Saturday, February 20, 2016

၅၉(စ) ပြင်ဆင်ရေးစကားစစ်ထိုးပွဲ ဆွေးနွေးမည့်သူသာ အပြောင်းအလဲ ရှိနိုင်သည်ဟုဆို

ယခုလအတွင်း မန္တလေးမြို့တော်တွင်ကျင်းပမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍ စကားစစ်ထိုးပွဲတွင် ပြောဆိုဆွေးနွေး မည့်သူများသာ အပြောင်းအလဲရှိနိုင်ပြီး စကားစစ်ထိုးပွဲနှင့်ဆွေးနွေး မည့်ခေါင်းစဉ်မှာ အပြောင်းအလဲမရှိကြောင်း စီစဉ်သူများထံမှ သိရှိရသည်။
အမြင်မတူသူများအကြား ဒီမိုကရေစီစံနှုန်းနှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အသိအမှတ်ပြုသည့် ဓလေ့ထွန်းကားလာစေရန်အတွက် စကားစစ်ထိုး ပွဲများ ကျင်းပရန်စီစဉ်ထားခြင်းဖြစ်ကြောင်း စီစဉ်သူများထံမှ သိရှိရသည်။

EU ထဲ ဗြိတိန် ဆက်နေ-မနေ ဆွေးနွေးနေ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ ကျင်းပနေတဲ့ EU ဥရောပ သမဂ္ဂခေါင်းဆောင်တွေ ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဗြိတိန်နိုင်ငံ EU အဖွဲ့ဝင်အဖြစ် ဆက်လက် ရပ်တည်မှု လုပ်မလုပ် အရေးနဲ့ ပါတ်သက်ပြီး သောကြာနေ့ ညနေပိုင်းအထိ ဆက်ပြီးဆွေးနွေးနေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron ကပြောပါတယ်။

ထိုင်းတွင် ရက်ကျော်နေထိုင်သူ ပြည်ဝင်ခွင့်ပိတ်မည်

ထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုက ထိုင်းနိုင်ငံလုံခြုံရေးကို တင်းကျပ်မှုအစိတ်အပိုင်းအဖြစ် လာမယ့်မတ်လ ၂၀ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၉၀ ပိုမိုနေထိုင်သူ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံတွင်း ပြန်လည်ဝင်ရောက်ခွင့်တားမြစ်မှုအစီအစဉ်သစ်ကို စတင်တော့မှာဖြစ်ပါတယ်။

Friday, February 19, 2016

မန်းရွှေစက်တော်ဖွင့်ပွဲနေ့တွင် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပြီး နောက်ရေကင်းလုံခြုံရေးတိုးမြှင့်

မြန်မာနိုင်ငံ၏ဒုတိယရက်အကြာရှည်ဆုံးကျင်းပသည့်မင်းဘူး-စကုမြို့နယ်၊ မန်းရွှေစက်တော်ဘုရားပွဲဖွင့်ပွဲနေ့တွင် မန်းချောင်းအတွင်း ရေနစ်သေဆုံးခဲ့သည့်အတွက် ရေကင်းလုံခြုံရေးအစီအမံများချထား ပေးထားကြောင်း ရွှေစက်တော်ဘုရားဂေါပကအဖွဲ့မှ သိသည်။စတင်ဖွင့်လှစ်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ရက်နေ့တွင် မန်းချောင်းအတွင်းရေဆင်းချိုးရာမှ အမျိုးသား တစ်ဦး ရေနစ်သေဆုံးခဲ့သောကြောင့် လုံခြုံရေးအစီအမံများ ထပ်မံတိုးမြင့်ခြင်းဖြစ်သည်။

မက်ဒေါနား၏ စင်္ကာပူဖျော်ဖြေပွဲအတွက် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူများက စင်္ကာပူဒေါ်လာ ၁၄ သန်း အကုန်ကျခံသွားမည်

