Saturday, January 19, 2013

ကမ္ဘာရဲ့ ၉၀% ခန့်ကို ဗြိတိသျှ တို့ ၀င်ရောက် နယ်ချဲ့ခဲ့

Photo: ကမ္ဘာရဲ့ ၉၀% ခန့်ကို ဗြိတိသျှတို့ ၀င်ရောက်နယ်ချဲ့ခဲ့
Saturday , January 19, 2013

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း (နိုင်ငံလို့ အသတ်မှတ် မခံရသေးတဲ့ နယ်မြေဒေသ အပါအ၀င်) ၂၀၁ ခုမှာ ဗြိတိသျှလူမျိုးတွေက ၁၇၈
နိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ သမိုင်းပညာရှင် Stuart Laycock ရေးသားတဲ့စာအုပ် "All the Countries We've Ever Invaded: And the Few We Never Got Round To" မှာ ဖော်ပြထားပါတယ်။ 

ဒီကိန်းကဏန်းအရ ကမ္ဘာ့နိုင်ငံများရဲ့ ၉၀ ရာခိုင်နှုန်း ကို သမိုင်းမှာ “နေမ၀င်အင်ပါယာ“ လို့ တွင်ခဲ့တဲ့ ဗြိတိသျှလူမျိုးတွေက စစ်ရေး၊ 
စီးပွားရေး၊ နယ်မြေချဲ့ ထွင်ရေး အတွက် တနည်းမဟုတ်တနည်းအားဖြင့် နယ်ချဲ့ခဲ့တယ်ဆိုတာ သိမှတ်ရပါတယ်။

Myanmar1ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း (နိုင်ငံလို့ အသတ်မှတ် မခံရသေးတဲ့ နယ်မြေဒေသ အပါအ၀င်) ၂၀၁ ခုမှာ ဗြိတိသျှလူမျိုးတွေက ၁၇၈ နိုင်ငံထဲကို ကျူးကျော် ၀င်ရောက်ခဲ့တယ်လို့ သမိုင်းပညာရှင် Stuart Laycock ရေးသားတဲ့စာအုပ် "All the Countries We've Ever Invaded: And the Few We Never Got Round To" မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှ လုံးတီးဆန်တန်ချိန် ၇ သောင်း နှစ်စဉ်ဝယ်ယူရန် ကိုရီးယားကုမ္ပဏီတစ်ခု ကမ်းလှမ်း

Photo: မြန်မာနိုင်ငံမှ လုံးတီးဆန်တန်ချိန် ၇ သောင်း နှစ်စဉ်ဝယ်ယူရန် ကိုရီးယားကုမ္ပဏီတစ်ခု ကမ်းလှမ်း
Saturday , January 19, 2013

မြန်မာနိုင်ငံမှ လုံးတီးဆန်တန်ချိန် ၇ သောင်း နှစ်စဉ်ဝယ်ယူရန် ကိုရီးယားကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်းမှ သတင်းရရှိသည်။

ကိုးရီးယားနိုင်ငံမှ Samsung C&T ကုမ္ပဏီသည် မြန်မာနိုင်ငံမှ လုံးတီးဆန် ၀ယ်ယူတင်သွင်းလိုကြောင်း ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်လုံးတီးဆန် တန်ချိန် ၇ သောင်း ၀ယ်ယူတင်သွင်းလိုကြောင်း အဆိုပါကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်စဉ် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ကိုးရီးယားနိုင်ငံမှ Samsung C&T ကုမ္ပဏီမှ ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းက လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း (MAPCO) နှင့် ပြည်ပသို့ ဆန်တင်ပို့သည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

"ကိုရီးယားကုမ္ပဏီကနေ ဒီကလုံးတီးဆန် ၀ယ်ဖို့ကမ်းလှမ်းတာ
မြန်မာနိုင်ငံအတွက် ပြည်ပကိုတင်ပို့နိုင်တဲ့ ဈေးကွက်သစ်တစ်ခု ရရှိသလိုမျိုးပါပဲ။ တောင်သူတွေအတွက်လည်း စပါးဈေး ပိုမိုရရှိနိုင်ပါတယ်" ဟု မြန်မာနိုင်ငံ လယ်ယာစီးပွားအများပိုင် ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ လုံးတီးဆန် ၀ယ်ယူတင်သွင်းလိုကြောင်း လာရောက်
ကမ်းလှမ်းခဲ့သည့် Samsung C&T ကုမ္ပဏီသည် ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ၊ ကုန်သွယ်ရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြောင်း သိရသည်။ ကိုးရီးယား Samsung C&T ကုမ္ပဏီသည် နိုင်ငံရပ်ခြား တိုင်းပြည် ၅၀ တွင် ကုမ္ပဏီရုံးခွဲပေါင်း ၁၃၃ ရုံး ဖွင့်လှစ်ထားကြောင်း သိရှိရသည်။   

Eleven Media Group မြန်မာနိုင်ငံမှ လုံးတီးဆန်တန်ချိန် ၇ သောင်း နှစ်စဉ်ဝယ်ယူရန် ကိုရီးယားကုမ္ပဏီတစ်ခုက ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်းမှ သတင်းရရှိသည်။

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက်

Photo: စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက်
Saturday , January 19, 2013

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကို မနေ့က တောင်းခံခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံရဲ့ ကျောက်မျက်လုပ်ငန်း တင်ပို့ရောင်းဝယ်ရေးဆိုင်ရာ အဆိုတစ်ရပ် ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တင်သွင်းခဲ့အပြီး အခုလို နှုတ်ထွက်ခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။

နှုတ်ထွက်ခွင့်တောင်းခံတဲ့စာကို ဦးတေဇက သမ္မတဆီ ပိုခဲ့ပြီး၊ အဆိုတင်သွင်းခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့
မကွေးတိုင်ဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ ဆီကိုလည်း မိတ္တူတစ်စောင် မနေ့က ပေးပို့ခဲ့တယ်လို့ ဦးလှဆွေက အတည်ပြုပြောကြားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ နိုင်ဝင်ဘာလ အမေရိကန်ပြည်ထောင်စုက
နောက်ဆုံးကြေညာခဲ့တဲ့ တားမြစ်ပိတ်ဆို့ခံ ရသူ လူပုဂ္ဂိုလ်စာရင်းထဲမှာ ဦးတေဇ နဲ့ ဦးထွန်းမြင့်နိုင် တို့ပါဝင်နေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဦးတေဇ က သူ့အနေနဲ့ ဆက်မလုပ်သင့်ဘူးလို့ ယူဆတဲ့
အတွက်မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ရာထူးကနေ နှုတ်ထွက်ခွင့်တောင်းခံခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ကျောက်မျက် တင်ပို့ရောင်းဝယ်ရေးလုပ်ငန်းရဲ့ (၆၀)ရာခိုင်နှုန်း
ဟာ ခရိုနီ လို့ခေါ်နေကြတဲ့ စစ်တပ် နဲ့ အာဏာပိုင်တွေနဲ့ နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာ ရှိနေတယ်လို့ သိရပါတယ်။

ဦးတေဇဟာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှာ ဥက္ကဌ သက်တမ်း ၃ကြိမ် ဆက်တိုက် တာဝန်ယူခဲ့ပါတယ်။

RFA Burmeseမြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကို မနေ့က တောင်းခံခဲ့ပါတယ်။

Lamborghini Diablo ကို ကုမ္မဏီ နှစ် ၃၀ ပြည့်အထိမ်း အမှတ်

Photo: Lamborghini Diablo ကို ကုမ္မဏီ နှစ် ၃၀ ပြည့်အထိမ်း အမှတ်ကြောင့် လူသိများခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်က ထုတ်လုပ်ပြီး ၂၀၀၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။

စုစုပေါင်း အစီးရေ ၂၈၈၄ စီးသာ ရှိပါတယ်။ Diablo နာမည်အောက်မှာ အစီး ၉၀၀၊ VT အစီးရေ ၄၀၀၊ SE300 ၂၅ (အမေရိကန်သီးသန့်)၊ SE 30 Jota ၂၈ စီး၊ VT Roadster အစီး ၂၀၀ နဲ့ ကျန်တာကတော့ SV ဖြစ်ပါတယ်။ အစောဆုံးမော်ဒယ်ကတော့ Diablo ဖြစ်ပြီး အစီး ၉၀၀ နဲ့ Brand သက်သက်ခွဲလိုက်ပါတယ်။

သို့ပေမယ့် အားလုံးရဲ့ အင်ဂျင်ကတော့ တူတူတွေချည်းဖြစ် ပါတယ်။ ၅၇၀၀ စီစီ ၁၂လုံးပူး V အင်ဂျင် ဖြစ်ပါ တယ်။ ရှေ့ဘီးမောင်၊ နောက်ဘီးမောင်း၊ လေးဘီးမောင်း နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ Lamborghini ထုတ်သမျှထဲမှာ တစ်နာရီ မိုင် ၂၀၀ အထက်ပြေးတဲ့ ပထမဆုံးကားဖြစ်ခဲ့ ပါတယ်။ ဘာလို့လဲဆိုတာ သူ့ရဲ့  Top Speed က တစ်နာရီ ၂၀၂ မိုင် ရှိလို့ပဲ ဖြစ်ပါတယ်။

ကာဘွန်ဖိုက်ဘာ သားနဲ့လုပ်တဲ့ ဘော်ဒီကြောင့်လဲ ကားရဲ့ ဝိတ်ကို လျော့ချထားပေးပါတယ်။ Murcielago ထွက်ရှိချိန် မှာ ရပ်တန့်ခဲ့ပေမယ့် သူ့ရမှာ အသုံးပြုတဲ့ နည်းပညာ က ခေတ်မှီနေဆဲ ဖြစ်ပါတယ်။ ဥပမာ- ကွန်ပျူတာနဲ့ ထိန်းချုပ်တဲ့ ဆီကျွေးစနစ်၊ မဂ္ဂနီဆီယမ်သား နဲ့လုပ်သော လေဝင် Manifold, ကားလေးဘီးလို့ကို အီလက်ထရောနစ်သုံး ထိန်းချုပ်ပေးမယ့် Brembo Disc brake စနစ်၊ စတာတွေပဲ ဖြစ်ပါတယ်။ နောက်က အင်ဂျင် စက်ဖုံးကိုလည်း ပါဝါဖွင့်ပိတ်စနစ် အသုံးပြုပေးထား ပါတယ်။ ၁၇ လက်မကျယ်တဲ့ အလူမီနီယံ အလွိုင်းဘီး နဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အရှည် ၁၇၆ လက်မ၊ အမြင့် ၄၃.၉လက်မ၊ အကျယ် ၈၀.၃ လက်မ အတိုင်းအတာရှိပါတယ်။ ဘော်ဒီစတိုင် အနေနဲ့ အမိုးပွင့် Roadster နဲ့ အလုံပိတ် Coupe နှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်။ တံခါး နှစ်ပေါက် နှစ်ယောက် စီး အဆင့်မြင့် ဇိမ်ခံပြိုင်ကား ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ ၅နဲ့ ရောင်းချခဲ့ပါတယ်။ ယနေ့ခေတ်မှာ ပြန်လည်ရှာ ဝယ်မယ်ဆိုရင် ဈေးက၂ သိန်းခွဲထက် သုံးလေးဆမက ကြီးနေမှာ ဖြစ်ပါတယ်။
----
Ref:Lamborghin
http://www.colayonline.com.mm/automobilei
ColayOnline:Automobile
Lamborghini Diablo ကို ကုမ္မဏီ နှစ် ၃၀ ပြည့်အထိမ်း အမှတ်ကြောင့် လူသိများခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်က ထုတ်လုပ်ပြီး ၂၀၀၁ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ စုစုပေါင်း အစီးရေ ၂၈၈၄ စီးသာ ရှိပါတယ်။ Diablo နာမည်အောက်မှာ အစီး ၉၀၀၊ VT အစီးရေ ၄၀၀၊ SE300 ၂၅ (အမေရိကန်သီးသန့်)၊ SE 30 Jota ၂၈ စီး၊ VT Roadster အစီး ၂၀၀ နဲ့ ကျန်တာကတော့ SV ဖြစ်ပါတယ်။ 

ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးတွင်ဘတ်စ်ကားလိုင်း ကွန်ယက်အားခေတ်မီအောင် ပြုပြင်ခြင်းနှင့် မြေအောက်ဖြတ်လမ်းများ တည်ဆောက်ရေးအတွက် ဂျပန်အစိုးရမှ နည်းပညာ၊ ချေးငွေ၊ ကူညီ ထောက်ပံ့မှုများ ပေးမည်

Photo: ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးတွင်ဘတ်စ်ကားလိုင်း
ကွန်ယက်အားခေတ်မီအောင် ပြုပြင်ခြင်းနှင့် မြေအောက်ဖြတ်လမ်းများ တည်ဆောက်ရေးအတွက် ဂျပန်အစိုးရမှ နည်းပညာ၊ ချေးငွေ၊ ကူညီ
ထောက်ပံ့မှုများ ပေးမည်
Saturday , January 19, 2013

ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးတွင် ခရီးသည်အများဆုံး အသုံးပြုနေရသော ဘတ်စ်ကားလိုင်းကွန်ယက်အား ခေတ်မီအောင်
ပြုပြင်ခြင်းနှင့် မြေအောက်ဖြတ်လမ်းများ တည်ဆောက်ရေးအတွက် ဂျပန်အစိုးရမှ နည်းပညာအကူအညီ၊ ချေးငွေနှင့် ကူညီထောက်ပံ့ငွေများ
ပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့တော်
ခန်းမ၌ ပြုလုပ်ခဲ့သော မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်းနှင့် ပတ်သက်သည့် အစည်းအဝေးမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင်း သွားလာနေကြသော ပြည်သူများ၏ ၈၅ ရာခိုင်နှုန်းခန့်မှာ ခရီးသည်တင်ယာဉ်လိုင်းများကို အများဆုံးစီးနင်း အသုံးပြုနေကြပြီး လက်ရှိအသုံးပြုနေသော ခရီးသည်တင်ယာဉ်လိုင်း
များတွင် ခေတ်မမီတော့သည့် စစ်ကျန်ဘတ်စ်ကား အဟောင်းများ၊ ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားသော ဒိုင်နာ၊ ဟိုင်းလပ်ယာဉ်များကို မဖြစ်မနေ အသုံးပြုနေရသည်။

ထို့ကြောင့် ဂျပန်နိုင်ငံ အစိုးရအနေဖြင့် အဆိုပြုစီမံကိန်းတစ်ရပ်ဖြစ်သည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုနေသည့် ဘတ်စ်ကားကွန်ယက်အား ခေတ်မီအောင် နည်းပညာကူညီပေးသွား
မည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုများအတွက် မြေအောက်ဖြတ်လမ်းများ တည်ဆောက်ရန် ချေးငွေ (သို့မဟုတ်) ကူညီထောက်ပံ့မှုများ
ပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်၏ အနာဂတ်စီမံကိန်းတစ်ခုဖြစ်သည့် မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲလျက်ရှိရာ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများ ချမှတ်သွားမည်ဖြစ်ပြီး ကာလတို
လုပ်ငန်းများအနေဖြင့် ခရီးသည်တင် ဘတ်စ်ကားလုပ်ငန်း အဆင့်မြှင့်
တင်ခြင်း၊ ဘတ်စ်ကား အမြန်ပို့ဆောင်ရေးစနစ်များ ထူထောင်ခြင်း၊ လူနေထူထပ်သိပ်သည်းသည့် မြို့တွင်းဗဟိုစီးပွားရေးဇုန်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် တိုးမြှင့်ခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါအစည်း
အဝေးတွင် ထုတ်ပြန်ချက်အရ သိရသည်။

အဆင့်မမီတော့သည့် ဘတ်စ်ကား လိုင်းများကြောင့် ယာဉ်တိုက်မှုများ
ဖြစ်ပွားနေရာ ရန်ကုန်တိုင်းဒေသကြီးသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်းက ခရီးသည်တင်ယာဉ်လိုင်း ယာဉ်တိုက်မှုပေါင်း ၃၁၈ မှုတွင် သေဆုံးသူပေါင်း ၆၀ ဦးနှင့် ဒဏ်ရာရရှိသူပေါင်း ၈၂၃ ဦး ရှိခဲ့ကြောင်း၊ ယာဉ်တိုက်မှုအများဆုံး
ဖြစ်ပွားသော ယာဉ်များမှာ စစ်ကျန်ဘတ်စ်၊ ဘီအမ်၊ ဒိုင်နာ၊ ဟိုင်းလပ်ယာဉ်
များဖြစ်ကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှု များပြားသည့် အဓိကလမ်းဆုံး နေရာများအတွက်
မြေအောက်ဖြတ်လမ်းများ ဆောက်လုပ်မှုမှာ အလျင်အမြန် ပြုလုပ်ရမည့်
လုပ်ငန်းများဖြစ်ကြောင်း မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူစာစီမံကိန်း၏ ကြားဖြတ်အစီရင်ခံစာ (၂) တွင် ဖော်ပြထားပြီး ယာဉ်ကြောပိတ်ဆို့မှု သက်သာစေပြီး အချိန်တိုအတွင်း လျင်မြန်စွာသွားလာနိုင်သည့် ရထားပို့ဆောင်ရေးစနစ်ကိုလည်း ပိုမိုမြှင့်တင်ရန် လိုအပ်နေသည်
ဟုလည်း ဖော်ပြထားပါသည်။

Eleven Media Group ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးတွင် ခရီးသည်အများဆုံး အသုံးပြုနေရသော ဘတ်စ်ကားလိုင်းကွန်ယက်အား ခေတ် မီအောင် ပုပြင်ခင်းနှင့် မြေအောက်ဖြတ်လမ်းများ

၂၀၁၃ အတွက် Mini JCW

Photo: ၂၀၁၃ အတွက် Mini JCW
Saturday , January 19, 2013

ဗြိတိန်မော်တာ ကော်ပိုရေးရှင်းက ထုတ်တဲ့ မီနီတွေကိုတော့ လူတိုင်း သိပါတယ်။ ဟာသရုပ်ရှင်မင်းသား မာစတာ ဘင်း စီးတဲ့ ကားမို့လို မသိသူ ရှားပါတယ်။

၁၉၅၉ ခုနှစ်ကစလို့ ၂၀၀၀ ခုနှစ်အထိ မီနီ ပလက်ဖောင်း ပုံစံမပြောင်းပဲ ထုတ်လုပ်ပါတယ်။ ၂၀၀၆ ခုနှစ်ကစပြီး မီနီကို ပြန်လည် အသက်
သွင်းပါတယ်။ ပြန်လည်အသက်သွင်းတဲ့ မီနီ များကတော့ အများကြီး ပြောင်းလဲသွားပါတယ်။ အင်ဂျင်ပါဝါကအစ အရင်လို ၁ထောင်ကျော်တွေ မဟုတ်တော့ အားကြီးကားတွေ ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း သေးပေမယ့် ဈေးမနည်းတဲ့ကားများ ဖြစ်လာပါတယ်။

ယခု ၂၀၁၃ အတွက် ရည်ရွယ်ချက် Mini JCW ကလည်း အမေရိကန်
ဒေါ်လာ ၃၇၀၀၀ ကျော် တန်ဖိုးရှိပါတယ်။ ဝိတ်ကတော့ မီနီ အစဉ်အလာမပျက်အောင် အနည်းဆုံး လျော့ချထားပေးပြီး ခပ်မြန်မြန်မောင်းနိုင်မယ့် Mini coupe မျိုး ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: autoblog.
Photo courtesy of autoblog. All Rights Reserved.
ColayOnline:Automobile ဗြိတိန်မော်တာ ကော်ပိုရေးရှင်းက ထုတ်တဲ့ မီနီတွေကိုတော့ လူတိုင်း သိပါတယ်။ ဟာသရုပ်ရှင်မင်းသား မာစတာ ဘင်း စီးတဲ့ ကားမို့လို မသိသူ ရှားပါတယ်။

ရန်ကုန်မြို့တော်တွင် တစ်နှစ်လျင် အလုပ်အကိုင်ပေါင်း ၂၀၀၀၀ ကျော် လိုအပ်လျက်ရှိပြီး အခြေခံလုပ်သားအများစု အလုပ်ရနိုင်မည့် စက်ရုံ အလုပ်ရုံများ ပိုမိုတည်ထောင်ရန် လိုအပ်နေ

Photo: ရန်ကုန်မြို့တော်တွင် တစ်နှစ်လျင် အလုပ်အကိုင်ပေါင်း ၂၀၀၀၀ ကျော် လိုအပ်လျက်ရှိပြီး အခြေခံလုပ်သားအများစု အလုပ်ရနိုင်မည့် စက်ရုံ
အလုပ်ရုံများ ပိုမိုတည်ထောင်ရန် လိုအပ်နေ
Saturday , January 19, 2013
  
ရန်ကုန်မြို့တော်တွင် တစ်နှစ်လျင် အလုပ်အကိုင်ပေါင်း ၂၀၀၀၀ ကျော် လိုအပ်လျက်ရှိပြီး အခြေခံလုပ်သားအများစု အလုပ်ရနိုင်မည့် စက်ရုံ
အလုပ်ရုံများ ယခုထက်ပိုမိုတည်ထောင်ရန် လိုအပ်လျက်ရှိသည်ဟု ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သော မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်သည့် အစည်းအဝေးတွင် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က
ပြောကြားခဲ့သည်။

