Monday, December 30, 2013

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ

Photo: Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ
Monday, December 30, 2013

စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။

ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဥပမာ- စာဖတ်သူတို့ Facebok မှာသုံးနေတဲ့ “ဘယ်သူ့ကိုပိုချစ်လဲ၊ သင့်ချစ်သူဟာ ဘယ်လိုလူစားလဲ” အစရှိသဖြင့် Application အများစု ဟာ ပြည်ပရောက် မြန်မာ Developer များက ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။

နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။

ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။ ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။

ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။

Page တစ်ခုပြုလုပ်ခြင်း

စာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။

၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း

သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွားလိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာလိုက်တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက်အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။

ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသလိုလေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေးသားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါတယ်။

မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေးလမ်းကြောင်းပေါ် မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။

ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ်သူများနဲ့ ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစားလာနိုင်ပါတယ်။

ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက်များကို ပြရပါ မယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။

သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ အထင်ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။ Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။

အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professinal လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက်ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူ ကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသားရကနေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။ အချို့ ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီများက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာမလိုပဲ အလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထားတာတွေကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက်ဟာ အင်မတန် နည်းနေပါသေးတယ်။

Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော်များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့ အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလိုအကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသားတင်ပြရင်း ဆက်သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။

ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန်တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိနေပြီ ဖြစ်ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော်များများမှာလည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ စာရေးသူပိုင် ဆိုင်သော Page တစ်ခုမှာ တင်ဆက်ပြသ ချက် ကောင်း မွန်မှုကြောင့် ကုမ္မဏီတစ်ခုက ဝဘ်ဆိုဒ်တစ်ခု ထောက်ပံ့ပြီး လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ကိုယ်ပိုင် အွန်လိုင်း မီဒီယာ လုပ်ငန်းတစ်ခု ဖန်တီးလို့ရတဲ့ အနေအထား ထိတောင် ဖြစ် သွားပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်းဆင်းလည်း မဟုတ်ရပါ။ စာနယ်ဇင်းကလည်း မဟုတ်ရပါ။ တစ်ဖက်ကလည်း ဘာသာရပ်တစ်ခု အထူးပြု ကာ ကျောင်းပြီး ထားပြီး လုပ်ငန်းခွင်ဝင်ရန် သင်ယူလေ့လာနေဆဲသာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။

စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Profesional များအတွက် မဟုတ်ရပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများအတွက် ဖြစ်ပါတယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါတယ်။ တကယ်ပဲ Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရပါ တယ်။

လေးစားစွာဖြင့်
အောင်ခမ်း ( work.com.mm )
စာဖတ်သူတို့ Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။

ပရိသတ် နှစ်သောင်းကျော် လာရောက်ရန် ခန့်မှန်းထားသည့် Hppy New Year Grand Royal 2013 ဖျော်ဖြေပွဲ

Happy New Year Grand Royal 2013ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက်တွင် ကျိုက္ကဆံမြင်းပြိုင်ကွင်း အရှေ့ဘက် ရွှေထွဋ်တင်ကွင်း၌ ကျင်းပမည်ဖြစ်ရာ လက်မှတ်စောင်ရေ ၁၈,၂၀၀ကျော် ရောင်း ချပြီးဖြစ်ကြောင်း ပွဲစီစဉ်သူဂျွန်လွင်က မဇ္ဈိမကိုပြောသည်။ ယင်းဖျော်ဖြေရေးအစီစဉ်ကို ညနေ၆နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။

တိုးမလား လျော့မလား ဆက်သွားမလား ရပ်နေမလား မြန်မာ့လုပ်သား

စက်မှုဇုန်လုပ်သားများ
၂ဝ၁၃ ခုနှစ်၏ အပြောင်းအလဲ ကို များစွာ မျှော်လင့် ထားခဲ့သော စက်မှုဇုန် အလုပ်သမားများ အတွက် ယခုနှစ်သည် ထူးမခြားနားနှစ်ဟု ဆိုရမည် ဖြစ် သည်။ ဥပဒေသစ်များ ထွက်ပေါ် လာပြီး အလုပ်သမား အဖွဲ့အစည်း အရေအတွက် ၇ဝဝ ကျော်သည် အထိ တိုးပွားခဲ့သည့် နှစ်လည်း ဖြစ်သည်။

မိကျောင်းကန်ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှုဖြစ်

Photo: မိကျောင်းကန်ဆန္ဒပြသူများနှင့် ခိုင်းစေသူအဖွဲ့ကြား နေ့တွက်စရိတ် အငြင်းပွားမှုဖြစ်
Monday, December 30, 2013

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည်ရရှိရေး (၁၇)ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ၃ လကြာ ယာယီရပ်ဆိုင်း သွား သော်လည် နေ့တွက်စရိတ်နှင့်ပတ်သက်၍ ဆန္ဒပြသူ များနှင့် ခိုင်းစေသူအဖွဲ့ကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဆန္ဒပြ ရာတွင် ပါဝင်သူများထံမှ သိရှိရသည်။

``မိကျောင်းကန် မြေသိမ်းခံရတဲ့ထဲမှာ ပါဝင်ပြီး ဆန္ဒပြရာမှာ ဦးဆောင်တဲ့ မိုးသီးဇွန်၏တပည့်ဖြစ်သူကိုယ်တိုင် ကျွန်မတို့ကို လာခေါ် တာပါ။ တစ်နေ့ကို ရှစ်ထောင်ပေးမယ်ဆိုပြီး ခေါ်လာတာပါ။ ဆန္ဒပြပွဲလည်းပြီးရော ငါးထောင်ပဲ ပေးတယ်လေ´´ ဟု နေ့တွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ မခိုင်မာက ပြောသည်။

အဆိုပါ မိကျောင်းကန်ဆန္ဒပြမှုများသည် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် ဆွေးနွေးပြီးနောက် သဘော တူညီမှုရရှိခဲ့ပြီး ၃ လစောင့်မည် ဟု သပိတ်စခန်းဖွင့်ဆန္ဒပြသူများက ကတိပြုခဲ့ကြောင်း သိရသည်။

