
Written by: ဝေလင်းအောင်၊ အောင်ကျော်ထက်
ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် မြေအသိမ်းခံရမှုနှင့်ပတ်သက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသည့် မိချောင်းကန် ပြည်သူများအား သက်ဆိုင်ရာမှ ကတိက၀တ်ခံ၍ ညှိနှိုင်းဆောင်ရွက်ပေးမှု မရှိပါက သင်္ကြန်ကာလအတွင်းပါ ဆန္ဒပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဆန္ဒပြသူများ၏ ပြောပြချက်အရ သိရသည်။
လက်ရှိအချိန်ထိ သက်ဆိုင်ရာမှ တိကျသေချာသည့် ညှိနှိုင်းဆောင်ရွက်မှု မရှိသေးသဖြင့် မြေသိမ်းခံရသူများ သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေရခြင်းဖြစ်ပြီး ဧပြီ ၅ ရက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း

