စင်္ကာပူနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်၌ ကျင်းပပြုလုပ်မည့် မက်ဒေါနား၏ “Rebel Heart” ဖျော်ဖြေပွဲအတွက် ထိုင်ဝမ် ရင်းနှီးမြှုပ်နှံသူများက အမေရိကန်ဒေါ်လာ ၁၀ သန်း (စကာင်္ပူဒေါ်လာ ၁၄ သန်း) အကုန်ကျခံသွားမည် ဖြစ်သည်။စင်္ကာပူနိုင်ငံတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် မက်ဒေါနား၏ ဖျော်ဖြေပွဲအတွက် ကုန်ကျစရိတ်တွင် မတ်တပ်ရပ်ဗီရို၊ မီးအပြင်အဆင်၊ စတိတ်စင်ပြုလုပ်မည့် ကွန်တိန်နာ ၂၇ ခုအတွက် ကုန်တင်လေယာဉ် စရိတ်လည်း ပါဝင်သည်။

ဖူးခက်တွင် ဒုစရိုက်နှိမ်နင်းရေးဆောင်ရွက် သံသယရှိသူ ၅၈ ဦးကို ဖမ်းဆီး

ဖေဖော်ဝါရီ ၁၈ က ထိုင်းနိုင်ငံ ချွန်ဘူရီနှင့် ဖူးခက်တွင် မာဖီးယားဂိုဏ်းများအား နှိမ်နင်းမှုပြုလုပ်စဉ် ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့(CSD)မှ ရဲတပ်ဖွဲ့ဝင်များသည် လက်နက်များနှင့် တရားမ၀င်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး များပြားလှသည့်သံသယရှိသူများနှင့် တရားမ၀င်ရွှေ့ပြောင်းလုပ်သား ၆၀နီးပါးကို ဖမ်းဆီးခဲ့သည်။

"ရေနံတူးတဲ့သူကလည်း တရားမဝင်တူး၊ အစိုးရကလည်း ဘဏ္ဍာငွေမရ"

အစိုးရသစ်လက်ထက်တွင်ရေနံတူးဖော်မှု လုပ်ကိုင်ခွင့် ပိုမိုချပေးပြီး လုပ်ငန်းရှင် များကို အခွန်တိတိကျကျ ကောက်သင့်သည်ဟု မကွေးတိုင်းဒေသကြီးမှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်
။ မြန်မာပြည်အလယ်ပိုင်း ရေနံထွက်သည့် နေရာများထဲတွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ နယ်လည်း ပါဝင်သည်။ မင်းလှမြို့ဝန်းကျင်ရှိ အရွယ်အစား မျိုးစုံသော ရေနံမှော်များတွင် အနယ်နယ် အရပ်ရပ်မှ လာရောက်လုပ်ကိုင်သူတို့ကိုတွေ့နိုင်ပြီးအများစုမှာတရားမဝင် လုပ်ကိုင်သူများ ဖြစ်ကြ သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရင် ဘာဖြစ်မလဲ အတွေးအမြင် အာဘော်

ပြည်ထောင်စုလွှတ်တော်တွင် အစုအဖွဲ့သုံးခုမှ ဒုတိယသမ္မတလောင်းများ အမည်စာရင်းတင် သွင်းရန် အစည်းအဝေးများ စတင်မည့်ရက်ကို မတ် ၁၇ ဟု သတ်မှတ်ထားပြီးဖြစ်ရာ မတ် ၁၇ ကို သွားရာ ရက်များသည် တစ်ရက်ပြီးတစ်ရက် ရင်ခုန်လှိုက်မောဖွယ်ဖြစ်သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် စင်ကာပူရောက် မြန်မာများသည် လမ်းဘေးအိပ်ပြီးလည်းကောင်း၊ မြန်မာပြည်မှ မဲဆန္ဒရှင် တချို့သည် ညလုံးပေါက် မအိပ်နိုင်ဘဲ ရင်ခုန်စွာနှင့် တစ်အိမ်လုံးထွက် မဲပေးခဲ့မှုများသည် လည်းကောင်း သူတို့ယုံကြည်သည့် လူထုခေါင်းဆောင်ကို မြန်မာနိုင်ငံအား လက်ဝကွက် အပ်နှင်းလို သောကြောင့် ဖြစ်သည်။

