Sunday, September 27, 2015

မရမ်းကုန်းမြို့နယ်၌ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၅၄ဝဝ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သမိုင်း(၁)ရပ်ကွက် မြို့သစ်(၁) လမ်းထိပ် ရိုးကြီးချောင်းအတွင်း စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ က စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

ဆင်းရဲတဲ့နိုင်ငံတွေကို တရုတ်က ကန်ဒေါ်လာ သန်း ၂၀၀၀ လှူမည်


တရုတ်နိုင်ငံက ဖွံဖြိုးဆဲနိုင်ငံတွေကို အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ လှူမယ်လို့ မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးညီလာခံမှာ သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်ပါတယ်။
ဒါအပြင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံတွေနဲ့ ကျွန်းနိုင်ငံငယ်လေးတွေအပေါ် မှာတင်ရှိနေတဲ့ ကြွေးမြီတွေကိုလည်း လျော်ပေးမယ်လို့လည်း ကတိပြုခဲ့ ပါတယ်။
ဧရာဝတီ

လက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်နိုင်ရေး ကျေနပ်လောက်သည့် လုပ်ဆောင်ချက်ရမှ NCA လက်မှတ်ထိုးမည်ဟု KNPP ဆုံးဖြတ်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်နက်ကိုင်အဖွဲ့အားလုံးပါဝင် နိုင်မှ (သို့မဟုတ်) အားလုံးပါဝင် ရေးအတွက် ကျေနပ်လောက် သည့် လုပ်ဆောင်မှုကို အစိုးရနှင့် တပ်မတော်က လုပ်ဆောင်ပြမှ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)အနေဖြင့် NCA ကို လက်မှတ်ရေးထိုးမည်ဟု ကေအင်န်ပီပီအရေးပေါ်အစည်း အဝေးက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ဆိုင်ကယ်လဲ၍ ဒဏ်ရာရသူကို ကူညီနေသော ရဲတပ်သား ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ ရန်ကုန်-မန္တ လေးလမ်းဟောင်းတွင် အမျိုးသား တစ်ဦး ဆိုင်ကယ်မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် သဖြင့် သွားရောက်ကူညီသည့်ရဲ တပ်သားကို အခြားဆိုင်ကယ်တစ် စီးက ဝင်ရောက်တိုက်မိ၍ သေဆုံး သွားကြောင်း သတင်းရရှိသည်။
ရန်ကုန်-မန္တလေးလမ်း ဟောင်းတွင် စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီခန့်က အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာများရရှိနေသဖြင့် အမှတ် (၂)နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦး သွားရောက်ကူညီ နေစဉ် အခြားဆိုင်ကယ်စီးသူတစ် ဦးက ဝင်ရောက်တိုက်မိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

Breaking News: မက်ဆီအား ၂ လ ခန့် ကြာ လက်လွှတ်ရတော့မယ့် ဘာစီလိုနာ


ဘာစီလိုနာ အသင်း လက်စ်ပါးလ်မက်စ် အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သော ပွဲစဉ်တွင် အဓိက ကစားသမား မက်ဆီ ဒဏ်ရာရ ရှိ သွားခဲ့သည်၊၊

တစ်ပြိုင်နက်တည်းဖြစ်ပွားမည့် စူပါမွန်းနှင့် လကြတ်မှုကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်မဟုတ်

စူပါမွန်းဖြစ်စဉ်နှင့် လ ကြတ်ခြင်းကို ဥရောပ၊ အမေ ရိကနှင့် အာဖရိကတိုက်နိုင်ငံများ မှ မြင်တွေ့ရမည်ဖြစ်သော်လည်း အာရှနိုင်ငံများအပါအဝင် မြန်မာ နိုင်ငံမှ မြင်တွေ့ရမည်မဟုတ် ကြောင်း ပညာရှင်များကဆိုသည်။
လကို ကမ္ဘာမှ အနီးဆုံးမြင်ရ သောကြောင့် ဖြစ်လာသည့် စူပါမွန်းဖြစ်စဉ်နှင့် လနှင့် နေကြား ကမ္ဘာက တစ်တန်းတည်း ရောက်သွားသည့် လကြတ်ခြင်းဖြစ်စဉ် (Supermoon Lunar Eclipse)ကို ဥရောပ၊ အမေရိကနှင့် အာဖရိကတိုက်တို့တွင် ယနေ့ (စက်တင်ဘာ၂၇ ရက် ည)တွင် မြင်တွေ့ရမည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ မြန်မာနိုင်ငံစံတော်ချိန်အရ မူ စက်တင်ကာ ၂၈ ရက် နံနက်ပိုင်းဖြစ်သည်။ ၁၉၈၂ က နောက်ဆုံးအကြိမ်ဖြစ်ခဲ့ဖူးပြီး မြန်မာ နိုင်ငံတွင် လူပြောများနေသည့် သဘာဝဘေးအန္တရာယ်များကျ ရောက်နိုင်သည်ဟူသော ပြောစကားများမှာ ကောလာဟလသာဖြစ်သည်ဟု ဒေါက်တာထွန်းလွင် က ဆိုသည်။

Friday, September 25, 2015

စစ်ကိုင်းရှိ ရေကြီးနစ်မြုပ် ဒေသများတွင် အခြေခံ ငါးမွေးမြူရေး သင်တန်းဖွင့်မည်


စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများ တွင် အခြေခံငါးမွေးမြူရေး သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သတင်းရရှိသည်။

‘‘ရေကြီးနစ်မြုပ်တဲ့ဒေသမှာ အသက်မွေးဝမ်းကျောင်း ပညာ ရပ်အဖြစ် အခြေခံငါးမွေးမြူရေး သင်တန်းတွေ ဖွင့်လှစ်ပို့ချနေပါ တယ်။ နောက်ထပ်ရေဦး၊ ကန့် ဘလူ၊ ကောလင်း၊ ကလေး စတဲ့ မြို့နယ်တွေမှာလည်း သင်တန်း တွေ ဆက်ဖွင့်ဖို့စီစဉ်ထားတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ငါး လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။

