Friday, January 16, 2015

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် စာရေးဆရာထင်လင်းဦး၏ ငါးကြိမ်မြောက် ရုံးချိန်းအပြီးတွင် ဦးထင်လင်းဦးက သံဃာတော်များအား ကန်တော့တောင်းပန်

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ -က၊ ၂၉၈ တို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသည့် စာရေးဆရာ ဦးထင်လင်းဦး၏အမှုအား ငါးကြိမ်မြောက်ရုံးချိန်းအဖြစ် ဇန်နဝါရီ ၁၅ ရက်တွင်စစ်ဆေးခဲ့ပြီးနောက် အာမခံလျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ထပ်မံပယ်ချခဲ့ပြီး အမှုရုံးချိန်းအပြီးတွင် စာရေးဆရာ ဦးထင်လင်းဦးက သံဃာတော်များအား ကန်တော့တောင်းပန်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘာသာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က၊ ၂၉၈ တို့ဖြင့် ချောင်းဦးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် စာရေးဆရာဦးထင်လင်းဦး၏ ငါးကြိမ်မြောက်ရုံးချိန်းအပြီးတွင် စာရေးဆရာဦးထင်လင်းဦးက ချောင်းဦးမြို့မရဲစခန်းအတွင်းရှိ ဓမ္မာရုံတွင် ချောင်းဦးမြို့နယ် သံဃနာယကဥက္ကဠဦးဆောင်သော ဆရာတော်များအား ကန်တော့တောင်းပန်မှုများ ပြုလုပ်ခဲ့ပြီး

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) စနစ်အား နိုင်ငံခြားသားများထက် မြန်မာနိုင်ငံသားဟောင်းများ ပြန်လည်လျှောက်ထားလိုခြင်း ပိုများ


နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) စနစ်အား နိုင်ငံခြားသားများထက် မြန်မာနိုင်ငံသားဟောင်းများမှ ပြန်လည်လျှောက်ထားလိုခြင်း ပိုမိုများပြားနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်(PR)စနစ်အားခွင့်ပြုရန် လျှောက်လွှာပုံစံများအား အခမဲ့ထုတ်ပေးလျက်ရှိသည်။

တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဇန်န၀ါရီ ၁၅ ရက်က ဖားကန့်ဒေသ၌ ပြင်းထန်သည့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်စဉ်အနီးမှ ဒေသခံ ၂၀၀၀ ခန့် ပိတ်မိနေ



တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေတို့ အကြား ဇန်နဝါရီ ၁၅ ရက်တွင် ဖားကန့်ဒေသ၌ ပြင်းထန်သည့်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်စဉ်အနီးများမှ ဒေသခံ ၂ဝဝဝ နီးပါးခန့် ပိတ်မိနေကြောင်း သိရသည်။


ဇန်နဝါရီ ၁၄ ရက်က ကေအိုင်အေတပ် မဟာ (၁) လက်အောက် တပ်ရင်း (၆) တည်ရှိရာ ဖားကန့်လမ်းကြောင်းတွင် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအား ကေအိုင်အေတပ်ဖွဲ့ဝင် များက တားဆီးခဲ့ပြီး အဆိုပါဝန်ကြီး၏ လုံခြုံရေးလိုက်ပါဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၁၅ ရက် နံနက် ၆ နာရီခန့်တွင် ကေအိုင်အေ တပ်ရင်း (၆)တည်ရှိရာ ဖားကန့်မြို့အရှေ့မြောက်ဘက်ရှိ တန်းဂေါင်(အောင်ဘာလေ) ရွာအနီးတွင် နှစ်ဖက်အကြား ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးအုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သော လက်နက်ကိုင်လူတစ်စု မဖမ်းမိသေး


ကျောက်မဲမြို့မှ ပြည် ခိုင်ဖြိုးပါတီဝင် ကျေးရွာအုပ်ချုပ် ရေးမှူးကို သေနတ်ဖြင့် ပစ်သတ် ကာ မီးရှို့ခဲ့သည့် လက်နက်ကိုင် လူတစ်စုကို ဖမ်းဆီးနိုင်ခြင်းမရှိ သေးကြောင်း သတင်းရရှိသည်။

လက်နက်ကိုင်လူတစ်စုက သေနတ်ဖြင့် ပစ်ပြီး မီးရှို့သတ်ခံရ သူမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး၊ ပြည်ခိုင်ဖြိုးပါတီဝင် အသက် (၅၉) နှစ်အရွယ်ရှိ ဦးချင်းရွတ်ဆိုသူ ဖြစ်သည်။ ၎င်းသည် သားဖြစ်သူ နှင့်အတူ ဇန်န၀ါရီ ၉ ရက်က နောင်ပိန်ကျေးရွာသို့ ပြောင်းဖူးစေ့ရောင်းရန် ဆိုင်ကယ်ဖြင့် သွား ရောက်စဉ် လမ်းခရီး၌ ပျောက်ဆုံး ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းတံခါး ကျောက်ခဲဖြင့် ပစ်ပေါက်သော စိတ်မနှံသူကို ရွာသာကြီးသို့ပို့


Photo: ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းတံခါး ကျောက်ခဲဖြင့် ပစ်ပေါက်သော စိတ်မနှံသူကို ရွာသာကြီးသို့ပို့

