Saturday, September 14, 2013

တိုင်းပြည် ဖွံ့ဖြိုးမှုသည် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပေါ်တွင် မူတည်နေ

Photo: တိုင်းပြည် ဖွံ့ဖြိုးမှုသည် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပေါ်တွင် မူတည်နေ
Friday, September 14, 2013

မြန်မာနိုင်ငံ၏ အနာဂတ်ကာလ စီးပွားရေး ဖွံ့ဖြိုးမှုမှာ မြန်မာနိုင်ငံ အတွင်း ရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပေါ်တွင် မူတည်နေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အတွင်းရှိ စီးပွားရေး လုပ်ငန်းများ အနက် ၉ဝ ရာခိုင်နှုန်းသော စီးပွားရေး လုပ်ငန်းများမှာ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖြစ်သောကြောင့် ယင်းအသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှသာ တိုင်းပြည် တိုးတက်မည်ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးအောင်ဇံက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စီးပွားရေး အနေဖြင့် ၂ဝ၁၅ ခုနှစ်မှစတင်၍ အာဆီယံ နိုင်ငံများအတွင်း လွတ်လပ်စွာ ကုန်စည်ကူးသန်း ရောင်း ဝယ်နိုင်မည် ဖြစ်သဖြင့် မြန်မာနိုင်ငံ အတွင်းရှိ အကြီးစား စီးပွားရေး လုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ အနေဖြင့် စိန်ခေါ်မှုများ ကြုံတွေ့လာမည်ဖြစ်သည်။ ထို့ကြောင့် အခြေခံ ခိုင်မာပြီး ဖွံ့ဖြိုးသော စီးပွားရေး လုပ်ငန်းများ အဖြစ် ရပ်တည်နိုင်ရန် အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် ထားရန် လိုအပ်နေပြီ ဖြစ်ကြောင်း ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

နိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းများ အနေဖြင့် လုပ်ငန်းဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်ရာတွင် ဘဏ်များမှ ချေးငွေရယူနိုင်၍ မြန်မာ နိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် အဆိုပါ ဘဏ်များ ကို ကူညီပေးရန် လိုအပ်ပြီး ယင်းသို့ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ငွေကြေးနှင့် နည်းပညာပိုင်းများ အကူအညီပေးရန် အတွက် စိတ်ဝင်စားပြီး ပြည်ပက လာရောက် လေ့လာမှုများ ရှိကြောင်း အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဘဏ်မှ အကြီးတန်းအကြံပေး ဦးစံသိန်းက ရှင်းပြခဲ့သည်။

''အသေးစားနဲ့ အလတ်စားလုပ်ငန်း တွေအနေနဲ့ ဘဏ်ကနေ ငွေချေးလို့ ရပါတယ်။ စက်မှုလက်မှုဘဏ် ဆိုရင် အရင် နှစ်က လုပ်ငန်း ၂၅ ခုအတွက် သန်း ၅ဝ ချေးထားတယ်။ ဒီနှစ်အတွက်လည်း စီးပွားရေးလုပ်ငန်းရှင် ၃၈ ဦးကို သန်း ၅ဝ ချေးထားတယ်။ အဲဒီလိုဘဏ်တွေကို ကူညီဖို့အတွက် လာလေ့လာတဲ့ နိုင်ငံ တွေရှိတယ်။ သူတို့က စနစ်ကျတဲ့ ဘဏ်တွေကိုပဲ ကူညီချင်ကြတာ ဆိုတော့ ဘဏ်တွေကလည်း စနစ်ကျဖို့ လိုသလို ဗဟိုဘဏ်ကလည်း ဘဏ်သုံး၊ လေးခု လောက်ကို သေချာ ရွေးချယ်ပြီး ပြည်ပက အကူအညီကို တစ်ဆင့်ခံ ပံ့ပိုးပေးဖို့ လိုပါတယ်'' ဟု ၎င်းက ဆက်လက် ပြော ကြားခဲ့သည်။

အသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများကို ချေးငွေထုတ်ပေး မည့် ဘဏ်များအား ငွေကြေးပိုင်း ဆိုင်ရာ အကူအညီ ပေးနိုင်ရန် လာရောက် လေ့လာမှုများ ပြုလုပ်ထားသည့် အတွက် မြန်မာ နိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ချေးငွေ လက်ခံရယူပြီး အဆိုပါဘဏ်မှ ပုဂ္ဂလိက ဘဏ်များကို အတိုးနှုန်း ၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ပေးရမည် ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များမှ လုပ်ငန်းရှင် များအား ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပြန် လည်၍ ချေးငွေပေးရမည်ဖြစ် ကြောင်း ၎င်းကရှင်းလင်း ပြောကြားခဲ့ သည်။ 

မြ၀တီ
မြန်မာနိုင်ငံ၏အနာဂတ်ကာလ စီးပွားရေးဖွံ့ဖြိုးမှုမှာ မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့်အလတ်စား စီး ပွားရေးလုပ်ငန်းများ ပေါ်တွင်မူတည်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များကသုံးသပ် ပြောကြားခဲ့သည်။

ယုဇနပလာဇာမှာ ညညဆို သရဲခြောက်ကောင်သောင်းကျန်း၍ ပဋ္ဌာန်းပွဲပြုလုပ်

Photo: ယုဇနပလာဇာမှာ ညညဆို သရဲခြောက်ကောင်သောင်းကျန်း၍ ပဋ္ဌာန်းပွဲပြုလုပ်
Friday, September 14, 2013

ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတာတဲ့။ ဈေး လုံခြုံရေးတွေ လုံးဝအိပ်လို့မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံး ဆရာတော်ကြီးများပင့်ပြီး အသံမဆဲ ပဋ္ဌာန်းပွဲ ကျင်းပပါတယ်။ (၅)ရက်တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။
ဇတ်လမ်းက ဒီမှာစတော့တာ ပဋ္ဌာန်းပွဲ အပြီးရေစက်ချ အမျှဝေနေ တုန်း တရားနာနေတဲ့ ရှေ့ဆုံးက အမျိုးသမီးကြီးဟာ ယိမ်းထိုးသွားပြီး အားးးးးးး အားးးးးးးး လို့အော်လိုက်တဲ့အသံကြီးဟာ ကျယ်လွန်းအားကြီးလို့
မိုက်ကလိုဖုန်းကနေတဆင့် ဈေးတစ်ဈေးလုံးကြားလိုက်ရတယ်။ 

အမျိုးသမီးကြီးဟာ ယိမ်းယိမ်းယိုင်ယိုင်နဲ့ မျက်နှာအောက်ငုံပြီး ဖင်တရွတ် တိုက်ဆွဲပြီး အပြင်ထွက်တဲ့ အပေါက်ဝဘက်ကို တရွေ့ရွေ့သွားတယ်။
တရားဟောနေတဲ့ ဆရာတော်က နင်ဘယ်သူတုန်း၊ ဒီဘက်ကိုလှည့်စမ်း ဆိုလည်း မျက်နှာကိုလုံးဝမပြတော့ဘူးတဲ့၊ အပေါက်ဝဘက်ကိုဘဲ သွားဖို့ကြိုးစားနေတယ်တဲ့။ ဆရာတော်က အသံမာမာနဲ့ ဟိန်းဟောက်ပြောတော့ မှ ဆရာတော်ဘက်ကိုလည့်လာ
တယ်တဲ့။ မျက်နှာကိုတော့ လုံးဝမပြဘူးတဲ့။ဆရာတော်က နင်ဘယ်သူတုန်း၊
နင်ဘာဖြစ်နေတာတုန်းလို့မေးတော့မှ ဘလုံးဗထွေးလေသံ နဲ့ ဈေး မှာနေတဲ့ သူရဲမပါ။ သူတို့မှာနေစရာမရှိလို့နေစရာပေးပါ။ ဒီဈေးမှာ သူတို့ခြောက်ယောက် ရှိတယ်။ သူတို့ကိုအုပ်ချုပ်တဲ့ သူရဲကြီးက နေစရာ မပေးလို့သွားစရာမရှိပါဘူး။ နေစရာပေးပါ၊ လူတွေကို ဘာမှမလုပ်ပါဘူး လို့ပြောတယ်တဲ့၊ ဆရာတော်က ဒါဆို အပေါ်ဆုံးထပ်ခုနှစ်လွှာမှာနေ ဆိုပြီး နေရာပေးလိုက်တယ်တဲ့။ ခုနှစ်လွှာကတော့ လူမနေပါဘူး၊ ပစ္စည်းတွေ ထားတဲ့ ဂိုတောင်တွေဘဲရှိတာပါ။ ကြားရတာ တမျိုးကြီး ဘဲ ဗျာ ဒီခေတ်ကြီး ထဲမှာ ဒီလိုတွေရှိနေတယ်ဆိုတာ မယုံချင်ပေမယ့် အခုအဖြစ် အပျက်ကြီး က ဒီနေ့ဒါကယ်ဖြစ်တာဆိုတော့ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး......။

From: kyaw Swarwin
mmdailystar
ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတာတဲ့။ ဈေးလုံခြုံရေးတွေ လုံးဝအိပ်လို့ မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံးဆရာတော်ကြီးများပင့်ပြီး အသံမဆဲပဋ္ဌာန်းပွဲ ကျင်းပပါတယ်။ (၅)ရက် တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။

UWSA (၀) တပ်ဖွဲ့မှ NDAA(မိုင်းလား)အဖွဲ့အား ပန်ဆန်းသို့ ဆင့်ခေါ်

Photo: UWSA (၀) တပ်ဖွဲ့မှ NDAA(မိုင်းလား)အဖွဲ့အား ပန်ဆန်းသို့ ဆင့်ခေါ်
 Friday, September 14, 2013

