မန္တလေးတိုင်းဒေသကြီး တွင် ရွှေထွက်သည့်ဒေသတစ်ခု ဖြစ်သော သပိတ်ကျင်းမြို့နယ် ရွှေတောများအတွင်း နေထိုင် သည့် ရွှေလုပ်သားများသည် ရွေး ကောက်ပွဲနှင့်ပတ်သက်၍ ဗဟုသု တအား နည်းနေကြောင်း အောက်တိုဘာ၂၇ရက်က သပိတ်ကျင်းမြို့နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်း များသို့ သွားရောက်မေးမြန်းချက် အရ သိရသည်။‘‘မသိပါဘူး။ တချို့ကျတော့ လည်း မဲပေးဖို့ ပြန်သွားကြတယ် ပြောတယ်။ ၀န်ထမ်းတွေကိုတော့ ကုမ္ပဏီက စီစဉ်ထားတယ်ပြော တယ်။ မဲဆွယ်စည်းရုံးတာတွေ မလာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ကြားဖူးပါတယ်။ အဒေါ်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးတွေ ဘာတွေမသိဘူး။ မဲဘယ်သူ့ကို ပေးရတယ်။ ဘာလို့ပေးရတယ်ဆိုတာ မသိဘူး။ အဒေါ်တို့ ကတော့ စစ်ကိုင်းနယ်ဘက်က ဒီကိုလာလုပ်တာပါ’’ဟု ကုမ္ပဏီ ကွင်းအတွင်း နေထိုင်သူ ရွှေလုပ် သားမိသားစုဝင်တစ်ဦးက ပြော သည်။
Thursday, October 29, 2015
တော်ဝင်မိသားစု၏ ပုံရိပ်ကို အလွဲသုံးစား ပြုသူများအား ထပ်မံ ဖမ်းဆီးသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ ကြေညာ
တော်ဝင်မိသားစု၏ ဂုဏ်ဒြပ်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုမှုအတွက် ဖမ်းဆီးမှုများ ထပ်မံ ပြုလုပ်သွားမည်ဟု ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
ထိုင်းအိမ်ရှေ့မင်းသား ဗီဂျာရာလွန်ကောင်၏ အမည်ကို အလွဲသုံးစားပြုကာ ပုဂ္ဂိုလ်ရေးကျော်ကြားမှု ရရှိလာအောင် ကြံဆောင်နေသူများကို ရှာဖွေ ဖမ်းဆီးရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အဆိုပါ စွဲချက်အတွက် ထိုင်းနိုင်ငံရှိ နာမည်ကျော် ဗေဒင်ဆရာ တစ်ဦးအပါအဝင် လူသုံးဦးကို ရဲများက ဖမ်းဆီးခဲ့သည်။
ထိုင်းအိမ်ရှေ့မင်းသား ဗီဂျာရာလွန်ကောင်၏ အမည်ကို အလွဲသုံးစားပြုကာ ပုဂ္ဂိုလ်ရေးကျော်ကြားမှု ရရှိလာအောင် ကြံဆောင်နေသူများကို ရှာဖွေ ဖမ်းဆီးရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အဆိုပါ စွဲချက်အတွက် ထိုင်းနိုင်ငံရှိ နာမည်ကျော် ဗေဒင်ဆရာ တစ်ဦးအပါအဝင် လူသုံးဦးကို ရဲများက ဖမ်းဆီးခဲ့သည်။
လေဘောလုံးများဖြင့် အင်တာနက်ကွန်ရက် ဖြန့်ကျက်မည့် အစီအစဉ် လာမည့်နှစ်တွင် စတင်နိုင်ရန် Google မျှော်လင့်
လေဘောလုံးများဖြင့် ကမ္ဘာတလွှားတွင် အင်တာနက်ကွန်ရက်များ ဖြန့်ကျက်ထောက်ပံ့ပေးမည့် အစီအစဉ်ကို လာမည့်နှစ်တွင် အစပြုနိုင်ရန် Googleက မျှော်လင့်လျက် ရှိသည်။
အမေရိကန်နည်းပညာကုမ္ပဏီကြီးက Project Loonဟု အမည်ပေးထားသည့် အစီအစဉ်အရ အထက်လေထုထဲသို့ လေဘောလုံးများ လွှတ်တင်ထားကာ မြေပြင်သို့ အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်အောင် စီစဉ်ပေးမည်ဖြစ်သည်။ ထိုအခါ လေထုထဲတွင် ဘောလုံးများ၏ လည်ပတ်မှုလမ်းကြောင်းပေါ် ကျရောက်နေသော ဒေသများ၌ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲနိုင်မည် ဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံရှိ မိုဘိုင်းကွန်ရက် ထောက်ပံ့သည့် ကုမ္ပဏီသုံးခုက Google၏ Project Loon နှင့် ပူးပေါင်းပြီး စမ်းသပ်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ကြေညာပြီး မကြာမီတွင် ယခုသတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ကမ္ဘာအနှံ့တွင် အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်ရေး မျှော်လင့်ချက်အတွက် ယခုအစီအစဉ်သည် အခြားသော နည်းလမ်းများထက် ကောင်းကျိုးပိုများကြောင့် သုတေသီများက ဆိုသည်။
အမေရိကန်နည်းပညာကုမ္ပဏီကြီးက Project Loonဟု အမည်ပေးထားသည့် အစီအစဉ်အရ အထက်လေထုထဲသို့ လေဘောလုံးများ လွှတ်တင်ထားကာ မြေပြင်သို့ အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်အောင် စီစဉ်ပေးမည်ဖြစ်သည်။ ထိုအခါ လေထုထဲတွင် ဘောလုံးများ၏ လည်ပတ်မှုလမ်းကြောင်းပေါ် ကျရောက်နေသော ဒေသများ၌ အင်တာနက်ကို အကန့်အသတ်မရှိ သုံးစွဲနိုင်မည် ဖြစ်သည်။အင်ဒိုနီးရှားနိုင်ငံရှိ မိုဘိုင်းကွန်ရက် ထောက်ပံ့သည့် ကုမ္ပဏီသုံးခုက Google၏ Project Loon နှင့် ပူးပေါင်းပြီး စမ်းသပ်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ကြေညာပြီး မကြာမီတွင် ယခုသတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ကမ္ဘာအနှံ့တွင် အင်တာနက်ကွန်ရက် ဖြန့်ကျက်နိုင်ရေး မျှော်လင့်ချက်အတွက် ယခုအစီအစဉ်သည် အခြားသော နည်းလမ်းများထက် ကောင်းကျိုးပိုများကြောင့် သုတေသီများက ဆိုသည်။
