Telenor မှ စတင်ရောင်းချမည့် မိုဘိုင်းဖုန်း တစ်ဦးချင်း အင်တာနက်သုံး စွဲနိုင်မှုမြန်နှုန်း 1M ရရှိမည်ဟု ယင်းကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg ကပြော သည်။
” 1M ဆိုပေမယ့် တစ်နေရာနဲ့ တစ်နေရာတော့ speed နည်းနည်း ကွာခြား မှာပါ။ တာဝါတိုင်နဲ့ နီးတဲ့အပိုင်းမှာ မြန်နှုန်းပိုကောင်းသလို တာဝါတိုင် နဲ့ ဝေးတဲ့နေ ရာတွေ မှာမြန်နှုန်း အတက်အကျ ရှိနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
ကွန်ရက် ဖြန့်ကြက်မှု အနေဖြင့် တစ်ပြေးညီ လုပ်ဆောင် သွား မည် ဖြစ်ကြောင်း၊ အင်တာနက် သုံးစွဲမှု အတိုင်းအတာ အပေါ် မူတည်၍ အင်တာနက် စနစ်အတွက် International Gateway ကို ငှားရမ်းခြင်း အပြင်လိုအပ်ပါက Bandwidth ကို တိုးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
”လက်ရှိ အခြေအနေအရတော့ အင်တာနက် လိုင်းကို မြန်မာပြည်မှာရှိတဲ့ လိုင်းနဲ့ပဲ ချိတ်ဆက်သွားမှာပါ။ နောက်ပိုင်းတော့ ပြည်ပနိုင်ငံတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။


၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၉ရက်မှ ၂၃ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် အာရှ အသက် ၁၉နှစ်အောက် ဘောလုံးပြိုင်ပွဲ အ
ရန်ကုန်၊ ယာဉ်မတော်တဆမှုများဖြစ် ပွားနေသည့် ရန်ကုန်-မန္တလေး အမြန်
လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်နေသူများကို ပိုမိုအရေးယူ
နိုင်ရန် အမြန်