UWSA (၀)တပ်ဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့တို့ အခုရက်ပိုင်းအတွင်းမှာ အဖွဲ့နှစ်ဖွဲ့ကြား ဖြစ်ပွားနေ သော ပြဿနာများကို ဖြေရှင်းရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံရန်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ် သော ဦးအိုက်ရီမှ ပြောပြပါသည်။

“အခုလိုတွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ UWSA(၀)တပ်ဖွဲ့ပိုင် ဒေါ်လာသန်းချီတန်တဲ့ မူးယစ်ဆေးဝါးတွေကို NDAA မိုင်းလားနယ်မြေကိုဖြတ်ပြီး ထိုင်းနိုင်ငံကို ပို့ဆောင် နေတုန်းမှာ NDAA မိုင်းလားအဖွဲ့က ကြားဖြတ်သိမ်းယူခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ NDAA အဖွဲ့အနေနဲ့ အခုလို (၀)တပ်ဖွဲ့ပိုင် မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးထား တာဟာ အစိုးရအပြောင်းအလဲကာလအတွင်း အစိုးရ စစ်တပ်က NDAA ကို တိုက်ခိုက်မှာစိုးလို့ (၀)တပ်ဖွဲ့ကို အကူအညီတောင်းပြီး NDAA နယ်မြေထဲမှာ တပ်စွဲထား ခိုင်းခဲ့ပြီး အခုလို အေးချမ်းတဲ့အချိန်ရောက်တဲ့ အထိ (၀)တပ်ဖွဲ့တွေဟာ NDAA (မိုင်းလား)နယ်မြေက ထွက်သွားတာ မရှိဘဲ ဆက်ပြီးတပ်စွဲထားတာက တစ်ကြောင်း၊ UWSA (၀)တပ်ဖွဲ့တွေ အနေနဲ့ NDAA မိုင်းလား နယ်မြေကို ဖြတ်သွားရင် ဖြတ်သန်းခအခွန်တွေ အရင်ကပေးခဲ့ပေမဲ့ အခုကျတော့ မပေးတော့တာက တစ်ကြောင်း၊ UWSA (၀)အဖွဲ့တွေအနေနဲ့ မိုင်းလားနယ်မြေထဲကို ၀င်ပြီး ပြန်ထွက်တာ နည်းလာတဲ့ အတွက် အခုလို ဖမ်းဆီးလိုက်တာဖြစ်တယ်” လို့ ပြောကြားခဲ့ ပါသည်။

ဦးအိုက်ရီက ဆက်လက်ပြောကြားရာမှာ “UWSA (၀)တပ်ဖွဲ့က NDAA (မိုင်းလား) တပ်ဖွဲ့ကို သူ့ရဲ့ လက်အောက်ခံတပ်သဖွယ် သဘောထား လာတာကြောင့် NDAA(မိုင်းလား)တပ်ဖွဲ့ဝင်တွေအနေနဲ့ (၀)တပ်ဖွဲ့ တွေ ကို ဆန့်ကျင်တိုက်ခိုက်လိုပေမယ့် NDAA (မိုင်းလား)အဖွဲ့ခေါင်းဆောင် ပိုင်းတွေအနေနဲ့ (၀)တပ်ဖွဲ့က သူတို့ကို လာသတ်မှာကြောက်တာကြောင့် လက်အောက်ခံတပ်ဖွဲ့ဝင်တွေက (၀)တပ်ဖွဲ့တွေကို တိုက်ခိုက်တာ မျိုး မလုပ်အောင် မနည်းထိန်းနေရတယ်” လို့ ပြောကြားခဲ့ပါသည်။
(၀)တပ်ဖွဲ့ ဟာ သူ့ထက်ငယ်တဲ့ အဖွဲ့တွေကို အနိုင်ကျင့်ဗိုလ်ကျနေတာ အခုမှမဟုတ်ကြောင်း၊ အရင် ကလည်း အဲလိုပဲ ဗိုလ်ကျတဲ့ဖြစ်စဉ်တွေရှိခဲ့ ဖူးကြောင်း၊ SSPP၊ SSA(၀မ်ဟိုင်း) အဖွဲ့ဆိုရင်လည်း (၀)တပ်ဖွဲ့ ရဲ့ ခိုင်းတာ မှန်သမျှ လုပ်နေရကြောင်း၊ အခုအခါ SSA(၀မ်ဟိုင်း)အဖွဲ့ထဲ မှာ(၀)လူမျိုးတွေကို ရာထူးကြီးကြီး ပေးနေ ရကြောင်း၊ (၀)တပ်ဖွဲ့ရဲ့ရည် မှန်းချက် သည် သီးခြားလွတ်လပ်သော(၀)ပြည်နယ် အဖြစ် ရောက် ရှိအောင် လုပ် ဆောင်ဖို့ဖြစ်ကြောင်း၊ အခု(၀)အဖွဲ့က မြို့အဖြစ် တည်ဆောက် ထားတဲ့ ပန်းယန်းမြို့ဟာ အရင်က မိုင်းလင်း စော်ဘွား အုပ်ချုပ်ခဲ့တဲ့နယ်မြေဖြစ်ပြီး မိုင်းလင်းစော်ဘွားနယ်မြေအားလုံးကို (၀)ပြည်နယ် အတွင်းပါအောင် လုပ် ဆောင်နေသည့်အပြင် တစ်ဖက်က လည်း မိုင်းလင်းစော်ဘွားတံဆိပ်တုံးကို လိုက်လံရှာဖွေလျက်ရှိကြောင်းနဲ့ တံဆိပ်တုံးရရှိရင် ဒေါ်လာ ၁ သန်းပေးမယ်လို့ (၀)အဖွဲ့နဲ့ နီးစပ်သူ အချို့က ပြောဆိုလျက်ရှိကြောင်း၊ မိုင်းလင်း တံဆိပ်တုံးရရှိပါက အဲဒီ တံဆိပ်တုံးကို အထောက်အထားပြုလုပ်ပြီး မိုင်းလင်းနယ်မြေအတွင်း ပါရှိတဲ့မြို့တွေကို (၀)သီးခြားလွတ်လပ်သောပြည်နယ် အဖြစ်ထူထောင် ဖို့တောင်းဆို သွားမှာဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မိုင်းလင်းစော်ဘွားတံဆိပ်တုံးနဲ့ပတ်သက်လို့ မိုင်းလင်းစော် ဘွား ရဲ့ မွေးစားသား ဖြစ်တဲ့ SSA(၀မ်ဟိုင်း) အဖွဲ့ခေါင်းဆောင် ဦးပန်ဖက (၀)အဖွဲ့ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး အကြီးအကျယ် ဒေါသ ထွက် လျက်ရှိပေမဲ့(၀)တပ်ဖွဲ့ကို လွန်ဆန်နိုင်ခြင်းမရှိတာကြောင့် တစ်ခြားနည်း လမ်း နဲ့ တုန့်ပြန်ဖို့အတွက် စဉ်းစား လျက်ရှိကြောင်း၊အခွင့်သာ ရင်တုန့်ပြန်မယ် လို့ပြောဆိုနေကြောင်း ဦးပန်ဖနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်း ၏ ပြောပြချက် အရ ကြားသိရကြောင်း ဦးအိုက်ရီမှ ပြောဆိုသွားပါသည်။

စိုင်းမိန်း
မြန်မာပြည်သား
UWSA (၀)တပ်ဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့တို့ အခုရက်ပိုင်းအတွင်းမှာ အဖွဲ့နှစ်ဖွဲ့ကြား ဖြစ် ပွားနေ သော ပြဿနာများကို ဖြေရှင်းရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံရန်ရှိသည်ဟု ဒေသခံ တစ်ဦးဖြစ် သော ဦးအိုက်ရီမှ ပြောပြပါသည်။

အယ်ဒီတာထံ အိတ်ဖွင့်ပေးစာ

KIA အကြမ်းဖက်သမားတို့၏ လက်နက်အားကိုးဖြင့် ဝင်ရောက်ကျူးကျော် တိုက်ခိုက်အနိုင်ကျင့်ခြင်းကို

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင်ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦး ခေါင်းဖြတ်သတ်ခံရ

Photo: မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင်ဦးတေဇအား ရေခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦး ခေါင်းဖြတ်သတ်ခံရ
Saturday, September 14, 2013

မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေ ခဲတောင် မှ ကယ်ထုတ်ခဲ့သူ တပ်မတော် အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အသတ်ခံရကြောင်း နိုင်ငံတော်သမ္မတ ရုံးမှ သိရှိရသည်။

''ဗိုလ်ဇော်မျိုးထက်ရဲ့ မျက် နှာကို ဓားနဲ့အမွှန်းခံရပြီးခေါင်း ဖြတ်ပြီးတော့ ဗိုက်ထဲခွဲထည့်ထားတယ်။ တခြားအဆင့်နှစ်ဦးကတော့ အသတ်ခံထား ရတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်း ချမ်းရေး ကောင်စီ က ကေအိုင်အို ကို ဥပဒေနဲ့အညီ ဖြေ ရှင်းဆောင် ရွက်ပေးဖို့ တရားဝင်စာပေးပို့ထား တယ်။ သူတို့ဆီကပြန်ကြား တာ မလာသေးဘူး။ ကေအိုင်အိုအနေ နဲ့ ဘယ်လိုဖြေရှင်းပေးမလဲဆိုတဲ့ အပေါ် မူတည်ပြီး ဆက်လက် ဆောင် ရွက်သွား ပါမယ်'' ဟု နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါစစ်ပွဲဖြစ်ပွားရာ ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းနေရာ သည် စစ်စခန်းနယ် မြေသတ်မှတ်မှုအရ ကေအိုင်အို နယ် မြေမ ဟုတ်ကြောင်း အဆိုပါတာ ဝန်ရှိသူမှ ဆက်လက်ပြောကြား ခဲ့သည်။ ကျဆုံး သွားသောအရာရှိ မှာ ဗိုလ်ဇော်မျိုး ထက်၊ ဒုတပ်ကြပ် စိုးနိုင်ဦးနှင့် တပ်သား ခင်မောင် သန့်တို့ဖြစ်ကြောင်း၊ ဩဂုတ် ၃၀ ရက်တွင် ကွယ်လွန် သွားခြင်းဖြစ် ကြောင်း သိရသည်။