အီးယူနှင့် ရေးဆွဲသော ရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးရေး သဘောတူညီချက် ရှေ့နှစ်တွင် အပြီးသတ်နိုင်မည်


 ဥရောပရင်းနှီးမြှုပ်နှံမှု များ မြန်မာနိုင်ငံသို့ ယုံကြည်စိတ် ချစွာ ၀င်လာစေရန် ဥရောပသမဂ္ဂ အဖွဲ့နှင့် ရေးဆွဲနေသော ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူညီချက်သည် လာမည့်နှစ်တွင် အပြီးသတ်နိုင်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အထွေ ထွေအတွင်းရေးမှူး ဦးအောင်နိုင် ဦးကပြောသည်။
လက်ရှိတွင် အီးယူရင်းနှီး မြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူစာချုပ်၌ အခန်း ခုနစ်ခန်းပါဝင်ပြီး နှစ်ခန်းမှာ သဘောတူညီမှု ရရှိထားသည်။ ကျန်အခန်းများတွင် လေးခန်းမှာ ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး တစ်ခန်းမှာ ၅၀ ရာ ခိုင်နှုန်းခန့်သာ ပြီးသေးသည်ဟုဆိုသည်။
 ‘‘ဒီသဘောတူညီချက်က မြန်မာနိုင်ငံအတွက် အရမ်းအရေး ကြီးတယ်။ အရည်အသွေးပြည့် တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံအတွက် လိုအပ်နေတယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု လျော့နည်းမည်ဟုဆို


လာမည့်နှစ်တွင် မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းသွားမည်ဟု အာရှဖွံ့ ဖြိုးရေးဘဏ်(အေဒီဘီ)က အာရှ ၏ ဖွံ့ဖြိုးမှုအလားအလာ ၂၀၁၅ မွမ်းမံအစီရင်ခံစာတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ၏  ငွေကြေးဖောင်းပွမှုသည် လာမည့်နှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိမည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရ အသုံးစရိတ် ကြီးမြင့်လာမှု၊ ဘတ်ဂျက်လိုငွေပြမှု၊ ၀န်ထမ်းများ လစာတိုးမြှင့်မှုကြောင့် ၂၀၁၅ တွင် ငွေကြေး ဖောင်းပွမှုသည် ၈ ဒသမ ၄ ရာခိုင်နှုန်းရှိနိုင်ကြောင်း ယခုနှစ်စပိုင်းတွင် အေဒီပီက ထုတ်ပြန်သည်။ ထို့ကြောင့် ခန့်မှန်းချက်မှန်လျှင် ငွေကြေးဖောင်းပွမှုမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်သည်။  လာမည့် နှစ်တွင်လည်း ကြွေးမြီများပြားလာခြင်း၊ အစိုးရ အသုံးစရိတ် မြင့်တက်လာခြင်း၊ ကုန်သွယ်မှု လိုငွေ များနေခြင်းတို့က စီးပွားရေးအပေါ် တိုက်ရိုက်အကျိုးဆက်များ ဖြစ်လာနိုင် ကြောင်း အေဒီဘီက အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ရေနံနှင့် ဓာတ်ငွေ့ ဈေးကျခြင်းကြောင့် လုပ်ကွက်သစ် စီးပွားဖြစ်ထုတ်လုပ်ရန် မသေချာ


 ရေနံနှင့်ဓာတ်ငွေ့ဈေးကျဆင်းနေသောကြောင့် မုတ္တမ ကမ်းလွန်ရှိ မြန်မာနိုင်ငံ၏ လုပ် ကွက်သစ်ဖြစ်လာမည့် အောင် သိင်္ခရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် (M-3) တွင် သဘာဝ ဓာတ်ငွေ့ကို စီးပွားဖြစ်ထုတ်ယူ ရန် မသေချာသေးကြောင်း သတင်းရရှိသည်။

ယင်းလုပ်ကွက်ကို ထိုင်း ရေနံကုမ္ပဏီက လုပ်ကိုင်ခွင့် ရထားပြီး လက်ရှိလေ့လာစမ်းသပ်မှုများအရ သဘာဝ ဓာတ်ငွေ့ ခန့်မှန်းသည်ထက် လျော့နည်း နေသောကြောင့် ရေနံဈေးကျ ဆင်းချိန်တွင် ထုတ်ယူရန် နှောင့် နှေးနေရခြင်းဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာနမှ အရာရှိတစ်ဦး ကပြောသည်။

‘‘ကုမ္ပဏီဘက်က စီးပွားဖြစ် ထုတ်ဖို့အခက်အခဲဖြစ်နေတယ်။ နှစ်ဖက်ပြန်ညှိပေးရမယ်။ အချိန် လည်း ပိုပေးရမယ် ထင်တယ်။ အခု လေ့လာဆန်းစစ်မှုလုပ်နေတဲ့ အချိန်ကျန်သေးတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ဆင်မကျေးရွာအနီးရှိ ပင်လယ်ကမ်းစပ်တွင် ပင်လယ်မှ မျောပါလာသည့် လူသုံးပစ္စည်းများ တွေ့ရ


ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆင်မကျေးရွာ၊ ဆင်မကျွန်းအနောက်ဘက်ကမ်း ခြေတွင် စက်တင်ဘာ ၂၂ ရက် ညနေမှစ၍ လူအသုံးအဆောင်ပစ္စည်းများ၊ သင်္ဘောအပျက်အစီးအပိုင်းအစများဟု ယူဆရသည့် သစ်စများ မျောပါလာကြောင်း ဒေသခံများက ပြောသည်။

ပင်လယ်ကမ်းစပ်သို့ မျောပါလာသည့် လူသုံးကုန်ပစ္စည်းများ တွင် ဒီဇယ်ပီပါများ၊ အချိုရည် ဘူးများ၊ ဇီးထုပ်များ၊ ခေါက်ဆွဲ ခြောက်များနှင့် တစ်လီတာဆံ့ ဆီ ဘူးများပါဝင်ကြောင်း ဒေသခံများက ပြောသည်။

