Saturday, February 20, 2016

တောမီးငြိမ်းရာမှာသုံးဖို့ ရုရှားလုပ် Be – 200 လေယာဉ်တွေဝယ်ယူရန်အင်ဒိုနီးရှားစီစဉ်

တောမီးငြိမ်းရာမှာသုံးဖို့ ရုရှားလုပ် Be – 200 လေယာဉ်တွေဝယ်ယူရန်အင်ဒိုနီးရှားစီစဉ်အင်ဒိုနီးရှားနိုင်ငံက ရုရှားလုပ် မြေပြင်တွင်သာမက ရေပြင်သို့ ဆင်းသက်ပျံသန်းနိုင်သည့် Be -200 အမျိုးအစား လေယာဉ် ၄စင်း ၀ယ်ယူရန် စီစဉ်နေကြောင်း ရုရှားကာကွယ်ရေးလက်နက်ထုတ်လုပ်ရေး အသိုင်းအ၀န်း ပြောကြားချက်ကို ကိုးကား၍ ရုရှားသတင်း RIA Novosti ကဆိုပါတယ်။

အမေရိကန်က ဂျပန်ရှိ အိုကီနာဝါကျွန်းပေါ် နျူလက်နက်များ ထားရှိခဲ့

လူအများသိရှိထားသည့် လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း အမေရိကန်သည် စစ်အေးတိုက်ပွဲကာလအတွင်း နျူကလီးယား လက်နက်များကို ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်ထားရှိခဲ့သည်ဆိုသည့် အချက်ကို လျှို့ဝှက်အဆင့်မှ ပယ်ဖျက်ကာ ထုတ်ပြန်ကြေညာလိုက်သည်။

၅၉(စ) ပြင်လိုသူများ အာဏာရှင်စနစ်ကို မွေးခိုင်းတာလားဟု ကြံ့ခိုင်ရေးအာဘော် မေးခွန်းထုတ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်အတွက် အဟန့်အတား ဖြစ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်၊ ဆိုင်းငံ့ရန်စသည့် ပြောဆို လှုပ်ရှားမှုများကို ရည်ညွှန်းလျက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာ့အာဘော်က ဝေဖန်လိုက်သည်။

သစ်တင်ကား ဂိတ်ကြေးမပေးရာမှ စကားများပြီး စစ်သားက သေနတ်ဖြင့်ပစ်၊ ဒဏ်ရာရအမျိုးသား ဆေးရုံတွင်သေဆုံး သေနတ်ဖြင့်ပစ်သည့်တပ်ကြပ်ကို စစ်ဥပဒေအရ အရေးယူမည်ဟု တပ်မတော် တာဝန်ရှိသူပြော

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဘူးစင်စခန်း သစ် ထုတ်လမ်းတွင် သစ်တင်လာ သည့်ကားကို တပ်က ဂိတ်ကြေး တောင်းရာ မပေးသဖြင့် စကား များရန်ဖြစ်ရာမှ တပ်ကြပ်တစ်ဦး က သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားသည်။

ဘိန်းစိုက်ခင်းပိုင်ရှင်များနှင့် ထိပ်တိုက်မတွေ့စေရန် အခြေအနေကို ကြိုတင်ထိန်းသိမ်းခြင်းသာဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ပြော

ကချင်ပြည်နယ်ရှိ ချီ ဖွေနှင့် ကန်ပိုက်တီးဘက်သို့ ဘိန်းခင်းသွားရောက်ဖျက်ဆီး မည့် လူထုအခြေပြုမူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့သည် ယနေ့အထိ ချီဖွေလမ်းခွဲတွင် ရှိနေဆဲဖြစ်ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့က ဘိန်းစိုက်ခင်းပိုင်ရှင်များနှင့် ဖြစ်လာမည့် ပြဿနာကို ကြိုတင် ထိန်း သိမ်းထားခြင်းသာဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူက ပြောသည်။

“ကွမ်းလုံ-ချင်းရွှေဟော်လမ်းပေါ်တွင်ယနေ့နံနက် အစောက ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပွား”


