Monday, September 16, 2013

အရက်ကို ခွန်အားဖြည့်အချိုရည်နှင့် ရောစပ်ပြီး သောက်ခြင်းက ထင်ထားသည်ထက် ပို၍အန္တရာယ်ကြီး

Photo: အရက်ကို ခွန်အားဖြည့်အချိုရည်နှင့် ရောစပ်ပြီး သောက်ခြင်းက ထင်ထားသည်ထက် ပို၍အန္တရာယ်ကြီး
 Monday, September 16, 2013

ပို၍သောက်ကောင်းစေရန် အရက်ကို ခွန်အားဖြည့်အချိုရည်များနှင့်
 ရောစပ်သောက်ခြင်းက လောလောဆယ် သုတေသနက ပြောကြား
ထားသည်များထက် ပို ၍အန္တရာယ်ကြီးကြောင်း ကျော် ကြားသည့် စိတ်ပညာရှင်တစ်ဦး က အခိုင်အမာပြောကြားလိုက်သည်။

လွန်စွာလူကြိုက်များသည့် Red Bull ကဲ့သို့ အချိုရည်များ နှင့် ဗော့ဒ်ကာ
အရက်အား ရော၍ အားရပါးရ မော့သောက်နေသူများကို အစစ်အမှန်
ထင်ဟပ်ခြင်း မရှိသော ဓာတ်ခွဲခန်း လေ့လာမှုများက လွဲမှားစွာနှစ်သိမ့်ခြင်း
ဖြစ် နိုင်ကြောင်း ပါမောက္ခ ပီတာမီလာ က ပြောကြားခဲ့သည်။ 

ဒီအရက်ကို ခွန်အားဖြည့် အချိုရည်နှင့် ရောစပ်သောက် ခြင်းက အချိန်ကြာကြာ သောက်မိခြင်းအပြင် မူးယစ်မှုအဆင့်ပမာ ဏများစွာ
 မြင့်မားစေသည့်အတွက် အန္တရာယ်မြင့်မားလာခြင်းမှာ စိုးရိမ်နေရပြီဟု ၎င်းကပြော ကြားခဲ့သည်။ 

အမေရိကန်နှင့် ဥ ရောပမှ ကောလိပ်ကျောင်းသား လေးဦးလျှင် သုံးဦးခန့်မှာ ယင်းကဲ့ သို့ ရောစပ်သောက်သုံးနေကြောင်း စစ်တမ်းများက ပြသလျက်
ရှိသည်။ သို့သော်လည်း ခွန်အားဖြည့်အ ချိုရည်များ၏ အခန်းကဏ္ဍမှာ သု တေသနပြုလုပ်ဆဲသာဖြစ်ပြီး အ ချိုရည်တစ်မျိုးနှင့် အရက်ပမာဏ နည်းပါးစွာ ရောစပ်ခြင်း အာနိသင် များကို လေ့လာမှု အများအပြား
 ပြုလုပ်ထားပြီဟု ဩစတြေးလျ နိုင်ငံ Deakin University  မှ တွဲဖက်
စိတ်ပညာပါမောက္ခမီလာက ပြောကြားခဲ့သည်။

အန္တရာယ်ကို မစိုးရိမ်သင့် ကြောင်း သုတေသီတချို့က သုံး ပ်ခဲ့သော်
လည်း ၎င်းတို့ထဲမှ သု တေသီအများအပြားကို Red Bull  ထုတ်လုပ်သူ
များက ငွေကြေးအ ထောက်အပံ့ ပေးထားသည်ဟု ယင်းကပြောသည်။

Yangon Media Group

ပို၍သောက်ကောင်းစေရန် အရက်ကို ခွန်အားဖြည့်အချိုရည်များနှင့် ရောစပ်သောက်ခြင်းက လောလော ဆယ် သုတေသနက ပြောကြားထားသည်များထက် ပို၍အန္တရာယ်ကြီးကြောင်း ကျော်ကြားသည့် စိတ်ပညာရှင် တစ်ဦး က အခိုင်အမာပြောကြားလိုက်သည်။

အတ္တလနိ္တတ် သမုဒ္ဒရာကို မိုးပျံ ပူဖောင်းဖြင့် ဖြတ်ကူးရန် ကြိုးပမ်းခဲ့သည့် အမျိုးသား တစ်ဦး အောင်မြင်မှု မရှိဘဲ ရပ်ဆိုင်းခဲ့ရ

Photo: အတ္တလနိ္တတ် သမုဒ္ဒရာကို မိုးပျံ ပူဖောင်းဖြင့် ဖြတ်ကူးရန် ကြိုးပမ်းခဲ့သည့် အမျိုးသား တစ်ဦး အောင်မြင်မှု မရှိဘဲ ရပ်ဆိုင်းခဲ့ရ
Monday, September 16, 2013

အမေရိကန် နိုင်ငံမှ ဂျော်နသန် ထရပ်ပ်အမည်ရှိ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး သည် အတ်္တလနိ္တတ်သမုဒ်္ဒရာကို မိုးပျံပူဖောင်းဖြင့် ဖြတ်ကူး ၍ ဥရောပသို့ ခရီးနှင်ရန် ကြိုးပမ်း ခဲ့သော်လည်း ရာသီဥတု အခြေအနေ
ဆိုး ရွားသောကြောင့် အောင်မြင်မှု မရှိခဲ့ဘဲ ကနေဒါနိုင်ငံ နယူးဖောင်း လန်း ပြည်နယ် ၌ ဆင်းသက်ခဲ့ရပြီး ၎င်း၏ ကြိုးပမ်းမှုကို ရပ်ဆိုင်း ခဲ့ရကြောင်း အင်တာ နက် သတင်း တစ်ရပ်အရ သိရသည်။

ထရပ်ပ်သည် ယခင်က အင်္ဂလိပ်ရေ လက်ကြားနှင့် အဲလ်ပ်စ်တောင်ကြား ဒေသ ကို မိုးပျံ ပူဖောင်းနှင့် ဖြတ်ကူးခဲ့ဖူးကြောင်း၊ ယခု အကြိမ် တွင်လည်း အတ္တလန်္တိတ် သမုဒ္ဒရာကို မိုးပျံ ပူဖောင်းနှင့် ဖြတ်ကူး၍ ဥရောပသို့ ခြောက်ရက်ကြာ သွားရောက် ရန် မျှော် မှန်း ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် အောင်မြင်မှု မရှိ ခဲ့ကြောင်း သိရသည်။

ထရပ်ပ်သည် အတ္တလနိ္တတ် သမုဒ္ဒရာကို ခက်ခက်ခဲခဲနှင့် မဖြတ်ကူးမီ စက်တင်ဘာ ၁၃ ရက် နှောင်းပိုင်းတွင် နယူးဖောင်းလန်း ပြည်နယ်၌ ဆင်းသက် ခဲ့ရပြီး ၎င်းခရီးစဉ်ကို ရပ်ဆိုင်း ခဲ့ခြင်း ဖြစ်သည်။ 

မြ၀တီ
အမေရိကန်နိုင်ငံမှ ဂျော်နသန်ထရပ်ပ်အမည်ရှိ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးသည်

အခွန်ရှောင်နည်းပြောပြပြီး ဘောက်ဆူးငွေယူသော အခွန်အကြံပေးအရာရှိ အလုပ်ဖြုတ်ခံရ

ဗြိတိသျှအစိုးရ၏ အခွန် အကြံပေး အရာရှိတစ်ဦးအား အလုပ်မှ ထုတ်ပယ်လိုက်သည့် အ ကြောင်းမှာ ၎င်း၏ အခွန်မည်သို့ ရှောင်ရမည်ကို အကြံပေးနေသည့် လျှို့ဝှက်ရုပ်ရှင် ရိုက်ကူးထားခြင်းကို တွေ့ရှိခဲ့

ဆူမားတြားမီးတောင်ပေါက် လူထောင်ပေါင်းများစွာ ထွက်ပြေးရ

Photo: ဆူမားတြားမီးတောင်ပေါက် လူထောင်ပေါင်းများစွာ ထွက်ပြေးရ
Monday, September 16, 2013

အင်ဒိုနီးရှားနိုင်ငံ ဆူမား တြားကျွန်း၌ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ရာ ရွာသူရွာသား ထောင်ပေါင်းများစွာ တနင်္ဂနွေ နေ့က ထွက်ပြေးခဲ့ကြရကြောင်း၊ ကျောက်တုံးများ၊ ချော်ရည်ပူ များ၊ ပြာများသည် အနီးအနား ရွာများသို့ ကျရောက်ခဲ့ကြောင်း သက်ဆိုင်ရာမှ ပြောကြားခဲ့သည်။မြောက်ဆူမားတြားပြည် နယ်ကာရိုခရိုင်ရှိ ဆီနာဘန်မီး တောင်မှာ အရုဏ်မတက်မီအ ချိန်က ပြင်းထန်စွာပေါက်ကွဲခဲ့ ခြင်းဖြစ်သည်။

မီးတောင်၏ပတ်ပတ်လည် သုံးမိုင်ခန့်နေရာရှိ လူပေါင်း ၃၀၀၀ ကျော်အား ကယ်ဆယ်ခဲ့ ရပြီး ၎င်းတို့အားလုံးဘေးကင်း ကြသည်ဟု မြောက်ဆူမားတြား ဘေးဒုက္ခအေဂျင်စီခေါင်းဆောင် အက်စ်ရင်နာဆူရှင်းက AFP သို့ ပြောခဲ့သည်။လူများအား ရိုးရာပွဲများ ကျင်းပသည့်ခန်းမကြီးငါးခု၌ စု ဝေးထိန်းသိမ်းထားသည်ဟု ဆို သည်။ ကယ်ဆယ်ထားသူ ၃၇၁၀ ရှိသည်ဟု အမျိုးသားဘေးဒုက္ခ အေဂျင်စီမှ ဆူတိုပိုပါရိုနူဂရိုဟို က ပြောခဲ့သည်။

ယခုအကြိမ်သည် ဆီနာ ဘန်မီးတောင်ဒုတိယအကြိမ် ပေါက်ကွဲခြင်းဖြစ်ပြီး မကြာမီက လည်း ပေါက်ကွဲခဲ့သည်ဟုသိရ သည်။ မီးတောင်မှာ နှစ် ၁၀ဝမှ တစ်ကြိမ်ပေါက်ကွဲတတ်သော် လည်း ၂၀၁ဝပြည့်နှစ်က ဩဂုတ် နှင့်စက်တင်ဘာလများ၌ ပေါက် ကွဲခဲ့ဖူးရာ လူပေါင်း ၁၂၀၀၀ ထွက် ပြေးခဲ့ကြရသည်။အင်ဒိုနီးရှားမှာ မီးတောင် အရှင်ဒါဇင်ပေါင်းများစွာရှိပြီး ပစိဖိတ်နှင့် အင်ဒိုနီးရှားပင်လယ် ပြင်အကြား မီးကွင်း "Ring of Fire " ဒေသထဲ၌ ကျရောက်နေ သည့်ဒေသဖြစ်သည်။ဂျာဗားကျွန်းအလယ်ပိုင်း ကြီး မီရာပီမီးတောင်မှာ အများ ဆုံးပေါက်ကွဲသည့် မီးတောင် ဖြစ်ပြီး ၂၀၁ဝပြည့်နှစ်က ပေါက် ကွဲမှုကြောင့် လူ ၃၅ဝသေဆုံး ခဲ့ဖူးသည်။