ဇန်န၀ါရီလ ၁၆ ရက်၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံအမှတ်(၅၄) ခြံတံခါး ကို စိတ်မနှံ့သော လူတစ်ဦးက ကျောက်ခံဖြင့် ပစ်ပေါက်မှု ဖြစ်ပွားရာ တံခါးကျိုးပဲ့သွားပြီးစိတ်မနှံ့သူအား ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၅ ရက် နေ့လယ် ၂ နာရီအချိန်တွင် ရွာသာကြီးစိတ် ကျန်းမာရေးဆေးရုံမှ ဆေးလက် မှတ်နှစ်ကြိမ်ရရှိထားသော မရမ်းကုန်းမြို့နေ အသက် (၆၀)နှစ် အရွယ် ဦးအောင်တိုးက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ်(၅၄) တံခါးကို ခဲဖြင့်ပစ်ပေါက်ခဲ့ ခြင်းဖြစ်သည်။

ခဲဖြင့် ပစ်ပေါက်သော ဦးအောင်တိုးကို ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေး ခေါင်းဆောင်ဦးနီက အမှုဖွင့် အရေးယူဆောင်ရွက်ခြင်း မပြုလုပ်လိုကြောင်း ဗဟန်းမြို့ နယ်ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့ဒုရဲအုပ်မျိုးဝင်းဦးက ပြောသည်။

‘‘ခဲနဲ့ပစ်ပေါက်လို့ ရှေ့တံခါး မှန်ကွဲသွားပါတယ်။ သူ့ကို စစ် ဆေးတော့ စိတ်ကျန်းမာရေးဆေး ရုံက နှစ်ကြိမ်လက်မှတ်ရထားတဲ့ သူ ဖြစ်တယ်။ ကားမောင်းနေတဲ့ သားနဲ့ ထမင်းချက်နေတဲ့ မိန်းမကိုခေါ်တာမလာလို့ စိတ်တိုပြီး ခဲနဲ့ပေါက်လိုက်တာလို့ ပြောတယ်။ အဲဒါကြောင့် သူ့ကိုရွာသာကြီးကို ပြန်ပို့ဖို့ လုပ်နေပါတယ်’’ ဟု ဒုရဲအုပ်မျိုးဝင်းဦးက ပြောသည်။

‘‘တံခါးကို ပစ်ပေါက်ခံရ တာ ဟုတ်ပါတယ်။ စိတ်မနှံ့တဲ့သူ တစ်ယောက်က ပစ်ပေါက်သွား တာပါ’’ ဟု ဒေါ်အောင်ဆန်းစု ကြည်နေအိမ်ခြံအမှတ်(၅၄)မှ လုံ ခြုံရေးတာဝန်ရှိသူတစ်ဦးက ပြော သည်။

ခဲဖြင့် ပစ်ပေါက်မှုကြောင့် သစ်သားဖြင့် ပြုလုပ်ထားသော တံခါး၏ အနံ ၅ လက်မ၊ အလျား ၉ လက်မခန့် ပေါက်ပြဲပျက်စီးသွားခဲ့သည်။

ခဲဖြင့်ပစ်ပေါက်ခံရ၍ ကျိုးပဲ့သွားသော တံခါးပေါက်တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံအမှတ်(၅၄) ခြံတံခါး ကို စိတ်မနှံ့သော လူတစ်ဦးက ကျောက်ခံဖြင့် ပစ်ပေါက်မှု ဖြစ်ပွားရာ တံခါးကျိုးပဲ့သွားပြီးစိတ်မနှံ့သူအား ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၅ ရက် နေ့လယ် ၂ နာရီအချိန်တွင် ရွာသာကြီးစိတ် ကျန်းမာရေးဆေးရုံမှ ဆေးလက် မှတ်နှစ်ကြိမ်ရရှိထားသော မရမ်းကုန်းမြို့နေ အသက် (၆၀)နှစ် အရွယ် ဦးအောင်တိုးက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံအမှတ်(၅၄) တံခါးကို ခဲဖြင့်ပစ်ပေါက်ခဲ့ ခြင်းဖြစ်သည်။

ခန္တီးမြို့နယ်တွင် သားက အဖေကို သတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးမြို့နယ်ရှိ နန်စီပွန်ကျေးရွာတွင် ဖခင်ဖြစ်သူကို သားက ဓားဖြင့်ခုတ်သတ်မှုတစ်ခု ဇန်န၀ါရီ ၁၃ ရက် ညနေက ဖြစ်ပွားခဲ့ကြောင်း ခန္တီးမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။

မိခင်ဖြစ်သူအား ရိုက်နှက် သည်ကို မကျေနပ်ရာမှ အရက်သောက်ထားသည့်အသက်(၃၀) အရွယ် သားက အသက်(၅၀) အရွယ် ဖခင်ကို ဓားဖြင့်ခုတ်သတ် ခြင်းဖြစ်သည်ဟုဆိုသည်။ ယင်း သတင်းမှာ ဒေသခံများကြား ပျံ့နှံ့ခဲ့ပြီး ဓားဖြင့် ခုတ်သတ်ရုံ သာမက အသည်းကိုပါ ထုတ်စား ခဲ့သည်ဟု ဒေသခံများအကြား ကောလာဟလပျံ့နှံ့ခဲ့သည်။

သီလရှင်ဆရာလေးများ၏ ကပြတင်ဆက်ခြင်း ဗီဒီယိုဖိုင်မှာ ယဉ်ကျေးလိမ္မာဆရာဖြစ် မွမ်းမံသင်တန်းတစ်ခုမှဟုဆို

