နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်းသည် မြန်မာနိုင်ငံသို့ ဧပြီ ၃ရက်တွင်တရားဝင် ချစ်ကြည်ရေးခရီး လာရောက် မည်ဖြစ်ကြောင်းသတင်းရရှိ သည်။
Thursday, March 28, 2013
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက် ၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ခွန်းတစ်ရပ်ကို ယနေ့ ညနေ ၆ နာရီ ၀န်းကျင်တွင် နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ပြည်သူလူထု သို့ပြောကြားသွားရန် စီစဉ်
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက် ၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က မိန့်ခွန်းတစ်ရပ်ကို ယနေ့ ညနေ ၆နာရီ ၀န်းကျင်တွင် နိုင်ငံပိုင်ရုပ်သံမီဒီယာများမှ တစ်ဆင့် ပြည်သူ လူထုသို့ပြောကြားသွားရန် စီစဉ်နေကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်း ရရှိသည်။
နှာချေခြင်းအကြောင်းသိကောင်းစရာ

၁) သင်တစ်ခါနှာချေလိုက်တိုင်း ရောဂါပိုးမွှားပေါင်း 100000 (တစ်သိန်း) လောက်ဟာ လေထဲကို ပျံ့နှံ့သွားပါတယ်...
၂) လူသုံးယောက်မှာ တစ်ယောက်ဟာ နေရောင်ကို ကြည့်ရင် နှာချေ ပါတယ်... ဒါဟာမျိုးရိုးဗီဇအရ အလင်းရောင်ရဲ့ လှုံ့ဆော် မှုကြောင့် နှာချေနိုင်ခြင်းဖြစ်ပါတယ်...
၃) အားကစားပြုလုပ်ချိန်မှာလည်း နှာချေနိုင်ပါတယ်.... ဒါဟာ နှာခေါင်းတွင်းမှာရှိတဲ့ အညစ် အကြေးတွေကို ရှင်းထုတ်ပြီး လေကောင်းလေသန့်ရရှိအောင် အလိုအလျောက် လုပ်ဆောင် တာဖြစ် ပါတယ်...
ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ
ယနေ့ နံနက်ပိုင်းက မင်းလှမြို့တွင် တုတ်၊ ဓားလက်နက် ကိုင်ဆောင်ပြီး
ဖျက်ဆီးမှု ပြုလုပ်ခဲ့သူများကို မင်းလှမြို့နယ် ရဲစခန်းမှ လိုက်လံ
ဖမ်းဆီးလျက် ရှိနေပြီး ဖျက်ဆီးမှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသည်များ အနက်
၉၅ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များနှင့် ဗလီများဖြစ်ကြောင်း မင်းလှမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။
ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်
မင်းလှမြို့ အမှတ်(၃) ရပ်ကွက် အတွင်းရှိ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်များကို မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် အင်အား (၃၀၀) ခန့်ရှိသော လူအုပ်စုက ၀င်ရောက် ဖျက်ဆီး ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ဖျက်ဆီးမှုကြောင့် အိမ်ခြေ (၁၅) လုံးဝန်းကျင်ခန့် ပျက်စီးသွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များရောက်ရှိ လာပြီးနောက် လူအုပ်စု ကွဲသွားကြောင်း မင်းလှမြို့ အမှတ်(၃) ရပ်ကွက်မှ ဒေသခံ များက ပြောပါသည်။ ဖျက်ဆီးသူ လူအုပ်စုတွင် မင်းလှ ဒေသခံ အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ မင်းလှမြို့ အနီးဝန်းကျင် ကျေးရွာများမှ လာရောက် သူများ ဖြစ်ကြောင်း သိရသည်။
မြန်မာနဲ့ မူဆလင် အပြန်အလှန် လေးစားဖို့လိုကြောင်း အရှင်ဝီရသူ မိန့်ကြား
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူက မိတ္ထီလာအရေး အခင်းမှာ သံဃာတစ်ပါး သတ်ဖြတ်ခံရမှုကြောင့် ခုလိုမလိုလားအပ်တဲ့ အရေး အခင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့လည်း အရေးယူမှုများစွာ အားနည်းခဲ့ကြောင်းနဲ့ လက်ရှိမြို့တချို့မှာ ဖြစ်ပွားနေ တဲ့ ဆူပူဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံမဟုတ်တဲ့ ပြင်ပကလူတွေ ပါဝင်နေတယ်လို့ ယူဆကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။
မီလျံနာကနေ လူမွဲစာရင်း ဝင်သွားတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားများ

ကျနော်တို့ မြန်မာပရိသတ်တွေ နေ့စဉ်နဲ့အမျှ ရင်သပ်ရှုမောစွာ အားပေးနေတဲ့
အင်္ဂလိပ် ပရီးမီးယားလိဂ်မှ ဘောလုံး ပွဲစဉ်များဟာ ပြိုင်ဆိုင်မှု ပြင်းထန်သလို
