Wednesday, April 22, 2015

ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် ပီအာရ်စနစ်ကျင့်သုံးရန် မဖြစ်နိုင်တော့


အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (ပီအာရ်)ကျင့်သုံးခြင်းကို ဧပြီလအတွင်း လွှတ်တော်က အပြီးသတ်ဆုံးဖြတ်ရမည်ဖြစ်သော်လည်း လွှတ်တော်များ ခေတ္တနား ထားသောကြောင့် မဆုံးဖြတ်နိုင်၍ လာမည့်ရွေးကောက်ပွဲ၌ ယင်းစနစ်ကျင့်သုံးနိုင်တော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။
အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲအတွက် ပီအာရ်စနစ် ကျင့်သုံး၊မသုံးကို ဧပြီလအတွင်း အပြီးသတ်မဆုံးဖြတ်ပေးပါက လာမည့် ရွေးကောက်ပွဲတွင် အဆိုပါစနစ်ကျင့်သုံးရန် ကော်မရှင်က ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်သို့ အကြောင်းကြားထားကြောင်း သတင်း ရရှိသည်။

စိတ်ကြွဆေးမှောင်ခိုရောင်းဝယ်မှု အရှေ့တောင်အာရှမှာတိုး



အင်တာနက်ကတဆင့် ရောင်းဝယ်ရေးလုပ်ငန်းတွေ လွယ်ကူလာတာနဲ့ ဝယ်ယူသုံးစွဲသူတွေ များပြားလာ တာတွေကြောင့် အရှေ့တောင် အာရှတိုက် အတွင်း စိတ်ကြွဆေး တရားမဝင် မှောင်ခိုကူးမှုတွေ များပြားလာနေတဲ့ အကြောင်း ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ တရားမဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံက ပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးဝါးချက်တဲ့နေရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေအပေါ် တင်းကျပ်စွာ ချုပ်ကိုင်ရေး တောင်းဆိုနေကြတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Ron Corben က ဘန်ကောက်မြို့ကနေ သတင်း ပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးထားပါတယ်။

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားများ ရန်ကုန်မြို့၌ပြုလုပ်ရာ တက်ရောက်သူများပြား

ဧပြီ ၂၁ ရက်က ရန်ကုန်မြို့၌ပြုလုပ်သည့် သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီဦးဝင်တင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှတ်တရစကားပြောကြားနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားများကို ဧပြီ ၂၁ ရက်က ရန်ကုန်မြို့၌ပြုလုပ်ရာ တက်ရောက်သူ များပြားခဲ့သည်။

လောက်ကိုင်ဒေသတိုက်ပွဲများကြောင့် လားရှိုးမြို့တွင် လာရောက်တိမ်းရှောင်နေသည့် ဒေသခံများ လောက်ကိုင်မြို့သို့ ပြန်လည်ထွက်ခွာ

(ပုံစာ-လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် လာရောက်ခိုလှုံနေသော လောက်ကိုင်ဒေသခံများ လောက်ကိုင်မြို့၌ ပြန်လည်အခြေချနေထိုင်ရန် ဧပြီ ၂၁ ရက်က ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ်)
လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် လာရောက် ခိုလှုံနေသော လောက်ကိုင်ဒေသခံများ လောက်ကိုင်မြို့၌ ပြန်လည်အခြေချနေထိုင်ရန် ဧပြီ ၂၁ ရက်က ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း သိရသည်။

သင်္ကြန်ရုံးပိတ်ရက်အတွင်း နိုင်ငံခြားငွေလဲနှုန်း ပြင်ပဈေး မြင့်တက်ပြီး ဧပြီ ၂၁ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၀၈၀ ဖြစ်လာ

မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ရုံးပိတ်ရက်အတွင်း ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လျက်ရှိပြီး ဧပြီ ၂၁ ရက်တွင် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ကျပ် ၁၀၇၅၊ ရောင်းဈေး ၁၀၈၀ ကျပ်အထိ ဖြစ်ပေါ်ခဲ့ကြောင်း ပြင်ပငွေကြေးဈေးကွက်မှ သတင်းရရှိသည်။
သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် မတိုင်မီ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းသည် ဧပြီ ၁၀ ရက် က တစ်ဒေါ်လာလျှင် ၁၀၇၀ ကျပ်ဖြစ်ပြီး သိမ်ဖြူကောင်တာ ငွေလဲနှုန်းမှာ ၀ယ်ဈေး ၁၀၇၃ ကျပ်၊ ရောင်းဈေး ၁၀၇၈ ကျပ် ဖြစ်သည်။ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၁၀၇၅ ကျပ် ရောင်းဈေး ၁၀၇၉ ကျပ်ဖြစ်သည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပြည်တွင်းသုံးအတွက် ကုဗမီတာ သန်း ၂၀၀၀ ခွဲတမ်းရရှိထားသော်လည်း ပြည်တွင်းအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ၀ယ်ယူအသုံးပြုမှုရှိ

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် နတ်ရေကန်တောင်ကြောပေါ်မှ မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ထပ်တွန်းစက်ရုံတစ်ခုကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်သူငြိမ်း)
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပြည်တွင်းသုံးအတွက် ကုဗမီတာ သန်း ၂၀၀၀ ခွဲတမ်း ရရှိထားသော်လည်း ပြည်တွင်းအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ၀ယ်ယူအသုံးပြုမှုရှိကြောင်း မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို တာဝန်ယူ လည်ပတ်ဆောင်ရွက်နေသည့် SEAGP မှ သိရသည်။
“ပြည်တွင်းသုံးအတွက် ခွဲတမ်းစခန်းလေးခုကနေ ကုဗမီတာ သန်း ၂၀၀ စတင် ဖြန့်ဖြူးနေပါပြီ။ ပြည်တွင်းက ထပ်ပြီးဝယ်ရင် ထပ်ပြီးဖြန့်ဖြူးပေးသွားမှာပါ” ဟု SEAGP မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အင်းလေးကန်တွင် ရေခန်းခြောက်မှုကြောင့် အင်းလေးဖောင်တော်ဦးဘုရားအနီးတစ်ဝိုက် စက်လှေများ သွားလာ၍မရလောက်အောင်ကြုံတွေ့နေ

 အင်းလေးဖောင်တော်ဦးဘုရားဝန်းကျင်၌ ရေခန်းခြောက်နေသည်ကို ဧပြီ ၂၁ ရက်က တွေ့ရစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်တွင် ဧပြီလအတွင်း ရေခန်းခြောက်မှုပြဿနာနှင့် ကြုံတွေ့နေရသောကြောင့် ကန်အတွင်း သောက်သုံးရေးရှားပါးခြင်း၊ သွားလာမှုခက်ခဲခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးဘုရားအနီးနားတစ်ဝိုက်တွင် စက်လှေများသွားလာ၍မရတော့လောက်အောင် ရေခြောက်ခန်း မှုနှင့်ကြုံတွေ့နေရပြီး ယခင်က ထိုနေရာတွင် တိုင်လုံးများအထိ ရေနစ်မြုပ်လျက်ရှိကြောင်း စက်လှေသမား များကဆိုသည်။

သာယာဝတီမြို့နယ်တွင် အမျိုးသားနှစ်ဦး အချင်းများပြီး လူသတ်မှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ဂုံမင်းမြှောင်ကျေးရွာနှင့် ကံကလေးကျေးရွာတွင် ဧပြီ၂၁ ရက်က လူသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ဆင်စခန်းကျေး ရွာနေ စိန်ဝင်းပုဆိုသူဖြစ်ပြီး ၎င်း၏ အလောင်းကို တာလမ်းတူးမြောင်းအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လူသတ်မှုမဖြစ်ပွားမီ နံနက်က သာယာဝတီမြို့ ဆင်စခန်းကျေးရွာနေ သေဆုံးသူ စိန်ဝင်းပု၏ ဆိုင်ကယ်ကယ်ရီကို ရန်မင်းအောင် (ခ) ရွှေအလေးက ငှားစီးရာမှ ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး ၎င်းတို့ နှစ်ဦးအချင်းများခဲ့ကြောင်း ကြို့ကုန်းကျေးရွာမှ မျက်မြင်အချို့က ပြောသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်က အကြိုဆွေးနွေးရန် ရွေ့ဆိုင်း



