Monday, October 21, 2013

အိုးထရက်ဖို့ဒ်မှာ သရေတစ်မှတ်သာ ရယူနိုင်ခဲ့တဲ့ မန်ယူနိုက်တက် (မန်ယူနိုက်တက် ၁-၁ ဆောက်သမ်ပ်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ဆောက်သမ်ပ်တန် အသင်းတို့ဟာ အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ကစားခဲ့ကြပါတယ်။ ရာသီအဖွင့် ဆိုးနေတဲ့ မန်ယူနိုက်တက်အနေနဲ့ အနိုင်ရဖို့ ကြိုးစားလာမှာ ဖြစ်သလို ဆောက်သမ်ပ်တန်ဟာလည်း ဒီနှစ် ပရီးမီးယားလိဂ်မှာ ရလာဒ်ကောင်းတွေနဲ့ တာထွက်လှနေတဲ့ အသင်း ဖြစ်တာကြောင့် အကြိတ်အနယ် ရှိနိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အထူး သဖြင့် ဆောက်သမ်ပ်တန်ရဲ့ ခံစစ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခံစစ် ဖြစ်နေပြီး တစ်ရာသီလုံးမှာ ပေးဂိုး ၂ ဂိုးတည်းသာ ရှိခဲ့ပါတယ်။

ဗုံးဖောက်ခွဲသူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့

U-21-10
KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ဖြေကြားနေစဉ်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟို အလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။

ဒေးဗစ် မိုယေးစ်ကို ကူညီဖို့ အသင့်ရှိနေသည့် ဖာဂူဆန်

မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ဟာ အနားယူခဲ့သည့် ဆုံးဖြတ်ချက် အပေါ် ကျေနပ်လျက်ရှိနေပြီး လက်ရှိ မန်ယူနိုက်တက် နည်းပြဖြစ်သူ ဒေးဗစ်မိုယေးစ်အနေနဲ့ အကူအညီ လိုအပ်မည် ဆိုပါက ကူညီဖို့ အသင့်ရှိနေကြောင်း ပြောကြားလိုက်သည်။ ဖာဂူဆန်ဟာ မန်နေဂျာ ရာထူးမှ အနားယူလိုက်သော်လည်း အသင်း၏ သံတမန်အဖြစ်၊ ဒါရိုက်တာ အဖြစ်ဆက်လက် ရှိနေအုံးမည် ဖြစ်သည်။

Sunday, October 20, 2013

အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ

Photo: အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ
Sunday, October 20, 2013

ဂျင်း
သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက် ကင်းစေပါတယ်။ ကြက်သွန်ဆီဆိုလို့ အခြားမဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။
လေးညှင်းပွင့်
သွားကိုက် ဝေဒနာ ခံစားရသူများအနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်းစေပါတယ်။

ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်
Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ သူ့မှရတဲ့ဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။
စပျစ်သီး
စပျစ်သီး တစ်ခိုင်စာ နေ့စဉ် စားသုံးသူများအနေနဲ့ ကျောရိုးတစ်လျှောက်  ဆက်စပ်တဲ့ ရောဂါများကို ပျောက်ကင်းစေတယ်လို့ လေ့လာတွေ့ရှိထားကြ ပါတယ်။
နာနတ်သီး
နာနတ်သီးက အစာအိပ် နာတာတို့၊ ဗိုက်ကြွက်သား နာကျင်မှုတို့ ကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။
ချယ်ရီသီး
ချယ်ရီသီးကတော့ ဦးခေါင်းကိုက်ဝေဒနာကို ပျောက်ကင်းစေပါတယ်။
ခရမ်းချဉ်သီး
ခါးအောက်ပိုင်း အကြော၊ ကြွက်သား နာကျင်မှုကို ပျောက်ကင်း စေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် နေ့စဉ်စားသုံးခြင်းဖြင့် ခြေထောက် ကိုက်ခဲတာတို့၊ ထုံကျင်တဲ့ ဖြစ်လေ့ဖြစ်ထကို ပျောက်ကင်းစေပါတယ်။

Ref: medic facts
Yoyarlay
ဂျင်း
သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာ ထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့် သွင်း စားသုံးသင့်ပါတယ်။

ဒိုက်ဦးတွင် ဗုံးလန့်

Photo: ဒိုက်ဦးတွင် ဗုံးလန့်
Sunday, October 20, 2013

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက် မြို့ပတ်လမ်း အမှတ် (၁၀) အခြေခံပညာ အထက်တန်း ကျောင်းရှေ့ လမ်းဘေးမြက်တောတွင် အောက်တိုဘာလ ၁၈ ရက် နံနက် ၉ နာရီ ခန့်က ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အထုပ်ကြောင့် ယင်းမြို့ တွင် ပထမဦးဆုံးအကြိမ် ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