Yangon Media Group
အင်ဒိုနီးရှားနိုင်ငံ ဆူမား တြားကျွန်း၌ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ရာ ရွာသူရွာသား ထောင်ပေါင်းများစွာ တနင်္ဂနွေ နေ့က ထွက်ပြေးခဲ့ကြရကြောင်း၊ ကျောက်တုံးများ၊ ချော်ရည်ပူများ၊ ပြာများသည် အနီးအနားရွာ များသို့ ကျရောက်ခဲ့ကြောင်း သက်ဆိုင်ရာမှ ပြောကြားခဲ့သည်။မြောက်ဆူမားတြားပြည် နယ်ကာ ရိုခရိုင်ရှိ ဆီနာဘန်မီး တောင်မှာ အရုဏ်မတက်မီအချိန်က ပြင်းထန် စွာပေါက်ကွဲ ခဲ့ ခြင်းဖြစ်သည်။

တီမောလက်စ်တေ နိုင်ငံ ဝန်ကြီးချုပ် နှင့်ဇနီး ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာ

Photo: တီမောလက်စ်တေ နိုင်ငံ ဝန်ကြီးချုပ် နှင့်ဇနီး ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာ
Monday, September 16, 2013

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ ရာလာ ဇာနာနာ ဂူစ်မာအို နှင့်ဇနီး မစ္စစ်ကာစ်တီ ဆဝဒ် ဂူစ်မာအိုနှင့် အဖွဲ့သည် ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ် ကြီးအား သွားရောက်၍ လှည့်လည် လေ့လာကြသည်။

ထို့နောက် နံနက် ၁ဝ နာရီ ၂၅ မိနစ် တွင်လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီးနှင့် တာဝန် ရှိသူတို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

မြ၀တီ
မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီး

ဒီမို ကရေစီတွင် မတူ ကွဲပြားသည့် အသံများကို လေးစားရန်၊ ပွင့်လင်းစွာ ဆွေးနွေး၊ ဖျောင်းဖျ တိုက်တွန်း၊ စေ့စပ်ညှိနှိုင်း ဆွေးနွေး ကြရန်နှင့် ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့ အသံမြှင့်တင် ပေးနိုင်ရေး အားပေး တိုက်တွန်း

Photo: ဒီမို ကရေစီတွင် မတူ ကွဲပြားသည့် အသံများကို လေးစားရန်၊ ပွင့်လင်းစွာ
ဆွေးနွေး၊ ဖျောင်းဖျ တိုက်တွန်း၊ စေ့စပ်ညှိနှိုင်း ဆွေးနွေး ကြရန်နှင့် ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့ အသံမြှင့်တင် ပေးနိုင်ရေး အားပေး တိုက်တွန်း
Monday, September 16, 2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် က ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (၂ဝ၁၃) အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ တစ်စောင် ပေးပို့ ခဲ့သည်။

အဆိုပါ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

တိုင်းရင်းသား ပြည်သူ အပေါင်းတို့ ခင်ဗျား-

၂ဝ၁၃ခုနှစ် စက်တင်ဘာလ ၁၅ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာပြည်သူ ပြည်သားများ အနေဖြင့် ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်ရေး လုပ်ငန်း များကို ပူးပေါင်း ဆောင်ရွက် ၍ ဒီမိုကရေစီ၏ အနှစ်သာရ များကို အပြည့်အဝ ရရှိခံစား နိုင်ကြပါ စေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဒီမိုကရေစီ စနစ် ကျင့်သုံး အကောင်အထည် ဖော်နိုင်ရေးအတွက် ၂ဝဝ၇ခုနှစ် (၆၂)ကြိမ် မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးတွင် ဒီမိုကရေစီ စနစ်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ် အနေဖြင့် လည်းကောင်း၊ အစိုးရများ အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်များကို မြှင့်တင် ပေးရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ အကြား ဒီမိုကရေစီ စိတ်ဓာတ် အစဉ်နိုးကြား နေစေရန်အတွက် လည်းကောင်း၊ ဒီမိုကရေစီ စနစ်မြှင့်တင် ကျင့်သုံးမှုကို လက်ရှိ အခြေ အနေတွင် သာမက အနာဂတ်တွင်လည်း အစဉ်အမြဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း သတိပေးသည့် ရည်ရွယ် ချက် များဖြင့် နှစ်စဉ် စက်တင်ဘာလ ၁၅ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်၍ အခမ်း အနားများ ကျင်းပရန် အတည်ပြု သတ်မှတ်ခဲ့ပါသည်။

ဒီမိုကရေစီ ဆိုသည်မှာ မိမိတို့ လူ့ဘောင် အဖွဲ့အစည်း၏ အုပ်ချုပ်မှုတွင် ပြည်သူများ အားလုံး ပါဝင်နိုင်ပြီး မိမိတို့၏ လိုအင်ဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖော် ပြသခွင့်ပြုထားသော တစ်ကမ္ဘာလုံးက လက်ခံထားသည့် အယူအဆ တစ်ရပ် ဖြစ်ပါ သည်။ နေထိုင် ရာ ဒေသ၊ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး၊ ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ ချမ်းသာကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေဘဲ ပြည်သူများ ပေါင်းစည်း နေထိုင် နိုင်သည့် အယူအဆ တစ်ရပ် လည်း ဖြစ်ပါသည်။ ဒီမိုကရေစီ ဆိုသည့် အယူအဆသည် လွယ်ကူစွာ ဖော်ဆောင် နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ ပြီးပြည့်စုံသည့် အရာတစ်ခုလည်း မဟုတ်ပေ။ ဒီမိုကရေစီတွင် အပြီးသတ် ပန်းတိုင် မရှိပါ။ ထို့ကြောင့် ပြောင်းလဲနေသော အခြေ အနေ များနှင့်အညီ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်ရန် လိုအပ် သကဲ့သို့ တစ်ဦးကို တစ်ဦး အပြန်အလှန် ရိုသေလေးစားမှုနှင့် စေ့စပ်ကြေအေးမှုများလည်း လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ဆီသို့ ခိုင်မာသည့် ရည်မှန်းချက်ဖြင့် ဦးတည် ချီတက်နေသော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာပြည်သူ များသည် ခေတ်မီသော ဒီမိုကရေစီ နိုင်ငံတော် တစ်ရပ် တည်ဆောက်ရန် စွန့်စွန့်စားစားဖြင့် စတင် လျှောက်လှမ်း နေကြခြင်း ဖြစ်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများမှ စတင်ကာ ငြိမ်းချမ်းရေး၊ နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသားရေး ပြန်လည်စည်းလုံး ညီညွတ်ရေး ကြိုးပမ်း အားထုတ် မှု များဖြင့် မိမိတို့၏ လူ့အဖွဲ့အစည်းကို ပြန်လည် တည်ဆောက်နေပြီး ကျွန်တော်တို့၏ ဒီမိုကရေစီ စံနှုန်းများ တိုးတက်မှု ရှိအောင် ဖော်ဆောင်လျက် ရှိပါသည်။

သို့သော် ဒီမိုကရေစီ ဆိုသည်မှာ အစိုးရများကသာ ဆုံးဖြတ်လုပ်ကိုင်ရခြင်း မဟုတ်ဘဲ နိုင်ငံသားများ ကပါ ၎င်းတို့ကို အုပ်ချုပ်စေ လိုသည့် စနစ်များနှင့် တန်ဖိုးများကို အတူတကွ ပါဝင် ဆုံးဖြတ်စေခြင်းပင် ဖြစ်ပါသည်။ မြန်မာ့ နိုင်ငံရေး အသွင်ကူးပြောင်း မှုသည် ဗဟိုဦးစီး စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှု ဖြစ်သည့်အတွက် မြန်မာ့ ဒီမိုကရေစီ ယဉ်ကျေးမှုကို ကိုယ်နည်း ကိုယ့်ဟန်ဖြင့် တည်ဆောက် အကောင်အထည် ဖော်ရန်မှာ ကျွန်တော်တို့ အားလုံး၏ တာဝန်ပင် ဖြစ်ပါသည်။

ပြည်သူ့အသံကို ကြားရစေရန်နှင့် ၎င်းတို့ကို မည်သို့ အုပ်ချုပ် စေလိုသည် ဆိုသည်ကို မိမိတို့ဘာသာ ဆုံးဖြတ်နိုင်စေရန် ရည်သန်ကာ ယခုနှစ်တွင် ''ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့အသံ မြှင့်တင်ပေး'' "Strengthening Voices for Democracy" ဟူသော ဦးတည်ချက် အနှစ်သာရဖြင့် ကမ္ဘာ့ ဒီမိုကရေစီနေ့ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာ ပြည်သူများသည် မိမိတို့၏ အခွင့်အရေးများ တိုးတက် ရရှိစေရန်၊ မိမိတို့၏ အသံများကို ပြည်သူ့ရေး ရာ စီမံခန့်ခွဲမှု ရေးရာများ၌ ပါဝင်စေရန်နှင့် နိုင်ငံရေး ဆုံးဖြတ်ချက် ဖြစ်စဉ်တွင် ပါဝင်ခွင့် ရရန်အတွက် ကနဦး ဆောင်ရွက်ရမည့် အဆင့်များကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ မိမိတို့၏ ဆန္ဒများကို ထုတ်ဖော်နိုင်ပြီ ဖြစ်သော်လည်း ထိုသို့ထုတ်ဖော်ရာ တွင် အခြားသူများ၏ အခွင့်အရေးကို မထိပါးစေသောနည်းလမ်းဖြင့် ထုတ် ဖော်ကြရမည်ဖြစ်သကဲ့သို့ တစ်ဦးကို တစ်ဦး အမုန်းပွားစေမည့် ဝေဖန်ပြောဆိုမှု မျိုးကိုလည်း ရှောင်ရှားကြရမည် ဖြစ်ပါသည်။ ဒီမိုကရေစီ စနစ် ရင့်သန် ဖွံ့ဖြိုးလိုပါက လူ့ဘောင် အဖွဲ့အစည်းကို ပုံဖော်ပေးမည့် နည်းလမ်းများဖြစ်သော တာဝန်ခံမှု၊ ပွင့်လင်းမြင်သာ ရှိမှု၊ ဒီမိုကရက်တစ် စနစ်တွင်ရှိရမည့် လွတ်လပ်မှုများကို ဟန်ချက်ညီ ကျင့်သုံး တတ်စေရန် ကျွန်တော်တို့ အားလုံး လေ့လာ ကြရမည် ဖြစ်ပါသည်။

ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း နောက်ခံ အခြေအနေများ၊ လူမှုပုံစံများ၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုများနှင့် စံတန်ဖိုးများ၊ နိုင်ငံအတွင်းရှိ ပါတီများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဆိုင်ရာ အစုအဖွဲ့ များနှင့် ပြည်သူများအားလုံး တစ်နည်းဆိုသော သက်ဆိုင်သူများ အားလုံး (Stake holders) ၏ ဒီမိုကရေစီ ဖော်ဆောင် နိုင်မှု အပေါ်တွင် မူတည်ကာ ပုံစံ အမျိုးမျိုး၊ ချဉ်းကပ်မှု အမျိုးမျိုး ကွဲပြားသော်လည်း စိတ်နေစိတ်ထား ရင့်ကျက် ပြည့်ဝမှု၊ အတွေးအခေါ် မြင့်မားမှု၊ စည်းကမ်းနှင့် ဒီမိုကရေစီ တို့သည် ခွဲခြားမရသော ဖြစ်စဉ်များ ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံ တော်သည် မကြုံဖူးခဲ့သည့် အသွင်ကူးပြောင်းရေး လမ်းကြောင်း တစ်ရပ်ဖြင့် လျှောက်လှမ်း ချီတက် ရာတွင် များပြားလှသည့် မရေရာ မသေချာမှုများ၊ ကြီးမားသည့် စိန်ခေါ်မှုများနှင့် အဟန့်အတား များကို ကြုံတွေ့ ကြရပါသည်။ ၎င်းစိန်ခေါ်မှုများကို အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေး အင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုကို အခြေခံ၍ မှန်ကန်သည့် စေတနာဖြင့် ရင်ဆိုင် ဖြေရှင်း ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ ယနေ့ကြုံတွေ့ နေရသည့် ပဋိ ပက္ခများ၊ အခက်အခဲ အကျပ်အတည်း များသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ၌ မဖြစ်မနေ ကြုံတွေ့ရမည့် စိန်ခေါ်မှု ပြဿနာများ ပင်ဖြစ်ပြီး အလားတူ စိန်ခေါ်မှု များရှိ နေသကဲ့သို့ အခွင့်အလမ်း ကောင်းများလည်း ရှိနေပါသည်။ ထိုအခွင့် အလမ်း ကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ကျော်လွှားသွားရန် လိုအပ်ပါသည်။

တိုင်းရင်းသားပြည်သူ အပေါင်းတို့ ခင်ဗျား-
ယနေ့ ကျင်းပသည့် ကမ္ဘာ့ ဒီမိုကရေစီနေ့ အခါ သမယနှင့် အခွင့်အခါ ကြုံကြိုက်ချိန်တွင် ပြည်သူများ အနေဖြင့် ဒီမို ကရေစီတွင် ပါဝင်သော မတူကွဲပြားသည့် အသံများကို လေးစားရန်၊ ပွင့်လင်းစွာ ဆွေးနွေးခြင်း၊
ဖျောင်းဖျ တိုက်တွန်းခြင်းနှင့် စေ့စပ် ညှိနှိုင်း ဆွေးနွေးခြင်း လုပ်ငန်း များတွင် ပါဝင်ကြရန်နှင့် ဒီမိုကရေစီ ထွန်းကားရေး ပြည်သူ့အသံ မြှင့် တင် ပေးနိုင်ရေး အတွက် အားပေးတိုက်တွန်း လိုက်ရ ပေသည်။

မြ၀တီ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် က ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (၂ဝ၁၃) အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သည်။

White Card ကိုင်ဆောင်သူများ မဲပေးခွင့်ရရှိရန် ရွေးကောက်ပွဲ ကော်မရှင် သာ ဆုံးဖြတ်သင့်ဟုဆို

Photo: White Card ကိုင်ဆောင်သူများ မဲပေးခွင့်ရရှိရန် ရွေးကောက်ပွဲ ကော်မရှင် သာ ဆုံးဖြတ်သင့်ဟုဆို
Monday, September 16, 2013

မြန်မာနိုင်ငံသားအဖြစ် တရားဝင် မသတ်မှတ်နိုင်သူ အများစုကို ယာယီ
သက်သေခံအဖြစ် ထုတ်ပေးသည့် White Card ကိုင်ဆောင်ထားသူများ လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိ မရှိ ကိစ္စ သည် ရွေးကောက်ပွဲ
ကော်မရှင်ကသာ အဆုံးအဖြတ် ပေးသင့်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြား
သည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက် အအုံတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး သတင်းဌာန
များ၏ မေးမြန်းမှုကို ၎င်းကယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။

“နိုင်ငံသားဖြစ် မဖြစ် မသေချာတဲ့ သူတွေကို ဝှိုက်ကတ်ပေးတယ်။ အဲဒီ သူတွေ မဲပေးခွင့်ရှိခြင်း မရှိခြင်းကို ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ် ရမယ်” ဟု ဦးခင်ရီက ဆိုသည်။

ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိ မရှိကို လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အား ဝန်ကြီးဌာနက အတည်ပြု ဆုံးဖြတ်သင့်ကြောင်း
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာလ ၁၄ နေ့၌ ပြောကြားထားသည်။

သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်
စုဝန်ကြီး ဦးခင်ရီက နိုင်ငံသား ဟုတ် မဟုတ် စိစစ်ခြင်းနှင့် နိုင်ငံသား မဟုတ် သူများကို စည်းမျဉ်းစည်းကမ်းများနှင့် အညီ White Card ထုတ်ပေးခြင်းကိုသာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး မဲပေးခွင့် ရှိ မရှိ ဆုံးဖြတ်ရန်မှာ ရွေးကောက်ပွဲ ကော်မရှင်နှင့်သာ သက်ဆိုင်ကြောင်း တုံ့ပြန်ပြောကြားသည်။

White Card ကိုင်ဆောင်သူများကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချ
မှုကြောင့် အချုပ်အခြာ အာဏာကို ထိခိုက်နိုင်ပြီး ၎င်းတို့ကို မဲပေးခွင့် မပြုသင့်ကြောင်း ရခိုင်အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က ၂၀၁၅ ရွေးကောက်ပွဲနှင့် ရခိုင် နိုင်ငံရေး အနာဂတ် ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုတွင် White Card ကိုင်ဆောင်သူများကို မဲပေး ခွင့် မပြုသကဲ့သို့ မြန်မာနိုင်ငံရှိ White Card ကိုင်ဆောင်သူများကို မဲပေး ခွင့် မပြု သင့်ကြောင်း ရခိုင်တိုင်းရင်းသား စာရေးဆရာ ဦးသာထွန်းနိုင်က ဆိုသည်။

ရခိုင်ဒေသတွင် ဘင်္ဂါလီ လူမျိုးများ နေထိုင်သည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်
သည့်အတွက် နိုင်ငံအတွင်း နေထိုင်သည့် လူသားများ ဖြစ်သောကြောင့် မဲပေးပိုင်ခွင့် ရှိသင့်ကြောင်း စစ်တွေမြို့ သဲချောင်း ဘင်္ဂါလီ ဒုက္ခသည် စခန်းမှ ဦးမောင်မောင်က ထောက်ပြသည်။

ရခိုင်ပြည်နယ် အတွင်းရှိ White Card ကိုင်ဆောင်ထားသည့် ဒုက္ခသည်
များကို လူသားချင်း စာနာထောက်ထားသည့် အနေနှင့် မဲပေးပိုင်ခွင့်
ပြုသင့်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား
လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက သြဂုတ်လအတွင်း ကျင်းပသည့်
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောဆိုထားသည်။

ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် ဘင်္ဂါလီလူမျိုး တစ်သန်းကျော်ရှိပြီး ယင်းတို့
အနက် ငါးသိန်းခန့်ကို White Card ထုတ်ပေးထားကြောင်း လူဝင်မှုကြီး
ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly
မြန်မာနိုင်ငံသားအဖြစ် တရားဝင် မသတ်မှတ်နိုင်သူ အများစုကို ယာယီသက်သေခံအဖြစ် ထုတ်ပေးသည့် White Card ကိုင်ဆောင်ထားသူများလာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိ မရှိကိစ္စသည် ရွေးကောက်

ချဲလ်ဆီး တိုက်စစ်တွင် အီတူး အစွမ်းပြနိုင်မည်ဟု မီခေးလ် ထောက်ခံထား

Photo: ချဲလ်ဆီး တိုက်စစ်တွင် အီတူး အစွမ်းပြနိုင်မည်ဟု မီခေးလ် ထောက်ခံထား
Monday, September 16, 2013

ချဲလ်ဆီးကွင်းလယ်လူ မီခေးလ်က အီတူးအနေဖြင့် အကောင်းဆုံးပုံစံ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ထောက်ခံအားပေးသွားခဲ့သည်။
အီတူးမှာ ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလတွင် အန်ဇီမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာသူဖြစ်ပြီး အဲဗာတန် ကို (၁-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲတွင် ချဲလ်ဆီးအတွက် ပွဲထွက်ပါဝင်ခွင့် ရရှိခဲ့သည်။

သို့သော် ၎င်းမှာ အဆိုပါပွဲစဉ်တွင် ဂိုးသွင်းခွင့်အများအပြား ရရှိခဲ့သော် လည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် ဘောလုံးလောကနှင့် အသားကျ ရန်အတွက် အီတူးကို အချိန်ပေးရမည်ဟုလည်း မီခေးလ် က ထောက်ပြခဲ့သည်။

“အီတူးဟာ ထူးထူးခြားခြား လုပ်ပြနိုင်တဲ့ ထိပ်တန်းကစားသမား တစ်ဦးပါ။ သူ့ကစားပုံကြောင့် အခွင့်အရေး တော်တော်များများ ရရှိခဲ့ပြီး ဒီအတွက် လည်း
မော်ရင်ဟိုက သူ့ကို ခေါ်ယူခဲ့တာပါ။ အင်္ဂလန် ဘောလုံးလောကနဲ့ အသား
ကျဖို့ ခက်ခဲပြီး အီတူးကတော့ ပထမဆုံး ပွဲမှာတောင် လှလှပပ လုပ်ပြနိုင် ခဲ့
ပါတယ်” ဟု မီခေးလ်က ချီးကျူးသွားခဲ့သည်။

သို့သော် ချဲလ်ဆီးနည်းပြ မော်ရင်ဟိုမှာမူ အဲဗာတန်ကို ရှုံးနိမ်ခဲ့သည့် ပွဲစဉ်
အပြီး အသင်း၏အဆုံးသတ်ပိုင်း အားနည်းမှုကို ညည်းညူသွားခဲ့သည်။

YoYarLay
ချဲလ်ဆီးကွင်းလယ်လူ မီခေးလ်ကအီတူးအနေဖြင့် အကောင်းဆုံးပုံစံ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်းေ ထာ က် ခံ အားပေးသွားခဲ့သည်။

နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် တရုတ်လူမျိုး တစ်ဦး လက်နက်/ ခဲယမ်းများ နှင့်အတူ ဖမ်းဆီး ရမိ

Photo: နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် တရုတ်လူမျိုး တစ်ဦး လက်နက်/ ခဲယမ်းများ နှင့်အတူ ဖမ်းဆီး ရမိ 
 Monday, September 16, 2013

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ် မြို့နယ်၊ မယ်ကြုတ် ရွာသစ်သို့ စက်တင်ဘာ ၁၃ရက် ညပိုင်းတွင် နယ်စပ်မှ တရား မဝင် ဝင်ရောက် လာသည့် တရုတ်လူမျိုး မူချန်ရန်လိ (ဘ) တောင်ချီရန်အား မယ်ကြုတ် ပြည်သူ့စစ် တပ်ဖွဲ့ဝင် များက မသင်္ကာ သဖြင့် ဖမ်းဆီး စစ်ဆေး ရာ မူချန်ရန်လိ ထံမှ ပွိုင့်- ၃၈ ငါးတောင့်ထိုး ပြောင်းတိုသေနတ် တစ်လက်၊ ၎င်းကျည် သုံးတောင့်အား သိမ်းဆည်းရမိ ခဲ့သဖြင့် ဖမ်းဆီးရမိ တရားခံအား မိုင်းတွမ်း ရဲစခန်းသို့ လွှဲပြောင်းပေး၍ ဥပဒေအရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်း ရရှိသည်။   

Myawady
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ် မြို့နယ်၊ မယ်ကြုတ်ရွာသစ်သို့ စက်တင်ဘာ ၁၃ ရက် ညပိုင်းတွင် နယ်

ဧရာဝတီမြစ်ဖျားဆီကမြစ်ကြီးနား မြို့၌ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်လာ

Photo: ဧရာဝတီမြစ်ဖျားဆီကမြစ်ကြီးနား မြို့၌ ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက် လာ
Monday, September 16, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၌ စက်တင်ဘာလ ပထမပတ်မှ စတင်ကာ စားသုံးဆန် ဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်တက် လာခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်း ဒေသထွက် ဆန်များ ဖြစ်သည့် ခတ်ချို ၊ စောရှုတ် ၊ လုံးသွယ်မွှေး ၊ ငွေတိုးတို့ ထွက်ရှိ သော်လည်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မီးရထား ခရီးဖြင့် ဧရာမင်း ၊ ရွှေသွယ် ၊ ပေါ်ဆန်း ဆန်များကိုလည်း
ဒေသ ၏ လိုအပ်ချက်အရ တင်ဆောင်နေ ရပြီး စက်တင်ဘာလ အတွင်း မီးရထား ခရီးစဉ်များမှာ အကြောင်းအမျိုးမျိုး ကြောင့် နောက် ကျ ရောက်ရှိခြင်း ၊ မိုး အဆက်မပြတ် ရွာသွန်းခြင်း များကြောင့် မြို့ပေါ် ဆန်အရောင်းဆိုင် များတွင် ဈေးနှုန်း အနည်းငယ် မြင့်တက် ခဲ့သည်။

'' ဆန်ဈေးက တောပုံမှန်ပါပဲ ၊ ဒီအချိန်ဆို နည်းနည်းတော့ တက်တယ် ၊ သိပ်တော့ မကွာပါဘူး ၊ တစ်တင်းခွဲ အိတ်ကို ငွေကျပ် ၂ဝဝဝ လောက်တော့ တက် တာပေါ့ ၊ သီတင်းကျွတ် ဆိုရင် ဈေးနှုန်း က ပြန်ကျတတ် ပါတယ် ၊ အခု တက်တယ်ဆိုတာ ပုံမှန်လို့ပဲ ပြော ရမှာ ပေါ့ဗျာ ၊ ဒါပေမယ့် ကုန်ဈေးနှုန်းက တက်ပြီးရင် ဆင်းရ ခက်တယ် ... . '' ဟု ဆန် အရောင်းဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြား ကြောင်း သိရှိရသည်။

The Myawady Daily
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ စက်တင်ဘာလပထမပတ်မှစတင်ကာ စားသုံးဆန် ဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်တက် လာခဲ့ကြောင်းသိရသည်။

မြန်မာစာပို့စနစ် တိုးတက်အောင် ဂျပန်ကူညီမယ်

Photo: မြန်မာစာပို့စနစ် တိုးတက်အောင် ဂျပန်ကူညီမယ်
Monday, September 16, 2013

မြန်မာ နိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာ စာပို့စနစ်ကို ပြင်ဆင်မွန်းမံ ချမှတ်ရာမှာ ဂျပန် နိုင်ငံကနေ ကူညီပေးမှာဖြစ်ပြီး အစီအစဉ်ကို ၂၀၁၄ခု ဘဏ္ဍာ နှစ်မှာ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ် အကူအညီတွေ ဘယ်လို အကောင် အထည် ဖေါ်မလဲ ဆိုတာတွေကို လာမည့် နှစ်စ ပိုင်းလောက်မှာ ဆွေးနွေးသွားမယ်လို့လဲ သိရပါတယ်။

အကောင် အထည် ဖေါ်တဲ့ အခါ၊ စာပို့စနစ်ကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင် ရွက်သွား နိုင်ဖို့ လူအင်အား အရင်းအမြစ်ကို ဖွံ့ဖြိုး
တိုးတက် စနစ်ကျအောင် အသုံးချဖို့ ပါဝင်မယ်လို့လဲ သိရပါတယ်။

တနိုင်ငံလုံး အတိုင်းအတာ စာပို့စနစ်ကို post code လို့ သတ်မှတ်ထားတဲ့ ရပ်ကွက်ဒေသဆိုင်ရာ သတ်မှတ်ချက်တွေ စက်ကနေတဆင့် စာတွေကို ရှင်းထုတ် တန်းစီ ဖြန့်ဖြူးပေးတဲ့ စနစ်တွေ စာပို့ရာမှာ လိုအပ်တဲ့ကွန်ယက် တည်ဆောက်မှု တွေကိုပါ စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံမှာ ကူညီပူပေါင်းဆောင် ရွက်ပေးဖို့ ပြီးခဲ့တဲ့ မေလတုံးက မြန် မာ အာဏာပိုင်တွေ နဲ့ ဂျပန်တို့ သဘောတူ လက်မှတ်ရေးထိုး ခဲ့တယ်လို့ လဲ သိရ ပါတယ်။

အလားတူ ဂျပန်နိုင်ငံက ဗီယက်နမ် နိုင်ငံအဖို့ တနိုင်ငံလုံး အတိုင်းအတာ စာပို့စနစ်ကို ပြင်ဆင်မွန်းမံချမှတ်ရာမှာ ကူညီပေးသွားမယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံနဲ့ ဗီယက်နမ်လို တိုးတက်ဆဲ နိုင်ငံတွေမှာ စာပျောက်တာတွေ ကြံ့ကြာတာတွေ များတဲ့ အတွက်ကြောင့် ဂျပန် နိုင်ငံက အခုလို ခေတ်မှီ စက်ကရိယာတွေ ကူညီပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ABC
မြန်မာ နိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာ စာပို့စနစ်ကို ပြင်ဆင်မွန်းမံ ချမှတ်ရာမှာ ဂျပန် နိုင်ငံကနေ ကူညီပေး မှာဖြစ်ပြီး အစီအစဉ်ကို ၂၀၁၄ခု ဘဏ္ဍာ နှစ်မှာ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရတပ်ဖွဲ့နှင့် (MNLF) အဖွဲ့ဝင်များကြား ခြောက်ရက် ကြာ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ၅၆ ဦးထက်မနည်း သေဆုံး

Photo: ဖိလစ်ပိုင်နိုင်ငံတွင် အစိုးရတပ်ဖွဲ့နှင့် (MNLF) အဖွဲ့ဝင်များကြား ခြောက်ရက် ကြာ ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ၅၆ ဦးထက်မနည်း သေဆုံး
Monday, September 16, 2013

ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘိုအန်ဂါ ဆိပ်ကမ်း မြို့တွင် မိုရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး (MNLF) အဖွဲ့ဝင်များနှင့် အစိုးရ တပ်ဖွဲ့ဝင် များကြား ဖြစ်ပွား ခဲ့သော ခြောက် ရက်ကြာ ပဋိပက္ခများကြောင့် ၅၆ ဦးထက်မနည်း သေဆုံးခဲ့ သည်ဟု သတင်းဌာန တစ်ခုက စက်တင် ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ဝင်များသည် ဒေသခံများအား ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ကမ်းရိုးတန်း ရွာများကို သိမ်းပိုက်ထားသော (MNLF) အဖွဲ့ဝင်များကို နှိမ်နင်းလျက် ရှိကြောင်း Sky News သတင်း ဌာနက ဖော်ပြ ခဲ့သည်။

(MNLF) အဖွဲ့ဝင် ၂ဝဝ ကျော်ကို ဝန်းရံထားသော အစိုးရ တပ်ဖွဲ့ ဝင်များ သည် သူပုန်များ သိမ်းပိုက်ထားသော ဒေသများကို တဖြည်းဖြည်း ပြန် လည် သိမ်းပိုက်ခဲ့ပြီး အဆိုပါမြို့ရှိ ဆင်ခြေဖုံး ဒေသများမှ လမ်းများကို ရှင်းလင်းမှု ပြုလုပ်လျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီး မာရိုဆက်စ် က ပြောကြားခဲ့သည်။

ဓားစာခံအချို့သည် သူပုန်များထံမှ လွတ်မြောက်လာခဲ့သော်လည်း ကျန် ရှိနေသေးသော ဓားစာခံ အရေအတွက် ကို အတိအကျ မသိရှိ ရသေးကြောင်း သတင်းရရှိသည်။

မြ၀တီ
ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘိုအန်ဂါဆိပ်ကမ်းမြို့တွင် မိုရိုအမျိုးသား လွတ်မြောက်ရေးတပ်ဦး(MNLF)အဖွဲ့ဝင် များနှင့် အစိုးရတပ်ဖွဲ့ဝင်များကြား ဖြစ်ပွားခဲ့သော ခြောက်ရက်ကြာ ပဋိပက္ခများကြောင့် ၅၆ ဦးထက် မနည်း သေဆုံးခဲ့ သည်ဟု သတင်းဌာန တစ်ခုက စက်တင် ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာအသက် အကြီးဆုံး စပိန်အမျိုးသားတစ်ဦး အသက် ၁၁၂ နှစ်တွင် ကွယ်လွန်

Photo: ကမ္ဘာအသက် အကြီးဆုံး စပိန်အမျိုးသားတစ်ဦး အသက် ၁၁၂ နှစ်တွင် ကွယ်လွန်
 Monday, September 16, 2013