''အောက်ခြေမှာ ထိတွေ့ မှုတွေဖြစ်လို့ တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ် မှုတွေဖြစ်တာ လက်ခံလို့ ရပေမယ့် ဒီလိုဖမ်းဆီးသွားပြီး ရက် ရက်စက်စက် သတ်ဖြတ် တာမျိုး တော့လက်မခံနိုင်ပါဘူး''ဟု သမ္မတ ရုံးမှ တာဝန်ရှိသူက ဆက်လက် ပြောသည်။ ယင်းနှင့် ပတ်သက်ပြီး ဗိုလ် ဇော်မျိုးထက်၏ဖခင် ဦးမျိုးဦးက ''မိသားစုထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။ ဦးတေဇ ကို ရေခဲ တောင်မှ ကယ် ထုတ်ခဲ့တဲ့ ဗိုလ် တစ်ဦးဆိုတာလဲ ဟုတ် ပါတယ်။ ဖြစ်ပုံကတော့ တိုက်ပွဲမှာ တိုက် ရင်းနဲ့ ပျောက်သွား တယ်လို့ ဆို ပါတယ်။ ကျွန်တော်တို့သားကိစ္စ ကို ယခုလ ၅ရက်ကမှ သိရတာ ဖြစ်ပါ တယ်'' ဟု အတည်ပြုပြော ကြားခဲ့သည်။

Yangon Media Group
မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေတိုက် ပွဲတွင် ဦးတေဇအား ရေခဲတောင်မှ ကယ်ထုတ်ခဲ့သူ တပ် မတော်အရာရှိတစ်ဦး ခေါင်းဖြတ်အသတ် ခံရပြီး တခြားအဆင့်နှစ်ဦးတို့ အသတ်ခံရကြောင်း နိုင်ငံတော် သမ္မတ ရုံးမှ သိရှိရသည်။

ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးစစ်ဆေးရာမှ လူသတ်မှုပေါ်

Photo: ခိုးမှုမသင်္ကာဖြင့် ဖမ်းဆီးစစ်ဆေးရာမှ လူသတ်မှုပေါ်
Saturday, September 14, 2013

၁၃.၉.၂၀၁၃ရက်နေ့ ၂၃၅၀ အချိန် တိုက်ကြီးမြို့မရဲစခန်းမှ
တပ်ဖွဲ့ ၀င် များသည် လှည့်ကင်းဆောင်ရွက်စဉ် တိုက်ကြီးမြို့၊
ဗောဓိကုန်း ရပ်ကွက်၊ မြို့နယ်သမ၀ါယမရုံးအနီး ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် စက်ဘီး(၁)စီးနှင့်ခိုးယူလာကြောင်း မသင်္ကာဖွယ်ရာတွေ့ရှိသူ မင်းမင်း(ခ) မင်းမင်းဦး၊ (ဘ)ဦးမြင့်စိုး၊ တိုက်ကြီးမြို့နယ်နေသူအား တိုက်ကြီးမြို့မရဲစခန်း(ပ) ၂၆၈/၂၀၁၃၊
ပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ မင်းမင်း(ခ)မင်းမင်းဦးသည် ၂၁၃၀ အချိန်ခန့်က သမ၀ါယမ ရုံးဝင်းတွင် ညစောင့်ဖြစ်သူ ဦးခင်မောင်ဦး၊ (ဘ)ဦးခင်၊ တိုက်ကြီးမြို့နယ်နေသူနှင့် အရက်မူးစကားများရာမှ ဦးခင်မောင်ဦး၏ ဦးခေါင်းအား တမံတလင်းကြမ်းပြင်ဖြင့် ဆွဲဆောင့်ထားခဲ့ကြောင်း သိရှိရသဖြင့် စခန်းမှူးနှင့်အဖွဲ့မှ မြို့နယ်သမ၀ါယမရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဦးခင်မောင်ဦးသည် ဦးခေါင်းနောက်စေ့
ပေါက်ပြဲ၊ ယာပခုံးဖူးယောင်၊ နှာခေါင်းနှင့်ပါးစပ်သွေးထွက်ဒဏ်ရာ
များဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မင်းမင်း(ခ)မင်းမင်းဦးအား တိုက်ကြီးမြို့မရဲစခန်း(ပ)၂၆၉/၂၀၁၃၊ ပုဒ်မ၃၀၂ ဖြင့်ထပ်မံ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၃.၉.၂၀၁၃ရက်နေ့ ၂၃၅၀ အချိန် တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်စဉ် တိုက်ကြီးမြို့၊ ဗောဓိကုန်းရပ်ကွက်၊ မြို့နယ်သမ၀ါယမရုံးအနီး ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် စက်ဘီး (၁) စီးနှင့်ခိုးယူလာကြောင်း မသင်္ကာဖွယ်ရာတွေ့ရှိသူ မင်းမင်း(ခ) မင်းမင်းဦး၊ (ဘ)ဦးမြင့်စိုး၊ တိုက်ကြီးမြို့ နယ်နေသူအား တိုက်ကြီးမြို့မရဲစခန်း(ပ) ၂၆၈/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပါသည်။

ရွှေတိဂုံစေတီကို ကြေးလေးတန်ဖြင့် ရွှေသင်္ကန်း ကပ်လှူမည်

လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သုံးစွဲပြီးဖြစ်သော ကြေးဖြတ် စလေးတန်ကို ပြန်လည် ကျိုချက်ကာ ကြေးနီပြားများ ပြုလုပ်၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော် သွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေ တီတော် ဝက်ဘ်ဆိုက်တွင် ဖော်ပြကာ ပြန်လည် ဖြေကြားသည်။

အရည်အသွေးစစ်ဆေးရန် ကားတာယာအချို့ သွင်းကုန်လိုင်စင် ပြုလုပ်ရမည်

သွင်းကုန်လိုင်စင်မဲ့ တင်သွင်းခွင့်ပြုထားသည့် မော်တော်ယာဉ် တာယာများ အနက် အရည်အသွေး စစ်ဆေးရန် လိုအပ်သည့် မော်တော်ယာဉ် တာရာနှစ် မျိုးကို လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့မှ စတင်ကာ သွင်းကုန်လိုင်စင် ပြုလုပ်ရန်တင်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်း စတင်ရေးဆွဲ

မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သော အလယ်တန်းကျောင်း သား၊ ကျောင်း သူများအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေး ဆက်လက်ဆောင်ရွက်ရန် ပညာရေးဝန်ကြီး ဌာနနှင့် UNESCO တို့ ပူးပေါင်းပြီး သြဂုတ်လမှစတင်ကာ သင်ရိုးညွှန်းတမ်းများ စတင်ရေးဆွဲနေပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ကျောင်းပြင်ပ ပညာရေးဌာနမှ ဦးစီးမှူး ဦးခင်မောင်ထွေးက ပြောကြားခဲ့သည်။

အွန်လိုင်းမှ တစ်ဆင့် ဥပဒေဒီပလိုမာ ရယူနိုင်

ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ၌ပညာရေးကိုအားပေးအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိချိန်ဖြစ်သည်။

GSM လိုင်းကတ်အရေအတွက် တိုးရောင်းမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင်လမှစတင်ကာ ကျပ် ၁၅၀၀ နှုန်းဖြင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်အရေအတွက် ကန့်သတ်ရောင်းချပေးနေသည့် GSM လိုင်းကတ်များကို အရေအတွက် တိုးမြှင့်ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

လူအများစုဝယ်နိုင်ပြီး ထိရောက်မှုရှိသည့် ကျန်းမာရေးအာမခံစနစ် ဖော်ဆောင်မည်

မြန်မာနိုင်ငံတွင် ပြည်သူလူထု အားလုံးနီးပါး ဝယ်ယူနိုင်သည့် အာမခံနှုန်း ထားနှင့် ထိရောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်မည့် အာမခံစနစ်ကို ၂၀၁၅ ခုနှစ်မတိုင်မီ စတင်ကျင့်သုံးနိုင်ရန် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင် သိမ်း က ပြောကြားသည်။