ယူနန်ပြည်နယ် လင်ချန်းအုပ်ချုပ်ရေးအဖွဲ့ လောက်ကိုင်၊ ကွမ်းလုံ၊လားရှိုးမြို့ တို့၌ အလှူငွေနှင့်အထောက်အကူပြုပစ္စည်းများလှူဒါန်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်း မြို့တော်အုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယမြို့တော်ဝန် အမြဲတမ်း ကော်မတီဝင် Mr.LiHuasong ခေါင်းဆောင် သည့်အဖွဲ့ဝင် ကိုးဦးဟာ မြန်မာနိုင်ငံ ကိုရောက်ရှိစဉ် အေးရှားဝေါလ် ဖောင်ဒေရှင်း (Asiaworld Foundation)ရဲ့အကူအညီနဲ့ လောက်ကိုင်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရုံးသို့ Sony ကင်မရာ ၃ လုံး အပါအ၀င် ကွန်ပြူတာ၊ မိတ္တူကူးစက်နဲ့ ရုံး သုံးပစ္စည်းများ၊ ကွမ်းလုံဆေးရုံကို ယွမ် ၁၅၀၀၀၀ နဲ့ ဆေးရုံသုံးပစ္စည်များ၊ လားရှိုးဆေးရုံကြီးအတွက် အလှူငွေ ယွမ် ၂သိန်းနဲ့ 25/30 KVA ထရန်စဖော်မာ တစ်လုံး အပြင် ခွဲစိတ်ခန်းနဲ့ ဆေးရုံးသုံးပစ္စည်း တွေလှူဒါန်းသွားတယ်လို့ အစိုးရ သတင်းက ဆိုပါတယ်။
ဒါအပြင် လားရှိုး အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုလည်း ကွန်ပြူတာ၊ ပရင်တာနဲ့ တခြားရုံးသုံးပစ္စည်း တွေကိုလည်း လှူဒါန်းတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - (MOI/ဧရာဝတီ)

NLD အစိုးရကို ဗန်းပြကာတိုက်ပွဲများ ဖန်တီးလာမည်ကို တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များ စိုးရိမ်



အစိုးရဘက်မှ လုပ်ဆောင်နေသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အကျပ်အတည်းဖြစ်စေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကို ဗန်းပြကာ မြန်မာ့တပ်မတော်အနေဖြင့် တိုက်ပွဲများ ဖန်တီးလာမည်ကို စိုးရိမ်ကြောင်း ညီညွတ်သော တိုင်းရင်းသာလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဒုတိယဥက္ကဌ နိုင်ဟံသာက ပြောသည်။

ဆောက်လုပ်ရေးအပြင် အခြားကဏ္ဍများတွင်လည်း အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်ရ အင်ဂျင်နီယာများ ခန့်ထားသင့်

မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများတွင် အဆောက်အအုံဆောက်လုပ်ရေးကဏ္ဍနှင့်
သတ္တုတူးဖော်ရှာဖွေရေး၊ စက်ရုံ၊ ဓာတုပစ္စည်းများ ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းများ၊ ရေနံတူးဖော်ရေးနှင့် ဆေးဆိုးပန်းရိုက်လုပ်ငန်းများတွင်
ပီအီးခေါ်ကျွမ်းကျင်အင်ဂျင်နီယာ (Professional Engineer) ကို အသုံးပြုသင့်ကြောင်း
တာဝန်ရှိသူများက ပြောကြားသည်။

နယ်မြေခံတိုင်းရင်းသားမျိုးနွယ်စုများကို ခြိမ်းခြောက်နေသော UWSA “၀” အဖွဲ့ရဲ့ စစ်အင်အား တိုးချဲ့မှု အန္တရာယ် (အပိုင်း-၁)

၁၉၈၉ ခုနှစ်မှာ နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ UWSA “၀” အဖွဲ့နယ်မြေကို အထူးဒေသ(၂)အဖြစ် သတ်မှတ်ပေးခဲ့သလို ပန်ဆန်း-ပန်ယန်းဒေသမှာ လက်နက်မဖြုတ်သိမ်းစေဘဲ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ “၀” အဖွဲ့ရဲ့ အစိုးရနဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံနိုင်မှု၊ တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ နယ်နမိတ်ချင်းထိစပ်နေတဲ့အနေအထားတွေအရ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက် လာနိုင်တာ တွေ့ရပါတယ်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် “၀” အဖွဲ့ရဲ့ အခွင့်သာမှုဟာ တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေမှုကြောင့်လို့ ဆိုနိုင်ပါတယ်။