စပိန်နိုင်ငံတွင် မွေးဖွားခဲ့သော ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားတစ်ဦး သည် အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ်၌ အသက် ၁၁၂ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ၎င်း၏ အသုဘ အခမ်းအနားအား စီစဉ်ပေးသူများက ပြောကြား ခဲ့သည်။

ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတွင် အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် စံချိန်တင် ခံထား ရသော ဆလူစတီ အာနိုရှော့ တီဆန်ချက်ဇ် အမည်ရှိ ၎င်း အမျိုးသား သည် နယူးယောက်ပြည် နယ် ဂရန်းကျွန်းရှိ ဘိုးဘွားရိပ်သာ တစ်ခုတွင် စက်တင်ဘာ ၁၄ ရက်က လူကြီးရောဂါဖြင့် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန်ချက်ဇ်အား စပိန်နိုင်ငံ အယ်လ် တီဂျာဒိုဒီဘီဂျာ ဒေသတွင် ၁၉ဝ၁ ခုနှစ် က မွေးဖွားခဲ့ပြီး အမေရိကန်သို့ ပြောင်းရွှေ့ မနေထိုင်မီ ကြံစိုက်ပျိုးခြင်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုခဲ့ကြောင်း သိရသည်။

၎င်းအမျိုးသားနှင့်အတူ ကမ္ဘာ့အသက် အကြီးဆုံး ပုဂ္ဂိုလ်များအဖြစ် စံချိန်တင်ခံထားရသော အီတလီနိုင်ငံမှ အထရူအိုလီ ကာတာသည် အသက် ၁၁၁ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ပြီး ဂျပန်နိုင်ငံမှ မီဆာအို အိုကာဝါသည် အသက် ၁၁၅ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း အသက်အိုခြင်းနှင့်အိုမှု ဖြစ်စဉ်လေ့လာမှု ဆိုင်ရာအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

မြ၀တီ
စပိန်နိုင်ငံတွင် မွေးဖွားခဲ့သော ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားတစ်ဦးသည် အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ်၌ အသက် ၁၁၂ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း စက်တင်ဘာ ၁၅ ရက်တွင် ၎င်း၏ အသုဘ အခမ်းအနားအား စီစဉ်ပေးသူများက ပြောကြား ခဲ့သည်။

ဂျပန်နိုင်ငံရှိ လည်ပတ်ဆဲ နောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖို ရပ်ဆိုင်းမည်

Photo: ဂျပန်နိုင်ငံရှိ လည်ပတ်ဆဲ နောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖို ရပ်ဆိုင်းမည်
Monday, September 16, 2013

ဂျပန်နိုင်ငံရှိ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနေသော လည်ပတ် ဆဲနောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုတစ်လုံး ကို ပုံမှန်စစ်ဆေး မှုများ ဆောင်ရွက်ရန် အတွက် မကြာမီရပ် ဆိုင်းသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ Kansai လျှပ်စစ်စွမ်းအင် ကုမ္ပဏီပိုင် ဂျပန်နိုင်ငံ အလယ်ပိုင်း Ohi EsL ကလီးယား စွမ်းအင်စက်ရုံရှိ အမှတ်(၄) နျူကလီးယား ဓာတ်ပေါင်းဖို ၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းမှ စတင် လျှော့ချပြီး ညပိုင်းတွင် ရပ်တန့်သွားမည် ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၁၆ ရက် နံနက် အစောပိုင်းတွင် ၎င်းဓာတ်ပေါင်းဖို လုပ်ငန်း လည်ပတ်မှုကို လုံးဝရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။

ပုံမှန်စစ်ဆေးမှုသည် ခြောက်လခန့် ကြာမြင့်နိုင်ပြီး နျူကလီးယား ဓာတ်ပေါင်းဖိုများ လုပ်ငန်းပြန်လည် မလည်ပတ်ခင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ သဘော တူညီချက် ရယူရမည် ဖြစ်ကြောင်းလည်း သိရသည်။ ၂ဝ၁၁ ခုနှစ်က ဂျပန်နိုင်ငံရှိ ဖူကူရှီးမား ဒိုင်အိချိ စွမ်းအင်စက်ရုံတွင် နျူကလီးယား မတော်တဆမှု ဖြစ်ပွား ပြီးနောက် နိုင်ငံအတွင်းရှိ နျူကလီးယား ဓာတ်ပေါင်းဖို အားလုံးကို လုံခြုံစိတ်ချမှု စစ်ဆေးရန် အတွက် ရပ်ဆိုင်း ခဲ့ကြောင်း၊ Ohi နျူကလီးယား စွမ်းအင်စက်ရုံရှိ ဓာတ်ပေါင်းဖို အမှတ်(၃)နှင့် အမှတ်(၄)ကို ၂ဝ၁၂ ခုနှစ်က ပြန်လည် လည်ပတ်ခွင့်ပြုခဲ့ကြောင်း၊ ၎င်းအနက် အမှတ်(၃) ဓာတ်ပေါင်းဖိုကို ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က ပြန်လည်ရပ်ဆိုင်းခဲ့ပြီး ယခု ဓာတ်ပေါင်းဖိုသာ နောက်ဆုံး လည်ပတ်နေကြောင်း သိရသည်။

မြ၀တီ
ဂျပန်နိုင်ငံရှိ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနေသော လည်ပတ်ဆဲနောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖို တစ်လုံးကို ပုံမှန်စစ်ဆေးမှုများ ဆောင်ရွက်ရန်အတွက် မကြာမီရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်ဘက်ထိပ်တန်း အရာရှိကြီး တစ်ဦး သေဆုံး

Photo: စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်ဘက်ထိပ်တန်း အရာရှိကြီး တစ်ဦး သေဆုံး
Monday, September 16, 2013

ပါကစ္စတန်နှင့် အာဖဂန် နစ္စတန်နိုင်ငံ နယ်စပ်အနီးအနား တွင် စက်တင် ဘာ ၁၅ ရက်က ပါကစ္စတန် စစ်သွေးကြွ အကြမ်းဖက် သမားများ၏ ဗုံးထောင် တိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်ဘက်ထိပ်တန်း အရာရှိ တစ်ဦး အပြင် အခြား အရာရှိကြီးတစ်ဦးနှင့် ရဲဘော်တစ်ဦးတို့ သေဆုံး ခဲ့ကြောင်း သိရသည်။

ပါကစ္စတန် စစ်ဘက်မှ ဗိုလ်ချုပ် ဆာနာအူလာခန်သည် နယ်စပ်အနီးရှိ စခန်း တစ်ခုအား စစ်ဆေးပြီး ပြန်အလာတွင် ဒဲခရိုင်အထက်ပိုင်း အရောက် တွင် စစ်သွေးကြွ များ၏ မိုင်းထောင် တိုက်ခိုက်မှုကြောင့် ၎င်းနှင့်အတူ လိုက်ပါ လာသော ဒုတိယဗိုလ်မှူးကြီး တစ်ဦးနှင့် အခြား ရဲဘော်တစ်ဦးတို့ သေဆုံးခဲ့ ရခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် ပြီးခဲ့သော သီတင်းပတ်က ပါကစ္စတန် အစိုးရနှင့် ပါကစ္စတန်တာလီဘန် တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆက်လက် ပြုလုပ် ပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် နှစ်ဖက်တပ်ဖွဲ့များသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ဆက်လက် အကောင်အထည် ဖော်သွားရန် သဘောတူညီခဲ့ကြသည်။ သို့သော်ယခုကဲ့သို့ စစ်သွေး ကြွများ ၏တိုက်ခိုက်မှုကြောင့် စစ်ဘက် ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးနှင့် အခြားနှစ်ဦး သေဆုံးခဲ့ရသည့် အတွက် အစိုးရနှင့် အကြမ်းဖက် တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေး ရယူနိုင်ရေးသည် ပိုမို ခက်ခဲသွားမည် ဖြစ်သည်။ 

မြ၀တီ
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်အနီးအနားတွင် စက်တင်ဘာ ၁၅ ရက်က ပါကစ္စတန် စစ်သွေးကြွအကြမ်းဖက်သမားများ၏ ဗုံးထောင်တိုက်ခိုက်မှုကြောင့် ပါကစ္စတန် စစ်ဘက်ထိပ်တန်း အရာရှိ တစ်ဦးအပြင် အခြား အရာရှိကြီးတစ်ဦးနှင့် ရဲဘော်တစ်ဦးတို့ သေဆုံး ခဲ့ကြောင်း သိရသည်။

အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ ၂ဝ၁၃ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

Photo: အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ ၂ဝ၁၃ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ
Monday, September 16, 2013

၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၅ ရက် တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ ၂ဝ၁၃ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ရခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်း လင်းပွဲကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် မီဒီယာ ခန်းမ၌ ယနေ့ ညနေပိုင်းတွင် ကျင်းပရာ အပြည်ပြည် ဆိုင်ရာ ဒီမို ကရေစီနေ့ ၂ဝ၁၃ ကျင်းပရေးဗဟို ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးနှင့် အဖွဲ့ ဝင်များ၊ ပြည်တွင်း အခြေစိုက် ပြည်ပ သတင်း ဌာနများမှ သတင်းထောက်များ ၊ ပြည်တွင်း သတင်း ဂျာနယ်များမှ သတင်းထောက်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစာ ရှင်းလင်းပွဲတွင် အပြည် ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂ဝ၁၃ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးဌေးဦးက အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက် လာကြသည့် သတင်းထောက် များ၏ မေးမြန်းချက် များကို ပြန်လည် ဖြေကြား ခဲ့ကြ သည်။

မြ၀တီ
၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၅ ရက် တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ ၂ဝ၁၃ အထိမ်းအမှတ် အခမ်းအနား ကျင်းပ ရခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်း လင်းပွဲကို နေပြည်တော်ရှိ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ 1st Thailand -Myanmar High Level Committee Meeting တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ 1st Thailand -Myanmar High Level Committee Meeting တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ
Monday, September 16, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ တွင် ကျင်းပပြုလုပ်မည့် 1st Thailand -Myanmar High Level Committee Meeting တက်ရောက် ရန်အတွက် ယနေ့ မွန်း တည့် ၁၂ နာရီ တွင် နေပြည်တော် လေဆိပ်မှ မြန်မာ့တပ်မတော် အထူးလေ ယာဉ် ဖြင့် ထွက်ခွာသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စား လှယ် အဖွဲ့အား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ က နေပြည် တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စား လှယ် အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါ သွားကြကြောင်း သတင်း ရရှိသည်။

မြ၀တီ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် 1st Thailand -Myanmar High Level Committee Meeting တက်ရောက်ရန်အတွက် ယနေ့မွန်းတည့် ၁၂ နာရီ တွင် နေပြည်တော်  လေဆိပ် မှ မြန်မာ့တပ်မတော် အထူးလေ ယာဉ် ဖြင့် ထွက်ခွာသည်။