‘‘ပစ္စည်းတွေ မျောလာတာ ဟုတ်ပါတယ်။ မျောလာတဲ့အထဲ မှာ အစားအသောက်တွေက များ တယ်။ ပြည်တွင်းက ထုတ်တဲ့ ပစ္စည်းတွေလို့ သုံးသပ်ကြတယ်။ ဒီပစ္စည်းတွေ ရရှိထားတဲ့သူတွေ ကိုလည်း လာပြီးအပ်ဖို့ ကျေးရွာကို ပြောထားတယ်’’ဟု ဆင်မကျေး ရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောသည်။

တရုတ်သံရုံး နေပြည်တော်သို့ ပြောင်းရွှေ့ရန် စီစဉ်


ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် တရုတ်သံရုံးကို နေပြည်တော်သို့ ရွှေ့ပြောင်းရန် ပြင်ဆင် နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံ အမတ်ကြီးက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။နေပြည်တော်ရှိ မြန်မာအ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် စက်တင်ဘာ ၂၄ ရက် ညနေက ကျင်းပသည့် (၆၆) နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်း အနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက သံရုံးကို နေပြည်တော်သို့ ရွှေ့ပြောင်းမည့်အကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု  နိုင်ငံပိုင်သတင်းဌာနများက စက်တင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။

Thursday, September 24, 2015

NLD ကို မဲမပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် စည်းရုံးမှုက ဆင်ခြင်ဥာဏ်မဲ့ လုပ်ရပ်ဟု NLDအမတ် တုံ့ပြန်


 ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီသည် အစိုးရအဖွဲ့ကို အကြပ်အတည်းတွေ့အောင် လုပ်သည့်ပါတီဟုဆိုကာ မဲမပေးရန် ပြောဆိုမှုသည် ဆင်ခြင်ဥာဏ်မဲ့ စည်းရုံးမှုသာ ဖြစ်သည်ဟု အင်န်အယ်လ်ဒီ၏ ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို ပြောသည်။
"ဝန်ကြီးချုပ်ဟာ ကိုယ်စားလှယ်လောင်းဂုဏ်သိက္ခာမဲ့၊ ပညာမဲ့၊ ဆင်ခြင်ဥာဏ်မဲ့စည်းရုံး မဲဆွယ်တာ၊ ဒီလိုလူတွေ တိုင်းဒေသကြီး အမြင့်ဆုံးနေရာရခဲ့တယ်။ ၅ နှစ် ဘယ်လောက် အန္တရာယ်ကြီးလဲ" ဟု ဒေါက်တာလှမြတ်သွေးက ပြောသည်။ဝန်ကြီးချုပ်က စက်တက်ဘာလ ၁၉ရက်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ရွေးကောက်ပွဲ လုံခြုံရေးတွေ့ဆုံပွဲတွင် အင်န်အယ်လ်ဒီကို မဲမပေးရန် တက်ရောက်လာသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု တရုတ်ရှေ့နေပြောကြား


 တရုတ်နိုင်ငံ၏ အထင်ကရ အစိုးရကို ဝေဖန်သူနှင့် လူ့အခွင့်အရေး ရပ်ခံအရေးဆိုသူ ရှေ့နေဖြစ်သည့် ကောက်ကျီရှန်းက ၄င်းအား ဖမ်းဆီးထိန်းသိမ်းထားစဉ် တစ်ကိုယ်တည်း တိုက်ပိတ်ထားပြီး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရကြောင်းကို ဖွင့်ဟပြောကြားလာခဲ့သည်။ အသက် ၅၁နှစ်အရွယ်ရှိ ကောက်ကို ၂၀၁၄ခုနှစ် သြဂုတ်လက အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ဖမ်းဆီးထိန်းသိမ်းခံရစဉ်က နိုဘဲငြိမ်းချမ်းရေးဆုအတွက် လျာထားခံရသူ မစ္စတာကောက်မှာ ခံစားမှုမဲ့နေခဲ့ပြီး၊ အခြခံအားဖြင့် သိစိတ်လည်းကင်းလွတ်နေကာ အာဟာရချို့တဲ့မှုကြောင့် သွားများလည်း ကျိုးပဲ့ကုန်ခဲ့သည်ဟု ၄င်း၏ ရှေ့နေက ပြောကြားခဲ့သည်။
မစ္စတာကောက်က ၅နှစ်အတွင် ပထမဆုံးအင်တာဗျူးတွင် အေပီသတင်းဌာနအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။မျက်နှာကို လျှပ်စစ်တုတ်ဖြင့် နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရပြီး သုံးနှစ်တိုင်တိုင် တစ်ကိုယ်တည်း တိုက်ပိတ်ခံထားခဲ့ရသည်ဟု ဆိုသည်။ မစ္စတာကောက်မှာ Falun Gong လှုပ်ရှားမှု အဖွဲ့ဝင်များနှင့် တရုတ်ခရစ်ယာန်များကို ရပ်ခံကာကွယ်မှုဖြင့် လူသိများသည်။

