Thursday, November 7, 2013

လည်ချောင်းတွင် အရိုးဆူးပါလျှင်

လည်ချောင်းတွင် အရိုးဆူးပါလျှင်
Thursday, November 7, 2013

(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။

Health Updates Journal
(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

လျှပ်စစ်မီတာခ လျော့ကျစေရေး ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ ဖြစ်ပွား

H.7.11
လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် နိုဝင်ဘာ ၆ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့သူ များကို တွေ့ ရစဉ်
လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်က ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြမှုကို နိုဝင်ဘာ ၆ ရက် ညနေ ၄ နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ သိမ်ကြီးဈေးအနီး သိမ်တော်ကြီးအရှေ့တွင် စတင် ဆန္ဒဖော်ထုတ် ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့် (အထက် မြန်မာပြည်တာဝန်ခံ) အပါအ၀င် ကိုတင်မောင်ကြည် (ရန်ကုန်တိုင်းတာဝန်ခံ)၊ ကိုဇေယျာလင်း (ပြန်ကြားရေးတာဝန်ခံ)၊ ကိုဇာနည် (နိုင်ငံခြားရေးရာ တာဝန်ခံ) နှင့် ကိုနောင်နောင်တို့ ငါးဦးပါဝင်ခဲ့ကာ ဆူးလေဘုရားအထိ လမ်းလျှာက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

Miss Universe ပြိုင်ပွဲ Miss Photogenic ဆုအတွက် မဲပေးရွေးချယ်မှုစတင်ပြီး Top 8 စာရင်းတွင် မိုးစက်ဝိုင် ပါဝင်

C.30.10.2013
Miss Universe ပြိုင်ပွဲ၏ Miss Photogenic ဆုအတွက် မဲပေးရွေးချယ်မှု စတင်လျှက်ရှိပြီး Top 8 စာရင်းတွင် မြန်မာအလှမယ် မိုးစက်ဝိုင် ပါဝင်လျှက်ရှိသည်ဟု သတင်းရရှိသည်။ အဆိုပါ မဲပေးရွေးချယ်မှု၏ Top 8 စာရင်းမှာ မြန်မာ၊ ပိုလန်၊ အင်ဒိုနီးရှား၊ ဟေတီ၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်၊ အင်္ဂလန်၊ နီကာရာဂွါနိုင်ငံတို့ ဖြစ်သည်ဟု သိရသည်။ ထို့အပြင် Miss Universe ပြိုင်ပွဲ၏ တရားဝင် မဲပေးရွေးချယ်မှုအတွက်လည်း မိမိ၏ အီးမေးလ်လိပ်စာနှင့် နိုင်ငံတို့ကို ဖြည့်စွက်ကာ မဲပေးရွေးချယ်နိုင်သည်ဟု သိရသည်။ မဲပေးရွေးချယ်မှုများကို အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ သတ်မှတ်ထားသည်ဟု သိရသည်။

သမ္မတဦးသိန်းစိန် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သော တောင်ငူမြို့သို့ သွားရောက်

သမ္မတဦးသိန်းစိန်သည် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သော  ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၏ အခြေအနေများ သိရှိနိုင်ရန် တောင်ငူမြို့ (ကေတုမတီမြို့သစ်) သို့ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီတွင် နေပြည်တော်မှ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။

မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာနာယကအဖွဲ့အား တရားစွဲမည် ဟုဆို

M.7.11
ပီနန်ဆရာတော်ကြီးက မဟာသန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍  ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မဟာသန္တိသုခ ကျောင်းတိုက်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သံဃမဟာနာယကအဖွဲ့နှင့် ပီနန်ဆရာတော်ကြီး တို့အကြား အငြင်းပွားလျက်ရှိရာ ပီနန်ဆရာတော်ကြီးက သံဃမဟာ နာယကအဖွဲ့အား တရားဥပဒေကြောင်းအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ ရက်က မဟာသန္တိသုခကျောင်းတိုက်တွင် ပြုလုပ်သည့် ပီနန်ဆရာတော်ကြီးမှ ကျောင်းတော်ကြီး ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