''ရန်ကုန်မြို့မှာ အလုပ်အကိုင်ရရှိမှုတွေကို ပြန်ကြည့်မယ်ဆိုရင် ၀န်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်နေတာက လက်ရှိအလုပ်ရှိ
လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း၊ ထုတ်လုပ်မှုကဏ္ဍမှာ လုပ်တာက ၁၉ 
ရာခိုင်နှုန်းပဲ ရှိနေတယ်။ ဒါကြောင့် အလုပ်အကိုင်တွေ ပေါများဖို့ဆိုတာ စက်ရုံအလုပ်ရုံတွေ ပေါများဖို့လိုတယ်။ ရန်ကုန်မြို့မှာက မြေအသုံးချမှုမှာ လူနေအိမ်တွေက ၈၉ ရာခိုင်နှုန်းလောက်ရှိတယ်။ စက်မှုလုပ်ငန်းတွေ
အတွက်တော့ မြေအသုံးချမှုက ၆ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။
ဖြစ်သင့်တာက စက်မှုမြေအသုံးချမှုက ၄၀ ရာခိုင်နှုန်းလောက် ဖြစ်သင့်တယ်။ ဒါကြောင့် အခြေခံလုပ်သား အလုပ်များများရဖို့ စက်ရုံအလုပ်ရုံတွေ
ပေါများဖို့လိုတယ်။ စက်မှုကဏ္ဍ မဖွံ့ဖြိုးရင် မလုပ်များများ မရနိုင်ပါဘူး'' ဟု ဒေါက်တာကျော်လတ်က ပြောပြခဲ့သည်။

ရန်ကုန်မြို့၏ စက်မှုကဏ္ဍ လုပ်ငန်းများတွင် လက်ရှိစက်မှုဇုန် ၂၄ ခုရှိပြီး အသုံးမပြုသော မြေများအပါအ၀င် အကျယ်အ၀န်း ၅၁၀၅ ဧက ရှိကြောင်း၊ အချို့မှာ ယခင်ကတည်းက စက်မှုဇုန်တည်ထောင်မည်ဟု မြေနေရာမ၀ယ်ယူ
ခဲ့သော်လည်း နောက်ပိုင်းမြေဈေးကစားရန်အတွက် စက်မှုဇုန်များ
တည်ဆောက်မှု မရှိကြောင်း သိရသည်။

စက်မှုကဏ္ဍတွင် အလုပ်သမားအင်အားစုမှာ နည်းသည်ဟုဆိုနိုင်ပြီး 
လာမည့် ၂၀၄၀ ခုနှစ်တွင် အလုပ်သမားအင်အား ၅ ဒသမ ၅၄ သိန်း ထပ်မံမြင့်တက်လာမည် ဖြစ်သောကြောင့် သီလ၀ါအထူးစီးပွားရေးဇုန် အပါအ၀င် စက်မှုစီးပွားရေးဇုန် အသစ်များ ထပ်မံလိုအပ်မည်ဟု မဟာ
ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာ စီမံကိန်း၏ ကြားဖြတ်အစီရင်ခံစာ 
(၂) တွင် ဖော်ပြထားပါသည်။

သို့သော် စက်မှုဇုန်လုပ်သားများတွင် ရင်ဆိုင်နေရသော အခြေခံလုပ်အားခ နည်းပါးသည့် အခြေအနေများလည်း ရှိနေပြီး ထိုက်သင့်သည့် သတ်မှတ်
လုပ်အားခ ရရှိရန်မှာလည်း အရေးကြီးလိုအပ်လာမည် ဖြစ်သည်။

''ရန်ကုန်မြို့ကို ချဲ့ဖို့လိုသလို စက်မှုဇုန်တွေကိုလည်း ထပ်လုပ်ဖို့ 
လိုတယ်။ ပြီးတော့ မြို့ပြစီမံကိန်း ရေးဆွဲတဲ့နေရာမှာလည်း လုပ်သားအလုပ်ရရဖို့ကိုလည်း ထည့်သွင်းဖို့လိုပါတယ်'' ဟု ဒေါက်တာကျော်လတ်က ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Group
ဓာတ်ပုံ - ဧရာဝတီရန်ကုန်မြို့တော်တွင် တစ်နှစ်လျင် အလုပ်အကိုင်ပေါင်း ၂၀၀၀၀ ကျော် လိုအပ်လျက်ရှိပြီး အခြေခံလုပ်သားအများစု အလုပ်ရနိုင်မည့် စက်ရုံ အလုပ်ရုံများ ယခုထက်ပိုမိုတည်ထောင်ရန် လိုအပ်လျက်ရှိသည်ဟု ဇန်န၀ါရီလ ၁၈ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သော မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်သည့် အစည်းအဝေးတွင် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ် က ပြောကြားခဲ့သည်။

အစိုးရနှင့် နာဂလက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ဖေဖော်ဝါရ်ီအတွင်း ပြုလုပ်မည်

Photo: အစိုးရနှင့် နာဂလက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ဖေဖော်ဝါရ်ီအတွင်း ပြုလုပ်မည်
Saturday , January 19, 2013

အစိုးရနှင့် နာဂလက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့်ဖေဖော်ဝါရီလအတွင်း
ပြုလုပ်မည်ဖြစ်ကြောင်း နာဂငြိမ်းချမ်းရေးအဖွဲ့ထံမှ သိရှိရသည်။

အစိုးရနှင့် နာရလက်နက် ကိုင်အဖွဲ့အစည်းတို့အကြား တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

''မြန်မာအစိုးရနဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်းကြားမှာ ဆက်ဆံရေး
ကောင်းမွန်စွာ ရှိပါတယ်။ အဲဒီအတွက် ပြည်သူလူထုလည်း ၀မ်းသာကြတယ်။ ကျွန်တော်တို့ နာဂတိုင်းရင်းသားတွေကို ကြည့်မယ်ဆိုရင်
မြန်မာပြည်ထဲက အခြားတိုင်းရင်းသားတွေနဲ့ မတူသေးဘူး။ နာဂလူမျိုး
တွေမှာ ဖွံ့ဖြိုးမှု မရှိသေးဘူး။ ပညာရေးလည်း နိမ့်ကျသေးတယ်။ အဲဒီအတွက်
အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးရင်တော့ နာဂတိုင်းရင်းပြည်သူရဲ့ ဖွံ့ဖြိုးမှု
အခြေအနေကို ပြောပြရမယ်။ နာဂဒေသမှာ နေထိုင်တဲ့ နေရာဟူသမျှမှာ ဖွံ့ဖြိုးရေးဦးစားပေး လုပ်ဆောင်ဖို့အတွက်ကိုလည်း ဆွေးနွေးသွားပါမယ်'' ဟု နာဂငြိမ်းချမ်းရေးအဖွဲ့မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ပြောကြား
ခဲ့သည်။

နာဂလက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ၁၉၄၆ ခုနှစ်ကတည်းက
နိုင်ငံရေးစတင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် သေနတ်စတင်ပစ်ဖောက်ခဲ့ကြောင်း သိရသည်။ ယခုပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် နာဂလူမျိုးများအတွက် အကျိုးရှိရန် နာဂငြိမ်းချမ်းရေးအဖွဲ့မှမျှော်လင့်
ထားသည်။    

နာဂလူမျိုးများမှာ မြန်မာနိုင်ငံရှိ နာဂများဒေသများဖြစ်သော လဟယ်၊ လေရှီး၊ နန်းယွန်းမြို့နယ်များအပြင် အိန္ဒိယနိုင်ငံနယ်စပ်တွင်လည်း နာဂလန်း (Naga Land) တွင်လည်း နေထိုင်ကြကြောင်း၊ အိန္ဒိယနိုင်ငံတွင် နေထိုင်သည့် နာဂလူမျိုးဦးရေမှာ သိန်း ၃၀ ခန့်ရှိပြီး မြန်မာနိုင်ငံတွင်မူ နာဂလူမျိုးဦးရေ ၃ သိန်းခန့်သာရှိသည်ဟု နာဂငြိမ်းချမ်းရေးအဖွဲ့ထံမှ သိရှိရသည်။

''အိန္ဒိယမှာ နေထိုင်တဲ့ နာဂလူမျိုးတွေက အိန္ဒိယနိုင်ငံရဲ့ အုပ်ချုပ်ရေး
စနစ်မှာ နိုင်ငံရဲ့ အကူအညီတွေ ရကြတယ်။ မြန်မာပြည်မှာနေတဲ့ နာဂလူမျိုးတွေမှာတော့ အဲဒီလိုအကူအညီ မရကြပါဘူး'' ဟု ဦးကျော်ဝမ်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

Eleven Media Groupအစိုးရနှင့် နာဂလက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့်ဖေဖော်ဝါရီလ အတွင်း ပြု လုပ် မည်ဖြစ်ကြောင်း နာဂငြိမ်းချမ်းရေးအဖွဲ့ထံမှ သိရှိရသည်။

တပ်မတော်က ဇန်နဝါရီလ ၁၉ ရက်နေ့မနက်ကစပြီး လဂျားယန်ဒေသမှာ ဆောင်ရွက်နေတဲ့ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းခဲ့ပါပြီ


တပ်မတော်က ဇန်နဝါရီလ ၁၉ ရက်နေ့မနက်ကစပြီး လဂျားယန်ဒေသမှာ ဆောင်ရွက်နေတဲ့ နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းခဲ့ပါပြီ။ ကေအိုင်အေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသအားလုံးမှာလည်း သမ္မတကြီး ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း မိမိကိုယ်မိမိခုခံကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှု

အနှိပ်ခန်း နှင့် လိင်လုပ်သား အဖြစ် စေခိုင်းသူများကို အမှုဖွင့် စစ်ဆေး


ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူ မြို့နယ် တမြာ ကျေးရွာ အုပ်စုရှိ အမျိုးသမီးငယ် များကို ဝင်ငွေကောင်းသော အလုပ်ရမည်ဟု ပြောဆိုပြီး မိုင်းရှူး မြို့တွင် အနှိပ်ခန်းနှင့် လိင်လုပ်သား အဖြစ် စေခိုင်းသူ များကို ဓနုဖြူ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ထားကြောင်း ယင်း ရဲတပ်ဖွဲ့မှူး ရုံးထံ မှ စုံစမ်း သိရှိ ရသည်။

မြန်မာ့လေကြောင်းပိုင် XY- AGP လေယာဉ် ထားဝယ်လေဆိပ်တွင် ထိန်းချုပ်မှုဆိုင်ရာစက်ပိုင်း ချို့ယွင်းမှု ဖြစ်ပွားခဲ့

Photo: မြန်မာ့လေကြောင်းပိုင် XY- AGP လေယာဉ် ထားဝယ်လေဆိပ်တွင် 
ထိန်းချုပ်မှုဆိုင်ရာစက်ပိုင်း ချို့ယွင်းမှု ဖြစ်ပွားခဲ့
Saturday , January 19, 2013