ဧရာဝတီနဲ့ ဒုဋ္ဌဝတီမြစ်ရေကြီး မန္တလေးတိုင်းရေဘေးဒုက္ခကြုံ

Photo: ဧရာဝတီနဲ့ ဒုဋ္ဌဝတီမြစ်ရေကြီး မန္တလေးတိုင်းရေဘေးဒုက္ခကြုံ 
Monday, September 16, 2013

ဧရာဝတီနဲ့ ဒုဋ္ဌဝတီ မြစ်ရေလျှံမှုကြောင့် မန္တလေးတိုင်းအတွင်း မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး အိမ်ခြေ ထောင်နဲ့ချီ ရေမြုပ်ကုန်တဲ့ အတွက် အတော်လေး ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပြပါတယ်။ ရေဘေး ဒုက္ခသည်တွေအနေနဲ့ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို လောလောဆယ် ခိုလှုံနေကြပြီး ကူညီကယ် ဆယ်ရေးတွေလည်း ထိထိရောက်ရောက် မရကြဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ရေမလွတ်တဲ့ မြို့နယ်တွေနဲ့ ရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မကြာသေးခင်ရက်ပိုင်းကစလို့ မိုးများပြီး ဧရာဝတီနဲ့ဒုဋ္ဌဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ခဲ့တဲ့အတွက် မန္တလေးတိုင်းအတွင်း မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေတာပါ။ ဒီကနေ့ ၃ ရက်မြောက်နေ့မှာတော့ ဒုဋ္ဌဝတီမြစ်ရေဟာ ဆက်လက်မြင့်တက်လာပြီး မန္တလေးနဲ့ စစ်ကိုင်းကို သွားတဲ့ အဓိက လမ်းမကြီးကို ရေလွှမ်းတဲ့အတွက် ယာဉ်အသွားအလာတွေ အတော်လေး ဒုက္ခရောက်ကြရတယ်လို့ မန္တလေးဒေသခံတွေက ပြောပြပါ တယ်။ ဒါ့အပြင် ရေကြီးမှု အဆိုးဆုံးနေရာ တခုဖြစ်တဲ့ အမရပူရမြို့နယ်တွင်းမှာဖြစ်ပြီး လက်ရှိ ရေဘေးကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ မန္တလေးဒေသခံ သတင်းထောက်တဦးဖြစ်တဲ့ ကိုဆန်းယုကျော်က ဗွီအိုအေကို ပြောပြပါတယ်။

“ဧရာဝတီက နည်းနည်းလေး ပြန်ကျတယ်။ ဒုဋ္ဌဝတီကတော့ မကျဘူးပေါ့နော်။ ရေကကြီးနေတုန်းပဲ။ ဒီနေ့ဆိုလို့ရှိရင် စစ်ကိုင်းနဲ့ မန္တလေးသွားတဲ့လမ်း တချို့နေရာတွေမှာဆိုရင် ကားလမ်းပေါ်ကိုတောင် ရေကျော်နေတာတွေဖြစ်နေပြီ ဒီနေ့။ အဲ့ဒီ စစ်ကိုင်း-မန္တလေးလမ်းက အသွားလမ်း၊ အပြန်လမ်းရှိတာ။ အခု အပြန်လမ်းက ရေကျော်နေတာဆိုတော့ အသွားလမ်းတခုတည်းကိုပဲ သွားလာနေတာဖြစ်တဲ့အတွက် ယာဉ်အန္တရာယ်က နည်းနည်း စိုးရိမ်ရတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလမ်းတွေက ကျဉ်းတယ်နည်းနည်း။ ကားနှစ်စီးရှောင်လို့ သိပ်မကောင်းဘူး။ ဆိုးတာက ဒုဋ္ဌဝတီမြစ်ကြောင့်မို့လို့ ခုနပြောတဲ့ အမရပူရမြို့နယ်တွင်းက ဆိုးတယ်။ တောင်သမံကန်ပတ်လမ်းနှစ်ခု ရေကျော်နေပြီလေ။ အဲ့ဒီနားပတ်ဝန်းကျင်ရှိတဲ့ မဟာဂန္ဓာရုံကျောင်းတိုက်အနီးတွေ၊ တရုတ်တန်းကြီးရပ်ကွက်တို့၊ တရုတ်တန်းလေးတို့၊ ပြီးလို့ရှိရင် မြစ်ငယ်ဟိုဘက်က ရွာပတ်ဝန်းကျင် တော်တော်များများက အိမ်ခြေပေါင်း ထောင်ချီပြီးတော့ကို ရေမြုပ်နေကြတာ အခုက ကျနော်တို့စာရင်းထဲမှာဆိုရင် ရွာပေါင်း ၃ဝ လောက်ရှိတယ် ခန့်မှန်းခြေ။ အိမ်ခြေပေါင်းက ထောင်နဲ့ချီတယ်။ ကျနော်တို့ လောလောဆယ် ရေမြုပ်တဲ့ဘက်တွေ လက်လှမ်းမီသလောက်ရောက်တာပေါ့နော်။ ပြီးတော့ ရဲတပ်ဖွဲ့ကနေမှ သူတို့ကောက်ယူထားတဲ့စာရင်းတွေအရဆိုရင် အိမ်ခြေထောင်ချီပြီးတော့ကိုရှိတယ်။ ဒုဋ္ဌဝတီကြောင့် ရေလျှံတာက ပိုဆိုးတယ်။”

ဒါ့အပြင် တချို့တဲအိမ်တွေဟာ အိမ်ခေါင်မိုးအထိ ရေမြုပ်ကုန်တဲ့အတွက် လမ်းဘေးမှာဖြစ်သလို နေနေကြရသူတွေ ရှိသလို တော်တော်များများကတော့ နီးစပ်ရာ ဘုရားကျောင်းကန်တွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခိုလှုံနေကြရတာတွေ လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ဒီရေဘေးဒုက္ခသည်တွေအတွက် တချို့လူမှုကူညီပေးရေး အသင်းတွေ က တနိုင်တပိုင် ရေသန့်ဗူးတွေ၊ အစားအသောက်တွေ ကူညီပေးနေတာရှိပေမဲ့ ထိရောက်တဲ့ အကူအညီတွေတော့ မရသေးသလို ရေကြီးတဲ့ တချို့ဒေသတွေက စာသင်ကျောင်းတွေလည်း ပိတ်ထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကိုဆန်းယုကျော်က ဆက်ပြောပြပါတယ်။

“  အခုလောလောဆယ်ကတော့ သူတို့ဟာသူတို့ နီးစပ်ရာဆွေမျိုးတွေအိမ်နဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့မှာ နေနေကြတာများတယ်။ အဲ့ဒီလိုမျိုး သီးသန့်ဖွင့်ပေးတာမျိုးတော့ မရှိသေးဘူး။ ဒီနေ့တော့ သူတို့ လူကြီးတွေ သွားကြည့်ကြတယ်လို့ပြောတယ်။ အဓိက လူမှုကူညီရေးအသင်းတွေက ကူညီပြီးတော့ အစားအသောက်တွေ ဝေဖို့တို့၊ ခုနပြောတဲ့ သောက်သုံးရေတွေ ဖြန့်ပေးဖို့တို့ စီစဉ်နေတယ် ဒီနေ့တော့။ တခြားတော့ ထူးထူးထွေထွေ စခန်းဖွင့်ပေးတာမျိုးတို့ ဘာလုပ်ပေးတာ၊ ညာလုပ်ပေးတာ လောလောဆယ် အခြေအနေမှာတော့ မရှိသေးဘူး။ လောလောဆယ် နေစရာ၊ စားစရာတောင် သူတို့ မကူညီနိုင်တာ၊ ကျန်းမာရေးကိစ္စကတော့ ပိုတောင်မှ ဆိုးသေးတယ်။ ဘာမှကို မလုပ်ပေးသေးတာ လောလောဆယ်။

အဲ့ဒီ တချို့ဒေသတွေကတော့ သူတို့ပြောပုံအရဆိုရင် အခါတိုင်းတွေလည်း ၀င်နေကြပေါ့နော်။ စောင့်ကြည့်တဲ့အဆင့်ပဲလားတော့ မသိဘူး။ ကျန်းမာရေးကိစ္စကတော့ ဘာမှကို မလုပ်ပေးသေးဘူး။ တချို့ကျောင်းတွေဆိုရင် စာသင်ဖို့ ပိတ်ထားတယ်။ ရတနာပုံတက္ကသိုလ်ဆိုရင် မနက်ဖြန် စာမေးပွဲဖြေရမယ်။ ဒါပေမဲ့ ကျောင်းထဲမှာ ခုနပြောသလို တံတားတွေဘာတွေ ထိုးပေးနေတယ်။ စာမေးပွဲဖြေဖို့တော့ မရွှေ့ဘူးလို့တော့ ပြောတယ်။ တခြား အခြေခံကျောင်းတွေကတော့ ရွာကျောင်းတွေပေါ့ဗျာ အဲ့ဒီကျောင်းတွေကတော့ လောလောဆယ် ပိတ်ထားတယ်။”

ဒါ့အပြင် ဧရာဝတီမြစ်တွင်း တရွာနဲ့တရွာကို ဆွမ်းခံကြွရတဲ့ သံဃာတော်တွေအနေနဲ့လည်း နေ့စဉ်အသုံးပြုတဲ့ တံတားတွေ ရေကြီးတာကြောင့် လှေတွေကို အသုံးပြု ဆွမ်းခံကြွနေကြရပါတယ်။ တောင်သမံဘက်မှာတော့ ဈေးဆိုင်တချို့ ပိတ်ထားရတဲ့ အနေအထားနဲ့ပတ်သက်ပြီး စားသောက်ဆိုင်ပိုင်ရှင် ကိုငြိမ်းဝင်း က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ရောင်းအားကျတာပေါ့အမရယ်။ ဒီဘက်ကတော့ အမ သုံးဆိုင်လောက်တော့ ပိတ်ထားရတယ်။ ကျန်တဲ့ဆိုင်တွေကတော့ အပေါ်တွေကြီးပဲ ဖွင့်ကြတယ်လေ။ အောက်ဆိုင်တွေက ရေ၀င်နေတာ။ ရေက လူတရပ် ကျော်ပြီဗျ။ အင်းဘေးမှာနေနေတဲ့ ဒေသခံတွေကတော့ အကုန်လုံး တက်ပြေးရတာပေါ့အမရယ်။ ရေက သူက နေ့ချင်းရော ညချင်းရော ၀င်တာဆိုတော့လေ။ အင်းနဲ့လွတ်ရာကို ပြေးကြရတာပေါ့။ သူတို့ကတော့ မိုးကာပြင်တဲလေးတွေနဲ့ ဖြစ်သလို နေကြရတာပေါ့။ ရေကလည်းတိုး၊ အပေါ်ကလည်း မိုးရွာဆိုတော့လေ သူတို့မှာ နည်းနည်းလေး အနေအထိုင်လေးတွေ ကျပ်တည်းတာပေါ့။”