Wednesday, November 6, 2013

စားဝတ်နေရေးကြောင့် အမှောင်တွင်းထဲ ခုန်ဆင်းကြရသူများ

လိင်အလုပ်သမ, ကျန်းမာရေး, ဒေါ်နှင်းနှင်းယု
ရန်ကုန်မြို့မှ ညငှက်တချို့ကို ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ – စိုင်းဇော်သိုက် / ဧရာဝတီ)
တာမွေပလာဇာမှာ ဖွင့်ထားတဲ့ DJ ကလပ်ရဲ့ အရှေ့ကို ည ၁၂ နာရီ အကျော်မှာ အငှားကား တစီးဆိုက် လာပြီး ကိုကိုအောင် တယောက် ကားပေါ်က ဆင်းလာတယ်။ ကလပ်ရဲ့ အရှေ့မှာရှိနေတဲ့ အငှားကားတွေ ကြားက ကိုအကြီးကောင်ကို ရှာရင်းနဲ့ ကောင်မလေးတယောက် ခေါ်ချင်တဲ့အကြောင်း ကိုအကြီးကောင် ကို ပြော လိုက်တယ်။

နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များနေ၍ ဝန်ကြီးဌာနများ လွှတ်တော် တွင် ဖြေရှင်း ရမည်


ပြည်ထောင်စု အစိုးရအဖွဲ့၏ ဝန်ကြီးဌာန များသည် နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန်ပမာဏ အလွန်များပြားနေ၍ အကြွေးပေးရန် ကျန်ရှိနေသော ဝန်ကြီးဌာနများက ပြည်ထောင်စု လွှတ်တော်တွင် လာရောက်ဖြေရှင်းရမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်နှင့်တိုင်း လွှတ်တော် ဆုံးဖြတ်ချက်များ ဝန်ကြီးချုပ်များ မဆောင်ရွက်ပါက သမ္မတထံ တိုင်နိုင်

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက ဆုံးဖြတ် အတည်ပြု ထားသော ဥပဒေများ၊ အဆိုများ၊ မေးခွန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက လိုက်နာလုပ်ဆောင်ခြင်း မရှိပါက နိုင်ငံတော်သမ္မတထံ တိုက်ရိုက် သဝဏ်လွှာပေးပို့ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ လွှတ်တော် ဥက္ကဋ္ဌများထံ သဝဏ်လွှာ ပေးပို့ ထားကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောကြားသည်။

သစ်ခိုးထုတ်မှု ကာကွယ်ရန် ရဲတပ်ရင်းနှစ်ရင်းအား သစ်တောသို့ လွှဲပြောင်းရန် စီစဉ်

သစ်ခိုးထုတ် မှုများကို ကာကွယ် နိုင်ရန်အတွက် ရဲတပ်ရင်းနှစ်ရင်းကို သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းပေးရန် ဖွဲ့စည်းပုံကျလာပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြော သည်။ သစ်တော ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ''ပြည်ထဲရေး ဝန်ကြီးဌာနကတော့ တရားဝင် မလွှဲအပ်သေးပါဘူး။ အင်အား စုဖွဲ့ပုံပြင်ဆင်နေဆဲပဲ ရှိပါသေး တယ်။ အင်အားဘယ်လောက်ပါ မယ်ဆိုတာလဲ မသိသေးပါဘူး။ ဒီလထဲမှာတော့ ရဲဝန် ထမ်း ၁၀၀ ကို သစ်တောနဲ့ပတ်သက်တာတွေ ကို