ရန်ကုန် - ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့ ခဲ့သည့် သီလရှင်ဆရာလေး ၁၀ ပါးယိမ်းသရုပ်ဖော်အဖြစ် သံပြိုင်သီ ဆို၍ ခြေဟန်လက်ဟန်ဖြင့် ကပြ တင်ဆက်ခြင်း ဗီဒီယိုဖိုင်သည် မန္တလေးမြို့ မန်းရေတံခွန်တောင် ရှိ သစ္စဝေဒဂူရိပ်သာတွင် ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာဆရာဖြစ်မွန်းမံသင်တန်းမှ ဗီဒီယိုဖိုင်ဖြစ် ကြောင်း အဆိုပါသင်တန်းဆင်းပွဲ သို့ တက်ရောက်ခဲ့သည့် မန္တလေး မြို့ ၀ါခင်းကုန်း ငြိမ်းချမ်းရေး ပရိပတ္တိ စာသင်တိုက်မှ ဆရာတော်ဦးနရပတိက မိန့်ကြားသည်။

Thursday, January 15, 2015

တိုင်းပြည်နှင့်လူမျိုးအကျိုးကို ဦးတည်သည့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေချင်ပါသည်

မိမိတို့နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေးပြဿနာများကို အဖြေရှာကြမည်ဟူသော ကြွေးကြော်သံမှာ ယခုတလော ရှေ့တန်းကို ပိုပြီးရောက်လာနေသည်ဟု ဆိုရပါမည်။ ကောင်းပါသည်။ ကြိုဆိုရမည်သာ ဖြစ်ပြီး မင်္ဂလာရှိသော ကြွေးကြော်သံ အဖြစ်လည်း သံသယဖြစ်စရာ မရှိပါ။

သို့သော် တွေ့ဆုံဆွေးနွေးပွဲ ပုံသဏ္ဌာန်များက ရှုပ်ထွေးနေသည်ဟု ယူဆရပါသည်။ ဆွေးနွေးပွဲများ အတွက် ဦးဆောင်ဆွေးနွေးဖို့ ကြိုးစားသည့် အဖွဲ့အစည်းများ ပုဂ္ဂိုလ်များကလည်း အမျိုးမျိုးဖြစ်နေသည်။ ပို၍ ဆိုးသည်မှာ တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ဦးစီးဦးရွက်ပြုပြီး ပြုလုပ်သည့် တွေ့ဆုံ ဆွေးနွေးပွဲကို ကျန်သူများက ပြတ်သားရှင်းလင်းစွာ သဘောထားမပေးဘဲ၊ မိမိတို့ကလည်း နောက်ထပ် ဆွေးနွေးပွဲတစ်ခုကို ဦးဆောင်ဦးရွက်ပြုဖို့ ကြိုးစားနေကြသည့်ကိစ္စမှာ ပြည်သူများ နားလည်ရ ပိုမိုရှုပ်ထွေးအောင် လုပ်နေသလို ဖြစ်နေသည်ဟု ယူဆရပါမည်။ ဥပမာ ပေးရလျှင် မိမိတို့တိုင်းပြည် တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုများမှာ ကျစ်လျစ်သိပ်သည်းပြီး ရိုးသားမှု အခြေခံအားနည်းသည့်အတွက် တစ်တော တစ် ကြက်ဖတွန်သလိုများ ဖြစ်နေသလားဟု မေးခွန်းထုတ်ရမလို ဖြစ်နေသည်။

မိမိတို့ပြည်သူများသည် နှစ်ပေါင်း ခြောက်ဆယ်ကျော် အနာ့ပဆုပ်လိုဖြစ်နေခဲ့သည့် တိုင်းပြည် နိုင်ငံရေး ပြဿနာများကို တစ်ကြိမ်တည်း တစ်နှစ်တည်းနှင့်တော့ ဖြေရှင်းလို့ မရနိုင်သည်ကို သိကြပါသည်။ သို့သော် နိုင်ငံရေးပြဿနာများကို အဓိက ဦးဆောင်ဖြေရှင်းကြရမည့်၊ ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမည့်သူများသည် ပြည်သူတို့၏မျက်နှာ၊ တိုင်းပြည်မျက်နှာကိုငဲ့ကာ ရိုးသားပွင့်လင်း ရှင်းလင်းဖို့တော့ အမှန်တကယ်လိုအပ်ပါသည်။ ဦးဆောင်ဆွေးနွေး အဖြေရှာကြမည့် ခေါင်းဆောင်များ ရိုးသားဖြူစင်မှု တိုင်းပြည်အပေါ် စေတနာထားမှုနှင့် ပွင့်လင်းမြင်သာမှုအပေါ် မူတည်ကာ မိမိတို့တိုင်းပြည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လျင်မြန်စွာ အောင်မြင်လာနိုင်မည်သာ ဖြစ်သည်။

ယခုဆိုလျှင် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ အဆိုတင်မှုများကလည်း ပုံသဏ္ဌာန် အမျိုးမျိုး ဖြစ်လာနေသည်။ တစ်နေရာက သည်လို ဆွေးနွေးသင့်သည်ဟု အဆိုတင် သွင်းချိန် နောက်တစ်နေရာက အခြား ဆွေးနွေးမှု ပုံသဏ္ဌာန်ကို ဇွတ်အတင်းရွေးချယ်ကာ ဆွေးနွေးပွဲကျင်းပဖို့ ကြိုးစားလာသည်။ သည်လိုနှင့် နှစ်ပွင့်ဆိုင်၊ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်၊ ဆယ့်နှစ်ပွင့်ဆိုင်၊ ဆယ့်လေးပွင့်ဆိုင်၊ အခုတော့ လေးဆယ့်ရှစ်ပွင့်ဆိုင် အစ ရှိသဖြင့် အင်မတန် ရှုပ်ထွေးပြီး အများပြည်သူ မကြည်ညိုနိုင်လောက်အောင်၊ မလေးစားနိုင်လောက်အောင် ဆွေးနွေးမှုပုံသဏ္ဌာန်များ အမျိုးမျိုးဖြစ်လာသည့်အတွက် မိမိတို့ခေါင်းဆောင်များအတွင်း ရိုးသားမှုမှ ရှိပါသေး၏လောဟု မေးခွန်းထုတ်ရမလို အရုပ်ဆိုး အကျည်းတန်လာခဲ့ရပါသည်။