ကျောက်မဲမြို့နယ်ရှိ တအာင်းပလောင် TNLA/PSLF စခန်းများကို RCSS/SSA က သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မက်မီးကျေးရွာတွင် အခြေချနေထိုင်သည့် တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော်(PSLF/TNLA ) တပ်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း နှစ်ဖက်အသိုင်းဝိုင်းများထံမှ သိရသည်။

UWSA က တပ်သားသစ် စုဆောင်းမည်ဟူသည့် သတင်းထွက်၍ ဒေသခံများ တိမ်းရှောင်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပေါက်ခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က တပ်သားသစ် လာရောက် စုဆောင်းမည်ဟူသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံ ၁၀၅ ဦး နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ထွက်ပြေး တိမ်းရှောင်နေရသူ ၁၀၅ ဦးမှာ မိုင်းယန်မြို့နယ်ရှိ ၀မ်ကန်ရွာနှင့် ကျိုင်းခမ်းရွာတို့မှ ဒေသခံများဖြစ်ပြီး၊ ၎င်းတို့သည် မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ ပုံလုံရွာသို့ ထွက်ပြေးလာကြကြောင်း မိုင်းလွေ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးစိုင်းလွယ်ကျောက်က ဧရာဝတီကို ပြောသည်။

Thursday, February 18, 2016

တောင်တရုတ်ပင်လယ်ထဲတွင် တရုတ် ဒုံးကျည်များ ဖြန့်ကျက်နေသည် ဆိုခြင်းကို အမေရိကန် စိုးရိမ်

တောင်တရုတ် ပင်လယ်အတွင်းတွင် တရုတ်က ဒုံးကျည်စနစ်များ ဖြန့်ကျက်ထားကြောင်း သတင်းများအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်တကြီး လေ့လာနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကပြောကြားခဲ့သည်။တရုတ်တိုင်ပေ အစိုးရက တရုတ်သည် ရေပိုင်နက် အငြင်းပွားမှုများ ရှိနေရာ တောင်တရုတ် ပင်လယ်အတွင်း ၎င်းတို့ တည်ဆောက်ထားသည့် စစ်စခန်းတစ်ခု၌ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ဖြန့်ကျက်ထားကြောင်း စွပ်စွဲခဲ့သလို ဒေသတွင်း မီဒီယာများကလည်း ယင်းသတင်းကို နောက်ဆက်တွဲ ဖော်ပြခဲ့ကြသည်။

အမေရိကန် တက္ကသိုလ်တစ်ခု စာသင်ခန်းများထဲ သေနတ်ယူဆောင်လာရန် ခွင့်ပြု

အမေရိကန်နိုင်ငံ၊ အော်စတင်ရှိ တက္ကဆက်စ် တက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများ စာသင်ခန်းထဲ သေနတ်ယူဆောင်လာရန် ခွင့်ပြုပေးလိုက်ကြောင်း သိရှိရသည်။
ပြည်နယ် လွှတ်တော်အမတ်များက တက္ကသိုလ် ပရဝုဏ်များအတွင်း သေနတ်များ ကိုင်ဆောင်ခွင့် ပိတ်ပင်ထားမှုသည် တရားမဝင်ကြောင်း အဆိုတင်သွင်းမှု အောင်မြင်ခဲ့ပြီးနောက် တက္ကသိုလ် အာဏာပိုင်များက ယခုလို ခွင့်ပြုလိုက်ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

