Thursday, July 23, 2015

မြစ်ကြီးနားတရားရုံးတွင် သစ်ခိုးမှုစီရင်ခြင်း၊ သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား ၁၅၃ ဦးကို တစ်သက်တစ်ကျွန်း၊ နှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်သော်လည်း အယူခံဝင်နိုင်

မြစ်ကြီးနားမြို့တရားရုံးအနီးတွင် ယူနီဖောင်းအပြည့်အစုံ ၀တ်ဆင် ထားသည့် ရဲတပ်ဖွဲ့ဝင်များက ယခုလအတွင်း ခါတိုင်းထက်ပို၍ လုံခြုံရေးတာဝန်ယူထားသည်။ ရဲ တပ်ဖွဲ့ဝင် ၄၀ ဦးခန့် လုံခြုံရေး ယူထားသော မြစ်ကြီးနားမြို့ တရားရုံးသို့ လူဦးရေ ၁၀၀ ခန့် ဆံ့သည့် ဆယ့်နှစ်ဘီးကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ထိုးဆိုက် လာသည်။

ထို့နောက် ကားပေါ်မှ သူ့ ထက်ငါအလုအယက် ဆင်းလာ ကြသော တရုတ်နိုင်ငံသားများကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်ဖြင့် တရားရုံးသို့ ခေါ် ဆောင်လာသည်။ အဆိုပါတရုတ် နိုင်ငံသားများသည် ဇန်န၀ါရီ ၅ ရက်က ၀ိုင်းမော်မြို့နယ် သစ်တောများ တွင် တရားမ၀င် သစ်ခိုးမှုဖြင့် အစိုးရက တရားလိုပြုတရားစွဲဆို ထားသူများဖြစ်ပြီး ခုနစ်လခန့် စစ်ဆေးခဲ့သည့် သစ်ခိုးမှုကို အ မိန့်ချမှတ်မည့်နေ့ ဖြစ်သည်။ပြည်သူအများအပြား စိတ်ဝင်စားခဲ့သည့်အမှုဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင်အများအပြား လုံခြုံရေးယူခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်အချို့က ပြောသည်။

အီဂျစ်နိုင်ငံ၊ နိုင်းလ်မြစ်အတွင်း ရေယာဉ်နှစ်စီး တိုက်မိပြီး လူ ၁၉ ဦးထက်မနည်း သေဆုံး

နိုင်းလ်မြစ်အတွင်း ရေယာဉ်နှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၉ ဦး ရေနစ် သေဆုံးခဲ့ကြောင်း အီဂျစ် အာဏာပိုင်များက ကြေညာခဲ့သည်။
ဇူလိုင် ၂၂ ရက် ညပိုင်းက ကိုင်ရိုမြို့တော်အနီး ဝါရက် ဧရိယာအနီး နိုင်းလ်မြစ်လယ်တွင် ကူးတို့ယာဉ် တစ်စီးက ကုန်တင်ရေယာဉ် တစ်စီးကို ဝင်တိုက်မိခဲ့ခြင်းဟု သိရသည်။ အဆိုပါ ဖြစ်ရပ်တွင် ကူးတို့ရေယာဉ် နစ်မြုပ်ပြီး လူအများအပြား သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပြည်ထဲရေး ဝန်ကြီးဌာနက အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၆ ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး နောက်ထပ် အသေအပျောက်စာရင်း ရှိမရှိ စစ်ဆေး စုံစမ်းနေကြောင်း ဆိုသည်။ ရေယာဉ်နှစ်စီး ပြင်းပြင်းထန်ထန် တိုက်မိပြီးနောက် ကူးတို့ယာဉ်သည် ဆိုးဆိုးရွားရွား ပျက်စီးကာ နစ်မြုပ်သွားခြင်း ဖြစ်သည်။

နှစ် ၃၀ မျှ လျှို့ဝှက်ထားသည့် ရွေ့လျားဒုံးကျည် စနစ်ကို အစ္စရေးစစ်တပ် ထုတ်ဖော်ပြသ


နှစ်ပေါင်း ၃၀ မျှ လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့သည့် ရွေ့လျားဒုံးကျည်စနစ်တစ်ခု၏ သရုပ်မှန်ကို အစ္စရေးစစ်တပ်က အများပြည်သူထံ ဖွင့်ချပြလိုက်ကြောင်း သိရှိရသည်။
အစ္စရေးစစ်တပ်က Perehဟု ခေါ်ဝေါ်သည့် လက်နက်မှာ ရွေ့လျားနိုင်သည့် ဖျက်အားပြင်း ဒုံးကျည်စနစ်တစ်ခုဖြစ်သည်။ ယင်းလက်နက်သည် တင့်ကားများကို ချေမှုန်းရာတွင် အလွန်ထက်မြက်သည့် စွမ်းဆောင်ရည်မျိုး ရှိသည်။

မွေးရေကျေးလက်ဝန်ကြီးဌာနသို့ အကြွေး ဆပ်ရမည့်စာရင်းတွင် ၀န်ကြီးဟောင်း ဦးမောင်မောင်သိမ်း၏သားပါဝင်

မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဝန်ကြီးဌာနသို့ အကြွေးမပေး နိုင်သဖြင့် တရားစွဲဆိုခံရသူ ၁ဝ ဦးတွင် ၀န်ကြီးဟောင်းဦးမောင် မောင်သိမ်း၏သားဖြစ်သူ ပါဝင်နေပြီး ပေးဆပ်ရန်ကျပ်ငွေ ၁၁ ဘီလီယံကျော် ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။
ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ အစီရင်ခံစာကို ဆွေး နွေးရာတွင် ယင်းဝန်ကြီးဌာနသည် နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိ နေသည့်ငွေမှာ ကျပ်၃၁,၇၉၃ သန်းဖြစ်၍ နိုင်ငံတော်သို့ အများ ဆုံးပေးသွင်းရန်ကျန်ရှိသည့် ၀န် ကြီးဌာနတစ်ခုဖြစ်ကြောင်း နိုင်ငံ ပိုင်သတင်းစာများ၌ ဇူလိုင် ၂၂ ရက်ကဖော်ပြထားသည်။
ဝန်ကြီးဌာနသို့ ပေးသွင်းရန် ကြွေးကျန်များအနက် ၀န်ကြီး ဟောင်းဦးမောင်မောင်သိမ်း ၀န် ကြီးဖြစ်ချိန်တွင် ၎င်း၏သား ဦး မင်းသိမ်းကချေးယူခဲ့ပြီး ပေးဆပ် ရန်ကြွေးကျန် အားလုံး၏ထက် ၀က်ခန့်ရှိနေသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန် ကြီးဌာနသည် ဘဏ္ဍာရေးစည်း မျဉ်းများနှင့်ညီညွတ်မှုမရှိသည့် ငွေကြေးသုံးစွဲမှုများရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင် ၁၆ ရက် တွင် ပြောကြားခဲ့သည်။

"သိပ်လည်း အိုဗာတင်း မဖြစ်ကြပါနဲ့ မိတ်ဆွေတို့"

ပြည်တွင်းမှာ နေနေတဲ့ ဒီမိုဆို သူတော် တော်များများကဒေါ်စုလို ငြိမ်းချမ်းရေး နိုဘယ်ဆုလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ် ထင်နေကြတယ်။ ဘာကြောင့်ဆိုတော့ သူတို့ဟာ ငြိမ်းချမ်း ရေးနိုဘယ်ဆိုတာ ကြီးကိုယူရမှာရှက်လို့ ငြင်းခဲ့ကြတဲ့ ပထမဆုံး အရှေ့တောင် အာရှ ရဲ့ နိုဘယ်ဆုရှင် ဗီယက်နမ် နိုင်ငံသား လီဒတ်တို (Le Duc Tho:1973) အ ကြောင်းမသိကြရှာဘူး။နိုဘယ်ဆုယူပြီး မိမိရဲ့နောင်တော်တွေ တည်ထောင်ခဲ့တဲ့ အင်အားလွန်နိုင်ငံကြီး ကိုဖြိုခွဲလိုက်တဲ့ ဆိုဗီယက်သမတ မီခေး ဂေါ်ဗာချော့ကြီး အကြောင်းနားမလည်ရှာဘူး။နိုဗယ်ဆိုတာနဲ့ တကမ္ဘာလုံး တက်မက်မယ်ထင်နေတဲ့ သူတွေခဗျာ နိုဗယ်ကို ငြင်းဆန်ခဲ့သူ ခြောက် ဦးရဲ့ သမိုင်းကြောင်းကို လေ့လာသိရှိမှု မရှိ ရှာဘူး။ (Boris Pasternak(1958) ,Jean-Paul Sartre(1964), Le Duc Tho(1973), Richard Kuhn, Adolf Butenandt and Gerhard Domagk)

ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) အား ဇူလိုင် ၂၆ ရက်မှ စတင်ဖြတ်သန်း ခွင့်ပြုမည်

ရန်ကုန်မြို့ ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) အား ဇူလိုင် ၂၆ ရက်မှ စတင်ဖြတ်သန်းခွင့်ပြုမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ ထုတ်ပြန်ထာားသည်။
အဆိုပါတံတားကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ၄၀၅ မီတာ၊ အကျယ် ၁၁ ဒသမ ၅ မီတာ၊ယာဉ်သွားလမ်းအကျယ် ၁၁ ဒသမ ၅ မီတာ၊ လူသွားလမ်းနှစ်ဖက်ရှိပြီး တစ်ဖက်လျှင် ၁ ဒသမ ၇၅ မီတာ၊ရေလမ်း ကင်းလွတ်တံတားအမြင့် ၁၆ ပေ ၅ လက်မ၊ တံတားခံနိုင်ဝန် ခွင့်ပြုတန် ၇၅ တန်ရှိပြီး အသွား/အပြန် နှစ်လမ်းသွားဖြစ်သည့် အဆိုပါ တံတားတည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျငွေသည်  ကျပ် ၆ဒသမ ၁၅၃ ဘီလျံရှိသည်။

မြန်မာ့မီးရထား၏ ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေ

မြန်မာ့မီးရထား၏ လက်ရှိအသုံးပြုနေသော ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရထားစက်ခေါင်း ၃၇၇ တွဲရှိပြီး ယင်းမှ သက်တမ်းလွန်များကို ပြည်ပမှ စက်ခေါင်း အသစ်များဖြင့် အစားထိုးရန် စီစဉ်နေသည်ဟု မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်ဌာန အထွေထွေ မန်နေဂျာ ဦးဝင်းဦးက ပြောသည်။
သက်တမ်းလွန်နေသည်ဟု ဆိုသော်လည်း သုံးစွဲ၍ အဆင်ပြေစေရန် ပြုပြင်ထားသည်ဟု လည်းဆိုသည်။