တွေ့ဆုံဆွေးနွေးမှုများ၏ ဦးတည်ချက်မှာ တိုင်းပြည်နှင့် လူမျိုးအကျိုးကို ရည်ရွယ်ပြီး မိမိတို့အတွင်း ရှုပ်ထွေး လျက်ရှိသော၊ ပဋိပက္ခဖြစ်လျက်ရှိသော ပြဿနာများကို ငြိမ်းချမ်းသည့်နည်းဖြင့် အဖြေရှာကြရန်ဖြစ်သည်။ အနှစ်သာရမှာ ရှုပ်နေသည်များကို ရှင်းအောင် ဆောင်ရွက်ကြရန်ဖြစ်သည်။ ပဋိပက္ခများကို ငြိမ်းစေရန်၊ လျော့ပါးစေရန် ဖြစ်သည်။ ယခုလို တစ်တောတစ်ကြက်ဖတွန်သည့်သဘော သူတလူ ငါတစ်မင်း တွေ့ဆုံ ဆွေးနွေးဖို့ကြိုးစားနေကြခြင်းသည် အပြန်အလှန် မယုံသင်္ကာဖြစ်မှုနှင့် အပြန်အလှန်လက်ဦးမှုယူရေး ဟူသည့် မူလဦးတည်ချက်ပျောက်စေသည့် အကျိုးရလဒ်များကိုသာ ဖိတ်ခေါ်ရာရောက်ပါသည်။ရှင်း အောင်ကြိုးပမ်းရာမရောက်ဘဲ ပိုမိုရှုပ်ထွေးစေသည့် တွေ့ဆုံဆွေးနွေးပွဲများသာ ဖြစ်လာနိုင်ပါသည်။

ထို့ကြောင့် မိမိတို့တိုင်းပြည်တာဝန်ရှိသူများသည် တွေ့ဆုံဆွေးနွေးပွဲများကို တိုင်းပြည်နှင့်လူမျိုးအကျိုး မျက်မှောက်ပြု ဦးတည်သည့် တွေ့ဆုံဆွေးနွေးပွဲ ပုံသဏ္ဌာန်များဖြစ်အောင် ကြိုးပမ်းကြဖို့ လိုအပ်ကြောင်းနှင့် မိမိတို့ပြည်သူများကလည်း မိမိတို့တိုင်းပြည်တွင် စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး လူထု နည်းလူထုဟန်ဖြင့် ဝိုင်းဝန်းတွန်းအားပေးကြဖို့ လိုအပ်ကြောင်း တိုက်တွန်း လိုက်ရပါသည်။

Mizzima

ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေ ဖမ်းဆီးထိန်းသိမ်းထား


ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးတစ်ဦးနှင့်လိုက်ပါ လာသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖားကန့်ဒေသ ဂွေခါမှော်လမ်းပိုင်း တွင် ကေအိုင်အေက ဖမ်းဆီး ထိန်းသိမ်းထားသည်။

ဖားကန့်မှ မြစ်ကြီးနားသို့ သွားရောက်သည့် ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးက မန်းဒူးနော်နှင့်အတူ လုံခြုံရေး လိုက်ပါလာသော ရဲတပ်ဖွဲ့ ၀င်သုံးဦးကို ဇန်န၀ါရီ ၁၄ ရက် နေ့လယ်က ကေအိုင်အေတပ်ရင်း (၆) က ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သတင်းရရှိသည်။

သာသနာညှိုးနွမ်းစေမှုဖြင့် စွဲဆိုထားသည့် VGustro Bar အမှု တရားခံပြသက်သေများကို စစ်ဆေး

Photo: သာသနာညှိုးနွမ်းစေမှုဖြင့် စွဲဆိုထားသည့် VGustro Bar အမှု
တရားခံပြသက်သေများကို စစ်ဆေး

ဇန်န၀ါရီလ ၁၅ ရက်၊ ၂၀၁၅

ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ်ရှိ VGustro Bar ကြော်ငြာအား ဗုဒ္ဓပုံတော် အသုံးပြုခဲ့သည့်အတွက် တ ရားစွဲဆိုခံထားရသည့်အမှုအား ဇန်နဝါ ရီ ၁၂ ရက်တွင် ငါးကြိမ်မြောက် စစ်ဆေး သည့်ရုံးချိန်းတွင် တရားခံပြသက်သေ နှစ်ဦးနှင့် တရားလို သက်သေတစ်ဦးတို့ အား စစ်ဆေးခဲ့သည်။

တရားလိုပြ သက်သေနှစ်ဦးဖြစ် သည့် နယူးဇီလန်နိုင်ငံသား မစ္စတာဖီး လစ်၏ဇနီးနှင့် မိတ်ဆွေတို့က တရားစွဲ ဆိုခံထားရသည့် နယူးဇီလန်နိုင်ငံသား မစ္စတာဖီးလစ်မှာ ဗုဒ္ဓဘာသာဝင်များအား လေးစားတတ်သူဖြစ်သည့်အတွက် ၄င်း ၏လုပ်ရပ်မှာ ရည်ရွယ်ချက်ရှိရှိ စော်ကား ခြင်းမဟုတ်ကြောင်း ထွက်ဆိုကြသည်။