သပိတ်စခန်းဖွင့်ဆန္ဒပြသူများတွင် မိကျောင်းကန်ရပ်ကွက်အပိုင်း(၁၊၂၊၃) တွင်နေထိုင်သူများ အပါအ၀င် အခြားမြို့နယ်များ မှလည်း နေ့တွက်စရိတ်ဖြင့် လာရောက်ဆန္ဒပြသူများလည်း ပါဝင်ကြောင်း၊ နေ့တွတ်စရိတ်ငွေကြေး အရှုပ်အရှင်းများကြောင့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်ဟု သင်္ကန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

``တစ်ချို့က အစအဆုံး ဆန္ဒပြတဲ့အထဲပါတယ်။ တစ်ချို့ကလည်း တစ်ပတ်ဆယ်ရက် စသဖြင့်ပေါ့၊ တစ်နေ့ရှစ်ထောင် ပေးမယ်ပြောလို့ လာပြီးဆန္ဒပြကြတာပါ။ ဆန္ဒပြပွဲပြီးတော့ ငွေရှစ်ထောင်မဟုတ်ဘဲ၊ ငါးထောင်ပဲပေးတယ်။ ကျန်တဲ့ သုံးထောင်က တစ်နေ့စားစရိတ်နဲ့ တူညီဝတ်စုံ ဖိုးဆိုပြီးတော့ ဖြတ်တယ် အမှန်ဆိုရင် ကျွန်မတို့က စားစရိတ်မှ မလိုတာ။ အပြင်က လာလှူ တဲ့ ထမင်းဗူးတွေနဲ့ ရေသန့်ဗူးတွေက အလျှံပယ်ဘဲလေ။ အဲဒါ ခေါင်းဆောင်လုပ်သူကို ရှစ်ထောင်ပေးဖို့ တောင်းကြ တာပေါ့။ ခိုင်းတဲ့အဖွဲ့ကို ပြန်ပြောပေးမယ်ဆိုပြီး ဒီနေ့အထိ အကြောင်းမပြန် သေးဘူးလေ´´ ဟု နေ့တွက်ပါဝင်ဆန္ဒပြခဲ့သူ ကိုကျော်လင်းသောင်းက ပြောပြသွားသည်။

``မိကျောင်ကန်အပိုင်း(၁၊၂၊၃) ဟာ အစိုးရဘက်က စွပ်စွဲပြောဆိုသလို ကျူးကျော်တွေ တကယ်ဟုတ်၊ မဟုတ် စစ်ဆေးဖို့ လိုပြီးတော့ မိကျောင်းကန် မြေနေရာဟာ အရင်က ရပ်ကွက်တစ်ခုအဖြစ် နေထိုင်ခဲ့တာဖြစ်တဲ့အတွက် သေချာပြန်ပြီး စိစစ် ပြီး ဆောင်ရွက်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်´´ လို့လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း က ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ မိကျောင်းကန်သပိတ်စခန်းဆန္ဒပြမှုတွင် ပါဝင်သူများအတွက် နေ့တွက်စရိတ် တစ်ဦးလျှင် ရှစ်ထောင်ကျပ်နှုန်းအား မိုးသီးဇွန်မှ ၎င်း၏တပည့်မှတစ်ဆင့် ရှင်းပေးခိုင်းကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးမှ ပြောဆိုခဲ့သည်။

အောင်မြင့်(သင်္ကန်းကျွန်း)
မြန်မာ့လင်းရောင်ခြည်
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း(၁၊၂၊၃) မြေနေရာ ပြန်လည်ရရှိရေး (၁၇)ရက်ကြာ ဒုတိယအကြိမ် သပိတ်စခန်းဖွင့် ဆန္ဒပြမှုများ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ၃ လကြာ ယာယီရပ်ဆိုင်း သွား သော်လည် နေ့တွက်စရိတ်နှင့်ပတ်သက်၍ ဆန္ဒပြသူ များနှင့် ခိုင်းစေသူအဖွဲ့ကြား အငြင်းပွားမှု ဖြစ်ပွားနေကြောင်း ဆန္ဒပြ ရာတွင် ပါဝင်သူများထံမှ သိရှိရသည်။

ဓာတ်လှေကားညပ် သေဆုံးသော လူနာ မိသားစု ဓာတ်လှေကား တပ်ဆင်သူကို တရားစွဲဆိုနိုင်ဟု ဥပဒေကျွမ်းကျင်သူပြောကြား

Photo: ဓာတ်လှေကားညပ် သေဆုံးသော လူနာ မိသားစု ဓာတ်လှေကား တပ်ဆင်သူကို တရားစွဲဆိုနိုင်ဟု ဥပဒေကျွမ်းကျင်သူပြောကြား
Monday, December 30, 2013

ဂျပန်ဆေးရုံတွင် ဓာတ်လှေကားညပ်၍ လူနာသေဆုံးမှုတွင် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်၍ စစ်ဆေးနေသည့်အမှုကို သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါဓာတ်လှေကားတပ်ဆင်သူများကို တရားစွဲဆိုတိုင်ကြားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကပြောသည်။

ဒီဇင်ဘာ ၂၇ ရက် နေ့လယ်က ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ နှလုံးရောဂါသည် ဝေဒနာရှင်တစ်ဦးဓာတ် လှေကားညပ်ကာ သေဆုံးခဲ့ပြီး အဆိုပါဖြစ်စဉ်အား လမ်းမတော်မြို့မရဲစခန်းက ပဏာမစစ်ဆေးချက်အရ နှလုံးရောဂါဖြင့်သေဆုံးခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