ဖိုးဇော်(ထားဝယ်)
Yangon Media Group
 
From : Yangon Media Group


သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အေကို ဖိတ်ခေါ်၊ တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှု စတင်တော့မည်

Photo: သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အေကို ဖိတ်ခေါ်၊ တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှု စတင်တော့မည်
Saturday , January 19, 2013

သမ္မတဦးသိန်းစိန်က ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဆွေးနွေးလိုကြောင်း ယနေ့ တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းလိုက်သည်။

နေပြည်တော်ရှိ MICC ခန်းမတွင် ယနေ့ မနက် ၉ နာရီက ကျင်းပသော ပထမအကြိမ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖိုရမ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားစဉ် သမ္မတဦးသိန်းစိန်က ကချင်ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က တပ်မတော်က ဆောင်ရွက်လျက်ရှိသော စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန် ၎င်းအနေဖြင့် အမိန့်ပေးလိုက်ပြီဖြစ်ပြီး ကေအိုင်အေအနေနှင့်လည်း စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း၊ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။

"အလျဉ်းသင့်လို့ ကေအိုင်အေအဖွဲ့နဲ့ ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကျနော်အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကေအိုင်အိုကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်း ထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။ မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ယခုအခါ တပ်မတော်က အကန့်အသတ်နဲ့ ဆောင်ရွက်နေတဲ့ စစ်ရေးဆောင်ရွက်မှုများရပ်ဆိုင်းဖို့ ကျနော်အနေနဲ့ အမိန့်ပေးထားပြီးဖြစ်ပါတယ်။ တဖက်ကလည်း အလားတူ ရပ်ဆိုင်းပေးထားဖို့လိုအပ်ပါတယ်" ဟု ဦးသိန်းစိန်က ဆက်လက်ပြောသည်။

အစိုးရနှင့်အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင်အဖွဲ့၁၀ ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှုများကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြုလုပ်မည်ဟု ဦးသိန်းစိန်က ဆိုသည်။

"ကေအိုင်အိုကလွဲပြီး ကျန်တဲ့အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး Political dialogue ကိစ္စတွေကို ၂၀၁၃ နှစ်ဦးပိုင်းမှာ စပြီး ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က ဆက်လက် ပြောသည်။

၁၈ လကြာဖြစ်ပွားလျက်ရှိသော ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲများကြောင့် လူဦးရေ တသိန်း နီးပါး အိုးအိမ်များစွန့်ခွာထွက်ပြေးနေကြရကြောင်း ကချင်လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ကလည်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကလည်း ကေအိုင်အေနှင့်အစိုးရအကြား တိုက်ပွဲများရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် နှစ်ဖက်စလုံးကို တိုက်တွန်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။


Irrwaddyသမ္မတဦးသိန်းစိန်က ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ ) နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဆွေးနွေးလိုကြောင်း ယနေ့ တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းလိုက်သည်။

ထမင်းစားပြီးလျင် ရှောင်ကြဉ်သင့်သည့်အချက်များ

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီး  ရှောင် ကြဉ် သင့်သော အချက် (၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

ဝန်တင်သွားလာမှု သုံးဆကျော် တက်လာသည့်အတွက် နှစ် ၂၀ အထက် တံတားများ ပြန်လည်စိစစ်

ဝန်တင်သွားလာမှု သုံးဆကျော် တက်လာသည့်အတါက် နှစ် ၂၀ အထက် တံတားများ ပြန်လည်စိစစ်ဆောက်လုပ်ရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ တွင်းရှိ တည်ဆောက် ပြီးသားလမ်းနှင့် တံတားများထဲမှ သက်တမ်း ၂၀ အထက်ရှိသော တံတားများကို စာရင်းပြုစုနေပြိး ၁၀ စုနှစ် နှစ်ခု အတွင်း တံတား အသုံးပြုမှုနှုန်း မြင့်မား လာခြင်းကြောင့် ခံနိုင်ဝန် ပြန်လည်

ကမ္ဘာ့နိုင်ငံပေါင်း ၂၀ဝ ကျော်မှ မြန်မာနိုင်ငံရှိနေရာပေါင်း ၂၅၀ သို့ မိနစ်ပိုင်းအတွင်း ငွေလွှဲပို့နိုင်ပြီ

ကမ္ဘာ့နိုင်ငံပေါင်း ၂၀ဝ ကျော်မှ မြန်မာနိုင်ငံရှိနေရာပေါင်း ၂၅၀ သို့ မိနစ်ပိုင်းအတွင်း ငွေလွှဲပို့နိုင်ပြီကမ္ဘာ့နိုင်ငံပေါင်း ၂၀ဝ ကျော်မှ မြန်မာနိုင်ငံရှိ အေးဂျင့်နေရာ ၂၅၀ သို့ မိနစ်ပိုင်းအတွင်း ငွေလွှဲပို့နိုင်ပြီ ဖြစ်ကြောင်း ၁၂-၁-၂၀၁၃ ရက်တွင် ပြုလုပ်သည့် ကမ္ဘာ့ငွေပေးချေရေး လုပ်ငန်းတစ်ခု ဖြစ်သော Western Union နှင့် မြန်မာနိုင်ငံရှိ ဘဏ် ခုနစ်ခုတို့ ပူးပေါင်းဆောင်ရွက်သည့် အခမ်းအနားမှ သိရသည်။

ဥာဏ်ကောင်းစေရန် လေ့ကျင့်ခန်းလုပ်ပါ

ဥာဏ်ကောင်းစေရန် လေ့ကျင့်ခန်းလုပ်ပါ ဥာဏ်ကောင်းစေရန် ငါးကြီးဆီ စားဖို့မလို။ ဆိုဒိုကုကဲ့သို့ ဦးနှောက်ကို အလုပ်ပေးရသော ကစားနည်းများ ကစားနေစရာမလို။ ကိုယ်လက် လေ့ ကျင့်ခန်း မှန်မှန် ပြုလုပ်ဖို့သာ လိုပေလိမ့်မည်။ ယခင်က ကိုယ်ကာယ လေ့ကျင့်ခန်း များသည် ခန္ဓာကိုယ် ကြံ့ခိုင် တောင့်တင်းရေး

မှိုများများစားပါက ရင်သားကင်ဆာ မဖြစ်နိုင်


မှိုများများစားပါက ရင်သားကင်ဆာ မဖြစ်နိုင် လတ်ဆတ်သော မှိုများ စားသုံးခြင်းသည် ရင်သား ကင်ဆာ ဖြစ်ပွားနိုင်ခြေ ကို လျော့နည်းကျဆင်း စေကြောင်း သုတေသီများက ထောက်ခံ ခဲ့ကြသည်။ 

စာမေးပွဲကာလ ကျန်းမာနေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာအာဟာရ

စာမေးပွဲကာလ ကျန်းမာနေစေရန် ရှောင်သင့်၊ ဆောင်သင့်သော အစာအာဟာရ အခုဆိုရင် ကျောင်းသား၊ ကျောင်းသူ အများစုအတွက် အတန်းတင် စာမေးပွဲ ဖြေဆိုဖို့ နီးကပ်လာပါပြီ။ စာမေးပွဲမှာ ကောင်းကောင်း  ဖြေ ဆိုနိုင်ဖို့ဆိုရင် သင် ခန်းစာတွေကို ကြေညက်အောင် လေ့လာထားဖို့ လိုသလို ကျန်းမာရေးလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ ကျောင်း သား၊ ကျောင်းသူတွေ ကျန်းမာဖို့ ရာအတွက် အာဟာရ ပြည့်ဝနေ သင့်ပါတယ်။ စာမေး ပွဲကာလ တစ်လျှောက်လုံးရော သင်ခန်းစာတွေကို အပြင်းအထန် မှတ်သားနေ သူတွေအနေနဲ့ပါ ကျန်းမာနေစေဖို့ စားသင့်၊ ရှောင်သင့်တဲ့ အစား အသောက်တွေကို ရေးသားလိုက် ရပါတယ်။

Samsung မိုဘိုင်းဖုန်း၏ လျှို့ ဝှက် ကုဒ်နံပါတ်များ

Samsung ဖုန်း၏ လျှို့ဝှက်ကုဒ်နံပါတ်များSamsung မိုဘိုင်းဖုန်း user များအတွက် အသုံးဝင်မယ့် လျှို့ ဝှက်ကုဒ်နံပါတ် များကို ရှာဖွေ မျှဝေပေးလိုက်ရပါတယ်။

ကေအိုင်အေတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ကာမိုင်းမြို့နယ်ခွဲရဲစခန်းသို့လာရောက်ပစ်ခတ်တိုက်ခိုက်

အစိုးရမှ ကေအိုင်အေအား အပစ်အခတ်ရပ်စဲ၇န်ကြေငြာပြီး ၂၄နာရီမပြည့်ခင် ကေအိုင်အေတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ကာမိုင်းမြို့နယ်ခွဲရဲစခန်းသို့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စာချုပ်သစ် ချုပ်နိုင်ခဲ့လို့ ကျွန်တော် ပျော်ပါတယ်--၀ဲလ်ကော့

စာချုပ်သစ် ချုပ်နိုင်ခဲ့လို့ ကျွန်တော် ပျော်ပါတယ်--၀ဲလ်ကော့အာဆင်နယ်မှာ အသင်းကြယ်ပွင့် ၀ဲလ်ကော့ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ကောလာဟလများကို အဆုံးသတ်နိုင်ခဲ့သည်။ 

စပွန်ဆာဝင်ငွေ (၈)သန်းကြောင့် ၀င်ဘလေကို အမည်ပြောင်းတော့မည်

wembley  ကမ္ဘာ့အခမ်းနားဆုံး ဘောလုံးကွင်းတစ်ကွင်းဖြစ်သည့် ၀င်ဘလေကွင်းကို  စပွန်ဆာ အမည်ပြောင်းလဲရန် အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် မှ ပြင်ဆင်နေပြီး ယင်းအတွက် တစ်နှစ် စပွန်ဆာဝင်ငွေ ပေါင်(၈)သန်း ရရှိမည်ဖြစ် သည်။

Algeria Hostage Update

Photo: Algeria Hostage Update 

အယ်လ်ဂျီးယားနိုင်ငံ သဲကန္တာရရှိ အေမန်နက်စ် ဓာတ်ငွေ့စက်ရုံတွင် ဖမ်းဆီးခံခဲ့ရသော နိုင်ငံခြားသား ဓားစာခံ ၁၃၂ ဦးအနက် ၁၀၀ ခန့်မှာ ပြန်လည် လွတ်မြောက်လာပြီဖြစ်ပြီး ကျန်ရှိသည့် ဓားစာခံများ၏ အခြေအနေကို မသိရှိနိုင်သေးကြောင်း Reuters သတင်း ဖော်ပြသည်။