''မစ္စတာဖီးလစ်က လမ်း ၅ဝ ဗိုလ် တထောင်ဘားမှာလဲ မန်နေဂျာလုပ်လာ တဲ့သူပါ။ အလှူအတန်းတွေကိုလဲ တတ် နိုင်သလောက် လုပ်လေ့ရှိသူ တစ်ဦးပါ။ ကျွန်တော်က လိုက်မယ့်လူမရှိလို့ အမှု လိုက်တာပါ''ဟု မစ္စတာဖီးလစ်၏ ရှေ့ နေ ဦးမြသွေးက ပြောသည်။

မစ္စတာဖီးလစ်၏ဇနီး ဖိလစ်ပိုင်နိုင်ငံ သူ နိုမီအယ်မိုးတို့သည် လွန်ခဲ့သည့်သုံး နှစ်ခန့်က မြန်မာနိုင်ငံ၌ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ မြန်မာနိုင်ငံသို့လာရခြင်း မှာ မြန်မာပြည်၏ လူနေမှုစရိုက်နှင့် ဗုဒ္ဓ ဘာသာဝင်များ၏ စိတ်နေသဘောထား ကို သဘောကျ၍ လာရောက်ခြင်းဖြစ် သည်ဟု လျှောက်လဲချက် ပေးခဲ့သည်။

ယခင် Standard အမည်ရှိ VGustro Bar ဆိုင်၏ ကြော်ငြာအား နားကြပ်တပ်ထားသည့် ဗုဒ္ဓပုံတော်ဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက် နံနက် ပိုင်းက အွန်လိုင်းတွင် တင်ခဲ့သည့် အတွက် ယင်းနေ့ ည ၇ နာရီခွဲတွင် ဘားဆိုင်မှ တာဝန်ရှိသူတို့အား ဗဟန်းရဲစခန်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဗဟန်းရဲစခန်းက ကြော်ငြာဖန်တီးခဲ့သူ ဘားဆိုင်မှ အထွေ ထွေမန်နေဂျာဖြစ်သူ နယူးဇီလန်နိုင်ငံ သား မစ္စတာဖီးလစ်အား သာသနာညှိုး နွမ်းစေမှု ပုဒ်မ ၂၉၅၊ သာသနာညှိုးနွမ်း စေမှုအား ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ် ဆောင်ခြင်း ပုဒ်မ ၂၉၅(က)၊ ဆိုင်ပိုင်ရှင် ကို ထွန်းသူရိန်နှင့် မန်နေဂျာကိုထွဋ်ကို ကိုလွင်တို့ နှစ်ဦးအား သက်ဆိုင်ရာအာ ဏာပိုင်များက ချမှတ်ထားသည့် စည်း ကမ်းချက်များအား ဖောက်ဖျက်ခြင်း ပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲထားခြင်းဖြစ်သည်။

ဗဟန်းမြို့နယ် တရားရုံး၌ ဇန်နဝါ ရီ ၂၂ ရက်တွင် စစ်ဆေးမည့် ခြောက် ကြိမ်မြောက် ရုံးချိန်းတွင် ဗဟန်းမြို့နယ် စခန်းမှူးနှင့် VGustro Bar ဆိုင်ပိုင်ရှင် ၏ သက်သေများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားရုံးမှ သိရသည်။

TheYangonTimes

Yangon Media Group
ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ်ရှိ VGustro Bar ကြော်ငြာအား ဗုဒ္ဓပုံတော် အသုံးပြုခဲ့သည့်အတွက် တ ရားစွဲဆိုခံထားရသည့်အမှုအား ဇန်နဝါ ရီ ၁၂ ရက်တွင် ငါးကြိမ်မြောက် စစ်ဆေး သည့်ရုံးချိန်းတွင် တရားခံပြသက်သေ နှစ်ဦးနှင့် တရားလို သက်သေတစ်ဦးတို့ အား စစ်ဆေးခဲ့သည်။

တရားလိုပြ သက်သေနှစ်ဦးဖြစ် သည့် နယူးဇီလန်နိုင်ငံသား မစ္စတာဖီး လစ်၏ဇနီးနှင့် မိတ်ဆွေတို့က တရားစွဲ ဆိုခံထားရသည့် နယူးဇီလန်နိုင်ငံသား မစ္စတာဖီးလစ်မှာ ဗုဒ္ဓဘာသာဝင်များအား လေးစားတတ်သူဖြစ်သည့်အတွက် ၄င်း ၏လုပ်ရပ်မှာ ရည်ရွယ်ချက်ရှိရှိ စော်ကား ခြင်းမဟုတ်ကြောင်း ထွက်ဆိုကြသည်။

ဖုန်မှုန့် ဆေးလိပ်ငွေ့၊ ကားအိတ်ဇောငွေ့များနှင့် အဆုတ်ရောဂါ

Photo: ဖုန်မှုန့် ဆေးလိပ်ငွေ့၊ ကားအိတ်ဇောငွေ့များနှင့် အဆုတ်ရောဂါ

ဇန်န၀ါရီလ ၁၅ ရက်၊ ၂၀၁၅

နာတာရှည် အဆုတ်ရောဂါများ ဥပမာ- ချောင်းဆိုးရင်ကျပ်၊ ပန်းနာ၊ အဆုတ် တီဘီကြောင့် နှလုံးရောဂါ ၊ နှလုံး အားနည်း ရောဂါဖြစ်တတ်သည်။