ထောက်လှမ်းရေးတပ်မှူး ၂၂ ဦး ပြန်လွှတ်ပေးရန် သမ္မတထံ ဦးခင်ညွန့် တင်ပြ

ထောက်လှမ်းရေးတပ်မှူး ၂၂ ဦး ပြန်လွှတ်ပေးရန် သမ္မတထံ ဦးခင်ညွန့် တင်ပြ

========================================

 ထိန်းသိမ်းခံထားရသော ထောက် လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး (၁/၂ဝ၁၃) ဒုတိယ နေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်သွင်းသော နိုင် ငံတော် လုံခြုံရေးအတွက် အမျိုးသားထောက် လှမ်းရေးအဖွဲ့ကဲ့သို့ အဖွဲ့အစည်း တစ်ခုအမြန်ဆုံးဖွဲ့စည်းတာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က   ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးရေး လွှတ်တော်ကတိုက်တွန်းသည်ဆိုသည့် အဆိုနှင့်စပ်လျဉ်း ၍ ဆွေးနွေးရာတွင် ကိုယ်စားလှယ် ဦးမြင့်ကြည်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

”ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ရဲ့တပ်မှူး ၂၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတကြီးထံ တင်ပြထားတာကို တွေ့ရပါတယ်။(NIB) လိုအဖွဲ့မျိုး ပေါ်ေ ပါက် လာရင် အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်ပါမယ်။ ငါးလောင်းပြိုင် လူသတ်မှု ကိုလည်း ဖော်ထုတ်နိုင်ပါမယ်”ဟု၎င်းက ဦးကျော်၏အဆို ကို ထောက်ခံဆွေးနွေး ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခြင်းနှင့်အတူ တပ်ဖွဲ့မှာပျောက်သွား ခြင်းမျိုး မဟုတ်ကြောင်း၊ လတ်တလောဖြစ်ပွားခဲ့သည့် ဗုံးခွဲကိစ္စရပ်များမှာလည်း အခြားစီးပွားရေး ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ယှဉ်လျှင် ပင် စောစီးစွာအရေးယူနိုင်ခဲ့ကြောင်း ပြောသည်။

 ဝန်ကြီးက အမျိုးသားထောက်လှမ်းရေးအဖွဲ့ အမြန်ဆုံးဖွဲ့စည်း ရန် ပြည်ထောင်စု အစိုးရသို့ တင်ပြသွားမည်ဟုပြောကြားခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က အတည်ပြု ခဲ့သည်။

 လက်ရှိထောက်လှမ်းရေး အဖွဲ့ များ ဖြင့်နိုင်ငံတော်လုံခြုံရေးကို ဆောင် ရွက်ရာတွင် လုံလောက်မှုမရှိဟု ထင်မြင် မိကြောင်း၊ ပြည်တွင်းသို့ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာချိန် တွင် ဖျက်ဆီးမှု ကိစ္စရပ်များ ဖြစ်ပေါ်စေ ရန် ကြိုတင်သတင်းရယူရေးမှာ အရေး ကြီးပြီး မြန်မာ့နိုင်ငံရေးကို ပြန်ပြောင်း ကြည့်မည်ဆိုပါက အမျိုးသားထောက် လှမ်းရေးအဖွဲ့များကို အရေးယူလိုက် သည့် ကာလနှင့် ဆက်စပ်၍ များမကြာ မီ အချိန်၌ ဗုံးခွဲဖျက်ဆီးမှုများ ကြုံတွေ့ ရပြီး နိုင်ငံရေးအမည်းစက်များ ဖြစ်ပေါ် ခဲ့သည်ဟု ဦးကျော်က ဆိုသည်။

မြန်မာနိုင်ငံ၌ ထောက်လှမ်းရေး အဖွဲ့အစည်းကို ဖျက်သိမ်းသည့် အလေ့ အထများ ရှိခဲ့ပြီး အကြောင်းအမျိုးမျိုး ကြောင့် ဖျက်ခဲ့သိမ်းခဲ့ရသူများ၌ ၁၉၈ဝ အစောပိုင်းက တစ်ကြိမ်နှင့် ၂ဝဝ၄ ခုနှစ်တွင် တစ်ကြိမ် ဖျက်သိမ်းခဲ့သည်။ ၂ဝဝ၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံ လိုက်ရပြီးနောက် ၄င်း တပ်မတော်   ထောက်လှမ်း ရေးညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူထားသည့် တပ်မတော် ထောက်လှမ်းရေးအဖွဲ့ကိုလည်း ဖျက် သိမ်းခဲ့သည်။