Wednesday, July 22, 2015

တရုတ်၏ အယုံကြည်လွန်၍ အဓမ္မဆန်သော အပြုအမူများကို ဂျပန်သတိပေး


အရှေ့တရုတ်ပင်လယ်တွင် တရုတ်၏ အယုံကြည်လွန်ပြီး အဓမ္မဆန်သော အပြုအမူများသည် ဂျပန်၏ လုံခြုံရေးအတွက် ကြီးမားသောခြိမ်းခြောက်မှုများတွင် ပါဝင်နေသည်ဟု ဂျပန်က ပြောကြားလိုက်သည်။ ဂျပန်၏ စစ်ရေးကဏ္ဍကို ချဲ့ထွင်ရန် ရည်ရွယ်သော အငြင်းပွားဖွယ် ဆောင်ရွက်ချက်များစွာကို ဂျပန်ဝန်ကြီးချုပ်က လုပ်ဆောင်နေစဉ် ယင်းသို့သတိပေး လိုက်ခြင်းဖြစ်သည်။ဇူလိုင် ၂၁က ထုတ်ပြန်ခဲ့သော နှစ်စဉ်ကာကွယ်ရေးသုံးသပ်ချက်တွင် တရုတ်က အရှေ့တရုတ်ပင်လယ်တွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့သိုက်များရှာဖွေမှုနှင့် ဂျပန်ကထိန်းချုပ်ထားသော ကျွန်းများအနီး တရုတ်ကစစ်ရေးတည်ရှိမှုမြင့်တင်နေမှုအပေါ် ဂျပန်ကာ ကွယ်ရေးဝန်ကြီးဋ္ဌာနက တရုတ်ကို ပြင်းထန်စွာဝေဖန်ခဲ့သည်။

FUP က ရန်ကုန်တိုင်းရှိပြည်ထောင်စု မဲဆန္ဒနယ်များကို အဓိထား ယှဉ်ပြိုင်မည်

ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) က ရန်ကုန်တိုင်းအတွင်းရှိ ပြည်ထောင်စု မဲဆန္ဒနယ် များဖြစ်သည့် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များကို အဓိကထားယှဉ်ပြိုင်မည်ဟု ပါတီဒုဥက္ကဌ ၂ ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။

၎င်းက"ရန်ကုန်ကိုအဓိထားပြိုင်မယ်၊ မြို့တွင်း ၁၅မြို့နယ်က ပြည်သူ့၊ အမျိုးသား လွှတ်တော်တွေ ကိုဝင်မယ်။ လှိုင်သာယာ ၊ရွှေပြည်သာတော့ မပါသေးဘူး။ ဧရာဝတီ၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ မွန်နဲ့ ရှမ်းကတော့ နည်းနည်းပဲပြိုင်ဖို့လျာထားတယ်" ဟု ဆိုသည်။
FUP ပါတီသည် တိုင်းရင်းသားပါတီ၂၀ကျော်မှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းကာ ရန်ကုန် အပါအ၀င် တိုင်းဒေသကြီး အများစုကို အဓိကထားဝင်ရောက်ရန် လျာထားခြင်းလည်းဖြစ်သည်။

တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines က ဒေါ်လာ နှစ်ဘီလျံကျော်တန်ဘိုးရှိ အဲဘတ်စ်လေယာဉ် ၂၁ စင်းဝယ်ယူမည်

ပြည်တွင်းပြည်ပလေကြောင်းခရီးသွားလာမှု မြင့်မားလာသည့်အတွက် တရုတ်၏ တန်ဘိုးနည်းလေကြောင်းလိုင်း Spring Airlines သည် ယွမ် ၁၂ဒသမ၄၅ဘီလျံ(ဒေါ်လာ ၂ဒသမ၀၄ဘီလျံ) တန်ဘိုးရှိ အဲဘတ်စ် A320 လေယာဉ် ၂၁ စင်းဝယ်ယူရန် စီစဉ်ထားသည်ဟု ယင်းလေကြောင်းလိုင်းက ပြောကြားခဲ့သည်။
ထိုင်ခုံများကြား လူသွားလမ်းတစ်ခုပါ A320 လေယာဉ်၏ လက်လီဈေးမှာ ဒေါ်လာ ၉၇ သန်းရှိသည်ဟု အဲဘတ်စ်က ပြောသည်။
တရုတ်၏ ပြည်တွင်းနိုင်ငံတကာ လေကြောင်းခရီးသွားလာမှုမှာ မှန်မှန်ကြီးထွားနေသည်ဟု Spring က ကြေညာချက်တစ်ခု တွင်ဖော်ပြခဲ့သည်။
ကုမ္ပဏီသည် ၄င်း၏ လေကြောင်းသယ်ယူပို့ဆောင်မှုစွမ်းရည်မြင့်မားလာရန် လေယာဉ်စီးရေကို တိုးချဲ့ရန်ရည်ရွယ်သည်ဟု လည်းဖော်ပြသည်။

ကော်မရှင်၊ ပါတီ၊ ထွေအုပ်တို့ပါသည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဖြင့် အငြင်းပွားမှုများ ဖြေရှင်းမည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း ဝင်များ ပါဝင်သည့် မဲဆွယ်စည်းရုံးမှု ကြီးကြပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းကာ စည်းရုံးရေးကာလ အငြင်းပွားမှုများကို ဖြေရှင်းမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောသည်။

၎င်းက "ပြိုင်ဆိုင်မှု ပြင်းထန်လာရင် ပြဿနာတွေပေါ်လာနိုင်တယ်။ ဒါတွေကိုငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ကော်မတီဖွဲ့တာ အဲဒီမှာပြီးအောင်ရှင်းပေါ့၊ မပြီးရင်တော့ သက်ဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဆက်လုပ် ချင်ရင်လည်း ဆက်လုပ်လို့ရတယ်။ အဲဒီအဆင့်ကို မရောက်ခင်ပြီးပြတ် အောင်အဓိက ရည်ရွယ်တယ်" ဟု ဆိုသည်။

