ကားအချို့က အဲဒီနေရာမှာ မရပ်ကြဘူး။ လမ်းမပေါ်မှာပဲ ရပ်ကြတယ်။ သူတို့ဘာလို့ မရပ်ကြတာလဲလို့ပြောတော့ ကားပါကင် လုပ်ပေးထားတဲ့ နေရာမှာ ဈေးသည်အချို့ ဈေးရောင်းနေလို့တဲ့။ အဲဒီအတွက် ဈေးသည်တွေကိုလည်း ရှင်းလင်းမှုတွေ လုပ်ဖို့လိုတယ်။ အဲဒီလို ရှင်းလင်းပြီးပေမယ့် ကားတွေလမ်းမပေါ် တက်ပြီးရပ်နေမယ် ဆိုရင်တော့ အရေးယူသွားမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

''အခမဲ့ကားပါကင်တွေ လုပ်ပေးထားပေမဲ့ အချို့နေရာတွေမှာ ကားရပ်ဖို့က နေရာနည်းနည်း ကျဉ်းနေတဲ့အပြင် ဓာတ်တိုင်တွေလည်း ခံနေတော့ ကားရပ်ဖို့ ခက်ခဲတဲ့အပိုင်း အချို့လည်း ရှိပါတယ်'' ဟု ရန်ကုန်မြို့ရှိ ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်မြို့တွင် ယခင်ထက် ယာဉ်စီးရေ ပိုမိုများပြားလာသည့်အတွက် ရန်ကုန်မြို့ နေရာအတော်များများတွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်ရပ်နားရန် နေရာအခက်အခဲ ဖြစ်မှုများ နေ့စဉ်ကြုံတွေ့ နေရကြောင်း သိရှိရသည်။ ထို့အပြင် စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ ရပ်နားခြင်းတို့ကြောင့် မလိုလားအပ်သော ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလျက်ရှိသည်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားမှုများအတွက် ယာဉ်ရပ်နားခ ပေးဆောင်မှုအား ဧပြီလမှစ၍ ကောက်ခံခြင်း မပြုတော့ဘဲ အခမဲ့ ယာဉ်ရပ်နားခွင့် ပြုထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်အချို့
ရန်ကုန်မြို့တွင်း အခမဲ့ကားပါကင် ပြုလုပ်ပေးထားသည့် နေရာအချို့တွင် ကားပါကင်၌ မရပ်ဘဲ လမ်းမပေါ်ရပ် ထားသည့် ယာဉ်များအား အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မူဆယ်မြို့ အားကစားရုံ အနီး ထောင်ထားသော ကြီးကြပ်မိုင်း တစ်လုံးအား ရှင်းလင်း သိမ်းဆည်းရမိ

မူဆယ်မြို့၊  ခရစ်ယာန် ရပ်ကွက်ရှိ၊ မိုးလုံလေလုံ အားကစားရုံ၏  အရှေ့ဘက် အုတ်နံရံ အနီးတွင် ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မသင်္ကာဖွယ် ပစ္စည်းတစ်ခု တွေ့ရှိရကြောင်း သတင်းအရ တပ်မတော်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ များက သွားရောက် စစ်ဆေးခဲ့ရာ ရှေ့ထွက်မိုင်း အမျိုးအစား ကြီးကြပ်မိုင်း တစ်လုံးအား ပန်ကာ လည်ပတ်ခြင်းဖြင့် ပေါက်ကွဲနိုင်အောင် ပြုလုပ် ထားကြောင်း တွေ့ရှိရ သဖြင့် တာဝန်ရှိသူ များမှ ရှင်းလင်း သိမ်းဆည်းခဲ့ကြောင်း သတင်း ရရှိသည်။

တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ် တဲ့အတိုင်း ပြီးအောင်ဆောင် ရွက်မယ်

 Photo: တရုတ်ပိုက်လိုင်း စီမံကိန်းကို သတ်မှတ်တဲ့အတိုင်း ပြီးအောင်ဆောင်ရွက်မယ်
Saturday, May 18, 2013