အမေရိကန် စစ်တပ်သုံး လေသင်္ဘောတစ်စီး ထိန်းချုပ်မှု လွတ်သွား၍ အရှုပ်အထွေးများ ဖြစ်ပေါ်
အမေရိကန် စစ်ဘက်သုံး လေသင်္ဘောတစ်စီး ထိန်းချုပ်မှု လွတ်သွားခဲ့သည့်နောက် မေရီလန်းနှင့် ပင်ဆယ်လ်ဗေးနီးယားတို့တွင် အရှုပ်အထွေးများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဒုံးကျည် တိုက်ခိုက်မှုများကို ကြိုတင် ထောက်လှမ်းနိုင်စေရန် တီထွင်ထားသည့် အဆင့်မြင့် နည်းပညာသုံး မောင်းသူမဲ့ လေသင်္ဘောသည် အထိန်းအကွပ်မဲ့ မျောလွင့်သွားပြီးနောက် ဓာတ်ကြိုးများနှင့် ချိတ်မိ၍ အိမ်ခြေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဒုံးကျည် တိုက်ခိုက်မှုများကို ကြိုတင် ထောက်လှမ်းနိုင်စေရန် တီထွင်ထားသည့် အဆင့်မြင့် နည်းပညာသုံး မောင်းသူမဲ့ လေသင်္ဘောသည် အထိန်းအကွပ်မဲ့ မျောလွင့်သွားပြီးနောက် ဓာတ်ကြိုးများနှင့် ချိတ်မိ၍ အိမ်ခြေ ထောင်ပေါင်းများစွာ လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
Monday, October 26, 2015
၂၀၁၅-၂၀၁၆ ခုနှစ် အယ်လ်နီညိုရဲ့ ကျယ်လောင်လာတဲ့ စိန်ခေါ်သံ
ဂေါ်ဇီလာအယ်လ်နီညို
ရာစုနှစ်ရဲ့ အပြင်းထန်ဆုံး သော အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် အရှိန်ယူအစပျိုးနေပြီ ဖြစ်ပါ တယ်။ သေဆုံးသူပေါင်း ၂,၁၀၀ ကျော်နဲ့ အထွေထွေအရပ်ရပ်ပျက် စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော်တဲ့အထိ ထိခိုက် ပျက်စီးသေဆုံးမှုမြင့်မားခဲ့သော ၁၉၉၇-၉၈ အယ်လ်နီညိုဖြစ်ပွား ခဲ့ပြီးနောက် ယခု ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ဂေါ်ဇီလာ အယ်လ်နီညို (Godzilla El Nino) ကို လူအများက စိုးရိမ်ပူပန်လျက် ရှိနေကြပါတယ်။
ပြိုင်တူတွန်းလျှင် ပြောင်းနိုင်ပါသည်
ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ခေတ်စားလာသည့် စကား လုံးတစ်လုံးရှိသည်။ အပြောင်းအ လဲဆိုသည့် စကားလုံးဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် ပါတီအချို့ သည်ပင်လျှင် အပြောင်းအလဲကို ဖော်ဆောင်မည်၊ ဖော်ဆောင်နေ သည်ဟု ကြွေးကြော်ကာ မဲဆွယ် စည်းရုံးနေကြသည်ကို တွေ့နေရ သည်။ အမှန်တကယ်လည်း မြန်မာနိုင်ငံသည် အပြောင်းအလဲ ကို အရေးတကြီးလိုအပ်နေသည် မဟုတ်ပါလား။
မြန်မာနိုင်ငံ၏ လက်ရှိပစ္စက္ခ အခြေအနေသည် အစစ အရာရာ နိမ့်ကျနေသည်။ နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းတို့သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မကောင်းသည့်ဘက်က စတင်ရေတွက်ပါက ထိပ်ဆုံးတွင်ရှိနေသည်။ ထိုထိပ်ဆုံးနေရာတွေကို ဗိုလ်စွဲကာ ပြိုင်ဘက်မရှိနေရာယူ ထားခဲ့သည်မှာလည်း ဆယ်စုနှစ် ငါးစုစာလောက်ရှိပြီ ဖြစ်သည်။ အ လုံးစုံ နိမ့်ကျသည့်ဒဏ်ကို မြန်မာပြည်သူ၊ ပြည်သားသန်းပေါင်းများစွာ ခါးကော့အောင်ခံခဲ့ကြရပြီးဖြစ်သည်။
သန်လျင်တံတား ဖြတ်သန်းခကောက်ခံသည့်အဖွဲ့များပြားခြင်းကြောင့် ယာဉ်ကြောကျပ်တည်းမှုကို မထသ၀င်ရောက် ဖြေရှင်းမည်ဟုဆို
သန်လျင်တံတားဖြတ် သန်းရာတွင် မြို့ဝင်ကြေးအပါအ၀င် အခွန်ကောက်ခံသည့် အဖွဲ့များပြားနေခြင်းကြောင့် ယာဉ် ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာ ခြင်းကို မထသမှ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ တင်ပြထား ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။လက်ရှိတွင် သန်လျင်တံ တားဖြတ်သန်းရာ၌ တံတားဖြတ် သန်းခ ၁၀၀ ကျပ်၊ YCDC မြို့ဝင် ကြေး ၂၀၀ ကျပ်နှင့် သန်လျင်မြို့ ၀င်ကြေး ၁၀၀ ကျပ်ကောက်ခံ လျက်ရှိသည်။
အဆိုပါ သန်လျင်တံတား ဖြတ်သန်းခ ကောက်ခံရာ တွင် မြို့ဝင်ကြေးနှင့် စည်ပင်ခွန် တို့ကိုပါ နှစ်ဖက်ကောက်ခံသည့် စနစ်ဖြစ်ရာ ယာဉ်ကြောပိတ်ဆို့မှု ကို ပိုမိုဖြစ်စေ၍ တစ်ဖက်တည်း တွင်သာ ကောက်ခံရန်စီစဉ်ခြင်း ဖြစ်ကြောင်း မထသ (ဗဟို)ဥက္ကဋ္ဌဦးလှအောင်က ရှင်းပြသည်။ ‘‘တံတားမှာ မြို့ဝင်ကြေး ကောက်ခံလို့ ကြန့်ကြာမှုဖြစ်ရင် ယာဉ်ကြောကျပ်တည်းမှု ဖြစ် တယ်။ ယာဉ်ကြောကျပ်တည်း တာနဲ့အမျှ ယာဉ်တွေကလည်း စည်းကမ်းဖောက်လာနိုင်တယ်။ ဒါကြောင့် ယာဉ်တွေစည်းကမ်း မဖောက်အောင် ၀ိုင်းဝန်းထိန်း သိမ်းပေးတဲ့အပိုင်းမှာ မထသ ရယ်၊ ယာဉ်ထိန်းရယ် ပူးပေါင်း ပြီး ဆောင်ရွက်ပေးနေပါတယ်’’ဟု ၎င်းကပြောသည်။