မဲဆွယ်စည်းရုံးရေး ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေးကို နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ ဇူလိုင်လ ၂၁ရက်၊ ရန်ကုန်မြို့ PARK ROYAL ဟိုတယ်တွင်တွေ့ဆုံရာတွင် သဘောတူညီခဲ့ခြင်းလည်းဖြစ်သည်။ ယင်းတွေ့ဆုံမှုသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စတင်ဖွဲ့စည်း ခဲ့သည့် ၂၀၁၂ခုနှစ် သြဂုတ်လမှစတင်ကာ ခုနစ်ကြိမ်မြောက်တွေ့ဆုံမှုလည်းဖြစ်သည်။

မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်သို့ ကိုယ်စားလှယ်လောင်း တင်သွင်းသည့် ပုံစံများ လာရောက်ထုတ်ယူမှု မရှိသေး

၂၀၁၅ ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင် ၂၀ ရက်က စတင် တင်သွင်းနိုင်ပြီ ဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်သို့ ဇူလိုင် ၂၁ ရက် ညနေပိုင်း အထိ မည်သည့်ပါတီမှ ပုံစံ လာရောက် ထုတ်ယူခြင်း မရှိဟု တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောသည်။
၎င်းက “ဒီနေ့အထိ ပုံစံတောင် လာမထုတ်ကြသေးဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ တင်ကြဦး မယ်မထင်ပါဘူး။ ပုံစံလာယူပြီးရင်လည်း စပေါ်တင်တာတွေ လုပ်ရပါဦးမယ်။ ပါတီတွေ အနေတော့ ကိုယ်စားလှယ်လောင်း တင်တာတွေကို စုပြုံပြီးတော့ တက်လာကြလိမ့်ထင်တယ်။"ဟု ပြောသည်။

ပြည်သူ၏ ယုံကြည်မှုရစေရန် တပ်မတော်ပိုင် မီဒီယာများမှတဆင့် ဆောင်ရွက်နေ

တပ်မတော်၏ အခြေအနေအားလုံးကို ပြည်သူများ ပိုမိုသိရှိစေပြီး ပြည်သူ၏ ယုံကြည်မှုရရှိစေရန် တပ်မတော်ပိုင် မီဒီယာများမှတဆင့် ဆောင်ရွက်နေကြောင်း တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်၏ လုပ်ဆောင်ချက်များကို ပြည်သူသိစေရန် ဆောင်ရွက်ပေးနေခြင်းသည်ပင် တပ်မတော်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတရပ်ဖြစ်သည်ဟု ဘီဘီစီအသံလွှင့်ဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ Social Network ကနေပြီးတော့ တင်ပြသလို မြ၀တီသတင်းဌာနရှိတယ်၊ မြ၀တီသတင်းစာရှိတယ်၊ မြ၀တီရုပ်မြင်သံကြားရှိတယ်။ ကျွန်တော်တို့ရဲ့ မီဒီယာကနေပြီးတော့ ပြည်သူသိအောင်လို့ လုပ်တယ်။ ကျွန်တော် ကိုယ်တိုင်လည်း မီဒီယာတွေနဲ့ ထိတွေ့မှုအများကြီးလုပ်တယ်။ အရင်ကတော့ သတင်းစာရှင်းလင်းပွဲလေး၊ ဘာလေးတော့ လုပ်တာပဲရှိပါတယ်။ သို့သော်လည်း တစ်ဦးချင်းရဲ့ ထိတွေ့မှုဆိုတာ အင်မတန်နည်းပါတယ်။ ကျွန်တော့်လက်ထက် မှာတော့ ကျွန်တော်မီဒီယာတွေနဲ့ အကုန်တွေ့တယ်။ မီဒီယာအဖွဲ့တွေ ဆို ၃ ကြိမ်လောက် တွေ့ခဲ့ပြီးဖြစ်သလိုပဲ တစ်ခြားတွေ့သင့်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း အများကြီး တွေ့ခဲ့ပြီး ဖြစ်ပါတယ်။" ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

အခြေခံမဲစာရင်း ၃၁သန်းကျော်ထိ ရရှိထားပြီ

အခြေခံမဲစာရင်း ၃၁သန်းကျော်ထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ဗဟိုအချက်အလက် သိုမှီးရာ(ဆာဗာ) သို့ရောက်ရှိနေပြီဟု ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင်က မဇ္ဈိမကိုပြောကိုသည်။
ယင်းအခြေခံမဲစာရင်းများကို သြဂုတ်လ ၂၃ရက်တွင် မြန်မာတစ်နိုင်ငံလုံးတွင် ၁၄ရက်ကြာ ထုန်ပြန် ပြသပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံပြင်ရေး ဆန္ဒခံယူပွဲ ပူးတွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင် လက်မခံ

နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒခံယူပွဲအား ပူးတွဲကျင်းပရန် ဆန္ဒရှိနေသည့် သူရဦးရွှေမန်း၏ အကြောင်းကြားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇူလိုင် ၁၆ ရက် ရက်စွဲဖြင့် အကြောင်းပြန်၍ ငြင်းဆိုလိုက်သည်။

အချိန်၊ လုပ်အားနှင့် ငွေကြေးကုန်ကျမှု သက်သာစေရန် အထွေထွေရွေးကောက်ပွဲနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ပူးတွဲကျင်းပရန် ယခုလဆန်းပိုင်းက သူရဦးရွှေမန်း၏ အကြောင်းကြားမှုအပေါ် ကော်မရှင်က ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