““ဒီဖြစ်စဉ်က ဓမ္မတာအတိုင်း သေတာမဟုတ်ပါဘူး။ ဓာတ်လှေကားတပ်ဆင်ပေးတဲ့သူမှာ တာဝန်ရှိပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ တရားလိုလုပ်ပြီးတိုင်လို့ရပါတယ်””ဟု ဦးမြင့်အေးက ပြောသည်။
လူနာသေဆုံးမှုဖြစ်ပေါ်ခဲ့သည့် ဓာတ်လှေကားမှာ ၁၉၈၄ ခုနှစ်က ဆောက်လုပ်ရေးဝန်ကြီး ဌာနက တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုဖြစ်စဉ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တာဝန်အရှိဆုံးဖြစ်ပြီး ယင်းဌာနသို့ တရားစွဲဆိုနိုင်ကြောင်း ၎င်းကပြောသည်။

သေဆုံးသူအသက် (၂၆) နှစ် အရွယ် ကိုအောင်ဇော်မျိုးသည် မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း သီတဂူဆရာတော်ကြီးအစီအစဉ်ဖြင့် ပြန်လာခဲ့သူဖြစ်ပြီး မလေးရှားမှ ပြန်လာစဉ်ကတည်းကပင် နှလုံးရောဂါဝေဒနာရှင်ဖြစ်၍ နိုဝင်ဘာ ၅ ရက်တွင် ဂျပန်ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိသည်။ အခင်းဖြစ်ပွားခဲ့သည့်အချိန်က ၎င်းအားပထမထပ်တွင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် ၎င်းနေထိုင်ရာ ဒုတိယထပ်သို့ လူနာတင်လှည်းဖြင့်တင်ခေါ်၍ ဓာတ်လှေကားဖြင့် ပို့ဆောင်ခဲ့သည်။ ဒုတိယအထပ်သို့အရောက်တွင် ဓာတ်လှေကားမှာ ရုတ်တရက်စက်ချို့ယွင်းပြီး အပေါ်သို့ ထိုးတက်သွားကာ လူနာမှာ လူနာတင်လှည်းနှင့်အတူ တံခါးဘောင်ဖြင့် ညပ်၍ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခြင်းဖြစ်သည်။

““တရားရုံးစစ်ဆေးချက်က ဘယ်လိုအဖြေထွက်လာသလဲဆိုတာ အဓိကပါ။ ဆေးရုံကလူနာ ဓာတ်လှေကားညပ်ပြီး သေဆုံးရတဲ့ဖြစ်စဉ်က စိတ်ဝင်စားဖို့ ကောင်းပါတယ်””ဟု ဥပဒေပညာရှင်ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

ရဲစခန်းက သေဆုံးသူလူနာမှာ နှလုံးရောဂါကြောင့် သေဆုံးသည်ဟု ပဏာမ သတင်းထုတ်ပြန်ထားသော်လည်း နှလုံးရောဂါမရှိသည့် သာမန်လူနာတစ်ဦးပင်လျှင် အဆိုပါဖြစ်စဉ်မျိုး ရင်ဆိုင်ရပါက ရရှိသည့်ဒဏ်ရာဖြင့်ပင် သေဆုံးနိုင်ကြောင်း နှလုံးရောဂါအထူးကုဆရာဝန် ဒေါက်တာ မြင့်ကြွယ်က သုံးသပ်ပြောကြားသည်။

ဓာတ်လှေကားညပ်ခဲ့မှုကြောင့် သေဆုံးသူမှာ ၀ဲနှင့်ယာဘက်ဒူးတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးရှိ အလှည့်ကျဆရာဝန်၏ ပဏာမစစ်ဆေးချက်အရ ၎င်းသည် နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
““အခုတော့ စစ်ဆေးတုန်းပဲ ရှိသေးတယ်။ အတည်မပြုရသေးဘူး။ ဆေးစာပြန်ပြီးမှ ဘယ်လိုကြောင့် သေတယ်ဆိုတာ သေချာစစ်ဆေးမှာပါ။ အကယ်၍ ရောဂါကြောင့် သေတယ်ဆိုရင်တော့ သေမှုသေခင်းပဲ ဖွင့်မှာပါ။ သေမှုသေခင်းဆိုရင်တော့ နောက်ပိုင်း အမှုပိတ်ရင် ပိတ်မှာပေါ့”” ဟု လမ်းမတော်မြို့နယ် ရဲခစန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးမှုနှင့်ပတ်သက်၍ လမ်းမတော်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် - ၇/၁၃ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

7day Daily
ဂျပန်ဆေးရုံတွင် ဓာတ်လှေကားညပ်၍ လူနာသေဆုံးမှုတွင် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်၍ စစ်ဆေးနေ သည့် အမှုကို သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါဓာတ်လှေကားတပ်ဆင်သူများကို တရားစွဲဆို တိုင်ကြားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကပြောသည်။

၁၀ နှစ်အောက် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

၁၀ နှစ်အောက် ကလေးသုံးဦးအဓမ္မပြုကျင့်ခံရပြီးနောက် အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထပ်မံ အဓမ္မပြုကျင့်ခံရမှုတစ်ခု လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာ ၂၇ ရက်က ထပ်မံဖြစ်ပွားခဲ့သည်ဟု ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လှည်ကူးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၃ နာရီအချိန် က ဖြစ် ပွား ခဲ့ ခြင်း ဖြစ်သည်။

စက်လှေမှောက်၍ ကျောက်ဖြူတွင် အမျိုးသမီး ၁၇ ဦး သေဆုံး

ကျောက်ဖြူမြို့နှင့် ရှစ်မိုင်ခန့် ဝေးကွာသည့် ဆင်ဘုတ် ကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာမှ ထင်း ခုတ်၍ ပြန်လာသည့် စက်လှေသည် ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းက တိမ်းမှောက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဖြူ မြို့မရဲတပ်ဖွဲ့ စခန်းမှူးက ပြောကြားသည်။