စာအုပ်အစိမ်းရဲ့ ဝိရောဓိအချို့

၂၀၀၈ မေလ ၂၉ ရက်စွဲနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ စာအုပ်အစိမ်းလို့ လူအများသိတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မအချင်းချင်း ရှေ့နောက် မချိတ်ဆက်တာ၊ အဓိပ္ပာယ်ဖွင့်ဆိုရာမှာဝိရောဓိ ဖြစ်နေတာ၊ ပြဋ္ဌာန်းထားတဲ့ ပုဒ်မတချို့ဟာ လက်တွေ့ကျင့်သုံး ဆောင်ရွက်ရာမှာ အံခွင်မကျတာတွေရှိနေတာကြောင့် ဖြည့်စွက်ဖို့ ပယ်ဖျက်ဖို့ ပြင်ဆင်ဖို့(ဒါမှမဟုတ်) အသစ်ပြန်လည်ရေးဆွဲဖို့ မဖြစ်မနေလိုအပ်နေပါတယ်။

လိင်တူစုံမက်သူများကို ပုတ်ခတ်ခဲ့ခြင်းကြောင့် ပက်ကွီအိုနှင့် စပွန်ဆာ စာချုပ်ကို Nike ဖျက်သိမ်း

လိင်တူ စုံမက်သူများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုခဲ့သည့် မှတ်ချက်စကားကြောင့် မန်နီပက်ကွီအိုနှင့် စပွန်ဆာစာချုပ်ကို Nike ကုမ္ပဏီက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
ဝိတ်တန်းခြောက်ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူ ဖိလစ်ပိုင်လက်ဝှေ့သမားက လိင်တူ စုံမက်သူများသည် တိရစ္ဆာန်များထက်ပင် အဆင့်အတန်းနိမ့်သေးကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်တွင် လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်နေသည့် အသက် ၃၇ နှစ်အရွယ် ကမ္ဘာကျော်အားကစားသမားက နောက်ပိုင်းတွင် အဆိုပါစကားအတွက် ပြန်လည်တောင်းပန်ခဲ့သည်။

လပွတ္တာမြို့ရွှေပေါ်ကျွန်းရှိ သိမ်းဆည်းထားသည့် လယ်မြေဧက ၈၀၀၀ကျော် မူလတောင်သူပြန်လိုချင်

လပွတ္တာမြို့၊ ကုက္ကိုကျေးရွာအုပ်စု၊ ရွှေပေါ်ကျွန်း ပေါ်ရှိ လယ်မြေဧက ၈၀၀၀ ကျော်အား မူလတောင်သူများထံ ဥပဒေအတိုင်းပြန်လည်ပေးအပ် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုထားသော်လည်း ယခုအထိမရသေးကြောင်း သိမ်းဆည်းခံ တောင်သူများက ပြောသည်။
"ကျွန်တော်တို့ လယ်တွေကို သက်ဆိုင်ရာတောင်းတော့လည်း ဖြေရှင်းမပေးဘဲအချိန်ဆွဲထားတယ်၊သူများတွေ လုပ်နေပြီး ကျွန်တော်တို့တောင်သူတွေက လုပ်ခွင့်မရဘူး၊ ကိုယ်ပိုင်တဲ့လယ်တွေ ပြန်လို ချင်ပြီး" ဟုရွှေပေါ်ကျွန်းမှ သိမ်းဆည်းခံတောင်သူ ဦးဝင်းမြင့်က ပြောသည်။

Tuesday, February 16, 2016

ရုရှားနယ်စပ်အနီး စစ်ရေးလေ့ကျင့်ရန် တိုက်လေယာဉ်များ စေလွှတ်မည်ဟု အမေရိကန်လေတပ် ပြောကြား

အမေရိကန်လေတပ်၏ F-15 တိုက်လေယာဉ်များ အုပ်စုဖွဲ့ ပျံသန်းနေစဉ်။
ရုရှားနှင့် နယ်စပ်ဒေသအနီး စစ်ရေးလေ့ကျင့်မည့် အစီအစဉ်များအတွက် အမေရိကန်က တိုက်လေယာဉ်များ ပေးပို့သွားမည်ဟု သိရှိရသည်။
အမေရိကန်လေတပ်က နွေဦးပေါက်ချိန်တွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများအတွက် ဖင်လန်ထံသို့ F-15 တိုက်လေယာဉ် ၆ စီး ပေးပို့သွားမည်ဟု ကြေညာသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ရုရှားနယ်နိမိတ်နှင့် မိုင် ၁၀၀ နီးပါးအကွာ စစ်စခန်းတစ်ခုတွင် အကောင်အထည် ဖော်မည်ဖြစ်သည်။