Monday, July 20, 2015

အမေရိကန်ဒေါ်လာ ၅၀၀ ခိုးယူမှုဖြင့် ဂျပန်နိုင်ငံသားကို အမှုဖွင့်

ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းထောင့်ရှိ ယုဇနတာဝါရှိ ကုမ္ပဏီရုံးခန်းတစ်ခုမှ အမေရိကန်ဒေါ်လာ ၅၀၀ နှင့် အဝတ်အစားများ သိမ်းဆည်းထားသည့် ဗီရိုတစ်လုံးကို ခိုးယူခဲ့သည်ဟုဆိုကာ အသက် ၃၉ နှစ်အရွယ် ဂျပန်နိုင်ငံသား အမျိုးသားတစ်ဦးကို ဇူလိုင်လ ၁၈ ရက်နေ့က ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“အမှုဖွင့်ခံထားရတဲ့ ဂျပန်နိုင်ငံသားက ယုဇနတာဝါမှာ တည်းနေသူ၊ သူတို့လူမျိုးတူ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီရုံးခန်းထဲက သစ်သားဗီရိုတစ်လုံးကို ယူခဲ့တယ်။ ဒါ့အပြင် သူတည်းနေတဲ့ ယုဇနတာဝါမှာပဲ ညဘက်ရောက်ရင် အရက်မူးသောင်းကျန်းနေတာမို့ သွားထိန်းရာက ဗီဇာသက်တမ်းကျော်ပြီး မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်နေတာကို သိရှိရတာကြောင့် လဝက ဥပဒေနဲ့ပါ ထပ်မံအမှုဖွင့်ထားတယ်” ဟု ဗဟန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါ အမှုဖွင့်ခံရသူ ဂျပန်နိုင်ငံသား Mr. MATSUKAWA KOJI မှာ စီးပွားရေးဗီဇာဖြင့် ယခုနှစ် မတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယုဇနတာဝါ၊ အခန်းအမှတ် ၄၀၃ တွင် တည်းခိုနေသူ ဖြစ်ကြောင်း၊ ဇူလိုင်လ ၁၄ ရက် ည ၉ နာရီက ယင်းတာဝါရှိ အခန်းအမှတ် ၂၀၅ တွင် ဖွင့်လှစ်ထားသော ဂျပန်နိုင်ငံသားပိုင် Rize Entertainment Co.,Ltd ရုံးခန်း အတွင်းရှိ အမေရိကန်ဒေါ်လာ ငါးရာနှင့် အဝတ်အစားများ၊ ပတ်စပို့စာအုပ်များ သိမ်းဆည်းထားသည့် သစ်သားဗီရိုတစ်လုံးကို ယူဆောင်သွားသောကြောင့် အမှုဖွင့်ကာ စစ်ဆေးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဟစ်တလာနှင့် နာဇီတို့ကဲ့သို့ အလေးပြုပြခဲ့သည့် ဗြိတိန်ဘုရင်မကြီး၏ ပုံရိပ်ဟောင်းများ ဆန်းသတင်းစာ ဖော်ပြ၍ ဗြိတိန်တွင် ပွဲဆူ

ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ကလေးငယ်ဘဝက နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာကဲ့သို့ အလေးပြုပြကာ ဆော့ကစားခဲ့ပုံများ ပါဝင်သည့် ဗီဒီယိုမှတ်တမ်းဟောင်းကို The Sun သတင်းစာက ဖော်ပြလိုက်ရာ ဗြိတိန်လူ့အဖွဲ့အစည်းအတွင်း အငြင်းပွားစရာများ ပေါ်ပေါက်ခဲ့ရကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်ခန့် ၁၉၃၃ ခုနှစ်ဝန်းကျင် ဂျာမနီတွင် အဒေါ့ဖ်ဟစ်တလာနှင့် နာဇီတို့အာဏာ ရရှိခဲ့သည့် အချိန်ကာလအတွင်း ဗြိတိန်တော်ဝင် မိသားစု ရိုက်ကူးခဲ့သော ဗီဒီယိုမှတ်တမ်းတွင် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် (ထိုစဉ်က ၆ နှစ်အရွယ်) က ဟစ်တလာကဲ့သို့ အလေးပြုပြကာ ဆော့ကစားနေပုံများ ပါဝင်ခဲ့သည်ကို The Sun သတင်းစာက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီက နုတ်ထွက်ခဲ့သော ကယားပြည်နယ် ဝန်ကြီးများ ပါတီကိစ္စ မဆွေးနွေးဟုဆို

ကယားပြည်နယ်သို့ သွားရောက်ခဲ့သော နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နုတ်ထွက်ထားသော ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ တွေ့ဆုံခဲ့သော်လည်း ပါတီတွင်း ကိစ္စရပ်များကို ဆွေးနွေးခြင်း မရှိကြောင်း ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက The Voice သို့ ပြောကြားသည်။
ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ ကယားပြည်နယ်သို့ သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ခရီးစဉ်နှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတသည် ကယားပြည်နယ် ဝန်ကြီးချုပ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားခြင်းနှင့် ပြည်နယ်ဝန်ကြီးများက နုတ်ထွက်စာတင်သွင်းခြင်း ကိစ္စရပ်များကို ဆွေးနွေးပြောဆိုခြင်း မရှိကြောင်း ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှက ဆိုသည်။
“ဒေသဖွံ့ဖြိုးရေးအတွက် အမှာစကား ပြောတာပဲ ရှိပါတယ်၊ ပါတီပိုင်းကို ဘာမှမပြောပါဘူး၊ သီးသန့်တွေ့တာလည်း မရှိပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

“နှုတ်ခမ်းခြင်းနမ်းရဖို့အတွက် တိုက်ပွဲဝင်မယ့်သူထဲမှာ ကျနော်မပါဘူး” ဒါရိုက်တာ ၀င်းထွန်းထွန်းနဲ့ အင်တာဗျူး