သမ္မတအရည်အချင်းသတ်မှတ်ချက် ပြင်ရန် သင့်၊မသင့် ပြည်ခိုင်ဖြိုး မဲခွဲမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ဆိုင်ရာ ပြဋ္ဌာန်းချက် (ပုဒ်မ ၅၉) ကို ပြင်ရန် သင့်၊မသင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေး၌ ဒီဇင်ဘာ ၃၀ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဟု ဗဟိုကော်မတီဝင် ဦးလှဆွေက ဒီဇင်ဘာလ ၂၉ ရက်တွင် မဇ္ဈိမကို အတည်ပြုခဲ့သည်။

“ဒီနေ့ စီအီးစီအစည်းဝေးကနေပြီးတော့ ပြင်ဆင်ရေးအတွက် အချက်တွေကိုရွေးတယ်။ ဒီလိုရွေးတဲ့ထဲမှာ မကြိုက်သူတွေလဲ ရှိကြတယ်။ ဒီအတွက် အကြိတ်အနယ်ကို ဆွေးနွေးခဲ့ကြတယ်၊ ပြင်မယ့်ထဲမှာ ပုဒ်မ (၅၉)လဲ ပါတယ်။ ဒီဟာကို ပြင်၊ မပြင်က မနက်ဖြန် (ဒီဇင်ဘာ ၃၀) မှာ မဲခွဲဆုံးဖြတ်မယ်”ဟု ပြောသည်။

မြန်မာဘက်ခြမ်း အိန္ဒိယ၏ ကျူးကျော်ဝင်ရောက်မှုများ ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ တင်ပြမည်

မြန်မာ-အိန်္ဒိယနယ်စပ်ရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေနေရာများတွင် အိနိ္ဒယနိုင်ငံဘက်မှ ကျူးကျော် နေထိုင်မှုများကို တားဆီး ရန်နှင့် လက်ရှိ ကျူးကျော်နေမှုကို ဖြေရှင်းပေးရန် အတွက် နိုင်ငံတော် သမ္မတထံ သို့ ဒီဇင်ဘာ၂၉ ရက် နေ့စွဲဖြင့် တင်ပြသွားမည်ဖြစ်ကြောင်း ချင်းတွင်းအထက် လူငယ်များ ကွန်ရက် မင်း ကင်းမြို့တာဝန်ခံ ကိုကျော်မင်းထွဋ်က မဇ္ဈိမကို ပြောသည်။

တောင်သူအကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေမူကြမ်း ဖေဖော်ဝါရီလကုန် အစိုးရအဖွဲ့ထံ တင်မည်

တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပြဋ္ဌာန်းပြီး သုံးလကျော်ကြာသည် အထိ ထွက်ရှိလာခြင်း မရှိသေးသည့် နည်းဥပဒေမူကြမ်းကို လာမည့်ဖေဖော်ဝါရီလကုန်တွင် အစိုးရအဖွဲ့ သို့ တင်ပြရန် စီစဉ်နေသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်း က ဒီဇင်ဘာ ၂၈ တွင် ပြောသည်။

အရေးကြီးပုဒ်မများ အလွယ်ပြင်မရရန် ပြဋ္ဌာန်းထားသည့် ၄၃၆ ကို အရင်ပြင်သင့်ဟုဆို

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁၂)ရှိ ပုဒ်မ ၄၃၆သည် အခြေခံဥပဒေပါ အခြားသော အရေးကြီး ပုဒ်မများကို အလွယ်တကူ ပြင်ဆင်ရန် မရနိုင်သဖြင့် အဆိုပါပုဒ်မ ၄၃၆ ကို ဦးစွာ ပြင်ဆင်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက မဇ္ဈိမသို့ ပြောသည်။

DKBA နယ်မြေအတွင်း ဧရာဝတီတိုင်းမှ ရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ရှိနေ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ အနီးတစ်ဝိုက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA ပိုင် တောင်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် ဧရာဝတီတိုင်းမှ လာရောက်လုပ် ကိုင် နေသူရွှေ့ပြောင်း လုပ်သား ၂၀၀ ကျော်ရှိသည်ဟု အဆိုပါလုပ်ငန်း တာဝန်ယူလုပ်ကိုင်နေသူ အထူး တပ် ကြောင်းမှ ဗိုလ်မှူးစောအေ၀မ်းက မဇ္ဈိမကို ပြောသည်။

ဘယ်သူက ဒီမိုကရေစီ ပေးမှာလဲ


( 28/12/2013 7Day သတင်းစာဆောင်းပါး။

ဒီမိုကရေစီက တဖြည်းဖြည်းပဲ ဆင့်ကဲဖြစ်စဉ်နဲ့ပေါ်ပေါက်လာနိုင်ပါတယ်။ လူထုနဲ့အစိုးရများ ဟန်ချက်ညီညီ
အားထုတ်နိုင်လေ ပေါ်ပေါက်ဖို့ရော တည်တံ့ဖို့ရော မျှော်လင့်နိုင်လေပါ။အဲဒီ အစိုးရနဲ့လူထု ဟန်ချက် ပျက်ရင် ကျနော်တို့ မျှော်လင့်သလိုဖြစ်လာဖို့မလွယ်တဲ့အကြောင်း သတိပေးချင်တဲ့ စေတနာပါ။ )

ဘယ်သူကမှ ဒီမိုကရေစီမပေးပါဘူး။ ဘယ်သူ့ဆီမှာမှလည်း ပေးစရာ ဒီမိုကရေစီ မရှိပါဘူး။
တပ်မတော်ကလည်းမပေးနိုင်သလို ပြည်ခိုင်ဖြိုးပါတီကလည်းမပေးနိုင်ပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေ ကလည်းမပေးနိုင်သလိုဒေါ်စုလည်းမပေးနိုင်ပါဘူး။

ပရိသတ်ဆန္ဒနှင့် တစ်ထပ်တည်း ကျစေခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ

FF-30-12

Saturday, December 28, 2013

မလေးရှားမှာပိတ်မိနေတဲ့ မြန်မာအလုပ်သမားများကို မြန်မာသံရုံးအရာရှိတွေမနက်ဖြန်တွေ့မည်