ဂရမ်မီ ဆုပေးပွဲတွင် တေလာဆွစ်ဖ်နှင့် ကန်းဒရစ်လာမာတို့ အောင်ပွဲခံ

 
တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုကို လက်ခံယူနေသည့် တေလာဆွစ်ဖ်။
၅၈ ကြိမ်မြောက် ဂရမ်မီ ဆုနှင်းသဘင်တွင် အမေရိကန် Rapဂီတ အဆိုတော် ကန်းဒရစ် လာမာက ဆု ၅ ခုဖြင့် အောင်ပွဲခံခဲ့သော်လည်း အဓိက ဂုဏ်အယူရဆုံး ဆုကြီးများကို တေလာဆွစ်ဖ်နှင့် ဘရူနိုမားစ်တို့က ရယူသွားခဲ့သည်။

ဆီးရီးယားမြောက်ပိုင်း ဆေးရုံများကို ဗုံးကြဲမှုသည် စစ်ရာဇဝတ်မှုဟု ပြင်သစ်နှင့် တူရကီစွပ်စွဲ

ဗုံးဒဏ်ကြောင့် ပျက်စီးနေသည့် ဆေးရုံအဆောက်အအုံ တစ်နေရာကို တွေ့မြင်ရစဉ်။
ဆီးရီးယားမြောက်ပိုင်းရှိ ဆေးရုံများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုတစ်ရပ်ဟု ပြင်သစ်နှင့်တူရကီတို့က စွပ်စွဲပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အဆိုပါဒေသရှိ ဆေးရုံနှင့်ကျောင်းများကို လေကြောင်းမှပစ်ခတ်သည့် ဒုံးကျည်များထိမှန်ရာ အနည်းဆုံး လူ ၅၀ မျှ အသက်ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ တူရကီက အဆိုပါတိုက်ခိုက်မှုများကို ရုရှားက ကျူးလွန်ကြောင်း စွပ်စွဲခဲ့သော်လည်း ကရင်မလင် နန်းတော်ဘက်က ယင်းအပေါ် တုံ့ပြန်မှုမရှိသေးချေ။

ညီဖြစ်သူအတွက် ပါဝင်မဲဆွယ်ပေးလာသည့် အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်

အမေရိကန်သမ္မတသစ်နေရာအတွက် ညီဖြစ်သူ၏ ပါဝင်ယှဉ်ပြိုင်နေမှုတွင် သမ္မတဟောင်း ဂျော့ဘုရှ် (ဂျူနီယာ) ကိုယ်တိုင် ပါဝင်ကူညီ မဲဆွယ်ပေးနေကြောင်း သိရသည်။
လတ်တလောတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်ပါတီနှစ်ခု၏ သမ္မတလောင်းနေရာအတွက် ရွေးချယ်ရန် ပြည်နယ်အလိုက် ယှဉ်ပြိုင်နေရာ ဂျက်ဘုရှ်သည် ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု ပါဝင်နေသည်။ လက်ရှိအခြေအနေအရ ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာအတွက် ဒေါ်နယ်လ်ထရမ့်က အဓိကရေပန်းစားနေပြီး ဂျက်ဘုရှ်မှာ တတိယ၊ သို့မဟုတ် စတုတ္ထ လူကြိုက်အများဆုံး နေရာမျှတွင်သာရှိနေဆဲ ဖြစ်သည်။

တတိယအကြိမ် သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ရာတွင် လူနေအိမ်အချို့တွေ့ရှိ