အသတ်ခံရသည့် ဇာဘုရင် နီကိုလတ်နှင့် မိဖုရားတို့၏ အရိုးများကို ရုရှ ပြန်လည်တူးဖော်


၁၉၁၈ ခုနှစ်က ဇာဘုရင်နှင့် မိသားစုများကို သတ်ဖြတ်မှုကို ပြန်လည်စစ်ဆေးနေသောကြောင့် ရုရှ စုံစမ်းစစ်ဆေးရေးမှူးများက နောက်ဆုံးဇာဘုရင်နှင့် မိဖုရားတို့၏ ရုပ်ကလာပ်အကြွင်းအကျန်များကို ပြန်လည်တူးဖော်ခဲ့ကြသည်ဟု ဆိုသည်။
ဇာဘုရင် ဒုတိယမြောက်နီကိုလတ်နှင့် မိဖုရားတို့၏ ကြွင်းရစ်သော ရုပ်ကလာပ်များမှာ နမူနာများကို ရယူခဲ့ကြပြီး၊ ၁၈၈၁ခုနှစ်က အသတ်ခံခဲ့ရသည့် နီကိုလတ်၏ အဖိုး ဒုတိယမြောက် အလက်ဆန်းဒါး၏ သွေးစွန်းနေသော ယူနီဖောင်းမှလည်း နမူနာများ ရယူခဲ့ကြသည်ဟု ဆိုသည်။
တော်လှန်ရေးသမား ဘော်ရှီဗစ်များ၏ သတ်ဖြတ်မှုခံခဲ့ရသည့် ရိုမန်နော့မိသားစုဝင်များကို စိန့်ပီတာစဘာ့ ဘုရားကျောင်းတွင် မြှုပ်နှံထားခဲ့သည်။ အခြားအလားတူနေရာများတွင် မြှုပ်နှံထားသည့် အခြားဆွေမျိုးများနှင့် အချိတ်အဆက်ကို အတည်ပြုရန်အတွက် အော်သိုဒေါ့စ်ဘုရားကျောင်းကလည်း ကြွင်းရစ်သော ရုပ်ကလာပ်များကို ပြန်လည် စစ်ဆေးစေလိုသည်။

စက်တင်ဘာလကုန် NCA လက်ရေးထိုးလိမ့်မည်ဟု ကာချုပ်ပြော


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို စက်တင်ဘာလကုန်ပိုင်းတွင် ရေးထိုးနိုင်လိမ့်မည်ဟု တပ်မတ်ေကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၃ ရက်က လွိုင်ကော်မြို့တော် ခန်းမတွင် ပြောဆိုလိုက်သည်။“ကျနော်တို့ မကြာခင်မှာလည်း တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ထားပါတယ်။ ဒီလကုန်လောက်မှာ နိုင်ငံတော်ကို သတင်းကောင်းတစ်ခုပေးနိုင်လိမ့်မယ်။” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကယားပြည်နယ်ခရီးစဉ်တွင် လွိုင်ကော်မြို့တော်ခန်းမ၌ ကျောင်းသုံးပစ္စည်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေပေးအပ်သည့် အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။NCA လက်မှတ်ထိုးရန် ကိစ္စတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင်မှသာလျှင် လက်မှတ်ရေးထိုးမည်ဟု လွိုင်ကော် KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။

အိုဘားမားမှာ ခရစ်ယာန်တစ်ယောက်ဖြစ်သယောင် ဟန်ဆောင်နေသည်ဟု အာကင်ဆတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက္ကာဘီပြောကြား


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ပထမဆုံး အမေရိကန် အလည်အပတ်ခရီးကို သမ္မတ၏ ကိုင်တွယ်ပုံကို ဝေဖန်ထိုးနှက်ရာတွင် အာကင်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက္ကာဘီက သမ္မတ ဘားရက်အိုဘားမားသည် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်သယောင် ဟန်ဆောင်နေသည်ဟု ပြောကြားလိုက်သည်။စက်တင်ဘာ ၂၂ရက်နေ့က Newsmax ရုပ်သံ၏ The Hard Line အစီအစဉ်တွင် မွတ်စလင်တစ်ယောက်မှာ အမေရိကန်ပြည်ထောင်စု၏ သမ္မတမဖြစ်သင့်ဟူသော ဘင်ကာဆန်၏ မှတ်ချက်စကားအပေါ် ထင်မြင်ချက်ကို မေးမြန်းရာတွင် မိုက် ဟက္ကာဘီက သမ္မတရာထူးအတွက် ဘာသာရေးဆိုင်ရာ စစ်ဆေးမှုမရှိကြောင်း ပြောကြားရင်း အိုဘားမားနှင့် ပတ်သက်သော မှတ်ချက်အကြောင်းသို့ ရောက်ရှိသွားခဲ့ သည်။

သာပေါင်းမြို့ ဒီချုပ်ပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ် ဖျက်ဆီးခံရ


လာမည့်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဧရာ ၀တီတိုင်းဒေသကြီး သာပေါင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများပုံပါရှိသည့် မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တစ်ခု စက်တင်ဘာ၂၂ ရက် ညက ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
သာပေါင်းမြို့ အမှတ်(၁)ရပ် ကွက် ကညင်ချောင်းရပ်ရှိ ဘုန်း ကြီးကျောင်းရှေ့တွင် ဆိုင်းဘုတ် စိုက်ထူထားပြီး ယင်းနေ့ ည ၁၀နာရီခန့်က ပိုစတာအား ဆုတ်ဖြဲကာ စိုက်ထူထားသည့်တိုင်များ တစ်စစီဖြစ်သည်အထိ ဖျက်ဆီး ခဲ့သည်ဟု သာပေါင်းမြို့နယ် ဒီချုပ်ပါတီအတွင်းရေးမှူး၊     မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်အမတ်လောင်းဦးအောင်အောင်ဦးက ပြောသည်။
‘‘ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ပါတယ်။ ကျွန်တော် တို့ ဥပဒေအတိုင်းပဲ ဆက်လုပ် သွားပါမယ်’’ဟု ဦးအောင်အောင် ဦးကပြောသည်။

နမ့်စန်မြို့နယ်တွင် ဒီချုပ်ဆိုင်းဘုတ် ၂၆ ခု ဖျက်ဆီးခဲ့သူများ နှစ်လကျော်ကြာသည့်တိုင် ဖမ်းမမိသေး