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာလမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင်က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီပိုက်လိုင်းကနေ လာမယ့်ဇူလိုင်လမှာ ဓာတ်ငွေ့တွေ စတင်ပို့လွှတ်တော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့က ကိုဝင်းအောင်ကတော့ တိုက်ပွဲတွေကြောင့် ဓါတ်ငွေ့စလွှတ်မယ့်အချိန်ကာလ ရှည်သွားနိုင်တယ်လို့ ပြောဆိုပါတယ်။

စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်က တရုတ်လူမျိုး ဧည့်ပါမောက္ခတစ်ဦးဖြစ်တဲ့ ဂျိုဟောင်က တိုက်ပွဲတွေဟာ မြန်မာအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကနေ တစ်ရက်ကို ရေနံစည်ပေပါ ၄ သိန်း ၄ သောင်းသယ်လာပြီး ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်နယ်ကို ပို့မှာဖြစ်သလို၊ မြန်မာ့ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို တနှစ်မှာ ကုဗမီတာသန်းပေါင်း တစ်သောင်းနှစ်ထောင်လောက် တင်ပို့မှာဖြစ်ပါတယ်။

rfa
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်နေတဲ့ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း သွားရာ လမ်းဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် စီမံကိန်းကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ သတ်မှတ်ထားတဲ့ကာလအတိုင်း ဆောင်ရွက်နိုင်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနအကြီးအကဲ ဦးဌေးအောင် က ပြောဆိုကြောင်း အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် energy tribune ဝက်ဘ်ဆိုက်မှာ ဖေါ်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက်မှု အမေရိကန် ကြိုဆို



Photo: နိုင်ငံရေးအကျဉ်းသားတချို့ လွတ်မြောက်မှု အမေရိကန်ကြိုဆို 
Saturday, May 18, 2013

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းထောင်တွေထဲကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ အမြဲတိုက်တွန်းနေတဲ့ အမေရိကန် ပြည်ထောင်စုဆီ သမ္မတဦးသိန်းစိန် မလာခင်လေးမှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို မြန်မာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို လွှတ်ပေးလိုက်တဲ့ အပေါ်မှာ အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန မှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jan Psaki (စာကီ) က ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ခုလိုပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကို ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ အပေါ်မှာ ကြိုဆိုပါတယ်။ အခုဆိုရင် စုစုပေါင်း ပြန်လွှတ်ပေးခဲ့တဲ့
နိုင်ငံရေးအကျဉ်းသားပေါင်းက ၈၅၀ ကျော်သွားပြီလို့ထင်ပါတယ်။ ကျန်နေသေး တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စနဲ့ပါတ်သက်လို့ နိုင်ငံရေးအကျဉ်းသား
ပြန်လည် စိစစ်ရေးကော်မတီနဲ့ ဆက်ပြီး ညှိုနှိုင်းလုပ်သွားဖို့ ဆက်ပြီး တိုက်တွန်း ပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့လည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှု တော်တော် များ များ ဖြစ်နေပေမဲ့ နောက်ထက် တိုးတက်အောင် လုပ်ဖို့ကျန်သေးတဲ့
ကိစ္စတွေကိုလည်း ရှေ့သီတင်းပတ်ထဲ အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဆွေးနွေးကြလိမ့်မယ်ဆိုတာ သေချာပါတယ်လို့ ပြောခွင့်ရသူ
Jan Psaki က ပြောပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မစခင်လေးမှာပဲ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တာ ဟာ မျက်နှာကောင်းလိုချင်လို့ လွှတ်ပေးတာမျိုးဖြစ်တယ်လို့ အကဲခတ် တချို့ က ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ရော အဲဒီလို မြင်ပါသလားလို့
သတင်းထောက်တယောက်ကလည်း မေးပါတယ်။