ကစားသမားတွေ ဟာလည်း ဘောလုံး ကန်နေတဲ့သက်တမ်းတလျှောက်
လက်ဖျားငွေသီးတဲ့လူတွေလို့ ဆို ရလောက်အောင် လစာငွေ အဆမတန် ရရှိကြပါတယ်။
ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းက အက်စတွန်ဗီလာမှာ နာမည်ကြီးခဲ့တဲ့ လီဟန်ဒရီကို မှတ်မိကြမှာပါ။ ၁၉၉၉ နောက်ပိုင်း ၀န်းကျင်လောက်မှာ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလန်
ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန
ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ
မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်
ပုတီးကုန်းမြို့၏ လက်ရှိ အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီး ဈေးဆိုင်
အချို့ကို ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။ လူစုလူဝေးဖြင့် သွားလာမှုများလည်း
မရှိသလောက် နည်းပါးနေပြီး ယနေ့ နံနက်ပိုင်းက ဗလီကိုလာရောက်ဖျက်ဆီးသည်ဆိုသော သတင်းများမှာ ကောလာဟလ ဖြစ်ကြောင်း ပုတီးကုန်းမြို့ သို့ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရဲလုပ်ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရေးဖွဲ့စည်းပုံတိုချဲ့ဆောင်ရွက်မည်
မန္တလေးတိုင်းဒေသကြီးအတွင်း ရဲလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံတိုးချဲ့ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပထမအကြိမ်တိုင်းဒေသကြီး လွှတ်တော် ဆဌမပုံမှန်အစည်း အဝေးမှသိရသည်။
တာဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင် ငံရဲတပ်ဖွဲ့ဝင်အားလုံးအတွက်နိုင်ငံတော်က လစာနဲ့စရိတ်များနဲ့ ရိက္ခာငွေတို့ ကိုထောက်ပံ့ပေးလျက်ရှိပါတယ် ရဲတပ်ဖွဲ့ကိုလည်းလုပ်ငန်များ ပိုမိုထိရောက်အောင် လုပ်ဆောင်နို င်ရေး အတွက်ဖွဲ့စည်းပုံများတိုးချဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဖုန်းဇော်ဟန် ကပြောသည်။
တာဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင်
မြန်မာကျောက်မျက်တင်သွင်းမှုအပေါ် တရုတ်ကအခွန်လျှော့ပေးရန် ဆွေးနွေး
မြန်မာနိုင်ငံဘက်မှ ၀ယ်ယူခဲ့သော ကျောက်မျက်တန်ဖိုး၏ ၃၃ ဒသမ ၉ ရာခိုင်နှုန်းကို တရုတ်အစိုးရက သွင်းကုန်အခွန်အဖြစ် ကောက်ခံနေခြင်းအပေါ် အခွန်လျှော့ ကောက်ခံရန် ၀န်ကြီးဌာန ချင်း ဆွေးနွေးနေကြောင်း မြန်မာနိုင်ငံ စီပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်း ဇီးကုန်းမြို့တွင်း မြင်ကွင်းများ
မတ်လ
၂၈ ရက်နေ့ ဇီးကုန်းမြို့၏ အခြေအနေမှာ တည်ငြိမ်မှု ရှိနေပြီး မတ်လ ၂၇
ရက်နေ့ က ဖြစ်ပွား ခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများကို
သက်ဆိုင် ရာမှ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ ဇီးကုန်းမြို့ စည်ပင်သာယာဈေး အတွင်းရှိ ဈေးဆိုင်အချို့သာ ဖွင့်လှစ်ခြင်းမရှိဘဲ အများစုမှာ ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။ ဇီးကုန်းမြို့၏ လုံခြုံရေးအတွက် တပ်မတော်နှင့်
ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဇီးကုန်းမြို့တွင်
ရောက်ရှိနေသော Eleven Media Group မှ သတင်းထောက်က သတင်းပေးပို့ထားသည်။
ဂျင်စင်း သုံးစွဲရာတွင် သတိထားရန် အချက်များ

သင့်မှာ နှလုံးရောဂါ အခြေအနေ၊ သွေးတိုး ဒါမှမဟုတ် စိုးရိမ်စိတ် ပုံမမှန် လွန်ကဲသည့် ရောဂါ (Anxiety Disor der) ရှိပါက ဂျင်စင်း မသောက်မီ သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။
ဂျင်စင်းက အိပ်မပျော် ရောဂါ၊ ကြောက်ရွံ့ ထိတ်လန့်ခြင်း၊ ဝမ်းလျှောခြင်းနနှင့်သွေး တိုးရောဂါ ဖြစ်နိုင်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများမှာ သွေး ဆင်းခြင်း ဖြစ်ပေါ်စေကြောင်း အစီရင် ခံထား ချက် ရှိပါတယ်။
လာမည့်ဘဏ္ဍာနှစ်တွင် အစိုးရက ကျပ် ဘီလျံ၂,၃ဝဝ နီးပါး ပိုသုံးမည်