ရှမ်းပြည်နယ်တောင် ပိုင်း နမ့်စန်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေး ဆိုင်းဘုတ်များ ဖျက်ဆီးခဲ့သူလေး ဦးနှင့် ခိုင်းစေညွှန်ကြားခဲ့သူကို နှစ်လကျော်ကြာသည်အထိ ဖမ်း ဆီးရမိခြင်းမရှိသေးကြောင်း နမ့် စန်မြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ သတင်းရရှိသည်။
နမ့်စန်မြို့နယ် တရားရုံးတွင် နမ့်စန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးနေ ဇော်နိုင်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှုဖြင့် တရားစွဲဆိုရန် တရားရုံး၌ ဦး  တိုက်လျှောက်ထားခဲ့ပြီး ဆိုင်း ဘုတ်ဖျက်ဆီးသူလေးဦးနှင့် ခိုင်း စေညွှန်ကြားသူဟုဆိုသူ ဦး အောင်သန်းကို သြဂုတ် ၃ ရက် တွင် တရားရုံးသို့ ဆင့်ခေါ်ထားခဲ့ သည်။သို့သော် သြဂုတ် ၂၁ ရက် ရုံးချိန်းအထိ လာရောက်ခြင်းမရှိ၍ တရားရုံးက တရားခံပြေးအဖြစ် ကြေညာစာထုတ်ပေးခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ဒီချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ပြောသည်။‘‘စက်တင်ဘာ ၂၂ ရက်ဆို နှစ်လပြည့်ပြီ။ တရားခံတွေ ဘယ် နေရာမှာရှိတယ်ဆိုတာကိုလည်း သိနေပြီးတော့ ဖမ်းဆီးရမိတာမရှိ သေးဘူး။ တရားဥပဒေစိုးမိုးမှု ညံ့ ဖျင်းတယ်’’ဟု ၎င်းကပြောသည်။

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များ အချိန်ပြောင်းပြေးဆွဲမည်


မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များကို စက်တင်ဘာ၂၆ ရက်မှစတင်၍ အချိန်ဇယား အသစ်ဖြင့် ပြောင်းလဲပြေးဆွဲမည် ဖြစ်ပြီး အိပ်စင်ပါသော ရထားတွဲ များကိုမူ တစ်ရက်ခြားတစ်ကြိမ် သာ ပြေးဆွဲတော့မည်ဟု မန္တလေး ဘူတာကြီးရုံပိုင်ရုံးမှ သတင်းရရှိ သည်။မန္တလေး-မြစ်ကြီးနားရထား လမ်းပိုင်းအချို့ ရေကြီးနစ်မြုပ်ကာ ပျက်စီးခဲ့၍ ပြန်လည်ပြင်ဆင်ထားရပြီး လမ်း၏ခံနိုင်ဝန်အရ ရထားများ မိုင်နှုန်းအရှိန်လျှော့မောင်းရသဖြင့် လမ်းခရီးကြန့်ကြာမှုများဖြစ်နေသောကြောင့် ရထားအချိန်ဇယားအသစ်ဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။စက်တင်ဘာ ၂၆ ရက်မှစ၍ မန္တလေး-မြစ်ကြီးနားရထားခရီး စဉ်များကို အချိန်ဇယားအသစ် ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး အမှတ် (၃၃) အဆန်ရထားနှင့် (၃၄) အစုန်ရထားဖြစ်သော အိပ်စင်ပါသည့် ရထားအတွဲများကို တစ်ရက်ခြား တစ်ကြိမ်သာ ပြေးဆွဲတော့မည် ဖြစ်သည်။

ပါတီမရွေးကြုံနေရသည့် ခြိမ်းခြောက်နှောင့်ယှက်မှု အန္တရာယ်


ရွေးကောက်ပွဲကျင်းပရန် တစ်လခွဲခန့်သာလိုတော့သည်။
ရွေးကောက်ပွဲနီးလာတိုင်း ဖြစ်လေ့ဖြစ်ထရှိသော မဲမသမာမှု များ၊ မဲပေးရမည့်စာရင်းတွင်မပါ ၀င်မှုများအကြောင်း လူအများက စိတ်ဝင်တစားဝေဖန်နေကြသော် လည်း မြန်မာ့ရွေးကောက်ပွဲ၌ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခု ကိုတော့ မေ့နေကြဆဲ ဖြစ်သည်။
ယင်းမှာ နိုင်ငံရေးပြိုင်ဘက်များကို လုပ်ကြံသတ်ဖြတ်မှုပင်။
နိုင်ငံရေးပြိုင်ဘက်များကို အ ပြတ်ရှင်းခြင်း (သို့မဟုတ်) အသက်မသေသည့်တိုင် နိုင်ငံရေးလောက မှ ထွက်ခွာသွားအောင် ခြိမ်းခြောက်နှောင့်ယှက်သည့် ဓလေ့က မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က ကျင်းပသည့် ၁၉၅၆ ရွေး ကောက်ပွဲနှင့်  ပတ်သက်၍  ဖြစ် ပွားခဲ့သည့် မင်းလှလေးလောင်း ပြိုင်လူသတ်မှု၊ ရှမ်းပြည်နယ်မှ လွှတ်တော်အမတ်ဦးအောင်သာ သတ်ဖြတ်ခံရမှုတို့သည် လက်သည် တရားခံမပေါ်ဘဲ ပြီးပြတ်ခဲ့ရသည်။
နောက်လေးနှစ်အကြာ ကျင်းပသော ၁၉၆၀ ရွေးကောက်ပွဲတွင် လည်း အမည်မဖော်နိုင်သည့် လက်သည်တရားခံအချို့ထပ်မံ ထွက်ပေါ်လာပြီး ငါန်းဇွန်မြို့နယ် ၌ သတ်ဖြတ်မှုများထပ်မံကျူးလွန်ခဲ့ပြန်သည်။

နေပြည်တော် ကောင်စီနယ်မြေမှ ကိုယ်စားလှယ်လောင်းများ သန့်သန့်ရှင်းရှင်း မဲဆွယ်နေကြဟုဆို


နေပြည်တော် ကောင်စီနယ်မြေရှိ မဲဆန္ဒနယ်များ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရာ၌ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ သန့်သန့် ရှင်းရှင်း မဲဆွယ်နေကြကြောင်း ပြည်ထောင်စုနယ်မြေ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှ သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ မဲဆွယ်စည်းရုံးခွင့်ကို တရား ဝင်ပြုထားပြီး ၂၃ ရက်အထိ မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍ တိုင်ကြားခြင်း လုံးဝမရှိသေးဟု ပြည်ထောင်စုနယ်မြေ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအောင်စိုးဝင်းက အ တည်ပြုပြောကြားသည်။
‘‘အခုချိန်ထိတော့ တိုင်ကြား ထားတာလည်းမရှိသေးဘူး။ မဲ ဆွယ်တဲ့ကာလအတွင်းမှာတော့ ပစ္စည်းပေးတာတွေမရှိဘူး။ ထူး ခြားမှုလည်းမရှိဘူး’’ဟု ဦးအောင် စိုးဝင်းက ပြောသည်။
တရားဝင်မဲဆွယ်ခွင့်မရမီ ကာလများတွင် နေပြည်တော် ကောင်စီနယ်မြေရှိ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း အချို့သည် မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် အလှူများ ပြုလုပ်ခြင်း၊ ပစ္စည်းများပေးဝေ ခြင်းတို့ ပြုလုပ်ခဲ့သည်။