ကနေဒါတွင် ဝေလငါးကြည့် လှေတစ်စီး နစ်မြုပ်ပြီး ၄ ဦးထက်မနည်း သေဆုံး
ပျောက်ဆုံးနေသူများကို ရှာဖွေနေသည့် ကယ်ဆယ်ရေး အဖွဲ့ဝင်များ
ကနေဒါနိုင်ငံတွင် ဝေလငါးများကို အပျော်တမ်း စောင့်ကြည့်သည့် လှေတစ်စီး နစ်မြုပ်ခဲ့ရာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ကနေဒါ ကယ်ဆယ်ရေး တာဝန်ရှိ အဖွဲ့အစည်းများက ဗြိတိသျှ ကိုလံဘီယာရှိ ဗန်ကူးဗား ကျွန်းမှ တိုဖီနို အနီးတွင် လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဟု ပြောကြားခဲ့သည်။ နိုင်ငံအနောက်ပိုင်းတွင် ဖြစ်ပွားသည့် မတော်တဆမှုအတွက် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့များ ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည်။
APနှင့် AFP သတင်းဌာနများက ကယ်ဆယ်ရေး အဖွဲ့များ၏ အဆိုကို ကိုးကားပြီး လှေပေါ်တွင် လူ ၂၇ ဦး လိုက်ပါခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် သေဆုံးသူများ၏ နိုင်ငံသား ဖော်ပြချက်ကို တိတိကျကျ မသိရသေးချေ။
ရလဒ် မပြတ်သားသဖြင့် အာဂျင်တီးနား ရွေးကောက်ပွဲ နောက်ဆက်တွဲ ယှဉ်ပြိုင်ရဖွယ်ရှိ
မည်သည့် သမ္မတလောင်းမျှ လုံလောက်သည့် မဲအရေအတွက် မရရှိသည့်နောက် အာဂျင်တီးနား နိုင်ငံတွင် နောက်ဆက်တွဲ ရွေးကောက်ပွဲတစ်ခု ကျင်းပသွားရဖွယ် ရှိနေကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၅ ရက် ရွေးကောက်ပွဲအတွက် မဲများ ရေတွက်ပြီးစီးလုနီးပါး ရှိနေချိန်တွင် ဗဟိုလက်ဝဲယိမ်း သမ္မတလောင်း ဒန်နီရယ်လ် ဆကွိုင်လီက ဗျူနိုအေးရိစ် မြို့တော်ဝန် မော်ရစ်ဟီယို မာကရီကို မဲအရေအတွက် အတန်ငယ် အသာစီးဖြင့် ဦးဆောင်လျက် ရှိသည်။
မဲအားလုံး ရေတွက်ပြီးချိန်တွင် ဆကွိုင်လီ၏ ဦးဆောင်မှုက ပိုမိုပြတ်သားလာမည်ဟု နိုင်ငံရေး အကဲခတ်များက ထင်ကြေးပေးထားသည်။ သို့သော်လည်း အစိုးရ ဖွဲ့စည်းရန် လိုအပ်သည့် မဲအရေအတွက် နှစ်ဖက်စလုံး မရရှိနိုင်သောကြောင့် နိုဝင်ဘာ ၂၂ ရက်တွင် စိတ်မကျေပွဲအဖြစ် နောက်ဆက်တွဲ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။
အစ္စရေး-အာရပ်တစ်ဦး လေတံခွန်ဖြင့် နယ်စပ်စည်းရိုးကို ကျော်ဖြတ်ကာ အိုင်အက်စ်တို့ထံ ပူးပေါင်းသွား
ဆီးရီးယားနှင့် နယ်စပ်စည်းရိုးအနီး လုံခြုံရေး စောင့်ကြပ်နေသည့် အစ္စရေးတပ်ဖွဲ့များ။
အစ္စရေးနိုင်ငံမှ အာရပ်တစ်ဦးက လေတံခွန်တစ်ခုကို အသုံးပြုကာ ဆီးရီးယားသို့ ပျံသန်းပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများနှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က အသက် ၂၃ နှစ်အရွယ်ရှိသူ အမျိုးသားတစ်ဦးသည် ဆီးရီးယားဘက်ခြမ်းသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ အစ္စရေးရှိ အာရပ်အနွယ်များ အဓိက နေထိုင်ရာ ဂျယ်ဂျူလီယာ ကျေးရွာတွင် နေထိုင်သည့် အဆိုပါ အမျိုးသားသည့် နှစ်နိုင်ငံ နယ်ခြားတွင် တားဆီးထားသည့် သံစည်းရိုးများကို လေတံခွန် အကူအညီဖြင့် ကျော်ဖြတ်ကာ ဒါရား ဒေသဘက် ဆင်းသက်သွားခဲ့ခြင်း ဖြစ်သည်။
Friday, October 23, 2015
တိုင်ကြားချက် ၇၀ ကျော် UEC လက်ခံ ရရှိ
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလအတွင်း ဥပဒေအရ တိုင်ကြားမှု ၇၀ ကျော် ရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဒီတိုင်တန်းမှုတွေမှာ အကျိုး ဖျက်ဆီးမှု၊ နိုင်ငံရေးပါတီ အချင်းချင်း တိုင်တန်းမှု၊ အများပြည်သူက ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို တိုင်တန်းမှု စတဲ့အမှုတွေပါတယ် လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။
ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အဖြစ်အပျက် ၉၀ကျော် ဖြစ်ပွားခဲ့တာမှာ အမှုဖွင့်တိုင်ကြားမှုဟာ ၇၀ကျော် ရှိခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ ဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးဝင်းကိုက ဗွီအိုအေ မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။
ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အဖြစ်အပျက် ၉၀ကျော် ဖြစ်ပွားခဲ့တာမှာ အမှုဖွင့်တိုင်ကြားမှုဟာ ၇၀ကျော် ရှိခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ ဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးဝင်းကိုက ဗွီအိုအေ မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။