လမ်းဘေးတွင် ငါးမျှားသူတစ်ဦးက ငါးထည့်ထားသောအထုပ်ဖြင့် ယင်း အနက်ရောင်အိတ်ထုပ်ကို မှားယူမိ၍ ဖွင့်ကြည့်ရာမှ အိတ်အထပ်ထပ် ထုပ်ထားသော အထုပ်ဖြစ်ကာ ဝါယာကြိုးနှစ်စ ထွက်နေသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံ အကြောင်းကြားခဲ့ကြောင်း စတင်တွေ့ရှိသူ ဦးမောင်ဌေးက ပြောကြားသည်။

အဆိုပါ မသင်္ကာဖွယ်အိတ် တစ်ထုပ်ကို သက်ဆိုင်ရာ နယ်မြေ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ရာ သစ်သားတုံးပေါ် တွင် ပိုးသတ်ဆေးအခွံကို တိပ်ဖြင့် ပတ်ကာ သံမှိုတစ်ချောင်း ရိုက်ပြီး ဖုန်းကြိုးဖြင့် ပတ်၍ ဝါယာကြိုးစ ထုတ်ထားသည့် ပစ္စည်းတစ်ခုသာ ဖြစ်ပြီး ပြည်သူများ စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊ ယင်းပစ္စည်းကို တာဝန်ရှိသူများက မွန်းလွဲ ၂နာရီတွင် အပြီးသတ် ရှင်းလင်းခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရှိရသည်။

"ဗုံးလို့ ထင်ရအောင် ပြည်သူတွေကို အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ၊ နောက်တာတော့ မဟုတ်ဘူး" ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အုန်း က ပြောကြားသည်။

The Voice Weekly
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၃) ဝါဆိုရပ်ကွက် မြို့ပတ်လမ်း အမှတ် (၁၀) အခြေခံပညာ အထက်တန်း ကျောင်းရှေ့ လမ်းဘေးမြက်တောတွင် အောက်တိုဘာလ ၁၈ ရက် နံနက် ၉ နာရီ ခန့်က ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော အထုပ်ကြောင့် ယင်းမြို့ တွင် ပထမဦးဆုံးအကြိမ် ဗုံးလန့်မှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများထံမှ သိရှိရသည်။

ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား

Photo: ပန်းဆိုးတန်းလမ်းတွင် မီးလောင်မှုဖြစ်ပွား
Sunday, October 20, 2013

ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။

မီးအားအတက်အကျကြောင့် ၀ါယာရှော့ဖြစ်ရာကနေ စတင် မီးလောင်ကျွမ်းတာဖြစ်တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း ဆိုင်အောက်ဘက်မှာ လောင်ကျွမ်းနေတဲ့ မီးကို ငြှိမ်းသတ်နေစဉ်မှာ ဆိုင်ရဲ့ ထပ်ခိုးခန်းကို မီးကူးစပ်ခဲ့ပြီး အပေါ်ထပ်ကို တက်တဲ့ လှေခါး မီးလောင်ကျွမ်းခဲ့တာကြောင့် မီးသတ်ဝန်ထမ်းတဦး လှေကားပေါ်ကနေပြုတ်ကျပြီး ပခုံးအဆစ်ပြုတ်ထွက်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မီးခိုးငွေ့တွေ အဆက်မပြတ် ထွက်နေတာကြောင့်လည်း မီးခိုးမွှန်ပြီး မေ့လဲခဲ့တဲ့ မီးသတ်သမားတွေနဲ့ အရပ်သားအချို့ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။

ဆိုင်အတွင်းမှာ တီဗွီ၊ ရေခဲသေတ္တာစတဲ့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အတွက် မီးငြှိမ်းသတ်ဖို့ အခက်အခဲဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၉ ရက် မနက် ၁ နာရီလောက်မှာ မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အချိန် ၅ နာရီလောက် မီးငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုဖြစ်စဉ်ကို ထိန်းချုပ်နိုင်ဖို့ မီးသတ်ကား အစီးရေ ၃၀ လောက်ကို အသုံးပြုခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

“မီးက များတာမဟုတ်ပါဘူး။ ထပ်ခိုးပေါ်မှာ ပစ္စည်းတွေအများကြီးထည့်ထားတော့ ရေခဲသေတ္တာတွေ ဘာတွေက လှိုက်ပြီး လောင်နေတာပါ။ လှေခါးကလည်း တက်လို့ မရဘူး ပိတ်နေတယ်။ ဘယ်ကမှ ၀င်လို့မရဘဲ မီးက အထဲမှာ လှိုက်လောင်နေတာပါ။ ရှေ့ကဖောက်၊ နောက်ကဖောက်နဲ့ တော်တော်လုပ်ယူရတယ်။ ဒုက္ခပေးတာက မီးခိုးပါ။