ချောင်းဆိုးရင်ကျပ် ဖြစ်ရခြင်းမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်။ ဆေးလိပ်သောက်သူ၏ ဆေးလိပ် မီးခိုးငွေ့များ သည် သောက်သူသာမက အနီးဝန်းကျင် မိသားစုဝင်များ ထံသို့ပါ မလိုအပ်ဘဲ ရောက်ရှိ ရှူရှိုက်မိတတ်သည်။ ရောဂါဖြစ်ချိန် ကြာလျှင် ရင်ကျပ်ရောဂါ ဖြစ်လာတတ်ရာ အချိန်ကြာလျှင် ကုသရ ခက်ခဲသည်။ ပန်းနာရင်ကျပ်ကို ငယ်ရွယ်စဉ် က ပျောက်အောင် ကုသရန်လိုသည်။ ထပ်မံမဖြစ်စေရန် ထိန်းသိမ်းဖို့လည်း လိုသည်။ နှာစေးရာမှ အဆုတ်လေ ပွခြင်းနှင့် ချောင်းဆိုးရင်ကျပ် ပူးတွဲ ဖြစ်ပွားလာကာ ကုသရ ခက်သွားနိုင်သည်။

အဆုတ်တီဘီ ရောဂါသည် မိုက်ကိုဗက်တီးရီးယား ကျူဘာကုလိုဆစ်ကြောင့် ဖြစ်ပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှူခြင်း နည်းဖြင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင်သည်။ ရောဂါ လက္ခဏာအရ အစားအသောက် ပျက်ခြင်း၊ ညနေဘက် ဖျားခြင်း၊ ခေါင်းချွေးပြန်ခြင်း၊ ကိုယ်အလေးချိန် လျော့ခြင်းဖြစ်တတ်သည်။ ကုသခြင်းမှာ တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့် ကုသနည်းဖြင့် ဆေးလေးမျိုးပေါင်း နှစ်လနေ့စဉ် ဆေးနှစ်မျိုး၊ တစ်ပတ် နှစ် ရက်နှင့် လေးလပေါင်း ခြောက် လ သောက်စေရမည်။ သို့မဟုတ် ရှစ်လ သောက်ရသည်။

ဆေးယဉ်ပါး တီဘီမဖြစ်ရအောင် နေ့စဉ် သို့မဟုတ် သတ်မှတ်သော ဆေးကို သတ်မှတ်သည့် အချိန်၊ နေ့ရက်တွင် အစာနှင့် ဝေးဝေးသောက်ရန် လိုသည်။ ဆေးယဉ်ပါး တီဘီကိုလည်း ယခုအခါ သတ်မှတ်ပေးထားသည့် ဆေးရုံ၌ ကုသပေးနေရာ ထိုးဆေး စထရပ်တိုမိုင်ဆင်နှင့် ဆေး ငါးမျိုး ပါဝင်သည်။

ဆေးလိပ်သောက်ခြင်းသည် မိမိသာမက အိမ်သားများပါ အန္တရာယ် ရှိနိုင်ပြီး နီကိုတင်း ပါသည့် အငွေ့ကို နေ့စဉ် ရှူရှိုက်နေရ၍ ရင်ကျပ်ရောဂါသာမက ကြာလာလျှင် အဆုတ်အနာ၊ အဆုတ်ကင်ဆာ ရောဂါဖြစ်လာနိုင် သည်။ မိမိ တစ်ဦးတည်း အတွက် စိတ်အလိုလိုက်သော ကိစ္စတစ်မျိုးသာ ဖြစ်ပြီး ငွေကုန်ကြေးကျများ၍ အန္တရာယ်ကို ဝယ်ယူနေသည့် ကိစ္စဖြစ်၍ လုံးဝရှောင်ကြဉ်သင့်သည်။

ဆေးလိပ်သောက်ခြင်း ကြာရှည်လာလျှင် နှလုံးသွေးကြောကျဉ်း ရောဂါ၊ နှလုံးအောင့်ခြင်း၊ သွေးထဲ၌ ကိုလက်စထရော တက်ခြင်း၊ ရုတ်တရက် နှလုံး အတိုက်ခိုက် ခံရခြင်းနှင့် ဦးနှောက် အတိုက်ခိုက် ခံရနိုင်သည်။

ဆေးလိပ်သောက်ခြင်း၊ ဆေးငုံခြင်းနှင့် ကွမ်းယာထဲ ဆေးထည့်စားခြင်းများကို လူတိုင်း ရှောင်ကြဉ်သင့်ရာ ဆေးလိပ်ကင်းစင် နယ်မြေများ ပိုမိုသတ်မှတ်ရမည်။ ချောင်းဆိုးရင်ကျပ်ရောဂါ၊ အဆုတ်တီဘီ ရောဂါ၊ ပန်းနာရင်ကျပ် ရောဂါကို စောစော သိလျှင် စောစောကုသဖို့ လိုမည်။ တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့် ကု (DOTS) အရ သတ်မှတ်သော ကာလအပြည့် သတ်မှတ်သော ဆေး၊ သတ်မှတ် အချိန်တွင် တိုက်ရမည်။ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ရမည်။ လေကောင်း၊ လေ သန့် ရရှိရန် ဆောင်ရွက်ထားရမည်။ ဖုန်၊ အမှုန်၊ ဆေးလိပ် မီးခိုး၊ အိတ်ဇောမီးခိုး စသည့် အခိုးအငွေ့များ ရှောင်ကြဉ်ရမည်။ အဆုတ်နှင့် နှလုံးသည် အတူတွဲ၍ အလုပ်လုပ်ကြရသဖြင့် ရောဂါတစ်မျိုးမှ နောက်တစ်မျိုးသို့ မဆက်ရစေရန် ရောဂါစောစော သိရလျှင် စောစော ကုသရန် လိုအပ်မည်ဖြစ်သည်။

မြ၀တီ
နာတာရှည် အဆုတ်ရောဂါများ ဥပမာ- ချောင်းဆိုးရင်ကျပ်၊ ပန်းနာ၊ အဆုတ် တီဘီကြောင့် နှလုံးရောဂါ ၊ နှလုံး အားနည်း ရောဂါဖြစ်တတ်သည်။