အစွန်းရောက် အမျိုးသားရေး ဝါဒ မြန်မာ ရွေးကောက်ပွဲ ကို ထိခိုက်နိုင်
မြန်မာနိုင်ငံမှာ အစွန်းရောက် အမျိုးသားရေးဝါဒ ကြီးထွားလာနေတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့နေရပြီး ဒါဟာ မကြာခင် ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲ အတွက် လုံခြုံစိတ်ချရမှုကို ထိခိုက်စေနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က ပြောကြားခဲ့ပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့က နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ လူမှုရေး၊ လူ့အခွင့်အရေး နဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီ ရှေ့မှောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေကို တင်ပြချိန်မှာ ပြောကြားခဲ့တာပါ။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာပါ။
အောက်တိုဘာလ ၂၁ ရက်နေ့က နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ လူမှုရေး၊ လူ့အခွင့်အရေး နဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီ ရှေ့မှောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေကို တင်ပြချိန်မှာ ပြောကြားခဲ့တာပါ။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာပါ။
မြန်မာ ရွေးကောက်ပွဲ အပေါ် Mitch McConnell မျှော်လင့်ချက် ထားဆဲ
လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေ အတွက် သူတို့ လိုလား တဲ့ ခေါင်းဆောင်ကို ရွေးချယ်ခွင့် ရမယ့် အခွင့်အလမ်းတရပ်ဖြစ်တာမို့၊ ဒီရွေးကောက်ပွဲ အခြေအနေကို အမေရိကန်ပြည်ထောင်စု နဲ့ နိုင်ငံတကာ က စောင့်ကြည့် အကဲခတ်နေတယ်လို့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ပြောလိုက်ပါတယ်။ ဒီရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို တိုင်းတာ အကဲဖြတ်ရမယ့် အခြေအနေ တရပ်ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnellမနေ့တုန်းက အမေရိကန် အထက်လွှတ်တော် မှာ လာမယ့်မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောဆို သွားတာတွေကို ကိုသားညွန့်ဦးက ကောက်နုတ် တင်ဆက်ပေးပါမယ်။
Thursday, October 22, 2015
မြန်မာရွေးကောက်ပွဲအလားအလာ ကန်လွှတ်တော်ကြားနာ
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေဆဲ ဆိုပေမဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး စိုးရိမ်စရာတွေ ရှိနေဆဲ အခြေအနေတွေကို အမေရိကန် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးကြားနာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေဟာ အောင်မြင်မှုရှိတယ်လို့ မကြာခဏ ပြောဆိုနေပေမဲ့ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကန့်သတ်မှုတွေ ရှိနေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကိုလည်း ဥပဒေပြု အမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။
စစ်တပ် မဲရုံတွေအတွင်း အီးယူစောင့်ကြည့်ရေးအဖွဲ့ လေ့လာနိုင်မည်
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ စစ်တပ်တွေထဲက မဲရုံတွေကို သွားရောက် လေ့လာနိုင်မှာ ဖြစ်တယ်လို့ EU EOM အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဆီကိုလည်း အာရုံစိုက် လေ့လာသွားမယ်လို့လည်း ပြောပါတယ်။အပြည့်အစုံကိုတော့ ရန်ကုန်မြို့မှာ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင် က သတင်းပေးပို့ထားပါတယ်။၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲမှာ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်မယ့် အဖွဲ့တဖွဲ့ဖြစ်တဲ့ EU EOM ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့အနေနဲ့ စစ်တပ်တွေထဲက မဲရုံတွေမှာ သွားရောက် လေ့လာနိုင်မှာဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ လေ့လာရေးမှူးအဖွဲ့ချုပ် Alexander Graf Lambsdorff က ဆိုပါတယ်။
“ကျနော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ် ရွေးကောက်ပွဲနေ့မှာ ကျနော်တို့အဖွဲ့အနေနဲ့ တပ်မတော်သား မဲရုံတွေကို သွားရောက် လေ့လာခွင့်ပေးမယ်လို့ သဘောတူထားပါတယ်။ သွားလို့ မရနိုင်တဲ့ နိုင်ငံတော် လုံခြုံရေးအရ တချို့မသွားရောက်နိုင်တဲ့ နေရာတွေကလွဲလို့ မဲရုံအားလုံးကို လွတ်လပ်စွာ လေ့လာခွင့်ပြုထားပါတယ်။”
Wednesday, October 21, 2015