ပန်းဆိုးတန်း မီးလောင်မှုကို မီးငြှိမ်းသတ်နေစဉ် အောက်တိုဘာလ ၁၉ ရက် မနက် ၁ နာရီလောက်မှာလည်း ရွှေဘုံသာလမ်း အောက်ဘလောက် အိမ်အမှတ် ၅၆ မှာလည်း မီးအားမြှင့်စက် ၀ါယာလျှော့ဖြစ်ရာမှ မီးလောင်မှုတခု ထပ်မံဖြစ်ပွားခဲ့ပြီး အဲဒီမီးကိုတော့ မိနစ်ပိုင်းအတွင်း ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီမီးလောင်မှု ဖြစ်စဉ်တွေကနေ ဆုံးရှုံးခဲ့တဲ့ တန်ဖိုးကို သက်ဆိုင်ရာက တွက်ချက်နေဆဲ ဖြစ်ပါတယ်။

ကောင်းထက်ကျော်
(ဒီဗွီဘီ)
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း အလယ်ဘလောက်မှာရှိတဲ့ Samsung Show Room မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၈ နာရီကျော်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးသတ်သမားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။

ဗုံးခွဲမှု မူလတရားခံဖေါ်ထုတ်ရေး အစိုးရနဲ့ KNU ဆွေးနွေး

Photo: ဗုံးခွဲမှု မူလတရားခံဖေါ်ထုတ်ရေး အစိုးရနဲ့ KNU ဆွေးနွေး
Sunday, October 20, 2013

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမူတွေရဲ့ အဓိကတရားခံကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ထိပ်တန်းခေါင်းဆောင်တွေဟာ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

KNU နယ်မြေတွေထဲမှာ ဗုံးခွဲသမားတွေရှိနေရင် ဖမ်းဆီးပြီး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

“ဗုံးခွဲတဲ့သူနဲ့ပတ်သက်လို့ တချို့အထောက်အထားတွေ ကျနော်တို့ပေးပါတယ်၊ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောထားရှိပါတယ်၊ တချို့ရတဲ့အချက်အလက်တွေပေါ်မှာ ကျနော်တို့ဘက်က ကူညီနိုင်တာတွေရှိပါတယ်၊ ဗုံးခွဲတဲ့သူ ကျနော်တို့နယ်မြေထဲမှာ ရှိနေတယ်ဆိုရင် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”

ဗုံးဖောက်ခွဲမူတွေကို ကြိုးကိုင်နေသူလို့ အစိုးရက ကြေညာထားတဲ့ စောနေတိုးဟာ KNU တပ်မဟာ ၅ လက်အောက်ခံတပ်ရင်းရဲ့ ဒုတပ်ရင်းမှူး အဆင့်ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုတွေကြောင့် KNU နဲ့ အစိုးရကြား ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ် ထိခိုက်သွားမှာမဟုတ်ဘူးဆိုတာ နှစ်ဘက်လုံးကလက်ခံကြတယ်လို့ ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။

“ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဟာ လုံးဝထိခိုက်မှုမဖြစ်ဘူးဆိုတာကို နှစ်ဦးနှစ်ဖက်လက်ခံပြီးတော့ ယုံကြည်ချက်အပြည့်အဝဖွင့်ပြပါတယ်၊ ရှုပ်ထွေးနေတဲ့ကာလကြီးမှာ နိုင်ငံတော်အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ငြိမ်းချမ်းရေးခရီးစဉ်ဟာ ပိုမိုခိုင်မာတယ်ဆိုတာကို လက်တွေ့ဖော်ပြတာပဲဖြစ်ပါတယ်”

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စု အစိုးရဘက်က သမ္မတရုံး ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်းနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့ပြီး၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကာကွယ်ရေးဌာနက ဗိုလ်မှူးကြီး စောရောဂျာခင်၊ ဗိုလ်မှူးကြီး တူးတူးလေးနဲ့ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဗုံးကွဲမှုတွေနဲ့ပတ်သက်ပြီး KNU ကရင်အမျိုးသား အစည်းအရုံး က တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲ ခေါ်ယူကျင်းပမယ်လို့ သိရပါတယ်။

RFA Burmese
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်၊ မန္တလေး၊ တောင်ငူစတဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမူတွေရဲ့ အဓိက တရားခံကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ထိပ်တန်းခေါင်းဆောင်တွေဟာ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

Photo: WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ 

Sunday, October 20, 2013

တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု တော်ကော့ (အပြင်)ရွာ အိမ်အမှတ် (တကပ/၂၄) အခန်း (၂၄)နေ ဒေါ်နန်းအွေ့ ၃၃ နှစ်(ဘ) ဦးအိုက်ဆိုက်၏ နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ အောက်တို ဘာ ၁၈ ရက် နံနက်ပိုင်းက ဝင်ရောက်ရှာဖွေ စစ်ဆေးရာ နန်းအွေ့ ဝတ်ဆင်ထားသည့် ညအိပ်ဝတ် ဘောင်းဘီရှည် အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၃ ပြား၊ လက်ဆွဲအိတ် အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅၅ ပြား စုစုပေါင်း ၁၅၈ ပြား ဒေသတန်ဖိုး ၃၁၆ဝဝဝ ကျပ်နှင့် အိုက်စ် (သုည ဒသမ ဝဝ၂) ကီလိုဂရမ် ဒေသတန်ဖိုး ၄ဝဝဝဝ ကျပ်အား သိမ်းဆည်း ရမိသည်။