ကွမ်းလုံ - ချင်းရွှေဟော်ကားလမ်းပေါ်တွင် ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်) နံနက်အစောပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုပြင်းထန်သဖြင့် ကားလမ်း ပေ ၂၀ ပတ်လည်ခန့် ပျက်ဆီးသွားကာ ဓာတ်တိုင်နှစ်တိုင်ခန့်ပျက်ဆီးသွားကြောင်း သတင်းရရှိသည်။

မကွေးတိုင်းတွင် ၄တန်း၊ ၈တန်း မေးခွန်းပေါက်ကြားမှု အထက်တန်းပြဆရာမ နှင့် မိတ္တူဆိုင်ရှင်အား စစ်ဆေးနေ

၂၀၁၅-၁၆ ပညာသင်နှစ်အတွက် မကွေးတိုင်းအတွင်း စတုတ္ထတန်း နှင့် အဌမတန်းစာမေးပွဲမေးခွန်းလွှာများ အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွင် ပေါက်ကြားခဲ့မှုနှင့်ပတ်သက်၍ အထက်တန်းပြကျောင်းဆရာမ တစ်ဦးနှင့် မိတ္တူဆိုင်ပိုင်ရှင် တစ်ဦးတို့အား စစ်ဆေးလျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တောင်ကိုရီးယားနှင့် နယ်စပ်အနီး မြောက်ကိုရီးယားက အမြောက်ဖြင့် ပစ်ခတ်

မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုပြုလုပ်ခဲ့မှုကြောင့် တင်းမာမှုများ မြင့်တက်နေစဉ် ဖေဖော်ဝါရီ ၂၀ က နယ်စပ်ကျွန်းတစ်ခုအနီး ဖြစ်နိုင်ဖွယ် စစ်ရေးလေ့ကျင့်မှုတစ်ခုတွင် မြောက်ကိုရီးယားက အမြောက်ဖြင့် အနည်းငယ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု တောင်ကိုရီးယား စစ်ဘက်ပြောခွင့်ရအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

အစိုးရနှင့် အပစ်ရပ် လက်မှတ်မထိုးသေးသည့် တပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမည်



အစိုးရအနေနဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုင်းနိုင်ငံမှာ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။

IS တိုက်ခိုက်နိုင်ဖွယ်ရှိ၍ ထိုင်းတွင် လုံခြုံရေး တိုးမြှင့်

အစ္စလမ်မစ် စစ်သွေးကြွ အဖွဲ့ IS က တိုက်ခိုက်လာဖွယ်ရှိကြောင်း အမေရိကန်ရဲ့ သတိပေးချက် ရရှိပြီးနောက် ထိုင်းနို်င်ငံ လူသွားလူလာ ထူထပ်တဲ့နေရာတွေမှာ ရဲက လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

Asian Chinlone Championship & Sepaktakraw Friendly Match ပြိုင်ပွဲ ဆုချီးမြှင့်

အားကစားဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကကြီးမှူး၍ အာရှခြင်းလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၆ ခုနှစ် 2nd Asian Chinlone Championship & Sepaktakraw Friendly Match ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲက အမရပူရမြို့နယ်ရှိ ဝေရောစနကျောက်စိမ်းစေ တီတော်မြတ် ပရိဝုဏ်ရှိ မိုးလုံလေလုံအားကစားပြိုင်ကွင်း၌ ကျင်းပသည်။

အချစ်ကြီးတဲ့သူအဖြစ် သရုပ်ဆောင်ဦးမယ့် မေမြင့်မိုရ်

‘မိုးပန်းပွင့်၏ သင်္ကေတ’ ရုပ်ရှင်ဇာတ်ကားတွင် အချစ်ကြီး သည့် ကောင်မလေးတစ်ယောက် ပုံစံဖြင့် သရုပ်ဆောင်နေကြောင်း မေမြင့်မိုရ်က ပြောသည်။

သမိုင်းဝင် ချစ်ကြည်ရေးရီးစဉ်အဖြစ် အိုဘားမား ကျူးဘားသို့ သွားမည်

လာမယ့်မတ်လမှာ ကျူးဘားနိုင်ငံကို သမိုင်းဝင် ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အတည်ပြုပြောဆိုပါတယ်။

လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သမ္မတ တဦးက နှစ်ပေါင်း ၉၀ အတွင်း ကျူးဘားနိုင်ငံကို ပထမဆုံး သွားရောက်မယ့် အမေရိကန်သမ္မတ ဖြစ်လာပါမယ်။

သူရဦးရွှေမန်း ဦးဆောင်ကော်မရှင် ဥပဒေ ၂၀၀ ကျော် ပြင်ဆင်ပယ်ဖျက် ဖို့ စိစစ်

ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဟာ ပြဌာန်းပြီးသား ဥပဒေပေါင်း ၂၀၀ ကျော်ကို ပြင်ဆင်ပယ်ဖျက်ဖို့ စိစစ်နေတယ်လို့ သိရပါတယ်။

သဘာဝဘေးဥပါဒ်ဒဏ်ကို ဘယ်လိုကာကွယ်ကြမလဲ

မြန်မာနိုင်ငံရဲ့ ယခုနှစ် နွေရာသီ ရာသီဥတုအခြေအနေဟာ သက်ဆိုင်ရာ မိုးလေဝသ ပညာရှင် များရဲ့ အဆိုအရ ရေရှားပါးမှုနဲ့ မလွဲမသွေ ကြုံကြရမယ့်သဘော ရှိပါတယ်။ ရေအရင်းအမြစ်တွေ ပျက်စီးပြီး ရေခမ်းခြောက်သွားမယ့်သဘော ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြောင့်ပဲ လယ်ယာစိုက်ပျိုး ရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လယ်သမား၊ ကိုင်းသမားတွေကို သက်လတ်၊ သက်ကြီး စပါး မျိုးများ မစိုက်ပျိုးကြဖို့၊ သက်လတ်သက်ကြီး စားပင်များ မစိုက်ပျိုးကြဖို့ သတိပေးနှိုးဆော်မှုတွေ ပြုလုပ် လာကြရပါတယ်။ လယ်ယာနဲ့ တောင်သူများအနေနဲ့ ရေသုံးစွဲမှုများ ချွေတာကြဖို့နဲ့ ရေအရင်းအမြစ် များ ပိုမိုခမ်းခြောက်သွားစေမယ့် နည်းလမ်းများကို မပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ချင်းပြည်နယ်က မြေပြိုဆည် အန္တရာယ်ရှိဟု သတိပေး

ချင်းပြည်နယ်အတွင်း သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ မြေပြိုဆည်ကြောင့် အနီးနားရွာတွေနဲ့ ဆည်တွေ အန္တရာယ်ရှိတယ်လို့ ကယ်ဆယ်ရေးဌာနအစီရင်ခံစာက သတိပေး ဖော်ပြလိုက်ပါတယ်။

၅၉(စ) ပြင်ဆင်ရေးစကားစစ်ထိုးပွဲ ဆွေးနွေးမည့်သူသာ အပြောင်းအလဲ ရှိနိုင်သည်ဟုဆို

ယခုလအတွင်း မန္တလေးမြို့တော်တွင်ကျင်းပမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍ စကားစစ်ထိုးပွဲတွင် ပြောဆိုဆွေးနွေး မည့်သူများသာ အပြောင်းအလဲရှိနိုင်ပြီး စကားစစ်ထိုးပွဲနှင့်ဆွေးနွေး မည့်ခေါင်းစဉ်မှာ အပြောင်းအလဲမရှိကြောင်း စီစဉ်သူများထံမှ သိရှိရသည်။
အမြင်မတူသူများအကြား ဒီမိုကရေစီစံနှုန်းနှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အသိအမှတ်ပြုသည့် ဓလေ့ထွန်းကားလာစေရန်အတွက် စကားစစ်ထိုး ပွဲများ ကျင်းပရန်စီစဉ်ထားခြင်းဖြစ်ကြောင်း စီစဉ်သူများထံမှ သိရှိရသည်။