လာမယ့်နှစ်မှာလုပ်မယ့် ရွှေမြွေဟောက်စစ်ရေးလေ့ကျင်မှု (Cobra Gold)အတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ပစ္စဖိတ်ဒေသ ဆိုင်ရာ အမေရိကန်စစ်ဌာနချုပ်(USPACOM)က ရွေ့ဆိုင်းထားကြောင်းထိုင်းစစ်ဘက် သတင်းရပ်ကွက်ကို ကိုးကားပြီး ဘန်ကောက်ပိုစ် သတင်းတွင် ဖော်ပြထားပါတယ်။

Tuesday, April 21, 2015

ပန်ဆန်း တိုင်းရင်းသားညီလာခံ အပစ်ရပ်မူကြမ်းကို သုံးသပ်ဆွေးနွေးမည်

UWSA ၏ ဌာနချုပ်ရှိရာ မြန်မာ တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းမြို့

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် မကြာမီ ကျင်းပ တိုင်းရင်းသားညီလာခံတွင် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပဏာမမူကြမ်းကို သုံးသပ်ဆွေးနွေးကြမည်ဖြစ်ပြီး အစိုးရတပ်နှင့် တိုက်ပွဲ ဆက်လက်ဖြစ်နေသော အဖွဲ့များလည်း ပါဝင်တက်ရောက်ရန် ရှိနေသည်။

တပ်မတော်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေး တိမ်းရှောင် နေသော ရခိုင်သောင်းကျန်းသူ ၅ ဦးအား ဖမ်းဆီးရမိ


ပလက်ဝဒေသအတွင်း ပင်လုံကျေးရွာ၊ အောင်လံချောင်းကျေးရွာများ အနီး၌ ဧပြီ ၁၇ ရက်တွင် တပ်မတော် စစ်ကြောင်းများနှင့် ရခိုင်သောင်း ကျန်းသူအင်အားအချို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားပြီး သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဟိုသီတို့ထံ အီရန်၏ လက်နက်တင်ပို့မှုများကို တားဆီးရန် အမေရိကန် လေယာဉ်တင်သင်္ဘော ယီမင်သို့ ခုတ်မောင်း


ဟိုသီသူပုန်များကို အီရန်က ရေလမ်းမှတစ်ဆင့် လက်နက်များ ထောက်ပံ့ တင်ပို့လာနိုင်သည့် အခြေအနေကို တားဆီးရန် အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Theodore Roosevelt သည် ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်သို့ ဦးတည် ခုတ်မောင်းသွားကြောင်း သတင်းရရှိသည်။
ယီမင်အစိုးရကို ဖြုတ်ချရန် ကြိုးစားနေသည့် ဟိုသီ သူပုန်များကို ဆော်ဒီအာရေးဗီးယား ဦးဆောင်သည့် ဆွန်နီ အစ္စလာမ်မစ် အာရပ် မဟာမိတ် နိုင်ငံများက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။ ရှီးဟိုက် လက်နက်ကိုင်များဖြစ်သည့် ဟိုသီတို့ကို ရှီးဟိုက် အစ္စလာမ်မစ် နိုင်ငံတစ်ခုဖြစ်သည့် အီရန်က နောက်ကွယ်မှ ထောက်ပံ့ ကူညီနေသည်။

ရခိုင်ပြည်နယ်တွင် အခြေခံအဆောက်အအုံများဖွံ့ဖြိုးရေး တရုတ်ကူညီရန် ရခိုင်အမျိုးသားပါတီ တောင်းဆိုဆွေးနွေး


မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ စတင်ရာ ကျောက်ဖြူဒေသဖွံ့ဖြိုး ရန်၊ ရခိုင်ပြည်နယ်တွင်လိုအပ်နေ သည့် အခြေခံအဆောက်အအုံ များကို တရုတ်အစိုးရက ကူညီ ဖြည့်ဆည်းပေးရန် ရခိုင်အမျိုးသားပါတီ (ANP)က တရုတ် နိုင်ငံ၊ ဘေဂျင်းမြို့တွင် တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ANP ဒုတိယခေါင်း ဆောင်က ပြောသည်။
နှစ်ပေါင်း ၆၀ ကျော် တရုတ် နိုင်ငံကို စိုးမိုးအုပ်ချုပ်နေသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ရခိုင် အမျိုးသားပါတီအကြား ယခုတွေ့ဆုံမှုသည် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းပိုက်လိုင်း များ၊ မဒေးကျွန်းရေနံတင်ဆိပ်ကမ်း တို့ဖွင့်လှစ်ပြီး နှစ်လခွဲအကြာတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေး ခြိမ်းခြောက်မှုကြောင့် ဒုက္ခသည်တွေကို မလေးရှား ထပ်လက်မခံလို


မလေးရှားနိုင်ငံမှာ ပြည်ပက ခိုလှုံသူတွေ အထူးသဖြင့် မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ လုံခြုံရေးအရ ခြိမ်းခြောက်မှု ဖြစ်နေလို့ ဆက်လက် လက်ခံထားဖို့ မဖြစ်နိုင်တော့ဘူးလို့ မလေးရှား ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒါတု ဆရီ ရှာဟီဒန် ကပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒီလူတွေကို တာဝန်ယူပြီး တတိယ နိုင်ငံတွေကို ပို့ဆောင်တာကို အရှိန်မြှင့်ပေးပါလို့ ဝန်ကြီး ဒါတု ဆရီ ရှာဟီဒန်က ဆန်းဒေလီ သတင်းစာကို ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ဒီဒုက္ခသည်တွေကို စာသင်ကြားခွင့်နဲ့ တခြား လူမှု ကူညီရေး အထောက်အပံ့တွေကို ချပေးမယ်ဆိုရင် တတိုင်းပြည်လုံး ဒီဒုက္ခသည်တွေနဲ့ ပြည့်သွားလိမ့်မယ်လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။
မလေးရှား အတိုက်အခံ လွှတ်တော်အမတ် Teresa Kok Suh Sim ကတော့ မလေးရှား အစိုးရအနေနဲ့ ဒီရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံလာတာ အတော်ကြာခဲ့ပြီ ဖြစ်ပြီး တချို့ဆို မလေးရှားမှာ ဆယ်စုနှစ်တွေနဲ့ ချီနေခဲ့ကြတာ ဖြစ်တယ်လို့ ပြောပါတယ်။

အာရှ-အာဖရိက ထိပ်သီးညီလာခံ သမ္မတ ဦးသိန်းစိန် တက်ရောက်



အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ နှစ် ၆၀ ပြည့် အာရှ-အာဖရိက ထိပ်သီးညီလာခံ တက်ရောက်ဖို့ သမ္မတဦးသိန်းစိန် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ မနက် ၁၀ နာရီလောက်က နေပြည်တော်ကနေ လေကြောင်းနဲ့ ထွက်ခွာသွားပါတယ်။
မြန်မာသမ္မတနဲ့ အတူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ မကြာသေးခင်ကမှ အသစ်ခန့်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေနဲ့ အစိုးရအဆင့်မြင့် တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရုံးက စုံစမ်းသိရပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုး ဖြစ်ပွားနှုန်း စစ်တမ်းကောက်မည်


မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် အသည်းရောဂါ စီမံကိန်း အကောင်အထည်ဖော်ရန် အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုး ဖြစ်ပွားသူစာရင်းကို လာမည့်မေလမှ ဇူလိုင်လအထိ စစ်တမ်းကောက်ယူမည် ဖြစ်ကြောင်း အသည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ပြုံးကြည်က ပြောကြားသည်။
အဆိုပါစစ်တမ်းကို ဆေးသုတေသနဦးစီးဌာနနှင့် အသည်းဖောင်ဒေးရှင်းတို့က ပူးတွဲကောက်ယူရန် စီစဉ်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ရောဂါဖြစ်ပွားသူဦးရေ စာရင်းရရှိလာပါက အသည်းရောင်အသားဝါ ဆေးဝါးများ ဈေးကွက်တွင် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း၊ အမျိုးသားအဆင့် အသည်းရောဂါ စီမံကိန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီမံချက် ရေးဆွဲရန်လည်း ရှိကြောင်း ဒေါက်တာဒေါ်ခင်ပြုံးကြည်က ဆိုသည်။