မိဘမေတ္တာဘွဲ့ဇာတ်လမ်းများနဲ့ ပရိသတ်ရင်ထဲ ရောက်စေတဲ့ ဘဝသရုပ်ဖော် ဇာတ်ကားတွေကိုသာ ရိုက်ကူး တင်ဆက်တဲ့ မြန်မာဒါရိုက်တာ တယောက် ရှိပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို ကြည့်ပြီးရင် ပရိသတ်ရင်ထဲ တခုခု ကျန်ရစ်နေဖို့ကို အမြဲစဉ်းစားပြီး ရိုက်ကူးတတ်သူ တယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းပါ။ ဒါရိုက်တာ ဝင်းထွန်းထွန်းက ဝေဖန်သံတွေများခဲ့သလို မြန်မာဗီဒီယိုဇာတ်ကား ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်မားစေခဲ့တဲ့ `မျက်လုံးလေး ကလယ်ကလယ်´ ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ တယောက်လည်း ဖြစ်ပါတယ်။ ဝေဖန်မှုတွေကြောင့် လဲကျခဲ့ပေမယ့် ပြန်လည် ရပ်တည်နိုင်အောင် ကြိုးစားခဲ့တဲ့၊ ကိုယ့်ရဲ့ ဖန်တီးမှု အနုပညာသစ်တွေကို ရဲရဲဝံ့ဝံ့နဲ့ ပရိသတ်ထံ ထပ်မံ ချပြရဲခဲ့တဲ့ ဒါရိုက်တာ တဦးလည်း ဖြစ်ပါတယ်။
အနုပညာအပေါ် ထားရှိတဲ့ သူ့ရဲ့ ခံယူချက်၊ အနုပညာ ဖန်တီးမှုအပေါ် ထားတဲ့ သူရဲ့ အတွေးအမြင်တွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းကို ဧရာဝတီသတင်းထောက် ယုမွန်ကျော်က ဆက်သွယ် မေးမြန်းထား ပါတယ်။
မေး။ ။ လက်ရှိ ဦးဝင်းထွန်းထွန်းရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းက စပြီး သိချင်ပါတယ်။

အာဇာနည်နေ့တွင် ဝန်ကြီးများရုံးသို့ လာရောက်ကြည့်ရှုသူ ၅၀၀ ဦးကို YHT က စစ်တမ်းကောက်

၆၈ ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများရုံး (အတွင်းဝန်များရုံး) သို့ လာရောက်လေ့လာသူများအနက် လူ ၅၀၀ ဦးကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က စစ်တမ်းကောက်ယူခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) နှင့် ပတ်သက်၍ လာရောက်လေ့လာသူ ၅၀၀ ဦးကို မေးခွန်းစာရွက်များ ဝေငှခဲ့ပြီး ဖြေဆိုစေခဲ့ခြင်းဖြစ်ကာ ဖြေဆိုသူများ၏ အကြံဉာဏ်ကို အတွင်းဝန်များရုံးကို ပြတိုက်အဖြစ် လုပ်ကိုင်မည်ဖြစ်သည့် အနော်မာအုပ်စုကို ပေးပို့သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး မန်နေဂျာ ဒေါ်ရွှေယင်းမာဦးက ပြောကြားသည်။
“လူ ၅၀၀ ကို မေးခွန်းဝေခဲ့တယ်။၂၅၀ လောက်က အဖြေပြန်ရတယ်။ ကျန် ၂၅၀ ဆီကတော့ အဖြေပြန်မရဘူး။ ဝန်ကြီးများရုံးက ဘယ်လောက်အရေးကြီးလဲ၊ လုပ်ကြံခံရတဲ့ အခန်းကို ဘယ်လိုပုံစံမျိုး မြင်ချင်လဲ၊ ထားစေချင်လဲ ဆိုတာမျိုး မေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

မဲစာရင်း မှားယွင်းမှုကြောင့် ရွေးကောက်ပွဲ နောက်သို့ ရွှေ့ဆိုင်းမည် မဟုတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ထုတ်ပြန်ထားသော မဲစာရင်း မှားယွင်းမှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ နောက်သို့ ရွှေ့ဆိုင်းကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Voice သို့ ပြောကြားသည်။
မဲစာရင်း မှားယွင်းမှုများကို အချိန်လုံလောက်စွာ ပြင်ဆင်နိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲကို သုံးလ နောက်ဆုတ်ကျင်းပပေးရန် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ စာပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
အထွေထွေရွေးကောက်ပွဲကို လက်ရှိ လွှတ်တော်သက်တမ်း မကုန်မီ ရက်ပေါင်း ၉၀ အတွင်း ကျင်းပပြုလုပ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသောကြောင့် ရွေးကောက်ပွဲ သတ်မှတ်ရက်ကို နောက်ဆုတ်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ရှင်းသည်။