အယ်လ်ကေဒါနှင့် အဆက်အသွယ်ရှိသော အစ္စလာမ်မစ် သူပုန်အဖွဲ့က အပိုင်းစီးထားခဲ့သည့် အဆိုပါ ဓာတ်ငွေ့စက်ရုံကို အယ်လ်ဂျီးရီးယား အစိုးရတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့စဉ် ဓားစာခံ ၃၅ ဦးနှင့် သူပုန် ၁၅ ဦး သေဆုံးကြောင်း၊ စက်ရုပ်အလုပ်သမား ၆၀၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း အစောပိုင်းသတင်းများအရ သိရှိရသည်။

Planet Myanmar Networkအယ်လ်ဂျီးယားနိုင်ငံ သဲကန္တာရရှိ အေမန်နက်စ် ဓာတ်ငွေ့စက်ရုံတွင် ဖမ်းဆီးခံခဲ့ရသော နိုင်ငံခြားသား ဓားစာခံ ၁၃၂ ဦးအနက် ၁၀၀

မတော်ဘူးဆိုတာ သေချာပြီလား

Photo: မတော်ဘူးဆိုတာ သေချာပြီလား
Friday, January 18, 2013

ကျွန်တော်ယခုပြောချင်သည့် ပုဂ္ဂိုလ်များသည် တစ်ချိန်က မအောင်မြင်
ခဲ့သော၊ မတော်သော၊ အထင်သေးခြင်း ခံရသောသူများဖြစ်သည်။ သို့သော် နောင်တစ်ချိန်တွင် သူတို့သည် ကမ္ဘာကျော်တွေဖြစ်လာသည်။
အောင်မြင်သူတစ်ယောက်ဖြစ်ရန်ဆိုသည်မှာ အယ်ဒီဆင်ပြောသလို
ပြောရလျှင် ချွေးက ၉၉ ရာခိုင်နှုန်းလောက် ကျအောင် လုပ်နိုင်မှ၊ 
စိတ်ကူး ၁ ရာခိုင်နှုန်းကို အထောက်အကူပြုနိုင်မည်ထင်ပါသည်။ စိတ်ဓာတ်ကျပြီး နောက်ဆုတ်ပြေးသူတွေအတွက် လောကတွင်
နေရာမရှိဆိုသည့်သဘောဖြစ်သည်။

Woody Allen

အကယ်ဒမီဆုရခဲ့သော စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာ
တစ်ယောက်ဖြစ်သည်။ နယူးယော့ခ် ရုပ်ရှင် ထုတ်လုပ်ရေးတက္ကသိုလ်နှင့် နယူးယော့ခ် စီတီးကောလိပ်သို့ တက်ရောက်စဉ်က စာမေးပွဲကျခဲ့သည်။ နယူးယော့ခ်တက္ကသိုလ်တက်စဉ်က အင်္ဂလိပ်စာကျခဲ့သူဖြစ်သည်။

Leon Uris

နာမည်ကျော် စာရေးဆရာတစ်ယောက်ဖြစ်သည်။ Exodus စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သည်။ အထက်တန်း ကျောင်းသားဘဝတွင် အင်္ဂလိပ်
ဘာသာကို သုံးကြိမ်ကျရှုံးခဲ့သည်။

Lucille Ball

၁၉၂၇ ခုနှစ်တွင် သရုပ်ဆောင်သင်တန်းတက်ခဲ့သည်။ John Murray Anderson ကျောင်းမှ သင်တန်းဆရာက “မင်း ဘာဖြစ်ဖြစ် အခြားအလုပ်
တစ်ခုခု၊ အသက်မွေးမှုတစ်ခုခုကို ရှာသင့်တယ်” ဟုပြောကြားခဲ့ဖူးသည်။

Clint Eastwood and Burt Reynolds

၁၉၅၉ ခုနှစ်တွင် Universal Pictures ကုမ္ပဏီမှ အုပ်ချုပ်သူများက ကလင့် အိစ်ဝုဒ်နှင့် ဘတ် ရေးနိုးတို့နှစ် ယောက်ကို ထုတ်ပစ်လိုက်သည်။ ဘတ်ရေးနိုးကို “အရည်အချင်း မရှိ” ဟူ၍လည်းကောင်း၊ ကလင့် အိစ်ဝုဒ်ကို “မင်းက သွားလည်းပဲ့နေသေး၊ လည်ဇလုတ်ကလည်း ရှေ့ကို
ငေါထွက်နေတယ်။ စကားပြောလည်း နှေးတယ်” ဟူဝေဖန်ကာ အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်သည်။ ထိုနှစ်ယောက်စလုံးသည် ရုပ်ရှင်မင်းသားများ
အဖြစ်လည်း ကောင်း၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာများအဖြစ်
လည်းကောင်း အအောင်မြင်ဆုံး ပုဂ္ဂိုလ်များဖြစ်ခဲ့သည်။

Marilyn Monroe

၁၉၄၄ ခုနှစ်တွင် Blue Book Modeling ကုမ္ပဏီမှ ဒါရိုက်တာ Emmeline Snively သည် Norma Jean Baker ဆိုသည့် မော်ဒယ်ကို “မင်း အတွင်းရေးမှူးအလုပ်အတွက် သင်တန်းတက်တာပဲဖြစ်ဖြစ်၊ အိမ်ထောင်ပြုတာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ကောင်းတယ်” ဟုပြောခဲ့ဖူးသည်။ ထို နော်မာဆိုသူမှာ နောင်တွင် မာရီလင် မွန်ရိုးဆိုသည့် အမည်ဖြင့် ကျော်ကြားသော ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်လာသည်။

Liv Ullman

အကောင်းဆုံး အကယ်ဒမီဆုရှင် (သရုပ်ဆောင်မင်းသမီး) အဖြစ်
နှစ်ကြိမ်တိုင်တိုင် လျာထားသတ်မှတ်ခြင်း ခံရသူဖြစ်သည်။ နော်ဝေးတွင် သရုပ်ဆောင်သင်တန်းကျောင်းတက်စဉ်က လူရွေးပွဲတွင် ကျရှုံးခဲ့ဖူးသည်။ အကဲဖြတ် ဒိုင်များက သူမကို အရည်အသွေးလုံးဝမရှိကြောင်း မှတ်ချက်
ချခဲ့ဖူးသည်။

Malcolm Forbes

ကမ္ဘာပေါ်တွင် စီးပွားရေးမဂ္ဂဇင်းကြီးတစ်စောင်အနေဖြင့် အအောင်မြင်ဆုံး
သော မဂ္ဂဇင်းကြီးတစ်စောင်ဖြစ်သည့် Forbes မဂ္ဂဇင်းကြီး၏ အယ်ဒီတာ
ချုပ်ဖြစ်လာသည်။ ပရင့်စ်တန် တက္ကသိုလ်တွင်ကျောင်းတက်နေစဉ်က
ကျောင်းပိုင်သတင်းစာတစ်စောင်တွင် ဝန်ထမ်းအဖြစ်လုပ်ရန် အလုပ်လျှောက်စဉ်က ရွေးချယ်ခြင်း မခံခဲ့ရသူ ဖြစ်သည်။

Beatles

၁၉၆၂ ခုနှစ် ခန့်က ကြောက်လန့်စိုးရွံ့နေသည့် လူငယ်လေး ၄ ယောက်သည်
Decca Recording ကုမ္ပဏီ၏ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဂစ်တာများကို တီးခတ်ပြီး သီချင်းဆိုဖျော်ဖြေပြခဲ့ဖူးသည်။ သူတို့ လူတွေ့အစစ် ဆေးခံနေကြခြင်းဖြစ်သည်။ အကဲဖြတ်ဒိုင်များက သူတို့ တီးခတ်ဖျော်ဖြေမှုကို လုံးဝစိတ်မဝင်စားခဲ့ကြပေ။ အကဲဖြတ်ဒိုင်
တစ်ယောက်က “အသံတွေကလည်း ဘာသံတွေလဲကွာ။ ဂစ်တာသံတွေကလည်း ကြောင်တောင် တောင်နဲ့” ဟု မှတ်ချက်ချခဲ့ဖူးသည်။ ထို ၄ ယောက်အဖွဲ့သည် နောင်တွင် Beatles ဆိုသည့်အဖွဲ့အမည်ဖြင့် ကမ္ဘာကျော် တေးဂီတပညာရှင်များဖြစ်လာသည်။

Buddy Holly

Decca Records တွင် ၁၉၅၆ ခုနှစ်က  ပေါလ် ခိုဟင်သည် ဘတ်ဒီ ဟိုလီကို “ကျုပ်နဲ့ အလုပ်အတူတူ တွဲလုပ်တဲ့ သူတွေထဲမှာ အရည်အချင်းမရှိဆုံး” ဟု မှတ်ချက်ချခဲ့ဖူးသည်။ ပေါလ်သည် ထိုစဉ်က ဂီတလောက တွင် အအောင်မြင်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပြီး သူ့မှတ်ချက်ကြောင့် ဘတ်ဒီ ဟိုလီသည် အလုပ်မှ ထွက်သွားခဲ့ရသည်။ နောက် နှစ်ပေါင်း ၂၀ ခန့်အကြာတွင် Rolling Stone အဖွဲ့က ဟိုလီကို နှစ်ပေါင်း ၆၀ အတွင်း Rock ဂီတလောက၏ အအောင်မြင်ဆုံးပုဂ္ဂိုလ်၊ အကြီးမြတ်ဆုံးလူသားအဖြစ် ဂုဏ်ပြုချီးကျူးခဲ့သည်။

Elvis Presley

၁၉၅၄ ခုနှစ်က Grand Ole Pory ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ဂျင်မီ ဒင်နီသည် အဲလစ် ပရက်စ်လေကို ဂီတပွဲတစ်ခုတွင် ဖျော်ဖြေရန် ခွင့်မပြုခဲ့ပေ။ သူက ပရက်စ်လေကို “ဘာမှ လုပ်မနေပါနဲ့တော့ သားရယ်၊ မင်း ထရပ်ကားပဲ ပြန်မောင်းပါတော့ကွာ” ဟု မှတ်ချက်ချခဲ့သည်။
နောက်ပိုင်းတွင် အဲလစ် ပရက်စ်လေသည် အမေရိကန်တွင် အအောင်မြင်ဆုံး၊ လူကြိုက်အများဆုံး အဆိုကျော်ကြီး
တစ်ယောက်ဖြစ်လာသည်။