ချောင်းဆိုးရင်ကျပ် ဖြစ်ရခြင်းမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်။ ဆေးလိပ်သောက်သူ၏ ဆေးလိပ် မီးခိုးငွေ့များ သည် သောက်သူသာမက အနီးဝန်းကျင် မိသားစုဝင်များ ထံသို့ပါ မလိုအပ်ဘဲ ရောက်ရှိ ရှူရှိုက်မိတတ်သည်။ ရောဂါဖြစ်ချိန် ကြာလျှင် ရင်ကျပ်ရောဂါ ဖြစ်လာတတ်ရာ အချိန်ကြာလျှင် ကုသရ ခက်ခဲသည်။ ပန်းနာရင်ကျပ်ကို ငယ်ရွယ်စဉ် က ပျောက်အောင် ကုသရန်လိုသည်။ ထပ်မံမဖြစ်စေရန် ထိန်းသိမ်းဖို့လည်း လိုသည်။ နှာစေးရာမှ အဆုတ်လေ ပွခြင်းနှင့် ချောင်းဆိုးရင်ကျပ် ပူးတွဲ ဖြစ်ပွားလာကာ ကုသရ ခက်သွားနိုင်သည်။

အကြမ်းဖက်နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့ဟု ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သုံးသပ်ပြီး ဆက်လက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်း


လက်ပံတောင်းတောင် အဓိကရုဏ်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် နှိမ်နင်းရေး လက်နက်များကို စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကိုင်ဆောင်ပစ်ခတ်မှု မရှိခြင်းကြောင့် မလိုလားအပ်သော ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်း ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု သတင်းထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။

IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟု ယူဆရသည့် စာတန်းကို ယာဉ်တွင်တပ်ဆင် သွားလာနေသည့်ပုံ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံခဲ့ပြီးနောက် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေ


IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ် တံဆိပ်နှင့် ဆင်တူသည်ဟုယူဆရသည့် စာတန်းအား ယာဉ်တွင်တပ်ဆင်ကာ သွား လာနေသည့်ပုံမှာ လူမှုကွန်ရက်စာမျက်နှာ တွင်ပျံ့နှံခဲ့ပြီးနောက် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင်မော် တော်ယာဉ်တစ်စီးမှာ IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟု ယူဆရသည့် စာတန်းအား ယာဉ်၏နောက်ကျောဘက်၌ကပ်ကာ ရန်ကုန်မြို့အတွင်း မောင်းနှင်နေသည့်ပုံ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ညနေပိုင်းတွင် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင်အား ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးနေသည့် စာတန်းခွာပြီး ယာဉ်အား ၅၁ လမ်းရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် ဇန်န၀ါရီ ၁၄ ရက် ည ၁၀ နာရီခွဲခန့်က တွေ့ရစဉ်

ကချင်ပြည်နယ် အစိုးရ၀န်ကြီးကို ကေအိုင်အေ ဖမ်းဆီး


Photo: ကချင်ပြည်နယ် အစိုးရ၀န်ကြီးကို ကေအိုင်အေ ဖမ်းဆီး

ဇန်န၀ါရီလ ၁၅ ရက်၊ ၂၀၁၅

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ အစိုးရ၀န်ထမ်းတွေကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံတပ်သားတွေက ဖားကန့်မြို့နယ် ဝှေခါ-ဝေလုံတောင်ကြောပေါ်မှာ ဒီနေ့ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၀န်ကြီး ဦးကမန်းဒူနော်ကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ၀န်ကြီး ဦးကမန်းဒူနော်ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ လုံခြုံရေးရဲဝန်ထမ်းသုံးယောက်ကို ဖမ်းဆီးထားလိုက်တယ်လို့ ပြောပါတယ်။

"ဝန်ကြီးတော့ ပြန်လွှတ်ပေးလိုက်တယ်၊ ရဲ ၃ ယောက်တော့ ဖမ်းသွားတယ်၊ ဝန်ကြီးနဲ့အတူ လိုက်သွားတဲ့လုံခြုံရေးတွေပါ၊ ဒုရဲအုပ်တစ်ဦးနဲ့ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးပါ၊ ဖြစ်တဲ့နေရာက ဝှေခါတောင်ကြောလို့ပြောတယ်"

မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက အဲ့ဒီအခြေအနေအသေးစိတ်ကို မသိရှိသေးကြောင်း ပြောပါတယ်။

"ဒီဝန်ကြီးချုပ်တို့ ဝန်ကြီးတွေ သူတို့အားလုံးသိတဲ့အတိုင်းပဲ အချင်းချင်း အဆက်အသွယ်တွေရှိတယ်၊ လမ်းကြောင်းရှိတယ်၊ ဖမ်းထားတာမှန်တယ် ဆိုရင်တောင်မှပဲ ပြန်လွှတ်ပေးမှာပဲဗျာ"

ဖမ်းဆီးခံထားရတဲ့ လုံခြုံရေးရဲဝန်ထမ်းသုံးဦးကို အမြန်ဆုံးလွှတ်ပေးဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ထံ ဒီနေ့ညနေက အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ပြည်နယ်ဝန်ကြီး ဦးကမန်းဒူနော်နဲ့ အစိုးရဝန်ထမ်းတွေဟာ ဖားကန့်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေကို သွားရောက်စစ်ဆေးပြီး အပြန်လမ်းမှာ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာ ဖြစ်ပါတယ်