အငှားယာဉ် (၁)စီး မီးလောင်မှုဖြစ်

Photo: အငှားယာဉ် (၁)စီး မီးလောင်မှုဖြစ်
Saturday, September 14, 2013

၁၃.၉.၂၀၁၃ရက်နေ့ ၂၂၁၂အချိန်တွင် ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် အနောက်ရွှေဂုံတိုင် ရပ်ကွက်၊ အနောက်ရွှေဂုံတိုင်လမ်း၊ အ.လ.က (၃)ကျောင်းဘေး ပလက်ဖေါင်းပေါ်တွင် ယာဉ် (၁)စီး မီးလောင်နေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေ ရာ သို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ တာမွေမြို့ နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် အဖွဲ့မှရောက်ရှိခဲ့ပြီး မီးသတ်ယာဉ်(၁) စီးဖြင့် ၀ိုင်းဝန်းငြိမ်း သတ်ခဲ့ ရာ ၂၂၂၅အချိန် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းရာ ယာဉ်ပိုင်ရှင်(ယာဉ်မောင်း) စိန်မြင့်၊ (ဘ)ဦးရဲမြင့်၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူ
မောင်းနှင် သည့် ၄င/----၊ ပရိုဘောက်အဖြူရောင် အငှားယာဉ်သည် ဘထ္တီမိန်းကြိုးရှော့ဖြစ် အပူချိန်လွန်ကဲကာ မီးလောင်ကျွမ်းခဲ့သဖြင့် တန်ဘိုးငွေ ကျပ်(၇)သိန်းခန့် ဆုံးရှုံးသွားခဲ့ပြီး ယာဉ်အားပေါ့ဆစွာ အသုံးပြု ရာမှ မီးလောင် ကျွမ်းမှုဖြစ်စေခဲ့သူစိန်မြင့်အား ဗဟန်းမြို့မ ရဲစခန်း (ပ)၃၆၅/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၃.၉.၂၀၁၃ရက်နေ့ ၂၂၁၂အချိန်တွင် ဗဟန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အနောက်ရွှေဂုံတိုင် ရပ်ကွက်၊ အနောက်ရွှေဂုံတိုင်လမ်း၊ အ.လ.က (၃)ကျောင်းဘေး ပလက်ဖေါင်းပေါ်တွင် ယာဉ်(၁)စီး မီးလောင်နေကြောင်း သတင်းအရသွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာသို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ တာမွေမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့်အဖွဲ့မှရောက်ရှိ ခဲ့ပြီး မီးသတ်ယာဉ်(၁) စီးဖြင့် ၀ိုင်းဝန်းငြိမ်း သတ်ခဲ့ ရာ ၂၂၂၅အချိန် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းရာ ယာဉ်ပိုင်ရှင်(ယာဉ်မောင်း) စိန်မြင့်၊ (ဘ)ဦးရဲမြင့်၊ (၁၀)ရပ် ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူ မောင်းနှင်သည့် ၄င/----၊ ပရိုဘောက်အဖြူရောင် အငှားယာဉ် သည် ဘထ္တီမိန်းကြိုးရှော့ဖြစ် အပူချိန်လွန်ကဲကာ မီးလောင်ကျွမ်းခဲ့သဖြင့် တန်ဘိုးငွေကျပ်(၇)သိန်းခန့် ဆုံးရှုံးသွားခဲ့ပြီး ယာဉ်အားပေါ့ဆစွာ အသုံးပြုရာမှ မီးလောင် ကျွမ်းမှုဖြစ်စေခဲ့သူ စိန်မြင့်အား ဗဟန်းမြို့မ ရဲစခန်း (ပ)၃၆၅/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ခါးပိုက်နှိုက်မှု ကျူးလွန်သူ (၂)ဦး ဖမ်းဆီးရမိ

Photo: ခါးပိုက်နှိုက်မှုကျူးလွန်သူ (၂)ဦး ဖမ်းဆီးရမိ
Saturday, September 14, 2013

၁၃.၉.၂၀၁၃ရက်နေ့ ၁၀၅၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များသည် လှိုင်မြို့နယ်၊ ဘာတာကားမှတ်တိုင်တွင် ခါးပိုက်နှိုက်ဖမ်းဆီးရေး တာဝန်ဆောင်ရွက်စဉ် မှတ်တိုင်သို့ ရောက်ရှိလာသည့် (၄၈)မီနီဘတ်(စ်)ယာဉ်လိုင်းပေါ်မှ ဆင်း လာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ သူရအောင်၊ (ဘ) ဦးဝင်းလှိုင်၊ မင်္ဂလာဒုံမြို့နယ်နှင့် တင်လင်းထွန်း၊ (ဘ)ဦးတင်ထွန်း၊ မင်္ဂလာဒုံမြို့ နယ်နေ သူ တို့ (၂)ဦးအား တွေ့ရှိစစ်ဆေးရှာဖွေခဲ့ပါသည်။

ထိုသို့စစ်ဆေးရှာဖွေခဲ့ရာ သူရအောင်ဝတ်ဆင်ထားသော အင်္ကျီအိတ်ကပ် အတွင်းမှ ငွေကျပ်(၁၀၀၀၀)တွေ့ရှိရပြီး ၄င်းတို့(၂)ဦးသည် သံလမ်း မှတ် တိုင် တွင် ယာဉ်ပေါ်ပါ အသက်(၂၅)နှစ်ခန့် အမျိုးသားတစ်ဦး၏ အင်္ကျီ အိတ်ကပ်ကို တင်လင်းထွန်းမှ လူကာပေးပြီး သူရအောင်မှ နှိုက်ယူရရှိ ခဲ့သော ငွေများဖြစ်ကြောင်းသိရှိရသဖြင့် လှိုင်မြို့မရဲစခန်း(ပ)၃၈၁/၂၀၁၃၊
ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။

Yangon Police
၁၃.၉.၂၀၁၃ရက်နေ့ ၁၀၅၀အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် လှိုင်မြို့နယ်၊ ဘာတာကားမှတ်တိုင်တွင် ခါးပိုက်နှိုက်ဖမ်းဆီးရေး တာဝန်ဆောင်

ဟိုတယ်နှင့် စားသောက်ဆိုင်များ ဆီးဂိမ်းကာလ ဝိုင်ဖိုင်အင်တာနက်ချိတ် လိုလျှင် Red Link ဆောင်ရွက်ပေးမည်

ဆီးဂိမ်းတွင် ဟိုတယ်နှင့်စားသောက်ဆိုင်များ ဝိုင်ဖိုင်အင်တာနက်ထား ရှိဆောင်ရွက်နိုင် ရန် ပြုလုပ်ပေး မည်ဟု Red Link ကုမ္ပဏီမှသိရသည်။

ဆန္ဒပြ တောင်ကုတ်ဒေသခံ ၃ ဦး ထောင်ဒဏ် ၃ လစီ ချမှတ်

Photo: ဆန္ဒပြ တောင်ကုတ်ဒေသခံ ၃ ဦး ထောင်ဒဏ် ၃ လစီ ချမှတ်
Saturday, September 14, 2013

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်စလင်တွေအတွက် တူရကီနိုင်ငံက အိမ်ဆောက်ပေးမှာကို ကန့်ကွက်ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်နေတဲ့ ကိုစိုးဝင်း၊ ကိုသံလုံးနဲ့ ကိုသန်းလွင်တို့ကို တောင်ကုတ်မြို့နယ်တရားရုံးက ဒီနေ့ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ကိုသံလုံး၊ ကိုစိုးဝင်းနဲ့ ကိုသန်းလွင်တို့ကို အမိန့်ချပြီးတဲ့နောက် သံတွဲထောင် ကို ခေါ်သွားတယ်လို့ဆိုပါတယ်။ သူတို့ဟာ ဆန္ဒပြဖို့သက်ဆိုင်ရာကို အကြိမ်ကြိမ်ခွင့်ပြုချက်တင်ခဲ့ပေမယ့် မရတဲ့အဆုံး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့ကြ တာလို့ ဒေါ်မဖြူကဆိုပါတယ်။

ဒါကြောင့် သူတို့ကို ခွင့်ပြုချက်မရှိပဲ စီတန်းလှည့်လည်ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ သက်ဆိုင်ရာက တရားစွဲခဲ့ပြီး အာမခံနဲ့လွှတ်ပေးထားတဲ့အတွက်၊ အပြင် ကနေ တရားရင်ဆိုင်ခဲ့ရာကနေ ဒီနေ့မှာ အမိန့်ချခံလိုက်ရတာဖြစ်ပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ မွတ်စလင်တွေအတွက် တူရကီနိုင်ငံက အိမ်ဆောက်ပေးမှာကို ကန့်ကွက်ဆန္ဒပြမှုကြောင့် တရားရင်ဆိုင်နေတဲ့ ကိုစိုးဝင်း၊ ကိုသံလုံးနဲ့ ကိုသန်းလွင်တို့ကို တောင်ကုတ်မြို့ နယ် တရားရုံးက ဒီနေ့ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ကျင်းပတဲ့ “နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အခမ်းအနာ

Photo: နေပြည်တော် သင်္ဂဟဟိုတယ်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ကျင်းပတဲ့ “နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အခမ်းအနာ
Saturday, September 14, 2013

လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လူကုန်ကူးခံရသူတွေကို ဗဟိုပြုစုံစမ်းဖော် ထုတ်ဖို့လိုသလို ဒေသအတွင်း နိုင်ငံတွေရဲ့ ပြစ်မှုဆိုင်ရာ တရား စီရင်ရေးတွေနဲ့ပါ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားဖို့လိုတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဒီနေ့ ပြောကြား လိုက်ပါတယ်။

နေပြည်တော် သင်္ဂဟဟိုတယ်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ကျင်းပတဲ့ “နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့” အခမ်းအနားမှာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက အခုလို ပြောကြားခဲ့တာပါ။

“လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ လူကုန်ကူးခံရသူကို ဗဟိုပြု ချဉ်းကပ်တဲ့လုပ်ဆောင်မှုမျိုး ပြုလုပ်ရန်လိုအပ်မှာဖြစ်ပါတယ်၊ ဒီနေရာမှာ ကြိုတင်ကာကွယ်တဲ့အပိုင်း၊ တရားစွဲဆိုတဲ့အပိုင်း၊ ကာကွယ်စောင့်ရှောက်တဲ့ အပိုင်း၊ လူကုန်ကူးခံရသူရဲ့ လိုအပ်တဲ့ အခွင့်အရေးတွေ ကို အဓိကဗဟိုပြုပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ လူကုန်ကူးမှုများ စုံစမ်းစစ်ဆေးတဲ့အခါမှာ ထောက်လှမ်းရေးကွန်ရက်ကို ချဉ်းကပ်တဲ့ စုံစမ်းစစ်ဆေးအသိပညာများ တိုးတက်ရရှိရေး လေ့ကျင့်ပေး ထားရမှာဖြစ်ပါတယ်”

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုဖြစ်ပွားမှု အများဆုံးဖြစ်ပွားနေတဲ့နေရာတွေမှာ MTV Exit ဂီတအဖွဲ့နဲ့ ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး အသိ ပညာပေးဖျော်ဖြေပွဲတွေကို လာမယ့်အောက်တိုဘာလမှာ စတင်ကျင်းပ သွားမယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းနိုင်ထွန်းကလည်း ပြောပါတယ်။