“ဒီအကြောင်းနဲ့ပါတ်သက်လို့ ကျွန်မ ဘာမှ မပြောလိုပါဘူး။ နိုင်ငံရေး အကျဉ်း သားတွေ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးစေချင်တဲ့အတွက် အားလုံးကို လွှတ် လိုက်မယ်ဆိုရင်တော့ သိပ်ကိုကောင်းတဲ့ လုပ်ရပ်ဖြစ်ပါ လိမ့်မယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁ နှစ် ၂ နှစ်အတွင်း အကြီးအကျယ် တိုးတက်မှုတွေ လုပ်လာတာကို အမေရိကန်အနေနဲ့ လျှော့တွက်လို့ မရပါဘူး။ ဆက်ပြီးလုပ်သင့်တာတွေ ရှိသေးတယ်ဆိုတာ မှန်ပါတယ်။ သူတို့လုပ်ထားတဲ့ ပြုပြင် ပြောင်းလဲမှု တချို့က သိသာထူးခြားမှုရှိပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေကို စိတ်အား ထက်ထက် သန်သန်နဲ့ အစီအစဉ်ချလုပ်နေတာကို
ဆက်ပြီး လုပ်သွားဖို့ အမေရိကန်ပြည်ထောင်စုက အားပေးချင်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်နေသူတွေရဲ့စာရင်းအရ နိုင်ငံရေးအကျဉ်းသား ရာ ဂဏန်း ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ ပြန်လွှတ်ပေးရမဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူတွေ ရှိသေးတယ်ဆိုတာကို အမေရိကန်သမ္မတ Barack Obama က သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စအပါအဝင် အမေရိကန်က စိုးရိမ်တဲ့ ကိစ္စတွေ ရှိနေဆဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် ၁၉၉၇ ခုနှစ်ထဲက အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားအရေးပေါ် အက် ဥပဒေကို မေလဆန်းပိုင်းကပဲ သမ္မတ Barack Obama က နောက်ထပ် ၁ နှစ် သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။

ဒီမိုကရေစီစနစ် တိုးတက်ခိုင်မာရေးဆောင်ရွက်မှုတွေမှာ ရင်ဆိုင်နေရဆဲ စိန်ခေါ်မှုတွေကို သမ္မတဦးသိန်းစိန်နဲို့အိမ်ဖြူတော်မှာ မေလ ၂၀ ရက်နေ့
တွေ့ဆုံတဲ့ အခါမှာ သမ္မတ Barack Obama ဘက်ကဆွေးနွေးဖို့ စိတ်အား ထက်သန်နေတဲ့အကြောင်းကိုလဲ အိမ်ဖြူတော်က
သတင်းထုတ်ပြန်ထားပါတယ်ရှင်။ 

VOA
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို သောကြာနေ့မှာ ပြန်လွှတ်ပေး လိုက်တဲ့အပေါ် အမေရိ ကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ ပြန် လွှတ်ပေးဖို့ အတွက်ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ အမေရိ ကန် နိုင်ငံခြားရေးဌာနမှာ သောကြာနေ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာ နိုင်ငံနဲ့ပါတ်သက်လို့ ပြောခွင့်ရသူက ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာ အပေါ် ဒဏ်ခတ်မှု သက်တမ်း တိုးဖို့ အမတ် Crowley အဆိုပြု

Photo: မြန်မာအပေါ် ဒဏ်ခတ်မှု သက်တမ်းတိုးဖို့ အမတ် Crowley အဆိုပြု 
Saturday, May 18, 2013

မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။ မြန်မာနိုင်ငံ တွင်းက အခြေအနေတွေဟာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်နေသေးတယ်ဆိုတာကို သတိပေးတဲ့အနေနဲ့ ခုလို ဥပဒေသက်တမ်း တိုးဖို့အဆိုကို သမ္မတဦးသိန်းစိန် ခရီးစဉ်နဲ့ အချိန်ကိုက်တင်သွင်းတာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ၀ါရှင်တန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ US Campaign for Burma ကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ ပြောပြပေးပါရှင်။

မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ Burma Freedom and Democracy Act လို့ခေါ်တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေကို သက်တမ်းတိုးဖို့ ဒီမိုကရက် အထက်လွှတ်တော် အမတ် Joseph Crowley နဲ့ ရီပက်ပလစ်ကန် အထက်လွှတ်တော်အမတ် Peter King တို့က ကွန်ဂရက်စ် လွှတ်တော်ကို အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ရှိနေသေးတာကြောင့် အမေရိကန်အစိုးရအနေနဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်ပြီးချမှတ်ထားဖို့ လိုအပ် နေသေးတယ်လို့ မစ္စတာ Crowley က ပြောဆိုခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း မေလကနေစလို့ ရက် ၉၀ အတွင်း ဒီဥပဒေ သက်တမ်းတိုးဖို့ ကွန်ဂရက်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ တိုက် တိုက်ဆိုင်ဆိုင် မြန်မာသမ္မတ ဦးသိန်းစိန် အမေရိကန် တရားဝင် ခရီးစဉ်နဲ့ အချိန် ကိုက် လွှတ်တော်အမတ်တချို့က ဒီဥပဒေသက်တမ်း တိုးဖို့ ပြောလာခဲ့တာ ပါ။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ရှိဖို့ လိုအပ်နေသေးတယ်ဆိုတာကို သိသာထင်ရှားစေဖို့အတွက် သမ္မတဦးသိန်းစိန် ခရီးစဉ် ရက်ပိုင်းအလိုမှာ အခုလို လွှတ်တော်ကို ချိန်ကိုက်တင်သွင်းပုံ ရတယ်လို့ ၀ါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က လှုပ်ရှားမှုတာဝန်ခံ Rachel Wagley က ပြောပါတယ်။

“ဒါ တမင်ရည်ရွယ်ပြီး ချိန်ကိုက်လုပ်တာပါ။ ကျမတို့ အရင်ကတည်းက သတ်မှတ် ထားတဲ့ အခြေအနေတွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေကို ဆက်လက် ချမှတ်သွားနိုင်ဖို့ တမင်ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။ ဘာလို့ခုချိန်မှာ သက်တမ်းတိုးဖို့ လုပ်ရလဲဆိုတော့ ကျမတို့အနေနဲ့ မြန်မာအစိုးရကို သာမက အမေရိကန် အစိုးရ ကိုပါ သတင်းစကားပါးချင်တာ ရှိပါတယ်။ အဲဒါက အမေရိကန်အနေနဲ့ လိုက်လျောဆောင်ရွက်မှုတွေ ဆက်လုပ် နေတာ၊ သမ္မတဦးသိန်းစိန်ကို ဂုဏ်ပြုနေတာတွေဟာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေနဲ့အညီ တုံ့ပြန်တာ ထက် ပိုနေတယ်ဆိုတာပါ။ တကယ့် ပကတိအခြေအနေမှာက စစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ပိုများလာနေသလို သမ္မတဦးသိန်းစိန်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း နိုင်ငံ အနှံ့မှာ ရှိနေတုန်းပါ။ ဆိုတော့ ဒီ အက်ဥပဒေကို သက်တမ်းတိုးခြင်းအားဖြင့် လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေကို ခိုင်ခိုင် မာမာ တိုးမြှင့် မဆောင်ရွက်ဘဲနဲ့  ဒီပိတ်ဆို့မှုတွေ ပယ်ဖျက်ပေး မှာ မဟုတ်ဘူးဆိုတာကို ပြောနိုင်မှာဖြစ်ပါတယ်။”

အမေရိကန်အစိုးရဟာ လောလောဆယ်မှာ မြန်မာအစိုးရကို လိုအပ်တာထက် ပိုပြီး လိုက်လျောနေတယ်လို့လည်း US Campaign အဖွဲ့က ဝေဖန် ပါတယ်။ မြန် မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်မြောက်သေးတာ၊ တိုင်းရင်း သားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ဆက်လက် ရှိနေသေးတဲ့အချိန်မှာ အမေရိကန်အနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ထပ်ပြီးတော့ မလျှော့ပေးသင့်ဘူးလို့ Rachel Wagley က ပြောပါတယ်။