Wednesday, September 23, 2015

အလုပ်အကိုင် အခွင့်အလမ်းအတွက် အမတ်လောင်းများ၏ စိတ်ကူး


 ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်လက်မဲ့  ဦးရေ နှင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်နေမှုများက မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကျဆင်းနေမှုကို ထင်ဟပ်စေပါသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်မီကတည်းက ဖြစ်ပေါ်နေခဲ့သည့် အဆိုပါပြဿနာသည် အစိုးရသက်တမ်းငါးနှစ်ကုန်ဆုံးရန် လပိုင်းသာလိုတော့သည့် အချိန်အထိ ဖြေရှင်းနိုင်မှု မရှိသေးပေ။ ထို့ကြောင့်ယင်းပြဿနာကို ဖြေရှင်းရန် နောက်အစိုးရသက်တမ်း ၀င်ရောက်ရွေးချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာပါတီ လုပ်ငန်းစဉ်မူဝါဒများ၌ အသီးသီး ရေးဆွဲထည့်သွင်းလာခဲ့ကြသည်။

တောင်သူများ လယ်မြေပိုင်ဆိုင်ခွင့်နှင့် စိတ်ကြိုက်သီးနှံစိုက်ပျိုးခွင့်ရရန် ဆောင်ရွက်ပေးမည်ဟု တစည ကိုယ်စားလှယ်လောင်းပျဉ်းမနားတွင် မဲဆွယ်


 ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက တောင်သူလယ်သ မားများ လယ်ယာမြေပိုင်ဆိုင်ခွင့် နှင့် စီးပွားဖြစ်ဒေသကိုက် စိတ် ကြိုက်သီးနှံစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးမည်ဟု ပျဉ်းမနား မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသာအောင်က ပြောသည်။ပျဉ်းမနားမြို့နယ်ရှိ တပ်ပိုး ကျေးရွာတွင် တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်စဉ် ဦးသာအောင်ကကျေးရွာ ဒေသခံ များအား ယင်းသို့ ကတိပြုပြော ကြားခဲ့ခြင်းဖြစ်သည်။
‘‘ကိုယ့်နိုင်ငံရဲ့ ၇၀ ရာခိုင် နှုန်းက တောင်သူတွေချည်းပဲ။ တောင်သူတွေ၊ ကျေးရွာလူတန်း စားဆိုတော့ မြေယာပိုင်ဆိုင်ခွင့် ရှိရမယ်။ သူတို့ ဈေးကွက်ဝင်တဲ့ စိတ်ကြိုက်သီးနှံကို စီမံကိန်းကြီး တွေနဲ့ မထိန်းချုပ်နိုင်ဘဲနဲ့ သူတို့ လွတ်လွတ်လပ်လပ် ဈေးကွက်ကို သူတို့သိတယ်။ ရာသီကို သူတို့သိ တယ်။ နယ်မြေကို သူတို့သိ တယ်။ သူတို့ စိတ်ကြိုက်လုပ်ပါ စေ။ ဒီဟာကို အဓိက လုပ်ပေးဖို့ အတွက်ပါ’’ဟု ဦးသာအောင်က ပြောသည်။

ဒီချုပ်ကိုယ်စားလှယ်လောင်းများ ဗဟန်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း မဲစာရင်းအသိပညာပေး

ဗဟန်းမြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းများသည် စက်တင် ဘာ ၂၂ ရက်က ယင်းမြို့နယ်အ တွင်းရှိ ရပ်ကွက်အချို့၌ တစ်အိမ် တက်ဆင်း မဲစာရင်းအသိပညာ ပေးခဲ့ကြသည်။
ဒီချုပ်ကိုယ်စားလှယ်လောင်း များသည် ဗဟန်းမြို့နယ်ရှိ ဗိုလ် ချို(၁)ရပ်ကွက်နှင့် ဗိုလ်ချို(၂) ရပ် ကွက်၊ ငါးထပ်ကြီး(တောင်) ရပ် ကွက်များရှိ ပြည်သူများအား မဲစာ ရင်းကြည့်ရှုရန် တိုက်တွန်းခြင်း၊ မကြည့်ရှုရသေးသူများအား အမည် မပါလျှင်၊ အချက်အလက်မှားယွင်း လျှင် မည်သို့လျှောက်ထားရမည် ကို ရှင်းပြခြင်းများ ပြုလုပ်ခဲ့သည်။
ပြည်သူအများစုသည် မဲ စာရင်း ကြည့်ပြီးကြသော်လည်း အချို့က မကြည့်ရသေးချေ။
‘‘ဗဟန်းတစ်မြို့နယ်လုံးမှာ ရပ်ကွက်နှစ်ခုလောက်ပဲ လိုက် ပြောဖို့ကျန်တယ်’’ဟု ဗဟန်း (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးအောင်မြတ် ကျော်ကပြောသည်။ဗဟန်းမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ဒီချုပ်ကိုယ်စားလှယ် လောင်းများနှင့် အောင် နိုင်ရေးအ ဖွဲ့ဝင်များသည် ပြည်သူများအား လက်ကမ်းစာစောင်များ ဝေငှကာ ကိုယ်စားလှယ်လောင်းများပါ မိတ်ဆက်ခဲ့ကြသည်။ပြည်သူများကလည်း ၎င်းတို့ ကို ကြိုဆိုခဲ့ပြီး အလှူငွေလှူဒါန်း ခြင်း၊ ရေသန့်နှင့်အအေးများ လှူ ဒါန်းခြင်းတို့ ပြုလုပ်ခဲ့သည်။တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဲဆန္ဒရှင်စာရင်းများကို စက် တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ကြေညာထားမည်ဖြစ်ရာ အမည် မပါသူများ ဖြည့်စွက်ရန်၊ အချက် အလက်မှားယွင်းသူများ ပြင်ဆင် ရန် ရက်အနည်းငယ်သာ ကျန် ရှိတော့သည်။