ရုပ်ရှင်ရိုက်ကူးရန် ငွေစက္ကူအတုများ ယူဆောင်လာသော အိန္ဒိယနိုင်ငံသားနှစ်ဦး သက်သေခိုင်လုံသဖြင့် ပြန်လည်လွတ်မြောက်


ရုပ်ရှင်ရိုက်ကူးရန် ငွေစက္ကူအတုများကို မြန်မာနိုင်ငံသို့ ယူဆောင်လာသော Fox ကုမ္ပဏီမှ အိန္ဒိယနွယ်ဖွား ရိုက်ကူးရေး ဝန်ထမ်းနှစ်ဦးကို ဗဟိုဘဏ် အက်ဥပဒေဖြင့် အမှုဖွင့်ထားရာမှ အမေရိကန်အခြေစိုက် Fox ကုမ္ပဏီဘက်မှ ခိုင်လုံသည့် သက်သေအထောက်အထားများ တင်ပြနိုင်ခဲ့သောကြောင့် မြောက်ပိုင်းခရိုင်တရားရုံးက ဖမ်းဆီးထားသူနှစ်ဦးကို ပြန်လည်လွတ်မြောက်ခွင့် ပြုခဲ့ကြောင်း ယင်းခရိုင်တရားရုံးထံမှ စုံစမ်းသိရှိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး မေလ ၁၁ ရက် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် မေလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်းတစ်ရပ် တင်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများ ပြန်လည်ကျင်းပပါက ဦးဆုံးဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။

သြဇာရှိ နိုင်ငံကူးလက်မှတ်စာရင်းတွင် မြန်မာ အောက်ဆုံးအဆင့်၌ ရှိနေ


 စီးပွားရေးဆိုင်ရာ နိုင်ငံ တကာအကြံပေးအဖွဲ့အစည်း တစ်ခုကထုတ်ပြန်သည့် ဗီဇာမလို ဘဲ ကမ္ဘာ့နိုင်ငံများသို့ သွားလာ လည်ပတ်နိုင်သော ဩဇာရှိသည့်နိုင်ငံကူးလက်မှတ် စာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၈၀ ဖြင့် အောက်ဆုံး၌ ရပ်တည်နေကြောင်း သတင်းရရှိသည်။
စီးပွားရေးဆိုင်ရာအကြံပေး အဖွဲ့ဖြစ်သော Arton Capital သည် Passport Index အမည်ရှိ ဝက်ဘ်ဆိုက်ဖန်တီးကာ ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး နိုင်ငံကြီးအချို့မှာ ဗီဇာမလိုဘဲ ကမ္ဘာ့နိုင်ငံအနှံ့သွား လာနိုင်သော်လည်း အချို့မှာ ဆိုက်ရောက်ဗီဇာယူရန် လိုအပ်နေသေးခြင်း စသည်ဖြင့် ပြည်ဝင်ခွင့်အတွက် ကွဲပြားမှုအမျိုးမျိုးရှိနေသည်။

မြန်မာ့သဘာဝဓာတ်ငွေ့ တရုတ်လျှော့ဝယ်ယူ


တရုတ်နိုင်ငံက သဘာဝ ဓာတ်ငွေ့ဝယ်ယူမှုလျှော့ချခြင်း ကြောင့် ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ဓာတ်ငွေ့ကုဗပေ သန်း ၁၀၀ ခန့် လျှော့ချထုတ်လုပ် နေရကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံက ဓာတ်ငွေ့ သုံးစွဲမှုလျှော့ချခြင်းနှင့် ပြည်တွင်း၌ ဓာတ်ငွေ့ပိုလျှံနေခြင်းကြောင့် ဒေ၀ူးကုမ္ပဏီမှ ရွှေဂက်စ်လုပ် ကွက်တွင် ယခင် ကုဗပေသန်း ၅၀၀ ထုတ်နေရာမှ ယခုသန်း ၄၀၀ သာ လျှော့ချထုတ်လုပ်နေ ကြောင်း အကျိုးတူပူးပေါင်းလုပ် ဆောင်နေသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ညွှန် ကြားရေးမှူးဦးသန်းထွန်းက ပြော သည်။