Photo: မလေးရှားမှာပိတ်မိနေတဲ့ မြန်မာအလုပ်သမားများကို မြန်မာသံရုံးအရာရှိတွေမနက်ဖြန်တွေ့မည် 
Saturday, December 28, 2013

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေက ရန်ပြုတာကြောင့် ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတွေနဲ့ အလုပ်သမားအေဂျင်စီက ကိုယ်စားလှယ်တွေ မနက်ဖန်မှာ သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။

အဲဒီဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ တွေ့ဆုံပြီးမှသာ အကြောင်းစုံကိုပြောနိုင်မယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက မြန်မာအလုပ်သမားကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးနေတဲ့ ဦးစိုးဝင်းက RFA ကို အခုလို ပြောပါတယ်။

"တွေ့တဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ပြောမှရမှာ၊ အခုလောလောဆယ်ကတော့ အမျိုးမျိုးပြောနေကြတာ၊ အလုပ်သမားဘက်က တစ်မျိုးပြောလိုက်၊ အလုပ်ရှင်ဘက်က တစ်မျိုးပြောလိုက်၊ မီဒီယာတွေက ပြောလိုက်ဆိုတော့၊ သူတို့စာချုပ်ချုပ်ထားတာ ဘယ်လိုချုပ်ထားတာလဲ၊ ဒီစာချုပ်တွေကို ကျနော်တို့ကကြည့်ပြီးတော့မှ မျက်နှာချင်းဆိုင်တွေ့ပြီးတော့မှ မေးမြန်းပြီးတော့ စာရွက်တွေထုတ်ခိုင်းပြီးတော့ ဒါမှညှိလို့ရမှာ"

ဘရူနိုင်းနိုင်ငံနယ်စပ်အနီး မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ညနေက ဈေးဝယ်ထွက်ချိန်မှာ အင်ဒိုနီးရှားအလုပ်သမားတွေရဲ့ ရန်ပြုခံခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီနောက် အခြေအနေပိုဆိုးလာခဲ့ပြီး သင်္ဘောကျင်းက မြန်မာအလုပ်သမား ၉၈ ယောက် ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေရတာ ၅ ရက်မြောက် ရှိပြီဖြစ်ပါတယ်။

အဲဒီအလုပ်သမားတွေကို မလေးရှားနိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် အာဘာဖီကုမ္ပဏီက ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

RFA Burmese
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေက ရန်ပြုတာကြောင့် ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတွေနဲ့ အလုပ်သမားအေဂျင်စီက ကိုယ်စားလှယ်တွေ မနက်ဖန်မှာ သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။

လယ်သမားဆင်းရဲမွဲတေမှု ဖြေရှင်းဖို့ ဝန်ကြီး ဦးမြင့်လှိုင် ပြောကြား

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကအားထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေ ဆင်း ရဲနေသမျှ တိုင်းပြည်ကတိုးတက်လာမှာမဟုတ်ဘဲ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရဦးမှာပဲလို့ လယ်ယာ စိုက် ပျိုးရေနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ကျပ်သိန်း ၁၂၀၀၀ ကျော် တန်ဖိုးရှိမြေကွက် နာရေးကူညီမှု အသင်းသို့လှူဒါန်း

နာရေးကူ ညီမှုအသင်းသို့ ကျပ်သိန်းပေါင်း ၁၂၈၀၀ တန်ဖိုးရှိသည့် မြေကွက်အား အလှူ့ဒါယိကာမတစ်ဦးက လာရောက် လှူဒါန်းသွားခဲ့ကြောင်း သိရသည်။

ထိုင်းပဋ္ဋိပက္ခ နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ စစ်ဦးစီးချုပ် သတိပေး

Photo: ထိုင်းပဋ္ဋိပက္ခ နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ စစ်ဦးစီးချုပ် သတိပေး 
Saturday, December 28, 2013

အစိုးရ ဆန့်ကျင် လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ ထိုင်းနိုင်ငံမှာ ၂ ဖက်စလုံးက ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့ စစ်တပ်အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့တော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocah က မတင်မကျပဲ ပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေမှာ ဘာမဆိုဖြစ်နိုင်တယ်လို့လည်း သတင်းထောက်တွေကို ပြောသွားပါတယ်။

စစ်တပ်ကို တဖက်ဖက်မှာ ရပ်ဖို့ တိုက်တွန်းနေတာတွေကိုလည်း ရပ်ဖို့ စစ်တပ်အကြီးအကဲက ပြောဆိုခဲ့တာပါ။ ထိုင်းဒုတိယ၀န်ကြီးချုပ် Surapong Tovichakchaikul ကတော့ ဖေဖော်ဝါရီလဆန်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်တွေ စနေနေ့မှာ စတင်မှတ်ပုံတင်တဲ့ အချိန်မှာ လုံခြုံရေး တာဝန်ယူပေးဖို့ စစ်တပ်ကို အကူအညီတောင်းမှာ ဖြစ်တဲ့အကြောင်း ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီးနောက်မှာပဲ အစိုးရရဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

သွေးထွက်သံယို ပြဿနာတွေ ပေါ်ပေါက်လာချိန်မှာပဲ ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အကြံပေးခဲ့ပေမဲ့ အိမ်စောင့်အစိုးရရဲ့ ဒုတိယ၀န်ကြီးချုပ် Pongthep Thepkanjana ကတော့ အစီအစဉ် အတိုင်း ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း ကြာသပတေးနေ့မှာပဲ ရုပ်မြင်သံကြားကတဆင့် ပြောဆိုသွားပါတယ်။

နိုင်ငံရေး ပြဿနာတွေ ကြီးထွားလာနေရာက ၀န်ကြီးချုပ် Yingluck Shinawatra က လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကြေညာခဲ့ပေမဲ့ ဆန္ဒပြသူတွေကတော့ ၀န်ကြီးချုပ် ရာထူးက ထွက်ပေးဖို့ အတွက် ဆက်လက်တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ 