EU ထဲ ဗြိတိန် ဆက်နေ-မနေ ဆွေးနွေးနေ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ ကျင်းပနေတဲ့ EU ဥရောပ သမဂ္ဂခေါင်းဆောင်တွေ ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဗြိတိန်နိုင်ငံ EU အဖွဲ့ဝင်အဖြစ် ဆက်လက် ရပ်တည်မှု လုပ်မလုပ် အရေးနဲ့ ပါတ်သက်ပြီး သောကြာနေ့ ညနေပိုင်းအထိ ဆက်ပြီးဆွေးနွေးနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကပြောပါတယ်။

ထိုင်းတွင် ရက်ကျော်နေထိုင်သူ ပြည်ဝင်ခွင့်ပိတ်မည်

ထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုက ထိုင်းနိုင်ငံလုံခြုံရေးကို တင်းကျပ်မှုအစိတ်အပိုင်းအဖြစ် လာမယ့်မတ်လ ၂၀ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၉၀ ပိုမိုနေထိုင်သူ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့်တားမြစ်မှုအစီအစဉ်သစ်ကို စတင်တော့မှာဖြစ်ပါတယ်။

Friday, February 19, 2016

မန်းရွှေစက်တော်ဖွင့်ပွဲနေ့တွင် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပြီး နောက်ရေကင်းလုံခြုံရေးတိုးမြှင့်

မြန်မာနိုင်ငံ၏ဒုတိယရက်အကြာရှည်ဆုံးကျင်းပသည့်မင်းဘူး-စကုမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲဖွင့်ပွဲနေ့တွင် မန်းချောင်းအတွင်း ရေနစ်သေဆုံးခဲ့သည့်အတွက် ရေကင်းလုံခြုံရေးအစီအမံများချထား ပေးထားကြောင်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ သိသည်။စတင်ဖွင့်လှစ်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် မန်းချောင်းအတွင်းရေဆင်းချိုးရာမှ အမျိုးသား တစ်ဦး ရေနစ်သေဆုံးခဲ့သောကြောင့် လုံခြုံရေးအစီအမံများ ထပ်မံတိုးမြင့်ခြင်းဖြစ်သည်။

မက်ဒေါနား၏ စင်္ကာပူဖျော်ဖြေပွဲအတွက် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူများက စင်္ကာပူဒေါ်လာ ၁၄ သန်း အကုန်ကျခံသွားမည်

စင်္ကာပူနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်၌ ကျင်းပပြုလုပ်မည့် မက်ဒေါနား၏ “Rebel Heart” ဖျော်ဖြေပွဲအတွက် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူများက အမေရိကန်ဒေါ်လာ ၁၀ သန်း (စကာင်္ပူဒေါ်လာ ၁၄ သန်း) အကုန်ကျခံသွားမည် ဖြစ်သည်။စင်္ကာပူနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် မက်ဒေါနား၏ ဖျော်ဖြေပွဲအတွက် ကုန်ကျစရိတ်တွင် မတ်တပ်ရပ်ဗီရို၊ မီးအပြင်အဆင်၊ စတိတ်စင်ပြုလုပ်မည့် ကွန်တိန်နာ ၂၇ ခုအတွက် ကုန်တင်လေယာဉ် စရိတ်လည်း ပါဝင်သည်။

ဖူးခက်တွင် ဒုစရိုက်နှိမ်နင်းရေးဆောင်ရွက် သံသယရှိသူ ၅၈ ဦးကို ဖမ်းဆီး

ဖေဖော်ဝါရီ ၁၈ က ထိုင်းနိုင်ငံ ချွန်ဘူရီနှင့် ဖူးခက်တွင် မာဖီးယားဂိုဏ်းများအား နှိမ်နင်းမှုပြုလုပ်စဉ် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့(CSD)မှ ရဲတပ်ဖွဲ့ဝင်များသည် လက်နက်များနှင့် တရားမ၀င်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး များပြားလှသည့်သံသယရှိသူများနှင့် တရားမ၀င်ရွှေ့ပြောင်းလုပ်သား ၆၀နီးပါးကို ဖမ်းဆီးခဲ့သည်။

