Monday, January 14, 2013
ကေအိုင်အေ ဌာနချုပ့်ရှိရာ လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်တွင် လက်နက်ကြီး ထိမှန်ပြီး လူ (၂) ဦး သေဆုံး၊ လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင်ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ်
လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲခဲ့ကြောင်း
သိရ သည်။အဆိုပါ ပစ်ခတ်မှုကြောင့်
ပထမအလုံး ပေါက်ကွဲမှု ဖြစ်စဉ်တွင် မြစ်ကြီးနား ဟိုတယ်အနီး လူနေအိမ်
တစ်ခုပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ အမျိုးသား (၂) ဦး နေရာတွင်
သေဆုံးခဲ့ပြီး လူ (၆) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် မွန်နိုင်ငံရေး ပါတီများ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး

အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်နှင့် မွန်နိုင်ငံရေး ပါတီများ၊
အဖွဲ့ အစည်းများသည် ဇန်န၀ါရီလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် မွန်ပြည် နယ်မော်လမြိုင်မြို့တွင် တွေ့ဆုံခဲ့ကြပြီးပြည်နယ်တွင်း ငြိမ်း ချမ်းရေးဖော်ဆောင်ရေး ၊ လက်နက်ကိုင် အဖွဲ့အစည်း များနှင့် မြန်မာ အစိုးရကြား အပစ်အခတ်
ရပ်စဲရေး ၊ ဒေသခံပြည် သူများ ၏ လူနေမှု အခြေအနေများနှင့် ပတ်သက်၍
ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြား ရှိနေ

၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ရန်ကုန်မြို့တွင်း တွင် အနီးကပ်ပညာဒါန စာသင်ဝိုင်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီး တက်ရောက်သူ အများအပြားရှိလာကြောင်း ပညာဒါနကျောင်းများရှိ ဆရာ၊ ဆရာမ အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။
"ဒီကျောင်းကတော့ ငွေကြေးတစ်စုံတစ်ရာ ပေးစရာ မလိုပါဘူး၊ နှစ်စက
ကျောင်းသား ၂၅၀ ကျော် ရှိတယ်၊ စည်းကမ်းကြီးတော့ တဖြည်းဖြည်းလျော့လာတယ်၊ အခုအနီးကပ် ၁၀၀ ဖိုး စာမေး
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ စင်ကာပူနှင့် မလေးရှား နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ထွက်ခွာ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူ
သမ္မတ နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lt-Gen Neo Kian Hong ၏
ဖိတ်ကြားချက် အရ စင်ကာပူသမ္မတ နိုင်ငံသို့သွားရောက်ရန်အတွက် ယနေ့
နံနက်ပိုင်း
အီဂျစ်သမ္မတဟောင်းမူဘာရက်အမှု ပြန်စစ်ဆေးမည်
ထောင်ဒဏ်တသက်တကျွန်း ကျခံနေရတဲ့ အီဂျစ် သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့အမှုကို ပြန်ပြီးစစ်ဆေးဖို့ အီဂျစ် တရားရုံး တခုကအမိန့်ထုတ်လိုက်ပါတယ်။ အသက်
၈၄ နှစ် အရွယ် အီဂျစ်ခေါင်းဆောင်ဟောင်း မူဘာရက်က တရားစစ်ဆေးမှု အသစ်
ပြန်
၂၀၁၃ -၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာချေးငွေ ဒေါ်လာ သန်းပေါင်း ၉၀၀ ကျော် ချေးယူရန် လျာထားပြီး တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ အများဆုံး ချေးယူရန် လျာထား
၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့ အတွက် နိုင်ငံ တကာချေးငွေ အမေရိကန်ဒေါ်လာ ၉၀၀ ဒသမ ၃၉ သန်းကျော် ချေး ယူရန်လျာထားပြီး တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ အများဆုံး ချေး ယူရန် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံ ကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ (မူကြမ်း) နောက်ဆက်တွဲ -၂(ဂ) တွင် ပါရှိသည်။
KIAတပ်ဖွဲ့ကရှေ့တန်းစစ်သားများနေရာတွင် လီဆူးလူမျိုးများဖြင့် အစားထိုး
KIAလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံတော်အစိုးရတို့
ငြိမ်းချမ်းရေးဆွေးနွေး ပွဲ(၁၁)ကြိမ် ပြုလုပ်ပြီး သည့်တိုင် ထူးခြား
ထင်ရှားတဲ့ အဖြေရလာဒ် တစ်ခု ပေါ်ထွက်မလာခဲ့ပါဘူး။ ၂၀၁၂ခုနှစ် ၊
နှစ်ကုန်ပိုင်းမှာ နှစ်ဦးနှစ် ဖက်အဆင့်မြင့်
စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေပါဝင်ပြီး တွေ့ဆုံဆွေးနွေး ဖို့ ပြင်ဆင်ထားပေမယ့်
KIA ဘက်ကစစ်ဘက် ခေါင်းဆောင်ပိုင်းက တက်ရောက်မှုမရှိတာကြောင့် ဆွေးနွေးပွဲပျက်ပြားသွားခဲ့ရပါတယ်။
Sunday, January 13, 2013
နိုင် ငံတော် သမ္မ တရုံး ဝန်ကြီး ဦးအောင် မင်း ဆေး ကုသမှု ခံယူ

BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချမည့် စီမံကိန်းကို MIC မှ ထိုင်းကုမ္ပဏီတစ်ခုသို့ လုပ်ကိုင်ခွင့်ချထားပေး

Saturday, January 12, 2013
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာ၌ ပျောက်ဆုံးသွားသော အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများ ပြန်လည်ရှာဖွေမည်

အမေရိကန် စစ်တပ်သည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာ၌ ကျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သားများ၏ ရုပ် ကြွင်းများကို ရှာဖွေရန်အတွက် ရှစ်နှစ်တာအတွင်း ပထမဆုံး အကြိမ် အဖြစ် ပြင်ဆင်နေကြောင်း သိရသည်။
ယခုကဲ့သို့  ရှာဖွေမှုများ စတင်နိုင်ခြင်းမှာ မြန်မာတွင်ဖြစ်ပေါ် ခဲ့သော ပြုပြင်ပြောင်းလဲမှုများနောက်၌ ကန်-မြန်မာ ဆက်ဆံရေးတိုး တက်လာမှု၏ရလဒ်လည်း ဖြစ်သည်။
KIA မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်

၂၀၁၃ ဇန်နဝါရီ ၁၂ ရက် (ယနေ့)တွင် မူဆယ်မြို့နယ် မုံးဟောင် ကျေး ရွာနယ်မြေခံစစ်ကြောင်းထံသို့ KIA တပ်ဖွဲ့ဝင်ရွမ်ဆိုင်း ဦးစီး ဒေသခံ လူမျိုး ၅ ဦးသည် M 25 တစ်လက်၊ ၎င်း ဗုံးသီး ၃ လုံး၊ M 22 ခေါက် ဒင်မပါ ၂ လက်တို့ ဖြင့် အလင်းဝင်ရောက်ခဲ့ပါသည်။
အဆိုပါ အလင်းဝင် ရောက်လာသူ အဖွဲ့ဝင်များအား နယ်မြေခံ တပ်မတော်စစ်ကြောင်းများမှ ကောင်းမွန်စွာ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိ ပါသည်။
လက်ပံတောင်းတောင် ကြားဖြတ်အစီရင်ခံများအပေါ် ပြည်သူများ လက်ခံနိုင်မှသာလျှင် အပြီးသတ်အစီရင်ခံစာ ထွက်ရှိမည်

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံများအပေါ် ပြည်သူလူထု လက်ခံနိုင်သည့် အခြေအနေပေါ်မူ တည်၍ အပြီးသတ်အစီအရင်ခံစာထွက်ရှိမည် ဖြစ်ကြောင်း ပုလဲမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က မြန် မာ့ခေတ် သို့ပြောကြားသည်။
နိုဝင်ဘာလအတွင်း လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြ မှုများအား အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် နိုင်ငံတော်သမ္မတမှ ဖွဲ့
Subscribe to:
Posts (Atom)





















