ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်တွင်
ဖြစ်ပွားခဲ့သည့် ကျောင်းသား/
Monday, July 29, 2013
အစိုးရ သတင်းစာတွင် နိုင်ငံသား အကျဉ်းသားဟု သုံးနှုန်းခြင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန၏ သုံးနှုန်းခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောသည်ဟုဆို
ဇူလိုင်၂၄ ရက်ထုတ် အစိုးရ သတင်းစာများတွင် နိုင်ငံရေး အကျဉ်းသားများကို
နိုင်ငံသား အကျဉ်းသား ဟု သုံးနှုန်းခြင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန၏
သုံးနှုန်းခြင်းဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်း
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး သံသယရှိသည့် ဗြိတိန်နိုင်ငံအောက်လွှတ်တော် ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ တစ်ပတ်ကြာလာရောက်မည်
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊ လူအခွင့်အရေးနှင့် ပတ်သက်ပြီး
သံသယရှိသည့် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr.John Bercow
ခေါင်ဆောင်းသော ကိုယ်စားလှယ် အဖွဲ့သည် တစ်ပတ်ကြာ လာရောက်မည်ဖြစ်ကြောင်း
နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။
Sunday, July 28, 2013
စူပါဖလားပွဲတွင် ချန်ပီယံလိဂ် ရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ ရဲရဲတောက် ဒေါ့မွန်
ဂွာဒီယိုလာနဲ့ ဘိုင်ယန်အတွက် အဖွင့်ကြမ်းခဲ့တယ်လို့ ဆိုရ မလောက်အောင် ဂျာဂျန်ကလော့နဲ့ ဒေါ့မွန်ရဲ့ ရဲရဲတောက် တိုက်ကွက်က
အလုပ်ဖြစ်ခဲ့ပါတယ်။ ဂျာမန် ဘောလုံးပြိုင်ပွဲရဲ့ ချိန်ခွင်လျာအတွက်
ပထမဆုံး ပြိုင်ပွဲဖြစ်တဲ့ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့ရဲ့ စူပါဖလားပွဲမှာ
ဒေါ့မွန်တို့ ဂိုးပြတ်အနိုင်ရခဲ့တာဟာ မာကိုရက်စ်ရဲ့ ပွဲချိန်အစပိုင်းသွင်းဂိုးနဲ့ သက် ဆိုင်ခဲ့ပြီး ဒီဂိုးကို မာကိုရက်စ်က
အပိုင်ခေါင်းတိုက် သွင်းခဲ့တာဖြစ်ပါတယ်။
စာမေးပွဲဖြေသော ကျောင်းသား၏ဖုန်း လုံခြုံရေးခိုးယူဟုဆို
လှိုင်မြို့နယ်
တက္ကသိုလ်များနယ်မြေ MICT Park ဝင်းတွင် MCC-AIT အင်ဂျင်နီယာသင်တန်း
စာမေးပွဲ ဖြေဆိုနေသော ကျောင်းသားတစ်ဦး၏ လက်ကိုင်ဖုန်းကို တာဝန်ကျ
လုံခြုံရေးက ခိုးယူ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ
စုံစမ်းသိရှိရသည်။
သင်္ကန်းဝတ်ဖြင့် အရက်သောက်သူနှစ်ဦးကို လူဝတ်လဲ
မန္တလေးတိုင်းဒေသကြီး
မိတ္ထီလာမြို့တွင် သင်္ကန်းဝတ်ဖြင့် အရက်သောက် မူးယစ်နေသူ နှစ်ဦးကို လူဝတ်လဲ
အရေးယူထားကြောင်း မိတ္ထီလာမြို့ ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်း သိမ်း
စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိ ဆရာတော်တစ်ပါးက The Voice သို့
မိန့်ကြားသည်။
Saturday, July 27, 2013
ငွေ ၁၀ သိန်းစီဖြင့် ခေါင်းဖြတ် လူသတ်ခဲ့သူများ စရန် တစ်သိန်းစီသာ ရပြီး အဖမ်းခံရ
တွံတေးမြို့နယ်
ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်းအတွင်း အသက် ၅၇ နှစ် အရွယ်
ဒေါ်သန်းစိန် (ခ) ဒေါ်သန်းမြင့် ခေါင်းဖြတ် အသတ်ခံရမှုတွင် ပြစ်မှု
ကျူးလွန်ခဲ့သည်ဟု ယူဆရသည့် လူ နှစ်ဦးမှာ ငွေကျပ် ၁၀ သိန်းစီ ရမည်ဟု ဆို၍
လူသတ်ရန် သဘောတူခဲ့သော်လည်း စရန်ငွေ တစ်သိန်း စီသာ လက်ခံ ရရှိသေးသည်ဟု