“ကျမတို့ရဲ့ အဓိက ပြဿနာက ပြောရရင် အမေရိကန်အစိုးရက မြန်မာနိုင်ငံတွင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက်ရမှာ ထက်ကို ကျော်လွန်ပြီးတော့ လိုက်လျောတုံ့ပြန်နေတဲ့ကိစ္စပါ။ လက်တွေ့ အခြေအနေကိုကြည့်ရင် မြန်မာအစိုးရ စစ်တပ်ဟာ တိုင်းရင်းသားလူနည်းစုတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။ အတင်း အဓမ္မပြုကျင့်မှုတွေနဲ့ ကျူးလွန်သူတွေကို တရားဥပဒေက ကင်းလွတ်ခွင့်ပြု ထားနေ တုန်းပါ။ ဆိုတော့ ကျမတို့အနေနဲ့ကတော့ အမေရိကန်က ပိတ်ဆို့ မှုတွေ ပြန်ရုပ် သိမ်းဖို့ဆိုရင် အရင်ဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မဲ့ပြန်လွှတ်ပေးတာ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ ပြစ်မှု ကျူးလွန်မှုတွေကို စစ်ဆေးအရေးယူတာ စတဲ့လုပ်ဆောင်မှုတွေကို မြန်မာ အစိုးရဘက်က ဆောင်ရွက်ပေးတာကို မြင်ချင်ပါတယ်။”

၂၀၀၃ ခုနှစ်ကချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ဟာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အပါအ၀င်၊ မြန်မာနိုင်ငံက ကုန် ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်ကို ပိတ်ပင်ထားတာဖြစ် ပြီးတော့ မြန်မာ စစ်ခေါင်းဆောင်တွေ လက်ထဲကို အမေရိကန်ဒေါ်လာ သန်း ရာနဲ့ချီ ရောက်မသွားအောင် ဟန့်တားပိတ်ပင်ခဲ့တဲ့ ဥပဒေတရပ်ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီး တဲ့နောက်ပိုင်း အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတချို့ကို ဆိုင်းငံ့ပေးခဲ့ပေမဲ့လို့ မြန်မာနိုင်ငံ တွင်း နိုင်ငံရေးအရ လမ်းဖွင့်ပေးမှုတွေဟာ အစပိုင်းသာရှိသေးပြီး ကျန်နေသေး တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ စိုးရိမ်စရာလူ့အခွင့်အရေး အခြေအနေတွေ ဆက် ရှိနေသေးတာကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အတော်များများကို ဆက်လက်ထားရှိနေတုန်းလည်းဖြစ်ပါတယ်။ သိပ်မကြာခင်ကပဲ သမ္မတ Barack Obama က မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့  လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒအပေါ်မှာ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ဆိုပြီး အမျိုးသားအရေးပေါ် အက်ဥပဒေကို ၁ နှစ် ထပ်မံ သက်တမ်းတိုးဖို့ လွှတ်တော်ကို အကြောင်းကြားခဲ့ပါသေးတယ်။ ၁၉၉၇ ခုနှစ်ကတည်းက အမေရိကန်က မြန်မာ အပေါ်ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုဥပဒေကို ဆက်ပြီး သက်တမ်းတိုးဖို့ သမ္မတ အိုဘားမား က မေလ ၂ ရက်နေ့ နေ့စွဲနဲ့ Congress လွှတ်တော်ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ မြန်မာအပေါ်ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် ဥပဒေအရ အမေရိကန်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွား ဆက်ဆံမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင် တားမြစ်ထားတာဖြစ်ပါတယ်ရှင်။ 

VOA
မြန်မာသမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို တရားဝင်ခရီးစဉ် လာရောက်မယ့် ရက်ပိုင်းအလိုမှာပဲ မြန်မာနိုင်ငံက ပို့ကုန်ပစ္စည်းတွေ၊ အထူး သဖြင့် ကျောက်မျက်ရတနာတွေ အမေရိကန်နိုင်ငံထဲ တင်ပို့မှုကို ပိတ်ပင်တဲ့ ဥပဒေတရပ် သက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော်မှာ သြဇာညောင်းတဲ့ လွှတ်တော်အမတ်တဦးက လွှတ်တော်ကို အဆိုပြုလိုက်ပါတယ်။

မအူပင်မှာ သိမ်းယူ ထားတဲ့ လယ် ယာမြေတွေ ပြန်ပေးမည်


Photo: မအူပင်မှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးမည်
Saturday, May 18, 2013