Yangon Police
တာချီလိတ်မြို့နယ် ဟောင်လိတ်အုပ်စု တော်ကော့ (အပြင်)ရွာ အိမ်အမှတ် (တကပ/၂၄) အခန်း (၂၄)နေ ဒေါ်နန်းအွေ့ ၃၃ နှစ်(ဘ) ဦးအိုက်ဆိုက်၏ နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်း

ကျိုက်ထီးရိုး ဘုရားဖူး ရာသီအဖွင့်တွင် ဘုရားဖူးလာသူများဖြင့် စည်ကား

မြန်မာနိုင်ငံ မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ဗုံးတွေ့ရှိမှု ဖြစ်စဉ်များ ဆက်တိုက် ဖြစ် ပွားေ နသော် လည်း ယခုနှစ် ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဘုရားဖူးသူများမှာ ပုံမှန်နှစ်စဉ်အတိုင်း စည်ကားနေကြောင်း သတင်းရရှိသည်။

သီတင်းကျွတ် လပြည့်နေ့မှစ၍ ရွှေတိဂုံ စေတီတော်၌ CID၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်မည်

အောက်တိုဘာ ၁၉ ရက်တွင် ကျရောက်သည့် သီတင်းကျွတ် လပြည့်နေ့မှ စတင်၍ ရွှေတိဂုံစေတီတော်၌ လုံခြုံရေးဆောင်ရွက်မှုကို CID ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

Friday, October 18, 2013

ဗုံးပေါက်ကွဲမှုများနှင့် ကေအင်န်ယူ လုံးဝဆက်စပ်မှုမရှိဟု အစိုးရ၏ ငြိမ်းချမ်းရေး အကျိုးဆောင်ပြော

ရန်ကုန်တွင် လက်ရှိဖြစ်ပေါ်နေ သော ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ကေအင်န်ယူအဖွဲ့နှင့် လုံးဝ ပတ်သက်ခြင်းမရှိဟုအခိုင် အမာပြောနိုင်ကြောင်း ကေအင်န် ယူအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်း များတွင် အဓိက နေရာမှ ပါဝင်နေ သူတစ်ဦးဖြစ်သည့် မြန်မာငြိမ်း ချမ်းရေးစင်တာမှ ဦးလှမောင်ရွှေ က ရန်ကုန်တိုင်းမ်သို့ ပြောသည်။

ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော



ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကျောင်းသား/ ကျောင်းသူတွေ ကိုမေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူမြို့ တို့၏ ပေါက်ကွဲမှု ဖြစ်စဉ် များတွင် ထွက်ပြေး တိမ်းရှောင် နေသည့် အဓိက တရားခံ (၂)ဦး အား တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်း ပေးကြပါရန် ….

အလိုရှိသည်
ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း ဖောက်ခွဲမှု ဖြစ်စဉ်များတွင် အဓိက တရားခံများ ဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် အောက်ပါ အကြမ်းဖက် ဖောက်ခွဲရေး သမား များ၏ လှုပ်ရှား သတင်းများ ရရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ များသို့ သတင်း ပေးပို့ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
ပြည်ထဲရေး ဝန်ကြီး ဌာန

Wi-Fi လိုင်းကောင်းမွန်စွာမိစေနိုင်မယ့်နည်းများ။


ဒီနေ့ခေတ်မှာ Wi-Fi ဆိုတာ ရေပန်းစား တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ Wi-Fi ဆို တာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ Radio Waves တွေသာဖြစ်ပါတယ်။အဲဒီ Radio Waves တွေ မရောက်ရှိနိုင်တဲ့ “Dead Zone” or “Dead Spots” နေရာတွေရှိပါတယ်။အဲဒီနေရာတွေမှာသင့် ရဲ့ Wireless Device တွေဖြစ်တဲ့ Smartphones,Tablet,Windows စတာတွေကိုအသုံးပြုရင် Wi-Fi Signal မရရှိနိုင်ပါဘူး။Wireless Dead Zone တွေကို သိရှိနိင်ဖို့ သင့်အိမ်၊ရုံး တွေမှာ နေရာအနှံ့လမ်းလျှောက်သွားပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ Wireless Dead Zone တွေကို တွေ့ရှိပြီဆိုရင်တော့ အဲဒီ Dead Zone တွေ မဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

အိုင်ရင်းဇင်မာမြင့်နှင့် တွေ့ဆုံခြင်း

နှလုံးသား အရင်းအနှီး သီချင်းလေးနှင့် ပရိသတ် လက်ခံသည့် တေးသံရှင်တစ်ယောက် ဖြစ်လာသည့် အိုင်ရင်းဇင်မာမြင့်နှင့် တွေ့ဆုံပြီး သီချင်းလေး၏ အောင်မြင်မှုအပေါ် သူ၏ခံစားမှု၊ ဒုတိယ တစ်ကိုယ်တော် စီးရီးအကြောင်း၊ သူနှစ်သက်သည့် ရော့ခ်ဂီတ အကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