နိုင်ငံတာကာ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွေကို ကယားပြည်နယ် လွိုင်ကော်နဲ့ ရှမ်းပြည်နယ် တာချီလိတ်စတဲ့ နယ်စပ်မြို့တွေ မှာလည်း ဒီနေ့ကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ဂရမ်မီဆုရ ကမ္ဘာကျော် အမေရိကန် အဆိုတော် Jason Mraz ဦးဆောင်တဲ့ MTV Exit အဖွဲ့ဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး ပညာပေးဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။

RFA Burmese
လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ လူကုန်ကူးခံရသူတွေကို ဗဟိုပြုစုံစမ်းဖော်ထုတ်ဖို့လိုသလို ဒေသ အတွင်း နိုင်ငံတွေရဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်ရေးတွေနဲ့ပါ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားဖို့လိုတယ် လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဒီနေ့ ပြောကြားလိုက် ပါတယ်။

ခြောက်လမ်းသွားလမ်းမများနှင့် လမ်းမကြီးများပေါ် စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေအပြင် စီမံချက်ဒဏ်ငွေဖြင့် အရေးယူမည်

Photo: ခြောက်လမ်းသွားလမ်းမများနှင့် လမ်းမကြီးများပေါ် စည်းကမ်းမဲ့ ရပ်နားသည့်ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေအပြင် စီမံချက်ဒဏ်ငွေဖြင့် အရေးယူမည်
Saturday, September 14, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များ ကို မော်တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ တွဲဖက် အတွင်းရေးမှူး ရဲမှူးသာဌေးက စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ရပ်နားနေသည့် ယာဉ် များကို (၁၉၆၄) ခုနှစ် မော်တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူသွားမည့် အပြင် စီမံချက်ဒဏ်ငွေဖြင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်လမ်းတစ်လျောက်၊ ကမ္ဘာအေးစေ တီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့် ကန် လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ အင်းယားလမ်း၊ ဓမ္မာစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံ လမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးတို့တွင် ယာဉ်များခေတ္တရပ်နား ခြင်းမှအပ ရပ်နားခြင်း မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ကြေညာထားကြောင်း သိရသည်။

''အခု ရန်ကုန်မြို့အတွင်းမှာရှိတဲ့ လမ်းပေါင်း ၂၆ လမ်းမှာ ယာဉ်တွေရပ် နားခြင်း မလုပ်ဖို့ ကြေညာထားပြီးဖြစ်တယ်။ အခုလည်း နှစ်ပတ်ကာလ အတွင်းမှာ ပညာပေး ဆောင်ရွက်နေတယ်။ပညာပေးကာ လ ကျော် လွန်သွားရင်တော့ မော်တော်ယာဉ်ဥပဒေနဲ့ရော စီမံချက် ဒဏ်ငွေနဲ့လည်း အရေးယူသွားမယ်။ စည်းကမ်းမဲ့ ရပ်နေတဲ့ယာဉ်တွေကို ကရိန်းနဲ့ဆွဲပြီး အရေးယူဖို့အတွက် ပြည်ပကနေ ကရိန်းတွေလည်း မှာယူထားပါတယ်''
ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တွဲဖက် အတွင်းရေး မှူး ရဲမှူး သာဌေးက စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့ သည်။

အဆိုပါ လမ်းမကြီးများပေါ်ရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ခရီးသည် တင်ယာဉ်များအနေဖြင့် ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို ကျင့်သုံးရ မည်ဖြစ်ကြောင်းနှင့် ခရီးသည်တင်ယာဉ်လိုင်းအချို့မှ ယာဉ်များကို လမ်းမများပေါ်တွင် ညအိပ်ရပ်နားသည့်အတွက် ယာဉ်မတော်တဆမှုများ၊ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ သတင်းရရှိသည်။

Eleven Media Group
ဗညားဒလလမ်းတွင် စည်းကမ်းမဲ့ရပ်ထားသော ယာဉ်များနှင့် ယာဉ် ပိတ်ဆို့မှုကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
ဗညားဒလလမ်းတွင် စည်းကမ်းမဲ့ရပ်ထားသော ယာဉ်များနှင့် ယာဉ် ပိတ်ဆို့မှုကို စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီးများပေါ်တွင် စည်း ကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို မော်တော်ယာဉ်နည်းဥပဒေဖြင့် အရေးယူသွား မည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးက စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာမွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာပြပွဲကို တပ်မတော်ခန်းမတွင်သုံးရက်ကြာ ဖွင့်လှစ်ပြသ

Photo: အပြည်ပြည်ဆိုင်ရာမွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာပြပွဲကို တပ်မတော်ခန်းမတွင်သုံးရက်ကြာ ဖွင့်လှစ်ပြသ
Saturday, September 14, 2013

မြန်မာနိုင်ငံအပါအ၀င် အာရှ၊ ဥရောပမှ နိုင်ငံပေါင်း ၁၄ နိုင်ငံ လာရောက်ပြသသော အပြည်ပြည်ဆိုင်ရာ မွေးမြူရေးနှင့်ရေလုပ်ငန်း ဆိုင်ရာပြပွဲကို ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမတွင် စတင်ပြ သလျက်ရှိကြောင်း သိရ သည်။ ပြပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်ထိ သုံးရက်ကြာပြသမည်ဖြစ်ပြီး မွေးမြူ ရေးနှင့်ရေလုပ်ငန်း ဆိုင်ရာများကို လေ့ လာလို သူများအနေဖြင့် အဆိုပါပြပွဲတွင် ပြသ ထား သော မွေးမြူရေးလုပ်ငန်း သုံးဆေးဝါးများ၊ တိရစ္ဆာန်အစာ များနှင့် ခေတ်မီရေလုပ်ငန်းသုံးပစ္စည်းများကို လာရောက်၍ လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။

ပြပွဲတွင် မွေးမြူရေးနှင့်ရေလုပ်ငန်းသုံး ပစ္စည်းများအပြင် တိရစ္ဆာန်ကျန်း မာရေးစောင့် ရှောက်မှုများ၊ မွေးမြူရေးဆိုင်ရာ အစာအာ ပာာရနည်းစနစ် များနှင့် ၄င်းတို့နှင့်ဆက်စပ် သောငွေကြေးစီမံခန့်ခွဲမှုများကိုပါ နိုင်ငံတ ကာမှ ပညာရှင်များမှ ပြပွဲကာလ ၃ ရက်အ တွင်း ပောာပြောပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

''ဒီလို နိုင်ငံပေါင်းစုံပါဝင်တဲ့ ပြပွဲလုပ် ခြင်းအားဖြင့် မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ် နှံလိုတဲ့ လုပ်ငန်းရှင်တွေပေါ်လာနိုင်ပြီး ဈေး ကွက်သစ်တွေ လည်း ရလာနိုင်ပါတယ်။ ဒီနှစ် ပိုင်း ခြောက်လအတွင်းမှာ လာရောက် ရင်းနှီး မြှုပ်နှံငွေက အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံရှိတယ်လို့ သိရတယ်။ ဒါကိုကြည့် ခြင်းအားဖြင့်လာမည့် ငါးနှစ်အတွင်း မြန်မာ နိုင်ငံ အနေနဲ့ ပြောင်းလဲတိုးတက်မှုတွေ အများ ကြီးရှိလာမယ်လို့ကျွန်မထင်ပါ တယ်''ပာု ပြပွဲဖြစ်မြောက်ရန် နိုင်ငံတကာနှင့်ချိတ်ဆက် ပေးသော ဘန်ကောက်အခြေစိုက် Vnu Ex- hibitions Asia Pacific ကုမ္ပဏီမှ ပွဲစီစဉ်သူ အထွေထွေမန်နေဂျာ Ms.Ladda မှ ပြော ကြားသည်။

ပြပွဲတွင် နိုင်ငံတကာမှ ကုမ္ပဏီပေါင်း (၇၀) လာရောက်ပြသလျက် ရှိပြီး ပြခန်း ပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။ ပြခန်း တွင် ကြက်၊ ၀က်၊ ငါး စသည့်တိရစ္ဆာန်အစာ နှင့် အာပာာရဆိုင်ရာဆေးဝါးများကို အဓိက ပြသပြီး အခြားကြက်၊ ဘဲ မွေးမြူရေးလုပ်ငန်း သုံးဆိုင်ရာ ပန်ကာ၊ မီးစက် စသည့်အသုံးအ ဆောင်ပစ္စည်းများကိုလည်း ပြသထားကြောင်း အဆိုပါပြပွဲမှ သိရသည်။

Eleve Media Group 

ရန်မျိုးအောင်၊ အိနီတာကို Crystal Diamond Livestock ကုမ္ပဏီမှ ကြက်ပေါက် ထုတ်လုပ်မှုနှင့် ပတ်သက်၍ပြသနေသည်ကိုတွေ့ ရစဉ်
ရန်မျိုးအောင်၊ အိနီတာကို Crystal Diamond Livestock ကုမ္ပဏီမှ ကြက်ပေါက် ထုတ်လုပ်မှုနှင့် ပတ်သက်၍ပြသနေသည်ကိုတွေ့ ရစဉ်
မြန်မာနိုင်ငံအပါအ၀င် အာရှ၊ ဥရောပမှ နိုင်ငံပေါင်း ၁၄ နိုင်ငံ လာရောက်ပြသသော အပြည်ပြည်

ဆီးရီးယားငြိမ်းချမ်းရေး ညီလာခံကိစ္စ ရုရှား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦး သဘောတူ

Photo: ဆီးရီးယားငြိမ်းချမ်းရေး ညီလာခံကိစ္စ ရုရှား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှစ် ဦး သဘောတူ
Saturday, September 14, 2013

ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်စေဖို့ ငြိမ်းချမ်းရေးညီလာခံကျင်း ပနိုင်ရေး အတွက် အမေရိကန် နိုင်ငံခြားဝန်ကြီး John Kerry နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ကြိုးပမ်းအား ထုတ်နေကြ ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက်ဟာ ဆီးရီးယားရေးရာ ကုလသမဂ္ဂ သံတမန် Lakhdar Brahimi နဲ့ Switzerland နိုင်ငံ Geneva မြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။

ဆီးရီးယားအပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှု ရှောင်လွဲနိုင်ဖို့နဲ့ ဆီးရီးယား ဓာတုလက်နက်တွေကို နိုင်ငံတကာလက်ကို ဘယ်လို အပ်မလဲဆိုတဲ့ ကိစ္စတွေ ကို ဆွေးနွေးနေကြတာပါ။ ၂၀၁၂ ခုနှစ်တုန်းက နောက် ဆုံးဆွေးနွေး ခဲ့တဲ့ ဆီးရီးယားငြိမ်းချမ်းရေးညီလာခံအတွက် ဒီလကုန်ကျရင် နယူးယောက်ခ်မြို့မှာ ဝန်ကြီး Kerry နဲ့ Lavrov တို့ ထပ်မံတွေ့ ဆုံဆွေးနွေးကြဖို့ သဘောတူခဲ့ကြပါတယ်။

တိုးတက်မှုရှိ မရှိက ဆီးရီးယားကနေ ဓာတုလက်နက်တွေ ဖယ် ရှားရေးပေါ်မှာ မူတည်တယ်လို့ အမေရိကန်နိုင် ငံခြားရေးဝန်ကြီး က ပြောပါတယ်။နိုင်ငံတကာ ဓာတု လက် နက်တားဆီးရေးစာချုပ်မှာ ပါဝင်လက်မှတ်ထိုးဖို့ ဆောင်ရွက်ခဲ့ပေ မဲ့ သူ့နိုင်ငံမှာ ရှိနေတဲ့ ဓာတု လက်နက်တွေနဲ့ပတ်သက်တဲ့အသေးစိတ်ကို ပြော ဖို့ တစ် လ အချိန်ရှိ တယ် လို့ အလေးထားပြောနေပါတယ်။

အမေရိကန်က တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတာရပ်မှ ဆီးရီးယားက ဓာတု လက်နက် ဖယ်ရှားရေးကို အပြီးသတ် သဘောတူမယ်လို့ သမ္မတ Bashar al-Assad က ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

အဆိပ်ဓာတ်ငွေ့ တားဆီးရေးနိုင်ငံတွေထဲမှာ ပါဝင်ဖို့ ဆီးရီးယားက ဆုံးဖြတ် ခဲ့ အပေါ် ရုရှားသမ္မတ Vladimir Putin က ချီးကျုးလိုက်ပြီး ပြဿနာ ဖြေ ရှင်း ဖို့ အတွက် ဆီးရီးယားအစိုး ရရဲ့ လေးနက်မှုကို ပြသတာဖြစ်တယ် လို့ ပြောခဲ့ပါ တယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဆီးရီးယား ဘက်က လုပ်စရာ ကို မြန်မြန်လုပ်သင့်ကြောင်း နဲ့ သမ္မတ အာဆတ် ရဲ့ ဆောင်ရွက်မှုတွေကို အမေရိကန်အစိုးရဘက်က မကျေနပ်ရင် စစ်ရေးအရ အရေးယူဖို့ လိုလိမ့်မယ် လို့ကြာသပတေးနေ့က ခြိမ်းခြောက်ခဲ့ ပါတယ်။

VOA
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ)၊ ကုလအထူးကိုယ်စား လှယ် Lakhdar Brahimi (လယ်)၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ)၊ ကုလအထူးကိုယ်စား လှယ် Lakhdar Brahimi (လယ်)၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov
ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်စေဖို့ ငြိမ်းချမ်းရေးညီလာခံကျင်း ပနိုင်ရေး အတွက် အမေရိကန် 

ဒလမှာ အမျိုးသမီးများ ဆန္ဒပြ

 Photo: ဒလမှာ အမျိုးသမီးများ ဆန္ဒပြ
Saturday, September 14, 2013

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာ ဒေသခံအမျိုးသမီး ၃ဝ လောက်က ဒလမြို့နယ်အတွင်း အမျိုး သမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေများနေတာကို ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒလမြို့ ရာဇသင်္ကြန်ဘုရားကြီးရှေ့ကနေ မြို့လယ်နာရီစင်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့တာလို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ မလှလှမြင့်က အခုလိုပြောပါတယ်။

“အဓိကကတော့ အမျိုးသမီးတွေ ကာကွယ်စောင့်ရှောက်ရေးပေါ့နော်၊ အခုရပ်ကွက်တွေမှာ အမျိုး သမီးတွေ မုဒိန်းမှုတွေ တအားဖြစ်လွန်းအားကြီးတယ်၊ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေကို ကာကွယ် လို့ရအောင်ဆိုပြီးတော့၊ နောက်ကလေးတွေ ကာကွယ်စောင့်ရှောက်ရေးအတွက်ဦးတည်ပြီး ကျမတို့ဆန္ဒပြ ရခြင်းဖြစ်ပါတယ်”

ဒလမြို့အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေအပြင် ကိုယ်ထိ လက်ရောက် ကျူးလွန်မှုတွေ သိသိသာသာ များပြားလာနေတယ်လို့ ဆန္ဒပြသူအမျိုးသမီးတွေ က ပြောပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒလမြို့ခံအမျိုးသမီးနဲ့ ကလေးငယ်တွေ လုံခြုံရေး အတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာ ဒေသခံအမျိုးသမီး ၃ဝ လောက်က ဒလမြို့နယ်အတွင်း အမျိုး သမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေများနေတာကို ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ခလရ(၁၃၇)မှ အရာရှိ၏ ဖြစ်ရပ်မှန်

Photo: ခလရ(၁၃၇)မှ အရာရှိ၏ ဖြစ်ရပ်မှန်
Saturday, September 14, 2013

ယခုအပတ်တွင် KIA မှ စစ်တပ်မှ အရာရှိတစ်ဦးနှင့် ရဲဘော် (၂) ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်မှုသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး မှုတွေ တွေ့နေရပါတယ်။ အမှန်တကယ်ဖြစ်ပွားမှုမှာ ခလရ(၁၃၇) က ဗိုလ်ဇော်မျိုးထက်အပါအ၀င် (၁၂) ဦးက တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်း KIA က မလွမ်ဒိန်စာရွာ အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ စစ်တပ်ဘက်က (၂)ယောက်သေပြီး (၁)ယောက်ထိခိုက် ကာ KIA ဘက်က (၁) ယောက်သေပါတယ်။ တောင်တက်အဖွဲ့အား အင်ခဂါးရွာသို့ ဆက်လက်ပို့ဆောင်စဉ် KIA မှ အင်အား (၃၀)ကျော် နှင့် စစ်တပ်လုံခြုံရေးအဖွဲ့ဝင်များအား ခြုံခိုတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး အင်အားခြင်းမမျှတတာကြောင့် စစ်တပ်က ပြန်ဆုပ်တဲ့အချိန်မှာ ဗိုလ်ဇော်မျိုးထက် မပါလာကြောင်း သူ့အဖွဲ့က သိရှိရပါတယ်။

ခလရ(၁၃၈)မှ အဖွဲ့က ဗိုလ်ဇော်မျိုးထက်ကို ထပ်မံရှာဖွေခဲ့ရာ ဒီလ (၅) ရက်နေ့မှာ အင်ဒဂါးရွာအနီးတွင် ဦးခေါင်းပြတ်ပြီး မြေမြှုပ်ထားကြောင်း ရွာသားများ၏ ပြောဆိုမှုအရ အလောင်းအားရှာဖွေတွေ့ရှိခဲ့ရပါတယ်။
မျက်မြင် တွေ့ရှိခဲ့ရတဲ့ ရွာသားတွေရဲ့ပြောဆိုချက်အရ စစ်တပ်က အရာရှိကို KIA က ဖမ်းလာခဲ့ပြီး ရွာအနောက်ဘက် တောအုပ် မှာ ခေါင်းဖြတ်သတ် ခဲ့တာပါ။ ခေါင်းဖြတ်သတ်တာ အရင်တုန်းက KIA တွေတစ်ခါမှ မလုပ်ခဲ့ပါဘူး။ ဖြတ်တဲ့ လူပုံကလဲ ကုလားနဲ့ဆင်ပြီး ကချင်လူမျိုးမဖြစ်နိုင်ပါဘူး။ ကုလားတွေ KIA ထဲရောက်လာလို့ ခုလိုဖြစ်ရတာ၊ အစိုးရ တပ်ကပဲ တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်းနဲ့ ခုလိုတိုက်ပွဲဖြစ်သွားတာပါ။ ငြိမ်းချမ်းရေး လုပ်နေစဉ် အတောအတွင်းမှာ ခုလို KIA က စစ်ပွဲမှာဖမ်းမိတဲ့ အရာရှိကို ခုလို ရက်ရက် စက်စက်သတ်ဖြတ်တာကတော့ မကောင်းဘူးပေါ့ဗျာ။ ငါတို့ အားလုံးလည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ဒါပေမဲ့ KIA ကအခုလို ရန်သူကို လူမဆန် သလို လုပ်တာတော့ ငါတို့လည်း မကြိုက်ဘူး ဟု အင်ခဂါးရွာသားတစ်ဦးက ပြောပြခဲ့ပါတယ်။