ထောင်ထားတဲ့ထီးဖြူနဲ့ ဘယ်သူဘုရင်လုပ်မလဲ
(တစ်)
ရွေးကောက်ပွဲနီးသည့်ရက်များအတွင်းမှာမှ ပုဂံသို့ခပ်စိပ် စိပ်ကလေးဆိုသလို ရောက်ဖြစ်ပါသည်။ မြင်းခြံသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ပခုက္ကူသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ချင်းတောင်သို့အသွားတွင်လည်း ပုဂံကခရီး တစ်ထောက်မို့ မူလပထမပုဂံနှင့် အကျွမ်းတဝင်ရှိပြီးသားတွင် လက်ပွန်းတတီးက ထပ်ဆောင်းကာ နွေးနွေးထွေးထွေးရှိလို့မဆုံးသည့်ရက်များပင် ဖြစ်ပါလေသည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက်၌ကျင်းပမည့် ရွေးကောက်ပွဲအကြိုရက်များအတွင်း ပုဂံသို့ရောက်သောအခါ ဖျတ်ခနဲအာရုံရောက်သွားမိသည်က ထီးလိုမင်းလိုဘုရားပဲဖြစ်ပါသည်။ ထီးလိုမင်းလိုဘုရင်က ရွေးကောက်တင်မြှောက်သည့် နည်းမျိုးဖြင့် နန်းတက်လာသည် ဟုဆိုကြသည်မဟုတ်လား။
စာအုပ်စင်ပေါ်၌ ဆရာတော်‘‘ရွှေကိုင်းသား’’၏‘‘ပုဂံသွားမှတ်တမ်း’’စာအုပ်ကလေးရှိရာ ထိုစာအုပ်တစ်နေရာတွင် ဆရာတော်က ‘‘ပုဂံရာဇဝင်တွင် ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကို ရရှိခဲ့သော ထီးလိုမင်းလိုခေါ် ဇေယျသိင်္ခနန်းတောင်းများမင်း’’ ဟုထည့်သွင်းရေးသားထားခဲ့ဖူးသည်ကို အမှတ်ရမိ၍ဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကိုရရှိတဲ့။
ရွေးကောက်ပွဲနေ့တွင် လုပ်သားစေလွှတ်မှုအချို့ ရပ်နားထားမည်
ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ပထွက်ခွာအလုပ်လုပ်သူဦးရေမှာ လျော့သွားခြင်းမရှိဘဲ ပုံမှန်အခြေအနေ၌ ရှိနေပြီး အေဂျင်စီအချို့ရွေးကောက်ပွဲရက်တွင် လုပ်သားစေလွှတ်မှု ရပ်နားထားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန်ရှိသော်လည်း ပြည်ပနိုင်ငံများမှ လုပ်သားခေါ်ယူမှုပုံမှန်အတိုင်းရှိနေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ များက ဆိုသည်။
‘‘လုပ်သားစေလွှတ်မှုက ပုံမှန်အတိုင်းရှိနေပါတယ်။ ခေါ်စာတွေလည်း အဲဒီလပိုင်းအထိရှိနေတာပဲ။ ဒါပေမဲ့ နိုဝင်ဘာ ၈ ရက်က ရွေးကောက်ပွဲလုပ်မှာဆိုတော့ ကျွန်တော်တို့ဆီက အဲဒီ့တစ်ရကတော့ လုပ်သားပို့မှာတော့ မဟုတ်ဘူး’’ဟု ရွှေဝင်းပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြောသည်။
အမျိုးသမီးအခွင့်အရေး တန်းတူညီမျှရဖို့ ဥပဒေများ တင်သွင်းရန်လိုနေဟု ဒေါ်ညိုညိုသင်း ထောက်ပြ
အမျိုးသမီးများ အခွင့်အရေး တန်းတူညီမျှ ရရှိရန်အတွက် ဥပဒေများ ကိုလွှတ်တော်သို့ တင်သွင်းရန် လိုအပ်နေသည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ပြောသည်။
“နိုင်ငံရေးနဲ့ လူမှုရေးတွေမှာ အမျိုးသမီးတွေ ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့နေရာမှာ ပါဖို့မဖြစ်မနေ ရေးဆွဲပေးရမယ်”ဟု ၎င်းက ပြောသည်။
ဒဂုံစီးတီး စီမံကိန်း၊ ရန်ကုန်မြို့သစ် စီမံကိန်း၊ ကျိုက္ကဆံကွင်း စီမံကိန်း အစရှိသည့် စီမံကိန်းများအတွက် လွှတ်တော်သို့ အဆိုများတင်သွင်းကာ တားဆီးနိုင်ရေး ကြိုးပမ်းခဲ့သူလည်း ဖြစ်သည့် လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အမျိုးသမီးဆိုလျင် ကိုယ်ဝန်ဆောင် မိခင်မှသာ နိုင်ငံတော်၏ ကာကွယ် စောင့်ရှောက်မှုကို ရသလို ဖြစ်နေကြောင်း မိခင်မဟုတ်သည့် အမျိုးသမီးများ အနေဖြင့် နိုင်ငံတော်၏ ကာကွယ် စောင့်ရှောက်မှုကို မရသလိုဖြစ်နေ၍ နိုင်ငံတော် အခြေခံမူကိုပင် အမျိုးသမီးများအခွင့်အရေးနှင့် ပက်သက်ပြီး ပြင်စရာတွေ အများကြီး ရှိနေသေးသည်ဟု ပြောသည်။
ရေကြီးနစ်မြုမှုများကြောင့် လယ်ဧက ၁၀ သိန်းကျော် ပျက်စီး အကူအညီများ အစောတလျင်ပေးရန် FAO နှင့် WFO တို့ပြော
ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးမှုများကြောင့် လယ်မြေဟက်တာ ငါးသိန်း (ဧက ၁၂သိန်းကျော်) ပျက်စီးခဲ့ရပြီး ဆိတ်၊ နွား၊ ဝက်ကောင်ရေ နှစ်သိန်းခွဲ သေဆုံးခဲ့ခြင်းကြောင့် လယ်သမားတို့အတွက် အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်တို့က အောက်တိုဘာ ၂၀ ရက်က ပူးတွဲ ထုတ်ပြန်ကြေညာသည်။
“ထိခိုက် ဆုံးရှုံးခဲ့ရသော လယ်သမားများ အထူးသဖြင့် ဆင်းရဲမှုကြောင့် ပိုမို ထိခိုက်လွယ်သော အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများအတွက် မွေးမြူရေး တိရစ္ဆာန်များ၊ မျိုးစေ့များ၊ ဓာတ်မြေသြဇာနှင့် လယ်ယာသုံး ပစ္စည်း ကိရိယာများ ကူညီကြရန်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ကမ္ဘာ့ စားနပ်ရိက္ခာ စိုက်ပျိုးရေး အဖွဲ့နှင့် ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်တို့သည် ရေကြီးနစ်မြုပ်မှုဒဏ် ခံခဲ့ကြရသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