ဝေမာထွန်း
ထိန်းသိမ်းခံထားရသော ထောက် လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။

ပုဇွန်တောင်မြို့နယ်မှ သိန်း(၁၀၀၀)ကျော်ခိုးသည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၅
၅.၁၁.၂၀၁၃ရက်နေ့ ၀၄၃၀အချိန် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ ဦးမောင်ကျော် (ဘ)ဦးမောင်မောင်သည် အိပ်ယာမှ ထစဉ် နေအိမ်နောက်ဖေးတံခါး ပွင့်နေပြီး ပစ္စည်းများပြန့်ကျဲနေ သဖြင့် စစ်ဆေးရာ အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းထားရှိသော စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲများပါ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ (၂၇)မျိုး၊ ငွေကျပ်သိန်း(၁၀၀)နှင့် ဆင်းကဒ်ပါ

ဘင်္ဂလီအယောက်၇၀ စီးနင်းလိုက်ပါသည့်လှေ တိမ်းမှောက်မှု အမေရိကန်သံရုံး ဝမ်းနည်းကြောင်း ထုတ်ပြန်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၃ရက်က လူ ၇၀ နီးပါးပါဝင်သည့် လှေတိမ်းမှောက်မှုကို အမေရိကန်ပြည်ထောင်စုက ဝမ်းနည်းကြေကွဲကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး က နိုဝင်ဘာ လ ၅ရက်က ထုတ်ပြန်လိုက်သည်။

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူမည်

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်ကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူမည်
Wednesday, November 6, 2013

ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေးယူ ဆောင်ရွက်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင်
ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းအကောင်အထည်ဖော်မည့် Greater Yangon Water Improvement Project အား ODA ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဂျပန်အစိုးရထံမှ ချေးငွေဂျပန်ယန်းငွေ ၂၃ ဒသမ ၆၈၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၇၄၁ သန်း) ရယူမှာ ဖြစ်ပါကြောင်း၊ အတိုးနှုန်း အနေဖြင့် ၀ ဒသမ ၀၁ ရာခိုင်နှုန်းကို ဆိုင်းငံ့ကာလ ၁၀ နှစ် အပါအ၀င် နှစ် ၄၀ စီမံကိန်းဖြင့် အကျေပြန်လည် ပေးဆပ်ရမည်ဖြစ်ကာ စီမံကိန်း လုပ်ငန်းများအား ၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အပြီးပြုလုပ် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

စီမံကိန်း ပြီးစီးပါက တစ်နေ့ရေဂါလန် သန်း ၄၀ ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး ယင်းမှ ဒဂုံမြို့သစ် လေးမြို့နယ်၊ မြို့နယ်အချို့သို့ တစ်နေ့ရေဂါလန် သန်း ၃၀ နှင့် သီလ၀ါ စက်မှုများသို့ တစ်နေ့ဂါလန် ၁၀ သန်း ဖြန့်ဝေနိုင်
မည်ဖြစ်ကြောင်း၊ ယင်းမှ ရေဖိုးရေခ ပြန်လည်ရရှိငွေဖြင့် ချေးငွေများအား အတိုးရော အရင်းပါ သတ်မှတ်ကာလအတွင်း ကော်မတီ အနေဖြင့်
 ပေးဆပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေး
ဇုန်အား ရေပေးဝေပြီး စီးပွားရေး ရေသုံးခ နှုန်းထားဖြင့် ရေတစ်ဂါလန်လျှင် ၄ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး တစ်နေ့ရေဂါလန် ၁၀ သန်း ပေးဝေ
မည်ဖြစ်ပြီး ယင်းမှ ငွေကျပ်သိန်း ၄၀ ရရှိမည် ဖြစ်သည်။