ပျံ့နှံ့နေတဲ့သတင်းတွေက အရာရှိကို ခေါင်းဖြတ်နှိပ်စက်တာကို သူ့ရဲဘော်တွေ ကိုကြည့်ခိုင်းပြီးမှ ကျန်တဲ့ ရဲဘော်တွေ ကို နောက်မှ ခေါင်းဖြတ် သတ်မယ် ဆိုပြီး သတင်းတွေ အမျိုးမျိုးပျံ့နှံ့နေ ပါတယ်။ ဒါပေမဲ့ အရာရှိကိုသာ ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ရဲဘော် (၂)ဦးက တိုက်ပွဲမှာသေတာဖြစ်ပါတယ်။ ဒီလိုမျိုးဖမ်းမိတဲ့ ရန်သူကို ရက်စက်စွာ သတ်ဖြတ်မှုကို ကျွန်တော်တို့တွေလည်းလက်မခံ သလို ဘယ်သူမှ လည်းလက်မခံနိုင်ပါဘူး။ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့ အချိန်မှာ ဖြစ်တာကြောင့်မို့ ပိုဆိုးဝါးပေမဲ့ အစိုးရဘက်က သဘော ထားကြီးစွာ ထားပြီး လုပ်ဆောင် သင့်ပါတယ်။ ပျံ့နှံ့နေတဲ့သတင်းတွေ ကို သေချာ လေ့လာပြီးမှယုံကြည်ကြပြီး အဖြစ်မှန်ကိုသိရှိဖို့ ဖော်ပြလိုက်ရ ပါတယ်။

အင်နော်သား
Kachin Daily News
ယခုအပတ်တွင် KIA မှ စစ်တပ်မှ အရာရှိတစ်ဦးနှင့် ရဲဘော် (၂) ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်မှု သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး မှုတွေ တွေ့နေရပါတယ်။ အမှန်တကယ်ဖြစ်ပွားမှုမှာ ခလရ(၁၃၇) က ဗိုလ်ဇော်မျိုးထက်အပါအ၀င် (၁၂) ဦးက တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်း KIA က မလွမ်ဒိန်စာရွာ အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

Friday, September 13, 2013

အစိုးရ၏ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးမှသည် စစ်မှန်သည့် ပြည်ထောင်စု အစိုးရစစ်စစ်ဆီသို့

သြဂုတ်လ(၁)ရက်က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နိုင်ငံပိုင်ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောခဲ့ရာ၌ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ၀န်းကျင်ကတည်းက အိပ်မက်,မက်ခဲ့ ကြရသည့် ပြည်ထောင်စုစစ်စစ်ဖြစ်ရေး

လုပ်သက်ရင့် ပြည်သူ့ဝန်ထမ်းများကို မြေကွက်ပေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် အရေးဆို

အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်သက် ၂၅ နှစ်အထက် ၀န်ထမ်းများကို အစိုးရက အနံပေ ၄၀၊ အလျားပေ ၆၀ ရှိသည့် မြေကွက်များ ဖော်ထုတ်ပေးရန် စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ကမာရွတ်မဲဆန္ဒနယ်မှ တိုင်းအမတ်ဦးမြငွေက အရေးဆိုလိုက် သည်။

ရန်ကုန်တွင် ခွင့်ပြုချက် မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို စည်ပင်က တရားစွဲ

Photo: ရန်ကုန်တွင် ခွင့်ပြုချက် မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို စည်ပင်က တရားစွဲ
Friday, September 13, 2013

ရန်ကုန်မြို့တွင် မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက် မရှိဘဲ တိုက်တာ အဆောက်အအုံတည် ဆောက် သူများ ကို စည်ပင်သာယာရေး ဥပဒေနှင့် အရေးယူမည်ဟု ထုတ်ပြန် ကြေညာ လိုက်ပြီး သင်္ဃန်းကျွန်း မြို့နယ်တွင် ခွင့်ပြုချက် မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး တွင် ခွင့်ပြုချက်မရှိ တိုက်ဆောက်မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တခုကျင်းပခဲ့ပြီး ခွင့်ပြုချက်မဲ့ တိုက်ဆောက်မှု များကို ဆက်တိုက် အရေးယူသွားမည်ဟု ထုတ်ပြန်ပြောဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က စည်ပင်၏ ခွင့်ပြုချက် မရှိဘဲ ကန်ထရိုက် များက အရည်အသွေး မပြည့်မီသော အဆောက် အဦးများ ဆောက် လုပ်ခြင်း များ ရှိနေပြီး တချို့ ကန်ထရိုက် များသည် စည်ပင်၏ ခွင့်ပြုချက် တွင် ၃ ထပ် သာ ဆောက်လုပ်ခွင့်ပြုထားသော အဆောက်အဦးကို ၅ ထပ်၊ ၆ ထပ် မြင့်သော အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ် ကြကြောင်း၊ ယင်းသို့ ဆောက်လုပ်မှုများကို စည်ပင်ဥပဒေ နှင့်အညီ တရားစွဲ အရေးယူမည် ဖြစ်ကြောင်း ပြောဆိုသည်။

”စည်ပင်သာယာရေး ကော်မတီရဲ့ နည်းဥပဒေမှာ မည်သူမျှ ကော်မတီ ခွင့်ပြုချက် မရှိဘဲ မြို့တော် နယ်နမိတ်အတွင်းမှာ အဆောက် အဦး ဆောက် လုပ်ခွင့် မရှိပါဘူး။ တချို့က ခွင့်ပြုချက်မတင်ဘဲ ဆောက် တယ်။ တချို့ကဌာနကို ခွင့်ပြုချက် တင်ပေမဲ့ ခွင့်ပြုချက်မကျခင်မှာ ကြိုဆောက်တာမျိုးတွေ ရှိတယ်”ဟု ဦးမောင်မောင်ဇော်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားဝင် ခွင့်ပြုချက် မရှိသော အဆောက်အဦးများ ကို ဒဏ်ရိုက်မည် ဖြစ်ပြီး ၃ ထပ်တိုက် တလုံးလျှင် ဒဏ်ကြေး ငွေကျပ် ၈၂ သိန်း၊ ၅ ထပ် အဆောက်အဦး ဖြစ်ပါက ဒဏ်ကြေး ငွေကျပ် ၁၆၅ သိန်း ဒဏ်ရိုက်မည် ဖြစ်ကြောင်း၊ ဒဏ်ရိုက်သည့်အပြင် တရားစွဲ အရေးယူမည် ဖြစ်ပြီး ခွင့်ပြုချက်မရှိသော အဆောက် အဦးကို ဆက်လက် တည်ဆောက် ပါက နောက်ဆုံးတွင် ဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ သင်္ဃန်းကျွန်းမြို့နယ်တွင် ခွင့်ပြုချက်မဲ့ တည်ဆောက် နေသော ကန်ထရိုက် တိုက် ၅၁၁ လုံးကို စည်ပင်သာယာရေး နည်းဥပဒေနှင့် အညီ ဆက်လက် ဆောက် လုပ်ခွင့် မပြုဘဲ တရားစွဲဆို ထားကြောင်း၊ လှိုင်မြို့ နယ် ၊ တောင်ဥက္ကလာမြို့နယ် နှင့် အင်းစိန်မြို့နယ်အပါအ၀င် ရန်ကုန် မြို့နယ် အများစု တွင် ခွင့်ပြုချက်မဲ့ အဆောက်အဦး ဆောက်လုပ်မှု များစွာ ရှိနေပြီး ယင်းတရားမ၀င် တိုက် တည်ဆောက် မှု များကို အရေးယူ မည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက် မရှိသော အဆောက် အဦး များသည် အရည်အသွေး မပြည့်မီဘဲ အန္တရာယ် များကြောင်း၊ တိုက်တာ အဆောက်အဦး များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က စစ်ဆေးပြီး လူနေထိုင်ခွင့် ပါမစ် (BCC) ချပေးကြောင်း၊ တရားမ၀င် တည်ဆောက်သော တိုက်တာ များမှ တိုက်ခန်း များ ၀ယ်ယူ မိပါက ၀ယ်ယူသူများ နစ်နာနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန မှ လက်ထောက် ဌာနမှူး ဦးမျိုးဆွေကပြောသည်။

”လိုင်စင်မရှိတဲ့ ကန်ထရိုက်တွေက သုံးလလောက်နဲ့ အပြီးဆောက် သွားတယ်။ စည်ပင်က ခွင့်ပြုချက်မရှိလို့ တရားစွဲတဲ့အခါ ကန်ထရိုက်က မရှိတော့ဘူး။ ဖုန်းဆက်တော့လည်း ဖုန်းနံပါတ်က ပြောင်းသွားပြီ။ ကျနော်တို့ကလည်း ဥပဒေကြောင်း အရ တရားစွဲ တဲ့အခါ နောက် ဆုံးတော့ မြေရှင်၊ တိုက်ခန်းပိုင်ရှင် မိဘပြည်သူ တွေပဲ နစ်နာနေ ရတယ်”ဟု ဦးမျိုးဆွေက ပြော သည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်တချို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက် မရှိဘဲ ကန်ထရိုက် တိုက် များ ဆောက်လုပ်လျက်ရှိပြီး ယင်းအကျိုးဆက်ကြောင့် ကန်ထရိုက်များ ၊ တိုက်ခန်းဝယ်ယူသူများ နှင့် မြေရှင် များကြား ပြဿနာ များ ပေါ်ပေါက် လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် တိုက်တာ အဆောက်အဦးများ တည်ဆောက်မည့် ကန်ထရိုက် များသည် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီထံ တွင် ကန်ထရိုက်လိုင်စင် လျှောက်ထားရန် လိုအပ်ပြီး ၃ ထပ် ကျော်သော အထပ်မြင့် အဆာက် အဦး များ အတွက် အာမခံ စပေါ် ငွေကျပ် သိန်း ၅၀၀ စည်ပင်ထံသို့ ပေးအပ်ရကြောင်း၊ ၃ ထပ်တိုက် ကန်ထရိုက်လိုင်စင် အတွက် ငွေကျပ် သိန်း ၂၀၀ စပေါ်ငွေ ပေးအပ်ရကြောင်း၊ စပေါ်ငွေကြေး မြင့်မားသော ကြောင့် တရားမ၀င် ကန်ထရိုက် တိုက်ဆောက်လုပ် သူများ များပြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် စည်ပင် ၏ခွင့်ပြုချက်မရှိဘဲ တည်ဆောက်နေသော အဆောက် အဦး များစွာရှိနေပြီး သက်ဆိုင်ရာက ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သင်္ဃန်းကျွန်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ငွေက ပြောသည်။