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မလက်တိုကျေးရွာအုပ်စုမှာ လယ်ယာမြေ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မလက်တိုကျေးရွာအုပ်စုမှာ အသိမ်းခံထားရတဲ့ လယ်ဧက တစ်ထောင်ထဲက ဧက ၄၅၀ ကို လယ်သမားတွေလက်ထဲ အပြီးအပိုင် ပြန်လည်ပေးဖို့ စီစဉ်ထားပြီး ကျန်ရှိတဲ့လယ်ဧက ၅၅၀ ထဲက ၁၂၈ ဧကကိုလည်း လယ်သမားတွေဘက်က အထောက်အထားပြနိုင်ရင် ပြန်ပေးဖို့ကိုပါ ကော်မရှင်က စီစဉ်ထားတယ်လို့  ပြောပါတယ်။

အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဖေဖေါ်ဝါရီလကုန်ပိုင်းက တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ မတ်လ ၄ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လာမယ့်မေလ ၂၇ ရက် နေ့မှာ အသိမ်းခံထားရတဲ့ လယ်မြေတွေရဲ့ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမယ့်အကြောင်း အာဏာပိုင်တွေက ဒေသခံတွေကို မနေ့ကခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တယ်လို့ မလက်တိုကျေးရွာအုပ်စုက လယ်သမား ဦးသန်းလှိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကုန်ပိုင်းအတွင်း လယ်သမား ၃၀၀ လောက်ဟာ အသိမ်းခံထားရတဲ့ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တင်းမာမှု ဖြစ်ပွားခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲတဲ့အတွက် လယ်သမား ၉ ဦး ဒဏ်ရာရခဲ့သလို ဒေသခံရွာသားတွေရဲ့ ရိုက်နှက်မှုကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၂၆ ဦးဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

RFA

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာက တောင်သူလယ်သမား များကို တွေ့မြင်ရစဉ်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မလက်တိုကျေးရွာအုပ်စုမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄၅၀ ကို လယ်သမားတွေထံ ပြန်ပေးမယ်လို့ မလက်တိုကျေးရွာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာ အနီး ဘင်္ဂလာရေပြင်တွင် လူသေအလောင်း ၇ လောင်း ထပ်မံ တွေ့ရှိ

 မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်။
မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်

ဘင်္ဂလာဒေခ်ျ့ ရေပြင်တွင် နောက်ထပ် လူသေ အလောင်း ၇ လောင်းကို ယမန်နေ့ နံနက်က ထပ်မံ ဆယ်ယူရရှိခဲ့သည်ဟု ဘင်္ဂလာရဲက ပြောသည်။

အိမ် မပြန်နိုင်သေး သူ ၆၀၀ အတွက် လွှတ်တော် ကိုယ်စားလှယ် များနှင့် ဂရုဏာမြန်မာ မှ ဆန်များ သွားရောက် လှူဒါန်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် အိမ်မပြန်နိုင်သေးသူ မုန်တိုင်းရှောင် လူပေါင်း ၆၀၀ အတွက် ရခိုင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဂရုဏာမြန်မာမှ ဆန်များ သွားရောက် လှူဒါန်းခဲ့သည်ဟု သတင်း ရရှိသည်။

EQ လား IQ လား

EQ လား IQ လား





လူတစ်ယောက်၏ အောင်မြင်မှု ရရန်အတွက် လိုအပ်ချက်မှာ ဦးနှောက် ဉာဏ်ရည်အဆင့် (IQ) မဟုတ်။ နှလုံးရည် အဆင့်အတန်း (IQ) ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ် ပြောကြား ခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့် ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ) ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဒေါ သ ကို ချစ်ခြင်းမေတ္တာ နဲ့ ဘယ်လို အစားထိုး မလဲ

ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုအစားထိုးမလဲ 







ကျွန်မတို့ အားလုံး တစ်ခါတစ်ရံ စိတ်အလို မကျတဲ့အခါ ဒေါသထွက်တတ် ကြပါတယ်။ အဲဒီဒေါသကြောင့် မပြောသင့်တာတွေ ပြောမိတတ်သလို အရင် က ဘယ်လောက်ပဲ ချစ်ခင်ခဲ့ပါစေ၊ ရန်သူတွေ လိုလည်း မုန်းသွား တတ်ကြပါတယ်။ ဒါ့အပြင် ဒေါသကြောင့် ခေါင်းကိုက်တာ၊ သွေးတိုးတာ၊ နှလုံးရောဂါ ထတာစတဲ့ ဝေဒနာ တွေလည်း ဖြစ်တတ် ပါသေးတယ်။ ဒါကြောင့် ဒေါသ ထွက်တဲ့အခါ ချစ်ခြင်း မေတ္တာနဲ့ အစားထိုး နိုင်ဖို့ အောက်ပါ အဆင့်တွေကို လိုက်နာ သင့်ပါတယ်။

ဆေး ဝါး များ မှီဝဲရာ တွင် လိုက်နာ သင့်သော ညွှန်ကြား ချက်များ

ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ 





 အစာမစားမီ သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာမစားခင် အနည်းဆုံး မိနစ် ၃၀ ခြားပြီး ဒီဆေးတွေကို မှီဝဲဖို့လိုပါတယ်။ အစာမစားခင် နှစ်မိနစ်အလိုမှာ ဆေးမသောက်သင့်ပါဘူး။ (အကြောင်းပြချက်-ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ စားလိုက်ရင် အာနိသင် လျော့ကျ သွားတတ်လို့ပါ။)

မျက်ကပ်မှန် တပ်သူတို့ သိထားသင့်သော အချက်များ

မျက်ကပ်မှန် တပ်သူတို့ သိထားသင့်သော အချက်များ 





မျက်ကပ်မှန်ကို အကြောင်း အမျိုးမျိုးကြောင့် တပ်ဆင်တတ် ကြပါတယ်။ မျက်မှန်ပါဝါ ရှိလို့ ဖြစ်စေ၊ မျက်လုံး အရောင်လှ ချင်လို့ ဖြစ်စေ တပ်ဆင်တတ်ကြပါတယ်။ မျက်လုံးဟာခန္ဓာကိုယ်ရဲ့ အနုညံ့ဆုံးနဲ့ အထိခိုက် မခံတဲ့ အစိတ်အပိုင်းပဲ ဖြစ်တာကြောင့် မျက်လုံးနဲ့ တိုက်ရိုက် ထိတွေ့မှု ရရှိမယ့် မျက်ကပ်မှန် တပ်ဆင်မှုကို သတိထားဖို့ အထူးလိုအပ်ပါတယ်။ မျက်ကပ်မှန် အသုံးပြုသူတွေ သိထားသင့်တဲ့ အချက်တွေကို လေ့လာ ကြည့်ပါ။ 

ကမ္ဘာ့အသက်အငယ်ဆုံး ဗီဒီယိုဂိမ်း ပရိုဂမ်မာ

programmer 
အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူဖန်တီးလိုက်တဲ့ဂိမ်းမှာ အမေရိကန်က ကလေးတွေကြားမှာ လူကြိုက်များနေပြီလို့ဆိုပါတယ်။

တကယ့် အမွှာ

 Photo: တကယ့်အမွှာ
Saturday, May 18, 2013

မွေးပြီးကတည်းက ကွဲကွာသွားခဲ့တဲ့ အမွှာနှစ်ယောက်ရှိပါတယ်... သူတို့နှစ်ယောက်လုံးဟာ Jim ဆိုတဲ့ နာမည်ရှိကြပြီး နှစ်ယောက်စလုံးဟာ Linda လို့အမည်ရတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျခဲ့ကြပါတယ်... အဲ့ဒီအိမ်ထောင်ပြီးတော့ နောက်ထပ်အိမ်ထောင်ထပ်ပြုရာမှာ သူတို့ရဲ့ ဒုတိယဇနီးနှစ်ယောက်စလုံးဟာ Betty အမည်ရှိသူတွေဖြစ်ကြပါတယ်... သူတို့မှာ James Allan ဆိုတဲ့ သားတစ်ယောက်စီရှိကြပါတယ်... နောက်ဆုံး အသက် ၃၉ နှစ်အရွယ်မှာ Jim ညီအစ်ကိုနှစ်ယောက်ဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်...