VOA
အစိုးရ ဆန့်ကျင် လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ ထိုင်းနိုင်ငံမှာ ၂ ဖက်စလုံးက ထိန်းထိန်း သိမ်း သိမ်း ဆောင်ရွက်ကြဖို့ စစ်တပ်အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်က အာဏာသိမ်းနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့တော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-ocah က မတင်မကျပဲ ပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေမှာ ဘာမဆိုဖြစ်နိုင်တယ်လို့လည်း သတင်းထောက်တွေကို ပြောသွားပါတယ်။

Friday, December 27, 2013

ရှစ်မိုင်လမ်းဆုံတွင် ဂျပန်နည်းပညာအသုံးပြုထားသည့် ခေတ်မီမီးပွိုင့်စမ်းသပ်တပ်ဆင်

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့တတ်သည့်နေရာများထဲမှ တစ်ခုဖြစ်သည့် မရမ်းကုန်းမြို့နယ် ရှစ်မိုင် လမ်း ဆုံတွင် ဂျပန်နည်းပညာဖြင့်ပြုလုပ်ထားသည့် အဆင့်မြင့် ခေတ်မီမီးပွိုင့်အား စမ်းသပ်တပ်ဆင် အသုံးပြုနေကြောင်း သိရသည်။

ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်

ဒဂုံဆိပ်ကမ်းမြို့နယ် တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ်သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူ က သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အရက်ကြောင်ကြောင်ပြီး မိမိကိုယ်မိမိ လှံဖြင့်ထိုးသတ်

မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ် ဆုံကုန်းကျေးရွာနေ စိုးလွင် သည် ယခုလ ၂၃ ရက် နံနက် ၁ဝ နာရီ ၁၅မိနစ်က အရက် အလွန်အကျွံ သောက်စားခဲ့ပြီး မူးယစ်ကာစိတ်ကယောင်ချောက်ချား ဖြစ်ပြီး ဝမ်း ဗိုက်အောက်အားလှံဖြင့် မိမိကိုယ်မိမိထိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဒဏ်ရာသက်သာ ချင်းပြည်ခရီးစဉ် မူလစီစဉ်သည့်အတိုင်း သွားမည်


ခြေထောက်နှစ်ဖက်စလုံး အသေးစားခွဲစိတ်ကုသမှု ပြုလုပ်ပြီး ၁၀ ရက်အကြာတွင် ချုပ်ရိုးဖြည်မှုပြု လုပ်ပြီး နောက် ဒီဇင်ဘာ ၂၆ ရက်တွင် ပြန်လည်သက်သာလာပြီဖြစ်၍ ဇန်န၀ါရီလဆန်းပိုင်းအတွင်း သွားရောက်ရန် စီစဉ်ထားသည့် ချင်းပြည်နယ်ခရီးစဉ်ကို သွားရောက်နိုင်ပြီဖြစ်သည်ဟု သူ၏ မိသားစု ဆရာဝန် ဒေါက် တာတင်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

လူနှစ်ဦးသေဆုံးခဲ့သည့် အဲပုဂံလေယာဉ်ပျက်ကျမှု တစ်နှစ်ကြာတွင် အစီရင်ခံစာထွက်

လူနှစ်ဦးသေဆုံးခဲ့သည့် အဲပုဂံ လေယာဉ်ပျက်ကျပြီး တစ်နှစ်အကြာတွင် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ တစ်စောင်ကို ဒီဇင်ဘာလ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်ဟု စုံစမ်းရေး အဖွဲ့ခေါင်းဆောင် လေကြောင်း ပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဝင်းဆွေထွန်းက မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် ထွက်ရှိလာသည့် အစီရင်ခံစာကို ပို့ဆောင်ရေးဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်ကာ ၀န်ကြီး ဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ပြန်လည်ညွှန်ကြားလာမှသာ အစီရင်ခံစာပါအတိုင်း အကောင် ထည် ဖော် ဆောင်ရွက်ခြင်းနှင့် ပြည်သူများထံ အသိပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

အစိုးရက မိတ်ကပ်အဖွဲ့ကို အသိအမှတ်မပြုလို့ပြော

အစိုးရက မိတ်ကပ်အဖွဲ့ကို အသိအမှတ်မပြုလို့ပြော
Thursday, December 26, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ ၀ိုင်းဝန်းကူညီပေးခဲ့သူတွေကို နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ရာမှာ မိတ်ကပ် အခမဲ့ကူညီပြင်ဆင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုဖို့ ပျက်ကွက်နေကြောင်း မိတ်ကပ်ပညာရှင်အဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြောလိုက်ပါတယ်။

ဆီးဂိမ်း အားကစားပွဲတော် ဖွင့်ပွဲနဲ့ပိတ်ပွဲတွေမှာ မိတ်ကပ်ပညာရှင် ၄၀၀ ကျော်ကို ဦးဆောင်ပြီး ကူညီခဲ့တဲ့ ကိုကျော်သူက နိုင်ငံတော်အစိုးရက သူတို့မိတ်ကပ်ပညာရှင်အဖွဲ့ကို ခွဲခြားဆက်ဆံတယ်လို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ ရပိုင်အခွင့်အရေးကို တောင်းဆိုနေတာ မဟုတ်ဘူး၊ လိုချင်တဲ့စိတ်နဲ့ ပြောနေတာ မဟုတ်ဘူး၊ အဓိကကတော့ နိုင်ငံတော်က volunteer ချင်းအတူတူ အကုန်လုံးကို ချီးမြှင့်ပေးလိုက်တယ်၊ အဲဒါတွေက ကျနော်တို့ မိတ်ကပ်အဖွဲ့ကို တကယ်ပါလား၊ မပါဘူးလားဆိုတာကို ကျနော်တို့သိချင်တာ၊ ဆီးဂိမ်းအမှတ်တရ DVD အခွေတွေပေးတယ်၊ အကြောင်းတောင် မကြားဘူး၊ ကျန်တဲ့ဟာတွေကျတော့ ပြည့်ပြည့်စုံစုံနဲ့ အကုန်လုံးပေးတယ်၊ ကျနော်တို့အဖွဲ့ကျတော့ မပေးဘူး၊ ရင်ထဲမှာ တဖြည်းဖြည်းနဲ့ ကျနော်တို့ကို ခွဲခြားဆက်ခံရတယ်၊ ချောင်ထိုးခံရတယ် အဲလိုမျိုးခံစားရတာ"