Friday, July 17, 2015

မိုးကုတ်ရေပူကျောင်း ဆရာတော်ကို တရားရုံးပြောင်းစစ်ရန် တင်ထား

တရားမဝင် ကျောက်မျက်ဥပဒေအပါအဝင် အခြားပုဒ်မများဖြင့် တရားစွဲဆိုကာ လူဝတ်လဲ ဖမ်းဆီးခံ ထားရသည့် မိုးကုတ်မြို့ ရေပူကျောင်းဆရာတော် ဦးဣိန္ဒအား ပုဒ်မ နှစ်ခုအတွက် တရားရုံးပြောင်းလဲ စစ်ဆေးရန် ရုံးပြောင်းမိန့် တင်ထားသည်ဟု ၎င်း၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ကိုဆန်းထွန်းအောင်က ပြောသည်။
“အရင်ခေါက်ကတော့ တွေ့ခွင့်လည်းမပေးခဲ့ဘူး။ ပါဝါတင်ခွင့်လည်းမရခဲ့ဘူး။ ဒီတစ်ခေါက်ကတော့ အားလုံးပြေပြေ လည်လည် ပါပဲ။ ပါဝါတင်ခွင့်လည်းရပါပြီ။ ပုဒ်မ ၂၉၅နဲ့ ပုဒ်မ ၄၂(ခ)အတွက် ရုံးပြောင်း လျောက်ထားထားတယ်။ အခု ပါဝါတင်ပြီး ကျွန်တော် တို့ရဲ့ အမှုတွဲဖိုင်ယူခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။ရေပူကျောင်းဆရာတော်အား စေတီဖြိုဖျက်မှု ပုဒ်မ ၂၉၅၊ ကျောက်မျက်ဥပဒေ ပုဒ်မ ၄၁(က)၊ သစ်တောဥပဒေ ပုဒ်မ ၄၂(ခ)တို့ဖြင့် တရားစွဲဆိုဖမ်းဆီးထားခြင်းဖြစ်သည်။ဆရာတော်က တရားရုံးအဝင်တွင် “ဥပဒေကို တရားဝင်ချိုးဖောက်ခွင့်ရနေတဲ့သူတွေရဲ့လက်ထဲမှာ ဥပဒေကြောင်းအရ ရင်ဆိုင်နေ ရတာ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်"ဟုမိန့်ကြားသည်။

Thursday, July 16, 2015

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများအပေါ် ထိုင်းစစ်တပ်က လစ်လျူရှုကြောင်း ရေးသားသည့် သတင်းဌာနအား တရားရုံးတွင် စတင်စစ်ဆေး

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများအပေါ် ထိုင်းစစ်တပ်က လာဘ်စားကာ လစ်လျူရှုခဲ့ကြောင်း ရေးသားသည့် Phuketwan ဝက်ဘ်ဆိုက်အား ထိုင်းတော်ဝင်ရေတပ်က တရားစွဲဆိုထားမှုကို  ဇူလိုင် ၁၇ ရက်တွင် တရားရုံးက စတင်စစ်ဆေးမည်ဖြစ်သည်။
တရားစွဲဆိုမှုဖြစ်ပွားစေခဲ့သည့် အဆိုပါသတင်းကို ရိုက်တာသတင်းဌာနက ၂၀၁၃ ခုနှစ်တွင် ဖော်ပြခဲ့ရာ အဆိုပါသတင်းဌာနအနေဖြင့် ပူလစ်ဇာဆု ရရှိခဲ့သည်။ အယ်ဒီတာ အာလန်မော်ရစ်ဆန်နှင့် ဂျာနယ်လစ်ချူတီမာဆီဒါဆတ်သီယန်တို့သည်လည်း အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်နှင့် ဒဏ်ငွေ ဘတ် သုံးသိန်းအထိ ချမှတ်နိုင်သည့် ကွန်ပြူတာ ရာဇဝတ်မှု အက်ဥပဒေဖြင့် တရားရင်ဆိုင်နေရသည်။

မန္တလေးတွင် လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေး တင်းကျပ်

မန္တလေးမြို့တွင် နေ့စဉ်လုယက်မှုများဖြစ်ပွားလျက်ရှိပြီး ညပိုင်းတွင် ပိုမိုဖြစ်ပွားသောကြောင့် မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့က ညပိုင်းတွင် လုံခြံရေးတင်းကြပ်စွာဆောင်ရွက်လျှက်ရှိသည်ဟု မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း)ဒုရဲမှူးကြီး မြင့်ဦး ကပြောသည်။

 ဒုရဲမှူးကြီး မြင့်ဦး က  “အခုဖြစ်နေတာက ညပိုင်းတွေပိုပြီးဖြစ်နေတယ်။ ဒါကြောင့် ညပိုင်းကို ညဦး၊ ညလယ်၊ မိုးသောက်ယံ ဆိုပြီး လုံခြုံရေးကိုလုပ်နေတယ်။ တစ်ညလုံးပေါ့။နေ့ပိုင်းကတော့ ပုံမှန် လုံခြုံရေးပါပဲ။ ညပိုင်းကတော့ မီးသတ်တို့၊ကြက်ခြေနီတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်း လုပ်နေတယ်။ အများဆုံးဖြစ်နိုင်တဲ့နေရာတွေမှာ လုံခြုံရေးယူထားတယ်။ “ဟု ပြောသည်။

တောင်ကိုရီးယားတွင် ၁၁ ရက်ဆက်တိုက် မားစ်ကူးစက်မှုမရှိ၊ ငါးရက် ဆက်တိုက်သေဆုံး သူမရှိ


တောင်ကိုရီးယားတွင် ၁၁ရက်ဆက်တိုက် မားစ်ကူးစက်မှုမရှိ၊ ငါးရက်ဆက် တိုက်မားစ်ကြောင့်သေဆုံးမှု မရှိကြောင်းတောင်ကိုရီးယားက ဇူလိုင် ၁၆ တွင် ထုတ်ပြန်သည်။ယင်းသို့အခြေအနေက မားစ်ဖြစ်ပွားမှုအဆုံးသတ်ရန်နီးကပ်လာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် သာယာဝပြောရေး ၀န်ကြီးဋ္ဌာန ကပြောကြားခဲ့သည်။ဇူလိုင် ၆ ကတည်းက ကူးစက်ခံရသူ စုစုပေါင်း ၁၈၆ဦးအထိရှိသည်ဟု ၀န်ကြီးဋ္ဌာနကဆိုသည်။ တောင်ကိုရီးယားတွင် မားစ်ကူး စက်ပျံ့နှံ့မှုမှာ မကြာသေးခင်က လျော့ပါးလာခဲ့ပြီး လွန်ခဲ့သည့် ၁၉ ရက်အတွင်း အသစ်ကူးစက်ခံရသူ လေးဦးသာရှိခဲ့သည်။သြဂုတ်လ အစောပိုင်းလောက်တွင် မားစ်ဖြစ်ပွားမှုအဆုံးသတ်ကြောင်း ကြေညာနိုင်သည်ဟု သိရသည်။ ဇူလိုင် ၁၂ ရက်က တည်းက သေဆုံးသူအရေအတွက်မှာ ၃၆ ဦးဖြစ်ပြီး သေဆုံးမှုနှုန်းမှာ ၁၉ဒသမ၄ရာခိုင်နှုန်းဖြစ်သည်။