Alexander Graham Bell

အလက်ဇန်းဒါး ဂရေဟန် ဘဲလ်သည် ၁၈၇၆ ခုနှစ်တွင် တယ်လီဖုန်းကို တီထွင်ခဲ့သည်။ ထိုစဉ်က တယ်လီဖုန်း သည် စကားပြောခွက်နှင့် အသံထွက်ခွက် သီးခြားစီကိုင်ကာ ပြောရသည်။ တယ်လီဖုန်း သရုပ်ပြပွဲတွင် သမ္မတ ရုသာဖို့ဒ် ဟေးရက်စ်က “တီထွင်မှုကတော့ အံ့သြစရာ
ကောင်းပါတယ်။ ဒါကြီးတွေကို ဘယ်သူက သုံးချင်မှာလဲ” ဟု မှတ်ချက်ချခဲ့ဖူးသည်။

Thomas Edison

သောမတ်စ် အယ်ဒီဆင်သည် အမေရိကန် တီထွင်မှုသမိုင်းတွင် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး ပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်သည်။ သူသည် မစ်ချီဂန်ပြည်နယ် ပို့ ဟူရွန်ကျောင်းသို့ ပထမဦးဆုံး
ကျောင်းလာတက်စဉ်က သူ့ဆရာများသည် “သင်ယူမှု ခံယူနိုင်စွမ်းမရှိသူ” အဖြစ် မှတ်ချက်ချကာ၊ စာမသင်ပေးနိုင်ကြောင်း မိဘများထံ အကြောင်းပြန်ကြားခဲ့သည်။ ရလဒ်မှာ အယ်ဒီဆင်၏ မိခင်ဖြစ်သူက သားကို ကျောင်းမှထုတ်ပြီး အိမ်တွင် ကိုယ်တိုင် စာသင်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

လူငယ်လေး အယ်ဒီဆင်သည် သိပ္ပံပညာကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ အသက် ၁၀ နှစ်သားတွင် သူပိုင် ဓာတုဗေဒဓာတ်ခွဲခန်းကို ပထမဦးဆုံး ထူထောင်ပြီး စမ်းသပ်ခဲ့သည်။ သူ့ပါရမီ သူ့ကြိုးစားအားထုတ်မှုများ ကြောင့် ဘဝတစ်လျှောက်လုံး တီထွင်မှုအမျိုးအစားပေါင်း၁၃၀၀ ခန့်ကို ပြုလုပ်
ပြသွားနိုင်ခဲ့သည်။ သူက “ပါရမီရှင်ဆိုတာ ချွေးက ၉၉ ရာခိုင်နှုန်း၊ စိတ်ကူးက ၁ ရာခိုင်နှုန်း” ဟုအဓိပ္ပာယ်ဖွင့်ဆိုပြခဲ့သည်။

Thomas Edison

သောမတ်စ် အယ်ဒီဆင်သည် လျှပ်စစ်မီးသီးကို တီထွင်ခဲ့သူဖြစ်သည်။ မီးထွန်းနိုင်သည့် မီးသီးအဆင့်ရောက်ရန် သူသည် အကြိမ်ပေါင်း ၂၀၀၀ ခန့် လက်တွေ့စမ်းသပ် ပြုလုပ်ခဲ့ရသည်။ သတင်းထောက်လေးတစ်ယောက်က ဤမျှ အကြိမ်ပေါင်းများစွာ ကြိုးစားဖန်တီးခဲ့ရသည့်အတွက် မည်သို့ခံစားရပါသနည်း၊ စိတ်မပျက်မိဘူးလားဟု သူ့ကို မေးလိုက်သည်။ အယ်ဒီဆင်က “တစ်ကြိမ်ဆုံးရှုံးတော့ နောက်ထပ် အကြိမ် ၂၀၀၀ ကို ထပ်ပြီးဖန်တီးခွင့် ရသွားတာပေါ့” ဟုပြန်ပြောလိုက်လေသည်။

Chester Carlson

၁၉၄၀ နှစ်များအတွင်းက ချက်စ်တာ ကာလ်ဆန်ဆိုသည့် လူငယ်တီထွင် ဖန်တီးရှင်တစ်ယောက်သည် သူ့စိတ်ကူးအကြံအစည်ကို ကုမ္ပဏီပေါင်း ၂၀ သို့ လိုက်လံချပြခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် နိုင်ငံ၏အကြီးဆုံး ကုမ္ပဏီများလည်း ပါဝင်သည်။ သူတို့အားလုံးက သူ့စိတ်ကူးကို လက်မခံခဲ့ကြပေ။ ၁၉၄၇ ခုနှစ်တိုင် ၇ နှစ်တိတိ သူ့စိတ်ကူးကို မည်သူ့ကိုမျှ ချပြပြီး အကောင်အထည် မဖော်နိုင်ခဲ့။ နောက်ဆုံး သူကိုယ်တိုင် နယူးယော့ခ်မြို့ တော်၊ ရိုချက်စ်တာတွင် ကုမ္ပဏီလေးတစ်ခုကို ထူထောင်လိုက်သည်။ ကုမ္ပဏီအမည်ကိုလည်း Haloid ဟု အမည်ပေးလိုက်သည်။ သူ့ကုမ္ပဏီလေးမှ မိတ္တူကူးစက်များကို စတင်ရောင်းချခဲ့သည်။ နောက်ပိုင်း Haloid ကုမ္ပဏီသည် Xerox Corporation အမည်ဖြင့် ကုမ္ပဏီကြီးဖြစ်လာသည်။ ကာလ်ဆန်လည်း သူဌေးကြီးတစ် ယောက်ဖြစ်လာသည်။

John Milton

ဂျွန် မီလ်တန်သည် အသက် ၄၄ နှစ်အရွယ်တွင် မျက်စိကွယ်သွားသည်။ မျက်စိကွယ်ပြီး နောက် ၁၆ နှစ်အကြာ တွင် ကမ္ဘာ့ ဂန္ထဝင် စာရင်းပေါက်ခဲ့
သည့် Paradise Lost ဆိုသည့် စာအုပ်ကြီးကို ရေးသားနိုင်ခဲ့သည်။

Pablo Casals

အသက် ၉၅ နှစ်အရွယ်ရှိ ပါဘလို ကာဆယ်ကို သတင်းထောက်
လေးတစ်ယောက်က မေးခွန်းတစ်ခုမေးလိုက် သည်။ “မစ္စတာ ကာဆယ်၊ ခုဆိုရင် ခင်ဗျားဟု အသက်အကြီးဆုံး အကျဉ်းသားတစ်ယောက် ဖြစ်နေပါပြီ။ ခင်ဗျား တစ်နေ့ကို ၆ နာရီလောက် ဘာတွေများ လေ့ကျင့်လုပ်ဆောင်
နေတယ်ဆိုတာ သိပါရစေ” ဟု မေးလိုက် သည်။ ကာဆယ်က “အသက်ရှည်အောင် ဘယ်လိုနေရမလဲဆိုတာပဲ တွေးပါတယ်” ဟုပြန်ဖြေလိုက်သည်။

Ludwig van Beethoven

နှစ်ပေါင်းများစွာ နားလေးခဲ့သည့် ဂျာမန် ဂီတပညာရှင်ကြီး ဘီသိုဗင်သည် နောက်ဆုံး လုံးဝမကြားရတော့သည့် အဆင့်သို့ အသက် ၄၆ နှစ်အရွယ်တွင်ရောက်သွားတော့သည်။ သို့သော် သူသည် စိတ်မပျက်၊ သံစုံတီးဝိုင်းကြီး များတွင် တီးမှုတ်ရန် သီချင်းတေးသွား ၅ ပုဒ်ကို
နောက်ဆုံးအချိန်အထိ ဖော်ထုတ်သွားနိုင်ခဲ့သည်။

Douglas Bader

လေယာဉ်ပျက်ကျမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည့် ဗြိတိန် လေကြောင်းတိုက်ခိုက်ရေး လေယာဉ်မောင်း ဒေါက်ဂလပ်စ် ဘေဒါ
သည် ခြေထောက်အတုနှစ်ချောင်းထည့်ပြီးနောက် ဗြိတိသျှ လေကြောင်း တပ်ကို ပြန်လည်အမှုထမ်းရန် ရောက်လာခဲ့သည်။ သူသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တပ်၏ ၃ ကြိမ် တိုင်အဖမ်းခံရပြီး၊ ၃ ကြိမ်စလုံး ပြန်လည်လွတ်မြောက်လာခဲ့သူလည်းဖြစ်သည်။

Terry Fox

ကင်ဆာရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရသည့် ကနေဒါနိုင်ငံသားလေး တယ်ရီ ဖော့က်စ်သည် ကနေဒါကမ်းခြေ
တစ်လျှောက် ခြေထောက်တစ်ဖက်တည်းဖြင့် ပြေးကာ ကင်ဆာသုတေသန ဌာနအတွက် ဒေါ်လာ ၁ သန်း ရန်ပုံငွေရှာပေးနိုင်ခဲ့သည်။ ကင်ဆာက သူ့အဆုတ်သို့လည်း ပျံ့နှံ့လာခဲ့သည်။ သို့သော် သူအားမလျှော့။ သူစတင်ထူထောင်ထားခဲ့သည့် ကင်ဆာဖောင်ဒေးရှင်းကို ဒေါ်လာ သန်း ၂၀ အထိ ရအောင် ရှာပေးသွားနိုင်ခဲ့သည်။

Wilma Rudolph

ဝေမာ ရုဒေါ့သည် အချိန်မတိုင်မီ မွေးလာသောကြောင့် ချူချာသည့် ကလေးတစ်ယောက်ဖြစ်သည်။ အသက် ၄ နှစ်သမီးအရွယ်တွင် အဆုပ်အအေးမိပြီး၊ တစ်ကိုယ်လုံးတွင်နီရဲကာ အဖျားဝေဒနာကိုပါ
ပြင်းထန်စွာ ခံစားခဲ့ရ သည်။ ထိုဝေဒနာများကြောင့်ပင် ဘယ်ခြေထောက်
တစ်ချောင်း မလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့ရသည်။ အသက် ၉ နှစ်သမီးတွင်
ခြေထောက်တွင် တပ်ဆင်ထားသည့် သံအထိန်းများကို သူမသည် ဖယ်လိုက်ပြီး၊ ကိုယ်တိုင် အထောက်အကူမပါဘဲ လမ်းလျှောက်နိုင်အောင် ကြိုးစားခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကို ထိန်းပြီး လမ်းလျှောက်နိုင်သည့် အဆင့်သို့ရောက်လာသည်။ ထိုနှစ်တွင်ပင် သူမသည် အပြေးသမားတစ် ယောက်ဖြစ်ရမည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် စတင်လေ့ကျင့် လှုပ်ရှားသည်။ အပြေးပြိုင်ပွဲကို ဝင်ပြိုင်သည်။
နောက်ဘိတ်ဆုံးတွင် ကျန်နေခဲ့သည်။ သို့သော် ဇွဲမလျှော့။
နောက်နှစ်အတန်ကြာသည်အထိ အပြေးပြိုင်ပွဲ တိုင်းလိုလိုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် နောက်ဆုံးမှသာ ပန်းဝင်နိုင်ခဲ့သည်။ သူ့ကို လူတွေက စိတ်လျှော့လိုက်ရန် ဝိုင်းပြောကြသည်။ တစ်နေ့ အပြေးပြိုင်ပွဲတစ်ခုတွင် သူအမှတ်မထင် အနိုင်ရလိုက်သည်။ ထိုမှစတင်ပြီး တစ်ပွဲပြီးတစ်ပွဲ နိုင်ပွဲတွေ ဆက်ခဲ့သည်။ သူ့ကို လမ်းမလျှောက်နိုင်ပဲ ဒုက္ခိတတစ်ယောက်ဖြစ်တော့ မည်ဟု ထင်ထားရာမှ အိုလံပစ်ပွဲ ၃ ပွဲတွင် ရွှေတံဆိပ်ဆုများ ရရှိနိုင်ခဲ့သူ ဖြစ်လာခဲ့သည်။ ဝေမာက