အင်းဝဘက်မှာတော့ နိုင်ငံခြားသားခရီးသွားတွေကို လည်ပတ်ခွင့်မပေးတော့ဘဲ နိုင်ငံခြားသားခရီးသွားတွေကို မှီခိုနေရတဲ့ နယ်ခံဈေးသည်တွေ၊ မြင်းလှည်းတွေလို လက်လုပ်လက်စားသမားတွေလည်း ဝင်ငွေထိခိုက်တာကြောင့် ဒုက္ခရောက်ကြရတယ်လို့ အင်းဝဒေသခံတချို့က ဗွီအိုအေကို ပြောပြပါတယ်။ လောလောဆယ် ရေမဝင်နိုင်အောင် အာဏာပိုင်တွေက ကာထားပေးတဲ့ သဲအိတ်တွေပေါ်တောင် ရေကလျှံလာပြီမို့ မြစ်ရေတွေမကျဘဲ မိုးဆက်လက် ရွာနေမယ်ဆိုရင် ဒီထက် အခြေအနေပိုဆိုးနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်ရှင်။

မနန္ဒာချမ်း (ဗွီအိုအေ) 
မန္တလေးတိုင်း ရေဘေးဒုက္ခသည်များ။ (ဓာတ်ပုံ/စိတ္တသုခ ပရဟိတ လူငယ်အဖွဲ့)
မန္တလေးတိုင်း ရေဘေးဒုက္ခသည်များ။ (ဓာတ်ပုံ/စိတ္တသုခ ပရဟိတ လူငယ်အဖွဲ့)
ဧရာဝတီနဲ့ ဒုဋ္ဌဝတီ မြစ်ရေလျှံမှုကြောင့် မန္တလေးတိုင်းအတွင်းမှာ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး အိမ်ခြေ ထောင်နဲ့ချီ ရေမြုပ်ကုန်တဲ့အတွက် အတော်လေး ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပြပါတယ်။

"ဝ" နယ်မြေ သန်းခေါင်စာရင်း ကောက်ရေး ဝန်ကြီးဦးခင်ရီ ရှင်းပြ .

Photo: "ဝ" နယ်မြေ သန်းခေါင်စာရင်း ကောက်ရေး ဝန်ကြီးဦးခင်ရီ ရှင်းပြ .
Monday, September 16, 2013

လာမယ့်၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်တဲ့ ဒေသတခုဖြစ်တဲ့ "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွက် ကောက် ယူ မယ့်အစီစဉ်မှာ စစ်ရေးအမြင်တွေ ထည့်သွင်း မစဉ်းစားဖို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင် စု ဝန်ကြီး ဦးခင်ရီ က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

လာမယ့်နှစ် ဧပြီလမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ လွတ်တော်အဆောက်ဦးထဲမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA က မေးမြန်းခဲ့တာကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အခုလို ဖြေကြားခဲ့တာပါ.

ဒါ့အပြင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာ သန်းခေါင်းစာရင်းကောက် ယူနိုင်ဖို့ အတွက် နှစ်ဖက် ခေါင်းဆောင်တွေအပါ အ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်း လုပ်ကိုင်သွားမှာဖြစ်တယ်လို့ ၀န်ကြီး ဦးခင်ရီကပြောပါတယ်။

သန်းခေါင်စာရင်းကောက်ယူမယ့် နေရာမှာ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဝင်တဲ့ သူတွေကို အခြား လူမျိုးစာရင်းထဲမှာ ထည့်သွင်းကောက်ယူ သွားမှာဖြစ်တယ်လို့ လဲ ပြောပါတယ်။ ပြည်လုံးကျွတ် သန်းခေါင် စာ ရင်း ကောက်ယူမှုကို အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် အသုံးပြု ပြီး လာမယ့် ၂၀၁၄ခုနှစ် မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၀ ရက်နေထိ ၁၂ရက် ကြာပြုလုပ် သွားမယ်လို့ သိရပါတယ်။

RFA Burmese
လာမယ့်၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်တဲ့ ဒေသတခုဖြစ်တဲ့ "၀" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ကောက်ယူမယ့်အစီစဉ်မှာ စစ်ရေးအမြင်တွေ ထည့်သွင်း မစဉ်းစားဖို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

ရန်ကုန်တွင် စင်ကာပူကုမ္ပဏီ လျှပ်စစ်ထုတ်လုပ် ရောင်းချမည်

Photo: ရန်ကုန်တွင် စင်ကာပူကုမ္ပဏီ လျှပ်စစ်ထုတ်လုပ် ရောင်းချမည် 
Monday, September 16, 2013

စင်ကာပူနိုင်ငံအခြေစိုက် UPP Power ကုမ္ပဏီသည် ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရွာမ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဝင်းအတွင်းတွင် အကောင်အထည် ဖော်နေသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခွင့်ကို စက်တင်ဘာလ ၁၁ ရက်နေ့က ရရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

အဆိုပါ ဓာတ်အားပေး စက်ရုံစီမံကိန်းမှ လျှပ်စစ်ဓာတ်အား စီးပွားဖြစ် ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်ပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စင်ကာပူအခြေစိုက် UPP Holdings နှင့် UPP Greentech တို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားသော UPP Power (Myanmar) သည် ရွာမလျှပ်စစ် ဓာတ်အားပေး စက်ရုံဝင်း အတွင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

UPP Holdings ကုမ္ပဏီသည် အဆိုပါ လျှပ်စစ် ဓာတ်အားပေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ရွာမဓာတ်အားပေး စက်ရုံတွင် ၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို BOT စနစ်ဖြင့် တည်ဆောက် လုပ်ကိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီး စတင်လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။

BOT စနစ်ဖြင့် နှစ် ၃၀ ကြာ လုပ်ကိုင်ခွင့် ရရှိထားသော အဆိုပါ လျှပ်စစ် ဓာတ်အားပေး စက်ရုံသစ် စီမံကိန်းကို UPP Holdings ကုမ္ပဏီနှင့် မြန်ရွှေပြည် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။

The Voice Weekly
စင်ကာပူနိုင်ငံအခြေစိုက် UPP Power ကုမ္ပဏီသည် ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရွာမ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဝင်းအတွင်းတွင် အကောင်အထည် ဖော်နေသော သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခွင့်ကို စက်တင်ဘာလ ၁၁ ရက်နေ့က ရရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

မိုးကြီးမည့်သတိပေးချက်

ယနေ့ မွန်းလွဲ(၁၂)နာရီခွဲအချိန် မိုးလေ၀သတိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား

တောင်ကိုရီးယား အမျိုးသမီးတစ်ဦး ရေဘဝဲအရှင်စားသုံးပြီး သေဆုံးမှုသည် မတော်တဆမှုဖြစ်ဟု တရားရုံး အတည်ပြု

Photo: တောင်ကိုရီးယား အမျိုးသမီးတစ်ဦး ရေဘဝဲအရှင်စား သုံးပြီး သေဆုံး မှုသည် မတော်တဆမှုဖြစ်ဟု တရားရုံး အတည်ပြု
Sunday, September 15, 2013

တောင်ကိုရီးယား နိုင်ငံတွင် ၂ဝ၁ဝ ပြည့်နှစ် ဧပြီလ အတွင်းက ဖြစ်ပွားခဲ့သော ရေဘဝဲသားစားသုံး၍ သေဆုံးခဲ့ရ သည့် အမျိုးသမီးတစ်ဦး၏ အမှုနှင့် ပတ်သက်၍ မတော်တဆဖြစ်မှု သို့မဟုတ် လူသတ်မှုဖြစ်ကြောင်းကို အတိအကျ ဖော်ထုတ်နိုင်ရန် တာဝန်ရှိသူများက သုံးနှစ်ကြာစုံစမ်းမှုများ ပြုလုပ် ပြီးနောက်တွင် မတော်တဆမှု ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယား တရားရုံးချုပ်က အတည်ပြုပေးခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ယွန်းအမည်ရှိ သေဆုံးသူ အမျိုးသမီးနှင့် ၎င်း၏ချစ်သူ မစ္စတာကင်မ်တို့ နှစ်ဦးသည် ၂ဝ၁ဝ ပြည့်နှစ် ဧပြီတွင် ဆိုးလ်မြို့အနီးရှိ အင်ချီယွန် မြို့၏ မိုတယ်တစ်ခုသို့ သွားရောက်ခဲ့သည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးသည် ဒေသတွင်း စားသောက်ဆိုင်တစ်ဆိုင်မှ ရေဘဝဲ အရှင်နှစ်ကောင်ကို ဝယ်ယူခဲ့ပြီး စားသုံးခဲ့သည်ဟု သိရသည်။

ရေဘဝဲတစ်ကောင်ကို စားသုံးပြီး နောက်တွင် ယွန်းသည် မေ့လဲသွားခဲ့ပြီး အသက်ရှူရပ်သွားကာ ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ရပြီး ဆေးရုံ၌ ၁ဝ ရက် ကြာကုသမှုခံယူခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အစောပိုင်းတွင် ၎င်းဖြစ်စဉ်ကို မတော်တဆမှု တစ်ခုအဖြစ် ရဲတပ်ဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့ပြီး အမှုကိုလည်း ရုပ်သိမ်းခဲ့သည်ဟု သိရသည်။ သို့ရာတွင် ငါးလကြာမြင့်ပြီးနောက်တွင် ယွန်း၏ ဖခင်ဖြစ်သူက သမီးဖြစ်သူမှာ မသေခင်အချိန်က အသက်အာမခံကြေး ထားရှိခဲ့ခြင်းကြောင့် သူမ၏ချစ်သူ မစ္စတာကင်မ်က သတ်ခဲ့ခြင်းဖြစ်သည် ဟု တရားပြန်လည် စွဲဆိုခဲ့သည်ဟု သိရသည်။

ယွန်း၏ဖခင်ဖြစ်သူ တရားစွဲဆိုမှုကြောင့် ၎င်းအမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မစ္စတာကင်မ်ကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာတွင် တစ်သက် တစ်ကျွန်း ထောင်ဒဏ်ချမှတ် ခဲ့သည်ဟု သိရသည်။

မစ္စတာကင်မ်က အယူခံဝင်ခဲ့ရာမှ ၎င်းအမှုသည် ယခုနှစ်ဧပြီတွင် တရားရုံးချုပ်သို့ ရောက်ရှိသွားခဲ့ပြီး စစ်ဆေးမှု အဆင့်ဆင့် ထပ်မံပြုလုပ်ခဲ့ပြီး နောက်တွင် ယွန်း၏သေဆုံးမှုမှာ မတော်တဆမှု တစ်ခုဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် အတည်ပြုခဲ့ပြီး မစ္စတာကင်မ်အား တစ်သက်တစ်ကျွန်းထောင်ဒဏ်မှ တရားသေ လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Myawady
တောင်ကိုရီးယား နိုင်ငံတွင် ၂ဝ၁ဝ ပြည့်နှစ် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော ရေဘဝဲသား စားသုံး၍ သေ

ဧက ၅၀၀၀ ကျော် ပုစွန်မွေးမြူရေးဇုန် အပါအ၀င် အအေးခန်းစက်ရုံနှင့် ပုစွန်သားဖောက် စခန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးတွဲလုပ်ကိုင်မည်

ဧက ၅၀၀၀ ကျော်ရှိသည့် ပုစွန်မွေးမြူရေးဇုန် အပါအ၀င် အအေးခန်းစက်ရုံနှင့် ပုစွန်သားဖောက် စခန်း များကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်မည်ဖြစ်ကြောင်း မွေးမြူရေး ၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနမှ သတင်းရရှိသည်။

ငြိမ်းချမ်းရေး မရသေးသမျှ ဒီမိုကရေစီမရနိုင်လို့ပြော

လက်နက်ကိုင်ပဋိပက္ခတွေရှိနေပြီး ပြည်တွင်းငြိမ်းချမ်းရေး မရသေးသမျှ ဒီမိုကရေစီမရနိုင်တဲ့အတွက် အခုချိန် ဟာ ဒီမိုကရေစီလမ်းစဉ်ကို ပြတ်ပြတ် သားသားရွေးချယ်ရမဲ့ အချိန်ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်.