သူတို့နှစ်ယောက်စလုံးဟာ အရပ် ၆ ပေစီမြင့်ပြီး ကိုယ်အလေးချိန် ၁၈၀ ပေါင်စီ အံ့သြဖွယ်ကောင်းလောက်အောင် အတိအကျရှိကြပါတယ်... ဒါပေမဲ့ ဒီထက်မကတူညီတဲ့အချက်တွေရှိကြပါသေးတယ်... ယှက်နွယ်နေတဲ့ဘဝများ (Entwined Lives) စာအုပ်ရေးသားသူ Nancy Segal ဟာ သူတို့ရဲ့ တူညီတဲ့အချက်တွေကို အောက်မှာဖော်ပြ ထားတဲ့အတိုင်း စာရင်းပြုစုထားပါတယ်...

၁) လူငယ်ဘဝတုန်းက Jim နှစ်ယောက်စလုံးမှာ Toy လို့ အမည်ရတဲ့ ခွေးတစ်ကောင်စီရှိကြပါတယ်...

၂) Jim နှစ်ယောက်လုံးဟာ အိမ်ထောင်နှစ်ကြိမ်ပြုခဲ့ကြပြီး ပထမဇနီးနှစ်ယောက်လုံးဟာ Linda လို့ အမည်ရပြီး ဒုတိယဇနီးနှစ်ယောက်လုံးကတော့ Betty လို့အမည်ရပါတယ်...

၃) နှစ်ယောက်စလုံးမှာ James Allan လို့ အမည်ရတဲ့ သားတစ်ယောက်စီ ရှိကြပါတယ်...

၎) မိသားစုအားလပ်ခရီးထွက်တဲ့အခါ Jim နှစ်ယောက်စလုံးဟာ Florida မှာရှိတဲ့ Pas Grille ကမ်းခြေကို အပြာနုရောင် Chevrolet ကားနဲ့ မောင်းသွားလေ့ရှိကြပါတယ်...

၅) Jim နှစ်ယောက်စလုံးဟာ Salem စီးကရက်ကိုသောက်ကြပြီး Miller Lite ဘီယာကို သောက်ကြသူတွေဖြစ်ပါတယ်...

၆) Jim နှစ်ယောက်စလုံးဟာ နယ်ထိန်းအရာရှိအဖြစ် အချိန်ပိုင်းအလုပ်ကို တစ်ကြိမ်စီလုပ်ဖူးကြပါတယ်...

၇) နှစ်ယောက်စလုံးဟာ လက်သည်းကိုက်တတ်ကြပြီး ခေါင်းတစ်ခြမ်း ကိုက်လေ့ရှိသူများ ဖြစ်ကြပါတယ်....


Ref: Fun Facts
နှိုင်းရင့်နွေ
မွေးပြီးကတည်းက ကွဲကွာသွားခဲ့တဲ့ အမွှာနှစ်ယောက်ရှိပါတယ်... သူတို့နှစ်ယောက်လုံးဟာ Jim ဆိုတဲ့ နာမည်ရှိကြပြီး နှစ်ယောက်စလုံးဟာ Linda လို့အမည်ရတဲ့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျခဲ့ကြပါတယ်... အဲ့ဒီအိမ်ထောင်ပြီးတော့ နောက်ထပ်အိမ်ထောင်ထပ်ပြုရာမှာ သူတို့ရဲ့ ဒုတိယဇနီးနှစ်ယောက်စလုံးဟာ Betty အမည်ရှိသူတွေဖြစ်ကြပါတယ်... သူတို့မှာ James Allan ဆိုတဲ့ သားတစ်ယောက်စီရှိကြပါတယ်... နောက်ဆုံး အသက် ၃၉ နှစ်အရွယ်မှာ Jim ညီအစ်ကိုနှစ်ယောက်ဟာ ပြန်လည် ဆုံတွေ့ခဲ့ကြပါတယ်...