ထွက်ဆိုခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိ ရ သည်။
ဆက်သွယ်ရေးဝန်ကြီး အယောင်ဆောင်ပြီး ငွေကျပ် ၅၁ သိန်း လိမ်လည်
သူ့ကိုယ်သူ ဆက်သွယ်ရေးဝန်ကြီးဟု မိတ်ဆက်ပြီး ဖုန်းဆက်ကာငွေကျပ် ၅၁သိန်း
လိမ်လည်ရယူ သွားခဲ့မှုကို ဒေါပုံရဲစခန်းတွင် ဇူလိုင် ၂၄ ရက်က
အမှုဖွင့်တိုင်တန်းထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ
မှုခင်းသတင်းထုတ်ပြန်သည်။
လိင်တူချစ်သူတွေ အရှက်ခွဲခံရမှု လူ့အခွင့်အရေး ကော်မရှင်ထံတိုင်ကြား
မန္တလေးမြို့မှာ လိင်တူချစ်သူတွေကို ရဲကဖမ်းဆီးခဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေ
ကျူးလွန်တာကြောင့် လိင်တူ ချစ်သူ ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့မှာရှိတဲ့
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်ကို ဒီနေ့
လာရောက်တိုင်ကြားခဲ့ကြပါတယ်။
အာဆင်နယ်သို့ပြောင်းရွှေ့ပါက မှားလိမ့်မည်ဟု ဆွာရက်ဇ်အား ရော့ဂျာ သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် ခုနစ်လအတွင်း ၈၄ ဦးအထိ သေဆုံး
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်မတော်တဆမှုများကြောင့် ၂၀၁၃ ခုနှစ်
ဇန်န၀ါရီမှ ဇူလိုင် လ နှောင်းပိုင်းအထိ ခုနှစ်လတာ ကာလအတွင်း သေဆုံးသူ ၈၄
ဦးထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပြိုင်ပွဲဖျက်သိမ်းလိုက်လို့ အသက် ၃၉ နှစ်အရွယ် ပရိသတ်တစ်ဦးနဲ့ မတွေ့ဆုံခဲ့ရတဲ့ တေလာဆွစ်ဖ်

ရာဇာမင်း ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင် ဓားပြတိုက်မှုတွင် ဦးဆောင်သူနှင့် အပေါင်းပါ သုံးဦးအား ရုံးတင်စစ်ဆေးတော့မည်

ဇူလိုင် ၁၃ ရက်တွင် ဖမ်းဆီးရမိခဲ့သော ရာဇာမင်း ခရီးသည်တင်ကားတွင်
မျက်နှာဖုံးစွပ် လက်နက်ကိုင် ဓားပြတိုက် လူသတ်မှုတွင် ဦးဆောင်သူနှင့်
အပေါင်းအပါ သုံးဦးအား မကြာမီ တရားရုံးတင် စစ်ဆေးတော့မည် ဖြစ်ကြောင်း
မွန်ပြည်နယ်၊ သထုံမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်သန်းက ဇူလိုင် ၂၅ ရက် တွင်
Eleven Media သို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော ကျောက်မျက်ပြပွဲ၌ မြန်မာကုန်သည်များ ခွဲခြားဆက်ဆံခံရ
ဇူလိုင် ၁၀ ရက်မှ ၁၉ ရက်ထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော
ကျောက်မျက်ပြပွဲ၌ မြန်မာ ကုန်သည်များ ခွဲခြားဆက်ဆံ ခံခဲ့ရကြောင်း
ယင်းပြပွဲသို့ သွားရောက်ရောင်းချ ၀ယ်ယူခဲ့ကြသည့် ကုန်သည်များက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု ပြဿနာများ ပိုမိုရှုပ်ထွေး နိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရမှ နိုင်ငံသားများအား မေတ္တာရပ်ခံ
မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များသည် လက်ရှိအချိန်တွင်
ပြန်လည် တည်ငြိမ်နေ ပြီ ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ
အချို့အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး
ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ စွပ်စွဲမှုများက ပြဿနာများ
ပိုရှုပ်ထွေးနိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရက
နိုင်ငံသားများအား ဇူလိုင် ၂၆ ရက်က သတင်း ထုတ်ပြန်ချက် (၁၀/၂၀၁၃) ဖြင့်
မေတ္တာရပ်ခံခဲ့သည်။
Friday, July 26, 2013
အထက်ပိုင်းဒေသများတွင် မိုးပိုလာမည် ....