ယင်းချောင်းရေကြီးမှုကြောင့် မကွေး-နေပြည်တော် ကားလမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း ရေတိုက်စားခံခဲ့ရ

X-16-9
မြို့သစ်မြို့နယ် ယင်းချောင်းတံတား ချဉ်းကပ်လမ်း ပြိုကျမှုအား စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ်
စက်တင်ဘာ ၁၁ ရက်မှ ၁၄ ရက်ညထိ မိုးသည်းထန်စွာ ရွာသွန်း ခဲ့သောကြောင့် မကွေးတိုင်း မြို့သစ်မြို့ နယ်အတွင်း ယင်းချောင်းရေကြီး ကာ လယ်ဧက ၅၀ ကျော်နှင့် မကွေး-နေပြည်တော် ကားလမ်းပေါ် ရှိ တံတားချဉ်းကပ်လမ်းတစ်ခု စက်တင်ဘာ ၁၅ ရက် နံနက် ၄ နာရီကျော် ခန့်က ရေတိုက်စားခံ ရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ တံတားအား ၂၀၁၁ ခုနှစ် မတ် ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအကြိမ်မှာ ဒုတိယမြောက် ချဉ်းကပ်လမ်း ပြိုခြင်းဖြစ်သည်။ ယင်းချောင်း ရေတိုက်စားမှုကြောင့် ချောင်းဘေးတစ်လျှောက် ရှိ မြေပဲ စိုက်ခင်း အချို့နှင့် သစ်ပင်ကြီးများပါ မျောပါခဲ့ပြီး နတ်မောက်မြို့ အ၀င်ရှိ ယင်းချောင်းတံတား ရေကာတိုင် အချို့လည်း ပျက်စီးခဲ့သည်။

"ချောင်းထဲမှာ တံတားဆောက်ပြီး ကတည်းက ရေကြောင်းပြောင်းလာပြီး ကျွန်တော်တို့ရွာနဲ့ စိုက်ခင်းတွေ ဘက် ရေဦးလှည့်လာတာပါ" ဟု တပ်ကုန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ တံတားချဉ်းကပ်လမ်း ပျက်စီးမှုကြောင့် မြို့သစ်-မကွေး လိုင်းကားများ ရပ်နားထားရပြီး မကွေး -နေပြည်တော် ကားလမ်းမှ ဖြတ်သန်းလေ့ ရှိသည့် မကွေး-နေပြည်တော် လိုင်းကားများနှင့် မကွေး-ရန်ကုန် လိုင်းကားများမှာ အခြားကားလမ်းများမှ ပြောင်းလဲပြေးဆွဲနေရသည်။

"အခုညနေဆိုရင် ကားလေးတွေ ဖြတ်သန်းနိုင်မှာပါ နောက်နေ့မှာ ကားကြီးတွေလည်း သွားလာနိုင်ပါမယ်။ တံတားကို ဘေလီတံတား ထပ်ချဲ့သွားပြီး ချောင်းကိုရေကြောင်း ပြောင်းမယ်။ ရေကာတွေလည်း ထပ်ဆောက်ဖို့ စီစဉ်ထားတယ်" ဟု မြို့သစ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ ပြောသည်။

တံတားချဉ်းကပ်လမ်း ပြိုကျမှုအား အလျင်အမြန် ပြုပြင်လျက်ရှိပြီး တံတားအား ချောင်းဧရိယာ ကုန်သည် အထိ ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်သင့်သည်ဟု ဒေသခံများမှ ဝေဖန်မှုများရှိနေကြောင်း သိရသည်။  

Eleven Media Group

ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာတွင် မိုးကြိုးပစ်မှုကြောင့် ကျောင်းသူ သုံးဦး သေဆုံး ပြီး ၂၀ ကျော် ဆေးရုံတက်ခဲ့ရ

Y-16-9
မိုးကြိုးပစ်ခံရပြီးနောက် စာသင်ခန်း တစ်ခန်းကို တွေ့ရစဉ်
ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာ စာသင်ကျောင်းမကြီးအား စက်တင်ဘာ ၁၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်က မိုးကြိုးပစ်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးခန့် နောင် ပိုအောင်ကျေး ရွာ ဆေးရုံ၌ ဆေးကုသခဲ့ရသည်ဟု သိရသည်။

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင် စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက် ယူ သွားမည်

W-16-9
ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ ပြောကြားနေစဉ်

တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန်မပါဝင်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။

ခေါင်းဆောင်များအနေဖြင့် မျှော်လင့်ချက် ကြီးမားနေသည့် ပြည်သူများ၏ စိုးရိမ်သောကများကို ပြတ်ပြတ်သားသား ဖြေရှင်းရန် လိုအပ်ကြောင်း ဦးခင်အောင်မြင့် ပြောကြား

ခေါင်းဆောင်တာဝန်ယူထားသူများအနေဖြင့် မျှော်လင့်ချက် ကြီးမားနေသည့် ပြည်သူများ၏ စိုးရိမ်သော က ဖြစ်မှုများကို ပြတ်ပြတ်သား သား ဖြေ ရှင်းပေးရန် လိုအပ်ကြောင်း စက်တင်ဘာ ၁၅ ရက်က ကျင်း ပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

နေအိမ်အကျယ်ချုပ် ကျစဉ်ကတည်းက နှစ်စဉ်ဖိတ်ကြား ခံခဲ့ရသည့် Forum 2000 ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် အဖြစ် တက်ရောက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၎င်းအားနေအိမ်အကျယ်ချုပ် ချထားစဉ် ကတည်းက နှစ်စဉ်ဖိတ်ကြား ခဲ့သော်လည်း တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့သော Forum 2000 ဆွေးနွေးပွဲအား ယခုနှစ် (၁၇) ကြိမ်မြောက်တွင် ပထမဆုံး အကြိမ်အဖြစ် တက်ရောက်ခဲ့သည်။

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပ

Photo: ၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပ
Monday, September 16, 2013

၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအား စက်တင် ဘာ ၁၅ ရက်တွင် လွှတ်တော်ဝန်းအတွင်းရှိ သဘင်ဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီနေ့ကို ကျင်းပခဲ့တာ သုံးကြိမ်ရှိပါပြီ။ ဒီမိုကရေစီ ဆိုတာကတော့ အများဆန္ဒနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အများဆန္ဒ ဆိုပေမယ့် လူနည်းစုရဲ့ ဆန္ဒကိုလည်း ပစ်ပယ်ထားလို့ မရပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒ၊ လိုအပ်ချက်နဲ့၊ အသံတွေ၊ ထင်မြင်သုံးသပ်ချက်တွေကို မှန်ကန်တဲ့အသံ၊ ထင်မြင်ချက်တွေဖြစ်ဖို့ လိုပါတယ်။ အဲဒီအသံတွေကို လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေ သိရှိအောင် မြှင့်တင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အစဉ်တည်တံ့စေရန်အတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အပိုင်းတွေက အပြန်အလှန် ထိန်းကျောင်းမှုတွေနဲ့ ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသံကို အစဉ်နားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင် ဖို့ ဆောင်ရွက်ရန် လိုအပ်ပါတယ်" ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

၂၀၁၃ ခုနှစ် ဒီမိုကရေစီနေ့ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပါလီမန်များသမဂ္ဂ ဥက္ကဋ္ဌမှလည်း သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှလည်း သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသားလူငယ်များ၏ စာတမ်း၊ ပြည်သူလူထု ကိုယ်စားပြု စာတမ်းအပါအ၀င် စာတမ်း ၁၉ စောင် ဖတ်ကြားခဲ့သည်။

Eleven Media Group

၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို တွေ့ရစဉ်
၂၀၁၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအား စက်တင်ဘာ ၁၅ ရက်တွင် လွှတ်တော် ၀န်း အတွင်းရှိ သဘင်ဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီနေ့ကို ကျင်းပခဲ့တာ သုံးကြိမ်ရှိပါပြီ။ ဒီမိုကရေစီ ဆိုတာကတော့ အများဆန္ဒနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အများဆန္ဒ ဆိုပေမယ့် လူနည်းစုရဲ့ ဆန္ဒကိုလည်း ပစ်ပယ် ထားလို့ မရပါဘူး။ ပြည်သူတွေရဲ့ ဆန္ဒ၊ လိုအပ်ချက်နဲ့၊ အသံတွေ၊ ထင်မြင်သုံးသပ်ချက်တွေကို မှန်ကန်တဲ့အသံ၊ ထင်မြင်ချက်တွေဖြစ်ဖို့ လိုပါတယ်။ အဲဒီအသံတွေကို လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေ သိရှိအောင် မြှင့်တင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အစဉ်တည်တံ့စေရန်အတွက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အပိုင်းတွေက အပြန်အလှန် ထိန်းကျောင်းမှုတွေနဲ့ ရှေ့ ဆက်သွားရမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသံကို အစဉ်နားထောင်ပြီး လိုအပ်ချက်တွေ ဖြည့် ဆည်းပေးနိုင် ဖို့ ဆောင်ရွက်ရန် လိုအပ်ပါတယ်" ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားသည်။

၂၀၁၃ ခုနှစ် ဒီမိုကရေစီနေ့ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပါလီမန်များသမဂ္ဂ ဥက္ကဋ္ဌမှလည်း သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှလည်း သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

အခမ်းအနားတွင် ကျောင်းသားလူငယ်များ၏ စာတမ်း၊ ပြည်သူလူထု ကိုယ်စားပြု စာတမ်းအပါအ၀င် စာတမ်း ၁၉ စောင် ဖတ်ကြားခဲ့သည်။

Eleven Media Group