လေးနှစ်အရွယ် ကလေးငယ်အား အဓမ္မကြံသူကို အမှုဖွင့်

လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား တစ်လမ်းတည်းနေ အသက် ၂၁ နှစ် အရွယ် အမျိုးသား တစ်ဦးက မုဒိမ်းမှုကျူးလွန်ရန် ကြံစည်ခဲ့သဖြင့် ကလေးငယ်၏မိခင်က ပြည်မြို့မရဲစခန်းသို့ လာရောက်  အမှုဖွင့်ထားကြောင်း သိရသည်။

ကော့သောင်း၌ တစ်နေ့ ၄၅၀၀ ရမည်ဟုဆိုကာ ထူကြီးရွာသား ရာနှင့်ချီ လိမ်လည်ခေါ်ဆောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ထူးကြီးမြို့မှ လူတစ်ရာကျော်အားမြို့ခံပွဲစားအချို့က လိမ် ညာခေါ်ဆောင် ၍ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ထူးထူးတိုး ရာဘာ စိုက်ပျိုးရေးခြံ၌ လက်နက် များဖြင့် ပိတ်ပင်ခိုင်းစေမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ထူးကြီးဒေသခံများထံမှ သိရသည်။

တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့်ရ

တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့်ရ

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင် ၂၉၁ / ၃ တွင် ညာဘက် ရှေ့ဘီး ပေါက်ကာ ယာဉ် တိမ်းမှောက် ၍ ဒဏ်ရာ ပြင်းထန် စွာ ရခဲ့သည့် တေးသံရှင် ဆိုတေး သည် မန္တလေး ပြည်သူ့ ဆေးရုံ ကြီးတွင် တက်ရောက် ဆေးကုသ နေရာ သုံးလ ကျော် အကြာ အောက်တိုဘာ ၁၆ ရက် နေ့ က ဆေးရုံ မှ ဆင်းခွင့် ပေးလိုက် ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံ ကြီးမှ ဆေး နှင့် လူမှု ဆက်ဆံ ရေး အရာရှိ ဦးမင်းလွင် က ပြောကြား သည်။ “ဆိုတေး ဆန္ဒ အရ တော့ လိုအပ် တာတွေ ကို မန္တလေး ဆေးရုံ မှာပဲ ဆက်ပြ မယ် လို့ ထင်ပါတယ်။ ဆေးရုံ တက် ကုသ ရမယ့် အခြေအနေ ကတော့ သက်သာ သွားပြီ မို့ ဆင်းခွင့် ပေးလိုက် တာပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ တေးသံရှင် ဆိုတေး သည် ဦးခေါင်း ထိခိုက် သည့် ဒဏ်ရာ သက်သာ လာပြီ ဖြစ်ပြီး ခြေထောက တွင် ထိခိုက် သည့် ဒဏ်ရာ သာ ကျန် ရှိတော့ ကြောင်း အဆိုပါ ဆေး နှင့် လူမှု ဆက်ဆံရေး အရာရှိ ဦးမင်းလွင် က ထပ်မံ ပြောကြား သည်။

တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့် ရရှိခြင်း နှင့် ပတ်သက ၍ မိသားစု ဝင်များ ကို The Voice က တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်း ရာ ပြန်လည် ဖြေကြား ခြင်း မရှိပေ။ တေးသံရှင် ဆိုတေး သည် ယင်း အမြန် လမ်းမကြီး တွင် ဇူလိုင်လ ၁၄ ရက်နေ့ က ယာဉ် တိမ်းမှောက် မှု ဖြစ်ပွား ခဲ့ကာ မန္တလေး ပြည်သူ့ ဆေးရုံ ကြီး ရှိ အထူး ကြပ်မတ် ကုသ ဆောင် တွင် ဆေး ကုသမှု ခံယူ နေခဲ့ ရခြင်း ဖြစ် သည်။

The Voice Weekly
ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင် ၂၉၁ / ၃ တွင် ညာဘက် ရှေ့ဘီး ပေါက်ကာ ယာဉ် တိမ်းမှောက် ၍ ဒဏ်ရာ ပြင်းထန် စွာ ရခဲ့သည့် တေးသံရှင် ဆိုတေး သည် မန္တလေး ပြည်သူ့ ဆေးရုံ ကြီးတွင် တက်ရောက် ဆေးကုသ နေရာ သုံးလ ကျော် အကြာ အောက်တိုဘာ ၁၆ ရက် နေ့ က ဆေးရုံ မှ ဆင်းခွင့် ပေးလိုက် ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံ ကြီးမှ ဆေး နှင့် လူမှု ဆက်ဆံ ရေး အရာရှိ ဦးမင်းလွင် က ပြောကြား သည်။ “ဆိုတေး ဆန္ဒ အရ တော့ လိုအပ် တာတွေ ကို မန္တလေး ဆေးရုံ မှာပဲ ဆက်ပြ မယ် လို့ ထင်ပါတယ်။ ဆေးရုံ တက် ကုသ ရမယ့် အခြေအနေ ကတော့ သက်သာ သွားပြီ မို့ ဆင်းခွင့် ပေးလိုက် တာပါ” ဟု ၎င်းက ဆိုသည်။