လက်ခုပ်တီး၍ ချိတ်ဖြုတ်နိုင်သည့် ဘရာစီယာ အမေရိကန်ပညာရှင် တီထွင်

ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု NDF ပါတီ ကြေညာချက်ထုတ်
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက် ၃၆ လမ်း
၈၄x၈၅ လမ်းကြားတွင် ဇူလိုင်လ၂၁ ရက်နေ့က ကျင်းပသော မစိုးရိမ်ကျောင်းတိုက်
ဆရာတော်ဦးဝီရသူ တရား
လှိုင်သာယာတွင် ပဋိပက္ခဖြစ်ရန် လှုံ့ဆော်သူများကို ထောင်ဒဏ် ချမှတ်
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ် (၁) ရပ်ကွက်အတွင်း ဆရာတော်
ဦးပညာဝရ ဟော ကြားသော ဘဝလမ်းခွဲ တရားခွေ ဖွင့်သည်ကို အော်ဟစ်
လှောင်ပြောင်မှုများ ပြုလုပ်၍ ပဋိပက္ခ ဖြစ်စေ ရန် လှုံ့ဆော်သူသုံးဦးကို သာသနာ
ညှိုးနွမ်းအောင် ပြုလုပ်မှု ပုဒ်မ ၂၉၅ (က) ဖြင့် လှိုင်သာယာမြို့နယ်
တရားရုံးက ဇူလိုင်လ ၂၅ ရက်နေ့တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း
လှိုင်သာယာမြို့နယ် ရဲစခန်းမှ သိရသည်။
GTC ကျောင်းသား/သူ နှစ်ဦး၏ အင်တာနက်ဗီဒီယိုဖိုင် ကျောင်းတွင် ပရိုဂျက် တာဖြင့် ပြသမှုကြောင့် GTC ကျောင်းအုပ် နုတ်ထွက်စာတင်ထားရ
သန်လျင် နည်းပညာတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော အင်တာနက် စာမျက်နှာတွင်
ပျံ့နှံ့နေသည့် ဗီဒီယို တွင်ပါဝင်သူ နှစ်ဦးနှင့်မိသားစုများကို တွေ့ဆုံကာ
၎င်းဗီဒီယိုဖိုင်ကို ပရို ဂျက်တာဖြင့် ပြသခဲ့သည့် အတွက် နှစ်ဖက်
မိသားစုဝင်များအပေါ် ထိခိုက်စေခဲ့သဖြင့် ပါမောက္ခချုပ်အား နုတ်ထွက် ခိုင်း ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှပြောသည်။
လူသေဆုံးမှု ဖြစ်ပွားခဲ့သည့် အရက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ်ထင်မြင်ချက် တောင်းခံ
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ ပိန္နဲချောင်းကျွန်းတွင် အရက်တုများ
သောက်သုံး မှုကြောင့် ဆေးရုံ တက်ရောက် ခဲ့ရခြင်း၊ လူသေဆုံးခဲ့ရခြင်းနှင့်
ပတ်သက်၍ စစ်ဆေးနိုင်ရန် ဓာတုဗေဒ ၀န်ရုံးသို့ ပို့အပ် ထင်မြင်ချက်
တောင်းခံထားကြောင်း သတင်းရရှိသည်။
Subscribe to:
Posts (Atom)