တတိယအကြိမ် သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ရာတွင် လူနေအိမ်ဟု ယူဆရသော အဆောက်အအုံအချို့နှင့် စေတီ များကို ပထမဆုံးတွေ့ရှိခဲ့ကြောင်း မွန်ပြည်နယ် ရှေးဟောင်းသုတေ သနဌာနခွဲမှ သတင်းရရှိသည်။မွန်ပြည်နယ် ဘီးလင်းနှင့် ကျိုက်ထိုမြို့ကြား ကေလာသ တောင်အနီးရှိ သုဝဏ္ဏဘူမိမြို့ ဟောင်းကို တတိယအကြိမ် တူး ဖော်မှုအဖြစ် ၂၀၁၅ နိုဝင်ဘာမှစ၍ကျပ်ငွေသိန်းတစ်ထောင်သုံး၍ ပြန်လည်တူးဖော်ခဲ့ပြီး လေးလအ တွင်းမှာပင် တောင်ကုန်း ခြောက် ကုန်းကျော် တူးဖော်နိုင်ခဲ့ကြောင်း မွန်ပြည်နယ်ရှေးဟောင်းသုတေ သနဌာနခွဲမှ သိရသည်။ တောင် ကုန်းအမှတ် ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄နှင့်ကျိုက်ကသာ မလော့ချောင် တောင်ကုန်းတို့တွင် တူးဖော်ခဲ့ရာ ပထမဆုံးတွေ့ရှိမှုအဖြစ် လူနေ အိမ်များကို တွေ့ရှိခဲ့ခြင်း ဖြစ် သည်။

Monday, February 15, 2016

သဲကုန်းသပိတ်စခန်း ဖြိုခွဲခံရမှု ၂ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

ပြည်ခရိုင် သဲကုန်းမြို့နယ် ဒေသခံ တောင်သူလယ်သမား များ၏ သိမ်းဆည်းခံလယ်ယာမြေ များ ပြန်လည်ရရှိရေးသပိတ်စခန်း ဖြိုခွဲခံရခြင်း ၂ နှစ်ပြည့် အထိမ်း အမှတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ယင်းအခမ်းအနားကိုသဲကုန်း မြို့နယ် အုပ်ဖိုကျေးရွာအုပ်စုအောင်ကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။‘‘ကျွန်မတို့ပိုင်တဲ့ လယ်မြေ တွေကို စစ်တပ်က အရင်သိမ်းခဲ့ တာ။ နောက်ပိုင်း စစ်တပ်ကနေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ပြန်ရောင်းလိုက်တယ်။ အဲဒီမြေ တွေကို ပြန်ရဖို့ ဆန္ဒပြ၊ သပိတ် စခန်းဖွင့် တောင်းဆိုတဲ့ အခါ အကြမ်းဖက်ဖြိုခွဲခံရသလို တရားစွဲထောင်ချခံရတယ်။ ၂၀၁၄ ဖေဖော်ဝါရီ ၁၄ ရက်က သပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့တာ ၂ နှစ်ပြည့်ပါပြီ’’ဟု အောင်ကုန်း ကျေးရွာဒေသခံ တောင်သူအမျိုးသမီး ဒေါ်ညိုက ပြောသည်။

နောက်ထပ် ဂြိုဟ်တုများ ထပ်လွှတ်တင်ရေး ကြိုးစားရန် ပညာရှင်များကို ကင်မ်ဂျုံအန်း တိုက်တွန်း

ကမ္ဘာပတ်လမ်း အတွင်းသို့ နောက်ထပ် ဂြိုဟ်တုများ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ရေး ကြိုးစားကြရန် နိုင်ငံ၏ သိပ္ပံပညာရှင်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဆော်ဩ တောင်းဆိုလိုက်သည်။

လာမည့်လွှတ်တော်တွင် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် ဥပဒေများကိုဖျက်သိမ်းရန် ကြိုးစားသင့်ဟု ဦးကိုကိုကြီးဆို

လာမည့်လွှတ်တော်များတွင် တာဝန်ထမ်းဆောင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့်
ဥပဒေများကို ဖျက်သိမ်းနိုင်ရန် ကြိုးပမ်းသင့်သည်ဟု ၈၈မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း ခေါင်းဆောင် ဦးကိုကိုကြီးက တိုက်တွန်းပြောကြားသည်။
ရန်ကုန်မြို့၊နတ်မောက်လမ်းရှိ ချက်ထရီယံ ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၄ရက်က ပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့(MCERP) လုပ်ငန်းစဉ်များ မိတ်ဆက်ပွဲတွင် ၄င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ်ဒေသ ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးသည့် ကျေးရွာ ၃၃ ရွာ အိမ်ထောင်စု ၁၃၀၀ ကျော် ရှိနေ