ပြည်ပသို့ ဆန်တင်ပို့မှု ကန့်သတ်ချက်များကို အောက်တိုဘာ ၁၅ ရက် နောက်ပိုင်း ဖယ်ရှားမည်


ပြည်ပသို့ဆန်တင်ပို့ရောင်းချမှုကန့်သတ်ချက်များကို အောက် တိုဘာ ၁၅ ရက် နောက်ပိုင်းတွင် ဖယ်ရှားပေးမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။လတ်တလော ကန့်သတ် ထားသောနယ်စပ်မှ ရောင်းချပါ က တန်ချိန် ၅၀၀ သာခွင့်ပြုသည့် ကန့်သတ်ချက်၊ နေပြည်တော်၌ သာ လိုင်စင်လျှောက်ထားရမည့် ကန့်သတ်ချက်၊ အရန်ဆန် ၂ ရာ ခိုင်နှုန်းထားရှိမည့် ကန့်သတ်ချက် များကို အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းတွင်လုံးဝဖယ်ရှားပေး ရန် စီးပွားကူးသန်းဝန်ကြီးဌာနက သဘောတူညီခဲ့ကြောင်း မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ် အ ထွေထွေ အတွင်းရေးမှူး ဦးရဲ မင်းအောင်ကပြောသည်။‘‘အစိုးရက ပြည်တွင်းမှာ ဆန် ဈေးမြင့်မှာစိုးရိမ်ပြီး စားသုံး သူဘက်ကကြည့်ပြီး အတားအဆီး တွေလုပ်တာပါ။ မကြာခင်မိုးစပါး ပေါ်တော့မှာဆိုတော့ ဆက်ပြီး အ ကန့်အသတ်တွေလုပ်မယ်ဆိုရင် လယ်သမားတွေအတွက် နစ်နာ စရာဖြစ်လာမယ်။ ဒါကြောင့်စပါး အထွက်များတဲ့အချိန်မှာ အကုန် ဖွင့်ဖို့ သဘောတူပေးလိုက်တာပါ’’ ဟု ဦးရဲမင်းအောင်ကပြောသည်။ပထမဆုံး ကန့်သတ်ချက် ပြင်ဆင်မှုအနေဖြင့် ပို့ကုန်လိုင်စင် ကို မူဆယ် နယ်စပ်မှာပင် ပြန် လည်ပြုလုပ်နိုင်ရန် ၀န်ကြီးဌာနက ဦးစွာစီစဉ်နေကြောင်း သိရသည်။စက်တင်ဘာ ၂၂ ရက်တွင် ဆန်ဈေးကွက်၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ စီးပွားကူးသန်းဝန် ကြီးဌာန ဒုတိယ၀န်ကြီး၊ နိုင်ငံ တော် သမ္မတ စီးပွားရေး အကြံ ပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ သည် ရန်ကုန်၌ တွေ့ဆုံဆွေးနွေး ပြီးနောက် နယ်စပ်မှဆန်တင်ပို့ရန် ပို့ကုန်လိုင်စင်ထုတ်ပေးမှု၊ အရန် ဆန်ထားရှိမှုတို့ ဖြေလျှော့ပေးရန် ၀န်ကြီးဌာနက သဘောတူညီ လိုက်ကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေး အလေးထားဆောင်ရွက်ရန် တရုတ်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

နှစ်နိုင်ငံနယ်နိမိတ်ဒေသတည်ငြိမ်ရေး အလေးထားဆောင် ရွက်ရန် တရုတ်ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွမ်က ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တိုက်တွန်းပြော ကြားခဲ့သည်။ရွေးကောက်ပွဲကြို ကာလ တွင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့ပြီး ချန်နှင့် တွေ့ဆုံချိန်၌ ဝန်ကြီးက ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ကာ ကွယ်ရေး ဝန်ကြီးဌာနက ထုတ် ပြန်သည်။
စက်တင်ဘာ ၂၁ ရက်က ဘေဂျင်းတွင် နှစ်နိုင်ငံ စစ်ရေး ကဏ္ဍနှင့် ပတ်သက်၍ အပြန်အ လှန် ဆွေးနွေးမှုများ ပြုလုပ်ရာ၌ ချန်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား နယ်စပ်ဒေသတည်ငြိမ်ရေး ကဏ္ဍအတွက် မြန်မာနှင့် တရုတ် တို့ အလေးအနက် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ပြော ကြားခဲ့သည်။တရုတ်ကာကွယ်ရေး ဝန် ကြီးဌာန၏ ကြေညာချက်တွင် တရုတ် အစိုးရအနေဖြင့် မြန်မာ့ နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲမှု များ ဖြစ်ထွန်းနေခြင်းကို ကြိုဆို ကြောင်းနှင့် ရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့် ကြောင်းလည်း ဖော်ပြပါရှိသည်။
‘‘မြန်မာ့ပြည်တွင်းနိုင်ငံရေး ကဏ္ဍနဲ့ အမျိုးသား ရင်ကြားစေ့ ရေး လုပ်ဆောင်မှုတွေ အရှိန် မြှင့် ဆောင်ရွက်နေတာကို တရုတ် အစိုးရက ထောက်ခံပါတယ်။ ပြီး တော့ ရေရှည် တည်ငြိမ်အေးချမ်း မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မျှော် လင့်ပြီး ရွေးကောက်ပွဲကိုလည်း ကြိုတင် သတ်မှတ်ထားတဲ့ အ တိုင်း အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ တိုက်တွန်းပါတယ်’’ ဟုလည်း ချန်၏ အဆိုကို ကိုးကား ပြီး တရုတ်ကာကွယ်ရေး ဝန်ကြီး ဌာနက ကြေညာသည်။