LOVE & MARRIAGE မျိုးဘ၀မှာတော့ အချစ်က ၁၀၀ ရာခိုင်နှုန်း အရေးပါတယ် မယ်လိုဒီ

လူရယ်လိြု့ဖစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ်ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှအချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ်နစ်နာခံတာ ကိုလည်း အချစ်လို့ဆိုပြန်ပါတယ်။ အချစ်ဒဿနဆရာတွေက အချစ် ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြ သလို ချစ်ခြင်းနဲ့ အိမ်ထောင်ပြုခြင်း ကြားမှာ ဘယ်လိုဆက်နွယ်မှုတွေ ရှိနေလဲ အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...

မြစ်ထဲ လေယာဉ်ပျက်ကျ စီးနင်းလိုက်ပါသူအားလုံးသေဆုံး

လာအိုနိုင်ငံပိုင် ​လေယာဉ်တစင်း ​ပျက်ကျခဲ့တဲ့အတွက် ​သြစတြေးလျနိုင်ငံသား ​၆ ​ဦးအပါအ ၀င် ​လေ ယာဉ် ပေါ် မှာ ​လိုက်ပါလာတဲ့သူ ​၄၉ ​ဦးလည်း ​သေဆုံးခဲ့တယ်လို့ ​သက်ဆိုင်ရာ ​အစိုးရဌာတွေ က ​ပြောပါ တယ်။
Lao ​Air ​QV301 ​လေယာဉ်ဟာ ​ဗီယက်နမ်နိုင်ငံမြို့တော် ​Hanoi ​ကနေထွက်ခွာခဲ့ပြီး ​လာအိုနိုင်ငံ တောင်ပိုင်း မှာရှိတဲ့ ​Pakse ​မြို့ကို ​အသွားမှာ ​လမ်းခုလပ်မှာပဲ ​မဲခေါင်မြစ်ထဲကို ​ထိုးကျ ​ပျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့လူ့အခွင့်ရေးအဖွဲ့ အစိုးရထံ စာပို့

မြန်မာ့လူ့အခွင့်ရေးအဖွဲ့ အစိုးရထံ စာပို့

၁၈.၁၀.၂၀၁၃၊ သောကြာနေ့

ကော့သောင်း အကျဉ်းထောင် မှာ ပြီးခဲ့တဲ့ လ က အကျဉ်းထောင် လုံခြုံရေးတွေ က ရိုက်နှက်တာတွေ၊ ပစ်ခတ်မှုတွေ ကြောင့် အကျဉ်းသားတွေ ဒဏ်ရာ ရသူရ၊ သေကြေတဲ့ အထိ ဖြစ်ရ တာတွေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က ကော့သောင်း အကျဉ်းထောင် ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဒီအခါမှာ လူ့အခွင့်အရေး ချိုးဖေါက်တာတွေ တွေ့ရှိခဲ့တဲ့ အတွက် ဒီအခြေအနေ တွေ ကို သုံးသပ်ပြီး အစိုးရ ဆီ စာတင် အကြောင်းကြား ခဲ့ပါတယ်။ အဓိက တင်ပြခဲ့တဲ့ အချက် ၂ ခု အနက်၊ ပထမ အချက် က ၁၈၉၄ ခုနှစ် က ပြဌာန်း ခဲ့တဲ့ အကျဉ်းထောင် ဥပဒေဟာ လက်ရှိ အခြေအနေ နဲ့ ကိုက်ညီမှု မရှိတဲ့ အတွက် အသစ် ပြန်လည်ရေးဆွဲဖို့ ထောက်ပြ ခဲ့ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က အတွင်းရေးမှူး ဦးစစ်မြိုင် က ဘီဘီစီ ကို ပြောပါတယ်။