Monday, April 20, 2015

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် အိမ်ခြေ ၁၀ လုံးခန့် မီးလောင်ကျွမ်းမှု ဖြစ်ပွား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် တွင် ဧပြီ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး အိမ်ခြေ ၁၀ လုံးခန့် လောင်ကျွမ်းခဲ့ကာ ဒဏ်ရာရသူများ ရှိခဲ့ပြီး အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးနှင့် ဒဏ်ရာရရှိသူ လူငယ်အမျိုးသား တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

လေပြင်းနှင့် မိုးကြိုးပစ်ခြင်းအန္တရာယ်သတိပြုရန် ဒေါက်တာထွန်းလွင် သတိပေး

မေလ ၁၅ ရက်မတိုင် မီအထိ မြန်မာနိုင်ငံဒေသအနှံ့ တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်းကဲ့သို့ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုရန်လိုအပ်ကြောင်း ဒေါက်တာ ထွန်းလွင်က သတိပေးသည်။
‘‘မိုးကြိုကာလကလည်း ရောက်ခါနီးနေပြီ။ ဒါကြောင့် မိုး တိမ်တောင်ကြောင့်ဖြစ်တဲ့ လေ ပြင်းကျတာတွေ၊ မိုးကြိုးပစ်တာ တွေ မေလလယ်အထိ သတိပြုဖို့ လိုတယ်’’ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

Saturday, April 18, 2015

အတူတူကို စိတ်ဝင်စားခြင်း

article gay1

“အစဉ်အလာမဟုတ်တဲ့ လိင်အတွေ့အကြုံ  အထူးသဖြင့် ငယ်စဉ်ကကြုံတွေ့ဖူးခြင်း။
(က) ငယ်ငယ်လေးနဲ့ (မာစတာဘေးရှင်း) ဘာသာအာသာဖြေခြင်း။
(ခ) အပြာ စာ-စာအုပ်-ဗီဒီယိုတွေနဲ့ ငယ်ငယ်ကတည်းက တွေ့ကြုံရဖူးခြင်း။
(ဂ) အစဉ်အလာမဟုတ်လိင်မှု ….”

မြန်မာအစိုးရအတွက် အမေရိကန်အစိုးရကို လော်ဘီပြုလုပ်ပေးမည့် အဖွဲ့ကို တစ်လလျှင် ကျပ်သိန်း ၇၃၀ ကျော်ဖြင့် တစ်နှစ်စာ ငှားရမ်း



မြန်မာအစိုးရအတွက် ၀ါရှင်တန်မှာ စည်းရုံးသိမ်းသွင်းပေးပေးရန်အတွက် ပိုဒက်စ်တာအုပ်စု (Podesta Group )ကို ဒေါ်လာငွေ ၈၄၀၀၀၀ (၈သိန်း ၄သောင်းကျော်) ဖြင့် မြန်မာအစိုးရက စာချုပ်ချုပ်ဆို ငှားရမ်းလိုက်ကြောင်း ၀ါရှင်တန်အခြေစိုက် The Hill သတင်းစာမှ ဖော်ပြ လိုက်သည်။

Friday, April 17, 2015

ဖုန်ကြားရှင်နဲ့ လုပ်စားချင်နေသော UNFC

အခုဆိုရင် KIA ခေါင်းဆောင် အင်ဘန်လလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ UNFC အဖွဲ့ရဲ့ ကြေငြာချက်နဲ့ပတ်သက် ပြီး ငြိမ်းချမ်းရေးလိုလားတောင့်တနေသော ပြည်သူတွေအကြားမှာ UNFC ရဲ့သဘောထားအပေါ် မေးငေါ့နှာခေါင်းရှုံ့ ဝေဖန်သံတွေပြင်းထန်လာခဲ့ရပါတယ်။ အဲဒီကြေငြာချက်ကတော့ အရှေ့မြောက်ဒေသကနေ မြန်မာပြည်ကိုကျူးကျော် ရန်စလာတဲ့ ဖုန်ကြားရှင်တပ်တွေကို အစိုးရတပ်မတော်ကတိုက်ခိုက်နေတာတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ဆိုတဲ့တောင်း ဆိုချက်ကြောင့်ပါပဲ။ 