”ခွင့်ပြုချက် မရှိဘဲ တိုက်ဆောက်တဲ့ ကန်ထရိုက်တွေ အများကြီးပဲ။ အစိုးရက Black List လုပ်ပေးလို့မရဘူးလား။ တိုင်တော့ စည်ပင်က အန္တရာယ်ရှိအဆောက်အအုံ(Dangerous Building) ဆိုပြီး လာကပ်သွားတယ်။ သူက အဲဒီ DB စာရွက် ကို ခေါက်လိုက်ပြီးတော့ ဆက်ဆောက်နေတယ်။ အခုတိုင်းခန်းများရောင်းချနေပါပြီဆိုတဲ့ ဆိုင်းဘုတ်တောင် ပေါ်လာပြီ”ဟု ဦးခင်ငွေက ဆိုသည်။

ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တရားဝင် လိုင်စင်ရ ကန်ထရိုက်တဦးဖြစ်သူ ဦးစိုးသန်းက ကန်ထရိုက် တိုက် ဆောက်ရာ တွင် ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်း များမှာ ရှုပ်ထွေးမှုများ ရှိနေသည့်အတွက် ကန်ထရိုက်လုပ်ငန်းများ အခက်အခဲ များစွာ ကြုံတွေ့နေ ရကြောင်း ပြော ဆို သည်။

ဧရာဝတီ

ခွင့်ပြုချက် မရှိသောကြောင့် စည်ပင်က ဖျက်သိမ်းရန် အမိန့်ချထားသည့် သင်္ဃန်းကျွန်းမြို့နယ်မှ ၆ ထပ်တိုက် တလုံးကို တွေ့ရစဉ် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
ခွင့်ပြုချက် မရှိသောကြောင့် စည်ပင်က ဖျက်သိမ်းရန် အမိန့်ချထားသည့် သင်္ဃန်းကျွန်းမြို့နယ်မှ ၆ ထပ်တိုက် တလုံးကို တွေ့ရစဉ် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
ရန်ကုန်မြို့တွင် မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တိုက်တာ အဆောက်အအုံ တည် ဆောက်သူများကို စည်ပင်သာယာရေး ဥပဒေနှင့် အရေးယူမည်ဟု ထုတ်ပြန် ကြေညာလိုက်ပြီး သင်္ဃန်းကျွန်း မြို့နယ်တွင် ခွင့်ပြုချက်မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ငယ်မုဒိမ်းမှုများ ဆက်တိုက်ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အသင်မပြည့်သေးသည့် ကလေးငယ်များအား အဓမ္မပြုကျင့်ခံရ သည့် ဖြစ်စဉ်နှင့် ကြံစည်ခံရသည့် ဖြစ်စဉ်များမှာ ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း ရန်ကုန် တိုင်း ဒေသကြီးအတွင်း နေ့စဉ်ဖြစ်ပွားနေသော မူခင်းဖြစ်စဉ်များအား လေ့လာချက်များအရ သိရသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတကာ အဆင့်မီရေး ICRC ကူညီမည်

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အရည်အသွေးမြှင့် တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့စံနှုန်းများအတိုင်း အသိအမှတ်ပြုခံရေး တို့အတွက် မြန်မာနိုင်ငံ

ကုန်ပစ္စည်းအမည် ၂၀၀၀ နီးပါး လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြု

ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရာတွင် ကုန်ပစ္စည်းအမည် ၂၀၀၀ နီးပါးကို သွင်းကုန်လိုင်စင် လျှောက်ထား စရာမလိုဘဲ တင်သွင်းရန် စက်တင်ဘာ ၉ ရက်နေ့က စတင်ခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

ဘင်္ဂါလီ လူဦးရေ စာရင်း ပြန်ကောက်နိုင်ဖို့ လဝက ကြိုးပမ်း

Photo: WGEC နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ ဆွေးနွေးပွဲ ပြီးဆုံး
Friday, September 13, 2013

နှစ်ရက်တာ ကျင်းပသည့် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)နှင့် အစိုးရ ငြိမ်းချမ်းရေး စင်တာမှ နည်းပညာရှင် အဖွဲ့တို့၏ ဆွေးနွေးပွဲ ယနေ့ ပြီးဆုံး သွားသည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါသည်။

“ ဆွေးနွေးပွဲ ကတော့ အပြန်အလှန် တင်ပြကြတာပါဘဲ။ သူတို့ ဖက်တင်ပြတာက အထူးအဆန်း မရှိပါဘူး။ အချက် နှစ်ချက်ကို တင်ပြတယ်။ ကျနော်တို့က အချက် (၄)ချက်ကို တင်ပြ ပါတယ်။ ဒါတွေကို အထက် အဖွဲ့တွေကို အပြန်အလှန် တင်ပြပြီး နောက်လမှာ ထပ်မံ တွေ့ဆုံကြဖို့ အကြမ်းဖျဉ်း သဘော တူကြပါတယ်” ဟု ဆိုပါသည်။

WGEC နည်းပညာ အထောက်အကူပြု အဖွဲ့သည်၊ ပဏာမ သဘော တူထားသည့် အပစ်အခတ် ရပ်စဲရေးကို ပြန်လည် သုံးသပ် အတည်ပြုရန်။ အပစ်အခတ် ရပ်စဲရေးအား စောင့်ကြည့်သည့် ပူးတွဲ ကော်မီတီ ဖွဲ့စည်းရန်။ တပ်များ နေရာချထား ရေးအတွက် တပ်တည်နေရာများ ဆွေးနွေးရန်နှင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ်များကို ပူးတွဲ ရေးဆွဲ သွားရန် တင်ပြခဲ့ပါသည်။

အစိုးရ ကိုယ်စားလှယ် များကမူ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို တက်ရောက်ရန်၊ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် မူဘောင် ညှိနှိုင်း ဆွေးနွေးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ သွားရန်တို့ တင်ပြပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော WGEC နည်းပညာ အထောက်အကူပြု အဖွဲ့ ကိုယ်စားလှယ် များမှာ ကရင် အမျိုးသား အစည်းအရုံး (KNU)မှ ပဒို သာဒို့မူးနှင့် ပဒိုတူးတူးလေး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဗိုလ်မှူးကြီး စိုင်းလ (ခေါ်) စို်င်းလောဝ်ဆိုင်နှင့် ဒုတိယ ဗိုလ်မှူးကြီး ငိဏ်းတို့ ဖြစ်ပါသည်။

အစိုးရ ကိုယ်စားလှယ် ဖက်မှ ဦးလှမောင်ဆွေ ခေါင်းဆောင်သော အဖွဲ့ဝင် များနှင့် တသီး ပုဂ္ဂလ ပညာရှင် အဖြစ် ဟန်ညောင်ဝေနှင့် ဒေါက်တာ လျံမုန်းတို့လည်း တက်ရောက် ခဲ့ပါသည်။

WGEC နည်းပညာ အထောက်အကူပြု အဖွဲ့သည် ၄င်းတို့ ချမှတ်ထားသော မူဘောင် (၆) ချက်ကို အစိုးရ MPC အဖွဲ့ထံ အသေးစိတ် ညှိနှိုင်း ခဲ့ပါသည်။ http://www.burmese.phophtawnews.org/index.php/news/internal-news/item/703-wgec.html

WGEC သည် အစိုးရနှင့် ညှိနှိုင်းမှုများ မပြေလည်ပါက ၄င်းတို့၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို တက်ရောက်မည် မဟုတ်ဟု ဆွေးနွေးပွဲသို့ မတက်ရောက်မှီ ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။ အစိုးရ ကိုယ်စားလှယ်များ သည်လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ထံ တင်ပြ ထားသော ၄င်းတို့၏ မူသစ် အတိုင်း WGEC နည်းပညာ အထောက်အကူပြု အဖွဲ့ကို ပြန်လည် တင်ပြ ခြင်းသာ ဖြစ်ကြောင်း ဆိုပါသည်။

ရွှေဟင်္သာ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ဒီလ ၈ ရက်ကဆွေးနွေးပွဲ၌ တွေ့ရသည့် ၀န်ကြီး ဦးခင်ရီ
တင်းမာမှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့ ဘင်္ဂါလီဒုက္ခသည်စခန်း လူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းစဉ် ကို ပြန်စနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဧရာဝတီကို ပြောပါတယ်။

လည်ချောင်းနာချိန် သက်သာစေရန် လုပ်ဆောင် နည်းများ

အခုလို အအေးမိ တုပ်ကွေးဖြစ်သူ များပြားချိန်မှာ လည်ချောင်းနာတဲ့ ဝေဒနာရှင်တွေ အများအပြား ရှိကြပါတယ်။ လည် ချောင်းနာနေချိန်မှာ ပူစပ်ပူလောင် ခံစားရသလို အစာတစ်ခုခု မျိုလိုက်တိုင်း လည်ချောင်း နာကျင်နေတတ် ပါတယ်။ လည်ချောင်း နာတာက အများအားဖြင့် ဗိုင်းရပ်စ်ပိုးဝင် တာကြောင့် ဖြစ်တတ် ပြီး အများအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ ခံရခက်တဲ့ ဝေဒနာကို အောက်ပါနည်းတွေနဲ့ ကုသပါ။