“ကျွန်မအမေက ကျွန်မ ငယ်ငယ်ကလေးကတည်းက လုပ်ချင်တာကို
ဖြစ်အောင်လုပ်ရမယ်လို့ သင်ပေးခဲ့ပါ တယ်။ ဒါကြောင့်လည်း ဘာအထောက်အကူမှ မပါဘဲ သံချောင်းတွေကို ဖြုတ်ထုတ်ခဲ့ပြီး လမ်းစလျှောက်ခဲ့တာ ပေါ့” ဟုပြောကြားခဲ့သည်။

Franklin D. Roosevelt

ရုစဗဲ့သည် အသက် ၃၉ နှစ်အရွယ်တွင် ပိုလီယိုဖြင့် အောက်ပိုင်းသေသည့်
ဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် အမေရိကန်တွင် ချစ်ခင်
သဘောကျမှု အခံရဆုံး၊သြဇာအကြီးမားဆုံး ခေါင်းဆောင်ကောင်း
တစ် ယောက် ဖြစ်လာခဲ့သည်။ သူသည် အမေရိကန်ပြည်ထောင်စုတွင် 
၎ ကြိမ်တိုင် သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံခဲ့ရသည်။

Sarah Bernhardt

ဆာရာ ဘားနတ်ကို အကောင်းဆုံး သရုပ်ဆောင်မင်းသမီးအဖြစ် လူတိုင်းက အသိအမှတ်ပြုခဲ့ကြသည်။ သူမသည် အသက် ၇၀ အရွယ်တွင်
ခြေထောက်ထိခိုက်ဒဏ်ရာရမှုကြောင့် ခြေတစ်ဖက် ဖြတ်တောက်လိုက်ရ သည်။ သို့သော် နောက် ၈ နှစ်တိုင်အောင် ဆက်လက်ပြီး သရုပ်ဆောင်
လောကတွင် ခြေချသွားနိုင်ခဲ့သည်။

Louis L’Amour

လူးဝစ်သည် အနောက်တိုင်း ဝတ္ထုပေါင်း ၁၀၀ ကျော်ရေးကာ
အောင်မြင်သည့် စာရေးဆရာတစ်ယောက်ဖြစ် သည်။ သူ့စာအုပ်များကို လုပ်ရေ သန်း ၂၀၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ရသည်။ သူ့စာအုပ်များကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း မပြုမီအချိန်အထိ အကြိမ်ပေါင်း ၃၅၀ ထုတ်ဝေမှုကို အငြင်းခံခဲ့ရသည်။ သမိုင်းဆိုင်ရာ အထောက်အထားများနှင့် သူရေးသားခဲ့သည့် ဝတ္ထုရှည်ကြီးများကို ကွန်ဂရက်ကပင် အသိအမှတ်
ပြုခဲ့ရပြီး ကွန်ဂရက်၏ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ကို ပထမဦးဆုံး ချီးမြှင့်ခံခဲ့ရသည်။

Julia Child

၁၉၅၃ ခုနှစ်တွင် ဂျူလီယာ ချိုင်းနှင့် သူမ၏အပေါင်းအပါနှစ်ယောက်တို့သည် စာအုပ်ထုတ်ဝေရန် သဘောတူ လက်မှတ်တစ်ခုရေးထိုးကြသည်။ သူတို့ရေးသားရမည့် စာအုပ်အမည်မှာ “အမေရိကန် မီးဖိုချောင်
အတွက် ပြင်သစ်စာချက်နည်း” ဖြစ်သည်။ ဂျူလီယာနှင့် သူမ၏ အပေါင်းအပါတို့က ထိုစာအုပ်အတွက် ၅ နှစ်ခန့် အချိန်ယူပြုစု
ရေးသားခဲ့ရသည်။ စာအုပ်ပြီးချိန်တွင် ထုတ်ဝေသူက စာမျက်နှာ ၈၅၀ ခန့်ရှိသည့် စာမူကို မထုတ်နိုင်တော့ကြောင်း ငြင်းပယ်ခဲ့သည်။ ဂျူလီယာနှင့် သူမအပေါင်းအသင်းများသည် ထိုစာမူကို နောက်ထပ်တစ်နှစ် ထပ်မံစိစစ်တည်းဖြတ်ကြရပြန်သည်။ ထုတ်ဝေသူကလည်း ထပ်မံငြင်းပယ်
ခဲ့ပြန်သည်။ သို့သော် ဂျူလီယာသည် စိတ်ဓာတ်မကျ။ ထပ်ပြီး
ပြင်ဆင်မွမ်းမံကာ ထုတ်ဝေသူနောက်အသစ်တစ်ယောက် ရှာကြသည်။ ၁၉၆၁ ခုနှစ်ကျမှ “ပြင်သစ်စာချက်နည်းအနုပညာ” ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်နိုင်တော့သည်။ စာအုပ် စုစုပေါင်း အုပ်ရေ ၁ သန်းရောင်းချ
ခဲ့ရရုံမက ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးကလည်း ဂျူလီယာ ချိုင်းကို မျက်နှာဖုံးတင်ပြီး ဆောင်းပါးတစ်ပုဒ်ဖြင့် ဂုဏ်ပြုဖော်ပြခဲ့သည်။
နောက်နှစ်ပေါင်း ၃၀ တိုင်အောင် သူမထုတ်ခဲ့ သော ဟင်းချက်နည်း
စာအုပ်သည် ကမ္ဘာ့ထိပ်တန်း အရောင်းရဆုံး စာရင်းဝင်စာအုပ်ဖြစ်ခဲ့ရသည်။

General Douglas MacArthur

စိတ်ရှည် ဇွဲသန် သည်းခံခြင်းမရှိခဲ့လျှင် မက်အာသာသည် အောင်မြင်မှု
ရခဲ့မည် မဟုတ်ပေ။ သူ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်တက်ရန် လျှောက်ထား
စဉ်က မအောင်မြင်ခဲ့ပေ။ တစ်ကြိမ်မဟုတ် နှစ်ကြိမ်လျှောက်ထားရာ
နှစ်ကြိမ်စလုံး ကျရှုံးခဲ့ခြင်းဖြစ်သည်။ တတိယအကြိမ်လျှောက်သည့်အခါမှ စစ်ကျောင်းတက်ခွင့်ရပြီး ကမ္ဘာ ကျော်စစ်ဗိုလ်ချုပ်ကြီးအဖြစ် သမိုင်း
မှတ်တမ်းဝင် ပုဂ္ဂိုလ်ဖြစ်ခဲ့ရသည်။

Abraham Lincoln

အေဘရာဟင် လင်ကွန်းသည် ဘလက်ဟော့ စစ်ပွဲသို့ ဗိုလ်တစ်ယောက်
အနေဖြင့် ရောက်လာခဲ့သည်။ စစ်ပွဲပြီး ဆုံးသည့်အခါတွင် သူ့ကို တပ်သား
အဆင့်သို့ ရာထူးချခြင်း ခံခဲ့ရဖူးသည်။

Edmund Hillary

၁၉၅၂ ခုနှစ်တွင် အက်ဒ်မန် ဟီလာရီသည် ဧဝရက်တောင်ကိုတက်ရန် ကြိုးစားခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ပေပေါင်း ၂၉၀၀၀
ကျော်သို့ လူသားတစ်ယောက်အနေဖြင့် ခြေချနိုင်ရန် ကြိုးစားခဲ့ခြင်း
ဖြစ်သည်။ သူ့ကြိုးပမ်းချက်သည် မအောင်မြင်ခဲ့ပေ။ နောက်တစ်ပတ်
ခန့်အကြာတွင် သူ့ကို အင်္ဂလန်မှအဖွဲ့တစ်ဖွဲ့က အတွေ့ အကြုံဟောပြောပွဲ
တစ်ခုသို့ ဖိတ်ကြားပြီး ဟောပြောစေသည်။ 

သူက စင်မြင့်အစွန်းသို့ လျှောက်သွားပြီး လက်သီးကိုဆုပ်ကာ တောင်ပုံကို ညွှန်ပြလိုက်သည်။ ပြီးနောက် အသံကျယ်ကြီးဖြင့် “ဧဝရက်တောင်၊ သင်သည် ကျွန်ုပ်ကို ပထမအကြိမ်တွင် ရှုံးနိမ့်စေခဲ့သည်။
နောက်တစ်ကြိမ်တွင် သင့်ကို အနိုင်ယူပြမည်။ သင်မြင့်နိုင် သလောက်မြင့်စမ်းပါ။ ကျွန်ုပ်ကလည်း သင့်ကိုအနိုင်ယူရန် စိတ်ဓာတ်မြင့်မားနေပြီ” ဟုကြုံးဝါးခဲ့သည်။ နောက် တစ်နှစ်အကြာ
မေလ ၂၉ ရက်နေ့တွင် အက်ဒမန် ဟီလာရီသည် ဧဝရက်တောင်ကို ပထမဦးဆုံးတက်ရောက် နိုင်ခဲ့သည့် လူသားဖြစ်လာသည်။

Consider This, Jack Canfield
တင်ညွန့် 
မောက္ခကျွန်တော်ယခုပြောချင်သည့် ပုဂ္ဂိုလ်များသည် တစ်ချိန်က မအောင်မြင် ခဲ့သော၊ မတော်သော၊ အထင်သေးခြင်း ခံရသောသူများဖြစ်သည်။ သို့သော် နောင်တစ်ချိန်တွင် သူတို့သည် ကမ္ဘာကျော်တွေဖြစ်လာ

နှစ် ၃၀ မဟာမြို့ပြဖွံ့ဖြိုးမှု စီမံကိန်း တွင် မြို့နယ် ၆ ခုကို အဓိက တိုးချဲ့မည်

Photo: နှစ် ၃၀ မဟာမြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် မြို့နယ် ၆ ခုကိုအဓိကတိုးချဲ့မည်
Friday, January 18, 2013