တက္ကသီလ ဘုန်းကြီးကျောင်းမှ ဆရာတော်ပျံလွန်တော်မူခြင်း အဖြစ်မှန်သိရန် သွေးအမျိုးအစားများ စစ်ဆေးမည်

မြောက်ဦးမြို့တက္ကသီ လဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာနေရာမှ သွေးအမျိုးအစားများကို စစ်ဆေးပြီးမှ လူသေမှု (သို့မဟုတ်) လူသတ်မှုဟု ကောက်ချက်ချနိုင်မည် ဖြစ်ကြောင်း မြောက်ဦးမြို့မရဲစ ခန်းမှ ရဲအရာရှိက ပြောသည်။စက်တင်ဘာ ၂၁ ရက်တွင် မြောက်ဦးမြို့ ၀သဲရပ်ကွက်ရှိ တက္ကသီလ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်သည် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် ပျံလွန်တော်မူနေခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက စက်တင်ဘာ ၂၂ ရက်၌ လာရောက်စစ်ဆေးခဲ့သည်။
‘‘ပြည်နယ်ရဲတပ်ဖွဲ့မှူးကိုယ် တိုင်လာရောက်ပြီးတော့ စစ်ဆေး မှုတွေပြုလုပ်နေပါတယ်။ အခင်း ဖြစ်တဲ့နေရာမှာ ရှိတဲ့မတူညီတဲ့ နေရာသုံးနေရာက သွေးတွေကို ယူ ပြီးတော့ စီအိုင်ဒီကိုပို့ဖို့လုပ်နေပါ တယ်။ အဲဒီသွေးနမူနာတွေ စစ် ဆေးချက်ထွက်လာပြီးမှ မိမိကိုယ် ကိုယ် သတ်သေမှုလား၊ လူသတ်မှုလားဆိုတာကို ကောက်ချက်ချနိုင်ပါမယ်’’ဟု မြောက်ဦး မြို့မရဲစခန်းမှ ဒုရဲအုပ်ဘစံက ပြောသည်။ဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ မြောက်ဦးမြို့မရဲစခန်းက သေမှုသေခင်းအမှုအမှတ် ၂၂/၂၀၁၅ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း အထက်ပါရဲအရာရှိက ဆိုသည်။

လိပ်ကျွန်းလူသတ်မှုတွင် လူသတ်လက်နက်အဖြစ် အသုံးပြုသည့် ပေါက်တူးရိုး၌ အမျိုးသားဒီအင်န်အေနှစ်မျိုး တွေ့ရှိထား


လိပ်ကျွန်းလူသတ်မှု တွင် လူသတ်လက်နက်အဖြစ် အ သုံးပြုသော ပေါက်တူးရိုး၌ လူ သတ်တရားခံဟု ယူဆရမည့် အ မျိုးသားဒီအင်န်အေနှစ်မျိုး တွေ့ရှိ ထားကြောင်း ထိုင်းနိုင်ငံ တရားမျှ တရေးဝန်ကြီးဌာန၊ အမျိုးသားမှု ခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်၏ လက်ထောက်မှုခင်းဆ ရာဝန်က တရားရုံးသို့လာရောက် ထွက်ဆိုခဲ့သည်။
စက်တင်ဘာ ၂၂ ရက်တွင် လိပ်ကျွန်းတရားခံပြ သက်သေ များအား (၁၆) ကြိမ်မြောက် ရုံး ထုတ်စစ်ဆေးရာ ဒေါက်တာပွန် တစ်၏ လက်ထောက်မှုခင်းဆရာ ၀န်က ပေါက်တူးအရိုးတွင် တွေ့ရှိထားသည့် ဒီအင်န်အေနှစ်မျိုး သည် ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေများ မဟုတ် ဟု အဆိုပါမှုခင်းဆရာဝန်က ထွက်ဆိုသွားကြောင်း မြန်မာသံ ရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင် မျိုးသန့်က ပြောသည်။ယင်းမှုခင်းဆရာဝန်သည် ပေါက်တူးရှိ ဒီအင်န်အေကို ပြန် လည်စစ်ဆေးရာတွင် ဦးဆောင် စစ်ဆေးခဲ့သူဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာမှတရုတ်သို့ သစ်ခိုးသွင်းမှုကို တရုတ်သစ်မှောင်ခိုဂိုဏ်းတစ်ခုက ထိန်းချုပ်လုပ်ကိုင်နေဟု EIA ထုတ်ပြန်


ပြည်ပသို့  သစ်အလုံးလိုက် တင်ပို့မှုကို    တားမြစ်ထားသော် လည်း   တရုတ်-မြန်မာနယ်စပ် တွင် တရားမ၀င်သစ်အလုံးလိုက် တင်ပို့မှုများ ရှိနေပြီး သစ်ခိုးတင်သွင်းမှုကို   တရုတ်မှောင်ခိုဂိုဏ်း တစ်ခုက ထိန်းချုပ်ထားကြောင်း  လန်ဒန်မြို့  အခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ(EIA)က သတင်းထုတ်ပြန်သည်။ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၂၀၁၅ အတွင်း စုံစမ်းတွေ့ရှိချက်များ ထုတ်ပြန်ခဲ့ပြီး EIA အဖွဲ့က သစ် ကုန်သည်အယောင်ဆောင် စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့သည့် အစီရင် ခံစာကို ထုတ်ပြန်ခြင်း ဖြစ်သည်။မြန်မာသော   တရားမ၀င် သစ်အများဆုံးဝင်ရောက်သည် ယူနန်ပြည်နယ်အတွင်းရှိ ဒိန် ဟောင်၊ နောင်တောင်နှင့် ရွှေလီ မြို့သုံးခုကို အဓိကထား စုံစမ်း စစ်ဆေးခဲ့ကာ   ယင်းနေရာများ တွင်  မြန်မာနိုင်ငံမှ  ၀င်ရောက် လာသည့် သစ်များကို လွတ်လပ် စွာကုန်သွယ်မှုပြုလုပ်ကြသည်ဟု EIA က ဆိုသည်။