"ရေနံတူးတဲ့သူကလည်း တရားမဝင်တူး၊ အစိုးရကလည်း ဘဏ္ဍာငွေမရ"

အစိုးရသစ်လက်ထက်တွင်ရေနံတူးဖော်မှု လုပ်ကိုင်ခွင့် ပိုမိုချပေးပြီး လုပ်ငန်းရှင် များကို အခွန်တိတိကျကျ ကောက်သင့်သည်ဟု မကွေးတိုင်းဒေသကြီးမှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်
။ မြန်မာပြည်အလယ်ပိုင်း ရေနံထွက်သည့် နေရာများထဲတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ နယ်လည်း ပါဝင်သည်။ မင်းလှမြို့ဝန်းကျင်ရှိ အရွယ်အစား မျိုးစုံသော ရေနံမှော်များတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူတို့ကိုတွေ့နိုင်ပြီးအများစုမှာတရားမဝင် လုပ်ကိုင်သူများ ဖြစ်ကြ သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရင် ဘာဖြစ်မလဲ အတွေးအမြင် အာဘော်

ပြည်ထောင်စုလွှတ်တော်တွင် အစုအဖွဲ့သုံးခုမှ ဒုတိယသမ္မတလောင်းများ အမည်စာရင်းတင် သွင်းရန် အစည်းအဝေးများ စတင်မည့်ရက်ကို မတ် ၁၇ ဟု သတ်မှတ်ထားပြီးဖြစ်ရာ မတ် ၁၇ ကို သွားရာ ရက်များသည် တစ်ရက်ပြီးတစ်ရက် ရင်ခုန်လှိုက်မောဖွယ်ဖြစ်သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် စင်ကာပူရောက် မြန်မာများသည် လမ်းဘေးအိပ်ပြီးလည်းကောင်း၊ မြန်မာပြည်မှ မဲဆန္ဒရှင် တချို့သည် ညလုံးပေါက် မအိပ်နိုင်ဘဲ ရင်ခုန်စွာနှင့် တစ်အိမ်လုံးထွက် မဲပေးခဲ့မှုများသည် လည်းကောင်း သူတို့ယုံကြည်သည့် လူထုခေါင်းဆောင်ကို မြန်မာနိုင်ငံအား လက်ဝကွက် အပ်နှင်းလို သောကြောင့် ဖြစ်သည်။

ယူနန်ပြည်နယ် လင်ချန်းအုပ်ချုပ်ရေးအဖွဲ့ လောက်ကိုင်၊ ကွမ်းလုံ၊လားရှိုးမြို့ တို့၌ အလှူငွေနှင့်အထောက်အကူပြုပစ္စည်းများလှူဒါန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယမြို့တော်ဝန် အမြဲတမ်း ကော်မတီဝင် Mr.LiHuasong ခေါင်းဆောင် သည့်အဖွဲ့ဝင် ကိုးဦးဟာ မြန်မာနိုင်ငံ ကိုရောက်ရှိစဉ် အေးရှားဝေါလ် ဖောင်ဒေရှင်း (Asiaworld Foundation)ရဲ့အကူအညီနဲ့ လောက်ကိုင်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရုံးသို့ Sony ကင်မရာ ၃ လုံး အပါအ၀င် ကွန်ပြူတာ၊ မိတ္တူကူးစက်နဲ့ ရုံး သုံးပစ္စည်းများ၊ ကွမ်းလုံဆေးရုံကို ယွမ် ၁၅၀၀၀၀ နဲ့ ဆေးရုံသုံးပစ္စည်များ၊ လားရှိုးဆေးရုံကြီးအတွက် အလှူငွေ ယွမ် ၂သိန်းနဲ့ 25/30 KVA ထရန်စဖော်မာ တစ်လုံး အပြင် ခွဲစိတ်ခန်းနဲ့ ဆေးရုံးသုံးပစ္စည်း တွေလှူဒါန်းသွားတယ်လို့ အစိုးရ သတင်းက ဆိုပါတယ်။
ဒါအပြင် လားရှိုး အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလည်း ကွန်ပြူတာ၊ ပရင်တာနဲ့ တခြားရုံးသုံးပစ္စည်း တွေကိုလည်း လှူဒါန်းတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - (MOI/ဧရာဝတီ)