ဒီဂီယာနှင့် ဒီမာရီယာတို့၏ အခြေအနေကို ဗန်ဟား ထုတ်ဖော်ပြောဆို

 မန်ယူအသင်းနည်းပြ ဗန်ဟားလ်က ဂိုးသမားဒီဂီယာ အသင်းတွင် ဆက်ရှိမလားဆိုသည်ကို မသိကြောင်းနှင့် တောင်ပံကစားသမားဒီမာရီယာမှာမူ အသင်းသို့ ဇူလိုင် ၂၅ ရက်နေ့တွင် ပြန်ရောက်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ဒီဂီယာမှာ ရီးယဲလ်အသင်းသို့ ပြောင်းလိုကြောင်း တရားဝင် ထုတ်ဖော်ဝန်ခံထားသလို ရီးယဲလ်ကလည်း ၎င်းကို ခေါ်ယူလိုလျက်ရှိသည်။ သို့သော် ယခုအချိန်အထိ အပြောင်းအရွှေ့မှာ ဖြစ်ပေါ်လာခြင်း မရှိသေးဘဲ ဒီဂီယာမှာ မန်ယူအသင်းနှင့်အတူ ရာသီကြို လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သည်။

ဒီမိုကရေစီ အခွင့်အရေးများကို ရှေ့ကာလများတွင် ကာကွယ်ပေးရန် အာဏာပိုင်များကို အမေရိကန် တိုက်တွန်း

 ပြည်တွင်းတွင် ဒီမိုကရေစီ အခွင့်အရေးကို ရှေ့လာမည့် ကာလများနှင့် ယင်းအလွန် ကာလများ၌ပါ အကာအကွယ်ပေးရန် အာဏာပိုင်များကို တိုက်တွန်းကြောင်း အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ချက် ထုတ်ပြန်လိုက်သည်။

ပြည်တွင်းတွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ဖြင့် ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်နေခြင်းအပေါ် အမေရိကန်ပြည်ထောင်စု အနေဖြင့် စိုးရိမ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ရှယ်ယာဂယက်ကြောင့် မန္တလေးကျောက်ဝိုင်းသို့ တရုတ်ကုန်သည် ဝင်ရောက်မှု ရာချီလျော့

တရုတ်နိုင်ငံတွင် စတော့ရှယ်ယာဈေးကွက် ကျဆင်းခဲ့မှုကြောင့် မန္တလေးမြို့တော်ရှိ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) သို့ နေ့စဉ်လာရောက်သည့် တရုတ်ကုန်သည်ဦးရေ ရာချီလျော့ကျသွားကြောင်း အဆိုပါစခန်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောကြားသည်။
“အရင်တုန်းက ထောင်ချီပြီးလာတယ်။ ခု နှစ်ရာ သုံးရာလောက်ပဲ လာတော့တယ်” ဟု ၎င်းကဆိုသည်။
နေပြည်တော်တွင် ကျောက်မျက်ပြပွဲ မပြုလုပ်မီကတည်းကပင် မန္တလေးကျောက်မျက် စခန်းသို့ တရုတ်ကုန်သည်များ လာရောက်မှု လျော့နည်းခဲ့ပြီး လက်ရှိတွင်မူ စတော့ရှယ်ယာဈေးကွက် ဂယက်ကြောင့် သိသိသာသာ အဝင်လျော့ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

SNLD ရွေးကောက်ပွဲဝင်မည်၊ မဲဆန္ဒနယ် တစ်ရာ့ခြောက်ဆယ် ပြိုင်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်ရန် ဆုံးဖြတ်လိုက်ပြီး မဲဆန္ဒနယ် ၁၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ဇူလိုင်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပသည့် SNLD ဗဟိုကော်မတီ အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ အားလုံးက သဘောတူညီမှုပေးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မနက်ဖြန် ကော်မတီ အစည်းအဝေးပွဲမှာ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများကို ဆက်လက်ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
SNLD ပါတီအနေနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်များတွင် မဲဆန္ဒနယ် ၁၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဖီနာဘာချီအသင်း ဆုဖလားများ ရရှိအောင် အစွမ်းကုန် ကြိုးစားပေးသွားမည်ဟု ဗန်ပါစီ ပြော

ဖီနာဘာချီအသင်းပိုင် Sukru Saracoglu အားကစားကွင်းကြီးတွင် ဗန်ပါစီ၏ ကစားသမားမိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ ဖီနာဘာချီအသင်းပရိသတ် ထောင်ပေါင်းများစွာက တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။
အသက် ၃၁ နှစ်အရွယ်ရှိ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီသည် မန်ယူအသင်းမှ ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ခဲ့ရာတွင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၂၄၀,၀၀၀ ရရှိမည်ဖြစ်ပြီး သုံးနှစ် စာချုပ် ချုပ်ဆိုထားသည်။