UEFA ၏ နှစ်ပတ်လည် ဘဏ္ဍာရေးရှင်းတမ်းအရ ပရီးမီးယားလိဂ်မှာ ၀င်ငွေကဏ္ဍအားလုံးကို လွှမ်းမိုးထား
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)၏ ၂၀၁၄ ခုနှစ် နှစ်ပတ်လည် ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းအရ ပရီးမီးယားလိဂ်ပြိုင်ပွဲသည် ၀င်ငွေကဏ္ဍအားလုံးတွင် အခြားလိဂ်များကို လွှမ်းမိုးနိုင်ခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးအနေဖြင့် အခြားလိဂ်များကို လွှမ်းမိုးနိုင်ခဲ့သော်လည်း အသင်းတစ်သင်းချင်းစီအလိုက် ကဏ္ဍတွင်မူ ရီးယဲလ်အသင်းက အချမ်းသာဆုံးအသင်း၊ ကွင်းဝင်ကြေးအများဆုံး ရရှိသည့်အသင်း၊ ကစားသမားတန်ဖိုးအကြီးဆုံးအသင်း၊ လစာငွေပေးချေရမှုအများဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ပရီးမီးယားလိဂ်အသင်းများ၏ စုစုပေါင်းဝင်ငွေမှာ ပေါင် ၃ ဒသမ ၃ ဘီလီယံအထိရှိခဲ့ပြီး အချမ်းသာဆုံးထိပ်သီးအသင်း ၃၀ တွင် ပရီးမီးယားလိဂ်မှ ၁၂ သင်းအထိပါဝင်ခဲ့သည်။
၂၀၀၉ ခုနှစ်က တစ်နှစ်လျှင်ဝင်ငွေ ယူရိုသန်း ၁၀၀ ကျော်ရရှိသည့်အသင်း ၂၄ သင်းသာ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ၄၅ သင်းအထိ ရှိလာပြီ ဖြစ်သည်။ အချမ်းသာဆုံးထိပ်သီးအသင်း ငါးသင်းမှာ ရီးယဲလ်၊ မန်ယူ၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနှင့် ပီအက်စ်ဂျီအသင်းတို့ဖြစ်ပြီး ထပ်သီး ၁၀ သင်းတွင် ပရီးမီးယားလိဂ်က ငါးသင်း ပါဝင်ခဲ့သည်။ပရီးမီးယားလိဂ်အသင်း ၂၀ ၏ ၀င်ငွေစုစုပေါင်းမှာ အခြားဥရောပလိဂ်ငယ်လေး ၄၈ လိဂ်၏ ၀င်ငွေစုစုပေါင်းထက် ပိုမိုများပြားလျက်ရှိသည်။
ပိုလန်ဝန်ကြီးချုပ် အီဝါကိုပက်ဇ်
မစ္စစ်အီဝါကိုပက်ဇ်သည် ပိုလန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိပိုလန်နိုင်ငံ၏ ၀န်ကြီးချုပ် ဖြစ်သည်။ ယင်းမတိုင်မီ ပါလီမန် ဥက္ကဋ္ဌဖြစ်ပြီး အဆိုပါရာထူးကို ရ ရှိသော ပထမဆုံးအမျိုးသမီးဖြစ် သည်။ ၂၀၀၇ မှ ၂၀၁၁ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးတာဝန်ထမ်း ဆောင်ခဲ့သည်။အီဝါကိုပက်ဇ်ကို ၁၉၅၆ တွင် စကာရစ်ဇူးဒေသ၌ မွေးဖွားခဲ့ သည်။ ဖခင်မှာ စက်ပြင်ဆရာတစ် ဦးဖြစ်ပြီး မိခင်မှာ စက်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်သည်။ ရာဒွန်မြို့တွင် ကြီး ပြင်းခဲ့ပြီး အထက်တန်းအောင် မြင်ခဲ့သည်။အီဝါကိုပက်ဇ်သည် ၁၉၈၁ လူဘလင် ဆေးတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။ မိသား စုဆေးပညာရှင်ကလေးအထူးကု ဘာသာရပ်များ အထူးပြု၍ ထပ်မံလေ့လာခဲ့သည်။ ကျေးလက်ဆေး ခန်းများမှ စတင်အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဒေသခံဆေးရုံအကြီး အကဲဖြစ်လာခဲ့သည်။မစ္စစ် အီဝါကိုပက်ဇ်သည် ၁၉၈၀ ပြည့်နှစ်က ညီညွတ်သော ပြည်သူ့ပါတီသို့ ၀င်ရောက်ခဲ့ သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ တွင်မူ လွတ်လပ်ရေးသမဂ္ဂပါတီ သို့ ၀င်ရောက်ခဲ့ပြီး ရာဒွန်ခရိုင် ပါတီအကြီးအကဲဖြစ်လာသည်။ ၁၉၉၈ ဒေသဆိုင်ရာရွေးကောက် ပွဲတွင် ဒေသဆိုင်ရာကောင်စီလူ ကြီး တစ်ဦးအဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။
ကာဗွန်များ ပျော်ဝင်နေသည့် ပင်လယ်သမုဒ္ဒရာများ
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း လူတို့၏ ပယောဂကြောင့် ထွက်ရှိလာသော ကာဗွန်မက်ထရစ်တန်ဘီလီယံ ၁၅၀ ကို ကမ္ဘာ ပေါ်ရှိ ပင်လယ်သမုဒ္ဒရာများက စုပ်ယူထားသည်။ လက်ရှိတွင် လူတစ်ဦး၏ ပျမ်းမျှကာဗွန်ထုတ်လွှတ်မှု မှာ သီတင်းတစ်ပတ်လျှင် ၁၅ ပေါင်ရှိပြီး ယင်းမှာ နှစ်စဉ်အီကွေတာ ကို ၁၃ ပတ်ပတ်နိုင်အောင် ရှည် လျားသော ကျောက်မီးသွေးသုံး ရထားကို စွမ်းအင်ဖြည့်ပေးရန် လုံလောက်ပါသည်။ကမ္ဘာတစ်ဝန်းရှိ ပင်လယ်သမုဒ္ဒရာများနှင့် ကမ်းရိုးတန်းရေ ပြင်များက စိတ်အနှောင့်အယှက်ဖြစ်ရာ ဇာတ်လမ်းကို စတင်ပြော ကြားနေကြသည်။ ပင်လယ်သမုဒ္ဒ ရာများသည် ရေမြှုပ်တစ်ခုကဲ့သို့ ပင် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်များကို တစ်နေ့တ ခြားပိုမိုစုပ်ယူနေပါသည်။ ကာဗွန် ဒိုင်အောက်ဆိုက်များကို စုပ်ယူ လွန်းအားကြီး၍ ပင်လယ်သမုဒ္ဒရာ နှင့် ကမ်းရိုးတန်းရေပြင်များ၏ ဓာ တုဗေဒမျှခြေညီမျှနေမှုများ ပြောင်းလဲနေပြီး ရေနေသဘာဝဂေဟ စနစ်များကို တိုး၍ ခြိမ်းခြောက်နေ သည်။