ဆီးဂိမ်းပွဲတော် အောင်မြင်ဖို့အတွက် အခမဲ့ကူညီကြသူတွေအားလုံးကို နိုင်ငံတော်ကဆုချီးမြှင့်ရာမှာ ဆီးဂိမ်းပွဲကြည့်တဲ့ လက်မှတ်တွေ၊ ဖုန်းဆင်းကဒ်တွေ၊ ဆီးဂိမ်းအမှတ်တရ တိတ်ခွေတွေ၊ မဲဖောက်ပေးတာတွေ၊ ဂုဏ်ပြုလွှာပေးအပ်တာတွေ ရှိခဲ့ပါတယ်။

အဲဒီအထဲမှာ မိတ်ကပ်ပညာရှင် ၄၀၀ ကျော်မပါတဲ့အပြင် ဂုဏ်ပြုလွှာမှာ နာမည်တောင်မတပ်ဘဲ ထုတ်ပေးခဲ့တယ်လို့ မိတ်ကပ်ပညာရှင် အဖွဲ့ခေါင်းဆောင် ကိုကျော်သူက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲပိတ်ပွဲမှာ ကဏ္ဍအသီးသီးအတွက် အခမဲ့ကူညီခဲ့သူ ၂၀၀၀၀ နှစ်သောင်းလောက် ရှိခဲ့တယ်လို့ သိရပါတယ်။

RFA
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် ဖွင့်ပွဲနဲ့ ပိတ်ပွဲတွေမှာ ၀ိုင်းဝန်းကူညီပေးခဲ့သူတွေကို နိုင်ငံတော်ကဂုဏ်ပြုချီးမြှင့်ရာမှာ မိတ်ကပ် အခမဲ့ ကူညီပြင် ဆင်ပေးခဲ့တဲ့ မိတ်ကပ်ပညာရှင်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုဖို့ ပျက်ကွက်နေကြောင်း မိတ်ကပ်ပညာရှင်အဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြောလိုက်ပါတယ်။

ရဲအယောင်ဆောင်လူတစ်စု နေအိမ်ပေါ်ထိ ၀င်ရောက်လုယက်မှု တိုင်းအဆင့် ကိုင်တွယ်နေရ

ထန်းတပင်မြို့နယ် ရိုးလေးကျေးရွာရှိ နေအိမ်တစ်ခုသို့ အမျိုးသမီးတစ်ဦးပါဝင်သည့် ရဲဝန်ထမ်း အယောင် ဆောင် လူတစ်စုက ညဘက်တွင် နေအိမ်ပေါ်ထိ တက်ရောက်ပြီး ခြိမ်းခြောက်လုယက်ခဲ့မှုကို တိုင်းရဲ အဆင့် ရဲတပ်ဖွဲ့များဖြင့် ပူးပေါင်း ဖော်ထုတ်နေသည်ဟု အခင်းဖြစ်ပွားခဲ့သည့် တက်သစ် နယ်မြေ ရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်စိန်သော်က ဒီဇင်ဘာ ၂၆ တွင် မဇ္ဈိမကို ပြောသည်။

“တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေ ပူးပေါင်းပြီး ရအောင် ဖော်ထုတ်နေပါတယ်။ ဖော်ထုတ်ရနိုင်မယ့်အခြေ အနေမှာ ရှိနေပါတယ်။ ပြစ်မှုကျူးလွန်သူတွေက အယောင်ဆောင်ဖြစ်တယ်ဆိုတာ သေချာပါတယ်” ဟု ဆိုသည်။

ယခုအချိန်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့်အချိန်ဖြစ်သည့်အတွက် ကြက်မွေးမြူရေးလုပ်ငန်းရှင်များ သတိရှိရှိဖြင့် ကာကွယ်မှုများ လုပ်ထားသင့်

DSC 0049
ရန်ကုန်တိုင်းဒေသကြီး၊  မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ   ကြက်၊ ဘဲဈေးအား တွေ့ရစဉ်
ယခုအချိန်အခါသည် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနိုင်သည့် အချိန်အခါ ဖြစ်သည့်အတွက် ကြက်မွေးမြူရေး လုပ်ငန်းရှင်များမှာ သတိရှိရှိဖြင့် ကာကွယ်မှုများလုပ်ထားသင့်သည်။
အဆိုပါ ကြက်ငှက်တုပ်ကွေးရောဂါသည် ဒီဇင်ဘာ၊ ဇန်န၀ါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ တို့တွင် ဖြစ် ပွားလေ့ ရှိကြောင်း သိရှိရပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့မှ မြန်မာနိုင်ငံ အတွင်းသို့ ရောက်ရှိ လာသည့် ဆောင်းခို ငှက်များမှ တစ်ဆင့် ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်နိုင်ကြောင်း မွေးမြူရေး ၊ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာခင်ဇော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထိုင်းဆန္ဒပြပွဲ သေကြေ ထိခိုက်မှုရှိ

ထိုင်းဆန္ဒပြပွဲ သေကြေ ထိခိုက်မှုရှိ 
Friday, December 27, 2013

ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ပန်ကြားချက်ကို ထိုင်းအစိုးရက ပယ်ချ လိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ပုံသက် သက်ပ်ကန်ဇာန (Pongthep Thepkanjana) က ကြာသပတေးနေ့မှာ နိုင်ငံတော်ရုပ်သံမိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။  