လာမည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အတွက် အစိုးရ၏အရအသုံး ခန့်မှန်းခြေ ငွေစာရင်း (ဘတ်ဂျက်) အရ ပြည်ထောင်စုအစိုးရ၏ စုစုပေါင်း လျာထားအသုံးစရိတ်မှာ ယခင်ဘဏ္ဍာနှစ်ထက် ကျပ်ဘီလျံ ၂,၃ဝဝ နီး ပါး ပိုမိုသုံးစွဲမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ပြုပြင်ခန့် မှန်းခြေငွေ စာရင်းအရ စုစုပေါင်း သုံးငွေ ကျပ်ဘီလျံ တစ်သောင်း လေးထောင်ကျော်ရှိခဲ့ပြီး၊ ယခု ဘဏ္ဍာနှစ်တွင်မူ ဘီလျံ တစ် သောင်းခြောက်ထောင်ကျော်ရှိသည်။
ပြီးခဲ့သည့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ပြုပြင်ခန့် မှန်းခြေငွေ စာရင်းအရ စုစုပေါင်း သုံးငွေ ကျပ်ဘီလျံ တစ်သောင်း လေးထောင်ကျော်ရှိခဲ့ပြီး၊ ယခု ဘဏ္ဍာနှစ်တွင်မူ ဘီလျံ တစ် သောင်းခြောက်ထောင်ကျော်ရှိသည်။
“လက်ပံတောင်းကြေးနီစီမံကိန်း အရေး ဆားလင်းကြီး၌ ဆန္ဒထုတ်ဖော်ခွင့် ရရှိ”
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ယနေ့ နေ့လည် ၁ နာရီတွင်
ပြုလုပ်မည့် ဆန္ဒဖော်ထုတ်မှုအား ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ
ခွင့်ပြုပေးပြီးဟု သိရသည်။
အဆိုပါ ငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့်အား ဥပဒေပုဒ်မ(၅)အရ သက်ဆိုင်ရာမှ မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငြိမ်းချမ်းစွာစုဝေးခွင့် စီတန်းလှည့်လည်ခွင့်အား ဥပဒေပုဒ်မ(၅)အရ သက်ဆိုင်ရာမှ မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ခွင့်ပြုမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီသာ ဆောင်ရွက် သွားပါမည်
မိတ္ထီလာမြို့၌ သာမန်ဈေး အရောင်းအဝယ်
အချင်းများရာမှ လူအုပ်စုဖြင့် အဆောက် အအုံ များ၊ ဈေး ဆိုင်ခန်းများ
ဖျက်ဆီးခြင်း၊ ဆူပူ အကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့်
မြို့နယ်၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေ
စိုးမိုးရေး ဖောက်ဖျက်မှုများ ဖြစ်ပေါ် ခဲ့ခြင်းကြောင့် ဒေသ ဆိုင်ရာ
လုံခြုံရေးဝန်ထမ်းများက အခြေအနေအား ထိန်းသိမ်းခဲ့ရပါသည်။ ဖြစ်စဉ်
ဖြစ်ပွားခဲ့သည့် မတ်လ
မတ် ၂၇ ရက်ညက ရန်ကုန်မြို့၌ လုံခြုံရေးဆောင်ရွက်နေမှု မြင်ကွင်းများ
ပဋိပက္ခများ
ဖြစ်ပေါ်နိုင်သည်ဟု သတင်းများ ထွက်ပေါ်မှုများနှင့် ပတ်သက်၍
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ၌ မတ်လ ၂၅ ရက် ညပိုင်းမှ
စတင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ ဝင်များက အထိုင်ကင်းများ၊
လှည့်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၇
ရက်ညပိုင်း တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်၊မုန့်စက်ရုံ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍
မတ်လ ၂၈ ရက် နံနက် ၆ နာရီ ၅၀ မိနစ်
တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင်လမ်းရှိ မုန့်စက်ရုံတစ်ရုံသည် မတ်လ ၂၈ ရက်နေ့ နံနက် ၅နာရီ ၅ မိနစ်အချိန်မှ စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် မီးငြိမ်း သွားခဲ့ကြောင်း မီးငြှိမ်းသတ်နေသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အတိအကျ သိရသည်။
ပဲခူးတိုင်းအနောက်ခြမ်း အဓိကရုဏ်းသတင်း နောက်ဆက်တွဲ
ပုတီးကုန်းမှာ နေအိမ်တွေကို ဖျက်စီးမှု ဖြစ်ပွား
မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီပတ်ဝန်းကျင်ကစပြီး ပုတီးကုန်းမြို့မှာ အင်အား သုံးရာကျော်ရှိတဲ့ လူအုပ်ကြီးက ဝင်ရောက်ဖျက်စီးတဲ့အတွက် ယခုအချိန်ထိ အိမ်ရှစ်လုံး ၊ဆိုင်ခန်းလေး ခန်းနဲ့ပလီ တစ်လုံး တို့ ပျက်စီးခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီပတ်ဝန်းကျင်ကစပြီး ပုတီးကုန်းမြို့မှာ အင်အား သုံးရာကျော်ရှိတဲ့ လူအုပ်ကြီးက ဝင်ရောက်ဖျက်စီးတဲ့အတွက် ယခုအချိန်ထိ အိမ်ရှစ်လုံး ၊ဆိုင်ခန်းလေး ခန်းနဲ့ပလီ တစ်လုံး တို့ ပျက်စီးခဲ့ပါတယ်။
Subscribe to:
Posts (Atom)