ယင်းငွေကြေးဖြင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ရေစုကန်များ ဆောင်ရွက်ခြင်း၊ လဂွန်းပြင် ရေသန့်စက်ရုံနှင့် ပိုက်လိုင်းများ သွယ်တန်းခြင်း လုပ်ငန်း စသည်တို့ကို ဆောင်ရွက်သွားမည်ဟု သိရသည်။ယင်းချေးငွေများမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရယူမည့် ယန်းသန်း ၄၂၁ နှင့် ညီမျှသော မြန်မာငွေ ၄ ဒသမ ၂၁၀ ဘီလျံကို ၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ရသုံးငွေတွင် ထည့်သွင်းတောင်းခံထားပြီး ချေးငွေရရှိရန်အတွက် JICA နှင့် သဘောတူစာချုပ် ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

eleven media group
ရန်ကုန်မြို့တော်အား ရေဖူလုံစွာ ပေးဝေနိုင်မည့် စီမံကိန်းအား ဂျပန်နိုင်ငံမှ ငွေကြေးချေး ယူ ဆောင်ရွက် မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃၈ သန်းကျော်အား အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးယူဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်ကြောင်း သိရသည်။

ဆီးဂိမ်းစ်အတွက် ဘတ်ဂျက်တောင်းခံသည့် ပညာရေး ၀န်ကြီးဌာနနှင့် ပတ်သက်၍ များစွာရှက်မိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြောကြား၊ ဒီမိုကရေစီနှင့် မကိုက်ညီသည့် လုပ်ဆောင်မှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝေဖန်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးအတွက် မဟုတ်ဘဲ အားကစားအတွက် အသုံးပြုရန် ထပ်မံတောင်းခံခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း ထို့အတွက် များစွာရှက်မိသည်ဟု ပြောကြားသည်။

Tuesday, November 5, 2013

စပိန်မြေမှာ လူမစုံပေမယ့် အနိုင်သုံးမှတ်ကို ရယူသွားဖွယ်ရှိသည့် မန်ယူနိုက်တက်

Photo: စပိန်မြေမှာ လူမစုံပေမယ့် အနိုင်သုံးမှတ်ကို ရယူသွားဖွယ်ရှိသည့် မန်ယူနိုက်တက်
Tuesday, November 5, 2013

မန်ချက်စတာ ယူနိုက်တက်သည် မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၁း၁၅ မိနစ်တွင် စပိန်အခြေစိုက် ရီးယဲလ် ဆိုချီဒက်အသင်းနှင့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၄)အဖြစ် သွားရောက်ကစားရမည်ဖြစ်သည် ။ မန်ယူနိုက်တက်သည် ဆိုချီဒက်အသင်းအား အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရယူနိုင်ထားသည် ။ ယခုဒုတိယ အကျော့တွင် မန်ယူနိုက်တက်သည် ကွင်းလယ်ကစားသမားဖြစ်သည့် ကလီဗာလေ ၊ နောက်တန်းခံစစ်မှူး ဂျော်နီ အီးဗန်း ၊ ညာအစွန်ကစားသမားဖြစ်သည့် ရာဖေးလ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမယ့် ကျန်ကစားသမားအစုံအလင့်ဖြင့် စပိန်မြေ သို့ချီတက်သွားခဲ့သည် ။

မန်ယူနိုက်တက်သည် အဆိုပါပွဲစဉ်အား အနိုင်ရရှိခဲ့မည်ဆိုပါက အုပ်စုတက်ဖို့အခွင့်အရေး သေချာသလောက်ရှိနေပြီဖြစ်ပြီး ၊ ဆိုချီဒက်အသင်းအနေနဲ့ကတော့ သုံးပွဲကစားထားရာမှာ တစ်မှတ်မှ ရရှိထားခြင်း မရှိသေးသည့်အသင်းဖြစ်သည် ။

မန်ယူနည်းပြ ဒေးဗစ် မိုယက်စ် အနေနဲ့ကတော့ အသင်းမှာ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေကြောင်း ၊ ရီးယဲလ်ဆိုချီဒက်ကိုလည်း လေးစားမှု အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကာ ရမှတ် ၁၀ မှတ်ကို သူ့ကစားသမားများအနေနှင့် ရ ယူနိုင်လိမ့်မည်ဖြစ်ကြောင်း BBC Sport ကို ပြောကြားခဲ့သည် ။