နှစ်ဆန်းတစ်ရက်နေ့ မုံရွာငါးဘေမဲ့လွတ်သူအချို့ ပလပ်စတစ်အိတ်များ မြစ်ထဲသို့ပစ်ချ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ့သက္ကရာဇ် နှစ်ဆန်းတစ်ရက်နေ့မနက် ၉ နာရီအချိန်တွင် မုံရွာမြို့၊ အောင်ဇေယျုံ ဇက်ကူတို့ဆိပ်နေရာ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ ဇီဝိတဒါန ငါးဘေးမဲ့လွတ်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပွဲသို့တက်ရောက်လာသူများသည် ငါးမြစ်ချင်း အကောင်ရေ တစ်သိန်းခွဲအား ပလပ်စတစ်အိတ်ကြီးများဖြင့် ထည့်သွင်း သယ်ဆောင် လာပြီးနောက် မြစ်ကြောင်းအတွင်းသို့ ဇက်ရေယာဉ်ပေါ်မှ လွတ်ပေးခဲ့ရာ အချို့သော ငါးလွတ်သူများသည် မြစ်ကြောင်းအတွင်းသို့ ပလပ်စတစ်အိတ်ကြီင်္းများကို ပစ်ချခဲ့သည်။

အိမ်ရှင်ကရိုက်နှက်သဖြင့် အိမ်ဖော်တဦးဒဏ်ရာများဖြင့် ထွက်ပြေးလာ


ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှ ရန်ကုန်မြို့တွင် အိမ်ဖော်အဖြစ် လာရောက်လုပ်ကိုင်သူ အသက် ၁၇ နှစ် အရွယ် မိန်းကလေးတဦးသည် အိမ်ရှင်မှ ရိုက်နှက်သဖြင့် ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ် တခု ဧပြီ ၁၇ ရက် က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
မအိအိဖြိုးဆိုသူသည် ၎င်းနေ့ မနက်ပိုင်း ၆ နာရီခန့်က သူမအလုပ်လုပ်ကိုင်သည့်နေအိမ်မှ ထွက်ပြေးလာခဲ့ရာ လမ်းခရီးတွင် သုဝဏ္ဏ ၂၉ ရပ်ကွက် မြကန်သာလမ်းမှ လမ်းသူလမ်းသားများနှင့် ဆုံတွေ့ခဲ့သည်ဟု သိရသည်။

Wednesday, April 15, 2015

မန္တလေးမဟာသင်္ကြန်ထူးခြားချက်




ဒီနှစ်သင်္ကြန်တွင်း မန္တလေးမြို့မှာ အရင်နှစ်တွေကလောက် မဏ္ဍပ်တွေ မများပေမဲ့လို့ လူတွေ အများအပြားကတော့ သင်္ကြန်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြပါတယ်။

မောင်တော သင်္ကြန် ပဋိပက္ခဖြစ်



မြန်မာနိုင်ငံ တဝှမ်း နှစ်သစ်ကူး ကာလမှာ ငြိမ်းချမ်း ပျော်ရွှင်စွာနဲ့ သင်္ကြန် ပွဲတော် ဆင်နွှဲနေချိန်မှာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့မှာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ရခိုင်လူငယ်တွေ အကြား ခိုက်ရန် ဖြစ်ပွားရာကနေ လူစုလူဝေး ဖြစ်လာတဲ့ အတွက် တပ်ကနေ ဝင်ရောက် ထိန်းသိမ်းခဲ့ရတဲ့ အခြေအနေ အထိ ရောက်ခဲ့ပါတယ်။

အမြင့်မြတ်ဆုံး မြန်မာ့ အလှူသံသရာ



မင်းညီ ဘာသာပြန်ဆိုသည်

''ထမင်းတွန်းလှည်းလာပြီ.. ထမင်းတွန်းလှည်း လာပြီ''ဟု ဆာလောင်နေ သော လူငယ်လေးတစ်ယောက် က လှမ်းအော်လိုက်သည်။ တစ်ဆက်တည်းမှာပဲ အဆိုပါ လူငယ်လေး၏ မျက်နှာသည် တောက်ပကြည်လင်လာ သည်။