နောက်တချက် ကတော့ ရန်ဖြစ်တဲ့ အကျဉ်းသား ၃ ဦး ကို အကျဉ်းထောင်ရဲ့ စည်းမျဉ်း အရ အပြစ်ဒဏ် ပေးခြင်း မပြုဘဲ၊ လက်ကိုင်တုတ် နဲ့ ရိုက်ခြင်းဟာ လူ့အခွင့်အရေး ချိုးဖေါက်ခြင်း ဆိုတာ ကို ထောက်ပြခဲ့ ကြောင်း ရှင်းပြပါတယ်။ ထောင်သား တဦး ပစ်ခတ်မှု နဲ့ သေဆုံး ရခြင်းဟာလည်း ၁၈၉၄ ခုနှစ် အကျဉ်းထောင် ဥပဒေ အရ ထောင်မှာ ဆူပူမှု၊ ဖေါက်ထွက်ရန် ကြိုးစားမှု ပြုရင် သင့်တော်တဲ့ လက်နက် အသုံးပြုပြီး နှိမ်နင်းနိုင်တယ် လို့ ပြဌာန်းထားလို့ လွန်ကဲတဲ့ အခွင့်အာဏာ ပေးထားတယ် လို့ ယူဆကြောင်း ဦးစစ်မြိုင် က ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖေါက်တာတွေ နဲ့ ပတ်သက်လို့ အရင်က မြစ်ကြီးနား၊ မန္တလေး နဲ့ အင်းစိန် ထောင်တွေ ကို စစ်ဆေးရာ မှာတော့ အခြေအနေ တိုးတက် ကောင်းမွန် လာတာ တွေ့ရကြောင်း လည်း ပြောပြ ပါတယ်။ အကျဉ်းထောင်တွေ မှာ ရိုက်နှက် ဆုံးမ ခြင်းဟာ အုပ်ချုပ်တဲ့ တာဝန်ခံ၊ စည်းကမ်း ထိန်းသိမ်းသူတွေ နဲ့ သက်ဆိုင်တဲ့ အတွက် သူတို့ရဲ့ အားနည်းချက် တွေ လို့ ယူဆနိုင်ပုံ ကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က အတွင်းရေးမှူး ဦးစစ်မြိုင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC
ကော့သောင်း အကျဉ်းထောင် မှာ ပြီးခဲ့တဲ့ လ က အကျဉ်းထောင် လုံခြုံရေးတွေ က ရိုက်နှက်တာတွေ၊ ပစ်ခတ်မှုတွေ ကြောင့် အကျဉ်းသားတွေ ဒဏ်ရာ ရသူရ၊ သေကြေတဲ့ အထိ ဖြစ်ရ တာတွေ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က ကော့သောင်း အကျဉ်းထောင် ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် နေပြည်တော်၌ လုံခြုံရေးတိုးမြှင့်

8.1.1
အာက်တိုဘာ ၁၆ ရက်ညက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် နေပြည်တော် ရဲတပ်ဖွဲ့မှ လှည့်ကင်း ဆောင်ရွက်နေစဉ်
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့် ဖြူးမြို့များတွင် ဗုံးလန့်မှု၊ ဗုံးတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွားပြီးနောက် နေပြည်တော်၌ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။
ထိုကဲ့သို့ လုံခြုံရေး တိုးမြှင့်ရခြင်းမှာ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော် ဖြစ်သည့် အပြင် အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် ခရီးသွား ဧည့်သည်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ လာရောက်သည့်အတွက် ယခင်ပြုလုပ်နေသည့် ပုံမှန်လုံခြုံရေးထက် တိုးမြှင့်ကာ ၀ပ်ကင်း၊ ရပ်ကင်း၊ ယာဉ်တင် လှည့်ကင်းများဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက် ည ၉ နာရီခန့်က ယာဉ်တင်လှည့်ကင်း အဖွဲ့မှ နေပြည်တော် ရဲတပ်ဖွဲ့ ရဲအကူ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စိုးမြင့်ဦးက The Daily Eleven သို့ ပြောကြားသည်။

လက်ပံတောင်းတောင် စီမံကိန်း ပြန်လည်စတင်နေပြီး မိုင်းခွဲမှုများကြောင့် သာသနိက အဆောက်အအုံ များအပေါ် သက်ရောက်မှုကို ထုတ်ပြန်မှု မရှိသေးသည့်အတွက် ဒေသခံများ စိုးရိမ်နေ

8.1.1
လယ်တီဆရာတော်ကြီး၏ သိမ်တော်နှင့် စေတီအပါအ၀င် သာသနိက အဆောက်အအုံများ တည်ရှိနေသည့် လက်ပံတောင်းတောင် စီမံကိန်း ဗဟိုချက် မြေနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)      
လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်နေပြီး စီမံကိန်းအတွက် မိုင်းဖောက်ခွဲ မှုများကြောင့် အဆိုပါ စီမံကိန်း ဗဟိုချက် တည့်တည့်တွင် တည်ရှိနေသော သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်မှုများ ရှိနေကြောင်း အောက်တိုဘာ ၁၇ ရက်က သိရသည်။
လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် လည်ပတ်နေမှုအား မြေယာလျော်ကြေး အတွက် နောက် ဆုံး ပေးလျော်ခဲ့သည့် စက်တင်ဘာ ၃၀ ရက် ကျော်လွန်သည့် အချိန်မှ စတင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ လက်ပံတောင်းတောင် စီမံကိန်း စတင်ရန် ကြိုးပမ်းစဉ် အချိန်ကပင် လယ်တီ ဆရာတော်ကြီး၏ သာသနိက အဆောက်အအုံများ ပျက်စီးနိုင်သည့်အတွက် ကန့်ကွက် မှုများ ကြုံခဲ့ရသည်။

ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ပြည်သူလူထုအား ထိခိုက်နာကျင် ထိတ်လန့်စေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) သတင်းထုတ်ပြန်

ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအ၀င် ယခုရက်ပိုင်းအတွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခဲ့ခြင်း မရှိသော်လည်း ပြည်သူလူထု ထိခိုက်နစ်နာစေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဗုံးဖောက်ကွဲမှုများ အနက် ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်သည့် စောမြင့်လွင်က ၎င်းသည် KNU အဖွဲ့နှင့် ဆက်စပ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး နေတိုးဆိုသူမှာလည်း KNU တပ်ဖွဲ့၌ ဗိုလ်အဆင့် တာဝန်ထမ်းဆောင် နေသူဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြား ထားပြီး ထိုသူများသည် KNU တပ်မဟာ (၅) နှင့် ဆက်စပ်နေကြောင်း သတင်း ထွက်ပေါ် ခဲ့သည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ပြုလုပ်မည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များမှ ကျူးလွန်သူဟု ဖမ်းဆီးထားသူကို ကနဦး စစ်ဆေးရာတွင် ငွေကြေးပေး ခိုင်းစေသောကြောင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထွက်ဆိုထားမှုကြောင့် ပြည်သူများ စိတ်ဝင် စားနေကြောင်း သိရသည်။

ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အလုပ်မှထုတ်ပယ်

8.1.1
ဖာမိုဆို အထည်ချုပ်စက်ရုံ တည်ရှိရာ မင်္ဂလာဒုံ စက်မှုဇုန် ၀င်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)  
အလုပ်သမား ခေါင်းဆောင် သုံးဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းကြောင့် ပြန်လည် အလုပ်ခန့်ရန် အတွက် လုပ်ငန်းခွင် မ၀င်ဘဲ တောင်းဆို ဆန္ဒပြနေသည့် ရန်ကုန်မြို့ မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို (အထည်ချုပ်)စက်ရုံ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အောက်တိုဘာ ၁၇ ရက်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမားများထံမှ သိရသည်။

နမ့်ခန်းမြို့ ဗုံးပေါက်ကွဲမှု အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းသည် စနစ်ကျသော အဖွဲ့အစည်း တစ်ခုခု၏ အစီအမံများ ဖြစ်နိုင်ဟု သုံးသပ်မှုများရှိနေ

8.1.1
ရန်ကုန်မြို့ သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဖြစ်ပွား ခဲ့သော ပေါက်ကွဲ မှုများ အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများသည် စနစ်ကျပြီး အင်အားရှိသော အဖွဲ့အစည်း တစ်ခုခု၏ အကွက်ချ အစီအမံများ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ပြီးခဲ့သော ရက်များအတွင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု အပြီးတွင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သလို ဗုံးလန့်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရပြီး ပေါက်ကွဲမှု များကြောင့် တောင်ငူမြို့၌ ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအ၀င် လူနှစ်ဦး သေဆုံးခဲ့ရသည်။ နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအနက် အောက်တိုဘာ ၁၇ ရက် နံနက် အစောပိုင်း ပေါက်ကွဲ မှုကြောင့် စည်ပင်သာယာ ၀န်ထမ်းတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ အဓိက တရားခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းထုတ်ပြန်

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် စစ်ကိုင်းမြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက် ၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိကတရားခံ များဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား၏ အောက်တိုဘာ ၁၇ ရက် ညပိုင်း သတင်းများ တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ အသံဗုံးတစ်လုံးနှင့် လက်လုပ်မိုင်းဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ

8.1.1
နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး မြင်ကွင်း
ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ အသံဗုံး တစ်လုံးနှင့် လက်လုပ် မိုင်းဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အသံဗုံးတစ်လုံး ပေါက်ကွဲမှုနှင့် လက်လုပ်မိုင်းဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်စဉ်များကို ရှမ်းပြည်နယ် နမ့်ခမ်းမြို့၊ မိုခမ်းရပ်ကွက်၊ ပြည်ထောင်စု လမ်းမအလယ်၊ ကျွန်းမျောပန်းခုံ LG-၆၅၈၃၆၄ တွင် အောက်တိုဘာ ၁၆ ရက် ည ၈ နာရီ မိနစ် ၅၀ က အသံဗုံးတစ်လုံး ပေါက် ကွဲမှုကြောင့် မြေသား တစ်လက်မ အကျယ်နှင့် အနက်သုံးလက်မရှိ ချိုင့်ခွက်သာ ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြူးတွင် အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ်သတ်မှု ကျူးလွန်သူများအား ၆၈ နာရီအတွင်း ဖမ်းမိ

8.1.1
ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူများအား အခင်းဖြစ်ပွားသည့် နေရာတွင် စစ်ဆေးမှု ပြုလုပ်နေစဉ်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ် အသတ်ခံ ရမှု ဖြစ်စဉ်မှ လူသတ်တရားခံ နှစ်ဦးအား ၆၈ နာရီ အကြာတွင် ဖမ်းဆီရမိခဲ့ကြောင်း ဖြူးမြို့နယ် ဒုတိယမြို့ နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစံလှ၏ ပြောကြားချက်အရ သိရသည်။