မန်ယူနိုက်၏ ဖြစ်နိုင်ဖွယ် လူစာရင်း

တိုက်စစ် - ဗန်ပါစီ ၊ ရွန်းနီ

အလယ်တန်း - ကာဂါဝါ ၊ ကာရစ် ၊ ဖယ်လိုင်နီ ၊ ဗလန်စီယာ ၊

နောက်တန်း - အီဗရာ ၊ ဗီဒစ် ၊ ဖာဒီနန် ၊ ဂျုံးစ်

ဂိုး - ဒီဂီအာ

Written by သန့်ဇော်
FOOTBALL CAFE
မန်ချက်စတာ ယူနိုက်တက်သည် မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၁း၁၅ မိနစ်တွင် စပိန်အခြေစိုက် ရီးယဲလ် ဆိုချီဒက်အသင်းနှင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄)အဖြစ် သွားရောက်ကစား ရမည်ဖြစ်သည်။ မန်ယူနိုက်တက်သည် ဆိုချီဒက်အသင်းအား အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင် ရယူနိုင် ထားသည် ။ ယခုဒုတိယ အကျော့တွင် မန်ယူနိုက်တက်သည် ကွင်းလယ်ကစားသမားဖြစ်သည့် ကလီဗာ လေ ၊ နောက်တန်းခံစစ်မှူး ဂျော်နီ အီးဗန်း ၊ ညာအစွန်ကစားသမားဖြစ်သည့် ရာဖေးလ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမယ့် ကျန်ကစားသမားအစုံအလင့်ဖြင့် စပိန်မြေ သို့ချီတက်သွားခဲ့သည် ။

Myanmar Model Fashion

Fashion Show - Myanmar Model

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အတွင်း လူစည်ကားသည့် နေ့များတွင် ကလေးသူငယ်များ ၀တ်ဆင်ထားသည့် ရွှေထည် ပစ္စည်းများ လုယက်ခံရမှုနှင့် ရန်ဖြစ်မှုများ မကြာခဏ ဖြစ်ပွား

ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူ ငယ်များဝတ်ဆင် ထားသည့် ရွှေထည်ပစ္စည်း များ လုယက်ခံရမှုများနှင့် ရန်ဖြစ်မှုများမကြာ ခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

အပျိုဂုဏ်ကို လေလံတင်ခဲ့သည့် ရုရှား ဆယ်ကျော်သက် မိန်းကလေး

အသက်(၁၈)နှစ်သာ ရှိသေးပြီး အမည်မဖော်ပြသည့် မိန်းကလေးသည် အင်တာနက်မှတစ်ဆင့် မိမိ၏ အပျိုရည်ကို လေလံတင်ထားခြင်း ဖြစ်သည်။

ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ

ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ ကြောင်း သတင်းများအရသိရ သည်။ နေရာ အတည်တကျမနေ ဘဲ လှည့်လည်သွားလာနေတတ် သော ဘရာဇီးမျိုးစိတ်ပင့်ကူများ ကို အမေရိကန် အလယ်ပိုင်းနှင့်တောင်ပိုင်းနှင့် ပုန်းခိုနေနိုင်ရန် ငှက်ပျောပင်များ တွင်လည်း နေထိုင်ကြောင်းသိရပြီး တခြားသော နေရာများတွင်လည်း တွေ့ရတတ် သည်။ 

မိန်းကလေးငယ်အား အဓမ္မကျင့်ရန် ကြံစည်ခဲ့သူကို ရဲများက ဖမ်းဆီးရမိ

နိုဝင်ဘာ ၂ရက်၊ ၂၀၁၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း အသက် ၁၁အရွယ်မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူတစ်ဦးကို ယမန် နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသွားပြီဖြစ်ကြောင်း ပြည်နယ် ရဲမှူးကြီး ဦးစိန်လွင်က ကေအိုင်စီသို့ အတည်ပြု ပြောဆို သည်။