၂၀၁၆ ခုနှစ်တွင် ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသ၌ ဘိန်းစိုက်ပျိုးသည့် ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စု ၁၃၀၀ ကျော် ရှိနေကြောင်း အစိုးရ မှတ်တမ်းများအရ သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင်အတွင်းရှိ ကန်ပိုက်တည်၊ ဆဒုံး၊ ချီဖွေဒေသများတွင် ကျေးရွာပေါင်း ၃၃ ရွာ၊ အိမ်ထောင်စုပေါင်း ၁၃၇၉ စု၊ လူဦးရေ ၅၉၅၄ ဦးမှာ ဘိန်းစိုက်ပျိုးသည့် ကျေးရွာများဖြစ်သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေး ၀န်ကြီးဖြစ်သူ ဒေါ်ဘောက်ဂျာက"ချီဖွေ၊ ဆဒုံး၊ ကန်ပိုင်တည် ဒေသမှာ ဘိန်းစိုက်ပျိုးနေတဲ့ ကျေးရွာတွေက ၃၃ ရွာ ရှိတယ်။ အိမ်ခြေက ၁၂၇၆ အိမ်၊ အိမ်ထောင်စု ၁၃၇၉ စု၊ လူဦးရေက ၅၉၅၄ ဦးဆိုပြီး တစ်နေ့က ကက်ဘိနက် အစည်းအဝေးမှာ တင်တယ်။ အဲဒီဘက်က ကျေးရွာတွေမှာ စာသင်ကျောင်းတွေ မရှိဘူးဆိုတာ သူတို့က ဘိန်းရာသီမှာပဲ သွားနေကြတယ်။ ရာသီကုန်တာနဲ့ တစ်နေရာ ရောက်သွားတယ်။ အဲဒီလိုတွေပဲ ကြားနေတယ်။

ဆယ်လအတွင်း မြန်မာ−တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ကိုးဘီလီယံကျော်ရှိ

၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစ ဧပြီမှ ဇန်နဝါရီအထိ ဆယ်လအတွင်း မြန်မာ-တရုတ်ကုန်သွယ် မှုသည် အမေရိကန်ဒေါ်လာ ၉ဒသမ ၄ ဘီလီယံကျော်ရှိပြီး ယခင် ဘဏ္ဍာနှစ်ထက် ပိုများနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
‘‘တရုတ်ကို သဘာဝဓာတ်ငွေ့ပါဝင်တဲ့ စက်မှုကုန်ချောပစ္စည်းအများဆုံးတင်ပို့တယ်။ လယ်ယာထွက်ကုန်ပစ္စည်းက ဒုတိယအများဆုံးတင်ပို့တယ်။ တရုတ်နဲ့ ကုန်သွယ်မှုက မြင့်တက်လာပါတယ်’’ဟု ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန် အဟံမုံရွာဖွဲ့စည်း

မုံရွာမြို့ ဗုဒ္ဓသာသနာအ ကျိုးဆောင်အဖွဲ့က ဦးဆောင်၍ အနောက်မြောက်ဒေသ ရှင်သာမဏေ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ရန် အဟံမုံရွာအဖွဲ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
အဟံမုံရွာ ရှင်သာမဏေ ကျန်းမာရေး ၀န်ဆောင်မှု အ ထောက်အကူပြုအဖွဲ့ စတင်ဖွဲ့ စည်းချိန်တွင် အသင်းဝင် ၅၀ ခန့် ပါဝင်သည်။ မုံရွာမြို့ ဗုဒ္ဓသာသ နာအကျိုးဆောင်အဖွဲ့က မတည် အလှူငွေ ကျပ်နှစ်သိန်းဖြင့် ရှင် သာမဏေကျန်းမာရေးဝန်ဆောင် မှု အထောက်အကူပြုလုပ်ငန်းများ စတင်ဆောင်ရွက်မည် ဖြစ်သည်။