ပုပ်ရဟန်းမင်းကြီး ဦးနှောက်တွင် အကြိတ်ရှိနေသည်ဆိုသော သတင်းကို ဗာတီကန် ငြင်းဆို
ပုပ်ရဟန်းမင်းကြီး အနေဖြင့် ဦးနှောက်အတွင်း အကြိတ်ရှိနေသည့် ရောဂါဝေဒနာ ခံစားနေရကြောင်း သတင်းများကို ဗာတီကန် နန်းတော်က ငြင်းဆန်သွားခဲ့သည်။ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်နိုင်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် ဦးနှောက်ထဲတွင် အကြိတ်ရှိနေကြောင်း ဆေးစစ် တွေ့ရှိခဲ့သည်ဟု အီတလီ မီဒီယာများက ဖော်ပြခဲ့သည်။ပုပ်ရဟန်းမင်းကြီး အခြေချ သီတင်းသုံးရာ ဗာတီကန် နန်းတော်က အောက်တိုဘာ ၂၁ ရက်တွင် အဆိုပါ သတင်းများနှင့် ပတ်သက်၍ ရှင်းလင်း ငြင်းချက်ထုတ်ခဲ့ခြင်း ဖြစ်သည်။“ပုပ်ရဟန်းမင်းကြီး အနေနဲ့ လုပ်ငန်းတာဝန် မှန်သမျှကို တတ်အားသ၍ စူးစိုက် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အခုလို အခြေအမြစ်မရှိ ထွက်ပေါ်လာတဲ့ ကောလာဟလ သတင်းစကားတွေဟာ ပုပ်ရဟန်းမင်းကြီးအတွက် အာရုံထား အရေးတယူပြုဖို့ မထိုက်တန်ပါဘူး”ဟု ဗာတီကန်နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဖာသာ ဖက်ဒရေကို လွမ်ဘာဒီက ပြောကြားခဲ့သည်။
မူဆယ်မြို့၊ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့မှ ဆက်ကြေးပေးဆောင်ရန် ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆို
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ထံသို့ ဆက်ကြေး ပေးဆောင်ရန်အတွက် လာရောက်ဆွေးနွေးရန် ဖုန်းဖြင့်ဆက်သွယ် ခြိမ်းခြောက်ပြောဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊ ဈေးရပ်ကွက်ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ဝင် ကျောင်းဟုန် ဆိုသူမှ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲချိန်တွင် ဆက်ကြေးငွေပေးဆောင်ရန်အတွက် ဖုန်းဖြင့် ခြိမ်းခြောက်ပြောဆိုရာ အစိုးရဘဏ်ဖြစ်၍ မန်နေဂျာတစ်ယောက်အနေဖြင့် ဆုံးဖြတ်ခွင့် မရှိကြောင်း ၊ အထက်ဌာနသို့ သတင်းပို့ပေး မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဘဏ်ဝန်ထမ်း တစ်ဦး၏ ပြောပြချက်အရ သိရသည်။
အနာဂတ်တွင် စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင့်သုံးခဲ့သည့် ပြည်သူ့စစ်မဟာဗျူဟာအရ အနာဂတ်တွင် မြန်မာနိုင်ငံသား များအနေဖြင့် စစ်မှုမထမ်းမနေရ စနစ်အရ အချိန်ကာလအပိုင်းအခြားတခုဖြင့် စစ်မှုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိများ၊ စစ်သည်များနှင့် မနေ့ကတွေ့ဆုံရာတွင် ပြောဆိုကြောင်း စစ်တပ်ပိုင် မြ၀တီသတင်း တွင် ဖော်ပြသည်။
ပြည်သူလူထုအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သလို တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် သင့်တင့်မျှတသည့်အင်အား၊ စွမ်းရည်၊ စွမ်းအား ရှိသည့် တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး တိုက်တွန်းခဲ့သည်။
ပြည်သူလူထုအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သလို တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် သင့်တင့်မျှတသည့်အင်အား၊ စွမ်းရည်၊ စွမ်းအား ရှိသည့် တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး တိုက်တွန်းခဲ့သည်။
Saturday, October 17, 2015
ရုရှ၏ ထောက်ကူမှုဖြင့် အလက်ပိုမြို့အနီး ဆီးရီးယားစစ်တပ်က ထိုးစစ်စတင်
ရုရှလေကြောင်းပစ်ကူနှင့် မဟာမိတ်ပြည်သူ့စစ်တို့၏ ကျောထောက်နောက်ခံဖြင့် ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၆က ဒုတိယမြို့ကြီး အလက်ပိုဝန်းကျင်ရှိ သူပုန်များကို တိုက်ခိုက်သည့် ရှေ့တန်းစစ်မျက်နှာသစ်တစ်ခုကို ဖွင့်လိုက်သည်။ယင်းထိုးစစ်တွင် အီရန်နောက်ခံ တပ်ဖွဲ့ဝင် ၂,၀၀၀ခန့်လည်း ပါသည်ဟု ၀ါရှင်တန်က ပြောသည်။ ဆီးရီးယားနယ်စပ်အနီး ၄င်း၏ လေပိုင်နက်သို့ ကျူးကျော်လာသည့် မည်သူ၏ လေယာဉ်မှန်း မသိရသည့် လူမဲ့ဒရုန်းယာဉ်တစ်စင်းကို ပစ်ချလိုက်သည်ဟု တူရကီက ပြောကြားပြီးနောက် ယခုထိုးစစ်ဖြစ်ပေါ်လာသည်။စက်တင်ဘာ ၃၀တွင် မော်စကိုက လေကြောင်းစစ်ဆင်ရေးစတင်ကတည်းက သမ္မတဘာရှားအယ်လ်အာဆတ်၏ အစိုးရက ဆင်နွှဲသော ထိုးစစ်များတွင် ယခုအလက်ပိုထိုးစစ်က စတုတ္ထမြောက်ဖြစ်သည်။