နှစ် ၃၀ မဟာမြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် မြို့နယ်ပေါင်း ခြောက်မြို့နယ် 
တွင် စုစုပေါင်းဧရိယာ ၁၅၀၀ စတုရန်းကီလိုမီတာ ထပ်မံတိုးချဲ့သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံ ကိန်းဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောသည်။

ရန်ကုန်မြို့တော်နယ်နိမိတ်နှင့် ဆက်စပ်မြို့နယ်များဖြစ်သော သန် လျင်၊ ကျောက်တန်း၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်နှင့် တွံတေးမြို့နယ် များကို မြို့ပြဧရိယာအဖြစ် အဓိကတိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

အဆိုပါမြို့နယ်များတွင် တန်ဖိုးနည်းအိမ်ယာစီမံကိန်းများ၊ လမ်း၊ လျှပ်စစ်မီး၊ ရေနှင့် မိလ္လာစနစ်များဖြစ်သည့် အခြေခံအဆောက်အအုံများကို အဓိကပါဝင်တည်ဆောက်နိုင်ရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့မှ ကျွမ်းကျင်ပညာရှင် များအပါ အ၀င် ပြည်တွင်းပညာရှင်တို့မှ စုပေါင်း၍ရေးဆွဲထားသည်ဟုဆိုသည်။
ထို့ပြင် ယင်းစီမံကိန်းတွင် မြို့တွင်းပိုင်း သိပ်သည်းမှု ကိုဖြေလျော့
ပေးနိုင်ရေး အတွက်ဒုတိယစီးပွားရေးအချက်အခြာနယ်မြေ
(Central Business District) ကိုလည်း မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း အနီးတွင်ဖော်ထုတ်ရန် နိုင်ငံတော် သမ္မတထံခွင့်ပြုချက်တောင်းခံ ထားကြောင်း အထက်ပါဌာနမှူးက ပြောသည်။

7Day News Journal
နှစ် ၃၀ မဟာမြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် မြို့နယ်ပေါင်း ခြောက်မြို့နယ်တွင် စုစုပေါင်းဧရိယာ ၁၅၀၀ စတုရန်းကီလိုမီတာ ထပ်မံတိုးချဲ့သွား

ဒဂုံတက္ကသိုလ် သမိုင်း(ဒုတိယနှစ်)ကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

ဒဂုံတက္ကသိုလ် သမိုင်း(ဒုတိယနှစ်)ကျောင်းသားတစ်ဦး ယခုလ ၁၇ ရက် နေ့ည ၁၁ နာရီခန့်က မိမိကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဈေးနှိမ်ဝယ်ယူသူများကြောင့် တောင်သူလယ်သမားများ ငွေကြေးခက်ခဲမှု ရှိနေ

Photo: ဈေးနှိမ်ဝယ်ယူသူများကြောင့် တောင်သူလယ်သမားများ ငွေကြေးခက်ခဲမှု ရှိနေ
Friday, January 18, 2013

ကုမ္ပဏီများ ၊ ကုန်သည်များ နှင့် စပါးဝယ်သူများ အချင်းချင်းညှိနှိုင်းပြီး
ဈေးနှိမ်ဝယ်ယူမှုကြောင့် တောင်သူလယ်သမားများအနေဖြင့် ငွေကြေး အခက်အခဲရှိဟု ဒေးဒရဲ တောင်သူလယ်သမားအဖွဲ့ချုပ်မှ ဒုဥက္ကဌ ဦးလှငွေက ပြောကြားသည်။

ရန်ကုန်မြို့၊ ခေတ်သစ်ပြည်သူ့ပါတီရုံးချုပ်၌ ယနေ့ ပြုလုပ်သော
တောင်သူလယ် သမားဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်ပြီးဈေးနှိမ်ဝယ်ယူသူများအပြင် အစိုးရ၏
ချေးငွေမှာ နည်းပါးခြင်းကြောင့်ငွေကြေးအခက်အခဲများ
ရှိနေကြောင်း သိရသည်။

“အစိုးရက ချေးငွေပေးတာနည်းလို့ အပြင်မှ ငွေတိုးချေးယူရပါတယ်။
တောင်သူလယ်သမားတွေမှာ အဓိက ပြဿနာက ငွေကြေးပြဿနာပါ။
ချေးငွေကို အတိုးနည်းနည်းနဲ့ များများ ထုတ်ပေးသင့်တယ်”ဟု ဦးလှငွေက
ပြောကြားသည်။

၎င်းက ဆောင်းရာသီအတွင်း စပါးဈေးနှုန်းနိမ့်လျက်ရှိကြောင်း ပြော
ကြားခဲ့ပြီး ၁ ဧကအားစိုက်ပျိုးပါက ၃သိန်းခွဲခန့် ကုန်ကျကြောင်းနှင့်
ပြန်လည်ရောင်းချရာတွင် ၁ သိန်းခွဲခန့်သာရရှိကြောင်း ထပ်မံဆိုသည်။

တောင်သူလယ်သမားများတွင် ငွေကြေးအခက်အခဲများအပြင် လယ် ယာမြေများ အသိမ်းခံရသည့် ပြဿနာများရှိနေကြောင်းကို ကျိုက်လတ် မှ တောင်သူလယ်သမား ကိုယ်စားလှယ် ဦးတင်အောင်က “ ကျွန်တော်တို့ ကျိုက်လတ်မှာ လယ်သိမ်းတဲ့ ဒုက္ခတွေ ရင်ဆိုင်နေရပါတယ်။ လယ် ယာမြေတွေကို ဇင်းပေါင် ကုမ္ပဏီက မတရားသိမ်းထားပါတယ်။ ညှိနှိုင်း
ဆောက်ရွက်လို့မရပါဘူး”ဟု အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး မအူပင်မြို့နယ် တောင်သူလယ်သမား ကိုယ်စားလှယ် နှစ်ဦးက “ Myanmar Naing Group ကုမ္ပဏီကနေ လယ်ယာမြေ ၂၄၆၆ ဧက ကိုသိမ်းယူခဲ့ပါတယ်။ ၁ ဧကကို ၁၀ သိန်း လယ်သမား တွေကို သီးစားခ အနေနဲ့ တောင်းခံပါတယ်။ ၂၀၁၀ မှာ နှင်အထုတ်ခံရတယ်။ မြေစာရင်း ဌာနကိုလည်း စာပို့ တယ်၊ လွှတ်တော် ကိုလည်း စာပို့တယ်။ လွှတ်တော်ဥက္ကဌ သူရရွှေမန်း ဆင်လာခဲ့တယ်။ ဒါပေမယ့် ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ မြို့ရွာ အုပ်ချုပ်ရေးမှူးတွေက ပေး
မတွေ့ခဲ့ဘူး။ ဝန်ကြီး ပြန်သွားမှ သိရတယ်” ဟုပြောကြားခဲ့သည်။

အလားတူပင် ငွေကြေးအခက်အခဲများနှင့် လယ်ယာမြေ သိမ်းဆည်းခံရ မှုများအား မြန်မာနိုင်ငံနေရာအနှံတွင် တွေ့ရှိရကြောင်းနှင့် အများစုမှာ ကုမ္ပဏီများ၏ စီမံကိန်းလုပ်ကွက်များကြောင့် အသိမ်းဆည်းခံရခြင်း
ဖြစ်ကြောင်း သိရသည်။

“လယ်ယာမြေတွေကို လွတ်လပ်ခွင့်ပေးသင့်တယ်။ဒီတောင်သူလယ်သမား
တွေကိုဒီမိုကရေစီပေးသင့်၊ရထိုက်တယ်။ ၁၉၈၈ ကော့မှုး၊ကွမ်းခြံကုန်း
ပြဿနာမှာလည်း ဦးနုတုန်းကလည်း ဒီမိုကရေစီရှိခဲ့တယ်၊ မင်းတို့ခေတ် ဒီမိုကရေစီမှာလည်း ဘာတွေရမှာလဲလို့ မေးကြတယ်။အစိုးရကလည်း
ငွေတိုးချေးပေးမည်၊ တောင်သူလယ်သမားတွေကလည်း ညှိနိုင်းဆွေးနွေး
အဆင်ပြေမယ်။ မပြေရင်လည်း တောင်သူလယ်သမား ဥပဒေတွေနဲ့ အစိုးရဘက်ကလည်း အဆင်ပြေ ဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်”ဟု စီးပွားရေး အကြံပေး၊ဥပဒေ ပညာရှင် ဦးတင်သန်းဦးကမြန်မာ့ခေတ်သို့ 
၎င်း၏အမြင်အား ပြောကြားသည်။

အောင်ပြည့်
ဓါတ်ပုံ - စူးရှ
The Myanma Ageကုမ္ပဏီများ ၊ ကုန်သည်များနှင့် စပါးဝယ်သူများ အချင်းချင်း ညှိနှိုင်းပြီး ဈေးနှိမ်ဝယ်ယူမှုကြောင့် တောင်သူလယ်သမားများ အနေဖြင့် ငွေကြေးအခက်အခဲ ရှိဟု ဒေးဒရဲ တောင်သူလယ်သမား အဖွဲ့ချုပ်မှ ဒုဥက္ကဌ ဦးလှငွေက ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖိလစ်ပိုင်မှပြန်လည်ရောက်ရှိ

 Photo: ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖိလစ်ပိုင်မှပြန်လည်ရောက်ရှိ 
Friday, January 18, 2013

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ငြိမ်းချမ်းရေးဖော်ဆောင်မှု ၅ ရက်ကြာခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီ ၁၅ မိနစ်အချိန်တွင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသည်။ 

အဆိုပါ ခရီးစဉ်တွင် သမ္မတအကြံပေးပုဂ္ဂိုလ်များ၊ငြိမ်းချမ်းရေးတွေ့ဆုံ
ဆွေးနွေးရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြကြောင်း၊ နိုင်ငံတော် ငြိမ်းချမ်းရေး
နှင့်ပြန်လည်တည်ဆောက်ရေးတွင် အထောက်အကူပြုနိုင်သည့်
အချက်များကို လေ့လာတွေ့ရှိခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုကိုကြီးက ပြောသည်။ 

ငြိမ်းချမ်းရေးဖော်ဆောင်မှု လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ စာနယ်ဇင်း
ရှင်းလင်းပွဲအား မကြာမီရက်ပိုင်းအတွင်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ရန်နိုင်
Popular Myanmar News Journal၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ငြိမ်းချမ်းရေးဖော်ဆောင်မှု ၅ ရက်ကြာခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီ ၁၅ မိနစ်အချိန်တွင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသည်။

သင်ယူသင့်တဲ့ စာရင်းအင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များ

ပြောင်းလဲလာမယ့် မြန်မာ့စီးပွားရေးအတွက် သင်ယူသင့်တဲ့ စာရင်းအင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များ လက်ရှိ မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒ အပြောင်းအလဲ များကြောင့် နိုင်ငံတကာကအထူး အာရုံစိုက်လျက်ရှိပြီး စီးပွားရေး