ရွေးကောက်ပွဲကြန့်ကြာနေတာနဲ့အမျှ အကြမ်းဖက်မှုတွေ ပိုများလာနိုင်တယ်လို့လည်း  ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း ပြင်သစ်သတင်းက ပြောပါတယ်။ ထိုင်းနိုင်ငံရေးပဋိပက္ခကြောင့်ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်က ရွေးကောက်ပွဲကို  စောစောစီးစီးကျင်းပပေးဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ ထိုင်းနိုင်ငံမှာတွေ့နေရတဲ့ အဂတိလိုက်စားမှုတွေနဲ့ ငွေများငွေနိုင် နိုင်ငံရေးအဆုံးသတ်စေဖို့အတွက် ဝန်ကြီးချုပ်ယင်လတ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေတာပါ။ ဒါ့အပြင် မစ္စယင်လတ်ကို သူ့ရဲ့ အကိုတော်သူ၊ အရင်ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ရဲ့ ရုပ်သေးရုပ်အဖြစ် ရှုမြင်ကြပါတယ်။

နိုင်ငံရေးပဋိပက္ခဟာ ကြာသပတေးနေ့အစောပိုင်းမှာတော့ အကြမ်းဖက်မှုအဖြစ် ပြောင်းသွားခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေနဲ့ ပစ်ခတ်ခဲ့ကြသလို ဆန္ဒပြသူတွေကလည်း ခဲတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။

ဒီအဓိကရုဏ်းကနေ ရဲတစ်ဦးသေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာ ရခဲ့ကြတာပါ။ ဖေဖေါ်ဝါရီလ ၂ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နေကြတဲ့ ဘန်ကောက်အားကစားရုံကြီးထဲကို ဆန္ဒပြသူတွေက ရဲတွေတားနေတဲ့ကြားက အတင်းဝင်ရောက်ခဲ့တဲ့နောက်ပိုင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
 
ဆန္ဒပြမှုတွေ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်လာခဲ့တဲ့နောက် ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲ အမြန်ကျင်းပပေးမယ်လို့ ပြောကြားခဲ့ပေမယ့် နုတ်ထွက်ပေးဖို့တော့ မစ္စယင်လတ်က ငြင်းဆိုပါတယ်။ 

VOA

ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ရာ အားကစားရုံရှေ့က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေက မပေါက်ကွဲသေးတဲ့ မျက်ရည်ယိုဗုံးကို ရဲတပ်ဖွဲ့ရှိရာ ပြန်လည်ပစ်ခတ်စဉ်။ ဒီဇင်ဘာ ၂၆၊ ၂၀၁၃။
ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလထဲ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ထိုင်းရွေးကောက် ပွဲကော် မရှင်ရဲ့ ပန်ကြားချက်ကို ထိုင်းအစိုးရက ပယ်ချ လိုက်ပါတယ်။
ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပုံသက် သက်ပ်ကန်ဇာန (Pongthep Thepkanjana) က ကြာသပတေးနေ့ မှာ နိုင်ငံတော် ရုပ်သံ မိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ်ရှိ အိုးအိမ်ပိုင် မြေကွက်ပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုကို ထိပ်တိုက်ရင်ဆိုင်မှု မပြုတော့ဘဲ ဥပဒေအရသာ အရေးယူသွားမည်

DSC 0069
ရွှေလင်ဗန်း ချောင်းဘေးရှိ မြေကွက်များပေါ်တွင် ကျူးကျော်တဲများ ဆောက်လုပ်နေသည်ကို ဒီဇင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
လှိုင်သာယာမြို့နယ် ၁၅ ရပ်ကွက် ရွှေလင်ဗန်းချောင်း ကမ်းဘေးရှိ အိုးအိမ်ပိုင် မြေကွက်လွတ်များပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုအပေါ် ဥပဒေအရသာ အရေးယူသွားမည်ဟု အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက ဒီဇင်ဘာ ၂၆ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
၎င်းက “ကျွန်တော်တို့ ဘက်ကတော့ ဒီနေရာဟာ မြေလွတ်မဟုတ်ဘူး။ အိုးအိမ်ပိုင်ဖြစ်တယ် ဆိုတာကို အကြိမ်ကြိမ် အသိပေး ကြေညာထားပြီးပါပြီ။ ဒါပေမဲ့ သူတို့ဘက်က ဒါကိုလက်မခံဘဲ ကျူးကျော်တဲတွေ ဆက်ထိုးနေတဲ့အတွက် ဥပဒေအရ တရားစွဲဆို အရေးယူသွားလို့ ရပါတယ်။ နောက်ပြီး ကျူးကျော်တဲ ထိုးတဲ့သူတွေက တုတ်၊ ဓားတွေနဲ့ အုပ်စုဖွဲ့ ကင်းစောင့်နေရင် လက်နက်ဥပဒေနဲ့ အရေးယူသွားမယ်” ဟု ပြောကြားသည်။

တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှု အဓိက ဦးဆောင်သူကို မြ၀တီမြို့၌ ဖမ်းဆီးရမိ

12.26.1
ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် ပိတ်စွယ်ကုန်းကျေးရွာ ကားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် နိုဝင်ဘာအတွင်းက လင်မယားနှစ်ဦးအား ငွေကျပ် သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှုတွင် အဓိကကျူးလွန်သူ ကထီး (ခ) သူရဇော်ဦး ဆိုသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ပြန်ပေးဆွဲမှုတွင် အဓိကဦးဆောင်သူ ဖြစ်သည့် ကထီး (ခ) သူရဇော်ဦးကို မြ၀တီမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယခင်ဦးစွာ ဖမ်းမိထားသူ သုံးဦးဖြစ်သည့် စိုးမင်းဦး (ခ) သံပါးစပ်၊ သက်ကိုနှင့် ကျော်မြင့်တို့ကို ဒီဇင်ဘာ ၂၆ ရက်တွင် သန်လျင်မြို့နယ် တရားရုံးသို့ ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရ သည်။