Yu Thandar Tin

ရခိုင်ပြည်နယ်ရှိ NGO နှင့် INGO များ မျှမျှတတ လုပ်ဆောင်ရန် ဝန်ကြီးချုပ် သတိပေး

လူ့အဖွဲ့အစည်း နှစ်ခုကြား ခွဲခြား ဆက်ဆံသည်ဟုဆိုကာ ဆန္ဒပြ ကန့်ကွက် ခံနေရသည့် ရခိုင်ပြည်နယ်ရှိ NGO နှင့် INGO များ လူ့အဖွဲ့အစည်းနှစ်ခု အတူတကွ နေထိုင်နိုင်ရေးအတွက် လူသားချင်း စာနာသည့် အကူအညီများ ပေးရာတွင် ပွင့်လင်းမြင်သာမှု ရှိရန်နှင့် မျှတမှုရှိရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြော ဆိုကြောင်း ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

ရန်ကုန်မြို့၏ကတ္တရာလမ်းများကို လူအင်းအားသုံးပြုပြင်ခြင်းအစား လမ်းခြစ်စက်များဖြင့်ပြုပြင်နေ

လက်ရှိပြုလုပ်နေသည့် လူများနှင့် လမ်းပြင်ခြင်းအစားကတ္တရာလမ်းများကို လမ်းခြစ်စက်များ အသုံးပြု၍ ပြုပြင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရှိ လက်တစ်ဆုပ်စာ လူတစ်စု၏ ပိုင်ဆိုင်မှု လွန်စွာမြင့်တက်နေပြီး ၉၉ ရာခိုင်နှုန်းကျော်သော ပြည်သူများ ၀င်ငွေခွဲဝေမှုထက် ပိုင်ဆိုင်မှု မမျှတသည့် ပြဿနာကို ရင်ဆိုင်နေရကြောင်း စီးပွားရေး ပညာရှင်များ သုံးသပ်

မြန်မာနိုင်ငံတွင်ရှိသော လက်တစ်ဆုပ်စာ လူတစ်ခု၏ ပိုင်ဆိုင်မှု မတရားမြင့်တက်နေပြီး ၉၉ ရာခိုင်နှုန်းကျော်သော ပြည်သူများ ၀င်ငွေခွဲဝေမှုထက် ပိုင်ဆိုင်မှု မမျှတသည့် ပြဿနာကို ရင်ဆိုင်နေရပြီး အများစုမှာ နေစရာမြေပင် မရှိတော့ကြောင်း နိုဝင်ဘာ ၃ ရက်က မေခဆောင် ဖောင်ဒေးရှင်း ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသော Economic Forum တွင် စီးပွားရေး ပညာရှင်များက သုံးသပ် ပြောကြားခဲ့ကြသည်။

ရန်ကုန်တိုင်းအစိုးရက လာမည့် ဘတ်ဂျက်ကျပ်ငွေ ၃၃၄ ဘီလီယံကျော် သုံးစွဲရန် လွှတ်တော်သို့ တင်ပြ

လက်ရှိအစိုးရ၏ နောက်ဆုံးသက်တမ်းဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက်ငွေ ၃၃၄ ဘီလီယံကျော်ကိုသုံးစွဲရန် ရေးဆွဲလျာထားကြောင်း ရန်ကုန်တိုင်း လွှတ်တော်အထူးအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးက တင်ပြခဲ့ သည်။

ရွှေဘောလုံးလောင်းကစားဒိုင် ကြို့ပင်ကောက်တွင်ဖမ်းလိုက်ပြီ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့တွင်(၁.၁၁.၂၀၁၃)နေ့ည(၈း၀၀)အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ရဲအကူတပ်ခွဲ မှုခင်းအကူဌာနစုမှ ဒုရဲအုပ်ထွန်းလင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူကြို့ပင်ကောက်မြို့၊ဦးလူကလေးလမ်း၊စက်တိုင်ကုန်းရပ်ကွက် ဦးအိုင်းရစ်(၃၉)နှစ်၊

