ရန်ကုန်ပြည်သူ့ဆေးရုံကြီးအား
အာဆီယံအဆင့်မီ ဆေးရုံကြီးဖြစ်လာစေရန် အတွက် ခေတ်မီရောဂါရှာဖွေရေး
စက်ကိရိယာများနှင့် ကျွမ်းကျင်သော ကျန်းမာရေး ဝန်ထမ်းများအား
နိုင်ငံတော်အပိုင်းမှ စဉ်ဆက်မပြတ် ဖြည့် ဆည်းပေးရန်လိုအပ်ကြောင်း
အဆိုပါဆေးရုံကြီးမှ အထွေထွေရောဂါကု ပါမောက္ခဆရာဝန်ကြီးတစ်ဦးက ပြောသည်။