ကြိုတင်မဲ အခက်အခဲ စာနာ နားလည်ပေးရန် ရွေးကောက်ပွဲကော်မရှင် တောင်းပန် ထုတ်ပြန်
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲများကို သက်ဆိုင်ရာနိုင်ငံ သံရုံး အသီးသီးတွင် ပေးနိုင်ကြပြီဖြစ်ရာ မဲဆန္ဒပေးခွင့် မရှိသူများ ပေါ်ပေါက်ခြင်း၊ ဆန္ဒမဲ လက်မှတ်မပြည့်စုံမှုများ ပေါ်ပေါက်လာပြီးနောက် အခက်အခဲများကို နားလည်ပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
သက်ဆိုင်ရာ သံရုံးများသည် “ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးခြင်း၊ သံရုံးများတွင် ဝန်ထမ်းကန့်သတ်ချက် ရှိခြင်း၊ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန် သံရုံးအသီးသီးတွင် အခက်အခဲ ရှိမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခံစား နားလည်မိပါကြောင်း၊ ပြည်တွင်း/ပြည်ပရှိ မဲဆန္ဒရှင်များ အနေဖြင့်လည်း နားလည်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံ အသိပေး ကြေညာ အပ်ပါသည်” ဟု ကြေညာချက်တွင် ပါရှိသည်။
ဘာသာရေး၊ လူမျိုးရေးဖြင့် တိုက်ခိုက်သူများ သတ္တိရှိပါက တရားဝင်စွပ်စွဲပါဟု ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်
ရွေးကောက်ပွဲကိုအကြောင်းပြုပြီး သူမနှင့် သူမ၏ပါတီကို လူမျိုးရေး၊ ဘာသာရေး ထိုးနှက်နေသူများအနေဖြင့် သတ္တိရှိရှိ တရားဝင်စွပ်စွဲလိုက်ပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ခရီးစဉ်တွင် ပြတ်ပြတ်သားသားပြောဆိုလိုက်သည်။
“ဒီလိုပြောတတ်တဲ့သူတွေဟာ တစ်ကယ်သတ္တိရှိတယ်ဆိုလို့ရှိရင် ကျွန်မတို့ကိုတရားဝင် စာရေးပြီးတော့ စွပ်စွဲပါ။ တရားဥပဒေဘောင်အတွင်းကနေ ကျွန်မတို့ရင်ဆိုင်ပါမယ်” ဟု ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အောက်တိုဘာ ၁၇ရက်၊ နံနက်ပိုင်းကပြုလုပ်သည့် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်သို့ ၁၃နှစ်အတွင်း ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ဒေသခံများ
အများဆုံးမေးမြန်းသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရတစ်ရပ်ဖွဲ့နိုင်ပါက ရခိုင်တိုင်းရင်းသားတို့လက်မခံသည့် ဘင်္ဂလီများကြီးစိုးသွားမည်လော၊
ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားမည်လော ဟူသည့် မေးခွန်းများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရွေးစင်နည်းပြချုပ် မိုဗစ်ကို ရာထူးမှ ထုတ်ပြီး ဂတ်ဇီဆီနှင့် အစားထိုး
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်ပြီး ယူ-၂၀ နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်နှင့် အစားထိုး ခဲ့သည်။
ဆာဘီးယားလူမျိုး အေဗရာမိုဗစ်သည် ပြီးခဲ့သည့် ၂၀၁၄ ဖေဖော်ဝါရီတွင် လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့သော်လည်း ၄င်းလက်ထက်တွင် လက်ရွေးစင်အသင်း ပွဲပေါင်း ၂၂ ပွဲ၌ ခုနစ်ပွဲနိုင် လေးပွဲသရေ ၁၁ ပွဲရှုံး ရလဒ်သာ ရရှိထားသည်။MFF သည် နည်းပြဟောင်း ရာဒီ အေဗရာမိုဗစ်အား လစာ(၃)လစာ ပေးအပ်၍ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီး ဆာဘီးယား ကြံ့ခိုင်ရေး နည်းပြ လူကာ ကိုလည်း လစာ(၂)လစာ ပေးအပ်၍ စာချုပ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။
ရခိုင်ပြည်နယ်တွင် တစ်သောင်းတန်ငွေစက္ကူအတုတွေ့ရှိမှု များလာ
အောက်တိုဘာလ ဆန်းမှစတင်၍ ရခိုင်ပြည်နယ်အ တွင်း မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်များတွင် ကျပ် တစ်သောင်းတန်ငွေစက္ကူအတု တွေ့ရှိရမှုများပြားနေကြောင်း သ တင်းရရှိသည်။‘‘ဘဏ်ကို ငွေသွင်းလာတဲ့ လူတွေမှာ အများဆုံးတွေ့လာရ တာ ဖြစ်ပါတယ်။ အပြင်မှာတော့ ဘယ်လောက်ထိ ပြန့်နေမလဲဆို တာကို မပြောတတ်တော့ပါဘူး။ အရင်ကလည်း ပျောက်နေပြီးတော့အခုအောက်တိုဘာလဆန်းပိုင်း ကစပြီး အများဆုံးတွေ့လာရတာ ဖြစ်ပါတယ်’’ဟု မင်းပြားမြို့နယ်မှ ဘဏ်ဝန်ထမ်းတစ်ဦးက ပြော သည်။ ရခိုင်ပြည်နယ်တွင် တစ် သောင်းတန်ငွေစက္ကူအတုပျံ့နှံ့ နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံ အများစုသည် ငွေအတု၊ အစစ်ခွဲ ခြားမသိ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် ငွေအတုများကို အစစ်နှင့် ရောနှောလက်ခံမိကြောင်း မြောက်ဦးမြို့မဈေးတွင် ကုန်မျိုးစုံရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။
Subscribe to:
Posts (Atom)




