NLD အစိုးရကို ဗန်းပြကာတိုက်ပွဲများ ဖန်တီးလာမည်ကို တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များ စိုးရိမ်



အစိုးရဘက်မှ လုပ်ဆောင်နေသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အကျပ်အတည်းဖြစ်စေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကို ဗန်းပြကာ မြန်မာ့တပ်မတော်အနေဖြင့် တိုက်ပွဲများ ဖန်တီးလာမည်ကို စိုးရိမ်ကြောင်း ညီညွတ်သော တိုင်းရင်းသာလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောသည်။

ဆောက်လုပ်ရေးအပြင် အခြားကဏ္ဍများတွင်လည်း အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်ရ အင်ဂျင်နီယာများ ခန့်ထားသင့်

မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများတွင် အဆောက်အအုံဆောက်လုပ်ရေးကဏ္ဍနှင့်
သတ္တုတူးဖော်ရှာဖွေရေး၊ စက်ရုံ၊ ဓာတုပစ္စည်းများ ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းများ၊ ရေနံတူးဖော်ရေးနှင့် ဆေးဆိုးပန်းရိုက်လုပ်ငန်းများတွင်
ပီအီးခေါ်ကျွမ်းကျင်အင်ဂျင်နီယာ (Professional Engineer) ကို အသုံးပြုသင့်ကြောင်း
တာဝန်ရှိသူများက ပြောကြားသည်။

နယ်မြေခံတိုင်းရင်းသားမျိုးနွယ်စုများကို ခြိမ်းခြောက်နေသော UWSA “၀” အဖွဲ့ရဲ့ စစ်အင်အား တိုးချဲ့မှု အန္တရာယ် (အပိုင်း-၁)

၁၉၈၉ ခုနှစ်မှာ နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ UWSA “၀” အဖွဲ့နယ်မြေကို အထူးဒေသ(၂)အဖြစ် သတ်မှတ်ပေးခဲ့သလို ပန်ဆန်း-ပန်ယန်းဒေသမှာ လက်နက်မဖြုတ်သိမ်းစေဘဲ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ “၀” အဖွဲ့ရဲ့ အစိုးရနဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံနိုင်မှု၊ တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ နယ်နမိတ်ချင်းထိစပ်နေတဲ့အနေအထားတွေအရ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက် လာနိုင်တာ တွေ့ရပါတယ်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် “၀” အဖွဲ့ရဲ့ အခွင့်သာမှုဟာ တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေမှုကြောင့်လို့ ဆိုနိုင်ပါတယ်။

ကျောက်မဲမြို့နယ်ရှိ တအာင်းပလောင် TNLA/PSLF စခန်းများကို RCSS/SSA က သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မက်မီးကျေးရွာတွင် အခြေချနေထိုင်သည့် တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော်(PSLF/TNLA ) တပ်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း နှစ်ဖက်အသိုင်းဝိုင်းများထံမှ သိရသည်။

UWSA က တပ်သားသစ် စုဆောင်းမည်ဟူသည့် သတင်းထွက်၍ ဒေသခံများ တိမ်းရှောင်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပေါက်ခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တပ်သားသစ် လာရောက် စုဆောင်းမည်ဟူသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံ ၁၀၅ ဦး နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ထွက်ပြေး တိမ်းရှောင်နေရသူ ၁၀၅ ဦးမှာ မိုင်းယန်မြို့နယ်ရှိ ၀မ်ကန်ရွာနှင့် ကျိုင်းခမ်းရွာတို့မှ ဒေသခံများဖြစ်ပြီး၊ ၎င်းတို့သည် မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ပုံလုံရွာသို့ ထွက်ပြေးလာကြကြောင်း မိုင်းလွေ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးစိုင်းလွယ်ကျောက်က ဧရာဝတီကို ပြောသည်။