သတင်းမီဒီယာဥပဒေကြမ်းအရေးယူမှုပိုင်းတွင် နားလည်မှုလွဲနေဟုဆို

ပြည်သူ့လွှတ်တော်က ယမန်နေ့ကအတည်ပြုလိုက်သည့် သတင်းမီဒီယာဥပဒေကြမ်းသည် အရေးယူမှု အပိုင်း၌ နားလည်မှုလွဲမှားနေကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်



Photo: ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Tuesday, November 5, 2013

ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားမထားဟု ထင်မြင်မိကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲ လိုပါက ပြည်သူလူထု၏အသံ၊ ဆန္ဒကို ရယူရမည် ဖြစ်ကြောင်း၊ လူအများစု လက်မခံနိုင်သော်လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုး ရှိမည်ဆိုပါက အမုန်းခံ ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးဆိုရိုး ရှိသော်လည်း ယခုလျှပ်စစ်မီးကဲ့သို့ ပြည်သူလူထု နိစ္စဓူဝ ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒ၊ သဘောထားကို ရယူရန် လိုအပ်ကြောင်း ပြောကြားသည်။

''မီတာခကို အကြောင်းကြောင်းကြောင့်၊ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကြောင့်၊ အကြောင်း ခိုင်ခိုင်လုံလုံ ရှိပြီးတော့ တိုးသင့်တယ်ဆိုရင် ပြည်သူကို ရှင်းပြရမယ်။ ဒီလို ဒီလို အခြေအနေတွေ ရှိတယ်။ ဒါကြောင့် ဒီလို ဒီလိုတော့ လုပ်ရလိမ့်မယ်။ ရေရှည်မှာတော့ ပြည်သူတွေက ဒီလို ဒီလိုတော့ အနစ်နာခံရ လိမ့်မယ်။ သို့ပေသော်လည်း တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် သည်းညည်းခံပြီး ၀ိုင်းဝန်းကူညီရမယ်။ ဒီလောက်တော့ မပြောဘဲနဲ့ မလုပ်ရဘူး။ ဒီလိုမရှင်းပြဘဲ လုပ်တာတော့ အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့ အငွေ့အသက် မကုန်သေးဘူးလို့ဘဲ ပြောရမှာဘဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မိမိ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည် ယူဆချက် ခိုင်မာပါက ပြည်သူအား တင်ပြသင့်ကြောင်း၊ အတိုက်အခံ ပြုလုပ်လာပါက နားလည်သဘောပေါက်ရန် ရှင်းပြရန် လိုအပ်ကြောင်း၊ အများက လက်မခံသော်လည်း မိမိ၏အတွက် အချက်အရ တိုင်းပြည်၏ အကျိုးဖြစ်ထွန်းမည်ဟု ထင်မြင်ပါက မိမိ၏ ရပ်တည်ချက်ဘက်က ရပ်တည်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး အကျိုးဆက်ကို မိမိသာ ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်ပါက ယင်းကဲ့သို့ ပြုမူဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို နိုဝင်ဘာလမှစ၍ တိုးမြှင့်မည်ဟု အောက်တိုဘာ ၂၉ ရက်တွင် အစိုးရ သတင်းစာများ မှတစ်ဆင့် ကြေညာခဲ့သည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိအတွက် ယခင်ဈေးနှုန်း အတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ယူနစ် ၅၀၀၀ အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရ ဌာနရုံးသုံး အတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီးပြောင်းလဲ ကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လတ်တလောတွင် ပြန်လည်လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်များကို ပြောကြားသည်။

Eleven Media Group 

နိုဝင်ဘာ ၄ ရက်က မီဒီယာသမားများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားပေးနေစဉ်
ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက်မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို ဆရာဝန်များ၏ စစ်ဆေးချက်ပေါ်မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထား

ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးကာ သေဆုံးစေခဲ့သော ရာဇဂ္ဂသီရိပစ္စယဂဇရာဇာ ဆင်ဖြူတော်ကို ကျွမ်းကျင်သော ဆရာဝန်များ၏ စစ်ဆေးချက်ပေါ် မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထိန်းသိမ်း ထားသေးကြောင်း ရတနာဆင်ဖြူတော် ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့သည်