RFA
ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ အစိုးရ၀န်ထမ်းတွေကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံတပ်သားတွေက ဖားကန့်မြို့နယ် ဝှေခါ-ဝေလုံတောင်ကြောပေါ်မှာ ဒီနေ့ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ၀န်ကြီး ဦးကမန်းဒူနော်ကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ၀န်ကြီး ဦးကမန်းဒူနော်ကို ပြန်လွှတ်ပေးလိုက်ပေမဲ့ လုံခြုံရေးရဲဝန်ထမ်းသုံးယောက်ကို ဖမ်းဆီးထားလိုက်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံသားတွေ သစ်ခိုးထုတ်မှု အချုပ်အခြာအာဏာ ထိခိုက်ကြောင်း ဒုဝန်ကြီးပြော


ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသားတွေ တရားမ၀င် သစ်ခိုးထုတ်တာဟာ တိုင်းပြည်ရဲ့ သယံဇာတဆုံးရှုံးတဲ့အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးခံရတာဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ဒီနေ့ ပြောလိုက်ပါတယ်။

JCK အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀၀ ကျော် ပိတ်လှောင်ခံရ


ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် ၁ မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဂျေစီကေ JCK အထည်ချုပ် စက်ရုံမှာ မနေ့ညပိုင်းက အချိန်ပိုမဆင်းချင်တဲ့ အလုပ်သမား ၃၀၀ လောက်ကို စက်ရုံတာဝန်ရှိသူတွေက စက်ရုံထဲမှာ တစ်နာရီကျော်ကြာ ပိတ်ထားတယ်လို့ သိရပါတယ်။

စက်ရုံမှူးက အချိန်ပိုမဆင်းနိုင်ရင် အလုပ်ထွက်ရမယ်လို့ ခြိမ်းခြောက်ပြောဆိုတယ်လို့ မနေ့က စက်ရုံထဲမှာ ပိတ်ခံခဲ့ရတဲ့ ဂျေစီကေ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

"မဆင်းချင်ဘူးလို့ပြောတဲ့ဟာကို မရဘူး အတင်းဆင်းခိုင်းတာပဲ၊ အလုပ်သမားရုံးကလူတွေရောက်လာပြီး

ရဲတပ်ဖွဲ့ဝင်သုံးဦးကို ကေအိုင်အေ ဖမ်းဆီးထိန်းသိမ်းထား


ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် ၀န်ကြီးတစ်ဦးနှင့်လိုက်ပါ လာသည့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို ဖားကန့်ဒေသ ဂွေခါမှော်လမ်းပိုင်း တွင် ကေအိုင်အေက ဖမ်းဆီး ထိန်းသိမ်းထားသည်။
ဖားကန့်မှ မြစ်ကြီးနားသို့ သွားရောက်သည့် ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးက မန်းဒူးနော်နှင့် အတူ လုံခြုံရေး လိုက်ပါလာသော ရဲတပ်ဖွဲ့ ၀င်သုံးဦးကို ဇန်န၀ါရီ ၁၄ ရက် နေ့လယ်က ကေအိုင်အေ တပ်ရင်း (၆) က ဖမ်းဆီးထိန်းသိမ်းခဲ့ ကြောင်း သတင်းရရှိသည်။
အစိုးရက သတင်းထုတ်ပြန် ရာတွင် ၀န်ကြီးနှင့်အဖွဲ့ကို ဟွေ လုံရွာအနီး၌ ကေအိုင်အေတပ်ဖွဲ့ ၀င် ၂၅ ဦးခန့်က သေနတ်ဖြင့်ပစ် ဖောက်၍လမ်းပိတ်ဆို့ကာ ၀န်ကြီး အား လမ်းပေါ်၌ ထိုင်ခိုင်းပြီး စစ်ဆေးမေးမြန်းခဲ့သည်။ ထို့နောက် ၀န်ကြီးနှင့် အဖွဲ့ကိုဆက်လက်ထွက်ခွာခွင့်ပြုသော်လည်း ဒုရဲအုပ်မြင့်စိုးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးထားကြောင်း ဖော်ပြ ထားသည်။

အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက် အလုပ်သမား ကိုယ်စားလှယ်များနှင့်ဆွေးနွေးပွဲတွင် အစုအဖွဲ့အလိုက် ဆွေးနွေးချက်များ


အုပ်စု (၁)မှ ကိုယ်စားလှယ် ဦးနော်အောင်၊ ရန်ကုန်သရဖူ သံရည်ကျိုစက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း၊ မှော်ဘီမြို့နယ် ရန်ကုန် တိုင်းဒေသကြီး၏ ဆွေးနွေးချက်

မေးခွန်း (၁) ဖြစ်သော အလုပ်သမားများအတွက်သာမက အလုပ်ရှင်များ အတွက်ပါ သင့်တင့်မျှတသော အနည်းဆုံးအခကြေးငွေနှုန်းထားတစ်ရပ်ကို ဆွေးနွေးအဆိုပြုတင်ပြရန်နှင့်ပတ်သက်၍ လယ်ယာ စိုက်ပျိုးရေးကဏ္ဍတွင် တစ်နေ့လျှင် ငွေကျပ် ၃ဝဝဝ နှုန်း ရရှိလိုကြောင်း၊ ပဲခူးတိုင်းဒေသကြီး ဆွာမြို့နယ်ရှိ အထပ်သား(သစ်လုပ်ငန်း)လုပ်သားများက တစ်နေ့လျှင် ငွေကျပ် ၄ဝဝဝ နှုန်း ရရှိလိုကြောင်း၊ ရန်ကုန် အခြေစိုက် အလုပ်သမားများက တစ်နေ့ လျှင် ငွေကျပ် ၆ဝဝဝ နှုန်းရရှိလိုကြောင်း၊ မေးခွန်း (၂) ဖြစ်သော